Pages

Wednesday, June 12, 2013

အမေရိကန် ခရီးစဉ်အပြန် ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးတို့ကို လူ ၃ဝဝ ကျော် ကြိုဆို

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်နဲ့ကိုကိုကြီးတို့ဟာ တောင်ကိုရီးယားနိုင်ငံနဲ့အမေရိကန်
နိုင်ငံတွေကို တစ်လကြာ လှည့်လည်သွားရောက်ခဲ့ပြီး ဒီကနေ့မနက်ပိုင်းက မြန်မာနိုင်ငံကို ပြန်လည်ရောက်
ရှိလာပါတယ်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ သတ်ဖြတ်ခံရမှုအပေါ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၏ သဘောထား ထုတ်ပြန်ချက်

ကျေညာချက်အမှတ် ၈/၂၀၁၃
ရက်စွဲ။ ၂၀၁၃ခုနှစ်၊ ဇွန်လ(၁၂) ရက်


၁။ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အရေးအခင်း၊ မိတ္ထီလာအရေးအခင်းနှင့် နောက်ဆုံး ဖြစ်ပွားခဲ့သော လားရှိုးအရေးအခင်း များကို မြန်မာနိုင်ငံအတွင်း၌ တရားဥပဒေနှင့် အညီ ဖြေရှင်းနိုင်ခဲ့ပြီး ဖြစ်သည်။

၎နှစ်သားကလေးလေးက ဖခင်ကို သေနတ်ဖြင့် ပစ်ခတ်...

(12.6.2013, Wednesday)

အမေရိကန်နိုင်ငံ၊အရီဇိုးနားပြည်နယ်၊ပရက်စကော့ဗယ်လီမြို့ရှိ နေအိမ်တွင်၎နှစ်သားကလေးငယ်တစ်ဦးက ၎င်း၏ဖခင်ကိုမတော်တဆသေနတ်ဖြင့်ပစ်ခတ်ခဲ့ရာဖခင်ဖြစ်သူ သေဆုံးသွားကြောင်းသိရသည်။အသက်၃၅

နှစ်အရွယ်ရှိဂျက်စတင်စတန်းဖီးလ်ဒ်သောမက်စ်နှင့် ၎င်း၏သားငယ်သည်ဖီးနစ်မြို့မှ လာရောက်လည်ပတ်ခဲ့
ခြင်းဖြစ်ပြီး မိတ်ဆွေတစ်ယောက်၏နေအိမ်တွင် ရှိနေခဲ့သည်။

စပျစ်သီးမှ ချက်သောအရက် သောက်မိရာမှ နှစ်ဦးသေဆုံး

Photo: စပျစ်သီးမှ ချက်သောအရက် သောက်မိရာမှ နှစ်ဦးသေဆုံး
=====================================
12/Jun/2013

အိမ်တွင်ချက်သော အရက်ကို သောက်သုံးမိရာမှ လူနှစ်ဦး သေဆုံးခဲ့ ပြီးနှစ်ဦးမှာ စိုးရိမ်ရသော အခြေအနေဖြင့် ဆေးရုံတင်ထားရသော ဖြစ်ရပ်တစ်ခု သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်၌ ဖြစ်ပွားခဲ့ကြောင်း ဇွန် ၁၁ ရက်က ဘီဘီစီ သတင်းတစ်ပုဒ်တွင် ရေးသား ဖော်ပြထားသည်။ ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါအုပ်စုသည် စပျစ်သီးဖြင့် ချက်ထားသော အရက်ကို ကွင်းစလန်းပြည်နယ် အရှေ့တောင်ပိုင်းရှိ နေအိမ်တစ်အိမ်တွင် သောက်သုံး ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းဖြစ်စဉ်တွင် အသက် (၂၂) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးမှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးကာ အသက် (၃ဝ) အရွယ်ရှိ အမျိုးသားတစ်ဦးမှာ ဆေးရုံအရောက်တွင် သေဆုံး သွားခဲ့ခြင်းဖြစ်သည်။ အသက် (၂၁) နှစ်နှင့် (၂၆) နှစ်ရှိ အခြားနှစ်ဦးမှာ ဆေးရုံတွင် စိုးရိမ်ရသော အခြေအနေရှိနေသည်ဟု သိရသည်။ အဆိုပါ သေဆုံးမှုသည် ၄င်းအရက် တစ်ခုတည်းကြောင့် ဟုတ်၊ မဟုတ် စုံစမ်း စစ်ဆေးလျက် ရှိသည်ဟု ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။ 
(ဘီဘီစီ)

