Pages

Friday, October 4, 2013

သီတင်းကျွတ်အမှတ်တရ Firecrackers Pro For Android

သီတင်းကျွတ်အမှတ်တရ App လေးများ (၂)

ဗျောက်အိုး !! (Firecrackers Pro)

ယခုဆိုရင် မြို့ရွာကျေးနယ် တော်တော်များများမှာ ဗျောက်အိုးဖောက်သံတွေ ကြားနေရပြီထင်ပါတယ်။ ကျွန်တော်တို့ မန္တလေးမြို့မှာလဲ ရပ်ကွက်အလိုက် ဗျောက်အိုးသံတွေ တညံညံနဲ့ ထွက်ပေါ်စ ပြုနေပါပြီ။
ဗျောက်အိုးဖောက်တာကို ကျွန်တော်ကတော့ သက်သက်မဲ့ ငွေကို မီးရှို့တယ်လို့ပဲမြင်တယ်။ ဈေးကြီးတယ်လေ။ မီးပူလဲ လောင်နိုင်တယ်။
ဒါပေမဲ့ ဗျောက်အိုးဖောက်ခြင်းဟာ သီတင်းကျွတ်လရဲ့ သင်္ကေတ တစ်ခုလိုဖြစ်နေပြီ။ ဒီတော့ဗျာ ငွေမကုန်၊ မီးပူမလောင်ပဲ ပျော်စရာကောင်းတဲ့ 
ဗျောက်အိုး (Firecrackers ) app လေးကို သတင်းကျွတ်အမှတ်တရ အဖြစ် တင်ဆက်လိုက်ပါတယ်။

အတော်လန်းတဲ့ App လေးပါ။ ဗျောက် သေးသေးလေးတွေကနေ အကြီးကြီးတွေအထိပါရှိပါတယ်။ တကယ့်ကို အပြင်က ဗျောက်အိုး ပုံစံတွေနဲ့တူအောင် ဖန်တီးထားပါတယ်။
စနက်တံ မီးလောင်သွားပုံကအစ၊ အသံ creation တွေလဲ တော်တော် လန်းပါတယ်။ ဒီ App လေးကို ရှာတွေ့ခဲ့တာ ကြာပါပြီ။ သီတင်းကျွတ်ကျမှ ပေးမယ်လို့ဆုံးဖြတ်ထားတာ။
အခု သီတင်းကျွတ်ရောက်ပြီဆိုတော့ ဘော်ဒါတွေဆီ ပို့ပေးလိုက်ပါပြီ။
ဖုန်းစပီကာနဲ့တော့ ဗျောက်အိုးသံတွေက မကျယ်ပါဘူး။ အပြင် စပီကာ အကြီးကြီးတွေနဲ့တွဲပြီး ဖောက်လိုက်လို့ကတော့ ရှယ်ပဲပေါ့။ ပိုက်ဆံလဲ မကုန်၊ ဗျောက်အိုးအစုံလဲ ကလိလို့ရတယ်။ Pro version လေးဆိုတော့
ဗျောက်အိုးတွေ အစုံပါတယ်။ သူငယ်ချင်းတွေကို စနောက်လို့လဲရအောင် Lock screen တစ်ခုလဲပါရှိပါတယ်။ Lock screen က အတုပါ။ အချိန်တန်ရင် ဗျောက်အိုးတစ်ချောင်းကျလာပြီးပေါက်ကွဲပါလိမ့်မယ်။ 
ကဲ ကလိကြပေတော့။ Android 2.2 နှင့်အထက်တွင်အသုံးပြုနိုင်ပါတယ်။

download - (26MB)

https://www.dropbox.com/s/8nh3tlisfmq952t/%E1%80%B1%E1%80%97%E1%80%BA%E1%80%AC%E1%80%80%E1%80%B9%E1%80%A1%E1%80%AD%E1%80%AF%E1%80%B8%20!!.apk

ပျော်ရွှင်ပါစေ။

Mr.AD

RangonNewsDaily:: October. 4 .2013
ယခုဆိုရင် မြို့ရွာကျေးနယ် တော်တော်များများမှာ ဗျောက်အိုးဖောက်သံတွေ ကြားနေရပြီထင်ပါတယ်။ ကျွန်
တော်တို့မန္တလေးမြို့မှာလဲရပ်ကွက်အလိုက် ဗျောက်အိုးသံတွေတညံညံနဲ့ထွက်ပေါ်စ ပြုနေပါပြီ။ဗျောက်အိုး
ဖောက်တာကို ကျွန်တော်ကတော့ သက်သက်မဲ့ ငွေကို မီးရှို့တယ်လို့ပဲမြင်တယ်။ ဈေးကြီးတယ်လေ။

