Friday, October 18, 2013
အရှုံးပေါ်နေသောကြောင့် ပြည်တွင်းရေကြောင်းလိုင်း ခရီးစဉ်အချို့ ရပ်နား
RangonNewsDaily:: October. 18 .2013
ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ကိုယ်ပိုင်ဘတ်ဂျက်ငွေဖြင့် ရပ်တည်ရသော ပြည်တွင်းရေ
ကြောင်း ပို့ဆောင်ရေးသည် ခြောက်လအတွင်း ကျပ်သန်း ၁၆၀ ခန့် အရှုံးပေါ်၍ ရေကြောင်းလိုင်းခရီးစဉ်အ
ချို့ ရပ်နားထားရကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အထွေထွေမန်နေဂျာ ဦးမောင်မောင်လွင်က
အောက်တိုဘာ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။
ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ကိုယ်ပိုင်ဘတ်ဂျက်ငွေဖြင့် ရပ်တည်ရသော ပြည်တွင်းရေ
ကြောင်း ပို့ဆောင်ရေးသည် ခြောက်လအတွင်း ကျပ်သန်း ၁၆၀ ခန့် အရှုံးပေါ်၍ ရေကြောင်းလိုင်းခရီးစဉ်အ
ချို့ ရပ်နားထားရကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး
အောက်တိုဘာ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။
မြန်မာမီနီ ဆလွန်းကားများ ပြင်ပတွင်ကျပ် ငါးသိန်း အလိုက်ပေး၍ ၀ယ်ယူမှုများ
RangonNewsDaily:: October. 18 .2013
စက်မှုဝန်ကြီးဌာနထုတ် မြန်မာမီနီ ဆလွန်းကားများကို ပြင်ပကားဈေးကွက်တွင် အရစ်ကျ ၀ယ်ယူသူများထံမှ ကျပ် ငါးသိန်း အလိုက်ပေး၍ ၀ယ်ယူမှုများနေကြောင်း မော်တော် ယာဉ်ဝယ်/ရောင်းများထံမှ သိရသည်။ အ
ဆိုပါ မီနီဆလွန်းကားများကိုစက်မှုဝန်ကြီးဌာနမှအစိုးရအရာထမ်းများအားတစ်စီးလျှင် ငွေကျပ် သိန်း ခြောက်
ဆယ်ဖြင့် ယခုလအတွင်း အရစ်ကျ ရောင်းချပေးလျက်ရှိရာ ပြင်ပ ကားဈေးကွက်၌ မီနီဆလွန်းကားများကို ကျပ် ငါးသိန်း အမြတ်ပေးကာ ငွေကျပ် ၆၅ သိန်းဖြင့် လက်လွှဲဝယ်ယူသူများ ရှိနေကြောင်း သိရသည်။

ဗုံးဖောက်ခွဲတွင် KNU အဖွဲ့ဝင် ပါဝင်ဟု စွပ်စွဲခြင်းကိုငြင်းဆိုရန် စစ်ဆေးမည်
RangonNewsDaily:: October. 18 .2013
ပြည်တွင်း၌ ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ KNUအဖွဲ့ဝင်တစ်ဦးပါသည်ဟု စွပ်စွဲခံရခြင်းကို KNU
အနေဖြင့် အဖြစ်မှန်အား ဖော်ထုတ် ဆောင်ရွက် သွား:မည်ဖြစ်ပြီးမဟုတ်ပါက အစိုးရအနေဖြင့် တာ
ဝန်ယူ ဖြေရှင်းပေးရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့် ရှိသူ
စောကြာဒိုးမှူးက ပြောကြားသည်။
ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ ဖမ်းဆီးရမိ
![]() |
RangonNewsDaily:: October. 18 .2013
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်၊ အောင်ရတနာခရီးသည်တင်ကား ဂိတ်၌ အောက်တိုဘာ ၁၇ ရက် နေ့လယ် ၁၂ နာရီခန့်က မခိုင်စုဝေ (၃၇) နှစ် (ဘ) ဦးအောင်မြင့်၊ ကျောင်းဆရာမ၊ ၀ဲလာကျေးရွာ၊ ပင်လည်ဘူးမြို့နယ်နေသူသည် မန္တလေးသို့သွားရောက်ရန် ကား လက်မှတ်အားငွေကျပ်တစ်သောင်း တန်သုံးရွက်ဖြင့် ၀ယ်ယူခဲ့သည်ဆို ၏