Pages

Monday, March 11, 2013

"အနုပညာသူခိုးများနှင့် စာဖတ်ဖို့လိုနေသေးသည့် အယ်ဒီတာများ"

"အနုပညာသူခိုးများနှင့် စာဖတ်ဖို့လိုနေသေးသည့် အယ်ဒီတာများ"


နန်းအသင်္ခယာဆိုတာ သူတစ်ပါးကို ဆဲဖို့မပြောနဲ့ လေသံမာမာတောင် မပြောဖြစ်တဲ့အထဲမှာ ပါပါတယ်။ ဒါပေမယ့် မျက်စိရှေ့မှာ အမြင်မတော်တဲ့ကိစ္စတစ်ခုက ကန့်လန့်ကြီးလာခံတော့ တောက်ခေါက်မိတာ 
အကြိမ်ပေါင်းများစွာပါပဲ ..။
စာသူခိုးတွေကိစ္စပါ ..။ ဘာဖြစ်လို့များ ဒီလောက် အောက်တန်းကျရတာလဲ
ဆိုတာလဲ စဉ်းစားလို့ကို မထွက်နိုင်တော့ဘူး။ ပြောတော့ မီဒီယာကျင့်ဝတ်
ဆိုတာကို ပါးစပ်ဖျားက မချပါဘူး။ အစကတော့ ငြိမ်နေပါသေးတယ်။ အခုက
တစ်ခါလည်းမဟုတ် နှစ်ခါလည်း မဟုတ်။ စာရေးဆရာတွေ အနုပညာသမား
တွေကို သံပုရာသီးတွေ ရှောက်သီးတွေလို သဘောထားနေတာတော့ ..
မဖြစ်သင့်ဘူးထင်ပါတယ်။

ဖြစ်စဉ်(၁)က လွန်ခဲ့တဲ့လကဖြစ်သွားတဲ့ကိစ္စ ...
ကိုလင်းအောင်ပြည့်ဆိုတဲ့ ကဗျာဆရာ ဓာတ်ပုံဆရာတစ်ယောက်ရဲ့ အထင်
ကရဓာတ်ပုံဖြစ်တဲ့ ရွှေတိဂုံစေတီတော်ပုံကြီး (ကာယကံရှင်က ဘလော့မှာ
လည်း တင်ပြီး) အဲဒါကို Reporter ဂျာနယ်က ခပ်တည်တည်နဲ့ ရေစာကို
ဖျက်ပြီး သူတို့ ဆောင်းပါးတစ်ပုဒ်မှာ သုံးပါတယ်။ ဓာတ်ပုံဆရာနာမည်ကို
ရုပ်တည်ကြီးနဲ့ ဆောင်းပါးရေးသူရဲ့နာမည်နဲ့အုပ်ထားပါတယ်။ 

"ဟ ..ပိုင်လှချည်လား။ ဒါဆိုပြီးပြီပေါ့ .." ဒီလိုလုပ်လိုက်ရင် ကာယကံရှင်နဲ့
တခြားသိသူတွေက ငပြိန်းတွေဆိုတော့ မသိဘူးထင်တယ်လို့ တွက်တယ်
ထင်ပါတယ်။ ဒီတော့ ငပြိန်းတွေကဖြစ်တဲ့ ကာယကံရှင်နဲ့အသိုင်းအ၀ိုင်းက
ပြောတော့ ဟိုလိုလို သည်လိုလိုနဲ့ နောက်တစ်ပတ်ဂျာနယ်မှာ တောင်းပန်စာ
လေးပါလာပါတယ်။ တကယ့်ဘုရားစူးတောင်းပ်န်စာလေးပါ။ ရေးထားတာ
ကလည်း မလိမ့်တစ်ပတ်ခေါ်မလား လက်တစ်လုံးခြားခေါ်မလားမသိဘူး။
အေးအေးနေချင်တဲ့လူဆိုတော့လည်း ကာယကံရှင်က ဘာမှထပ်မပြောပါ
ဘူး။

ဟော ..အခုလာပြန်ပြီ ...။

ကျမရဲ့ချစ်လှစွာသော စာပေမောင်နှမဖြစ်သည့် မောင်ငယ်လေး ကိုဟိန်း
ရဲ့ကဗျာကို မျက်နှာပြောင်တိုက်ပြီး ခေါင်းစဉ်ပြောင်းခိုးထားသည့်
ပြည်သူ့ဆန္ဒဆိုသည့် ဂျာနယ်။

ရှက်တတ်ရင် လဲသေလို့ရပါသည်။ အသက်နှစ်ဆယ်မျှရှိသေးသည့် ကဗျာ
ဆရာလေး၏ ကဗျာကို အယ်ဒီတာအမည်ခံ ဆရာကြီးတွေက အဘယ်သို့
များ အကြောင်းကြောင်းကြောင့် အခုလိုလုပ်ရတာလဲ သိချင်လှပါသည်။

