Pages

Tuesday, March 26, 2013

Breaking News: ပဲခူးတိုင်း နတ်တလင်းမြို့ရှိတစ်ခုတည်းသော ဗလီ ဖျက်ဆီးခံလိုက်ရပြီ ( March 26 ည ၁၀း၅၅)

Breaking News: နတ်တလင်းမှာ မွတ်စလင်မ်များကိုတိုက်ခိုက်

အခုည ၁၀း၅၅ ခန့် က စပြီး ပဲခူးတိုင်း နတ်တလင်း မွတ်စလင်မ်များကို ၀င်ရောက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ တစ်လုံးတည်းရှိသော ပလီကို ဖျက်ဆီးပြီးသွားပြီးဖြစ်ပြီး အိမ်များကို ဆက်လက်ဖျက်ဆီးနေကြောင်း၊ နတ်တလင်းမှာ မွတ်စလင်မ် အိမ်ချေ ၂၀၀ ခန့် ရှိကြောင်း M-Media က သတင်းရရှိပါတယ်။

အခုအခါ ဖုန်းလိုင်းတွေကို ဖြတ်ထားကြောင်းလည်း သိရပါတယ်။

အခုည ၁၀း၅၅ ခန့် က စပြီး ပဲခူးတိုင်း နတ်တလင်း မွတ်စလင်မ်များကို ၀င်ရောက်တိုက်ခိုက်နေတယ်လို့ 
သိရပါတယ်။ တစ်လုံးတည်းရှိသော ပလီကို ဖျက်ဆီးပြီးသွားပြီးဖြစ်ပြီး အိမ်များကို ဆက်လက်ဖျက်ဆီးနေ
ကြောင်း၊ နတ်တလင်းမှာ မွတ်စလင်မ် အိမ်ချေ ၂၀၀ ခန့် ရှိကြောင်း M-Media က သတင်းရရှိပါတယ်။

မြန်မာမူဆလင်များ၏ မွေးရာပါ လူသား အခွင့်အရေး နစ်နာဆုံးရှုံးမှုများ ပြန်လည်ရရှိစေရန် ပြည်ပ မြန်မာ မူဆလင်များမှ စုပေါင် ပြီး MYANMAR MUSLIM CIVIL RIGHTS MOVEMENT ဆိုတဲ့ အဖွဲ့ စည်းတစ်ခု ဖွဲ့ စည်း

အစ္စလာမိုအာလိုင်ကွမ်း….
မြန်မာ မူဆလင်များအတွက် သတင်းကောင်းပါးလိုက်ခြင်း။

မကြာသေးမှီ က ပြည်ပ ၌ အခြေစိုက် နေထိုင်ကြသော မြန်မာ မူဆလင်များမှ စုပေါင် ပြီး MYANMAR MUSLIM CIVIL RIGHTS MOVEMENT ဆိုတဲ့ အဖွဲ့ စည်းတစ်ခု ဖွဲ့ စည်းလိုက်ပါသည်။ ထိုအဖွဲ့ အစည်း ဖြစ် ပေါ်လာရခြင်းမှာ…OIC နှင့် ရိုဟင်ဂျာ ခေါင်းဆောင်များ၏ တိုက်တွန်းမူနှင့် မြန်မာမူဆလင်များ၏ မွေးရာပါ လူသား အခွင့်အရေး နစ်နာဆုံးရှုံးမှုတို့ အတွက် နိုင်ငံတစ်ကာ၏ မူစံချိန်နှင့်အညီ လူ့အခွင့်အရေးများ ပြန်လည်ရရှိစေရန် ဦးဆောင်လှုပ်ရှားရန် လိုအပ်မှုများကြောင့် ဖြစ်သည်။ OIC အတွင်းရေးမှုးမှလည်း မြန်မာနိုင်ငံသို့ စေလွှတ်သော OIC ကိုယ်စားလှယ် အဖွဲ့ထဲတွင် ဒေါက်တာဝါကာအွဒ္ဒင်ဦးဆောင်သည့် မြောက်အမေရိကတိုက် ရိုဟင်ဂျာ အစည်းအရုံးမှ ဖြစ်စေ၊ MMCRM မှ ဖြစ်စေ ကိုယ်စားလှယ်တစ်ဦးပါဝင်စေလိုကြောင်း ကမ်းလှမ်းမှုများ ရှိခဲ့သည်။ 
MMRCM ၏ အဓိ ရည်ရွယ်ချက်မှာ……
 မြန်မာပြည်သူ ပြည်သား အားလုံး လူမျိုးဘာသာမခွဲဘဲလျှက် တန်းတူအခွင့်အရေး ရရှိရေး။
 ဘာသာရေး အရ မတရား ခွဲခြား ဖိနှိပ်မူ ပပျောက်ရေး။
 အစ္စလာမ် ဘာသာဝင် များအား ဗျူဟာမျိုးစုံ သုံးလျှက် သိက္ခာချမူ…၀ါဒ ဖြန့်မူများချုပ်ငြိမ်းရေး။
 အစိုးရမှ လူနည်းစုတို့အား တရားမျှတစွာ ကာကွယ်ပေးရေး။
 မူဆလင်များအား မတရား သဖြင့် အနိုင်ကျင့်ခံ ရမူများ..အစော်ကားခံ ရမူများအားထိရောက်စွာ အရေးယူပေးရေးနှင့် အခြားသော တရားမျှတသော လိုအပ် ချက်များကို နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် သံတမန်ရေးရာ နည်းလမ်းသုံးပြီး တောင်းဆိုသွားမှာ ဖြစ်ပါသည်။

