Pages

Saturday, March 15, 2014

ရန်ကုန်ဆေးတက္ကသိုလ် (၂) ကျောင်းသူ/သားများ သီပေါသို့ လက်တွေ့လေ့လာရေးခရီးအဖြစ်ရောက်ရှိ

RangonNewsDaily: March . 15 .2014
ရန်ကုန်ဆေးတက္ကသိုလ် (၂) မှ ဆေးကျောင်းသူ/သားများ လက်တွေ့လေ့လာရေး ခရီးအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့သို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။အဆိုပါ လေ့လာရေးခရီးမှာ ဆေးတက္ကသိုလ်ကျောင်းသူ/သားများအတွက် နောက်ဆုံးနှစ်အပိုင်း (က)ရောက်လျှင်သွားလာရသည့် ခရီးတစ်ခု ဖြစ်ကာ ယခုနှစ်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်များဖြစ်သည့် ကျောက်မဲ၊ နောင်ချို၊သီပေါ၊ လားရှိုးမြို့များသို့ ဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်
မှုနှင့်ပတ်သက်သည့် အချက်အလက်များအားစာတွေ့သင်ကြားရမှုနှင့် ဒေသအတွင်း လက်တွေ့ဖြစ်ပေါ်နေမှု ကွာခြားချက်များကို သိရှိနိုင်ရန်နှင့် ရရှိသော အချက်အလက်များအား ပြန်လည်စမ်းစစ်အသုံးပြုသွား
မည်ဖြစ်ကြောင်း ဆေးတက္ကသိုလ်ကျောင်းသူ/သားများထံမှ သိရှိရသည်။

ပြိုင်ကားတွေကို ချစ်တဲ့အတွက် ပြိုင်ကားလောကအကြောင်း ဇာတ်ကားရိုက်ကူးတဲ့ မြင့်မြတ်


RangonNewsDaily: March . 15 .2014
ပြိုင်ကားတွေကို ချစ်တဲ့အတွက် ပြိုင်ကားလောကအကြောင်း ဇာတ်ကားရိုက်ကူးတဲ့ မြင့်မြတ်မြင့်မြတ်က ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးတဲ့ “စနစ်တကျ ဆိုးသွမ်းကြသူများ” ဇာတ်ကားကို ယုန်လေး၊ ကြက်ဖ၊ နန်းဆုဦး တို့နဲ့ သရုပ် ဆောင်နေပြီး ပြိုင်ကား အကြောင်း ရိုက်ကူးထားတဲ့ ပညာပေး ဇာတ်လမ်း ဖြစ်ကြောင်း သိရပါတယ်။

ရေနံတင်သင်္ဘောကို တိုက်ခိုက်ပါက စစ်ဖြစ်မည်ဟု လစ်ဗျားသူပုန်များ သတိပေး

RangonNewsDaily: March . 15 .2014
သူပုန်များထိန်းချုပ်ထားသည့် ဆိပ်ကမ်းတစ်ခုတွင် တရား မဝင်ရေနံများ တင်ဆောင်ထားသော မြောက်ကိုရီးယားသင်္ဘော တစ်စင်းသည် ဆိပ်ကမ်းမှထွက်ခွာရန် ကြိုးပမ်းမှုကို လစ်ဗျား ရေတပ်အစိုးရမှ မတ် ၁ဝ ရက်က ဟန့်တားခဲ့ကြောင်း သိရ သည်။
ES sider အမည်ရှိ သင်္ဘောဆိပ်ကမ်းတွင် မတ် ၈ ရက် က ကမ်းကပ်ထားသော မြောက်ကိုရီးယားသင်္ဘောကို လစ်ဗျား သူပုန်များမှ ရေနံများ တရားမဝင် ရောင်းချခဲ့ကြောင်း သိရ သည်။

နယူးယောက် ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲမှု သေဆုံးသူ ရှစ်ဦးထိ ရှိလာ


RangonNewsDaily: March . 15 .2014
နယူးယောက် မြို့ မန်ဟတ်တန် အရပ် အရှေ့ ဟာလမ် ရပ်ကွက် ၌ ဗုဒ္ဓဟူး နေ့ က ဂတ်စ် ပိုက်လိုင်း ပေါက်ကွဲ မှုကြောင့် အဆောက် အအုံ နှစ်လုံး ပြိုကျ သွားရာ ယခုအခါ သေဆုံး သူ ရှစ်ဦး ထိ ရောက်ရှိသွား ပြီ ဖြစ် ကြောင်း သိရ သည်။

