Pages

Sunday, March 30, 2014

အာဆင်နယ်၏ ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်ကို အဆုံးသတ်ရန် ရည်ရွယ်ထားကြောင်း ပယ်လီဂရီနီ ပြောကြား


RangonNewsDaily: March . 30 .2014
မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ် ပယ်လီဂရီနီက အာဆင်နယ်၏ ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်ကို အဆုံးသတ်ရန်
ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
လန်ဒန်အသင်းသည် လတ်တလောတွင် ခြေစွမ်းကျဆင်းလျက်ရှိပြီး ချယ်ဆီးကို ၆-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို အိမ်ကွင်း အမ်းမရိတ်တွင်
လည်း ဆွမ်ဆီးနှင့် ၂ ဂိုးစီ သရေကျခဲ့သည်။ ထို့နောက် အသင်းနှစ်သင်း တွေ့ဆုံမည့် ပွဲစဉ်တွင် မိမိအသင်းက အာစင်ဝင်းဂါး၏ ပရီး
မီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်ကို အဆုံးသတ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပယ်လီဂရီနီက ဆိုခဲ့သည်။

“စနေနေ့ပွဲနဲ့ လက်ကျန်ပွဲ နှစ်ပွဲကို အနိုင်ရခဲ့မယ်ဆိုရင် ကျွန်တော်တို့ အာဆင်နယ်ကို ၁၂ မှတ် ဖြတ်ထားနိုင်ပါပြီ။ ဒါဟာ အရေးပါတဲ့ ခြားနားချက်ပါ။ ၆ မှတ်ဆိုရင်တောင် တော်တော်ကြီးကို ကွာဟနေပါပြီ။ ဒီပွဲဟာ ၆ မှတ် ကွာခြားမှု ရှိ မရှိ အဖြေထွက်မယ့်ပွဲပါ။ ပရီး

မီးယားလိဂ် နောက်ဆုံးပွဲ မဟုတ်သလို ချန်ပီယံ အဆုံးအဖြတ်ပေးမယ့် ပွဲလည်း မဟုတ်ပါဘူး။ ဒီပွဲကို ကျွန်တော်တို့ အနိုင်ရခဲ့ရင်
တော့ ချန်ပီယံဆုအတွက် အကြီးမားဆုံး ခြေလှမ်းတစ်လှမ်း လှမ်းနိုင်ပြီလို့ ဆိုရမှာပါ” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

လက်ရှိတွင် အာဆင်နယ်သည် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ရှိ ချယ်ဆီးနှင့် ၆ မှတ်ကွာဟနေပြီး စီးတီးမှာလည်း ချယ်ဆီးထက် နှစ်ပွဲလျော့ ကစားကာ သုံးမှတ် ကွာဟလျက်ရှိသည်။

Soccer Myanmar , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment