Pages

Thursday, June 6, 2013

၉၆၉ ဂိုဏ်းမှ အစွန်းရောက် ဘုန်းကြီး ရွှေည၀ါ ဂျပန်နှင့် ဂျာမဏီသို့ သွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်

၉၆၉ ဂိုဏ်းမှ အစွန်းရောက် ဘုန်းကြီး ရွှေည၀ါ ဂျပန်နှင့် ဂျာမဏီသို့ သွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

သတင်း - အောင်စိုး 
၀၆/၀၆/၂၀၁၃

မူရင်းသတင်း - ရွှေညဝါဆရာတော် ဂျပန်သို့ ကြွမည်  http://blog.irrawaddy.org/2013/06/blog-post_7098.html
Thursday, June 6, 2013

၉၆၉ ဂိုဏ်းမှ အစွန်းရောက် ဘုန်းကြီး တစ်ပါးဖြစ်သော ရွှေည၀ါ သည် လာမည့် ဇွန်လ ၁၁ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ၆ ရက်ခန့်သွား ရောက်မည် ဖြစ်ကြောင်း ဧရာဝတီ ဘလောက်တွင်ဖေါ်ပြထားပါသည်။ 

ရွှေည၀ါ သည် မူလက ဒီမိုကရေစီ တော်လှန်ရေး ကြောင့် ထောင်ကျခဲ့သော ဘုန်းကြီးဖြစ်သော်လည်း ထောင်မှ ထွက်လာပြီး မကြာမှီ အမျိုးသားရေး အစွန်းရောက် တရားများ စဟောခဲ့သော်လည်း ထင်သလောက် 
နာမည်မရခဲ့သည့် အပြင် အစိုးရ မှ မူလ သီတင်းသုံးရာ ကျောင်းတိုက်တွင် သီတင်းသုံးခွင့် မပြုခဲ့သဖြင့် မှော်ဘီ မြို့အနီးကျောင်းတိုက် တစ်တိုက်တွင် နေထိုင်ခဲ့သူ တစ်ဦးဖြစ်ပါသည်။ 

နောက်ပိုင်း ၉၆၉ အကြမ်းဖက်ဂိုဏ်းမှ ဘုန်းကြီးဆိုး တစ်ဦးဖြစ်သူ  ၀ီရသူနှင့် ပူးပေါင်းခဲ့ပြီး အမျိုးသားရေး အစွန်းရောက် တရားများ ဟောကြားခဲ့ယုံမျှမက
ဘုန်းကြီးဆိုး ၀ီရသူနှင့်ပတ်သက်ပြီး ''၀ီရသူကို ထိရင် ကုလား ၁၀၀၀ သတ်မည်" ဟု ကြိမ်းဝါးခဲ့သူ တစ်ဦးဖြစ်ပါသည်။ 

ရွှေညဝါသည် မိတ္ထီလာ အရေးအခင်းအတွင်း အဆိုပါ ဘုန်းကြီးဆိုး ၀ီရသူ၏ အကြမ်းဖက်သမားများအား လှုံဆော်သော ၀ါဒဖြန့်မှုများတွင် ပါဝင်ကူညီခဲ့သူ တစ်ဦးဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့ပါသည်။ 

ယခင်ကလည်း အနောက်နိုင်ငံများသို့ သွားရောက်ပြီး ပြည်ပရောက် မြန်မာများအား အစွန်းရောက် အမျိုးသားရေး တရားများဟောခြင်း အနောက်နိုင်ငံများမှ လက်ယာစွန်း များနှင့် တွေ့ဆုံ ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ယခု တစ်ကြိမ်တွင်လည်း မြန်မာနိုင်ငံ အတွင်း အကြမ်းဖက်မှုများ နှင့်ပတ်သက်၍ နိုင်ငံတကာမှ ဖိအားပေးမှုများများ လာချိန်တွင် ယခုကဲ့သို့ ပြည်ပခရီးအား စီစဉ်ခဲ့ခြင်းဖြစ်ပြီး  ဂျပန်နိုင်ငံမှ အပြန် ဂျာမဏီနိုင်ငံသို့ ဆက်လက်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

Thursday, June 6, 2013

၉၆၉ ဂိုဏ်းမှ အစွန်းရောက် ဘုန်းကြီး တစ်ပါးဖြစ်သော ရွှေည၀ါ သည် လာမည့် ဇွန်လ၁၁ ရက်နေ့တွင်ဂျပန်
နိုင်ငံ တိုကျိုမြို့သို့ ၆ ရက်ခန့်သွား ရောက်မည် ဖြစ်ကြောင်း ဧရာဝတီ ဘလောက်တွင်ဖေါ်ပြထားပါသည်။

ကရင်ပြည်နယ်ထဲက မြို့သစ်တခု

Photo: ကရင်ပြည်နယ်ထဲက မြို့သစ်တခု
Thursday, June 6, 2013

ကရင်ပြည်နယ်အစိုးရ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်အချို့သည့် အရှေ့တောင်တိုင်း တိုင်းမှူးနှင့်အတူ  မြ၀တီခရိုင် စူကလီမြို့နယ်ခွဲ၊ ကလို့ထူးဘော (DKBA) ဌာနချုပ် စသည့် နေရာများသို့ ယနေ့မွန်းလွှဲပိုင်းတွင် ရောက်ရှိလာသည်။