12/Jun/2013

အိမ်တွင်ချက်သော အရက်ကို သောက်သုံးမိရာမှ လူနှစ်ဦး သေဆုံးခဲ့ ပြီးနှစ်ဦးမှာ စိုးရိမ်ရသော အခြေအနေ
ဖြင့် ဆေးရုံတင်ထားရသော ဖြစ်ရပ်တစ်ခု သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်၌ ဖြစ်ပွားခဲ့ကြောင်း ဇွန် ၁၁ ရက်က ဘီဘီစီ သတင်းတစ်ပုဒ်တွင် ရေးသား ဖော်ပြထားသည်။

ဘုရားသုံးဆူမြို့နယ်ခွဲတွင် GSM ဖုန်းသုံးစွဲရန် အခက်အခဲတွေ့နေ...

 (12.6.2013, Wednesday)
ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ဘုရားသုံးဆူမြို့နယ်ခွဲတွင် (၂၀၁၃)ခုနှစ်၊ဖေဖော်ဝါရီလကတည်း
က(၂)သိန်းခွဲတန်WCDMAနှင့်(၂)သိန်းတန်GSMဖုန်းများစတင်သုံးစွဲခွင့်ရခဲ့သော်လည်းသုံးစွဲရာတွင်အခက်
အခဲများရှိကြောင်းသိရသည်။

ရှမ်းပြည်ပြန်လည်သူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ်SNLD ဥက္ကဌ ဦးခွန်ထွန်ဦးတွေ့ ဆုံဆွေးနွေး

Photo: ရှမ်းပြည်ပြန်လည်သူထောင်ရေးကောင်စီ RCSS ဥက္ကဌ
ဗိုလ်ချုပ်ကြီး ရွက်ဆစ်SNLD ဥက္ကဌ ဦးခွန်ထွန်ဦးတွေ့ ဆုံဆွေးနွေး
=========================================
ရန်ကုန်-ဇွန်၁၂

ရှမ်းပြည်ပြန်လည်သူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့်
SNLD ဥက္ကဌ ဦးခွန်ထွန်ဦးတို့SNLD ရုံး မရမ်းကုန်း ၉မိုင်တွင်ယနေ့ညနေက
ပြည်တွင်းငြိမ်းချမ်းရေးနိုင်ငံရေးအရတွေ့ဆုံဆွေူနွေးပွဲ ပေါ်ပေါက်လာစေရန်ဆွေးနွေးကြောင်းသိရသည်။

စိုင်းနောင်
Popular Myanmar News Journal

ရန်ကုန်-ဇွန်၁၂

ရှမ်းပြည်ပြန်လည်သူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့် SNLD ဥက္ကဌ ဦးခွန်ထွန်
ဦးတို့SNLD ရုံး မရမ်းကုန်း ၉မိုင်တွင်ယနေ့ညနေကပြည်တွင်းငြိမ်းချမ်းရေးနိုင်ငံရေးအရတွေ့ဆုံဆွေူနွေးပွဲ
ပေါ်ပေါက်လာစေရန်ဆွေးနွေးကြောင်းသိရသည်။

"ABE Level 6 ဒီပလိုမာ ရရှိထားသူများ တစ်နှစ်အတွင်း BSc(Hons) Business Management ဒီဂရီဘွဲ့ရရှိမည်"

"ABE Level 6 ဒီပလိုမာ   ရရှိထားသူများ တစ်နှစ်အတွင်း BSc(Hons) Business Management ဒီဂရီဘွဲ့ရရှိမည်"

မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍအသီးသီးတွင်အောင်မြင်သောစီးပွားရေး Professional တစ်ဦးအဖြစ်အသက် မွေးဝမ်းကျောင်းပြုလိုသော လူငယ်များ အတွက် Auston Institute of Management တွင်တက်ရောက်ပြီး London South Bank University မှပေးအပ်သော BSc (Hons) Business Management (Top Up) ဒီဂရီအတွက်ကျောင်း ၀င်ခွင့်စတင်လျှောက်ထားနိုင်ကြောင်း CROWN Education တာဝန်ရှိသူ တစ်ဦးမှ ပြောကြားသည်။ အဆိုပါဘာသာရပ်ကိုမြန်မာနိုင်ငံတွင် ABE Diploma လက်မှတ်ကိုင် ဆောင်ထား သူများ ကင်းလွတ်ခွင့်လျှောက် ထားနိုင်ပြီး၊ ABE Level 6 Diploma ရရှိထားသူများ အဆိုပါဒီဂရီ၏ နောက်ဆုံးနှစ်သို့  ၀င်ခွင့်တိုက်ရိုက်လျှောက်ထားနိုင်ကြောင်းသိရသည်၊၊
 
London South Bank University ကို ၁၈၉၂ တွင်တည်ထောင်ခဲ့ပြီး လန်ဒန်၏အကြီးဆုံး နှင့်သက်တမ်း အရင့်ဆုံးတက္ကသိုလ်များထဲတွင် ပါဝင်သည်။ Sunday Times University Guide 2013 အရ ကျောင်းပြီး လုပ်ခလစာ အထူး ကောင်းမွန် ကာ ယူကေထိပ်တန်း တက္ကသိုလ်(၂၀)ထဲ တွင်ပါဝင်ပါသည်။ 

ကျောင်းသူကျောင်းသားများအနေဖြင့် Research Methods for Business Students ၊Business Analysis and the Management of Change ၊ Business Risk Management စသောမော်ဂျူးများ ကိုလေ့လာ ရမည်ဖြစ်သည်။ Lectures, Presentations, Tutorial, Laboratory based ပုံစံများဖြင့်သင်ကြား ရမည်ဖြစ်ပြီး နောက်ဆုံး Semester တွင် Dissertation လုပ်ဆောင် ရမည်ဖြစ်သည်။ အခက် အခဲ အကျပ်အတဲများကိုစီမံခန့် ခွဲရခြင်း၊ ရေတိုရေရှည် စီးပွားရေး နည်းဗျူဟာ များရေးဆွဲတင်ပြရခြင်းများ ပါရှိခြင်းကြောင့် မိမိတို့၏ပင်ကိုယ်စွမ်း ရည်များ ကိုဖော်ထုတ်နိုင် မည်ဖြစ်သည်။

“ခုနောက်ပိုင်း နိုင်ငံတကာကုမ္မဏီကြီးတွေ ဝင်ရောက်လာတာနဲ့အတူ စီမံခန့် ခွဲမှု့ နဲ့ နိုင်ငံတကာမှာ သွားရောက်ပညာသင်ကြား လာတဲ့ကျောင်းသူကျောင်း သားတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ခါတိုင်းထက် ပိုမိုရရှိလာ တာတွေ့ ရပါတယ်၊၊ 

အရင်တုန်းကသဘာဝသံယံဇာတအရင်းအမြစ်ကိုအားပြုပြီး စီးပွားရေး လုပ်ကိုင်နေရာကနေ အခုFDI တွေ၊ Joint-Venture တွေ၊ Multi National Corporation ကြီးတွေဝင်လာကြတဲ့အတွက်မြန်မာကျောင်း သားတွေ စီးပွားရေးစီမံခန့်ခွဲမူ့ ဘာသာရပ်မျိုးတွေ သင်ဖို့စိတ်ဝင်စား လာကြပါတယ်။  ပြည်ပလုပ်ငန်းရှင်တွေ အနေနဲ့မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းလည် ပတ်နိုင်ဖို့အတွက် Professional လူသားအရင်း အမြစ်တွေ အများကြီး ရှိရှာဖွေ လာကြပါ တယ်။ မြန်မာပြည်မှာ စီပွားရေးနဲ့ ပတ်သက်တဲ့ အခြေခံတွေကိုလေ့လာသင်ယူပြီးပြီဆိုရင် နိုင်ငံတကာအတွေ့ အကြုံအတွက် ဒီလို ပရိုဂရမ်တွေက သင့်တော်ပါတယ်ဟု” CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အကြံပြုပြောကြားသည်၊၊

အဆိုပါဘာသာရပ်ဝင်ခွင့်အတွက် ABE Level 6 Diploma ပြီးဆုံးထား သူများ IELTS အမှတ်မလိုပဲကျောင်း ၀င်ခွင့်  လျှောက်ထားနိုင်ပါသည်။ (၁၂) လကြာ တက်ရောက်ရမည်ဖြစ်ပြီးကျောင်းလခစင်ကာပူဒေါ်လာ ၁၇၈၅၀ ကုန်ကျမည်ဖြစ်ကာ သုံးကြိမ်ခွဲ သွင်းမည်ဆိုပါက စင်္ကာပူဒေါ်လာ ၁၈၂၈၄ ခန့် ကျသင့်မည်ဖြစ်ကြောင်းသိရသည်၊၊ 

ကျောင်းလျှောက်ထားခြင်းနှင့်အသေးစိတ်သိရှိလိုပါကCROWN Education၊ အမှတ်(၂၇၀) ၊ ပထမထပ်၊ အခန်း(1 C)၊မြေနီ ကုန်း၊   ပြည်လမ်း၊   ကောင်းမြတ်မွန်ဆေး ခန်းအပေါ်ထပ်၊ ဖုန်း ၀၉-၇၃၂ ၇၂၃ ၇၇၊ ၀၉- ၅၀ ၈၅ ၁၈၅ သို့ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။


မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍအသီးသီးတွင်အောင်မြင်သောစီးပွားရေး Professional တစ်ဦးအဖြစ်အသက်
မွေးဝမ်းကျောင်းပြုလိုသောလူငယ်များ အတွက်Auston Institute of Management တွင်တက်ရောက်ပြီးLondon
South Bank University မှပေးအပ်သော BSc (Hons) Business Management (Top Up) ဒီဂရီအတွက်ကျောင်း ၀င်ခွင့်စတင်လျှောက်ထားနိုင်ကြောင်း CROWN Education တာဝန်ရှိသူ တစ်ဦးမှ ပြောကြားသည်။

ဘုရင့်နောင်တံတားပေါ်မှ အမျိုးသမီးတစ်ဦးရေထဲခုန်ချ

၁၁.၆.၂၀၁၃ရက်နေ့ ၁၇;၁၀အချိန်အတွင် လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားဟောင်း ရေလယ်တိုင်အမှတ်(၄)နှင့် (၅)ကြားမှ အမျိုးသမီးငယ်တစ်ဦး ရေထဲခုန်ချခဲ့ရာ တံတားသစ်စီမံကိန်း ဆောင်ရွက်လျက်ရှိသည့် ဇက်ရေယာဉ်အမှတ်(၁၁၀) ပြည်တွင်းရေကြောင်းပိုင်
ရေယာဉ်ပေါ်တွင် ရှိနေသူ ဦးချမ်းမြေ့သော် (စက်ကိုင်) မှ တွေ့မြင်သဖြင့်ဆယ်ယူကယ်တင်ခဲ့ပါသည်။

အရမ်းဟော့ရှော့ အဝတ်တွေ မကြိုက်ဘူးလို့ဆိုတဲ့ စံရတီမိုးမြင့်

Photo: စံရတီမိုးမြင့်က အရမ်းဟော့ရှော့ အဝတ်တွေ မကြိုက်ဘူးတဲ့
Wednesday, June 12, 2013

ကြော်ငြာတွေ ရိုက်ကူးရင်း ပရိသတ် သတိထားမိလာတဲ့ သရုပ်ဆောင် စံရတီမိုးမြင့်က အရမ်းကြီး ဟော့ရှော့ ဖြစ်အောင် ဝတ်ရတာ မကြိုက်ဘူးလို့ ဧရာဝတီကို ဖွင့်ဟ လာပါတယ်။

