Monday, March 31, 2014
မော်တော်ယာဉ် စလစ်စနစ် ဖျက်သိမ်းမည်ဟု သမ္မတရုံးဝန်ကြီး ပြောကြား
RangonNewsDaily: March . 31 .2014
မော်တော်ယာဉ်အို ယာဉ်ဟောင်းများကို မော်တော်ယာဉ်သစ်များဖြင့် အစားထိုး လဲလှယ်ရေး စီမံချက်အရ ထုတ်ပေးနေသော စလစ်စနစ်ကို ဖျက်သိမ်းမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
ရန်ကုန်မြို့တော် မြန်မာငြိမ်းချမ်းရေး စင်တာ၌ မတ်လ ၂၉ ရက်နေ့က နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။“ကားဟောင်းက တော်တော်များများ ကုန်သွားပြီ။ အခု Showroom (အရောင်းပြခန်း) တွေ ရောက်လာပြီ။ ကြိုက်တဲ့ အချိန်မှာ ဝယ်လို့ရပြီ” ဟု ဦးအောင်မင်းက ပြောဆိုသည်။

ရေကစားမဏ္ဍပ်ပါမစ်လက်လွှဲဈေး အမြင့်ဆုံး ကျပ်သိန်း ၃၀၀ ၀န်းကျင် ဈေးပေါက်
RangonNewsDaily: March . 31 .2014
ကမ္ဘာအေးဘုရားလမ်း ပေါ်ရှိ ရေကစားမဏ္ဍပ်ပါမစ်များ ကို ပါမစ်လက်ဝယ်ရှိသူ ပွဲစားများက တစ်ဆင့်ခံ ရောင်းချမှုများဖြစ် ပေါ်နေပြီး မဏ္ဍပ်ပါမစ်ပေါက် ဈေးမှာ အမြင့်ဆုံးကျပ်သိန်း သုံး ရာဝန်းကျင်အထိ ဖြစ်နေကြောင်း သတင်းရရှိသည်။
‘‘မဏ္ဍပ်ဆောက်ခွင့် တင် ထားပေမယ့် ကျွန်တော်တို့ မရခဲ့ ဘူး။ မဏ္ဍပ်ကလည်း ကြော်ငြာ ပြီးသားဖြစ်နေတော့ ပါမစ်ရှိတဲ့ သူတွေဆီက လိုက်ဝယ်တာ။ သိန်း ၂၀၀ ကအပေါဆုံးဖြစ်နေ တယ်။ ဈေးများလို့ နည်းနည်း လေးအင်လိုက်ရုံရှိသေး နောက် တစ်ခေါက် ထပ်ဆက်တော့ ပါမစ်ပိုင်ရှင်က ပြောင်းသွားပြီ။ အနည်းဆုံး ၂၈၀ ပေးမှဖြစ်သွား ရော’’ဟု
ကမ္ဘာအေးဘုရားလမ်းတွင် Inva-ders မဏ္ဍပ် တည်ဆောက်မည့် အဆိုတော် ရန်ရန်ချမ်းက ပြောကြားသည်။

“ရိုဟင်ဂျာ” ဟု ပြော၍ အိမ်ခြေလေးရာကျော် သန်းခေါင်စာရင်းမထည့်ရ
RangonNewsDaily: March . 31 .2014
စစ်တွေမြို့နယ်အတွင်းရှိ ဘုမေကျေးရွာနှင့် မန်ကျည်းမြိုင် ကျေးရွာတို့တွင် လူမျိုးအမည်ကို “ရိုဟင်ဂျာ” ဟု ပြောသည့်အတွက် သန်းခေါင်စာရင်းတွင် ထည့်သွင်းခဲ့ခြင်းမရှိဟု ထိုနေရာသို့ရောက်ရှိနေသည့် မဇ္ဈိမအယ်ဒီတာက သတင်းပေးပို့သည်။

အခြေခံဥပဒေ ပြင်ဆင်ရေး ပန်းဘဲတန်း မြို့နယ်အတွင်း ဆန္ဒထုတ်ဖော်
RangonNewsDaily: March . 31 .2014
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ်အတွင်း နေထိုင်သူ ၁၀၀ ကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင် ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။
အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပုဒ်မ ၄၃၆ အပါအဝင် ဒီမိုကရေစီ နည်းလမ်းမကျသော ပြဋ္ဌာန်းချက်များကို ပြောင်းလဲ ပြင်ဆင်ပေးရန်အတွက်ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