”၀န်ကြီးချုပ်ပြောတာက ဒီဒေသမှာ လမ်းပန်းဆက်သွယ်ရေးအတွက် DKBA အပါအ၀င် ဒေသခံတွေနဲ့ပူး ပေါင်းပြီး လုပ်ဆောင်သွားဘို့အတွက် လာကြည့်တာလို့ပြောပါတယ်၊ လက်ရှိမှာ ဒီဒေသကိုမြို့နယ်ခွဲအဖြစ် လုပ်မယ်ဆိုရင်တော့ အတော့ကိုကြိုးစားရအုံးမယ်။ 
ဒီမှာကမြို့နယ်တခုရဲ့အနေအထားမရှိသေးပါဘူး၊ အဆောက်အအုံတွေပဲ ရှိပြီး၊ ဘာမှ အကောင်အထည်မဖော်နိုင်ရင် အရာရောက်မှာမဟုတ်ဘူး၊ လုပ်ရင်တော့ ထိထိရောက်ရောက်လုပ်ဘို့ လိုမယ်”
ဟု DKBA မှဗိုလ်မှူးကြီးဆန်းအောင်က ဧရာဝတီသတင်းဌာနကိုပြောသည်။

စူကလီမြို့နယ်ခွဲသတ်မှတ်ထားသည့်နေရာတွင် မြို့အင်္ဂါရပ်နှင့်တူညီရန် လိုအပ်ချက်များစွာရှိသည့်အတွက် ကရင်ပြည်နယ်အစိုးရအနေနှင့် အမှန်တကယ်ကူညီရန်လိုသည်ဟုလည်း ဗိုလ်မှူးကြီးဆန်းအောင်က ဖြည့်စွက် ပြောကြားသည်။

စူကလီဒေသခံတဦးဖြစ်သူဦးဖားသူးက ”ရွာကတော့ရွာကြီးပါဘဲ စိုက်ပျိုးရေးလုပ်ငန်း(ပြောင်း)ကို အဓိကစိုက်ကြတာပါ၊ အစိုးရကမြို့နယ်ခွဲဆိုပြီး သတ်မှတ်ကာကတော့ မကြာသေးဘူး။ မြို့ပုံစံတော့မပေါက်သေးပါဘူး ရွာကြီးဆိုတော့လေ၊ တကယ်မြို့ဖြစ်စေချင်ရင်တော့ မြို့နဲ့တူအောင်အများကြီး လုပ်ရပါအုံးမယ်။ 
လက်ရှိအနေအထားကတော့ မြို့ဆိုပြီးဘယ်လိုမှ ပြောလို့မရသေးဘူး။ အခုလာတဲ့ဝန်ကြီးချုပ်ရဲ့ အစီအစဉ်ကိုစောင့်ကြည့်ရအုံးမယ်၊ 
သူတို့ စီမံကိန်းချပြီးလုပ်ရင်ဖြစ်နိုင်တယ်၊ ရွာသားတွေပဲ ကိုယ်ထူကိုယ်ထလုပ်ရမယ်ဆိုရင်တော့ ကြာအုံးမယ်” ဟုဆိုသည်။

စူကလီဒေသသည် မြ၀တီမြို့၏တောင်ဘက်တွင်တည်ရှိပြီး မြ၀တီမှကားဖြင့်သွားလျှင် အချိန်  ၃ နာရီခန့်ကြာပြီး မြေနီလမ်းအတိုင်း တောင်တက်
 တောင်ဆင်း သွားလာရသည့် ခရီးကြမ်းဖြစ်သည်။

ကရင်ပြည်နယ်အစိုးရလွှတ်တော်ကိုယ်စားလှယ်တဦးက ”ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကရင်ပြည်နယ်ဖွံ့ဖြိုးရေး အတွက် ဂျပန်နဲ့နော်ဝေနိုင်ငံတွေက ငွေလှူထားတာတွေရှိတယ်။ 
ကရင်ပြည်နယ်အစိုးရက အဲဒီကရတဲ့ ငွေနဲ့စူကလီမြို့နယ်ခွဲအပါအ၀င်၊ ကရင်ပြည်နယ်ဖွံ့ဖြိုးရေးတွေကို အကောင်အထည်ဖော်မှာဖြစ်တယ်။
 ဒေသခံတွေအနေနဲ့ တပြားတချပ်မှထည့်စရာမလိုဘူး ဆိုတာ၊ ဒေသခံတွေကိုသိစေချင်တယ်”ဟုပြောသည်။

အစိုးရသတ်မှတ်ချက်အရ စူကလီမြို့နယ်ခွဲတွင် ဝေါ်လေဒေသနှင့် DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာတို့ ပါရှိသည်။   

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် DKBA ဌာနချုပ်တွင် ဗိုလ်ချုပ်ကြီးစောလားပွယ် (နှုတ်ခမ်းမွေး)နှင့်တွေ့ဆုံခဲ့ကြပြီး ဒေသဖွံ့ဖြိုးရေးအခြေအနေအချို့ကို ပြောဆိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Irrawaddy

Thursday, June 6, 2013

ကရင်ပြည်နယ်အစိုးရ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်အချို့သည့် အရှေ့တောင်တိုင်း တိုင်းမှူးနှင့်အတူ မြ၀တီခရိုင် စူ
ကလီမြို့နယ်ခွဲ၊ ကလို့ထူးဘော (DKBA) ဌာနချုပ်စသည့် နေရာများသို့ယနေ့မွန်းလွှဲပိုင်းတွင် ရောက်ရှိလာ
သည်။ ”၀န်ကြီးချုပ်ပြောတာက ဒီဒေသမှာ လမ်းပန်းဆက်သွယ်ရေးအတွက် DKBA အပါအ၀င် ဒေသခံတွေ
နဲ့ပူး ပေါင်းပြီး လုပ်ဆောင်သွားဘို့အတွက် လာကြည့်တာလို့ပြောပါတယ်၊