ကျမကတော့ ရှင်းသည်။ ဒီလို အနုပညာသူခိုးများကို လုံးဝ လုံးဝ ရှုတ်ချပါသည်။ ကာယကံရှင် ကိုဟိန်းကို ကိုယ်ချင်းစာသည်။ ဒီကိစ္စမှာ
ပုဂ္ဂိုလ်မင်လို့ တရားခင်ပြီး မခံမရပ်နိုင်ဖြစ်နေတာမဟုတ်ဘဲ၊ စာရေးသူတစ်
ယောက်၏ အနုပညာကို ခိုးသည့် အနုပညာသူခိုးတို့၏လုပ်ရပ်ကို ကန့်ကွက်
ခြင်းသာ ဖြစ်ပါသည်။

https://www.facebook.com/photo.php?fbid=577493582263370&set=p.577493582263370&type=1&comment_id=2005741&ref=notif&notif_t=like&theater

အထက်ပါ လင့်ခ်မှာ မူရင်းလင့်ခ်ဖြစ်ပါသည်။ 

အနုပညာသူခိုးများအား .. စာဖတ်သူပရိသတ်များမှ ကူညီဆန့်ကျင်ပေးကြ
ဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။

ဂျာနယ်တစ်စောင်ကို ဦးစီးနေသည့် အယ်ဒီတာများကို စာများများဖတ်ဖို့၊
သူတစ်ပါး အနုပညာပစ္စည်းကို တန်ဖိုးထားတတ်ဖို့လိုကြောင်း ..အသိပေးလိုက်ပါသည် ...။


နန်းအသင်္ခယာ

ဓာတ်ပုံကို မူရင်းလင့်ခ်မှ ကူးယူဖော်ပြပါသည်။

‎ဒီတစ်ခေါက်ပြောချင်တာကစာသူခိုးတွေကိစ္စပါ ..။ ဘာဖြစ်လို့များ ဒီလောက် အောက်တန်းကျရတာလဲ
ဆိုတာလဲ စဉ်းစားလို့ကို မထွက်နိုင်တော့ဘူး။ ပြောတော့ မီဒီယာကျင့်ဝတ် ဆိုတာကို ပါးစပ်ဖျားက မချပါဘူး။ အစကတော့ ငြိမ်နေပါသေးတယ်။ အခုက တစ်ခါလည်းမဟုတ် နှစ်ခါလည်း မဟုတ်။ စာရေးဆရာတွေ အနုပညာသမား တွေကို သံပုရာသီးတွေ ရှောက်သီးတွေလို သဘောထားနေတာတော့ .. မဖြစ်သင့်ဘူးထင်ပါတယ်။

ဖိနိုပ်မှုများကြောင့် ရိုပာင်ဂျာများ ပြည်ပ ခိုးထွက်ရန် ကြိုးပမ်းမှုများ တိုးပွားလာနေ

ဖိနိုပ်မှုများကြောင့် ရိုပာင်ဂျာများ ပြည်ပ ခိုးထွက်ရန် ကြိုးပမ်းမှုများ တိုးပွားလာနေ

ရခိုင်ပြည်နယ်ပဋိပက္ခ — ၀၉ မတ်လ ၂၀၁၃
သတင်း – မိုးကြယ်စင်

ရန်ကုန်၊မတ် ၇

ရခိုင်ပြည်နယ်အတွင်းက ဖိနိုပ်ခံ ရိုဟင်ဂျာတွေကို မလေးရှားနိုင်ငံဘက် ထွက်ပြေးဖို့အတွက် န.စ.က တွေနဲ့ ပွဲစားအချို့ပေါင်းပြီး တုံကင်ရောင်းတာတွေ၊ စက်လှေစီစဉ်ပေးတာတွေ ပြုလုပ်ပေးနေတယ်လို့ဒေသခံတွေက myanmarmuslim.net သို့ပြောကြားခဲ့ပါတယ်။

“နှစ်ရက်နေ့က ဒိတ်နဲ့သုံးစီးထွက်သွားတယ်။ လူခြောက်ယောက်လောက် ပါသွားတယ်။ န.စ.ကရယ်၊ ပွဲစားတွေရယ်ပေါင်းပြီး လုပ်နေတာ” လို့စစ်တွေမြို့မှ ရိုပာင်ဂျာဒေသ ခံတစ်ဦးကဆိုပါတယ်။

န.စ.က နဲ့ ပွဲစားတွေပေါင်းပြီး ဒေသခံ ရိုဟင်ဂျာတွေကို မလေးရှားနိုင်ငံကို ထွက်ပြေးဖို့ စီစဉ်ပေးနေတယ်လို့ သိရပါတယ်။ ဒီလိုထွက်ပြေးမှုဟာ အာမခံချက် မရှိပဲစိုးရိမ်စရာ အခြေအနေတစ်ရပ် ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီလိုထွက်ပြေးဖို့ စီစဉ်ပေးတာတွေကြောင့် ရိုဟင်ဂျာ လူမျိုးပျောက်မှာတောင် စိုးရိမ် ရတယ်လို့ ဆိုပါတယ်။