ဒေါ်လာ(၂)သိန်းရှိလျှင် အာကာသ ခရီးသွားနိုင်မည်


RangonNewsDaily: March . 15 .2014
ဒေါ်လာ နှစ်သိန်း ပေးရုံဖြင့် ကမ္ဘာမြေပြင် အထက် ကီလိုမီတာ ၁၀၀ ကျော်သို့ ယာဉ်ပျံဖြင့် တက်ခွင့် ရမည်ဖြစ်ပြီး အလေးချိန် မဲ့အနေအ ထားဖြင့် စီးမျော ရသည့် အရသာ ကို ခံစားနိုင်ကြ တော့မည်ဖြစ် ကြောင်း သိ ရသည်။

ကြေးနီ စီမံကိန်း အနီး တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု များ ကျယ်ပြန့်စွာ ပြုလုပ်နေ

RangonNewsDaily: March . 15 .2014
လက်ပံတောင်းဒေသ ကြေးနီ စီမံကိန်းကြီး အနီး တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု များ ကို နယ်စပ် ဒေသ များမှ လာရောက် လုပ်ကိုင် နေသည့် တရုတ် ကပြား များမှ ကျယ်ပြန့် စွာ လုပ်ကိုင် နေကြောင်း ကြေးနီ စီမံကိန်း အတွင်းရှိ အလုပ်သမား ၀န်ထမ်း များက The Messenger သတင်းစာ သို့ ပြောသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရဲတပ်ရင်းများကို လူစုလူဝေး ထိန်းသိမ်းနည်း EU သင်တန်းပေးမည်


RangonNewsDaily: March . 15 .2014
လူမျိုးရေး၊ ဘာသာရေးစသည့် အဓိကရုဏ်းများ ဖြစ်ပေါ်လာပါက စနစ်တကျ ထိန်းသိမ်းနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရဲတပ်ရင်းများကို လူစုလူဝေး ထိန်းသိမ်းနည်း သင်တန်း ဥရောပသမဂ္ဂ (EU) က မတ်လ နောက်ဆုံးပတ်ခန့်တွင် သင်ကြားပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ချင်းတွင်းမြစ်အတွင်း ရေယာဉ်စီးခရီးသည်တစ်ဦး ရေယာဉ်ပေါ်ပြုတ်ကျ ပျောက်ဆုံးနေ

RangonNewsDaily: March . 15 .2014
မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ကျောက်ဆောင်ဆိပ်ကမ်း၊ ချင်းတွင်းမြစ်အတွင်း၌ ယခုလ ၁၅ ရက်နေ့ မနက် ၄ နာရီခွဲအချိန် က မုံရွာမှ ဟုမ္မလင်းသို့ ခုတ်မောင်းသွားလာနေသည့် ခရီးသည်တင် ရေယာဉ်ပေါ်မှ လူတစ်ဦးပြုတ်ကျ ပျောက်ဆုံး လျက်ရှိကြောင်း မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းမှ ပြောကြားသည်

ဗုဒ္ဓသားတော်များဦးဆောင်ဖျက်ဆီးခဲ့သည့် ၀မ်းတွင်းဗလီ ဖွင့်ခွင့်မရပါက ဒေသခံမွတ်စလင်မ်များအားလုံးနေရပ်ပြောင်းရန်ပြင်ဆင်

ဗုဒ္ဓသားတော်များဦးဆောင်သည့် အကြမ်းဖက်အဖွဲ့၏ ဖျက်ဆီးခြင်းခံခဲ့ရသော်လည်း သန့်ရှင်းရေးပင်ပြုလုပ်ခွင့်မရခဲ့သည့် ၀မ်းတွင်းမြို့မဗလီဝတ်ကျောင်းတော်ကို ယခုနှစ် မတ်လ ၁၄ ရက်နေ့ကတွေ့ရစဉ်
RangonNewsDaily: March . 15 .2014
မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့တွင် လွန်ခဲ့သည့်တစ်နှစ်နီးပါးခန့်က အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသည့် 
ဗလီဝတ်ကျောင်းတော်အား ပြန်လည်ဖွင့်လှစ်ခွင့်မပေးပါက မြို့ခံ အစ္စလာမ်ဘာသာဝင် အားလုံး 
အခြားမြို့ရွာများသို့ ပြောင်းရွှေ့နေထိုင်ရန်စီစဉ်နေပြီဖြစ်ကြောင်း အဆိုပါမြို့တွင် နှစ် ၃၀ 
ခန့်နေထိုင်နေသူတစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။