နေပြည်တော် ရန်ကုန် မိုင်တိုင် ၁၈၀/၅ တွင်ယာဉ်တိုက်မှုဖြစ်ပွား နိုင်ငံခြားသားတစ်ဦးသေဆုံး

Photo: အသက်များအပိုပါကြလား......
Thursday, June 6, 2013

၆/၆/၂၀၁၃ မွန်းလွဲ ၂ နာရီခန့် နေပြည်တော် ရန်ကုန် မိုင်တိုင် ၁၈၀/၅ ပါရာဒို နှင့် AD Van ယှဉ်မောင်း တိုက်မှုဖြစ် ပါရာဒို ချောက်ထဲကျ နိုင်ငံခြားသား ၁ ဦးသေဆုံး AD Van လမ်းဘေးထိုးကျ အမျိုးသမီး ၂ ဦးသေဆုံးမီဒီယာသမားများနှင့် စပ်စုသူများဖြင့် များပြားလျှက်ရှိ။

FB ကားပွဲစားတန်း

Thursday, June 6, 2013

 ယနေ့နေ့လည် ၂နာ၇ီခန့်က  နေပြည်တော် ရန်ကုန် မိုင်တိုင် ၁၈၀/၅ တွင်
ပါရာဒို နှင့် AD Van ယှဉ်မောင်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။အဆိုပါယာဉ်တိုက်မှုကြောင့်------------------------------

နေနေရဲ့ ဆူးစူးသူ ဗီစီဒီမှာ ညီမဖြစ်သူ ချမ်းချမ်းရဲ့ ချစ်သူက သီချင်း ၃ ပုဒ် မေတ္တာနဲ့ ရိုက်ကူးပေးခဲ့

Photo: နေနေရဲ့ ဆူးစူးသူ ဗီစီဒီမှာ ညီမဖြစ်သူ ချမ်းချမ်းရဲ့ ချစ်သူက သီချင်း ၃ ပုဒ် မေတ္တာနဲ့ ရိုက်ကူးပေးခဲ့ 
Thursday, June 6, 2013

ဇွန် ၇ ရက်နေ့မှာ The Sun တေး ထုတ်လုပ်ရေးကနေ ဖြန့်ချိမယ့် အဆိုတော် နေနေရဲ့ စူးဆူးသူ ဗီစီဒီမှာ နေနေ့ရဲ့ ညီမဖြစ်သူ မော်ဒယ်လ် အဆိုတော် ချမ်းချမ်းက သရုပ်ဆောင်ပေးထားပြီး ချမ်းချမ်းရဲ့ချစ်သူ ဘုဏ်းသိုက်ကတော့ ဒီဗီစီဒီမှာ သီချင်း ၃ ပုဒ် လက်ဆောင် ရိုက်ကူးပေးထားတယ်လို့ သိရပါတယ်။

စူးဆူးသူ Audio ကို ၂၀၁၂ ဇန်နဝါရီမှာ ဖြန့်ချိခဲ့ပြီး နေနေရဲ့ နေနေရဲ့ ချစ်သူ တေးသံရှင် လင်းမြိုင် ကလည်း သီချင်းတပုဒ် ဝင်ရောက် သီဆိုပေးထားတာပါ။

ဗီစီဒီ ကိုတော့ သရုပ်ဆောင်များစွာ၊ ဒါရိုက်တာများစွာနဲ့ ပရိသတ်ကို ချပြတော့မှာ ဖြစ်ပါတယ်။ စူးဆူးသူ ဗီစီဒီနဲ့ ပတ်သက်ပြီး နေနေက ပရိသတ်ရဲ့ အားပေးမှုကို မျှော်လင့်နေသလို ပရိသတ်ကိုလည်း ယုံကြည်တယ်လို့ ဆိုပါတယ်။

“ကိုယ့်ရဲစိတ်က ဒီအခွေလေးကို စီဒီမှာ ပရိသတ်ရဲ့ တုန့်ပြန်မှုက နည်းနေသေးတော့ တမျိုးတော့ ခံစားရပါတယ်။ ပရိသတ်တွေကို ယုံပါတယ်။ သူတို့ကလည်း ကိုယ့်အခွေလေးကို စောင့်နေမယ်လို့ ထင်ပါတယ်။ အားပေးမှုကိုလည်း မျှော်လင့်နေပါတယ်” လို့ သူက ပြောပါတယ်။

နေနေရဲ့ စူးဆူးသူ စီဒီမှာ သီချင်း ၁၂ ပုဒ်ပါဝင်ပြီးတေးရေး ရွှေဂျော်ဂျော်၊ အငဲ၊ ဟဲလေး၊ သြရသ၊ နေထိုက်စိုး၊ ကနဲ၊ လင်းမြိုင်၊ နေနေ၊ ဒီထက်တို့က ရေးဖွဲ့ပေးခဲ့တဲ့ တေးသီချင်းတွေထဲမှာ စူးဆူးသူ၊ နိဂုံး ဆိုတဲ့ တေးသီချင်းတွေကို ပရိသတ်တွေ နှစ်သက်ခဲ့ကြပါတယ်။ အခု တနှစ်ကျော်အကြာမှာ ထွက်ရှိလာတော့မယ့် နေနေရဲ့ ဗီစီဒီမှာတော့ ဒါရိုက်တာ သုံးပေါင်၊ ပီတာ၊ ဘုဏ်းသိုက်၊ ကိုရိုး၊ ကိုအောင်၊ အယ်ကြီးတို့က ရိုက်ကူး ပုံဖော်ပေးထားပါတယ်။