ချမ်းမြသာစည်လေယာဉ်ကွင်းတွင် ကန်ဒေါ်လာ ၁၂ သန်းတန် အထက်မြန်မာပြည် မိုးလေဝသစခန်း တည်ဆောက်မည်

RangonNewsDaily:: October. 4 .2013
မန္တလေးချမ်းမြသာစည်လေယာဉ်ကွင်းက
ို ဂျပန်နိုင်ငံအကူအညီဖြင့် အထက်မြန်မာပြည် မိုးလေဝသ စခန်း အဖြစ် ဆောင်ရွက်မည်ဖြစ် ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာ နဒုတိယဝန်ကြီး ဦးဇင်ယော်က ပြောကြားသည်။

သံဖြူဇရပ်တွင် အစ္စလာမ်ဘာသာဝင်များက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို ဆွမ်းဆန်စိမ်းလောင်း လှူ

RangonNewsDaily:: October. 4 .2013

မွန် ပြည်နယ် သံဖြူဇရပ်မြို့တွင် အစ္စလာမ်ဘာသာဝင်များ က ပရဟိတ ဆွမ်းလောင်းအသင်းမှ သံဃာ တော် များ ကို အပတ်စဉ်လောင်း လှူသည့် ဆွမ်းဆန်စိမ်းလောင်းပွဲ အတွက် ဆန်အိတ် များ လှူဒါန်းခဲ့ သည့်အပြင် သံဃာတော်များကိုပါ ကိုယ်တိုင်ကိုယ် ကျ ဆွမ်းလောင်း လှူခဲ့ကြကြောင်း ပရဟိတဆွမ်း လောင်း အသင်းဥက္ကဋ္ဌက ရန်ကုန် တိုင်းမ်သတင်းစာသို့ ပြောသည်။

လှိုင်သာယာမြို့နယ်က KTV ဆိုင်တွင် လူသတ်မှုဖြစ်ပွား

RangonNewsDaily:: October. 4 .2013
၎.၁၀.၂၀၁၃ရက်နေ့ ၀၇၀၀အချိန် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်နေ ဦးတင်သိန်းသည် သားဖြစ်သူ မောင်ဇော်နှင့် သားဖြစ်သူ၏သူငယ်ချင်း ကိုသူ တို့နှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ Music KTV ဆိုင်တွင် အသတ်ခံရကြောင်းသတင်းရရှိသည်။

အမေရိကန်အဆိုတော် မိုင်လီဆိုင်ရစ် ရဲ့ယနေ့အင်တာနက်မှာပျံနှံနေတဲ့ လူပြောများနေတဲ့ ဓာတ်ပုံများ

american singer & actress
American Singer

Miley Cyrus

RangonNewsDaily:: October. 4 .2013

အမေရိကန်အဆိုတော် မိုင်လီဆိုင်ရစ်တစ်ယောက် ရုးသွားပြီလို့ပြောရမလောက်ပါပဲ။

"ချင်းတွင်းမြစ် နှင့် ဥရုချောင်း ဆုံရာအနီးတွင် ရေယာဉ်(၂)စီးတိုက်ပြီး (၁)စီး နစ်မြုပ်"

RangonNewsDaily:: October. 4 .2013(3-10-2013)နေ့ နံနက်(၁၀)နာရီခန့် က ဟုမ္မလင်းမြို့ အစုန်ခရီးစဉ်ထွက်ခွာ လာခဲ့သော စန်းမြင့်အောင် ကုန်တင်အမြန်ရေယာဉ် နှင့် ဥရုချောင်းအတွင်း မှ စုန်ဆင်းထွက်ခွာလာသော ငုဝါ ခရီးသည်တင်စက်လှေတို့ သည် ချင်းတွင်းမြစ် နှင့် ဥရုချောင်း အဆုံဝတွင် တိုက်မိရာမှ ခရီးသည်တင် ငုဝါ စက်လှေမှာ တိမ်းမှောက်နစ်မြုပ်ခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် ရှမ်းတိုင်းရင်း သားတစ်ဦးမှ သလ္လာဝတီတိုင်းမ် ကို အတည်ပြုပြောကြားခဲ့ပါတယ်။