သံလွင်မြစ်ကို ဒုက္ခမပေးဖို့ ဒေသခံတွေ ပြောပြီ


RangonNewsDaily: March . 15 .2014
အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနှင့် ရေကာတာ ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ်ပွဲကို မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကော့မုပွန်ကျေးရွာအနီး သဲသောင်ပြင်တွင် ထိုဒေသအတွက် ပထမဆုံးကျင်းပရာ သံလွင်မြစ်ကို ဒုက္ခပေးမည့် ရေကာတာနှင့် ရေအားလျှပ်စစ် စီမံကိန်းများရပ်တန့်ပေးရန် အဖွဲ့ ၁၃၁ ဖွဲ့က တောင်းဆိုလိုက်သည်။

ဖမ်းချင်ရင်ဖမ်း သံချပ်ကိုတော့ စိစစ်ရေးမတင်နိုင်ဘူးဆိုတဲ့ ဇာဂနာ ၊ ကုသိုလ် နဲ. ဗေလုဝ


RangonNewsDaily: March . 15 .2014
သင်္ကြန်သံချပ် စာသားများ ကြိုတင်စိစစ်မည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်ကို သင်္ကြန်မင်းသားများ လုံးဝလက်မခံ။

ကမ္ဘောဒီးယား သစ်ခုတ်သမား ၁၅ ဦးကို ထိုင်းစစ်တပ် ပစ်သတ်


RangonNewsDaily: March . 15 .2014
ထိုင်းနယ်မြေတွင်းသို့ တရားမဝင် ဝင်ရောက်ပြီး အဖိုးတန်သစ်များ ခုတ်ယူရန် ကြံစည်သည့် ကမ္ဘောဒီးယား ရွာသား ၁၅ ဦးကို ထိုင်းစစ်သားများက သောကြာနေ့တွင် ပစ်သတ်ခဲ့သည်ဟု ကမ္ဘောဒီးယား တပ်မတော်က စွပ်စွဲ ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းနယ်စပ်အနီး စစ်ရေး လေ့ကျင့်ခန်းသစ်တစ်ခု ရုရှားပြုလုပ်


RangonNewsDaily: March . 15 .2014
ယူကရိန်း နယ်စပ်အနီး စစ်ရေး လေ့ကျင့်ခန်းသစ် တစ်ခုကို ရုရှားနိုင်ငံက ကြာသပတေးနေ့တွင် စတင်လုပ်ဆောင်လိုက်ပြီး အနောက်နိုင်ငံများက အပြင်းအထန် ဖိအားပေးနေသော်လည်း ကရိုင်း မီးယားဒေသကို ရုရှားနိုင်ငံတွင်းသို့ ပေါင်းစည်းရေး ဆက်လက် လုပ်ဆောင်သွားမည့် လက္ခဏာ ထုတ်ဖော် ပြသလိုက်ကြောင်း Reuters သတင်းတွင် သုံးသပ် ဖော်ပြထားသည်။

မင်းသမီးချော ဂျိုလီ ခွဲစိတ်ကုသမှု ခံယူမည်


RangonNewsDaily: March . 15 .2014
ဟောလီးဝုဒ် မင်းသမီးချော အိန်ဂျလီနာဂျိုလီသည် ရင်သားကင်ဆာ ဖြစ်ပွားနေမှုကို ကုသနိုင်ရန်အတွက် လွန်ခဲ့သောနှစ်က သားမြတ်ဖြတ် ထုတ်ခြင်း နှစ်ကြိမ် လုပ်ဆောင် ခဲ့ပြီးနောက် ယခုအခါ ခွဲစိတ်ကုသမှု ထပ်မံ ခံယူသွားမည် ဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 နောက်ဆုံးရသတင်း


RangonNewsDaily: March . 15 .2014
ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 ရဲ့ ဆက်သွယ်ရေး စနစ်တွေကို ခြေရာခံလို့မရအောင် လေယာဉ်ပေါ်က တစ်စုံတစ်ယောက်က ရည်ရွယ်ချက်နဲ့ ပိတ်ပစ်ခဲ့တယ်လို့ မလေးရှား ၀န်ကြီးချုပ် Najib Razak က ပြောလိုက်ပါပြီ။