တေးသံရှင်နေနေက သူရဲ့ စီးရီးနဲ့ ပတ်သက်ပြီး “ဒီဆူးစူးသူနဲ့ ပတ်သတ်ပြီး အခက်အခဲကတော့ ညီမဒီကြားထဲမှာ ကြာသွားတာက နယ်တွေမှာ ရှိုးဆိုတယ်ပေါ့၊ ရိုက်တာက နည်းနည်း ကြာသွားတာပေါ့။ အမှတ်တရတွေ ဆိုရင် အများကြီးပဲ ကိုယ်တိုင်ကိုက ရိုက်ကူးရေး လုပ်တာပါ။ ကလောမှာကတော့ ကျမ မပါဘူး။ ချမ်းချမ်းနဲ့ ဘုဏ်းသိုက်နဲ့ ခရီးထွက်တုန်းက ရိုက်ထားတာ လေးပါ။ တခြားသီချင်းတွေကို ရန်ကုန်မှာပဲ ရိုက်ပါတယ်” လို့ ရှင်းပြပါတယ်။

ဆူးစူးသူ ဗီစီဒီမှာ သရုပ်ဆောင် အဖြစ် နေနေကိုယ်တိုင် ပါဝင်ထားပြီး သရုပ်ဆောင် အရိုင်း၊ ဆန်းထွဋ်၊ ဘုဏ်းသိုက်၊ ရဲသီဟကို၊ မြတ်သူကျော်၊ စည်သူအောင်၊ ဇွဲနောင်၊ ဥက္ကာမင်းသာ၊ အုပ်စိုး၊ လင်းမြိုင်၊ ချမ်းချမ်း၊ ပိုးဒါလီ၊ ဝင့်ယမုံလှိုင်၊ အိမ့်ဖူး၊ ဆုလာဘ်ရွှေစင်၊ ကယ်ရိုလ်လိုင်း၊ နွေဦးကို၊ မီးလေးစတဲ့ သရုပ်ဆောင်တွေကလည်း အားဖြည့် ထားကြပါတယ်။

နေနေရဲ့ ဗီစီဒီမှာ ပါဝင်ထားတဲ့ ချမ်းချမ်းက “နေနေရဲ့ နိဂုံးဆိုတဲ့သီချင်းမှာ သရုပ်ဆောင် ထားပါတယ်။ သီချင်းတော့ တွဲ မဆိုထားပါဘူး။ ညီမ ကလောရောက်တုန်းလေး အဲဒီ သီချင်းလေးလည်း ကြိုက်တာနဲ့ ရိုက်ဖြစ်ခဲ့တာပါ။ ဘုဏ်းသိုက်က ရိုက်ပေးထားပါတယ်။ မနေနေရဲ့ စီးရီးနဲ့ ပတ်သတ်ပြီးတော့ ပရိသတ်တွေလည်း စိတ်တိုင်းကျမယ် ထင်ပါတယ်။ သူနဲ့လိုက်မယ့် သီချင်းတွေပဲ သူ စုစည်းထားတာပါ။ သူ့အသံနဲ့ လိုက်ဖက်တယ် ညီမ ကိုယ်တိုင်လည်း ကြိုက်တယ်၊ ပရိသတ် ကြိုက်မှာပါ။ အားပေးစောင့်မျှော်နေတဲ့ ပရိသတ်တွေကို နေနေ အတွက်ရော၊ နေနေ ရိုက်ထားတဲ့ ဗီစီဒီလေးရော ကြိုးစားထားပါတယ်။ အားပေးကြပါလို့ ပြောချင်ပါတယ်” လို့ ချမ်းချမ်းက သူ့ရဲ့ အစ်မ နေနေအတွက် အားပေးစကား ပြောပေးပါတယ်။

ပါဝင် သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်များစွာထဲက MRTV 4 မင်းသမီး အဖြစ် ပရိသတ် သိပြီးသား သရုပ်ဆောင် ဝင်းယမုံလှိုင်ကလည်း “နေနေရဲ့ ဆူးစူးသူ ဗီစီဒီမှာ ကျမက ဘာကြောင့်များမင်း ဆိုတဲ့ သီချင်းကို သရုပ်ဆောင် ထားပါတယ်။ကျမ သရုပ်ဆောင်တာ အဆွေးသီချင်းပါ။ အဲဒီသီချင်းမှာ ချစ်သူနှစ်ယောက်က တယောက်နဲ့ တယောက် ချစ်ရဲ့သားနဲ့ နားလည်မှု တခုကြောင့် ဝေးသွားတဲ့ပုံစံမျိုး။ အစကတော့ ချစ်သူတွေဖြစ်ပြီး နောက်ပိုင်း ခွဲသွားတဲ့ ပုံစံမျိုး သရုပ်ဆောင် ထားတာပါ။ နေနေရဲ့ စီးရီးမှာ ပါဝင်သရုပ်ဆောင် ရတဲ့အတွက် အရမ်းပျော်တယ်၊ ဘာလို့လဲ ဆိုတော့ အပြင်မှာ မနေနေရဲ့ ပရိသတ် တယောက်ပါပဲ။ တခွေလုံး ကြိုက်တယ်။ ဆူးစူးသူဆိုတဲ့ သီချင်းက အကြိုက်ဆုံးပါ။ မနေနေ ဗီစီဒီမှာ သရုပ်ဆောင်ခွင့် ရတဲ့အတွက် အရမ်းဝမ်းသာတယ်” လို့ ပြောပြပါတယ်။