ရန်ကုန်-မန္တလေးယာဉ်လိုင်း တစ်ခုပေါ်တွင် ခရီးသည်တစ်ဦးငွေကျပ်သိန်း ၂၀ ကျော်နှင့် ဟန်းဖုန်းတစ်လုံးပျောက်ဆုံး

RangonNewsDaily:: October. 4 .2013
ရန်ကုန်-မန္တလေးပြေးဆွဲသည့် အကယ်ဒမီ ယာဉ်လိုင်းပေါ်တွင် လိုက်ပါလာသူတစ်ဦး၏ ခရီးဆောင်အိတ်အတွင်းမှ ကျပ်သိန်း ၂၀ ကျော်နှင့် ဟန်းဖုန်းတစ်လုံး ပျောက်ဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။''ဖြစ်စဉ်ကလည်း ထူးဆန်းပါတယ်။

တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးရန် လက်နက်ကိုင်အဖွဲ့များကို တိုက်တွန်းမည်

တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးရန် လက်နက်ကိုင်အဖွဲ့များကို တိုက်တွန်းမည်

October 4, 2013 by DVB

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့အတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေကို တိုက်တွန်းသွားမယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးက ပြောကြားပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကို အခုလအတွင်း ကျင်းပဖို့ရှိ နေပြီး အဖွဲ့တစည်းတချို့က အဲ့ဒီလက်မှတ်ထိုးပွဲကို မတက်ဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် အခုလို တိုက်တွန်းတာလို့  မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) က ပရိုဂရမ်ဒါရိုက်တာ ဦးအောင်နိုင်ဦးက ပြောပါတယ်။

“လက်မှတ်ထိုးဖို့ အဆင့်သင့်မဖြစ်သေးဘူးဆိုရင်လည်း လက်မှတ်ထိုးဖို့အတွက် အမြဲတမ်း ဆက်လက်ပြီး ဆွေးနွေးသွားမယ်။ နောက်ပြီးတော့ စာကိုလည်း ဖွင့်ထားမယ်။ အချိန်မရွေး လာပြီးတော့ ထိုးနိုင်တယ်ပေါ့။ အဓိကကတော့ ကျနော်တို့အနေနဲ့အားလုံးကို လက်မှတ်ထိုးဖို့ အသေအချာ တိုက်တွန်းချင်ပါတယ်။”

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ ပြောခွင့်ရ နိုင်ဟံသာက တပ်နေရာချထားရေးနဲ့ တပ်ဘက်ဆိုင်ရာ နားလည်မှု အခိုင်အမာရှိမှ ထိုးဖို့သင့်တယ်လို့ ပြောကြားသွားပါတယ်။

“ပြည်နယ်အဆင့်မှာလည်း လက်မှတ်ထိုးပြီးပြီ။ ပြည်ထောင်စုအဆင့်မှာလည်း လက်မှတ်ထိုးပြီးပြီ။ အခု ထပ်ထိုးဖို့ ဘာကြောင့်လိုလဲပေါ့ အဲဒီကိစ္စကို မေးတယ်။ နောက် တချို့အဖွဲ့တွေက အပစ်ရပ် လက်မှတ်ထိုးပြီးပြီ ဆိုပေမယ့် တိုက်ပွဲပေါင်းက ရာနဲ့ချီပြီးတော့ ဖြစ်နေသေးတဲ့ အဖြစ်မျိုး ကျနော်တို့ မဖြစ်စေချင်ဘူး။ တပ်နေရာချထားရေး၊ တပ်လှုပ်ရှားခွင်တွေ၊ တပ်ဘက်ဆိုင်ရာ နားလည်မှု အခိုင်အမာရှိဖို့ လိုတယ်။ ဒါမှ ထိုးဖို့ သင့်တယ်။ နောက်ပြီး အပစ်ရပ်တယ်ဆိုတာက ဒီအတိုင်း ရပ်နေဖို့ မဟုတ်ဘူး။ နိုင်ငံရေးအရ ဆွေးနွေးဖို့ဖြစ်တယ်။ အဲတော့ ရှေ့ဆက်ပြီး နိုင်ငံရေးအရ ဆွေးနွေးဖို့ အခြေအနေတွေ၊ နားလည်မှုတွေ ရှိဖို့လည်း လိုတယ်။ ဒါကိုလည်း နေရာချပြီးတော့မှ၊ နားလည်မှု အခိုင်အမာရှိပြီးတော့မှ လက်မှတ်ထိုးဖို့ ကောင်းမယ်။”