ယခု လက်ရှိ MMCRM အနေ နှင့်လည်း မူဆလင်နိုင်ငံ သံရုံးများ ၊အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက် အလုပ်လုပ်နေပါသည်။ 

MMCRM အဖွဲ့သည် တစ်ကမ္ဘာ လုံးဆိုင်ရာ ပြည်ပ မူဆလင် အခြေစိုက် လှုပ်ရှားမူကြီးဖြစ်သည့် အားလျှော်စွာ…ပြည်ပ နိုင်ငံတော်တော်များများတွင် ကိုယ်စားလှယ်များ ခေါင်းဆောင်များ သင့်တော်သလို ထားရှိသွားမှာ ဖြစ်ပါသည်။ အဓိကအားဖြင့် မိမိ ကိုယ်ကျိုး အတွက် မဟုတ်ဘဲသာသနာအတွက် မြန်မာမူဆလင် ကောင်းကျိုး အတွက် အကျိုးဆောင်မည့်သူများကို ဦးစားပေးရွေး ချယ်သွားမှာ ဖြစ်ပါသည်။ ကမ္ဘာ အရပ်ရပ်မှ မူဆလင်ညီနောင်များ မည်သည့် မူဆလင် မဆို ပါဝင် လုပ်ဆောင် နိုင်ပါသည်။ မိမိ တတ်နိုင်သလောက် ပါဝင် ကူညီ အားပေး ပါရန်လည်း တိုက်တွန်းနိုးဆော်အပ်ပါသည်။

အင်ရှာအေလ္လာ ယနေ့မှစ ပြီး ကျနော်တို မြန်မာ မူဆလင်များ ဘာမှ အားငယ်စရာ မရှိတော့ပါ၊ ဘာမှ ကြောက်နေ စရာလည်းမရှိတော့ပါ….ငုံ ခံနေစရာ လည်းမလိုတော့ပါ…ကျနော်တို့မှာ လည်း အေလ္လာဟ် ဟု အရှင်မြတ်ဆီမှ အင်အားတွေ ရောက်ရှိလာပါပြီ…လမ်းစတွေ ပွင့်သွားပါပြီ…ပန်းတိုင်က လက်တစ်ကမ်းသို့ ရောက်နေပါပြီ …ကျနော်တို့ ရဲ့ လုပ်ဆောင်မူအပေါ်မှာ ပဲမူတည်ပါတယ်…ကနော်တို့ ဘယ်လောက်ပြင်းပြင်းထန်ထန်လို ချင်သလဲ..အဲဒီလောက် အချိန်တိုတို နှင့်ရမယ်…ဆုံးဖြတ်ချက်က ကျနော်တို့ မြန်မာ မူဆလင်တွေ အထဲမှာပါ…ကျနော်တို့က ရွေး ချယ်ရမှာ ဖြစ်ပါတယ်….

ပြည်တွင်းမှ မူဆလင် အဖွဲ့များ နှင့် တစ်သီးပုဂ္ဂလ များ ကလည်း OIC အဖွဲ့ ကိုယ်စားလှယ်အား မိမိတို့ မြန်မာ မူဆလင်များ ၏ ဆုံးရှုံးနေသောလူ့အခွင့်အရေးများ၊ မတရား ဖိနှိပ် အနိုင်ကျင့်နေမူများ၊ ဘာသာရေး ကွဲပြားမူကြောင့် အနှိမ် ခံနေ ရခြင်းများကို OIC အား တင်ပြပြီး..မြန်မာ အစိုးရ ကို ဖိအားပေးရန် တိုက်တွန်းလိုပါသည်။ ပြည်ပ ရောက်နေသော မြန်မာ မူဆလင်များ က တတ်စွမ်းသလောက် ကြိုးပမ်း ရန်လိုအပ်သလို….ပြည်တွင်းမှ မူဆလင်များကလည်း တတ်နိုင်သည့်ဖက်မှ ကြိုးစားဖို့ လိုပါတယ်…..နည်းပေါင်းစုံ ဖက်ပေါင်းစုံမှ ကြိုးစားမှ လည်း ကျနော်တို့ရဲ့ ပန်းတိုင်၊ ဆုံးရှုံးနေတဲ့ မွေးရာပါ အခွင့်အရေးတွေ မြန်မြန်နှင့်ပြန်ရမှာ ဖြစ်ပါတယ်…

နောက် ဆက်လက်ပြီး MMCRM ၏ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်၊ ဦးတည်ချက်၊ လုပ်ဆောင်မူများ၊ ကိုယ်စားလှယ်များ၊ ကော်မတီဝင်များ နင့ှ်အခြားသော အသေးစိတ်များကို ဆက်လက် တင်ပြပေးသွားပါမည်။ ဆက်သွယ် ရန်လိပ်စာနှင့် မေးခွန်းများ မေးနိုင်ရန်လည်း စီစဉ်ပေးသွားမှာ ဖြစ်ပါသည်။ 

နောက်ဆုံး နိဂုန်းချုပ်အနေနှင့် ကျနော်ညီနောင်/ နှမ များကို သတိပေးချင်တာက….ဒီ သတင်းကို SHARE လုပ်နိုင်သလောက် လုပ်ပေးပါရန်…..ONLINE မှာ သာမက ပြင်ပလောကတွင်လည်း သတင်းဖြန့်အကြောင်းကြားပေးရန်…လူကိုယ်တိုင်လည်း ပါဝင် ကူညီပါရန် မေတ္တာရပ်ခံပါသည်။ 
အောင်မြင်မူ ရနိုင်ရန်အတွက်လည်း ဒိုအာလည်းလုပ်ပေးကြပါ…

ကျေးဇူးတင်ပါသည်။ 
ဝစလာမ်ပါ..

