Pages

Friday, April 24, 2015

ယာဉ်မောင်းလိုင်စင်သိမ်းဖို့ အမှုအမျိုးအစား ၄ခုထပ်တိုးပြီ

RangonNewsDaily:: April . 24 .2015
ယာဉ်စည်းကမ်းချိုးဖောက်မှု အမျိုးအစား ၁၄ခုနဲ့ပတ်သက်ပြီး ယာဉ်မောင်းလိုင်စင်ကို ကာလအလိုက် သိမ်းတဲ့ အရေးယူနေရာက အခုတော့ နောက်ထပ် ၄မျိုးတိုးပြီး စုစုပေါင်း ၁၈မျိုးနဲ့ လိုင်စင်သိမ်းတော့မယ်လို့ ရန်ကုန်မြို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့က ဧပြီ ၂၄မှာ ပြောလိုက်ပါတယ်။

နာမည်ကြီးကြေးအိုး ဆိုင်ကြေးအိုးပန်းကန်အတွင်း ပိုးကောင်ပါဝင်မှု စစ်ဆေးနေဟုဆို

RangonNewsDaily:: April . 24 .2015
နာမည်ကြီးကြေးအိုး ဆိုင် YKKO ၏ တာမွေဆိုင်ခွဲတွင် စားသုံးသူတစ်ဦး၏ ပန်းကန်ထဲ၌ ပိုးကောင်ပါဝင်ခဲ့မှုနှင့် ပတ်သက် ၍ မည်သို့ဖြစ်သည်ကို စစ်ဆေးနေ ကြောင်း အဆိုပါ ဆိုင်ခွဲတာဝန်ခံ ဦးခင်မောင်ကြည်က ပြောသည်။

ချစ်သူနှင့် လမ်းခွဲရ၍ တံတားပေါ်မှခုန်ချသူ အသက်မသေဘဲ အမှုဖွင့်ခံရ

RangonNewsDaily:: April . 24 .2015
ချစ်သူနှင့် လမ်းခွဲခံရ၍ပြည်မြို့၊ န၀ဒေးတံတားကြီးပေါ် မှ ခုန်ချကာ သေကြောင်းကြံစည်ခဲ့ သော အမျိုးသားတစ်ဦး အသက် မသေသဖြင့် ပန်းတောင်းမြို့နယ် ရဲစခန်းက ၎င်းကို သေကြောင်းကြံ စည်မှုဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သတင်းရရှိသည်။

တာချီလိတ်မှ ဆိုင်ကယ် ကယ်ရီသမားတစ်ဦး ခရီးသည်ပို့ဆောင်ရင်း မိုင်းဖြတ်၌ အသတ်ခံရ


RangonNewsDaily:: April . 24 .2015
တာချီလိတ်မြို့မှ တဆင့် မိုင်းဖြတ်မြို့သို့ ခရီးသည်အား ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်သူ ရွှေတာချီ ခရီးသွားလုပ်ငန်းမှ ဆိုင်ကယ် ကယ်ရီပြေးဆွဲသည့် အမျိုးသားတစ်ဦး ဓါးဒဏ်ရာဖြင့် သေဆုံးနေသည့် အလောင်းကို ယနေ့ ဧပြီလ(၂၃)ရက်နေ့တွင် မိုင်းဖြတ်မြို့၏ နယ်နိမိတ်အတွင်း၌ တွေ့ရှိရကြောင်း မိုင်းဖြတ်မြို့မရဲစခန်းမှ သိရသည်။

ပြည်တွင်းရောက် စမတ်ဖုန်းတွေကို စိန်ခေါ်မယ့် OPPO Mirror 3




RangonNewsDaily:: April . 24 .2015
ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်တွင်း ဈေးကွက်အတွင်း ရောက်ရှိလာတဲ့ စမတ်ဖုန်းတွေကို ကြည့်ပြီး ဒီတစ်ပတ်အတွက် ဖော်ပြဖို့အတွက် OPPO Mirror 3 ကို ရွေးချယ်ထားပါတယ်။ OPPO တို့က ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်းများနဲ့ စမတ်ဖုန်းဈေးကွက်ဝေစုကို အခြားစမတ်ဖုန်း ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ရယူဖို့ ကြိုးစားလာကြတာပါ။