တေးသံရှင် နေနေက ၂၀၀၆ ခုနစ် မယ်လိုဒီဝေါလ် အဖွင့်သီချင်းနဲ့ ဂီတလောကထဲ စ၀င်ခဲ့ပြီး လမ်းဆုံ အတွဲစီးရီး၊ ရွှေရောင် နေ့ရက်များ အတွဲစီးရီး၊ City FM နှစ်ပတ်လည် စီးရီးတွေမှာလည်း ပါဝင်သီဆိုခဲ့သူ ဖြစ်ပါတယ်။

နေနေရဲ့ စူးဆူးသူ ဗီစီဒီ အတွက် သတင်းစာရှင်းလင်းပွဲတွင် ညီမဖြစ်သူ ချမ်းချမ်း၊ ဘုဏ်းသိုက်တို့နှင့် အတူ နေနေ့ကို တွေ့ရစဉ်
 (ဓာတ်ပုံ – နဒီထိုက် / ဧရာဝတီ)

ဧရာဝတီ
နေနေရဲ့ စူးဆူးသူ ဗီစီဒီ အတွက် သတင်းစာရှင်းလင်းပွဲတွင် ညီမဖြစ်သူ ချမ်းချမ်း၊ ဘုဏ်းသိုက်တို့နှင့် အတူ နေနေ့ကို တွေ့ရစဉ်
Thursday, June 6, 2013

ဇွန် ၇ ရက်နေ့မှာ The Sun တေး ထုတ်လုပ်ရေးကနေ ဖြန့်ချိမယ့် အဆိုတော် နေနေရဲ့ စူးဆူးသူ ဗီစီဒီမှာ နေ
နေ့ရဲ့ ညီမဖြစ်သူ မော်ဒယ်လ် အဆိုတော် ချမ်းချမ်းက သရုပ်ဆောင်ပေးထားပြီး ချမ်းချမ်းရဲ့ချစ်သူ ဘုဏ်း
သိုက်ကတော့ ဒီဗီစီဒီမှာ သီချင်း ၃ ပုဒ် လက်ဆောင် ရိုက်ကူးပေးထားတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး အချေအတင်ဆွေးနွေး


Thursday, June 6, 2013

ဇွန် ၆ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်အကြို ဆွေးနွေးပွဲအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ခဲ့တဲ့ ဒေါ်ဇင်မာအောင်တို့က

မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ပါတယ်။

အစိုးရ၏ ပြုပြင်ပြောင်းလဲမူဗျူဟာ ပွင့်လင်းမူမရှိဟု ဒေါ်အောင်ဆန်းစုကြည်ဝေဖန်

အစိုးရ၏ ပြုပြင်ပြောင်းလဲမူဗျူဟာ ပွင့်လင်းမူမရှိဟု ဒေါ်အောင်ဆန်းစုကြည်ဝေဖန်

အစိုးရ၏ ပြုပြင်ပြောင်းလဲမူဗျူဟာသည် ပွင့်လင်းမူမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်သည်။

ယနေ့ညနေခြောက်နာရီတွင် နေပြည်တော် MICC၌ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲ တွင် ပြည်ပသတင်းဌာနတစ်ခု၏ မေးမြန်းမူကို ပြန်လည်ဖြေကြားရာတွင်ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင်ဒေါ်အောင်ဆန်းစုကြည်ကအစိုးရသည် ပြည်သူလူထုအတွက် လုပ်နိုင်သည်ကိုစတင်ဆောင်ရွက်သင့်ကြောင်း ၊ ပြည်သူလူထု၏လိုအပ်ချက်ကို ဦးတည်စေချင်ကြောင်း ပြောသည် ။

ပြည်သူလူထုအတွက် အလုပ်အကိုင်၊ ရေ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်၊ ပညာရေး၊ ကျန်းမာရေး စသည့်လိုအပ်ချက်ခြောက်ချက်ကို ၄င်းကထောက်ပြခဲ့သည်။

လက်ရှိတွင် ၄င်း၏ မဲဆန္ဒနယ်ဖြစ်သေည့် ကော့မူးတွင် အလုပ်လက်မဲ့လူငယ် ၇၅ %၇ှိနေကြောင်း ၊ မြန်မာနိုင်ငံရှိလူငယ် ၇၅%သည်အလုပ်လက်မဲ့ဖြစ်နေပြီး အလုပ်လက်မဲ့လူငယ်များသည်မျှော်လင့်ချက်ပျက်ပြားကာ လူမူရေးပြသနာများဖြစ်လာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
မေဇင်ဝင်း

အစိုးရ၏ ပြုပြင်ပြောင်းလဲမူဗျူဟာပွင့်လင်းမူမရှိကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်
ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်သည်။

ချဲလ်ဆီး အသင်း၏ ဘန်ကောက် ခြေစမ်းပွဲ ခရီးစဉ် မြန်မာ ပရိသတ်များ ကြည့်ရှုနိုင်ရန် ဝန်ဆောင်မှု ပေးနေ

Photo: ချဲလ်ဆီး အသင်း၏ ဘန်ကောက် ခြေစမ်းပွဲ ခရီးစဉ် မြန်မာ ပရိသတ်များ ကြည့်ရှုနိုင်ရန် ဝန်ဆောင်မှု ပေးနေ
Thursday, June 06, 2013

ဇူလိုင်လ အတွင်း ထိုင်းနိုင်ငံသို့ လာရောက် ခြေစမ်းပွဲ ကစားမည့် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းပွဲစဉ်အား ကြည့်ရှုလိုသူ မြန်မာ ပရိသတ် များကို သူရိယ အင်တာနေရှင်နယ် ကုမ္ပဏီက ပွဲကြည့်ရှုနိုင်ရန် စီစဉ်ပေးလျက် ရှိကြောင်း သိရသည်။