ဦးဌေးလွင်ဦး၏ အမျိုးသားရေးအပေါ်ပေးဆပ်မှုတို့အား ပိုမိုသိလိုသူများ အနေဖြင့် ဆက်လက်မေးမြန်းနိုင်ပါသည်။ အောက် ပါ ဦးဌေးလွင်ဦး ၏ Website တွင် လည်း လေ့လာနိုင်ပါသည်။
http://islammyanmar.com/

အစ္စလာမိုအာလိုင်ကွမ်း….

မကြာသေးမှီ က ပြည်ပ ၌ အခြေစိုက် နေထိုင်ကြသော မြန်မာ မူဆလင်များမှ စုပေါင် ပြီး MYANMAR MUSLIM CIVIL RIGHTS MOVEMENT ဆိုတဲ့ အဖွဲ့ စည်းတစ်ခု ဖွဲ့ စည်းလိုက်ပါသည်။ ထိုအဖွဲအစည်းဖြစ်ပေါ်လာရခြင်းမှာOICနှင့်ရိုဟင်ဂျာခေါင်းဆောင်များ၏တိုက်တွန်းမူနှင့် မြန်မာမူဆလင်များ
၏မွေးရာပါလူသားအခွင့်အရေးနစ်နာဆုံးရှုံးမှုတိုအတွက်နိုင်ငံတစ်ကာ၏မူစံချိန်နှင့်အညီ လူ့အခွင့်အရေးများ
ပြန်လည်ရရှိစေရန် ဦးဆောင်လှုပ်ရှားရန် လိုအပ်မှုများကြောင့် ဖြစ်သည်။

ပဲခူးတိုင်းမြို့နယ်တွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်

မတ်လ ၂၅ ရက် မနေ့ညက ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီခရိုင်အတွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း အဲ့ဒီခရိုင်အတွင်းက မြို့နယ် ၇ မြို့နယ်မှာ မတ်လ ၂၆ ရက် ဒီကနေ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။ ည ၇ နာရီကနေ မနက် ၅ နာရီအထိ လမ်းမပေါ်မထွက်ရဆိုတဲ့အမိန့်ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပြီး မြို့နယ်တွေအတွင်းမှာ အသံချဲ့စက်နဲ့ လိုက်လံကြေညာ အသိပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တဲ့ မြို့နယ်တွေက မင်းလှ၊ သာယာဝတီ၊ လက်ပံတန်း၊ စစ်ကွင်း၊ အုတ်ဖို၊ အိုးဘိုကုန်းနဲ့ မိုးညိုမြို့နယ်တွေ ဖြစ်ပါတယ်။

ဘာသာပေါင်းစုံမှ ခေါင်းဆောင်များက ဥပဒေမဲ့ပဋိပက္ခများကို အမြန်ဆုံးတားဆီးပေးရန် လိုအပ်ကြောင်းပြောကြား

ဘာသာပေါင်းစုံမှ ခေါင်းဆောင်များက ဥပဒေမဲ့ပဋိပက္ခများကို
အမြန်ဆုံးတားဆီးပေးရန် လိုအပ်ကြောင်းပြောကြား

ရန်ကုန်၊ မတ် ၂၆။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလားမြို့တွင် အစပြုကာ ဘာသာရေး
အဓိကရုဏ်းအသွင် ကျယ်ပြန့်လာသည့် အရေးကိစ္စအပေါ်၌ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များက ဥပဒေမဲ့ပဋိပက္ခများကို
အမြန်ဆုံး တားဆီးပေးရန် လိုအပ်ကြောင်း၊ ပြည်သူလူထုအနေဖြင့်
ဥပဒေမဲ့ လုပ်ရပ်များတွင် မပါဝင်ဘဲ ကောင်စွာသောအသိ၊ကောင်းစွာသော
သတိတို့ဖြင့် ညီညွတ်စွာ တားဆီးရန် လိုကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်
ညီညွတ်ရေး အဖွဲ့ (ခရစ်ယာန်ဘာသာ) အတွင်းရေးမှူး
ဒေါက်တာသာဥာဏ်က ပြောကြားသည်။

“ကျွန်တော် တစ်ဦးကိုယ်တစ်ဦး ချစ်ခင်ဖို့ ရိုင်ပင်းဖို့၊ အရင်တုန်းကတော့
ဆွေမျိုးလိုနေလာကြပြီးတော့မှ အခုကျမှ သတ်ကြဖျက်ကြနဲ့ဆိုတော့ ဝမ်းနည်းစရာကောင်းပါတယ်”ဟု ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး
အဖွဲ့ (ဗုဒ္ဓဘာသာ) နာယက ဦးစိန်ဝင်းအောင်က ပြောကြားသည်။