ရန်ကုန်မြို့အပါအ၀င် နေရာအနှံ့အပြား၌ လေပြင်းများတိုက်ခတ်၍ နေရာအချို့၌ မိုးသည်းထန်စွာ ရွာသွန်း

RangonNewsDaily:: April . 24 .2015
ဧပြီ ၂၃ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ အပါအ၀င် နေရာအနှံ့အပြား၌ လေပြင်းများ တိုက်ခတ်ပြီး နေရာအချို့တွင် မိုးသည်းထန် စွာရွာသွန်းခဲ့ကြောင်း သိရသည်။

ငါးကင်ရောင်းရင်း အခမဲ့စာကြည့်တိုက်ဖွင့်ထားသူ


RangonNewsDaily:: April . 24 .2015
အသိပညာရှာမည်၊ အလုပ်လုပ်မည်ဟူသော ခိုင်မာသည့် ရည်ရွယ်ချက်ဖြင့် စာအုပ်သုံးအုပ် ခရီးဆောင် အိပ်တွင်းထည့် ရန်ကုန်တက်လာခဲ့သူမှာ ကိုဇော်ဇော်ဖြစ်သည်။ သို့သော် စစချင်း ဆောက်နှင့်ထွင်းဆိုသလို ဘ၀သည် ခက်ခဲကြမ်းတမ်းခဲ့ရသည်။

ကျန်းမာရေး ဝန်ကြီးဌာန ဖွဲ့စည်းပုံသစ်ကြောင့် ဝန်ထမ်း တစ်သောင်းခွဲဝန်းကျင် ခေါ်ယူရန် စီစဉ်

RangonNewsDaily:: April . 24 .2015
အစိုးရသစ်လက်ထက် ကျန်းမာရေး ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံစနစ်ကို ယခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ အကြီးစား ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းကြောင့် ဝန်ထမ်းလိုအပ်ချက် တစ်သောင်းခွဲဝန်းကျင်ရှိပြီး ယခုဘဏ္ဍာနှစ်အတွင်း ခန့်ထားရန် စီစဉ်နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနရုံး တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။။

ရဲတပ်ဖွဲ့ဝင် ၇၀ ဦး စုပေါင်းသွေးလှူ


RangonNewsDaily:: April . 24 .2015
အမှတ် ၇ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင် ၇၀ ဦးယနေ့နံနက်က အမျိုးသားသွေးလှူဌာနခွဲတွင်
စုပေါင်းသွေးလှူခဲ့ကြသည်။

ကျောက်တော်မြို့တွင် လုံခြုံရေးတင်းကျပ်

RangonNewsDaily:: April . 24 .2015
ရက္ခိုင့်တပ်မတော်တပ်ဖွဲ့ ၀င်များ ကျောက်တော်မြို့တွင်း ၀င် ရောက်နေသည်ဟူသော သတင်း ကြောင့်မြို့တွင်းရှိ ဟိုတယ်များအား တပ်မတော်နှင့် ရဲတပ်ဖွဲ့က စစ်ဆေးနေကာကျောက်တော် ဈေးကိုလည်း သတ်မှတ်ချိန်ထက် စော၍ ပိတ်ရန်ညွှန်ကြားထား ကြောင်း သတင်းရရှိသည်။

လာမည့်နှစ်မှစ၍ အဋ္ဌမတန်း ကုစားစာမေးပွဲများ စစ်ဆေးပေးမည် မဟုတ်ဟုဆို

RangonNewsDaily:: April . 24 .2015
ပညာရေး ဝန်ကြီးဌာနက တိုင်းစစ်စာမေးပွဲအဖြစ် ကျင်းပသော အဋ္ဌမတန်း အတန်းတင်စာမေးပွဲတွင် အဆင့် D ရရှိခဲ့သူများကို လာမည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်ကစပြီး ကုစားစာမေးပွဲများ ပြန်လည်စစ်ဆေးပေးတော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ပြောကြားသည်။

ဘီဘီစီ သတင်းဌာနမှ မွတ်စလင်အမျိုးသမီး တစ်နှစ်တာအကောင်းဆုံး သတင်းတင်ဆက်သူအဖြစ် သတ်မှတ်ခံရ