“ကျမက အရမ်းကြီး ဟော့ရှော့ဖြစ်အောင် ဝတ်ရတာ မကြိုက်ဘူး၊ ချစ်စရာကောင်းတဲ့ ပုံစံ ၀တ်ရတာကို သဘောကျတယ်။ Sexy ဆိုတာကလည်း အရမ်းဖော်လွန်းတိုင်း Sexy မှမဟုတ်တာ။ မျက်နှာက အစ ဆွဲဆောင်မှုရှိတဲ့ ပုံစံကို သဘောကျတယ်” လို့ သူ့ရဲ့ ဖက်ရှင်နဲ့ ပတ်သက်လို့ ပြောပါတယ်။

အခုသူနေတာက မြန်မာနိုင်ငံဖြစ်တဲ့အတွက် သူများနိုင်ငံတွေလို ၀တ်ရင်လည်း အဆင်မပြေဘူး၊ ဒါကြောင့် သူနဲ့ လိုက်ဖက်တဲ့ အဝတ်အစားမျိုးပဲ ၀တ်တယ်လို့ စံရတီမိုးမြင့်က ဆိုပါတယ်။

“အရမ်း အတိုအပြတ်တွေ ၀တ်ရတာလည်း ကိုယ်နဲ့ မလိုက်ဘူးလို့ ထင်တယ်၊ လုံးဝ မ၀တ်တာတော့ မဟုတ်ဘူး၊ လိုအပ်တဲ့ နေရာတွေမှာတော့ ၀တ်တယ်၊ Sexy ကျတဲ့ ပုံစံမျိုးကို သဘောလည်း မကျဘူး၊ ၀တ်လည်း မ၀တ်ဘူး” လို့ သူ့ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်တဲ့ ခံယူချက်ကို ဟြေပါတယ်။

မြန်မာနိုင်ငံမှာက ကိုးရီးယားဖက်ရှင်တွေ ခေတ်စားနေပြီး လူတွေက ကိုယ်နဲ့ လိုက်လိုက်၊မလိုက်လိုက် ၀တ်နေကြတယ် လို့လည်း သူ့ရဲ့အမြင်ကို ရှင်းပြပါတယ်။ သူ့ရဲ့ အမြင်ကတော့ လူတိုင်းဟာ ကိုယ်နဲ့ လိုက်ဖက်မှ ၀တ်ဆင်သင့်တယ် လို့လည်း ဆိုပါတယ်။

သူကိုယ်တိုင်ကတော့ အရင်ကတည်းက ခန္ဓာကိုယ် ပြည့်တဲ့အထဲမှာ ပါတဲ့အတွက် မြန်မာ ၀တ်စုံဝတ်ရတာ အဆင်ပြေ ကြောင်း၊ ချစ်စရာကောင်းတဲ့ ပုံစံတွေ ၀တ်ရင် အဆင်ပြေကြောင်း၊ လိုအပ်လို့ Sexy ဖြစ်တဲ့ ပုံစံ ၀တ်ရရင်တောင် အရှက်လုံတဲ့ ပုံစံသာ ၀တ်ကြောင်း၊ Sexy ပုံစံ ၀တ်တဲ့အခါ စိတ်မလွတ်လပ်တဲ့ အတွက် မနှစ်သက်ကြောင်း၊ အ၀တ်ဆိုရင် လွတ်လွတ်လပ်လပ် ရှိတဲ့ ပုံစံသာကြိုက်ကြောင်း ဧရာဝတီကို ဟြေပြခဲ့ပါတယ်။

စံရတီမိုးမြင့်ရဲ့ အချစ်ရေးကို မေးမြန်းကြည့်ရာမှာတော့ သူက “အခုအချိန်မှာ အလုပ်ကိုပဲ အာရုံစိုက် လုပ်နေတယ်၊ ချစ်သူ ရွေးချယ်ခဲ့ ကတည်းက ကျမအပေါ် နားလည်မယ့် သူကိုပဲ ရွေးချယ်ခဲ့ပါတယ်” လို့ ရှင်းပြပါတယ်။