ဘာသာရေးအားလုံး၏ အခြေခံမှာမေတ္တာတရားဖြစ်ကြောင်း၊
၎င်းတို့အနေနှင့် သာသာရေးခေါင်းဆောင်များကိုလည်း မိမိ
တို့၏ ဘာသာဝင်များ အား ထိန်းသိမ်းထားပေးစေလိုကြောင်း၊
ထို့အပြင် ရန်ကုန်၌ ပဋိပက္ခကြီးများ မဖြစ်ပွားစေရန် လုံခြုံရေးများ
ချထားပေးရန် တာဝန်ရှိသူများက ဆောင်ရွက်ပေးနေကြောင်း
လည်း ပြောကြားသည်။

“ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်များ မလိုလားအပ်တဲ့ ပြဿနာ
တွေနဲ့ ရင်ဆိုင်ကြုံနေရတာကိုလည်း အင်မတန်မှ ၀မ်းနည်းကြေကွဲ
ရပါ တယ်။ စိုးရိမ်းမှုတွေလည်း ဖြစ်ရပါတယ်။ သမိုင်းကြောင်းတစ်လျှောက်ကို ကြည့်မယ်ဆိုရင်လည် မြန်မာနိုင်ငံကို အစ္စလာမ်ဘာသာရောက်ခဲ့တာ
နှစ်ပေါင်း တစ်ရာကျော် ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့လူမျိုးဟာ
ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေ လက်ထက်ကတည်းက မြန်မာ့လူ့ အဖွဲ့
အစည်းနဲ့ သဟဇတ တည့်ခဲ့ပါတယ် ”ဟု ဘာသာပေါင်းစုံ ချစ်ကြည်ညီ
ညွတ်ရေးအဖွဲ့ ဦးညွှန့်မောင်သျှိန်က ပြောကြားသည်။

ထို့နောက် ၎င်းတို့အဖွဲ့သည် ၂၀၀၈ခုနှစ်ကတည်က စတင် တည်ထောင်
ခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့သည် ဘာသာရေးအစွဲ၊ အသွေးအရောင်ကွဲခြင်း၊
စီးပွားရေးအစွဲ ကင်းရှင်းကြောင်းလည်း ပြောကြားသည်။

ပိုင်လေး

Re-Post By ACM 26-3-2013
အေးချမ်းမွန် Credit & Copy From >>The Myanma Age<< Thank

ရန်ကုန်၊ မတ် ၂၆။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလားမြို့တွင် အစပြုကာ ဘာသာရေးအဓိကရုဏ်းအသွင် ကျယ်ပြန့်လာသည့် အရေးကိစ္စအပေါ်၌ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များက ဥပဒေမဲ့ပဋိပက္ခများကိုအမြန်ဆုံး တားဆီးပေးရန် လိုအပ်ကြောင်း၊ ပြည်သူလူထုအနေဖြင့်ဥပဒေမဲ့ လုပ်ရပ်များတွင် မပါဝင်ဘဲ ကောင်စွာသောအသိ၊ကောင်း
စွာသောသတိတို့ဖြင့် ညီညွတ်စွာ တားဆီးရန် လိုကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့(ခရစ်
ယာန်ဘာသာ) အတွင်းရေးမှူးဒေါက်တာသာဥာဏ်က ပြောကြားသည်။

ရန်ကုန် အကြမ်းဖက်လှုံ့ဆော်မှုဖြစ်စဉ်တွင် နိုင်ငံရေးပါတီဝင်အချို့ ပါဝင်ဟုဆို

ရန်ကုန် အကြမ်းဖက်လှုံ့ဆော်မှုဖြစ်စဉ်တွင် နိုင်ငံရေးပါတီဝင်အချို့ ပါဝင်ဟုဆို

Published on March 26, 2013 by ရွှေအောင်   ·

ရန်ကုန်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ အကြမ်ဖက်မှုဖြစ်အောင် လှုံ့ဆော်နေတဲ့ ဖြစ်ရပ်တချို့မှာ အောက်ခြေ နိုင်ငံရေးပါတီဝင်တချို့ ပါဝင်နေတာတွေ့ရတဲ့အတွက် ပါတီတွေအနေနဲ့ ထိန်းသိမ်းပေးဖို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ဒီနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ ၀န်ကြီးချုပ်ဦးမြင့်ဆွေက အခုလို ပြောလိုက်တာဖြစ်ပြီး ဒီပြောကြားချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သဘောတူတယ်လို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ပြောပါတယ်။


ဦးဥာဏ်ဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

“ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ ရန်ကုန်တိုင်းလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းတို့က တချို့နေရာတွေမှာ ရန်ကုန်မှာ အခုလတ်တလောဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေမှာ အောက်ခြေပါတီဝင်တချို့ ပါတာ တွေ့တယ်တဲ့။ ဘယ်ပါတီလဲဆိုတာ မပြောဘူး။ အဲဒါတွေ ထိန်းသိမ်းပေးဖို့၊ လုံခြုံရေးကိစ္စ ပူးပေါင်းဆောင်ရွက်ဖို့။ အဲဒါတွေပြောတယ်။ ကျနော်တို့ကလည်း ဒါကို သဘောတူပါတယ်။ ကျနော်တို့ဆီက လုံခြုံရေးတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့နဲ့ ရပ်မိရပ်ဖတွေနဲ့ ဒီလိုအဖြစ်အပျက်တွေ မကြီးထွားလာအောင် ဆောင်ရွက်ကြဖို့ မနေ့ကတည်းက ညွှန်ကြားချက်ထုတ်ပြီးသားပါ။ ဒါတွေဆွေးနွေးပါတယ်။ တခြားပါတီတွေကလည်း ဒီကိစ္စနဲ့ တိုက်ရိုက်မဆိုင်သော်လည်း စိတ်ဝင်စားတာလေးတွေ ဆွေးနွေးကြပါတယ်။”