ဒီမိုကရေစီအကူးအပြောင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကြိုးစားလာတာ အောင်မြင်မှုတွေ ရရှိခဲ့ပြီး ၂ နှစ်တာကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုပေါင်း ၁၄ ဖွဲ့နဲ့ အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ တအာင်း/ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (တီအန်အယ်လ်အေ) အဖွဲ့တွေပဲ ကျန်တယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

အခု ဒီလထဲမှာ ကျန်နေသေးတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ပြုလုပ်နေတယ်လို့ ပြောသွားပါတယ်။

အောက်တိုဘာလအတွင်း ကျင်းပဖို့ရှိတဲ့ တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးပွဲကို တက်မှာ မဟုတ်ဘူးလို့ ကေအိုင်အေ နဲ့ ကေအန်ပီပီ အဖွဲ့တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ကလည်း အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ပြီးခဲ့တဲ့နှစ်က ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့်မှာပါ လက်မှတ်ရေးထိုးခဲ့ပေမယ့် တိုက်ပွဲတွေ အကြိမ်ပေါင်း ၁၃၀ ကျော် ပြန်ဖြစ်ခဲ့တယ်လို့ အောက်တိုဘာ ၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ 

( photo-ဦး အောင်နိုင်ဦး )

http://burmese.dvb.no/archives/44340


RangonNewsDaily:: October. 4 .2013
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့အ
တွက် လက်နက်ကိုင် အဖွဲ့အစည်းတွေကို တိုက်တွန်းသွားမယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးက ပြောကြားပါတယ်။

ရန်ကုန် လွှတ်တော်က အတည်ပြုသည့် စည်ပင်သာယာ ဥပဒေကြမ်းသည် လူထုအကျိုးပြု ပြဌာန်းချက် အများစု မပါဝင်ဟုဝေဖန်

RangonNewsDaily:: October. 4 .2013

ရန် ကုန်တိုင်းဒေသကြီးလွှတ်တော် မှအတည်ပြုခဲ့သည့် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့နယ် စည်ပင်သာယာ ဥပဒေကြမ်းတွင် လူထုအတွက် အမှန်တကယ်အကျိုးပြုရန်လို အပ်ချက်များ မပါဝင်ခဲ့ကြောင်း အတိုက်အခံ လွှတ်တော်ကိုယ်စား လှယ်များက ဆိုသည်။

မရမ်းကုန်းမြို့နယ်တွင်ရေနုတ်မြောင်းအတွင်းအမျိုးသမီးအလောင်းတွေ့ရှိ

မရမ်းကုန်းမြို့နယ်တွင်ရေနုတ်မြောင်းအတွင်းအမျိုးသမီးအလောင်းတွေ့ရှိ
Friday, October 4, 2013

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းပေါ်ရှိ ရဲရန်အောင် ဘတ်စ် ကားမှတ်တိုင်အနီး ရေနုတ်မြောင်းအတွင်း အမျိုးသမီးအလောင်းတစ်လောင်းကို ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်တွင်တွေ့ရှိရကြောင်း၊ မြို့နယ်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရပ်ကွက် လုပ်သားပြည်သူများက ပူးပေါင်းဆယ်ယူရာ ၄င်းအမျိုးသမီးမှာ မနီနီယဉ်(ဘ)ဦးမင်းဆွေ အသက် (၄၇)နှစ်ဝန်းကျင်ရှိပြီး မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် သာယာရေးလမ်း လမ်းသွယ်(၁)တွင်
နေထိုင်သူ ဖြစ်ကြောင်းသိရသည်။

The Union Daily

အေးချမ်းမွန် Credit To > Myanmar Online News <Thanks
Re-posted By ACM 4-10-2013 
https://www.facebook.com/excellencemedia

RangonNewsDaily:: October. 4 .2013

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းပေါ်ရှိ ရဲရန်အောင် ဘတ်စ် ကားမှတ်တိုင်အနီး ရေနုတ်မြောင်းအတွင်း အမျိုးသမီးအလောင်းတစ်လောင်းကို ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်တွင်တွေ့ရှိရကြောင်
းသတင်းရရှိသည်။

