Pages

Monday, November 4, 2013

တောင်တရုတ်ပင်လယ်ပြင်အတွင်းသို့ မုန်တိုင်း 30W(THIRTY) ချည်းကပ်လာနေ

တောင်တရုတ်ပင်လယ်ပြင်အတွင်းသို့ မုန်တိုင်း 30W(THIRTY) ချည်းကပ်လာနေ


kolatt(PBDN): November . 4 .2013

တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာမည့် မုန်တိုင်း 30W(THIRTY) သည် အနောက်ဘက်သို့ ပုံပါအတိုင်းရွေ့လာပြီး နိုဝင်ဘာလ ၈ ရက် ည ပိုင်းတွင် မြန်မာနိုင်ငံတောင်ပိုင်းအား မြိတ်မြို့နှင့် ထားဝယ်မြို့ကြားမှ ဖြတ်ကျော်၍ ကပ္ပလီပင်လယ်တွင်းသို့ ရောက်ရှိလာနိုင်ကြောင်း JTWC မှ သတိပေးထုတ်ပြန်ချက် အမှတ်(၅)၌ ဖေါ်ပြထားပါသည်။ (ပုံ)

တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိလာပြီးနောက် လမ်းကြောင်း အခြေအနေနှင့် မုန်တိုင်း
 ပြင်းအားတို့ကို ဆက်လက် စောင့်ကြည့်တင်ပြပေးပါမည်။

MMweather ::--


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: November . 4 .2013 တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာမည့် မုန်တိုင်း 30W(THIRTY) သည် အနောက်ဘက်သို့ ပုံပါအ
တိုင်းရွေ့လာပြီး နိုဝင်ဘာလ ၈ ရက် ည ပိုင်းတွင် မြန်မာနိုင်ငံတောင်ပိုင်းအား မြိတ်မြို့နှင့် ထားဝယ်မြို့ကြား
မှ ဖြတ်ကျော်၍ ကပ္ပလီပင်လယ်တွင်းသို့ ရောက်ရှိလာနိုင်ကြောင်း JTWC မှ သတိပေးထုတ်ပြန်ချက် အမှတ်
(၅)၌ ဖေါ်ပြထားပါသည်။ (ပုံ)

ကြေးနီစီမံကိန်းကိစ္စနဲ့ အင်ကြင်းတောင်ပေါ်မှာ သပိတ်စခန်းဖွင့်လှစ်

Photo: ကြေးနီစီမံကိန်းကိစ္စနဲ့ အင်ကြင်းတောင်ပေါ်မှာ သပိတ်စခန်းဖွင့်လှစ်
Monday, November 4, 2013

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ
စီမံကိန်းအတွင်းရှိ အင်ကြင်းတောင်ပေါ်မှာ သံဃာတော်တွေ ဦးဆောင်တဲ့ သပိတ်စခန်း ၁ ခုကို နိုဝင်ဘာလ ၂ ရက်နေ့ကစပြီး ဖွင့်လှစ်ခဲ့တယ်လို့ လက်ပံတောင်းတောင် ဒေသခံတွေက ပြောပါတယ်။

သိမ်တော်ကြီး စေတီတော်နားမှာ မိုင်းခွဲခဲ့တာကြောင့် စေတီတော်မှာ အက်ကြောင်းတွေ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထွက်ပေါ်ပြီးနောက် ဒေသ
ခံတွေက စေတီတော်ကို ကြည့်ရှုစစ်ဆေးဖို့ တောင်းဆိုတာကို သက်ဆိုင်ရာ
က မလိုက်လျောတဲ့အတွက် အခုလို သပိတ်စခန်းဖွင့်ပြီး တောင်းဆိုနေ
တာဖြစ်တဲ့အကြောင်း တုံကျေးရွာ အုပ်စုက လယ်သမားခေါင်းဆောင် ကိုမင်းမင်းက ပြောပါတယ်။

“စီမံကိန်းကြီးကို စပြီးတော့ ယမ်းတွေ ဖောက်ခွဲနေတဲ့အခါမှာ သိမ်ဘုရား
မှာလည်း အက်ကြောင်းတွေ ထင်သွားတယ်လို့ ကျွန်တော်တို့ သတင်း
ရတယ်။ အဲဒီဟာအတွက် သိမ်ဘုရားကို တက်ပြီး ကြည့်ရှုခွင့်တောင်းတယ်။ တစ်ပြားမှကို လုံးဝကို မပေးဘူး။ အဲဒါမပေးတဲ့အတွက် ဒါမရမခြင်း ကျွန်တော်တို့ မပြန်ဘူးဆိုပြီးတော့ ဆည်တဲကျေးရွာရဲ့အနောက်ဖက် အင်ကြင်းတောင်ပေါ်မှာ ကျွန်တော်တို့ သပိတ်စခန်းဖွင့်ပြီး တောင်း
ဆိုနေတယ်ခင်ဗျ။”

အခုလို သပိတ်စခန်း ဖွင့်လှစ်တောင်းဆိုနေပေမယ့် အစိုးရဘက်က လာရောက် ညှိနှိုင်းတာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ စီမံကိန်း မစတင်ခင် သာသနိက အဆေက်အအုံတွေကို လွတ်ကင်းတဲ့နေရာကို ပြောင်းရွှေ့ပေးဖို့ အကြံပြုထားပြီး ဒီလို ပြောင်းရွှေ့
တဲ့ နေရာဟာလည်း သံဃာတော်တွေနဲ့ ဒေသခံတွေ ကျေနပ်မှုရှိတဲ့
 နေရာကို ပြောင်းရွှေ့ပေးဖို့ တိုက်တွန်းထားပြီး အဲဒီအစီရင်ခံစာပါအတိုင်း လုပ်ဆောင်ပေးဖို့ ဒေသခံတွေက တောင်းဆိုကြတဲ့အကြောင်း ရေဒီယိုသြ
စတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။