လတ်တလောမှာ စံရတီမိုးမြင့်က ဒါရိုက်တာသားကြီး၊ သရုပ်ဆောင် နေဒွေးတို့နဲ့ အတူ မျက်နှာဖုံး ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပါတယ်။

ဧရာဝတီ
သရုပ်ဆောင် စံရတီမိုးမြင့်ကို ရိုက်ကွင်းတခုတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
သရုပ်ဆောင် စံရတီမိုးမြင့်ကို ရိုက်ကွင်းတခုတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
Wednesday, June 12, 2013

ကြော်ငြာတွေ ရိုက်ကူးရင်း ပရိသတ် သတိထားမိလာတဲ့ သရုပ်ဆောင် စံရတီမိုးမြင့်က အရမ်းကြီး ဟော့ရှော့
ဖြစ်အောင် ဝတ်ရတာ မကြိုက်ဘူးလို့ ဧရာဝတီကို ဖွင့်ဟ လာပါတယ်။

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာတော် ရုပ်ရှင်ပွဲတော် ဇွန် ၁၅ တွင် စမည်

Photo: လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာတော် ရုပ်ရှင်ပွဲတော် ဇွန် ၁၅ တွင် စမည်
Wednesday, June 12, 2013

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဦးစီးသည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဇွန်လ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ရန်ကုန်တိုင်းအတွင်း ကျင်းပမည်ဟု သိရသည်။

ဇွန် ၁၅ ညနေ ၆ နာရီတွင် ဖွင့်ပွဲအခမ်းအနားကို ရန်ကုန် နေပြည်တော် ရုပ်ရှင်ရုံ၌ ကျင်းပမည်ဖြစ်ပြီး ဇွန် ၁၆၊ ၁၇၊ ၁၈ တွင် ရန်ကုန် Junction Square ရှိ ရုပ်ရှင်ရုံ ၂ ရုံတွင် ဇာတ်ကားများ ပြသသွားမည် ဖြစ်ကြောင်း ဇွန်လ ၈ ရက်နေ့က ရန်ကုန် ၇ မိုင်ရှိ HRHDIFF ရုံးခန်းတွင် အဆိုပါ ရုပ်ရှင်ပွဲတော်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောခဲ့သည်။

ရုပ်ရှင်ပွဲတော်တွင် ပြသရန် မြန်မာကား ၂၈ ကား၊ နိုင်ငံတကာ ဇာတ်ကား ၂၆ ကား၊ ကလေးငယ် များအတွက် ဇာတ်ကား ၁၁ ကား တို့ကို ဝင်ကြေးအခမဲ့ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

“ဖွင့်ပွဲမှာ ရုပ်ရှင်ကား တကား ရွေးထားတယ်။ အဲဒါကတော့ မြန်မာနိုင်ငံက ကားပါ။ ဒါရိုက်တာ ယဉ်နန်းသိုက် ရိုက်တဲ့ အကျဉ်းစံဘ၀ဆိုတဲ့ Documentary မှတ်တမ်း ရုပ်ရှင်ပြမယ်။ အဲဒါက မိနစ် ၅၀ စာ ရှိပါတယ်။ Opening Film အဖြစ် ရွေးထားပါတယ်။ ကျန်တဲ့ ဇာတ်ကားတွေကတော့ Junction Square မှာ ပုံမှန် ရုပ်ရှင်ပြတဲ့ အချိန်တွေအတိုင်း အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါတယ်” ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆိုသည်။

ရုပ်ရှင်ပွဲတော်အတွက် နိုင်ငံတကာမှ ဇာတ်ကားများကို ၂၀၁၃ ဇန်နဝါရီတွင် စတင် ဖိတ်ခေါ်ခဲ့ကြောင်း နိုင်ငံတကာ ဇာတ်ကား ၅၀၊ မြန်မာဇာတ်ကား ၃၇ ကား စုစုပေါင်း ၈၇ ကား လက်ခံရရှိခဲ့ကြောင်း၊ ပြပွဲတွင်ပြသရန် မြန်မာဇာတ်ကား ၂၈ ကား၊ နိုင်ငံတကာ ဇာတ်ကား ၂၆ ကားကို ပြန်လည်ရွေးချယ် ပြသခြင်း ဖြစ်ကြောင်း သိရသည်။

