RangonNewsDaily: April . 17 .2014
ရခိုင်ပြည်နယ်ပဋိပက္ခတွေနဲ့ ရိုဟင်ဂျာ ( ဘင်္ဂါလီ) မွတ်စလင် လူနည်းစုတွေအကြောင်း သတင်း ရေးသားတင်ပြခဲ့တဲ့ Reuters သတင်းဌာနမှ Jason Szep နဲ့ Andrew R.C. Marshall တို့နှစ်ဦးကို ၂၀၁၄ ခုနှစ်အတွက် ပူလစ်ဇာဆု ချီးမြှင့် လိုက်ပါတယ်။
သူတို့ နှစ်ဦးရဲ့ သတင်းတွေဟာ မြန်မာနိုင်ငံမှာဆိုရင် အကျဉ်းကျနိုင်တဲ့ ရေးသားတင်ပြချက်တွေဖြစ်ပြီး၊ သတင်းပို့မှု တွေဟာလည်း ထူးချွန်ပြတ်သားရဲရင့်မှုတွေ ရှိတဲ့အတွက် အခုလို ဆုချီးမြှင့်တာဖြစ်တယ်လို့ ဆုရွေးချယ်ရေး အဖွဲ့က ဆိုပါတယ်။