ABC

RangonNewsDaily:: November . 4 .2013
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွင်းရှိ အင်ကြင်း
တောင်ပေါ်မှာ သံဃာတော်တွေ ဦးဆောင်တဲ့ သပိတ်စခန်း ၁ ခုကို နိုဝင်ဘာလ ၂ ရက်နေ့ကစပြီး ဖွင့်လှစ်ခဲ့
တယ်လို့ လက်ပံတောင်းတောင် ဒေသခံတွေက ပြောပါတယ်။

အမျိုးသမီးတို့အတွက် ဖက်ရှင်ကျကျ စမတ်နာရီ MEMI

Photo: အမျိုးသမီးတို့အတွက် ဖက်ရှင်ကျကျ စမတ်နာရီ MEMI
Monday, November 4, 2013 

အမေရိကန် ကုမ္မဏီတစ်ခုက ထုတ်လုပ်ရောင်းချလိုက်တဲ့ စမတ်နာရီ ဖြစ်ပါတယ်။ စမတ်နာရီ အများစုက သိထားကြတဲ့အတိုင်း မျက်နှာပြင်မလှ သလို၊ ဖက်ရှင်လည်းမကျပါဘူး။

ယခုတော့ ယင်း အလေ့အထကို ဆန့်ကျင်တဲ့ MEMI အမည်ရ စမတ်နာရီလေး ပေါက်ပေါက်လာပါပြီ။ သူက အမျိုးသမီးတို့အတွက် ပိုပြီးတော့ ရည်ရွယ်တဲ့ နာရီ ဖြစ်ပါတယ်။ နာရီဆိုပေမယ့် လက်ကောက်ဝတ် လက်ပတ် လိုပါပဲ။ LED မီးလုံးလေးနဲ့ အချိန်ကို ပြနိုင်တာက လွဲလို့ သူ့မှာ Screen မပါဝင်ပါဘူး။ ဒီတော့ သူက လုပ်ပေးနိုင်မယ့် Function and Feature တွေကလည်း Limit တစ်ခုမှာ ရှိနေပါသေးတယ်။ လောလော ဆယ် ကတော့ Android ဖုန်းတို့နဲ့ Bluetooth ချိတ်ပြီး အရေးကြီးဖုန်းနံပါတ် ကိုရွေးထည့်ထားပေးရင် ဖုန်းလာတဲ့ အခါ တုန်ခါပြီး အချက်ပေးတာတို့၊ မီးလင်းတာတို့၊ အသံမည်တာတို့ ဖြစ်အောင် alarm ပေးထားလို့ ရပါတယ်။

အဓိကကတော့ အရေးကြီး ဖုန်း call တွေကို အလွယ်တကူ ပြန် respone လုပ်နိုင်အောင်ဖန်တီးထားခြင်း ဖြစ်ပါတယ်။ User function လည်းသိပ်မများတော့ ဈေးလည်း သိပ်မများပါဘူး။ အမေရိကန်ဒေါ်လာ ၁၅၀ နဲ့ ရောင်းချပါတယ်။ အရောင်စုံရွေးချယ်လို့ရသလို၊ ဖက်ရှင်ကျဖို့အတွက် ရည်ရွယ်ပြီးလုပ်တဲ့ အတွက် ပစ္စည်းကြောင့် ဈေးကြီး သွားတာပါ။ လာမယ့် ၂၀၁၄ နှစ်လယ်လောက်ကနေ စတင်ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
အောင်ခမ်း ( smart.com.mm )

RangonNewsDaily:: November . 4 .2013
အမေရိကန် ကုမ္မဏီတစ်ခုက ထုတ်လုပ်ရောင်းချလိုက်တဲ့ စမတ်နာရီ ဖြစ်ပါတယ်။ စမတ်နာရီ အများစုက သိ
ထားကြတဲ့အတိုင်း မျက်နှာပြင်မလှ သလို၊ ဖက်ရှင်လည်းမကျပါဘူး။

အသစ်ထွက်ရှိမည့် iPhone နှင့်ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်လာ

Photo: အသစ်ထွက်ရှိမည့် iPhone နှင့်ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်လာ
Monday, November 4, 2013

iPhone 6ဟု ယေဘုယျ အမည်ပေးထားသည့် ဖုန်းအသစ်နှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေများကို ဂျပန်နိုင်ငံထုတ် နည်းပညာ မဂ္ဂဇင်း တစ်စောင်က စတင်ဖော်ထုတ် ရေးသားလာ