RangonNewsDaily:: April . 24 .2015
လန်ဒန်ပရပ်စ်ကလပ်ဆုအတွက် တစ်နှစ်တာအကောင်းဆုံး သတင်းတင်ဆက်သူအဖြစ် သတ်မှတ်ခံရတဲ့ မစ်ရှဲဟူစိန်ဟာ ဗြိတိန်မွတ်စလင်အမျိုးသမီးတွေအတွက် စံပြဖြစ်လာပါတယ်။

ထန်းတပင်မြို့နယ်တွင် သရက်သီးခူးရာမှ သမီးယောက်မနှစ်ဦး လူသတ်မှုဖြစ်

RangonNewsDaily:: April . 24 .2015
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် အမှတ် (၃) ရပ်ကွက် နှင်းဆီ (၅) လမ်းတွင် သရက်သီးခူးသည့် ကိစ္စနှင့် ပတ်သက်၍ သမီးယောက်မနှစ်ဦး စကားများရန်ဖြစ်ရာမှ အသက် ၃၆ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း ထန်းတပင် မြို့မရဲစခန်းထံမှ သိရှိရသည်။

စစ်တောင်း-မုပ္ပလင်ကားလမ်းပေါ်တွင် ရထားနှင့်ဘုရားဖူးကား တိုက်မိ လူ၃ ဦး ပွဲချင်းပြီး သေဆုံး

RangonNewsDaily:: April . 24 .2015
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့ စစ်တောင်း- မုပ္ပလင်သွားကားလမ်းပေါ်ရှိ ရထားသံလမ်းကူးတွင် ရထား နှင့် ဘုရားဖူးကား တိုက်မိခြင်းကြောင့် ယာဉ်ပေါ်ပါ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

Air KBZ ၏ နေပြည်တော် ခရီးစဉ် ဖျက်သိမ်း

RangonNewsDaily:: April . 24 .2015
ရန်ကုန်- မန္တလေး-နေပြည်တော် ပုံမှန်ခရီးစဉ်များကို ဧပြီလ ၂၂ ရက်တွင် စတင်ပျံသန်းရန် ကနဦး ကြော်ငြာထားသည့် Air KBZ ၏ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း အဆိုပါ လေကြောင်းလိုင်း ထံမှ သိရသည်။

ကန့်ဘလူမြို့ အနောက်မြောက်ဘက်တွင် ပဋ္ဌာန်းအောင်ပွဲ၌ စတုဒီသာကျွေးမွေးရာမှ အစာအဆိပ်သင့်


RangonNewsDaily:: April . 24 .2015
ကန့်ဘလူမြို့ အနောက်မြောက်ဘက်ရှိ ရွှေတောင်ဦး သီလရှင်တိုက်တွင် ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သော ပဋ္ဌာန်းအောင်ပွဲ၌ စတုဒီသာထမင်းအဖြစ် ငါးခြောက်ကြော်၊ ပဲချက်၊ သရက်ချဉ်နှင့် မှန်ရောင်ဟင်းရည် စားသုံးခဲ့သူ တစ်ရာကျော်ခန့် အစာအဆိပ်သင့် သဖြင့် ကန့်ဘလူမြို့ ပြည်သူ့ဆေးရုံတွင် ယင်းနေ့ မွန်းလွဲပိုင်းက ဆေးကုသမှု ခံယူခဲ့ကြသည်။

မိုးလေဝသသတင်း

RangonNewsDaily:: April . 24 .2015
(၂၁.၄.၂၀၁၅)ရက်နေ့ (၁၆း၁၅)နာရီတွင် မန္တလေးတိုင်းဒေသကြီး(တံတားဦးမြို့)မှာ အနောက်မြောက်နှင့်မြောက်အရပ်မှ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)ထိ လေပြင်းတိုက်ခတ်မှုနဲ့အတူ မိုးအနည်းငယ်ရွာသွန်းခဲ့သည်။

ထိုင်းငါးဖမ်းလှေမီးလောင်မှု မြန်မာရေလုပ်သားတစ်ဦး မီးလောင်ဒဏ်ရာများကြောင့်ထပ်မံသေဆုံး