မီတာခ တိုးမြှင့်ကောက်ခံမည့် ဧပြီ ၁ ရက်မတိုင်မီ ရန်ကုန်မြို့ရှိ မြို့နယ်များ၌ ဓာတ်အားပြတ်တောက်မှု ဆက်တိုက်ဖြစ်ပေါ်
RangonNewsDaily: March . 31 .2014
မြန်မာနိုင်ငံတွင် လူဦးရေအများဆုံး နေထိုင်သည့် ရန်ကုန်မြို့တော်၌ ယခုနှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရန် လုပ်ဆောင် သွားမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မတ်လ ၇ ရက်နေ့က အတည်ပြု ပြောကြားခဲ့သော်လည်း ရန်ကုန်မြို့တော်တွင် မတ်လ တတိယပတ်မှ စတင်ကာ မီးပြတ်တောက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်းမြို့ခံများကပြောကြားသည်။
30.3.2014 ညပိုင်းက့တောင်ဥက္ကလာတွင် အစ္စလာမ်ဘာသာဝင်လူငယ်တစ်ဦးအား ၀ိုင်းဝန်းရိုက်နှက်မှုဖြစ်ပွား
RangonNewsDaily: March . 31 .2014
၃၁..၃..၂၀၁၄။ ၁၂း၃၀ ည တွင်တောင်ဥက္ကလာ ၇ ရက်ကွက်ကွမ်းယာဆိုင်တဆိုင်တွင်ကွမ်းဝယ်နေသော
အစ္စလာမ်ဘာသာဝင်လူငယ်တဦးအား ကားတစီးမှလူ၁၅ယောက်ခန့်ဝင်ရောက် ရိုက်နပ်မှုဖြစ်ပွားခဲ့တယ်။
ဖြစ်ပွားပုံမှာအစ္စလာမ်ဘာသာဝင်ကွမ်းယာဆိုင်တွင် ဗုဒ္ဓဘာသာဝင်လူငယ်တဦးနှစ်အစ္စလာမ်ဘာ
သာဝင်လူငယ် တို့ ၂ဦးကွမ်းဝယ်နေစဉ်
၃၁..၃..၂၀၁၄။ ၁၂း၃၀ ည တွင်တောင်ဥက္ကလာ ၇ ရက်ကွက်ကွမ်းယာဆိုင်တဆိုင်တွင်ကွမ်းဝယ်နေသော
အစ္စလာမ်ဘာသာဝင်လူငယ်တဦးအား ကားတစီးမှလူ၁၅ယောက်ခန့်ဝင်ရောက်
ဖြစ်ပွားပုံမှာအစ္စလာမ်ဘာသာဝင်ကွမ်းယာဆိုင်တွင်
သာဝင်လူငယ် တို့ ၂ဦးကွမ်းဝယ်နေစဉ်
ရခိုင်အမျိုးသမီးပြောပြတဲ့ ရခိုင်အမျိုးသားများအကြောင်း
RangonNewsDaily: March . 31 .2014
ဒီနေ့မနက်ပိုင်းက ကျွန်တော့ကျူရှင်ကို အမေတစ်ယောက်က သူ့သားကိုကျူရှင်လာအပ်တယ်။ စကား
အနည်းငယ် ဝဲတဲ့အတွက် မေးကြည့်တော့ရခိုင်လူမျိုးစစ်စစ်ပါတဲ့။စကားပြောကြရင်း ရခိုင်ပြည်နယ်ရဲ့မငြိမ်
မသက်မှုတွေ အကြောင်းရောက်သွားတော့ သူ့အမြင်ကိုအတော်လေး ပွင့်ပွင့်လင်းလင်းပြောပြတယ်။

Sunday, March 30, 2014
နယူးယောက်တွင် မြန်မာအစိုးရနှင့် ပုဂ္ဂလိက အကြီးတန်းအရာရှိ ၂၀ ကို ခေါင်းဆောင်မှု သင်တန်းပေး
RangonNewsDaily: March . 30 .2014
မြန်မာနိုင်ငံရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာနတို့နှင့် စီးပွားရေး နယ်ပယ်မှ အရာရှိ ၂၀ ဦးကို နယူးယောက်မြို့တွင် GE ကုမ္ပဏီ ယခုလဆန်းပိုင်းအတွင်း ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုသင်တန်း ပေးခဲ့ကြောင်း GE ၏ အာဆီယံဒေသဆိုင်ရာ အမှုဆောင် အရာရှိချုပ် Stuart Dean က ပြောကြားသည်။