အခု ရန်ကုန်အနေအထားကရော ဘယ်လိုရှိပါလဲ။

“ကျနော် နေရာအနှံ့တော့ မရောက်ဘူး။ ကျနော်မြင်ရတဲ့နေရာတော့ အေးချမ်းသွားပြီ၊ အရင်ရက်တွေလောက် စိုးရိမ်ပူပန်မှုနည်းသွားပြီ။ မရှိတော့ဘူး။”

မနေ့က ဘာကြေညာချက်ထုတ်ပြန်ထားတာပါလဲ။

“မနေ့က ရန်ကုန်တိုင်းအနေနဲ့ မြို့နယ်တွေကို ညွှန်ကြားတယ်။ ဒီလိုကိစ္စတွေမှာ မိမိနဲ့ မဆိုင်တာမှာ ပါဝင်ပတ်သက်မှု မရှိဖို့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေနဲ့ သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စာထုတ်တာပါ။”

တွေ့ဆုံပွဲမှာ မွတ်စလင် ပါတီ ၂ ပါတီကလည်း ဆွေးနွေးတယ်ပြောတယ်။ သူတို့ရော ဘာဆွေးနွေးဖြစ်ကြလဲ။

“သူတို့ကတော့ သူတို့က တိုင်းရင်းသားပါပဲ၊ နိုင်ငံသားပါပဲ။ ဘာသာမတူတာပဲရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်။ ဒါတွေ ဆွေးနွေးတင်ပြပါတယ်။”

ဝန်ကြီးတွေပြောသွားတဲ့အထဲ၊ လုံခြုံရေးဝန်ကြီးတို့ပြောသွားတဲ့အထဲ ရန်ကုန်လုံခြုံရေးနဲ့ ပတ်သက်လို့ တင်ပြသွားတာမှာ စိတ်ကျေနပ်မှုရှိလား။

“လုံခြုံရေးအတွက် ဘယ်လိုစီမံထားတယ်ဆိုတာတော့ မပြောဘူး။ သို့သော် လုံခြုံရေးအတွက် လုပ်နေတယ်။ ရန်ကုန်ဟာ အရေးကြီးတဲ့နေရာတခုပဲ။ ရန်ကုန်မှာ ဖြစ်ခဲ့ရင် ကျန်တဲ့နေရာတွေ ကူးစက်လွယ်တယ်ပေါ့။ ဒါကြောင့် ရန်ကုန်မဖြစ်အောင် ကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ပြောတယ်။”

တခြားဖြည့်စွက်ပြောလိုတာရှိရင်ပြောပေးပါ။

“အဓိကကတော့ နိုင်ငံရေးပါတီတွေအားလုံး မီးပွားကနေ မီးမလောင်အောင်၊ စိုးရိမ်ကြောင့်ကြနေရတဲ့အဖြစ်တွေ မဖြစ်ရအောင် ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်တဲ့ပွဲလို့ ပြောရင်ရတယ်။” 

Re-Post By ACM 26-3-2013
အေးချမ်းမွန် Credit & Copy From >>DVB TV News<< Thank


 March 26, 2013 by ရွှေအောင် ·

ရန်ကုန်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ အကြမ်ဖက်မှုဖြစ်အောင် လှုံ့ဆော်နေတဲ့ ဖြစ်ရပ်တချို့မှာ အောက်
ခြေ နိုင်ငံရေးပါတီဝင်တချို့ ပါဝင်နေတာတွေ့ရတဲ့အတွက် ပါတီတွေအနေနဲ့ ထိန်းသိမ်းပေးဖို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ဒီနေ့ ပြောလိုက်ပါတယ်။

ပဲခူးတိုင်း၊ ထုံးဘိုမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက်သမားများမှ ဖျက်မည်ဟုဆိုသောကြောင့် မွတ်စလင်မ်များကို ရှောင်နေရန် မြို့နယ်မှူးမှ သတိပေးပြောကြား

ပဲခူးတိုင်း၊ ထုံးဘိုမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက်သမားများမှ ဖျက်မည်ဟုဆိုသောကြောင့် မွတ်စလင်မ်များကို ရှောင်နေရန် မြို့နယ်မှူးမှ သတိပေးပြောကြား
=================
မတ်လ ၂၆၊ ၂၀၁၃
M-Media
ကေကေ

ပဲခူးတိုင်း ။ ။ ပဲခူးတိုင်း ထုံးဘိုမြို့တွင် ဗလီနှင့် မွတ်စလင်မ်များကို အဖျက်သမားများမှ လာရောက်ဖျက်ဆီးမည်ဟု သိရ၍ မွတ်စလင်မ်များမှ ရှောင်နေရန် မြို့နယ်မှူးမှ သတိပေးထားကြောင်း သတင်းရရှိသည်။

