Monday, June 29, 2015
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၉/၄ နှင့် ၁၉၉/၅ ကြား ကြယ်စင်ဟိန်း Express ယာဉ် မတော်တဆမှု ဖြစ်ပွား
RangonNewsDaily:: June . 28 .2015
၂၀၁၅-ခုနှစ် ဇွန်လ ၂၈ ရက်နေ့ နံနက်(၀၄း၃၀)နာရီအချိန်ခန့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၉/၄ နှင့် ၁၉၉/၅ ကြား ရန်ကုန်မှ မန္တလေးသို့ (အသွားလမ်း)၌ ဦးကျော်ကျော်ဝင်းထွန်း၊ ရပ်ကွက်(န)၊ နယ်မြေ(၉)၊ လားရှိုးမြို့ နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 9F/xxxx ကြယ်စင်ဟိန်း Express (အပြာရောင်) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ Concrete Barrier တုံးများအား ဝင်တိုက်ပြီး လမ်းလယ်ကျွန်းရေမြောင်းပေါ်တွင် ရောက်ရှိရပ်တန့်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။
သမ္မတဦးသိန်းစိန် မွန်ဂိုးလီယားသွားမည်
RangonNewsDaily:: June . 28 .2015
သမ္မတဦးသိန်းစိန်ဟာ ဇွန်လ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မွန်ဂိုလီယားနိုင်ငံဆီ လာရောက်မယ်လို့ မွန်ဂိုလီယားသမ္မတရုံးရဲ့ အင်တာနက် စာမျက်နှာမှာ ဇွန်လ ၂၆ ရက်နေ့စွဲနဲ့ ကြေညာထားပါတယ်။ မွန်ဂိုလီယားသမ္မတ Tsakhiagiin Elbegdorj ရဲ့ ဖိတ်ကြားချက်အရ လာရောက်မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

Sunday, June 28, 2015
မိုးကောင်း၍ တိုင်းနှင့်ပြည်နယ် ခြောက်ခု ရေဘေးကြုံနေပြီး ကရင်နှင့် ရခိုင်တွင် ကယ်ဆယ်ရေးစခန်းလေးခုဖွင့်ထား
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ကျေးရွာတစ်ရွာ ရေလွှမ်းနေစဉ် (ဓာတ်ပုံ − Tun Tun Naing (ကျောက်ဖြူ))
RangonNewsDaily:: June . 27 .2015
မိုးကောင်းနေသော ကြောင့် တိုင်းဒေသကြီးနှင့် ပြည် နယ် ခြောက်ခုတွင် ရေဘေးအန္တ ရာယ်ရင်ဆိုင်နေရပြီး ကရင်နှင့် ရခိုင်ပြည်နယ်၌ ကယ်ဆယ်ရေး စခန်းလေးခု ဖွင့်လှစ်ထားကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာနမှ သတင်း ရရှိသည်။
မြန်မာနိုင်ငံတွင်လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ဆိုးရွားနေဆဲဖြစ်ကြောင်း အမေရိကန်အစိုးရ အစီရင်ခံစာထုတ်ပြန်
အစီရင်ခံစာကို အဓိကပြုစုခဲ့သည့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ်မာလီနောစကီး
RangonNewsDaily:: June . 27 .2015
မြန်မာနိုင်ငံတွင် ပဋိပ က္ခဖြစ်ပွားသည့် ဒေသများ၌ နိုင်ငံသားများအား အကာအကွယ်ပေးရန် ပျက်ကွက်ခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းတို့ကြောင့် အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ်နေပြီး သတင်းထောက်များကို ဖမ်းဆီးထောင်ချခြင်းနှင့် မီဒီယာ လွတ်လပ်ခွင့် ကန့်သတ်ခံရခြင်းများ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဆိုးရွားနေဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။
