Pages

Monday, July 9, 2012

နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်(၁၅/၂၀၁၂) ဒုတိယ၀န်ကြီးများ ပြောင်းလဲ တာဝန်ပေးခြင်း


ဒုတိယဝန်ကြီးများပြောင်းလဲတာဝန်ပေးခြင်း (အမိန့်အမှတ်၊ ၁၅/၂၀၁၂) (၉-၇-၂၀၁၂)
Photo: ဒုတိယဝန်ကြီးများပြောင်းလဲတာဝန်ပေးခြင်း (အမိန့်အမှတ်၊ ၁၅/၂၀၁၂) (၉-၇-၂၀၁၂)



နိုင်ငံတော်သမ္မတရုံးအမိန့်အမှတ်(၁၅/၂၀၁၂) ဒုတိယ၀န်ကြီးများ ပြောင်းလဲ တာဝန်ပေးခြင်း

ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေများကို အမိန့်ကြော်ငြာစာ အမှတ် ၃၆၄/ ၂၀၁၂ ၊ ဇူလိုင်လ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်


Photo: ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခွင့်ဆိုင်ရာ နည်းဥပဒေများပြဌာန်း


 ပြည်ထဲရေးဝန်ကြီးဌာနသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေများကို အမိန့်ကြော်ငြာစာ အမှတ် ၃၆၄/ ၂၀၁၂ ၊ ဇူလိုင်လ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ဥပဒေပုဒ်မ ၂၄ ၊ပုဒ်မခွဲ(က)အရ အပ်နှင်းသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အဆိုပါ နည်းဥပဒေများကိုထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ နည်းဥပဒေများတွင် အခန်း ၄ ခန်း ဖော်ပြပါရှိပြီး   အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်။ခွင့်ပြုမိန့်လျှောက်ထားခြင်း။
ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ငြင်းပယ်ခြင်းနှင့် အယူခံဝင်ခြင်း နှင့် အထွေထွေ အခန်းတို့ဖြစ်ကြောင်းသိရသည်။

အဆိုပါအခန်းများတွင်ဖော်ပြပါရှိချက်များအရ ငြိမ်းချမ်းစွာစုဝေးခွင့်ကိုဖြစ်စေ၊စီတန်းလှည့်လှည်ခွင့်ကိုဖြစ်စေ၊ 
ရရှိလိုသူသည် သက်ဆိုင်ရာပုံစံဖြင့် ဆောင်ရွက်လိုသည့်နေ့ရက်မတိုင်မီ ၅ ရက်ကြိုတင်၍  သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံလျှောက်ထားရမည်ဖြစ်ကြောင်း၊ မြို့နယ်တစ်ခုထက်ကျော်လွန်ဆောင်ရွက်လိုပါက ဆောင်ရွက်လိုသော မြို့နယ်အားလုံး၏သက်ဆိုင်ရာမြို့နယ်ရဲမှူးများထံလျှောက်ထား
ရမည်ဖြစ်ကြောင်းသိရသည်။

 အဆိုပါ တင်ပြချက်များကို သက်ဆိုင်ရာမြို့နယ်၊ခရိုင်၊ တိုင်းဒေသကြီး၊ပြည်နယ်ရဲတပ်ဖွဲ့မှူးများသို့အဆင့်ဆင့်တင်ပြပြီး
 နိုင်ငံတော်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးသို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသော ဥပဒေများနှင့် 
မဆန့်ကျင်လျှင် ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်းမပြုရ ဟု ဖော်ပြထားကြောင်းသိရသည်။

အဆိုပါ နည်းဥပဒေများကို ကျင်းပလျှက်ရှိသော လွှတ်တော်သို့တက်ရောက်လျှက်ရှိသည့် ကိုယ်စားလှယ်များကိုပေးဝေထားပြီးဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ

 နည်းဥပဒေများကို အမိန့်ကြော်ငြာစာ အမှတ် ၃၆၄/ ၂၀၁၂ ၊ ဇူလိုင်လ ၅ ရက် ရက်စွဲဖြင့်

 ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ဘုရင့်နောင် ရဲစခန်းတွင် လူသတ်မှုနှင့်ပတ်သက်ပြီး စစ်ဆေးခံနေရသူတစ်ဦး အမှုစစ်နေစဉ်အတွင်း သေဆုံး



ဘုရင့်နောင်ရဲစခန်းအတွင်း၌ အသက် ၃၉ နှစ်အရွယ် ဦးမျိုးမြင့်ဆွေ(ခ) ကုလားကြီး ဆိုသူသည် လူသတ်မှုတစ်ခုနှင့်ပတ်သက်၍ မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခံနေရစဉ်သဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရ
ည်။

ဒုသမ္မတ အရည်အချင်း ဒေါ်စုပြောဆို


Photo: ဒုသမ္မတ အရည်အချင်း ဒေါ်စုပြောဆို

ဒုတိယသမ္မတ အဖြစ် တင်မြှောက်ခံရမယ့်သူဟာ အမျိုးသားပြန်လည် သင့်မြတ်ရေး နဲ့ ရင်ကြားစေ့ရေးကို ဆောင်ရွက် ကြိုးပမ်းမယ့်သူ
 ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဒီကနေ့ ပြောဆိုတယ်လို့ သိရပါတယ်။ 

လွှတ်တော် အစည်းအဝေးကို ပထမဆုံးနေ့အဖြစ် တက်ရောက်စဉ်
 ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းထောက် တွေ မေးမြန်းတာကို
 ဖြေကြားခဲ့တာပါ။ 

ဒီအတောအတွင်း ဒုတိယ သမ္မတနေရာ အစားထိုးဖို့ အတွက် လက်ရှိ မြန်မာ့တပ်မတော် မှာ တာဝန်ထမ်းဆောင်ဆဲ ကာကွယ်ရေး ၀န်ကြီးဌာနက ကြည်းရေလေ ညှိနှိုင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်း သို့မဟုတ် ဗိုလ်ချုပ် စိုးဝင်းတို့ကို အဆိုပြုနိုင်တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေပြုရေး ကော်မီတီ အတွင်းရေးမှူး ဦးစောလှထွန်းကို ကိုးကားပြီး Bloomberg သတင်းက ရေးသားပါတယ်။ 

ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ချုပ် ဦးဌေးဦးတို့ဟာလည်း
 ဖြစ်နိုင်ခြေရှိတဲ့ စာရင်းထဲမှာ ပါတယ်လို့ ဆိုပါတယ်။ 

လစ်လပ်သွားတဲ့ ဒုတိယသမ္မတ နေရာ အတွက် မနက်ဖြန် ဇူလိုင်လ ၁၀ ရက် နောက်ဆုံးထား ရွေးချယ် တင်မြှောက်ပေးရမယ်လို့လည်း သိရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့ခင်းပိုင်း လွှတ်တော် အစည်းအဝေး ခေတ္တ နားချိန်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နဲ့ ခေတ္တ တွေ့ဆုံ စကားပြောခဲ့ သလို သတင်းထောက်တွေနဲ့လည်း
 တွေ့ဆုံခဲ့ပါတယ်။ 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်မှာ အဆို တင်သွင်းဖို့ အစီအစဉ်တွေ မဆုံးဖြတ်ရသေးကြောင်း သတင်းထောက်တွေကို
 ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိ လွှတ်တော်ဟာ ပြီးခဲ့တဲ့ သီတင်းပတ် ဗုဒ္ဓဟူးနေ့ ဇူလိုင်လ ၄ ရက်နေ့ က စတင်ကျင်းပခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဥရောပ ခရီး ပင်ပန်းမှုကြောင့် ခွင့်ယူခဲ့ပြီး ဒီကနေ့မှ လွှတ်တော် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။
ယနေ့လွတ်တော်ထဲမှ အမေစု