"ထုံးဘိုမှာ ဗလီနဲ့မွတ်စလင်မ်အိမ်တွေကို လာဖျက်မယ်ဆိုတာကြောင့် မြို့နယ်မှူးက မွတ်စလင်မ်အိမ်တွေကို ရှောင်ခိုင်းထားပါတယ်။ အခုက ပြည်မှာ စစ်တပ်ချထားတာကြောင့် ပြည်မှာ ဘာမှ ဖြစ်ဖို့ မရှိဘူး။ ဒါကြောင့် နယ်ဘက်တွေကို လုပ်လာနိုင်တယ်။ ဒီအတွက်ကြောင့် မွတ်စလင်မ်အိမ်တွေကို ရှောင်ခိုင်းထားပါတယ်။"လို့ ထုံးဘိုမြို့ခံတစ်ဦးက M-Media ကို ပြောပြလာပါတယ်။

"လုံးဝ အဓိပ္ပါယ်မရှိဘူးဗျာ။ လာဖျက်မယ်ဆိုတာ သူတို့ ကြိုပြီးသတင်းရနေပြီပဲ။ ဒါဆို လာဖျက်မယ့်သူတွေကို မဖျက်နိုင်အောင်တားလေ။ အဖျက်သမားတွေကို မတားပဲနဲ့ အပြစ်မရှိသူတွေကို ရှောင်နေခိုင်းတယ်ဆိုတာတော့ မဟုတ်သေးဘူး။"ဟု ထုံးဘိုနှင့် နီးစပ်သူတစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။

မတ်လ ၂၆၊ ၂၀၁၃

ပဲခူးတိုင်း ထုံးဘိုမြို့တွင် ဗလီနှင့် မွတ်စလင်မ်များကို အဖျက်သမားများမှ လာရောက်ဖျက်ဆီးမည်ဟု သိရ၍ မွတ်စလင်မ်များမှ ရှောင်နေရန် မြို့နယ်မှူးမှ သတိပေးထားကြောင်း သတင်းရရှိသည်။

ပုဂ္ဂလိက သတင်းစာ ၈ စောင် ထပ်မံထုတ်ဝေခွင့်ပြု

ပုဂ္ဂလိက သတင်းစာ ၈ စောင် ထပ်မံထုတ်ဝေခွင့်ပြု

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဝေသူအနေနဲ့ လျှောက်ထားခဲ့တဲ့ ဒီလှိုင်းနေ့စဉ်ထုတ် သတင်းစာအပါအ၀င် ဂျာနယ် ၈ စောင်ကို ထပ်မံထုတ်ဝေခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ အပတ်စဉ်ထုတ် ဒီလှိုင်းဂျာနယ်ကို ပါတီဂျာနယ်အဖြစ် သီးခြားဆက်လက်ထုတ်ဝေနေမှာဖြစ်ပြီး ခွင့်ပြုချက်ရပြီဖြစ်တဲ့ နေ့စဉ်ထုတ်သတင်းစာကိုတော့ သတင်းစာပုံစံအတိုင်းထုတ်ဝေမှာဖြစ်တယ်လို့ ဒီလှိုင်းဂျာနယ် အကြံပေး ဦးမိုးသူက RFA ကို ပြောပါတယ်။

နေ့စဉ်ထုတ် သတင်းစာအဖြစ် ဒီနေ့မှာ The Daily Eleven၊ စံတော်ချိန်၊ ခေတ်သစ်နေ့စဉ်၊ ရန်ကုန်တိုင်း(မ်)၊ မြန်မာဓိက၊ ဒီလှိုင်း၊ ပြည်ထောင်စုအသံ၊ 7 days သတင်းစာတွေ ကို ခွင့်ပြုလိုက်တာပါ။ ဒီလ မတ်လ ၁ ရက်နေ့ကလည်း ခေတ်မိုး၊ ရွှေနိုင်ငံသစ်၊ ပြည်ထောင်စုနေ့စဉ်၊ အင်ပါယာ၊ The Messenger ၊ နောက်ဆုံးရနေ့စဉ်သတင်းစာ၊ မြန်မာနယူးဝိခ်နေ့စဉ်၊ မဇ္ဈိမ သတင်းစာ ၈ စောင်ကို ခွင့်ပြုပေးခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနမှာ စိစစ်ဆဲ ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာ ၃ စောင် ကျန်နေသေးပြီး လက်ရှိထုတ်ဝေခွင့်ရထားတဲ့ သတင်းစာ ၁၆ စောင်ကတော့ ဧပြီလ ၁ ရက်နေ့မှာ စတင်ထုတ်ဝေနိုင်မှာဖြစ်ပါတယ်။

ရန်ကုန်တိုင်း မီဒီယာအဖွဲ့ ဥက္ကဌ ဦးကိုကိုက ခွင့်ပြုချက်ရထားပြီးဖြစ်ပေမယ့် နေ့စဉ်ထုတ်အရည်အသွေးပြည့်မီတဲ့ သတင်းစာတစ်စောင်ဖြစ်ဖို့ လိုအပ်ချက်တွေ အခက်အခဲတွေကို ရှင်းပြထားပါတယ်။

Re-Post By ACM 26-3-2013
အေးချမ်းမွန် Credit & Copy From >>RFA Burmese<< Thank

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဝေသူအနေနဲ့ လျှောက်ထားခဲ့တဲ့ ဒီလှိုင်းနေ့စဉ်ထုတ် သတင်းစာအပါအ၀င် ဂျာနယ် ၈ စောင်ကို ထပ်မံထုတ်ဝေခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