iPhone 5S အသစ်ထွက်ပေါ်လာသည်မှာ မကြာလှသေးသော်လည်း နောက်ထပ် မျိုးဆက်သစ် iPhoneအတွက် ကောလာဟလများ ထွက်ပေါ်လာပြီ ဖြစ်သည်။ iPhone 6ဟု ယေဘုယျ အမည်ပေးထားသည့် ဖုန်းအသစ်နှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေများကို ဂျပန်နိုင်ငံထုတ် နည်းပညာ မဂ္ဂဇင်း တစ်စောင်က စတင်ဖော်ထုတ် ရေးသားလာခဲ့သည်။ Apple ထုတ်ကုန်များအကြောင်း အနုစိတ် ဖော်ပြလေ့ရှိသည့် Mac Fan မဂ္ဂဇင်းက (၂၀၁၄)ခုနှစ်၊ စက်တင်ဘာလတွင် iPhone 6ကို Appleက စတင်မိတ်ဆက် ရောင်းချလိမ့်မည်ဟု အခိုင်အမာ ဟောကိန်းထုတ်ခဲ့သည်။ အဆိုပါ ဖုန်းသည် Full HD ပုံရိပ်ဖော် အရည်အသွေးကို ထောက်ပံ့သည့် (၅)လက်မအရွယ် Retina Displyဖြင့် ပွဲထွက်လာမည်ဟု မဂ္ဂဇင်းက ဆိုသည်။

Appleသည် Retina Display နည်းပညာဖြင့် အောင်မြင်မှုများစွာ ရရှိနေသည့်နောက် iPhone 6တွင်လည်း ယင်းအခြေအနေကို ဆက်လက် ခိုင်မာစေဖွယ် ရှိနေသည်။ Mac Fanက Googleထုတ် Android OS ဖုန်းများ၏ Screen အရွယ်အစား ကြီးမားလာမှုကို ယှဉ်ပြိုင်ရန်အတွက် Appleသည် (၅)လက်မအရွယ် Displayမျိုးကို စတင် အသုံးပြုလာမည်ဟု ဆိုသည်။ အကယ်၍ ယင်းသတင်း အမှန်ဖြစ်လာပါက လက်ရှိ iPhone 5Sထက် (၁)လက်မ ပိုကြီးသွားပြီး Googleထုတ် Nexus 5နှင့် Screen အရွယ်အစား တိုက်ရိုက် အားပြိုင်သွားမည့်သဘော ဖြစ်လာသည်။

Mac Fanက iPhone 6သည် Apple၏ မူပိုင်ခွင့်ရ နည်းပညာဖြစ်သော လက်ဗွေ Scanဖတ် လုံခြုံရေးစနစ်ကိုလည်း ဆက်လက် အသုံးပြုကာ Hardwareပိုင်း သိသိသာသာ မြှင့်တင်မှုများ ရှိလာမည်ဟုလည်း ရေးသားခဲ့သည်။ Apple အနေဖြင့် iPhoneများ ရောင်းချမှုတွင် ကြီးမားစွာ အောင်မြင်နေသည့်တိုင် ပြိုင်ဘက်ကြီး Samsung၏ နယ်ပယ်ချဲ့ထွင်မှုများကြောင့် ဈေးကွက်အစိတ်အပိုင်းအချို့ ဆုံးရှုံးနေကြောင်းလည်း သိရှိရသည်။


Planet Myanmar Network

RangonNewsDaily:: November . 4 .2013
iPhone 5S အသစ်ထွက်ပေါ်လာသည်မှာမကြာလှသေးသော်လည်း နောက်ထပ် မျိုးဆက်သစ်iPhoneအတွက်
ကောလာဟလများ ထွက်ပေါ်လာပြီ ဖြစ်သည်။ iPhone 6ဟု ယေဘုယျ အမည်ပေးထားသည့် ဖုန်းအသစ်နှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေများကို ဂျပန်နိုင်ငံထုတ် နည်းပညာ မဂ္ဂဇင်း တစ်စောင်က စတင်ဖော်ထုတ် ရေးသား
လာခဲ့သည်။

အိန္ဒိယနိုင်ငံက ဂြိုဟ်နီလေ့လာစူးစမ်းရေးယာဉ် လွှတ်တင်မည်

Photo: အိန္ဒိယနိုင်ငံက ဂြိုဟ်နီလေ့လာစူးစမ်းရေးယာဉ် လွှတ်တင်မည်
Monday, November 4, 2013 

အိန္ဒိယနိုင်ငံက အင်္ဂါဂြိုဟ် ပေါ်သို့ အာရှမှပထမဦးဆုံး ရောက်ရှိသည့် ၎င်း၏နည်းပညာ စွမ်းပကားကို ပြသရန်ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။ အိန္ဒိယနိုင်ငံမှ လာမည့်အင်္ဂါနေ့ တွင် နိုင်ငံ၏အရှေ့တောင်ဘက် ကမ်းခြေ
မှနေ၍ လူလိုက်ပါခြင်း မရှိသော အာကာသစူးစမ်းရေး ယာဉ်ကို လွှတ်တင်
မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ လူလိုက်ပါခြင်း မရှိသော အာကာသလေ့လာ စူးစမ်းရေး
ယာဉ်သည် ၁ ဒသမ ၃၅ တန်ပမာဏအလေးချိန်ရှိကာ ကြီးမားသော
 ရေခဲသေတ္တာ တစ်လုံး၏ အရွယ်အစားခန့်ရှိ ကြောင်း သိရသည်။ အာကာသ ယာဉ်တွင် ခေတ်မီတိုးတက်သော အာရုံခံကိရိယာ တပ်ဆင်ထားပြီး ထိုကိရိယာဖြင့် ဂြိုဟ်နီ၏လေ ထုကို တိုင်းတာနိုင်မည်ဖြစ်ပြီး အသက်
ဇီဝဖြစ်တည်မှုကို သက် သေပြရာတွင် အထောက်အကူ ပြုသည့် မီသိန်းကို ခြေရာခံစစ် ဆေးနိုင်မည်ဟု မျှော်လင့်လျက် ရှိသည်။