ဒုတိယသမ္မတ အဖြစ် တင်မြှောက်ခံရမယ့်သူဟာ အမျိုးသားပြန်လည် သင့်မြတ်ရေး နဲ့ ရင်ကြားစေ့ရေးကို ဆောင်ရွက် ကြိုးပမ်းမယ့်သူဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဒီကနေ့ ပြောဆိုတယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံ ကော့သောင်း ဒေသမှာ ဖမ်းဆီး ထိမ်းသိန်းခံထားရတဲ့ ထိုင်း နိုင်ငံသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထိုင်း ဗိုလ်ချုပ်ကြီးယနေ့ပြောကြား





နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ကြောင်း ဖော်ပြတဲ့ အနေနဲ့မြန်မာနိုင်ငံ ကော့သောင်း ဒေသမှာ ဖမ်းဆီး 


ထိမ်းသိန်းခံထားရတဲ့ ထိုင်း နိုင်ငံသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထိုင်း ဗိုလ်ချုပ်ကြီး Prayuth Chan-


ochai က ဒီကနေ့ ပြောလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ဖော်ပြ ပါတယ်။

မင်္ဂလာဒုံမြို့နယ်မှာ ရွာသားတွေဆန္ဒပြ


Photo: မင်္ဂလာဒုံမြို့နယ်မှာ ရွာသားတွေဆန္ဒပြ
2012-07-09

ဇေကမ္ဘာကုမ္ပဏီရဲ့ မြေယာသိမ်းယူခံထားရတဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်
 ရွှေနံ့သာကျေးရွာက ရွာသူ ရွာသား (၅၀) ကျော်ဟာ ဒီကနေ့ နေ့လည်ပိုင်း
က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

ဒီကိစ္စကို အာဏာပိုင်ဘက်တွေက ထိထိရောက်ရောက် အရေးယူ
 ဆောင်ရွက်ပေးတာ မရှိတဲ့အတွက် စုဝေး ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး
 တောင်းဆိုချက်တွေ မရမချင်း ဆက်လက်ဆန္ဒပြသွားမယ်လို့ ရွှေနံ့သာ ရွာသူတစ်ဦးက ဆန္ဒပြပွဲမှာ RFA ကို အခုလို ပြောပါတယ်။

"ကျွန်မတို့ ခံစားရတာပေါ့နော်။ ကျွန်မတို့လယ်တွေကို ကျွန်မတို့ ပြန်လုပ်ချင်
တယ်ပေါ့ အမှန်က။ သူတို့ ဒီအမှုခင်းကို မပြေလည်သရွေ့ ကျွန်မတို့ ဒီလိုပဲ ဆန္ဒပြသွားဦးမှာပဲ"

ရွှေနံ့သာကျေးရွာက လယ်ယာမြေ (၈၁၅) ဧက သီးစားချထားမှုနဲ့ ပတ်သက်
လို့ တောင်သူ (၈၄) ဦးရဲ့ တင်ပြချက်တွေကို အာဏာပိုင်တွေဘက်က စိစစ်ခဲ့ကြောင်း၊ တင်ပြတဲ့ တောင်သူ ၈၄ ဦးအပြင် တောင်သူ (၁၀၄) ဦးကို တစ်ဧကကို (၃) သိန်းနှုန်းနဲ့ ကရုဏာကြေးပေးချေပြီး ဇေကမ္ဘာ ကုမ္ပဏီ
အပေါ် လွှဲပြောင်းပေးမှုကို နှစ်ဘက် သဘောတူညီခဲ့တဲ့အပြင် ဇေကမ္ဘာ ကုမ္ပဏီကို သီးစား ပြန်လည် ချပေးခဲ့ကြောင်း ရွှေနံ့သာ ကျေးရွာ
အုပ်ချုပ်ရေးမှူးရုံးက ဇွန်လ (၆) ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအမိန့်အပေါ် ကျေနပ်မှုမရှိရင် ရက် (၃၀) အတွင်း မြို့နယ်အိုးအိမ်
ဦးစီးဌာနထံ အယူခံဝင်နိုင်တယ်လို့လည်း အမိန့်မှာ ဖော်ပြထားပါတယ်။