မန္တလေး သုံးလောင်းပြိုင် လူသတ်မှု မသင်္ကာဖွယ်လူတစ်ဦးကို စတင်စစ်ဆေးပြီ

RangonNewsDaily:: October. 4 .2013
မန္တ လေးမြို့သစ်ရှိ ပန်နာဆိုးနစ် ကုမ္ပဏီ(မန္တလေးရုံးခွဲ)အတွင်း လူသုံး ဦးအသတ်ခံရမှုဖြစ်စဉ်တွင် တရား ခံအား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် အမှုစစ်အဖွဲ့ ဖွဲ့စည်း ပြီး ဖော်ထုတ်သွားမည်ဖြစ်ရာ မသင်္ကာ ဖွယ်ရာလူတစ်ဦးကိုလည်း စတင် စစ်ဆေးနေပြီဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Miss Myanmar Universe 2013 - မြန်မာနိုင်ငဲံကိုယ်စားပြု ရုရှားနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ခွင့်သွားတဲ့ Moe Set Wine ရဲ့အလှဓာတ်ပုံများ

miss myanmar universe 2013 moe set wine

RangonNewsDaily:: October. 4 .2013
Miss Myanmar Universe 2013 - မြန်မာနိုင်ငဲံကိုယ်စားပြု ရုရှားနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ခွင့်သွားတဲ့ Moe Set Wine ရဲ့အလှဓာတ်ပုံများကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။

အမေရိကန် အစိုးရလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းက ဥရောပစီးပွားရေးကို အထူးထိခိုက်နိုင်သည်ဟု ပြင်သစ်နှင့် ဂျာမဏီ သတိပေး

RangonNewsDaily:: October. 4 .2013
အမေရိကန်အစိုးရ လုပ်ငန်းများအား ယာယီရပ်ဆိုင်းလိုက်ခြင်းနှင့် အစိုးရ၏ ငွေကြေးအများဆုံး ချေးငှားနိုင်မှုအပေါ် အချေအတင် ငြင်းခုံနေခြင်းတို့မှာ ကမ်္ဘာတစ်လွှားတွင် ဂယက်ရိုက်ခတ်မှုများ ပေါ်ပေါက်လာနိုင်ပြီး၊ ဥရောပဒေသ စီးပွားရေးအား အထူးထိခိုက်နိုင်သည်ဟု ပြင်သစ်နှင့် ဂျာမဏီနိုင်ငံတို့မှ သတိပေး ပြောကြားလိုက်ကြောင်း အောက်တိုဘာ ၃ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

ကူးတို့ သမ္ဗန်များတွင် အသက်ကယ် အကျီ င်္များ ထားရှိသော်လည်း ဝတ်ဆင်သူ မရှိသလောက်နည်းပါးနေ

RangonNewsDaily:: October. 4 .2013
ပန်းဆိုး တန်း-ဒလကူးတို့ သမ္ဗန်စီးနင်း ရာ တွင် အသက်ကယ်အကျီ င်္ဝတ်ဆင် ၍စီးနင်းကြရန် ညွှန်ကြားထားမှု များရှိသော်လည်း ခရီးသည်အများ စုမှာ လိုက်နာမှုအားနည်းနေ ကြောင်း ကူးတို့ဆိပ်ကြီးကြပ်မှုရုံး (ကမာအောင်)မှသိရသည်။ရန်ကုန်မှဒလ သို့ ကူးတို့သမ္ဗန် ဖြင့်စီးနင်းသူအများစုမှာ အသက် အန္တရာယ်ရှိမှန်းသိသော်လည်း အ သက်ကယ်အကျÐဝတ်ဆင်၍ စီး နင်းလိုခြင်းမရှိကြောင်း ကူးတို့ဆိပ် ကြီးကြပ်မှုရုံး(ကမာအောင်)ဥက္ကဋ္ဌ ဦးတင်နီက ပြောသည်။