ဂြိုဟ်နီလေ့လာစူးစမ်းရေး ကို အောင်မြင်စွာအကောင်အ ထည်ဖော်နိုင်ခဲ့ပါက အိန္ဒိယနိုင်ငံ အတွက် အမျိုးသားဂုဏ်ဆောင် နိုင်မှုတစ်ခု ဖြစ်လာမည်ဖြစ်
သည်။ အိန္ဒိယနိုင်ငံသည် ၂၀၀၈ခုနှစ် က လပေါ်သို့လူလိုက်ပါခြင်း မရှိ သော အာကာသလေ့လာစူးစမ်း ရေးယာဉ်ကို စေလွှတ်၍ လပေါ် မှရေဖြစ်တည်
မှုကို သက်သေပြ နိုင်ခဲ့ရာ ဂြိုဟ်နီစူးစမ်းလေ့လာ ရေးသည် နိုင်ငံ၏ နောက်
ထပ် တစ်ဆင့် ဆောင်ရွက်မှုဖြစ်ကြောင်း အိန္ဒိယနိုင်ငံအာကာသသုတေ သနအဖွဲ့အစည်း (ISRO) ဥက္ကဋ္ဌ ကေရာဟာခရစ်ရှနန်က ပြောကြားခဲ့။

Yangon Media Group

RangonNewsDaily:: November . 4 .2013
အိန္ဒိယနိုင်ငံက အင်္ဂါဂြိုဟ် ပေါ်သို့ အာရှမှပထမဦးဆုံး ရောက်ရှိသည့် ၎င်း၏နည်းပညာ စွမ်းပကားကို ပြသ
ရန်ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။ အိန္ဒိယနိုင်ငံမှ လာမည့်အင်္ဂါနေ့ တွင် နိုင်ငံ၏အရှေ့တောင်ဘက် ကမ်းခြေမှနေ၍ လူလိုက်ပါခြင်း မရှိသော အာကာသစူးစမ်းရေး ယာဉ်ကို လွှတ်တင်မည်ဖြစ်သည်။

နိုက်ဂျီးရီးယား ဘုရားကျောင်းမှလူအုပ် ရုတ်တရက် ထပြေး၊ ၂၈ဦးသေ ၂၀၀ကျော်ဒဏ်ရာရ

Photo: နိုက်ဂျီးရီးယား ဘုရားကျောင်းမှလူအုပ် ရုတ်တရက် ထပြေး၊ ၂၈ဦးသေ
၂၀၀ကျော်ဒဏ်ရာရ
Monday, November 4, 2013 

နိုက်ဂျီးရီးယား အန်နန်ဘရာပြည်နယ်မြောက်ပိုင်းမှ ဘုရားရှိခိုးကျောင်းဝန်း တစ်ခုအတွင်း Holy Ghost Adoration Ground တွင် မဲဆွယ်ပွဲ အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပနေစဉ် ပရိသတ်မှာ ရုတ်တရက် ထပြေးကြသဖြင့် အနည်းဆုံး ၂၈ဦးသေဆုံးပြီး လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

မည်သည့်ထိတ်လန့်မှုကြောင့် ယခုကဲ့သို့ ထပြေးသည်ကို မသိရသေးသော်လည်း ယင်းဖြစ်ရပ်မှာ နိုင်ငံရေးအသွင်ဘက်သို့ လှည့်သွားခဲ့သည်။

ယခုဖြစ်ရပ်အတွက် မြို့တော်ဝန် ပီတာအိုပိုင် နှင့် လွှတ်တော်အမတ် ခရစ်ငိုက်တို့ကို လူထုက ပြစ်တင် မဆုံးဖြစ်နေကြသည်။

ထိုနှစ်ဦးသည် ဘုရားရှိခိုးကျောင်းတွင် ညလုံးပေါက်ပြုလုပ်ခဲ့သည့် အခမ်းအနားအတွက် တာဝန်အရှိဆုံး သူများ ဖြစ်သလို လူ ၅၀၀၀ သာဆန့်သော ဘုရားကျောင်းဝန်းအတွင်း လူတစ်သိန်းခန့်ကို ကျပ်သိပ်စွာ နေရာကျခဲ့သဖြင့် ယခုလို အမှားမျိုး မကြုံသင့်ဘဲ ကြုံရသည်ဟု စွပ်စွဲ ပြောဆိုထားကြသည်။

ဒဏ်ရာရသူများကို အိုနစ်ရှာနှင့် နက်တာမြို့ရှိ့ ဆေးရုံများသို့ တင်ပို့ကာ ဆေးကုသမှု ခံယူစေခဲ့သည်။ မြို့တော်ဝန် အိုဘိုင်က ဆေးရုံများသို့ သွားရောက်ကာ ယခုဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံး ပြုလုပ်ပေး မည်ဟု ကတိပြုခဲ့သည်။

The Myanma Age

RangonNewsDaily:: November . 4 .2013
နိုက်ဂျီးရီးယား အန်နန်ဘရာပြည်နယ်မြောက်ပိုင်းမှ ဘုရားရှိခိုးကျောင်းဝန်း တစ်ခုအတွင်း Holy Ghost Adoration Ground တွင် မဲဆွယ်ပွဲ အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပနေစဉ် ပရိသတ်မှာ ရုတ်တရက် ထပြေးကြသဖြင့် အနည်းဆုံး ၂၈ဦးသေဆုံးပြီး လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ကျပ်သိန်း ၅၀၀ ကျော် ရွှေအတုများ ပေါင်နှံမှုတစ်လကျော်ကြာ မမိသေး