လွတ်တော်ရဲ့ဆောင်ရွက်ချက်များသည် အဆိုတင်သွင်းမေးမြန်းခြင်းနဲ့ပဲ အပြီးသတ်အကောင်အထည်ဖော်ရန်လိုအပ်

လွတ်တော်ရဲ့ဆောင်ရွက်ချက်များသည် အဆိုတင်သွင်းမေးမြန်းခြင်းနဲ့ပဲ အပြီးသတ်အကောင်အထည်ဖော်ရန်လိုအပ်

March 26, 2013Home, သတင်း 

“ကျွန်မတို့ရဲ့ နစ်နာချက်တွေ ကို သိတယ်ဆိုရင် ကျွန်မတို့ သေကာမှပဲ အကောင်အထည် ဖော်ပေးမှာလားဟုဆိုသည့် ဒေါ်တင်တင်ထွန်း”
အစိုးရသစ်တာဝန်ယူချိန် သည် (၂)နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ သို့သော် ယခင်အစိုးရလက်ထက် အများပိုင်ကုမ္ပဏီတွေကြောင့် မွဲ ပြာကျသွားတဲ့ ပြည်သူတွေအတွက် ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌနှင့် ပြည် ထဲရေးတို့က တိုင်ပင်ဖြေရှင်းမည် ဟု ပြောထားသည့် စကားအား ဘယ်တော့လောက်တော့ အကောင်အထည်ဖော်မလဲဆိုတဲ့ မျှော်လင့်ချက်အပြည့်နဲ့ စောင့်နေ ရသလို လွှတ်တော်ရဲ့ ဆောင် ရွက်ချက်များသည်လည်း အကောင် အထည်ဖော်ဖို့ လိုအပ်ကြောင်း၊ ယခင်အများပိုင်အသင်းဝင်တချို့ က ဆိုပါသည်။
အများပိုင်ကုမ္ပဏီများတွင် အသင်းဝင်ပြီး ငွေထည့်ထားသူ တချို့၏ အဆိုအရ ယခင်အစိုးရ လက်ထက် အများပိုင်ကုမ္ပဏီများ တည်ထောင်ပြီး အသင်းဝင် အများဆုံးမှာ ဧရာမြေကုမ္ပဏီနှင့် မဟာဓနံကုမ္ပဏီများဖြစ်ကြောင်း သိရှိရသည်။ ၎င်းကုမ္ပဏီများသည် နိုင်ငံအနှံ့မြို့နယ်အသီးသီးတွင် ရုံးခန်းများဖွင့်လှစ်ကာ အသင်း ၀င်သူများထံမှ အစုငွေများ လက် ခံသည့်အပြင်TV ကြော်ငြာများ တွင် ပြည်သူလူထုပါဝင်လာရန် အတွက် အသင်းဝင်တိုင်း အကျိုး တူမျှဝေခံစားစေရမည်ဟု ကတိ စကားများဆိုထားကြောင်း သိရှိ သည်။ ၎င်းအပြင် ကာလအတန် ကြာလာသည့်အခါ ““အကြောင်း ကြောင်းကြောင့်ဟု””ဆိုကာ လုပ် ငန်းများ ရပ်ဆိုင်းခဲ့ရကြောင်း လည်း သိရပါသည်။
အဆိုပါကိစ္စအတွက် မိမိတို့ ထည့်ဝင်ထားသော အစုငွေများ ပြန်ရရေးအတွက် တရားရုံးတွင် တရားစွဲဆိုခဲ့ရာ တစ်နှစ်အတွင်း (၃)ကြိမ် ခွဲဝေပေးမည်ဖြစ်ကြောင်း သိရပါသည်။ ၎င်းင်းကိစ္စအား အသင်းဝင်ဒေါ်တင်တင်ထွန်းအား မေးမြန်းရာ““တရားရုံးမှာ ကုမ္မဏီ တွေဘက်ကနေ လက်မှတ်ထိုး ထားတယ်။ အစပိုင်းတော့ ပေး မလိုလိုနဲ့ နောက်ကျတော့ လုံးဝ မပေးတော့ဘူး။ မဟာဓနံကုမ္ပဏီ ဆိုရင် အခုလုပ်ငန်းလည်ပတ်နေ တယ်။ တရားရုံးမှာ တရားနိုင်သူ ကျွန်မတို့က တရားရှုံးသူတို့ရဲ့ ပိုင်ဆိုင်မှုတွေရှာဖွေပြီး တရားရုံး ကို ပြောပြတယ်။ အဲဒါကို တရား ရုံးက သူတို့ပစ္စည်းမဟုတ်ဘူးတဲ့။ နောက်မကြာပါဘူး သူတို့ပစ္စည်း မဟုတ်ကြောင်း သတင်းစာမှာ ကြော်ငြာလိုက်တဲ့အတွက် ကျွန်မ တို့မှာ မိအေးနှစ်ခါနာအဖြစ်မျိုး နဲ့ ကြုံတွေ့ခဲ့ရတယ်”ဟု ဆိုပါ သည်။
၂၀၁၂ ခုနှစ် လွှတ်တော် ကျင်းပချိန်တွင် ၎င်းကိစ္စအား မေးခွန်းများမေးမြန်းခြင်းအဆို တင်သွင်းခြင်းများ ပြုလုပ်ခဲ့သော် လည်း ချန်လှပ်ထားခြင်းခံရသည် ဟုလည်းသိရှိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ သူ့အနေနဲ့ ပြည်သူတွေရဲ့ နစ်နာချက်တွေကို နားလည်ပါကြောင်း ပြည်ထဲရေး နှင့် တိုင်ပင်ညှိနှိုင်းပါဦးမည်ဟု ၎င်းကိစ္စအတွက် ပြန်လည်ဖြေ ကြားခဲ့ပါသည်။
အခုအချိန်အခါမှာ အများ ပိုင်ကုမ္ပဏီတွေကတော့ ကြွယ်ဝ၊ အသင်းဝင်တွေက မွဲပြာကျ၊ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်ထဲ ရေးတို့ တိုင်ပင်ဆွေးနွေးညှိနှိုင်း ကြမှာက ၎င်းတို့အသင်းဝင်တွေ သေမှပဲလား၊ လွှတ်တော်က မေးတာ၊ မြန်းတာတွေနဲ့ပဲ လည်ပြီး ၎င်းတို့ခေါင်းထဲမှာ ရှုပ် ထွေးနေရကြောင်း ဒီလိုတော့ မပြီးသင့်ကြောင်း နစ်နာတဲ့ ပြည် သူတွေရဲ့ဒုက္ခကို အလေးထား သင့်ကြောင်း အသင်းဝင်ဒေါ်တင် တင်ထွန်းကဆိုပါသည်။