လေတပ်ဗိုလ်မှူး မောင်းသောကားမှောက်၍ မိဘနှစ်ပါးနှင့် ဇနီး ပွဲချင်းပြီး

RangonNewsDaily:: October. 4 .2013
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တာဝန် ထမ်းဆောင်သော တပ်မတော်(လေ)မှ ဗိုလ်မှူး ဟိန်းထက်အောင် မောင်းနှင်သည့် ဟိုင်းလတ် ဆပ်(ဖ်)ကားသည် စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (ပဲခူးအပိုင်) မိုင်တိုင် ၅၀ အနီး တိမ်းမှောက်ခဲ့ရာ

ဒီမိုကရေစီ နှင့် ဘယ်လို နှစ်ပါးသွားမလဲ

RangonNewsDaily:: October. 4 .2013
သံတွဲမြို့ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန် ရေးအဖွဲ့က သတင်းထုတ်ပြန်ချက်(၁၆/၂၀၁၃)၊ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက် နေ့စွဲဖြင့် သတင်းထုတ် ပြန်ခဲ့ သည်ကို တွေ့ရ သည်။

ဝါရှင်တန်မှာ ပစ်ခတ်မှုကြောင့် အမျိုးသမီး တဦး သေဆုံး

ဝါရှင်တန်မှာ ပစ်ခတ်မှုကြောင့် အမျိုးသမီး တဦး သေဆုံး
Friday, October 4, 2013

အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ မြို့တော်ရှိ သမ္မတအိမ်ဖြူတော်အနီးက အတားအဆီးတွေ ကို ဖြတ်မောင်းဖို့ ကြိုး စားခဲ့သူ အင်ဖင်နတီကားအနက်နဲ့ အမျိုးသမီးတဦးကို လိုက်လံ ပစ်ခတ်ရာမှာ အဆိုပါ အမျိုးသမီး သေဆုံးသွားပါတယ်။ 


ကား အတွင်းမှာ အသက် ၁ နှစ်အရွယ်သမီးငယ်ကလေးကျန်ခဲ့ပါတယ်။ အဲဒီကလေးငယ်မလေးကတော့ ဘာဒဏ်ရာမှ မရပဲ ရဲက ပြုစု စောင့်ရှောက်လိုက်ရပါတယ်။ 

မာရီယံ ကာလေး ဆိုသူ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးဟာ သူ့ ကားကို အိမ်ဖြူတော် လုံခြုံရေး အတားအဆီးတွေကို ဖြတ်မောင်းဖို့ ကြိုးစားရာက ကွန်ဂရက်လွှတ်တော်နားမှာပဲ ရဲနဲ့ လုံခြုံရေး ရဲတွေက လိုက်လံ တားဆီး ပစ်ခတ်ဖို့ ကြိုးစားခဲ့ လို့ အဆိုပါ အမျိုးသမီး သေဆုံးသွားရတာလို့ စီအန်အန်သတင်းက ဆိုပါတယ်။ 

သူက ကားကို မောင်းပြေးရင် လုံခြုံရေးကားတွေကို လိုက်တိုက်ခဲ့တာကြောင့်လည်း လုံခြုံရေးအရာရှိ ၂ ဦး ဒဏ်ရာ ရသွား ခဲ့ ကြတယ်လို့ သိရပါတယ်။ 

ကွန်ဂရက်လွှတ်တော်က ရဲအရာရှိကြီးကလည်း ဒါဟာ အကြမ်းဖက်မှု မဟုတ်ဘူးလို့ ပြေားထားပါ တယ်။ 

ဖြစ်စဉ်တွေကိုတော့ သမ္မတ အိုဘားမားကို အကျဉ်းချုပ် အစီရင်ခံထားတယ်လို့လည်း သိရပါတယ်။ 

အခုဖြစ်ရပ်မှာ တိုက်ဆိုင်တာက အမေရိကန် ကွန်ဂရက်က အစိုးရ အသုံးစရိတ် ဘတ်ဂျက်ဆိုင်ရာ အငြင်း ပွားနေချိန်၊ ဘတ်ဂျက်တွေ ကွန်ဂရက်က ချမပေးလို့ အစိုးရ ဋ္ဌာနတချို့ ပိတ်သိမ်းလိုက်ရချိန်လည်း ဖြစ်နေ ပါတယ်။ 

ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသေးစိပ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး ဘာကြောင့် ဖြစ်တယ်ဆိုတာ အဖြေရှာနေ ဆဲဖြစ်တယ်လို့ သိရပါတယ်။ 


 