ဇူလိုင်လ ၁၇ ရက်နေ့ တွင် ချဲလ်ဆီးနှင့် ထိုင်း All Star အသင်းတို့ ကစားမည့် အဆိုပါ ပွဲစဉ်အား ကျပ် ငါးသိန်းခွဲခန့် ဖြင့် ဝန်ဆောင်မှု ပေး၍ ပို့ ဆောင်ပေး မည်ဖြစ်ကြောင်း သူရိယ အင်တာနေရှင်နယ်မှ ဦးမျိုးဝေတင့်
က ပြောသည်။

”ဇူလိုင် ၁၃ ရက်မှာ ကစားမယ့် မန်ယူပွဲက လက်မှတ်ကုန် ပါပြီ။ ချဲလ်ဆီး ပွဲကတော့ ဇွန် ၈ ရက်နေ့လောက် ဆိုရင် ကုန် မယ် နဲ့တူတယ်။ လက်မှတ်က ထိုင်းက Sport Department ကနေ ဦးရာလူ စနစ် နဲ့ ရောင်းချပေးနေတာပါ” ဟု ၄င်းက ပြော သည်။

ပရီးမီးယားလိဂ် ချန်ပီယံ မန်ယူ အသင်းမှာ ဇူလိုင်လ ၁၃ ရက်နေ့တွင် ထိုင်း All Star အသင်းနှင့် လာရောက် ခြေစမ်း မည်ဖြစ်ပြီး ချဲလ်ဆီး အသင်းမှာ ဇူလိုင်လ ၁၇ ရက်နေ့ တွင် ယင်းအသင်းနှင့်ပင် ကစားမည်ဖြစ်သည်။ ယင်းခြေစမ်း ပွဲနှစ်ပွဲ အတွက် မြန်မာနိုင်ငံမှ သွား ရောက်ကြည့်ရှုလို သူများအား ပြီးခဲ့သည့် ဧပြီလ ကတည်းက လက်မှတ်များ ရောင်းချပေး
လျက် ရှိကြောင်း သိရသည်။

ထို့အပြင် အခြား ပရီးမီးယားလိဂ် အသင်းကြီး ဖြစ်သည့် အာဆင်နယ် အသင်းမှာ ဇူလိုင်လ ၁၄ ရက် နေ့တွင် အင်ဒိုနီးရှား နိုင်ငံ၌ အင်ဒိုနီးရှား All Star အသင်းနှင့် လာရောက်ခြေစမ်း မည်ဖြစ်ကြောင်း၊ လီဗာပူးလ် အသင်းမှာလည်း ဇူလိုင် ၂ဝ ရက် နေ့၌ အင်ဒိုနီးရှား နိုင်ငံ၌ပင် အင်ဒိုနီးရှား All Star အသင်း နှင့် လာရောက် ခြေစမ်း မည် ဖြစ်သည်။
ဘန်ကောက်၌ လာရောက် ခြေစမ်း ကစားမည့် ချဲလ်ဆီး အသင်း၏ ပွဲစဉ်အား သွားရောက် ကြည့်ရှုလို သူများအနေဖြင့် thuriyabkk@gmail.com သို့ဆက် သွယ်နိုင်ကြောင်း သိရသည်။

မိုးမြင့်
Popular Myanmar News Journal

Thursday, June 06, 2013

ဇူလိုင်လ အတွင်း ထိုင်းနိုင်ငံသို့ လာရောက် ခြေစမ်းပွဲ ကစားမည့် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်း
ပွဲစဉ်အား ကြည့်ရှုလိုသူ မြန်မာ ပရိသတ် များကို သူရိယ အင်တာနေရှင်နယ် ကုမ္ပဏီက ပွဲကြည့်ရှုနိုင်ရန် စီ
စဉ်ပေးလျက် ရှိကြောင်း သိရသည်။

ဘွန်းဇာတ်လမ်းတွဲ၏ မင်းသမီးအသစ် ပီနီလုပ်ခရုဇ်"

"ဘွန်းဇာတ်လမ်းတွဲ၏ မင်းသမီးအသစ် ပီနီလုပ်ခရုဇ်"
=============================

အော်စကာဆုရှင် စပိန်မင်းသမီး ပင်နီလုပ်ခရုဇ်သည်  Skyfall  ဇာတ်ကားနောက်ဆက်တွဲဇာတ်လမ်း၌ ပါဝင်သရုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ ဘွန်းဇာတ်လမ်းတွဲများ၏ မင်းသမီးရွေးချယ်ရာတွင် ခရုဇ်သည် အသက်အကြီးဆုံး အမျိုးသမီးဖြစ်ပြီး သူမကိုရွေးချယ်ခဲ့ခြင်းအပေါ် ပရိသတ်များအကြား စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။
	
ဘွန်းဇာတ်ကားများ၌ သရုပ်ဆောင်ရန် ခရုဇ်သည် အိုမင်းလှပြီဟု စာနယ်ဇင်းသမားများက မှတ်ချက်ပြုပြောကြားခဲ့သော်လည်း အများစုက ကောင်းချီးသြဘာပေးခဲ့ကြကြောင်း သိရသည်။ သူမသည် မိန်းမပီသသူတစ်ဦးဖြစ်ပြီး နောက်ဆုံးတွင် ဘွန်းဇာတ်ကောင်၏ သက်တူရွယ်တူ ချစ်သူနေရာက သရုပ်ဆောင်မည့်သူတွေ့ပြီဟု အများကမှတ်ချက်ပေးခဲ့ကြသည်။
	