 စိုးဝင်းနိုင်

Re-Post By ACM 26-3-2013
အေးချမ်းမွန် Credit & Copy From >>The Hot News<< Thank
“ကျွန်မတို့ရဲ့ နစ်နာချက်တွေ ကို သိတယ်ဆိုရင် ကျွန်မတို့ သေကာမှပဲ အကောင်အထည် ဖော်ပေးမှာလားဟုဆိုသည့် ဒေါ်တင်တင်ထွန်း”
March 26, 2013

အစိုးရသစ်တာဝန်ယူချိန် သည် (၂)နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ သို့သော် ယခင်အစိုးရလက်ထက် အများပိုင်ကုမ္ပဏီတွေကြောင့် မွဲ ပြာကျသွားတဲ့ ပြည်သူတွေအတွက် ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌနှင့် ပြည် ထဲရေးတို့က တိုင်ပင်ဖြေရှင်းမည် ဟု ပြောထားသည့် စကားအား ဘယ်တော့လောက်တော့ အကောင်အထည်ဖော်မလဲဆိုတဲ့ မျှော်လင့်ချက်အပြည့်နဲ့ စောင့်နေ ရသလို လွှတ်တော်ရဲ့ ဆောင် ရွက်ချက်များသည်လည်း အကောင် အထည်ဖော်ဖို့ လိုအပ်ကြောင်း၊ ယခင်အများပိုင်အသင်းဝင်တချို့ က ဆိုပါသည်။

ကမ္ဘာ့ပထမဆုံးနေရောင်ခြည်စွမ်းအင်သုံးအားကစားကွင်း

ကမ္ဘာ့ပထမဆုံးနေရောင်ခြည်စွမ်းအင်သုံးအားကစားကွင်း
----------------------------------------------------------------

ထိုင်ဝမ်နိုင်ငံ Kaohsiung မှာရှိတဲ့ နဂါးအားကစားကွင်း (Dragon Stadium) ဟာ ကမ္ဘာ့ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး အားကစားကွင်းကြီးဖြစ်ပါတယ်...

ဂျပန် ဗိသုကာပညာရှင် Toyo က ဒီဇိုင်းရေးဆွဲပြီး solar ပြား 8844 ခုကိုအသုံးပြုထားကာ အားကစားကွင်းမှာအသုံးပြုတဲ့ မီးလုံး 3300 နဲ့ ရုပ်မြင်သံကြား screen အကြီးစားနှစ်ခုတို့အတွက် လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်ပမာဏထက်ကို ပိုပြီးထုတ်လုပ်နိုင်တယ်လို့ဆိုပါတယ်...

တစ်နှစ်ကို ကီလိုဝပ်နာရီပေါင်း 1.14 သန်း ထုတ်လုပ်ပေးပြီး အဲ့ဒီလောက်ပမာဏထုတ်လုပ်မှုကြောင့်ဖြစ်ပေါ်လာမယ့် ကာဘွန်ဒိုင်အောက်ဆိုဒ် 660 တန်ကို လျှော့ချပေးနိုင်ပါတယ်...

ဒီအားကစားကွင်းဟာ 19 ဟက်တာ (190000 စတုရန်းမီတာ) ကျယ်ဝန်းပြီး ထိုင်ခုံနေရာ 55000 ပါရှိတယ်လို့သိရပါတယ်...
----------------------------------------------------------------
Ref: greenpacks.org

နှိုင်းရင့်နွေ

ထိုင်ဝမ်နိုင်ငံKaohsiungမှာရှိတဲ့နဂါးအားကစားကွင်း(DragonStadium)ဟာ ကမ္ဘာ့ပထမဆုံး နေရောင်ခြည်စွမ်း
အင်သုံး အားကစားကွင်းကြီးဖြစ်ပါတယ်...

အကြမ်းဖက်မှုဖြစ်ရပ်များကြောင့် ရန်ကုန်ရှိ အမေရိကန် ကမ္ဘာလှည့် ခရီးသွားများအား အရေးပေါ် သတိပေးချက် အမေရိကန် အစိုးရ ထုတ်ပြန်