RangonNewsDaily:: November . 4 .2013
ပဲခူးတိုင်းဒေသကြီး ၊ရွှေကျင်မြို့ နယ် ၊ ရှမ်းကြေးရပ်ကွက်မြို့လည်ခေါင် လွတ်လပ်ရေးကျောက်တိုင်အနီး ရှိ ဦးဝေလွင် +ဒေါ်ရူ ရွှေဆိုင်တွင် ပြီးခဲ့သည့် စက်တင်ဘာ၁၅ ရက်နေ့မှ စက်တင်ဘာတစ်လအတွင်း ၁၅ကြိမ် ထက်မနည်း ရွှေအတုများအား လူတစ်စုက ကျပ်သိန်း၅၀၀ကျော် လာရောက်ပေါင်နှံမှု တစ်လကျော်ကြာ ဖြစ်

ပွားခဲ့သော်လည်း မမိသေးကြောင်းရွှေကျင်မြို့ နယ်ရဲစခန်းမှ မြို့ နယ်မှူး ဦးတင်ဝေကပြောကြားသည်။

Shwe FM လေးနှစ်ပြည့်အထိမ်းအမှတ်ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၃ ရက် က ကျင်းပပြုလုပ်

Photo

RangonNewsDaily:: November . 4 .2013
Shwe FM လေးနှစ်ပြည့်အထိမ်းအမှတ်ဂီတဖျော်ဖြေပွဲနှင့် Shwe FM 4th Achievement Award Award 2013 ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာ ၃ ရက်၊ ညနေ ၆နာရီမှစတင်၍ အမှတ် 51 ဘီ ၊ အရှေ့မြင်းပြိုင်ကွင်းလမ်း
 ၊ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ခန်းမ၌ ကျင်းပခဲ့သည်။

၂၀၁၃ ဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ကာယဗလမောင်များ

Photo

RangonNewsDaily:: November . 4 .2013
၂၀၁၃ ဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ အမျိုးသား ကာယဗလမောင်များ  လေ့ကျင့်ခန်းပြုလုပ်
နေကြသည်ကို နိုဝင်ဘာလ ၄ရက် ညနေပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ကာယဗလ အားကစားလေ့
ကျင့်ရေးခန်းမတွင်တွေ့ရှိခဲ့ရစဉ်......။

ထိုင်း အပန်းဖြေကမ်းခြေတွင် ကမ္ဘာလှည့်ခရီးသည် ကူးတို့သင်္ဘောနစ်မြုပ်

Photo: ထိုင်း အပန်းဖြေကမ်းခြေတွင် ကမ္ဘာလှည့်ခရီးသည် ကူးတို့သင်္ဘောနစ်မြုပ်
Monday, November 4, 2013

ကူးတို့သင်္ဘောမှာ ခရီးသည် အဆမတန်တင်ဆောင်ခဲ့ဖွယ်ရှိပြီး စက်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ဖွယ်ရှိကြောင်း ဒေသခံ သတင်းဌာနများကဆိုသည်

ထိုင်းနိုင်ငံ ပတ္တရားအပန်းဖြေစခန်း ကမ်းလွန်တွင် ကမ္ဘာလှည့်ခရီးသည်များကို ပို့ဆောင်ပေးသည့် ကူးတို့သင်္ဘောတစ်စင်း တနင်္ဂနွေနေ့က နစ်မြုပ်ခဲ့ရာ နိုင်ငံခြားသား ၃ ဦး အပါအဝင် အနည်းဆုံး လူ ၆ ဦး သေဆုံးသည်။ ထို့အပြင် နစ်မြုပ်သွားသည့် သင်္ဘောအတွင်း အခြားလူများ ပိတ်မိနေနိုင်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ကနဦးသတင်းများအရ သင်္ဘောနစ်မြုပ်မှုအတွင်း ထိုင်းလူမျိုး ၃ ဦးနှင့် နိုင်ငံခြားသား ၃ ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့ AFP သို့ အတည်ပြုသည်။ သို့သော် သေဆုံးသွားသည့် နိုင်ငံခြားသား ၃ ဦးမှာ မည်သည့် နိုင်ငံသားဖြစ်ကြောင်း စသည့် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ပြောကြားခြင်း မရှိချေ။

ကူးတို့သင်္ဘောသည် တနင်္ဂနွေနေ့ ညနေပိုင်းက ပတ္တရားကမ်းလွန်းရှိ ခိုလန်းန် (Koh Larn) ကျွန်းငယ်လေးအနီးတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ကူးတို့သင်္ဘောမှာ ခရီးသည် အဆမတန်တင်ဆောင်ခဲ့ဖွယ်ရှိပြီး စက်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ဖွယ်ရှိကြောင်း ဒေသခံ သတင်းဌာနများကဆိုသည်။ ရဲတပ်ဖွဲ့က အဆိုပါသင်္ဘောပေါ်တွင် လိုက်ပါသွားသူတို့၏ ဆွေမျိုးများထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ကြောင်း ပြောကြားပြီး ဖုန်းခေါ်ဆိုသူကိုမူ လျှို့ဝှက်ထားသည်။ သင်္ဘောနစ်မြုပ်မှုအတွင်း လိုက်ပါလာသူများကို ရှာဖွေကယ်ဆယ်လျက်ရှိကြောင်းနှင့် နစ်မြုပ်သွားသည့် သင်္ဘောအတွင်း လူများ ပိတ်နေခြင်းရှိ မရှိ မသေချာကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ကူးတို့သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးနှင့် ပျောက်ဆုံးသူ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။ သို့သော် ဒေသခံ သတင်းများ၏ အဆိုအရ ဒါဇင်နှင့်ချီသော အရေးပေါ်လူနာတင်ယာဉ်များ ပတ္တရားကမ်းခြေ
တွင် စောင့်ဆိုင်းနေကြောင်း ဖော်ပြသည်။ 

