RangonNewsDaily:: Aug 5, 2013
ဒေါက်တာ မြတ်ထူးရာဇတ် (ဇူလိုင် ၁၉ တွင် ကျဆုံးသွားသော ပညာရေးနှင့် အမျိုးသား စီမံကိန်းဝန်ကြီး ဦး
ရာဇတ်၏ မြေး)ပြောပြတာက၈ လေးလုံး အရေး ဖြစ်တဲ့အချိန်မှာ ကျနော်က မြောက်ဥက္ကလာ ဆေးရုံမှာ တာ
ဝန်ကျနေတယ်။၈ လေးလုံးနေ့မှာကျနော်တို့ သူငယ်ချင်း ၂ ယောက်နဲ့ ဆိုင်ကယ်စီး ထွက်လာတယ်။ လူတွေ
က ထွက်ပြီး ဆန္ဒပြနေကြတာ တွေ့ရတော့ ကျနော်တို့က ပြန်လာကြပြီး တခုခုတော့ ဖြစ်နိုင်မယ်ဆိုပြီး ပြင်
ဆင်ထားကြလိုက်တယ်။ ညမှာ လူထုက တော်တော်လေး အုံကြွနေပြီ။


![ထိန်းသိမ်းခံ ဆရာတော်ကို တွေ့ခွင့် မရသဖြင့် ဆန္ဒ ထုတ်ဖော်သူကို အရေးယူ
Monday, August 05, 2013
တိုင်းဒေသကြီး သံဃနာယကအဖွဲ့က ထိန်းသိမ်းထားသည့် အစာငတ်ခံ ဆန္ဒပြသည့် ဆရာတော်ကို သြဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ခွင့် မရသဖြင့် ရန်ကုန် မြို့တော်ခန်းမရှေ့တွင် ယင်းနေ့ မွန်းလွဲ ၃ နာရီခွဲ၌ တစ်ကိုယ်တော် ဆန္ဒ ထုတ်ဖော်သူ တစ်ဦးကို ကျောက်တံတားမြို့နယ် ရဲစခန်းက အမှုဖွင့်လိုက်ကြောင်း ရဲစခန်း မှတ်တမ်းအရ သိရသည်။
တစ်ကိုယ်တော် ဆန္ဒ ဖော်ထုတ်သူမှာ ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး အဖွဲ့မှ ကိုရာဇာဖြစ်ပြီး မြို့နယ် ရဲစခန်းက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၈ဖြင့် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။
ကျန်ရှိသည့် နိုင်ငံရေး အကျဉ်းသားများနှင့် ဖမ်းဆီး အထိန်းသိမ်းခံထားရသူ အားလုံးကို သြဂုတ်လ ၈ ရက်နေ့တွင် ခြွင်းချက်မရှိ ပြန်လွှတ်ရန်၊ လက်ပံတောင်းတောင်တွင် ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ကို ဖျက်သိမ်းပေး ရန်၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီက စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အတိုင်း အပြည့် လိုက်နာ ဆောင်ရွက်ရန်၊ လယ်တီဆရာတော် ဘုရားကြီး၏ သိမ်တော်ကို မူလ အခြေအနေမပျက် ဆောင်ရွက်ပေးရန်တို့ အပါအဝင် အချက် ငါးချက်ကို တောင်းဆိုကာ တစ်ကိုယ်တော် ဆန္ဒ ထုတ်ဖော် ရခြင်း ဖြစ်ကြောင်း ကိုရာဇာ၏ ကြေညာချက်အရ သိရှိရသည်။
“ကျွန်မတို့ အဖွဲ့တွေ မနေ့က ဆန္ဒပြနေလို့ ထိန်းသိမ်း ခံထားရတဲ့ ဆရာတော်ကို ဒီနေ့ သွားတွေ့တာ အထက်က တွေ့ခွင့် မပေးဘူး။ သူ (ကိုရာဇာ) ကလည်း လက်ပံတောင်းနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အတွက် ရေးသားထားတဲ့ ကတ်ထူ စက္ကူ ဆိုင်းဘုတ် ကိုင်ပြီး တောင်းဆိုတာ ပါ” ဟု မြောက်ဥက္ကလာပ မြို့နယ် ဒီမိုကရေစီ အင်အားစုမှ ဒေါ်နီလာဟန် က ပြောကြားသည်။
၁၀ မိနစ်ကြာ ဆန္ဒ ထုတ်ဖော်နေစဉ် မြို့နယ် စခန်းသို့ ရဲတပ်ဖွဲ့ဝင်များက ခေါ်ဆောင်ခဲ့ပြီး စခန်းတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ကာ ခံဝန်လက်မှတ် ရေးထိုးလျက် အလုံမြို့နယ်မှ ဦးဘမြင့်နှင့် ပန်းဘဲတန်း မြို့နယ်မှ ဦးသန်းဆွေတို့က အာမခံ ပေးခဲ့ကြောင်း ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေးအဖွဲ့မှ ဒေါ်ခင်မျိုးသန့်က ပြောကြားသည်။
“ပုဒ်မ-၁၈ဖြင့် အရေးယူထားပြီးတော့ ခံဝန် ကတိနဲ့ ပြန်လွှတ်လိုက်ပါ တယ်၊ နောက် ဒါမျိုး ခွင့်ပြုချက် မတောင်းဘဲ ထပ်မံ မပြုလုပ်ဖို့ သတိပေး ထားပါတယ်” ဟု ကျောက်တံတားမြို့နယ် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
အဆိုပါ ဆန္ဒ ဖော်ထုတ်မှုကို (ပ) ၂၇၉/၁၃၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်ငြိမ်းချမ်း စွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၈ဖြင့် ကျောက်တံတား မြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရှိရသည်။
မဟာဗန္ဓုလ ပန်းခြံရှေ့တွင် လိုင်ဇာ ငြိမ်းချမ်ရေး အဖွဲ့မှ ဆရာတော် ဦးရက္ခ ဝံသက နိုင်ငံရေး အကျဉ်းသား အားလုံးကို သြဂုတ်လ ၈ရက်နေ့ နောက်ဆုံး ထားကာ ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး ရက် အကန့်အသတ်မရှိ အစာငတ်ခံ ဆန္ဒပြဟု စာတန်းကို ကိုင်ဆောင်ပြီး သြဂုတ်လ ၃ရက်နေ့က ဆန္ဒ ထုတ်ဖော်မှုဖြင့် တိုင်း သံဃနာယက ဥက္ကဋ္ဌက ခေါ်ယူ ထိန်းသိမ်းထားသည်။
ဝိုင်းဝန်း ဆန္ဒ ထုတ်ဖော်သည်ဟု ဆိုကာ ပန်းဘဲတန်းမြို့နယ်မှ ဦးသန်းဆွေ၊ အလုံမြို့နယ်မှ ဦးဌေးအောင်၊ မြောက်ဥက္ကလာပမြို့နယ်မှ ဒေါ်နီလာဟန်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှ ဒေါ်ခင်မျိုးသန့် တို့ကိုပါ (ပ)၂၇၇/၂၀၁၃၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၈ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
@[158797964140471:274:The Voice Weekly]](https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn2/s403x403/970831_487759647981747_477344637_n.jpg)