RangonNewsDaily:: April . 24 .2015
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွန်ပါမြို့နယ်ရှိ ထိုင်းငါးဖမ်းလှေပေါက်ကွဲမီး လောင်မှုတွင် မီးဘေးသင့်ခဲ့ သည့် မြန်မာရေလုပ်သားတစ်ဦး မီးလောင်ဒဏ်ရာများကြောင့် ဖူးခက်ဆေးရုံ၌ ထပ်မံသေဆုံး သွားကြောင်း သတင်းရရှိသည်။

ချီလီတွင် မီးတောင်တစ်ခု လှုပ်ရှားနိုးကြားလာမှုကြောင့် ဒေသခံများကို အရေးပေါ် ရွှေ့ပြောင်းပေးရ


RangonNewsDaily:: April . 24 .2015
ချီလီနိုင်ငံတွင် မီးတောင်တစ်ခု လှုပ်ရှားနိုးကြားလာပြီး မီးခိုးနှင့်ပြာများ မှုတ်ထုတ်နေမှုကြောင့် အနီးအနား ဒေသခံများကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သတင်းရရှိသည်။
ချီလီတောင်ပိုင်းရှိ ကယ်လ်ဘူကို မီးတောင်သည် ဧပြီ ၂၂ ရက်တွင် မီးခိုးများ စတင်၍ အူထွက်လာခဲ့သည်။ အဆိုပါ ဒေသ အနီးတဝိုက်ရှိ အရေးပေါ် အခြေအနေ ကိုင်တွယ်စီမံရေး ဌာနများအားလုံးကို အမြင့်ဆုံးအဆင့် တပ်လှန့်မှု ပြုလုပ်ထားပြီး လူပေါင်း(၁၅၀၀)ကျော်ကို ရွှေ့ပြောင်းပေးခဲ့ရသည်။

ကသာခရိုင် ကောလင်းမြို့နယ်တွင် လေပြင်းများတိုက်ခတ်မှုကြောင့် နေအိမ်အချို့ပျက်စီးကာ လူတစ်ဦးသေဆုံး

RangonNewsDaily:: April . 24 .2015
ကသာခရိုင် ကောလင်းမြို့နယ်တွင် ဧပြီ ၂၁ ရက်မွန်းလွဲ ၁ နာရီခန့်က ရုတ်တရက် လေပြင်းများတိုက်ခတ်မှုကြောင့် တောင်မော်ကျေးရွာအုပ်စု လက်ပံခုံကျေးရွာတွင် လူနေအိမ် ၁၅ လုံးသွပ်အမိုးများ လန်ထွက်ခြင်း၊ ကွန်ကရစ် လျှပ်စစ်မီးတိုင်ခြောက်လုံး ကျိုးပဲ့ခြင်းနှင့် တောင်မော်ကျေးရွာတွင် လူနေအိမ်တစ်လုံး အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့သည်။

ရန်ကုန် - ပြည်လမ်းရှိ လက်ပံတန်းနှင့် ဥက္ကံကြားတွင် မိုးသက်လေပြင်း ကျရောက်ပြီး သစ်ပင်များပြိုလဲ


RangonNewsDaily:: April . 24 .2015
ရန်ကုန် - ပြည်လမ်းမကြီး၏ လက်ပံတန်း-သာယာဝတီ-သုံးဆယ်-ဥက္ကံမြို့ လမ်းတစ်လျှောက်တွင် ယနေ့ ညနေ ၄ နာရီခန့်မှ စတင်၍ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်ကြီးများ ပြိုလဲနေသဖြင့် ခရီးသွားယာဉ်များ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက် ဘန်ကာပီခရိုင်တွင် မြန်မာကျောင်းသားတဦး တိုက်ပေါ်မှ ခုန်ချ သေဆုံး

RangonNewsDaily:: April . 24 .2015
ထိုင်းနိုင်ငံ ဘန်ကောက် ဘန်ကာပီခရိုင်တွင် ယနေ့(ဧပြီ ၂၃ ရက်) မြန်မာ တက္ကသိုလ်ကျောင်းသားတဦး ၈ ထပ်တိုက်ခန်းမှ ခုန်ချသေးဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အခင်းဖြစ်ပွားရာသို့ ထိုင်းရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ရာ မြေပြင်ပေါ်၌ လဲကျနေသော ၎င်း၏ခန္ဓာကိုယ်ကို တွေ့ရကြောင်း ဟွာမက်ရဲစခန်းမှ တာဝန်ကျရဲမှူး က ပြောသည်။