နစ်မြုပ်သွားသည့် ကူးတို့သင်္ဘောပေါ်တွင် ခန့်မှန်းခြေ ခရီးသည် ၁၀၀ ခန့် လိုက်ပါသွားကြောင်းနှင့် ညနေ ၅ နာရီဝန်းကျင်တွင် စက်ချို့ယွင်းမှုဖြစ်ပေါ်
ခဲ့ကြောင်း ပတ္တရားကမ်းခြေ ကမ္ဘာလှည့်ခရီးသည်များ လုံခြုံရေးဆောင်
ရွက်နေသည့် ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

ရုရှားမှလာသော သတင်းများအရ သင်္ဘောနစ်မြုပ်မှုကြောင့် ကလေးတစ်ဦး
အပါအဝင်ရုရှားလူမျိုး ၃ ဦးကို ဆေးရုံသို့ တင်ပို့လိုက်ရပြီး အရေးပေါ်အခြေ
အနေဖြစ်ကြောင်း သိရသည်။ နစ်မြုပ်သွားသည့် ကူတို့သင်္ဘောပေါ်တွင် လိုက်ပါလာသူများအနက် အနည်းဆုံး ထက်ဝက်ခန့်မှာ ရုရှားလူမျိုး ကမ္ဘာလှည့်ခရီးသည်များဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ ရုရှားကောင်စစ်ဝန် အင်ဒရူး ဒီဗိုညက်ကော့ဗ်က ပြောကြားသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့
၏တောင်ဘက် ၉၃ မိုင်ခန့်အကွာတွင် တည်ရှိသော ပတ္တရားကမ်းခြေ အပန်းဖြေစခန်းမှာ ညပိုင်း လည်ပတ်ပျော်ရွှင်ဖွယ်ကောင်းခြင်းနှင့် တည်းခိုနေထိုင်စရိတ်များ သက်သာခြင်းတို့ကြောင့် ရုရှားလူမျိုးများ အားလပ်ရက် အပန်းဖြေထွက်သည့် နေရာအဖြစ် ရေပန်စားလာကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ယမန်နှစ်အတွင်းက ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၂၂ သန်း လာရောက်ခဲ့သော်လည်း လုံခြုံရေးအခြေ
အနေ လျော့ရဲမှုနှင့် မတော်တဆမှုများ မကြာခဏဖြစ်ပေါ်မှု ပြဿနာများ ရှိနေဆဲဖြစ်သည်။

Planet Myanmar Network

RangonNewsDaily:: November . 4 .2013
ထိုင်းနိုင်ငံ ပတ္တရားအပန်းဖြေစခန်း ကမ်းလွန်တွင် ကမ္ဘာလှည့်ခရီးသည်များကို ပို့ဆောင်ပေးသည့် ကူးတို့
သင်္ဘောတစ်စင်း တနင်္ဂနွေနေ့က နစ်မြုပ်ခဲ့ရာ နိုင်ငံခြားသား ၃ ဦး အပါအဝင် အနည်းဆုံး လူ ၆ ဦး သေ
ဆုံးသည်။

မီးပုံးပျံ ပြိုင်ပွဲဝင်ရန် စပ်ထားသည့် ယမ်းများမှ ပေါက်ကွဲမှု ဖြစ်ပွား

Photo: မီးပုံးပျံ ပြိုင်ပွဲဝင်ရန် စပ်ထားသည့် ယမ်းများမှ ပေါက်ကွဲမှု ဖြစ်ပွား
Monday, November 4, 2013

တောင်ကြီးမီးပုံးပျံပွဲတွင် မီးပုံးပျံ ပြိုင်ပွဲ ၀င်ရန် စပ်ထားသည့် ယမ်းများ
 ပေါက်ကွဲကာ နာရီဝက်ခန့်ကြာ မီးလောင်ကျွမ်းမှု နိုဝင်ဘာလ ၃ ရက် 
နံနက် ၁နာရီခွဲခန့်က တောင်ကြီးမြို့တွင် ဖြစ်ပွားခဲ့သည်။

ပေါက်ကွဲလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းမှာ တောင်ကြီးမြို့၊ ရတနာသီရိ
ရပ်ကွက်၊ နီလာလမ်း ၊ အိမ်အမှတ် ရ/၃၄တွင် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် စပ်ထားသည့် ယမ်းများ
 လေလုံကာ အပူချိန်လွန်ပြီး ဓါတ်ပြု ပေါက်ကွဲလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်
ဟု တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

"ဖိုးလမင်း"လူငယ် မီးပုံးပျံအဖွဲ့မှ ညမီးကြီး ၀င်ရောက်ယှဉ်ပြိုင်ရန် စပ်ထားသော ယမ်းများဖြစ်ပြီး မီးပုံးပျံ အဖွဲ့ခေါင်းဆောင်၏ နေအိမ်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