အိမ့်သံစဉ် ~ 

မူရင်း  http://blog.irrawaddy.org/2013/10/blog-post_4.html#more

RangonNewsDaily:: October. 4 .2013 အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ မြို့တော်ရှိ သမ္မတအိမ်ဖြူတော်အနီးက အတားအဆီးတွေ ကို ဖြတ်
မောင်းဖို့ ကြိုး စားခဲ့သူအင်ဖင်နတီကားအနက်နဲ့အမျိုးသမီးတဦးကိုလိုက်လံ ပစ်ခတ်ရာမှာ အဆိုပါ အမျိုးသမီး
သေဆုံးသွားပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ကို မတရား အသင်း အဖြစ် ကြေငြာ ဖွယ် ရှိ

RangonNewsDaily:: October. 4 .2013
သံတွဲ မြို့  မှာ RDNPပါတီက ကျောထောက်နောက်ခံ ပေးထားတဲ့ ဘာသာရေး လူမျိုးရေး အကြမ်းဖက် မှု တွေ
ပေါ်ပေါက် ပြီး တဲ့ နောက် ရခိုင် ပြည်နယ် မှာ အခြေစိုက် တဲ့ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီကို မြန်
မာ အစိုးရ က မတရား အသင်း အဖြစ် ကြေငြာဖွယ်ရှိတယ်လို့ ရန်ကုန်တိုင်း ရဲ သတင်း တပ် ဖွဲ့  က အမည်
မဖော် လို တဲ့ အရာ ရှိ ကြီးတစ်ဦး က FNG ကို ပြောပါတယ်။

"သရုပ်ဆောင် အင်အား အယောက် ၈ဝကျော် နဲ့ ရိုက်ကူးထားတဲ့ ဟဲလေးရဲ့ ဒီဗီဒီ."

Photo: "သရုပ်ဆောင် အင်အား အယောက် ၈ဝကျော် နဲ့ ရိုက်ကူးထားတဲ့ ဟဲလေးရဲ့ ဒီဗီဒီ."
Thursday, October 3, 2013

ဟဲလေးနဲ့ သူ့ရဲ့သူငယ်ချင်းတွေက မြောက်ဒဂုံမြို့နယ်၊ ၄၈ရပ်ကွက် မှာရှိတဲ့ အိပ်မက်လှ ရထားလေး ဆိုတဲ့ နာမည် နဲ့ တည်ထောင်ထားတဲ့ ဂေဟာက ကလေးတွေ အတွက် တစ်နေ့စာ အလှူလုပ်ခဲ့ပါတယ်။ ဒီဂေဟာ မှာတော့ ရှမ်းပြည်ဘက်က မိဘမဲ့ ကလေးတွေ များပြီး ကလေးတွေကို သူငယ်ချင်းတွေ နဲ့အတူ သွားရောက် လှူဒါန်း ရတဲ့ အတွက် ပီတိလည်း ဖြစ်မိကြောင်း ဟဲလေးကပြောပါတယ်။

ဟဲလေးက အခု လတ်တလောမှာတော့ ဒယ်ဒီဟဲလေး ဒီဗီဒီကို အောက်တို ဘာလ ထဲမှာ ထွက် နိုင်အောင် ကြိုးစားနေပါတယ်။ ဒယ်ဒီဟဲလေးက စီဒီ ထွက်ရှိ ခဲ့ပြီး ပြီ ဖြစ်ပါတယ်။ စီဒီမှာတော့ သီချင်း၁၂ပုဒ် ပါဝင်ခဲ့ပြီး ဒီဗီဒီ မှာတော့ သီချင်း၁၂ ပုဒ် အပြင် ဘောနက် အဖြစ် သုံးပုဒ်ကို ပရိသတ်တွေ အတွက် ထည့်ပေး ထားကြောင်း ဒီ သုံးပုဒ် ကိုလည်း ထူးထူးခြားခြား လေးဖြစ်အောင် ရိုက်ကူးထားကြောင်း ဟဲလေးက ပြောပါတယ်။ 