ပေးပို့သော ဇာတ်ကားများထဲမှ ပြိုင်ပွဲအတွက် ဇာတ်ကားများကိုလည်း ရွေးချယ်ထားရာ နိုင်ငံတကာ ဇာတ်ကား ၁၁ ကား၊ မြန်မာဇာတ်ကား ၁၅ ကား၊ ကလေးများ အတွက် ဇာတ်ကား ၅ ကားတို့ ပြိုင်ပွဲဝင်ခွင့် ရမည်ဖြစ်သည်။

ချီးမြှင့်မည့် ဆုများနှင့် ပတ်သက်ပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီးက “ဆုတွေကတော့ ၃ ဆုပေးမှာပေါ့။ အောင်ဆန်းစုကြည် ဆု၊ ကိုမင်းကိုနိုင်ဆုနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ မတ် ၁၃ ဆု အပြင် ထပ်တိုးတာကတော့ နော်ဝေနိုင်ငံက ကမ်းလှမ်းလို့ NBC ( Norway – Burma Committee) ဆုပေးမယ်၊ မြန်မာကားတွေကို ရွေးပေးပါမယ်။ နောက် ချက် သမ္မတ နိုင်ငံက ဆုပေးဖို့ ကမ်းလှမ်းတာရှိပါတယ်။ Title ကတော့ အခုထိ မရွေးရသေးပါဘူး။ ဆုကတော့ သေချာပါတယ်။ မြန်မာက ၁၅ ကားတွက် ဆုက ၅ ခု၊ အင်တာနေရှင်နယ် ၁၁ ကားထဲကတော့ ၁ ဆုတည်း ပေးမှာပါ။ ဒေါ်အောင်ဆန်းဆုကြည် ဆုပါ” ဟု ပြောသည်။

ပြိုင်ပွဲဝင်များအတွက် ပေးအပ်မည့် ဆုကြေးများကိုမူ ဆုံးဖြတ် ရွေးချယ်နေဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ဆုများကို ရွေးချယ်ပေးမည့် Jury အဖွဲ့ဝင်များမှာ နိုင်ငံတကာမှ ၄ ဦး၊ ပြည်တွင်းမှ ၃ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

International Documentary Film Festival Amsterdam (IDFA & IDFA Bertha Fund) မှ ဒါရိုက်တာ Ally Derks၊ အကယ်ဒမီ ဆွေဇင်ထိုက်၊ Human Rights Film Network ၏ ဒါရိုက်တာ Igor Blazebic၊ ကနေဒါနိုင်ငံ၏ နာမည်ကျော် ဒါရိုက်တာ Peter Wintonick၊ တောင်အာဖရိက ဒါရိုက်တာ ထုတ်လုပ်သူ Don Edkins တို့က နိုင်ငံတကာ ရွေးချယ်ရေးအဖွဲ့ အဖြစ် လည်းကောင်း၊ ကိုမင်းကိုနိုင်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒေါ်ဆွေဇင်ထိုက်တို့က ပြည်တွင်း ရွေးချယ်ရေး အဖွဲ့ အဖြစ် လည်းကောင်း၊ NBC ဆုအတွက် Equality Myanmar အဖွဲ့မှ ကိုအောင်မျိုးမင်း၊ ဝဿန် ရုပ်ရှင်ပွဲတော်မှ မသူသူရှိန်၊ ကဗျာဆရာ သစ္စာနီ တို့က လည်းကောင်း၊ ချက် သမ္မတနိုင်ငံမှ ပေးမည့် ဆုအတွက် ဘလော့ဂါ နေဘုန်းလတ်၊ ဖြိုးဖြိုးအောင် (ဗကသ)၊ သိဒ္ဓိ တို့ကလည်းကောင်း အကဲဖြတ် အဖြစ် ပါဝင်ရွေးချယ် ဆုံးဖြတ်ပေးကြမည် ဖြစ်ကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။

အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မည့် အကယ်ဒမီ ဆွေဇင်ထိုက်က “အဲဒီပွဲအတွက် အကဲဖြတ်ဖို့ ၃ ခု ပေးထားတာ ရှိပါတယ်။ Themeရယ် Technique ရယ် Category ရယ်၊ အဲဒီ ၃ ခုအပေါ်မှာ ကြည့်ပြီး ကျမတော့ ပေးတောင်ပေးထားပြီး သွားပါပြီ။ ကျမ ကတော့ ကိုယ့်နယ်ပယ် ဖြစ်တဲ့ ရုပ်ရှင်ထဲကနေ ခုန်ဆင်းခဲ့တာ လွန်ခဲ့တဲ့ အနှစ်လေးဆယ် လောက်ကတည်းကပေါ့။ ဒါကြောင့် ကိုယ်လည်း တတ်နိုင်တဲ့ ဘက်ကနေ ခုန်တက်လို့ ရအောင် လိုက်လုပ်ပေးနေတဲ့ သဘောပါပဲ။ လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် ဆိုတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ပြောရရင် ဒီမှာရှိနေတဲ့ လူတွေကလေ Human Rights ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို သေချာ မသိကြဘူး။ ကိုယ့် Rights ကို ကိုယ်သိပြီးတော့ ကိုယ့်တာဝန်ကို ကိုယ်ယူနိုင်ကြမယ် ဆိုရင် လောကကြီး ဟာလည်း သာယာသွားမှာပဲ။ အခုအချိန်မှာ ကိုယ့်တာဝန်လည်း ကိုယ် သိပ်မသိဘူး၊ ကိုယ့် အခွင့်အရေးကိုလည်း ကိုယ်သိပ်မသိဘူး ဆိုတော့ ဒီလိုပဲ ဖြည်းဖြည်းချင်း ပြောယူရမှာပေါ့” ဟု ရှင်းပြသည်။

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်တိုင်းတွင် ကျင်းပပြီး ကျန် တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင်လည်း နယ်လှည့် ရုပ်ရှင်ပွဲတော်အဖြစ် ကျင်းပမည်ဟု ဦးမင်းထင်ကိုကိုကြီးက ဧရာဝတီသို့ ပြောသည်။

“ရုပ်ရှင်ပွဲတော်က ရန်ကုန်မှာ ဇွန်လပြီးရင် ခရီးသွားရုပ်ရှင်ပွဲတော်၊ ရွေ့လျား ရုပ်ရှင်ပွဲတော်လို့လည်း သုံးလို့ရတယ်။ဇူလိုင် ကနေ ဒီဇင်ဘာအထိ တိုင်းနဲ့ပြည်နယ် ၁၃ ခုက မြို့ကြီး ၁၃ ခုမှာ တရက် လည်ပြဖို့ ရှိပါတယ်။ ဆုရတဲ့ ကားတွေပြမယ်။ နောက် ဆုရတဲ့ကားအပြင် တခြား သင့်လျော်တဲ့ကားတွေပါ ပြမယ်။ နယ်တွေမှာ၊ ရုပ်ရှင်ရုံတွေမှာ ပြဖို့ခက်မယ် ထင်ပါတယ်။ ရန်ကုန်မှာတောင် ပြဖို့ တော်တော်လုပ်ရပါတယ်။ နယ်မှာကိုတော့ ရုပ်ရှင်ရုံတွေမှာ စကြိုးစားပါမယ်။ မရရင်လည်း ဟောလ်တွေမှာ ပြပါမယ်” ဟု ဆိုသည်။

ဧရာဝတီ
လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် (ဓာတ်ပုံ – နဒီထိုက် / ဧရာဝတီ)
လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် (ဓာတ်ပုံ – နဒီထိုက် / ဧရာဝတီ)
Wednesday, June 12, 2013

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဦးစီးသည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဇွန်လ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ရန်ကုန်တိုင်းအတွင်း ကျင်းပမည်ဟု သိရသည်။

ရာဂမီးတောက်သူများကြားမှ မလုံခြုံသည့် ကလေးများဘဝ