တောင်ကြီးမြို့နယ် မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူက "သူတို့က ယမ်းအရောင်ထုတ်တွေ၊ ကာလာထုတ်တွေ၊ စပ်ပြီးတော့ သိမ်းထားတယ်၊ လေလုံတော့ ငွေမင်တွေနဲ့ဓာတ်ပြုပြီး လောင်ကျွမ်းပေါက်ကွဲခဲ့တာဖြစ်တယ်" ဟု ပြောသည်။

မီးလောင်ကျွမ်းမှုသည် နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့သောကြောင့် ရပ်ကွက်သူ၊သားများ လန့်နိုးခဲ့ပြီး ရေများ၊ မီးသတ်ဆေးဗူးများ၊ သဲများဖြင့် ၀ိုင်းဝန်းကူညီ ငြိမ်းသတ်ပေးခဲ့ရကြောင်း ကူညီခဲ့သူ ရပ်ကွက်သား တစ်ဦးဖြစ်သည့် ကိုစိုင်းတီက မဇ္ဈိမ ကို ပြောသည်။

အဆိုပါ လောင်ကျွမ်းမှုကို နံနက် ၂ နာရီခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုမူ မတွက်ချက်ရသေးပေ။

"ဒီလို တန်ဆောင်တိုင်အချိန်ဆို လောင်ကျွမ်းမှုတွေ ဖြစ်တတ်ပါတယ်။ ယခင်နှစ်ကလည်း ပြိုင်ပွဲဝင် အဖွဲ့သုံးလေးဖွဲ့လောက် ဖြစ်ပွားခဲ့ပါသေး
တယ်"ဟု မီးသစ်ဦးစီးဌာနက တာဝန်ရှိသူက ဆိုသည်။

တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၀ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။

Mizzima - News in Burmese

RangonNewsDaily:: November . 4 .2013
တောင်ကြီးမီးပုံးပျံပွဲတွင် မီးပုံးပျံ ပြိုင်ပွဲ ၀င်ရန် စပ်ထားသည့် ယမ်းများ
ပေါက်ကွဲကာ နာရီဝက်ခန့်ကြာ မီးလောင်ကျွမ်းမှု နိုဝင်ဘာလ ၃ ရက်
နံနက် ၁နာရီခွဲခန့်က တောင်ကြီးမြို့တွင် ဖြစ်ပွားခဲ့သည်။

စင်္ကာပူက ကမ္ဘာ့ စွဲဆောင်မှု အရှိဆုံး အမျိုးသမီး နိုင်ငံရေး သမား

Photo: စင်္ကာပူက ကမ္ဘာ့ စွဲဆောင်မှု အရှိဆုံး အမျိုးသမီး နိုင်ငံရေး သမား
Monday, November 4, 2013

Eunice Olsen လို့အမည်ရတဲ့ အမျိုးသမီး ဖြစ်ပြီး ယခုတော့ အသက် ၃၆ နှစ်ရှိပါပြီ။ သို့ပေမယ့် ယနေ့တိုင် ကမ္ဘာ့ စွဲဆောင်မှုအရှိဆုံး အမျိုးသမီး နိုင်ငံရေးသမား ၁၀ ဦးစာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

စင်္ကာပူ NUS ကနေ စိတ်ပညာနဲ့ နိုင်ငံရေး သိပ္ပံ ဘာသာရပ်တို့မှာ BA ရရှိထားသူ ဖြစ်ပြီး သက္ကရာဇ် ၂၀၀၀ ခုနှစ်က စင်္ကာပူ မယ်စင်္ကြဝဠာ ပြိုင်ပွဲ ဝင်ပြိုင်ခဲ့ပြီး Miss Singapore universe ဆုကို ဆွတ်ခူးလို့ သရဖူ ဆောင်းခဲ့ ပါတယ်။ အမေ ဖြစ်သူက တရုတ်စစ်စစ်ဖြစ်ပြီး အဖေ က ဆွီဒင် နဲ့ ပေါ်တူဂီ ဆက် ဥရောပလူမျိုး ဖြစ်ပါတယ်။ ရုပ်ရည်လှပသလို ပညာအရည်အချင်း မြင့် မားမှုကြောင့် နိုဝင်ဘာလ ၂၀၀၄ခုနှစ်မှာ စင်္ကာပူ ပါလီမန် အဖွဲ့ဝင် တစ်ဦး ဖြစ်လာပါတယ်။ အဲ့တုန်းက အသက် ၂၇ နှစ်ပဲ ရှိသေးပြီး ကမ္ဘာ့ အသက်အငယ်ဆုံး ထိပ်တန်း နိုင်ငံရေးသမား စာရင်းထဲလည်း ပါဝင် ခဲ့ ပါတယ်။ Singapore Youth Award, ASEAN Youth Award အပြင် စင်္ကာပူမှာ ကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေး ဖိုရမ်မှာ သက်ငယ် ကမ္ဘာ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး အဖြစ် ပါဝင်ခွင့် ရရှိ ခဲ့ ပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုနဲ့အတူ အနုပညာ လုပ်ငန်းလည်း မရပ်တန့်သေးပါဘူး။