ဒီအမိန့်ကို မကျေနပ်တဲ့အတွက် တောင်သူတွေ ဒီကနေ့ စုဝေး ဆန္ဒပြခဲ့ကြ
တာဖြစ်ပြီး တောင်းဆိုမှုတွေ မရဘူးဆိုရင် ခရိုင်အထိ အဆင့်ဆင့် အယူခံ ၀င်သွားမယ်လို့ တောင်သူတွေက ပြောပါတယ်။

သိမ်းယူထားတဲ့ လယ်မြေတွေအတွက် လက်ရှိပေါက်ဈေးရဲ့ (၁၀) ရာခိုင်နှုန်း
ကို နစ်နာကြေးပေးရေး၊ တကယ်လို့ နစ်နစ်ကြေး မပေးဘူးဆိုရင် သိမ်းယူ
ထားတဲ့ လယ်မြေတွေ ပြန်ပေးဖို့နဲ့ ဇေကမ္ဘာ ကုမ္ပဏီထံက လက်ခံရယူ
ထားတဲ့ ကရုဏာကြေး (၃)သိန်းကိုလည်း ပြန်အမ်းဖို့ တောင်သူတွေဘက်က ကမ်းလှမ်း တောင်းဆိုထားကြောင်းလည်း သိရပါတယ်။

ဇေကမ္ဘာကုမ္ပဏီရဲ့ မြေယာသိမ်းယူခံထားရတဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရွှေနံ့သာကျေးရွာက ရွာသူ ရွာသား (၅၀) ကျော်ဟာ ဒီကနေ့ နေ့လည်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် (ALA) တပ်သားများစစ်သင်တန်း ဆင်းပွဲ ကျင်းပ

 
ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် (ALA) တပ်သားများ၏ အခြေခံ စစ်သင်တန်း ဆင်းပွဲ တစ်ခုကို ယခုလ ၇ ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၇) နယ်မြေတွင် ပြုလုပ်ခဲ့သည်။

ပုဒ်မ ၁၄၄ နှင့် ငြိစွန်း၍ ထောင် (၆)လစီ ချမှတ်ခံရသူ စစ်တွေတွင် ၃၁ ဦးရှိသွားပြီ


ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင်  ပုဒ်မ ၁၄၄ ထုတ်ပြီး နောက်ပိုင်းတွင် ၎င်းအမိန့်ကို မလိုက်နာသော စွပ်စွဲချက်ဖြင့်  ဖမ်းဆီး ထိန်းသိမ်းသူများကို ဇူလိုင်လ ၂ ရက်နေ့မှ စတင်ပြီး ထောင်ချ နေရာ အခုအခါ ထောင်ချခံရသူ ၃၁ ဦး ရှိသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ရဟန်းတော်များနှင့် ရခိုင် ပြည်နယ် အစိုးရ ထိပ်တိုက်တွေ့

 
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ရဟန်းတော်များ ဖွဲစည်းထားသော အဖွဲ့အစည်းကို တရားမ၀င် အကြမ်းဖက် လုပ်ငန်းများ လုပ်ကိုင်ရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ကြောင်း ပြည်နယ် ၀န်ကြီးချုပ်မှ စွပ်စွဲ ပြောကြားပြီးနောက် ရဟန်းတော်များနှင့် ပြည်နယ် အစိုးရ အကြားတွင် ဆက်ဆံရေး တင်းမာ နေကြောင်း သတင်း ရရှိသည်။

ရာသီတုပ်ကွေးဖျားရက်ရှည်က နောက်ဆက်တွဲရောဂါများဖြစ်လာနိုင်

 
ရာသီအပြောင်းအလဲကြောင့်အဖြစ်များသော တုပ်ကွေး(ခေါ်)ရာသီတုပ်ကွေးရောဂါမှာ ဖျားရက် ရှည်ပါက ကလေးများ၌သွေးလွန်တုပ်ကွေးဖြစ်ပွားတတ်ပြီး လူကြီးများ၌ ဆင်တုပ်ကွေး(ခေါ်) ဂျပန် တုပ်ကွေးစသည့် အကျိုးဆက်ရောဂါများဖြစ်ပေါ်နိုင်ကြောင်း ဆရာဝန်များထံက သိရှိရသည်။ 