အရင်ထွက်ခဲ့တဲ့ ဒီဗီဒီတွေ နဲ့ ဒယ်ဒီ ဟဲလေး ဒီဗီဒီ ကကွာခြား မှုတွေ ရှိမှာဖြစ်တယ် လို့ပြောလာတဲ့ ဟဲလေးက "အိုးဆားဗစ်တုန်း က ပရိသတ်တွေ ရဲ့အားပေးမှု အများကြီးရ ခဲ့တယ်။ ဒီအခွေမှာ လည်း အိုးဆားဗစ်ထက် ပိုကောင်းအောင် လုပ်ထားတဲ့ အတွက် ကုန်ကျ စရိတ်တွေကလည်း ပိုများ တယ်။ ရိုက်ကူးရေး ပိုင်းမှာလည်း သေချာ လေး လုပ်ထားတယ်။ အကောင်းဆုံး ဖြစ်စေ ချင်တဲ့ဆန္ဒနဲ့ပေါ့" လို့ အခွေ နဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ ဖေ့စ်ဘုတ် ခရေဇီ သီချင်း ဒီဗီဒီမှာတော့ နစ်ကီ၊ အိန်းအိန်း စတဲ့ အဆို တော်တွေ အပါအဝင် သရုပ်ဆောင် အယောက် ၄ဝယောက် ကို ထည့်သွင်း ရိုက်ကူးထား ပြီး၊ တစ်ခွေလုံး နီးပါးအနေ နဲ့ကတော့ သရုပ်ဆောင် အယောက် ၈ဝကျော် လောက်ကို မြိုင်မြိုင် ဆိုင်ဆိုင် ထည့် သွင်း ရိုက်ကူး ထားကြောင်း Title Song ဖြစ်တဲ့ ဒယ်ဒီ ဟဲလေး သီချင်းရဲ့ ဗီစီဒီကို လည်း သူတို့သားအဖ အပါအဝင် Rဇာနည် တို့သားအဖ ၊ဇော်ပိုင်တို့ သားအဖ၊ ဖိုးကာ တို့သားအဖ ၊Lလွန်းဝါတို့ သားအဖ၊ ဆန်းထွဋ် တို့သားအဖတွေ နဲ့ ရိုက်ကူး ပုံဖော်ထားတဲ့ အတွက် ကြည့်ရတဲ့ ပရိသတ်တွေ အနေနဲ့ လည်း အမြင်ဆန်းစေ မှာဖြစ်ကြောင်း ဟဲလေး ကအကြို သတင်းပေး ပါတယ်။ 

ဒယ်ဒီဟဲ လေးအခွေရဲ့ ဗီစီဒီကို အရှုံးအမြတ် အတွက် အဓိကမထားဘဲ အရည်အသွေး အကောင်းဆုံး ဖြစ် အောင်ပဲ ရိုက်ကူးထား ပါတယ်လို့ ဟဲလေး က ဆိုပါတယ်။ 

လင်းအက္ခရာ
Popular Journal

RangonNewsDaily:: October. 4 .2013
ဟဲလေးနဲ့ သူ့ရဲ့သူငယ်ချင်းတွေက မြောက်ဒဂုံမြို့နယ်၊ ၄၈ရပ်ကွက် မှာရှိတဲ့ အိပ်မက်လှ ရထားလေး ဆိုတဲ့ နာမည် နဲ့ တည်ထောင်ထားတဲ့ ဂေဟာက ကလေးတွေ အတွက် တစ်နေ့စာ အလှူလုပ်ခဲ့ပါတယ်။

ယာဉ်မှတ်ပုံတင် အတုဖြင့် ကား လာပေါင်သူ နှစ်ဦးအား အမှုဖွင့်ထား

RangonNewsDaily:: October. 4 .2013
အတုပြုလုပ်ထားသော မော်တော်ယာဉ်မှတ်ပုံတင်အတုဖြင့်ကားလာပေါင်သူ(၂) ဦးကို အရေးယူပေးရန် တိုင်

ကြားသဖြင့် ဒေါပုံရဲစခန်းက အောက်တိုဘာ ၁ ရက်တွင် အမှုဖွင့် စစ်ဆေးနေကြောင်း သတင်းရရှိသည်။ အဆိုပါ အမှုကို ဒေါ်ပုံမြို့နယ်၊ ဇေယျသီရိရပ်ကွက် ၊ (၈)လမ်းနေ ဦးမောင်သိန်း (၄၆) နှစ်က အမှုဖွင့် တိုင်တန်း ထားသည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်

တရုတ်ရန်ကာကွယ်ရေး ရေငုပ်သင်္ဘောနှင့် တိုက်လေယာဉ် ရောင်းချရန် အမေရိကန်ကို ထိုင်ဝမ်တောင်းဆို