ဒါကြောင့်မို့ Eunic Olsen ဟာ ကမ္ဘာ့ စွဲဆောင်မှုအရှိဆုံး အမျိုး သမီး
 နိုင်ငံရေး သမား၊ ကမ္ဘာ့ ညို့ အားအပြင်းဆုံး အမျိုးသမီးများ စာရင်းမှာ ပါဝင်လာခဲ့ကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း ( International news for myanmar )

RangonNewsDaily:: November . 4 .2013
Eunice Olsen လို့အမည်ရတဲ့ အမျိုးသမီး ဖြစ်ပြီး ယခုတော့ အသက် ၃၆ နှစ်ရှိပါပြီ။ သို့ပေမယ့် ယနေ့တိုင် ကမ္ဘာ့ စွဲဆောင်မှုအရှိဆုံး အမျိုးသမီး နိုင်ငံရေးသမား ၁၀ ဦးစာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

ထောက်လှမ်းရေးပစ္စည်း တပ်ဆင်မှုနဲ့ သြစီသံအမတ်ကို မလေးဆင့်ခေါ်

Photo: ထောက်လှမ်းရေးပစ္စည်း တပ်ဆင်မှုနဲ့ သြစီသံအမတ်ကို မလေးဆင့်ခေါ်
Monday, November 4, 2013

အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေး အေဂျင်စီကနေ မဟာမိတ်
နိုင်ငံတွေက ဖုန်းတွေကို သူသျှိုလုပ်ခိုးနားမှုတွေပြုလုပ်ခဲ့တဲ့အတွက် သက်ဆိုင်ရာနိုင်ငံတွေက ဖြေရှင်းချက်တောင်းဆိုနေကြသလို အာရှနိုင်ငံတွေကဖုန်းတွေကိုလည်း သြစတြေးလျ သံရုံးတွေမှာ အမေရိကန်ထောက်လှမ်းရေး ပစ္စည်းတွေတပ်ဆင်ပြီးတော့ ခိုးနားထောင်မှုတွေပြုလုပ်ခဲ့တဲ့အတွက် သြစတြေးလျနိုင်ငံကိုလည်း
ဖြေရှင်းချက်တွေတောင်းဆိုနေကြပါတယ်။

အခုနောက်ဆုံး ဖြေရှင်းချက် တောင်းဆိုထားတဲ့ နိုင်ငံကတော့ မလေးရှားနိုင်ငံဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ စောင့်ကြည့်ထောက်လှမ်းရေး ပစ္စည်းကိရိယာတွေကို သြစတြေးလျသံရုံးကနေတဆင့် တပ်ဆင်အသုံးပြုတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံကလည်း ကွာလာလမ်ပူမှာရှိတဲ့ သြစတြေးလျ သံအမတ်ကို ဖြေရှင်းချက်ပေးဖို့ ဆင့်ခေါ်လိုက်ပြီးဖြစ်ပါတယ်။

အမေရိကန်ကနေ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ မြန်မာနဲ့ ထိုင်းနိုင်ငံတွေက ဖုန်းတွေကို သြစတြေးလျ သံရုံးတွေကနေတဆင့်
စောင့်ကြည့် ထောက်လှမ်းရေး ပစ္စည်းတွေထပ်ဆင်ပြီး ခိုးနားထောင်ခဲ့
တယ်လို့ သတင်းတွေထွက်ပေါ်အပြီးမှာပဲ သက်ဆိုင်ရာနိုင်ငံတွေ ဖြစ်ကြတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ခုလို တရားဝင် ဖြေရှင်းချက်တွေ
တောင်းဆိုနေတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကမ္ဘောဒီးယား၊ မြန်မာနဲ့ ထိုင်းနိုင်ငံတွေကတော့ အခုချိန်ထိ တရားဝင် ပြောဆိုဖြေရှင်းချက်တောင်းဆိုတာတွေမရှိသေးဘူး
လို့သိရပါတယ်။

အာရှနိုင်ငံတွေကို သူသျှိုလုပ် ထောက်လှမ်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သြစတြေးလျနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံနဲ့ပေါင်းပြီးတော့ ပါဝင်ပတ်
သက်မှုရှိနိုင်တဲ့အပေါ် အလွန်စိုးရိမ်မိတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop နဲ့ Perth မြို့မှာ တွေ့ဆုံစဉ် ပြောသွားခဲ့ပါတယ်။

အခုလိုလုပ်ဆောင်တာမျိုးဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်တဲ့
အတွက် ဒီကိစ္စကို ရှောင်ရှားဖို့အတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက အတူပူးပေါင်းလုပ်ဆောင်သွားမယ်လို့တော့ ပြောပါတယ်။

ABC

RangonNewsDaily:: November . 4 .2013 
အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေး အေဂျင်စီကနေ မဟာမိတ်နိုင်ငံတွေက ဖုန်းတွေကို သူသျှိုလုပ်
ခိုးနားမှုတွေပြုလုပ်ခဲ့တဲ့အတွက်သက်ဆိုင်ရာနိုင်ငံတွေက ဖြေရှင်းချက်တောင်းဆိုနေကြသလိုအာရှနိုင်ငံတွေ
ကဖုန်းတွေကိုလည်း သြစတြေးလျ သံရုံးတွေမှာ အမေရိကန်ထောက်လှမ်းရေး ပစ္စည်းတွေတပ်ဆင်ပြီးတော့ ခိုးနားထောင်မှုတွေပြုလုပ်ခဲ့တဲ့အတွက် သြစတြေးလျနိုင်ငံကိုလည်းဖြေရှင်းချက်တွေတောင်းဆိုနေကြပ&#