လေယာဉ်ပေါ်မှာ ဆဲလ်ဖုန်း အသုံးပြုခွင့်ကို ပိတ်ပင်ရသလဲ
RangonNewsDaily: March . 30 .2014
အရင်ကဆိုရင် လေယာဉ်ပေါ်မှာ ဆဲလ်ဖုန်း အသုံးပြုခွင့်ကို ပိတ်ပင်ပါတယ်။ ယခုအချိန်ထိလည်း နိုင်ငံအများစုမှာ ပိတ်
ပင်ထားဆဲ ဖြစ်ပါတယ်။ အကြောင်းအရင်းက ဒီလို ဖြစ်ပါတယ်။အကယ်၍ တစ်ယောက်ယောက်က လေယာဉ်ပေါ်မှာ

ဖုန်းပြောရင် ထိုခိုက်စေမယ့် ယူနစ် သုံးခု ရှိပါတယ်။ အဲဒါတွေကတော့
BBC မြန်မာပိုင်း အစီအစဉ်ကို MNTV ရုပ်သံလိုင်းမှ ပထမဆုံး ထုတ်လွှင့်မည်
RangonNewsDaily: March . 30 .2014
ဗြိတိန်နိုင်ငံအခြေစိုက် BBC မြန်မာပိုင်း အစီအစဉ်များကို မြန်မာနေရှင်နယ်တီဗီ MNTV Chennel က ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း ပထမဆုံး ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း ရွှေသံလွင်ကုမ္ပဏီမှ တာဝန်ရှိသူ ဦးရဲမင်းဦးက ပြောကြားသည်။
အဆိုပါ BBC မြန်မာပိုင်း အစီအစဉ်များကို ဧပြီလ ပထမပတ်အတွင်း စတင် ထုတ်လွှင့်မည် ဖြစ်ပြီး တနင်္လာမှ သောကြာနေ့ ည ၈ နာရီ ၄၅ မိနစ်မှ ၈ နာရီ ၅၅ မိနစ်အထိ ၁၀ မိနစ်စာ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

သပိတ်မှောက်မှုရှိနေသော်လည်း စစ်တွေရှိ ဘင်္ဂါလီရွာအချို့ သန်းခေါင်စာရင်းထည့်ရန် ပြင်ဆင်
RangonNewsDaily: March . 30 .2014
မြန်မာတစ်နိုင်ငံလုံး မတ်လ ၃၀ ရက်(ယနေ့)စကောက်မည်ဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူမှုကို ရခိုင်မြို့ကြီးများက သပိတ်မှောက်မှုများရှိနေခဲ့ပြီး တစ်ဖက်တွင်လည်း စစ်တွေမြို့နယ်ရှိ ဘဂါလီကျေရွာအချို့နှင့် ဘင်္ဂါလီဒုက္ခသည်စခန်းအချို့တွင် သန်းခေါင်စာရင်းကောက်ယူမှုကို စောင့်ဆိုင်းနေကြသည်။
ကိုရီးယားမှာ ကြော်ငြာ ရိုက်ကူးခဲ့တဲ့ မိုးစက်ဝိုင်
RangonNewsDaily: March . 30 .2014
ကိုရီးယားမှာ ကြော်ငြာ ရိုက်ကူးခဲ့တဲ့ မိုးစက်ဝိုင်အမေရိကန်နိုင်ငံ ကို ၃ ပတ် အလည် သွားခဲ့ပြီး ကိုရီးယား မှာ ၁၁ ရက်လောက် ကြော်ငြာ များသွား ရောက် ရိုက်ကူးခဲ့တဲ့ မိုးစက်ဝိုင်က မတ်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံ ကိုရောက်ရှိ လာခဲ့ပါတယ်။ အမေရိက ကို အလည် သွားဖြစ်ခဲ့ပုံနဲ့ ကိုရီးယား မှာ ကြော်ငြာ ရိုက်ကူးမှု အတွေ့အကြုံ များကို မိုးစက်ဝိုင်က..