မကွေးတိုင်း သရက်မြို့ နယ်က လက်ယက်ရေနံတူးဖော်တဲ့လုပ်ကွက်မှာ မီးလောင်မှုဖြစ်ပွား ဆုံးရှုံးသွားရတဲ့ နစ်နာမူတွေအတွက် ကုမ္ပဏီက လျှော်ကြေး မပေးသေး

မကွေးတိုင်း သရက်မြို့ နယ်က လက်ယက်ရေနံတူးဖော်တဲ့လုပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးသွားရတဲ့ နစ်နာကြေးတွေအတွက် တောင်းဆိုထားပေမယ့် သက်ဆိုင်ရာ ကုမ္ပဏီက လျှော်ကြေး
မပေးသေးဘူးလို့ သိရပါတယ်။

WFP အကူအညီအား စစ်တွေမြို့ရွှေစေတီကျောင်းတိုက် ကျောင်းထိုင် ဆရာတော်က ငြင်းပယ်

 Photo: WFP အကူအညီအား စစ်တွေမြို့ ရွှေစေတီဆရာတော်မှ ငြင်းပယ်

ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်တွေကို စားနပ်ရိက္ခာ အကူအညီတွေ
 ပေးနေတဲ့ WFPရဲ့ အကူအညီကို စစ်တွေမြို့က နာမည်ကျော်
 ရွှေစေတီကျောင်းတိုက် ဒုက္ခသည်စခန်း ကျောင်းထိုင် ဆရာတော်က မနေ့က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

စစ်တွေမြို့ပေါ်က ဒုက္ခသည်ပေါင်း (၄၀၀) ကျော် ခိုလှုံနေတဲ့ ရွှေစေတီ ဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က မနေ့ညနေပိုင်းက ဆန်အကူအညီတွေ လာရောက်
 ပေးအပ်ရာမှာ ဆရာတော်က ငြင်းပယ်လိုက်တဲ့ အတွက် ကူညီရေး
ပစ္စည်းတွေ ရွှေစေတီကျောင်းကို ရောက်ရှိပြီးကာမှ  ပြန်လည် သယ်ယူခဲ့ရတယ်လို့လည်း သိရပါတယ်။ 

အခုလို ငြင်းဆို လိုက်ရတာနဲ့ ပတ်သက်ပြီး ကျောင်းထိုင်ဆရာတော် အရှင်အရိယဝံသက RFA ကို အခုလို မိန့်ပါတယ်။

"ဘုန်းဘုန်းတို့ အခု ငြင်းဆိုတာကတော့ မျှတမှု မရှိတာ တခုရယ်၊
 နောက် သေသေချာချာ ဒုက္ခသည်ကို စာရင်းစိစစ်မှု မရှိတာရယ်၊
 နောက်ပြီးတော့ ရခိုင်တိုင်းရင်းသားတွေအပေါ်မှာ ပေးချင်ကမ်းချင်စိတ်တွေ မရှိပါဘူး သူတို့။ ဒါကြောင်း ဘုန်းဘုန်းတို့က သဘာဝ မကျဘူးဆိုပြီးတော့
 ငြင်းလိုက်တာ ဖြစ်ပါတယ်။"

ရခိုင်ပြည်နယ်အတွင်း အကူအညီတွေပေးနေတဲ့ အင်န်ဂျီအိုတွေဟာ လူ့အခွင့်အရေး ခေါင်းစဉ်ဖြင့် အကူအညီတွေ လာရောက်ပေးနေကြတာ
 ဖြစ်ပေမယ့် ရခိုင်ပြည်နယ် အတွင်းမှာ လာရောက် ကူညီပေးတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဒေသခံ ရခိုင်လူမျိုးတွေထက် ဘင်္ဂါလီ
မွတ်စလင်တွေကိုပဲ အကူအညီ ပေးနေတာဖြစ်တယ်လို့ ဆရာတော်က ဆက်လက် မိန့်ပါတယ်။	