ဘွန်းဇာတ်ကားသစ်အား အမည်ပေးရခြင်း မရှိသေးသော်လည်း ဇာတ်ကားထုတ်လုပ်မှုကို ခရုဇ်၏ အသက် ၄ဝ ပြည့် မွေးနေ့အပြီး ၂ဝ၁၄ ခုနှစ် နွေရာသီ၌ စတင်မည်ဖြစ်သည်။ သူမသည် လတ်တလော၌ ရင်သွေးလေး လွယ်ထားရသော်လည်း ၎င်းကိစ္စသည် ရိုက်ကူးရေးအစီအစဉ် အနှောင့်အယှက်ဖြစ်မည်ကို ထုတ်လုပ်သူများက စိုးရိမ်ခြင်းမရှိကြောင်း သိရသည်။
	
''ခရုဇ်ကို ထက်မြက်တဲ့ ဘွန်း ဇာတ်ကောင် အမျိုးသမီးတစ်ယောက်အဖြစ် တွေ့ရတော့မယ်။ ဘွန်းဇာတ်ကောင် အမျိုးသမီးဖြစ်ဖို့ Óဏ်ကောင်းသလို ဆွဲဆောင်မှုလည်း ရှိရမယ်။ အဲ့ဒီအချက်အားလုံးက သူနဲ့ အံကိုက်ပါပဲ'' ဟု ထုတ်လုပ်သူတစ်ဦးက ပြောကြားသည်။ 

သိင်္ဂီဝင်း (Ref: Yahoo News)

အော်စကာဆုရှင် စပိန်မင်းသမီး ပင်နီလုပ်ခရုဇ်သည် Skyfall ဇာတ်ကားနောက်ဆက်တွဲဇာတ်လမ်း၌ ပါဝင်
သရုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ ဘွန်းဇာတ်လမ်းတွဲများ၏ မင်းသမီးရွေးချယ်ရာတွင် ခရုဇ်သည် အသက်အကြီးဆုံး အမျိုးသမီးဖြစ်ပြီး သူမကိုရွေးချယ်ခဲ့ခြင်းအပေါ် ပရိသတ်များအကြား စိတ်ဝင်စားစရာ ဖြစ်
ခဲ့သည်။

ဟာဝိုင်အီတွင် ၅.၃ ပြင်းအားရှိ ငလျင် လှုပ်ခတ်

Thursday 6th June 2013

ဇွန်လ ၄ ၇က်နေ့ မွန်းလွဲပိုင်းတွင် ဟာဝိုင်အီ ကျွန်းဆွယ်ရှိ Pahala ၏ အရှေ့တောင်ပိုင်း ၅၅ ကီလိုမီတာခန့်ကို ဗဟိုပြုပြီးဟာဝိုင်အီကျွန်း အရှေ့တောင်ဘက်တွင် ၅.၃ ပြင်းအားရှိ ငလျင် လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေး သမားမှ ထုတ်ပြန် ကြေညာခဲ့သည်။

“ မြန် မာနိုင် ငံ ရုပ် ရှင် အစည်း ရုံး ဥက္ကဌ ဦး ဇင် ဝိုင်းနှတ်ထွက်”

“ မြန် မာနိုင် ငံ ရုပ် ရှင် အစည်း ရုံး ဥက္ကဌ ဦး ဇင် ဝိုင်းနှတ်ထွက်”
Thursday, June 06, 2013

မြန် မာနိုင် ငံ ရုပ် ရှင် အစည်း ရုံး ဥက္ကဌ ဦး ဇင် ဝိုင်းသည် 
ကျန်းမားရေး အခြေ နေ ကြောင့် ဆေးကုသ ရန် အတွက်
နှုတ် ထွက် စာ တင် သွားကြောင်းသိရှိ ရပြီးနာယကများနှင့်အမူ
ဆောင်အဖွဲ့ ကအရေးပေါ်အစည်းအဝေးကျင်းပကာ၎င်း ဧ။်
နှတ်ထွက်စာကိုလက်ခံခဲ့ကြောင်းနှင့်လစ်လပ်သွားသော 
မြန် မာနိုင် ငံ ရုပ် ရှင် အစည်း ရုံး ဥက္ကဌ နေ ရာ တွင် 
ဒုတိယဥက္ကဋ္ဌဖြစ် သော သရုပ်ဆောင် လူမင်း မှ 
ခေတ္တတာဝန် ယူ မည် ဖြစ် ကြောင်းသိရှိ ရပါသည်။

Popular Journal

Thursday, June 06, 2013

မြန် မာနိုင် ငံ ရုပ် ရှင် အစည်း ရုံး ဥက္ကဌ ဦး ဇင် ဝိုင်းသည် ကျန်းမားရေး အခြေ နေ ကြောင့် ဆေးကုသ ရန်
အတွက်နှုတ် ထွက် စာ တင် သွားကြောင်းသိရှိရသည်။

အကူအညီပေးတဲ့ ပစ္စည်းတွေ အကုန်လုံး ဒုက္ခသည်တွေဆီကို ရောက်ရဲ့လားဆိုတာ စဉ်းစားရမယ့် ကိစ္စရပ်တခုပါ


ကချင်ဒေသမှ ဒုက္ခသည်များအရေး ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး Mr. Ashok Nigam နှင့် တွေ့ဆုံခြင်း။ပထမဆုံးအနေနဲ့ အစိုးရနဲ့  KIO က မေ ၃ဝ ရက်နေ့ ဆွေးနွေးပွဲကနေ သဘော တူညီချက် ၇ ချက်ကို ရေးထိုးနိုင်တဲ့ အပေါ် UN က ဘာပြောလိုပါသလဲ။ 

တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဇွန်လ ၉ ရက်နေ့တွင်ထုတ်ပြန်နိုင်

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့တွင်ထုတ်ပြန်နိုင်မည်ဟု
ပညာရေးအသိုင်းအဝိုင်းမှ သိရှိရသည်။ အောင်စာရင်းထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ပညာရေးဝန်ကြီးဌာနကို မေးမြန်းခဲ့ရာဒုတိယဝန်ကြီး
ဦးအေးကြူက" ဆရာတို့တောင်ရက်အတိအကျမသိသေးပါဘူး ဇွန်လဆန်း စနေ၊တနင်္ဂနွေ တစ်
ရက်ရက်မှာထွက်မှာတော့သေချာတယ်"ဟုပြောကြားခဲ့သည်။

၎လ ကြာပျောက်ကွယ်ပြီးမှ ပြန်ပေါ်လာသည့် အရှေ့ဖိလစ်ပိုင်ပင်လယ်မှ INVEST 98W

Photo: ၄လ ကြာပျောက်ကွယ်ပြီးမှ ပြန်ပေါ်လာသည့် အရှေ့ဖိလစ်ပိုင်ပင်လယ်မှ INVEST 98W
Thursday, June 06, 2013

ပစိဖိတ်မြောက်ပိုင်း ပင်လယ်ရေပြင်တွင် ၂ဝ၁၃ ခုနှစ် ဖေဖေါ်ဝါရီလ-၁၆ ရက် မြန်မာစံတော်ချိန် ၂၄၃ဝ နာရီတွင် စတင်၍ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းဆဲလ် INVEST 98W သည် ၁၉-၂-၂ဝ၁၃ နေ့တွင် ပျက်ပြယ်ပျောက်ကွယ်သွားခဲ့ပြီး – ဇွန်လ ၆ ရက် နံနက် ဝဝ၃ဝ နာရီမှ စတင်၍ ပြန်လည်ဖြစ်ပေါ်လာခဲ့သည့် SYSTEM ဖြစ်စဉ်တစ်ခု အရှေ့ဖိလစ်ပိုင်ပင်လယ်တွင် တွေ့ရှိရသဖြင့် လေ့လာနိုင်ရန် အချက်အလက်များ ပြုစုတင်ပြလိုက်ပါသည်။

98W သည် စတင်ဖြစ်ပေါ်ပြီးနောက် အနောက်ဘက်သို့ ရွေ့လျားလာခဲ့ကာ ဖိလစ်ပိုင်ပင်လယ်တောင်ပိုင်းသို့ ဝင်ရောက်လာခဲ့ပြီး ဖေဖေါ်ဝါရီ ၁၈ ရက်တွင် ဗဟိုဖိအား 1005hPa သို့ ကျဆင်းလာကြောင်း၊ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒါနာအို ကျွန်းများသို့ ဦးတည်ရွေ့လျားကာ ၄င်းဒေသ၌ မိုးသည်းထန်ခဲ့ကြောင်း တွေ့ရပါသည်။ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့တွင် ပျောက်ကွယ်သွားခဲ့ရာမှ ယခု ဇွန်လ ၆ ရက်နေ့တွင် ပြန်လည်တွေ့မြင်ရသည့် ၂ဝ၁၃ ခုနှစ် ပစိဖိတ် အနောက်မြောက်ဒေသတွင်ဖြစ်ပေါ်သည့် ထူးခြားသော INVEST SYSTEM တစ်ခုအဖြစ် တွေ့ရပါသည်။

ဇွန်လ ၆ ရက်နံနက်ပိုင်းတွင် 98W ပြန်လည်ဖြစ်ပေါ်တွေ့ရှိရသည့် အချက်အလက်များအရ အဆိုပါ လေဖိအားနည်းဆဲလ်သည် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းသို့ ဦးတည်နေပြီး၊ မနီလာမြို့တော် အရှေ့တောင်ဘက် ၆၆၅ မိုင်ခန့်အကွာ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် တည်ရှိနေပါသည်။

လေဖိအားနည်းဆဲလ် INVEST 98W
06 Jun 2013 0000Z
Location: 10.0 129.6
Winds: 15 knots
Central Pressure: 1010 hPa

MMweather Page
http://blog.mmweather.com/2013/06/06/invest-98w-nw-pacific/

Thursday, June 06, 2013

ပစိဖိတ်မြောက်ပိုင်း ပင်လယ်ရေပြင်တွင်၂ဝ၁၃ ခုနှစ် ဖေဖေါ်ဝါရီလ-၁၆ ရက် မြန်မာစံတော်ချိန် ၂၄၃ဝ နာရီ
တွင် စတင်၍ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းဆဲလ် INVEST 98W သည် ၁၉-၂-၂ဝ၁၃ နေ့တွင် ပျက်ပြယ်
ပျောက်ကွယ်သွားခဲ့ပြီး – ဇွန်လ ၆ ရက် နံနက် ဝဝ၃ဝ နာရီမှ စတင်၍ ပြန်လည်ဖြစ်ပေါ်လာခဲ့သည့်SYSTEM
ဖြစ်စဉ်တစ်ခု အရှေ့ဖိလစ်ပိုင်ပင်လယ်တွင် တွေ့ရှိရသဖြင့် လေ့လာနိုင်ရန် အချက်အလက်များ ပြုစုတင်ပြ
လိုက်ပါသည်။