နိုင်ငံတော် သမ္မတ ဓာတ်ပုံအား ဆရာ၊ ဆရာမများ အိမ်သာတွင် ကျောင်းအုပ် ဆရာကြီးမှ ချိတ်ဆွဲမှုဖြစ်
RangonNewsDaily:: June . 27 .2015
ကနီးမြို့နယ်၊ ဇီးပင်တွင်း ကျေးရွာ အုပ်စု၊ ညောင်ပင်သာ ကျေးရွာ (အမက) ကျောင်းတွင် ယခုလ( ၂၂) ရက်နေက ကျောင်းအုပ် ဆရာကြီး ရုံးခန်း အတွင်း ချိတ်ဆွဲထားသည့် နိုင်ငံတော် သမ္မတကြီး ဓာတ်ပုံအား ကျောင်းတွင်းရှိ ဆရာ၊ ဆရာမများ အသုံးပြုနေသည့် ယင်လုံ အိမ်သာအတွင်း ချိတ်ဆွဲထားမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီးဌာနထံမှ သိရသည်။
(၄၈) ရှစ်နာရီ အတွင်း ဘင်္ဂလား ပင်လယ် မြောက်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်ကာ ကမ်းရိုတန်း ဒေသများတွင် ရေကြီးမည်
RangonNewsDaily:: June . 27 .2015
ဇွန်လ (၂၆) ရက်နေ့ ညနေမှ လေးဆယ့် ရှစ်နာရီ အတွင်း ဘင်္ဂလား ပင်လယ် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ပြီး မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက် ရေကြီးမည် ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
မန္တလေးမြို့ ရတနာပုံတက္ကသိုလ်အနီးတွင် ခိုက်ရန်ဖြစ်ပွားနေသည့်လူငယ်များကို သွားရောက်ဖမ်းဆီးသည့် အုပ်ချုပ်ရေးမှူးနှင့် ရဲတစ်ဦးရိုက်နှက်ခံရ
RangonNewsDaily:: June . 27 .2015
မန္တလေးမြို့ ရတနာပုံ တက္ကသိုလ်အနီးတွင် လူငယ်တစ် စုခိုက်ရန်ဖြစ်ပွားနေသဖြင့် သွား ရောက်ဖမ်းဆီးသည့် ကျေးရွာအုပ် ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ရဲတစ် ဦးတို့ရိုက်နှက်ခံခဲ့ရကြောင်း သ တင်းရရှိသည်။
မန္တလေးမြို့ ရတနာပုံ တက္ကသိုလ်အနီးတွင် လူငယ်တစ် စုခိုက်ရန်ဖြစ်ပွားနေသဖြင့် သွား ရောက်ဖမ်းဆီးသည့် ကျေးရွာအုပ် ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ရဲတစ် ဦးတို့ရိုက်နှက်ခံခဲ့ရကြောင်း သ တင်းရရှိသည်။
လိုင်ဇာဘော်ဒါကျောင်းအနီး လက်နက်ကြီးကျရောက်မှု ကုလသမဂ္ဂသို့ အကြောင်းကြားစာပို့
RangonNewsDaily:: June . 27 .2015
ကေအိုင်အိုထိန်းချုပ် နယ်မြေ လိုင်ဇာမြို့အနီးရှိ ကျောင်းသား ကိုးရာခန့်တက်ရောက်နေ သည့် အလဲန်ဘွမ်ဘော်ဒါကျောင်း အနီးသို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂသို့ အကြောင်းကြား စာပေးပို့ထားကြောင်း သတင်းရရှိ သည်။

ဗီဇပြောင်းလဲမှု အဆင့် ၁၄ ရှိ ဆေးမတိုးသည့် HIV ပိုးသစ်ကို မြန်မာလူမျိုး ထရပ်ကားမောင်းသူထံတွင် စစ်ဆေးတွေ့ရှိ
RangonNewsDaily:: June . 27 .2015
အရှုပ်ထွေးဆုံးနှင့် အန္တရာယ်အပေးနိုင်ဆုံး HIV ဗိုင်းရပ်စ်ပိုးတစ်မျိုးကို တရုတ်- မြန်မာနယ်စပ်ဒေသတွင် ပုံမှန်သွားလာနေသည့် ထရပ်ကား ယာဉ်မောင်းတစ်ဦး၏ ခန္ဓာကိုယ်အတွင်း တွေ့ရှိခဲ့ရသည်ဟု တရုတ်သိပ္ပံ ပညာရှင်များ၏ သုတေသနတွင် ဖော်ပြသည်။ ထိုတွေ့ရှိခဲ့သည့် HIV ပိုး၏ မျိုးဗီဇတွင် ပြောင်းလဲမှုအမှတ် ၁၄ ခုရှိခဲ့ပြီး လက်ရှိ တွေ့ရှိဖူးသမျှတွင် အများဆုံးဖြစ်သည်ဟု AIDS သုတေသနဆေးပညာဂျာနယ်တွင်ဖော်ပြသည်။