လွန်ခဲ့တဲ့ ဇွန်လ (၃) ရက်နေ့ကလည်း မောင်တောမြို့မှာရှိတဲ့ အလိုတော်ပြည့်
 ဘုန်းတော်ကြီးကျောင်း ဒုက္ခသည် စခန်းသည်ကို လာရောက်ပြီး အကူအညီတွေပေးခဲ့ကြတဲ့ အင်န်ဂျီအို တစ်ချို့ကို ကျောင်းထိုင် ဆရာတော်တွေက အလားတူ ငြင်းပယ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်အတွင်း ဇွန်လ (၈) ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု တစ်လပြည့်မြောက်တဲ့နေ့ အထိမ်းအမှတ် အဖြစ် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ကျောက်တော်၊ ဘူးသီးတောင်၊ 
 မောင်တော၊ မြောက်ဦးစတဲ့ မြို့နယ်တွေမှာ မနက်ပိုင်းက စတင်ပြီး သာသနာ့အလံတွေကို မိမိတို့ရဲ့ နေအိမ်တွေ၊ လမ်းဆုံလမ်းဝတွေ ယာဉ်တွေပေါ်မှာ စိုက်ထူထားခဲ့ကြပါတယ်။

တစ်ချို့ကျေးလက်ဒေသတွေမှာတော့ ပဋိပက္ခတွေအတွင်း သေဆုံးသွားကြ
တဲ့ ရခိုင်လူမျိုးတွေ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေ
 ပြုလုပ်ခဲ့ကြတယ် လို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်တွေကို စားနပ်ရိက္ခာ အကူအညီတွေ ပေးနေတဲ့ WFPရဲ့ အကူအညီကို စစ်တွေမြို့က နာမည်ကျော် ရွှေစေတီကျောင်းတိုက် ဒုက္ခသည်စခန်း ကျောင်းထိုင် ဆရာတော်က မနေ့က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့အနီးမှာ မြန်မာစစ်တပ်က စစ်ကားသုံးစီး 8.7.2012 နေ့လည်ပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့အနီးမှာ မြန်မာစစ်တပ်က စစ်ကားသုံးစီး 8.7.2012  နေ့လည်ပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့်သိရပါတယ်။

DNS Changer အမည်ရှိ malware ကွန်ပျူတာဗိုင်းရပ်စ် ပျံ့နှံ့လျက်ရှိ




ကမ္ဘာတစ်ဝန်းတွင် DNS Changer malware ကူးစက်တိုက်ခိုက်ခံထားရသည့် ကွန်ပျူတာအရေအတွက်မှာ ၃၀၀,၀၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း ABC News တွင် ဖော်ပြသည်။ အမေရိကန်ပြည်ထောင်စုတွင် DNS Changer အမည်ရှိ malware အမျိုးအစား ကွန်ပျူတာဗိုင်းရပ်စ် ဝင်ရောက်တိုက်ခိုက်ခြင်း ခံထားရသည့် ထောင်ပေါင်းများစွာသော ကွန်ပျူတာများမှာ တနင်္လာနေ့ (ဇူလိုင် ၉ ရက်) မှစ၍ အင်တာနက် အသုံးပြုနိုင်မည် မဟုတ်ကြောင်း သိရသည်။ 

ပုဂ္ဂလိကဘဏ် ၁၁ ခုကို ဇူလိုင် ၉ ရက်မှစ၍ နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ပြု



ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၁ ခု တွင် နိုင်ငံခြားငွေဖြင့် စာရင်းဖွင့်ခွင့်ကို ဗဟိုဘဏ်က ဇူလိုင် ၉ ရက်တွင် စတင်လုပ်ကိုင်ခွင့်ပြုထားကြောင်း ပုဂ္ဂလိကဘဏ် အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။