ပွဲစားတွေအနေနဲ့ မော်တော်တစ်စီးကို ငွေကျပ်သုံးသိန်းဆယ် န.စ.က တွေကိုပေးသွင်းရပါတယ်။ မလေးသွားလိုတဲ့ ရိုဟင်ဂျာတွေကို ပွဲစားတွေကို တစ်ယောက်ကို ငါးသိန်းဝန်းကျင် ကောက်ခံပါတယ်။ ဆယ်နှစ်အောက် ကလေးငယ်တွေကိုတော့ ကျပ်နှစ် သိန်းခွဲ ကောက်ခံပါတယ်။ မော်တော်ပေါ် တက်ရောက်ဖို့ တုံကင်ကိုတော့ န.စ.က တွေက တုံကင်တစ်ခုကို ကျပ်နှစ်သောင်းခွဲကောက်ခံ တယ်လို့သိရပါတယ်။

မတ်လ (၂) ရက်နေ့ကမလေးရှားနိုင်ငံကို ဒါးပိုင်ရှိ ဘောဂါဒီယားဆိပ်ကနေ မော်တော်သုံးစီးထွက်ခွာခဲ့ ပါတယ်။ အဆိုပါမော်တော် သုံးစီးတွင် အသက် ၂၅နှစ်ဝန်းကျင် အမျိုးသမီး ၄၅ယောက်၊ အသက်၁၉-၂၀ ၀န်းကျင် အမျိုးသမီး ၃၇ယောက်၊ ၅နှစ်အောက်ကလေးငယ် ၄၁ယောက်နဲ့ အမျိုးသားအယောက် ၄၀၀ ၀န်းကျင်ရှိတယ်လို့သိရပါတယ်။

အထက်ပါအတိုင်းပြည်ပ နိင်ငံခိုးထွက်ဖို့ အားပေးကူညီ လုပ်နေသူတွေပာာ ဒါးပိုင် နဲ့ ဆေးသမားအုပ်စု အခြေစိုက် န.စ.က တွေက အများဆုံးပဲ ဖြစ်တယ်လို့လည်း နယ်မြေကျွမ်းကျင်တဲ့ ရိုပာင်ဂျာ တစ်ဦးက စွပ်စွဲထားပါတယ်။

ရိုဟင်ဂျာတွေအနေနဲ့ ဇွန်လအရေးခင်းနောက်ပိုင်း တရားဝင်လုပ်ကိုင် စားသောက်လို့ မရတော့တဲ့ အခြေအနေ၊ အနေအစား ကျပ်တည်း လာမှုတွေကြောင့် မလေးရှာနိုင်ငံကို ထွက်ပြေးရခြင်း ဖြစ်တယ်လို့ ဒေသခံ တွေကဆိုပါတယ်။.

“အဓိက ကတော့ န.စ.ကန်ပွဲစားတွေကို အရေးမယူလို့ကတော့ ဒီအတိုင်းဖြစ်နေဦးမှာပဲ၊ ဒီလုပ်ရပ်ကြောင့် ကမ္ဘာအလယ်မှာ မြန်မာအရှက် ရစရာပဲဖြစ်မယ်။” လို့စစ်တွေဒေသခံ ရိုဟင်ဂျာတစ်ဦးက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ န.စ.က တွေဟာရိုဟင်ဂျာတွေ အပေါ် အဖက်ဖက်မှနှိပ်စက်မှုတွေ၊ ဖိနှပ်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်တွေဒေသခံတွေ အနေနဲ့ န.စ.က ကို လုံးဝအလိုမရှိဘူးလို့ သိရပါတယ်။

မြန်မာနိင်ငံမှာ ရိုပာင်ဂျာလူမျိုးတွေကို နည်းလမ်းမျိုးစုံနဲ့ ဖိနိုပ်ညှင်းပမ်းမှုတွေ ရှိနေတာကြောင့် ရခိုင်ပြည်နယ်ရှိ ရိုပာင်ဂျာလူမျိုးတွေပာာ မလေးရှား နိင်ငံနဲ့ ထိုင်းနိင်ငံ ဘက်ကို နှစ်စဉ်ထောင်ချီ ထွက်ပြေးမှုတွေ ရှိနေတယ်လို့လည်း ပြည်ပ သတင်းဌာန တွေရဲ့ ဖေါ်ပြချက်တွေ အရသိရပါတယ်။

ယမန်နှစ် အတွင်းဖြစ်ပွားခဲ့တဲ့ ရခိုင်(မောဂ်)-ရိုပာင်ဂျာ ပဋိပက္ခ မှာ ရိုပာင်ဂျာတွေရဲ့ ပျက်စီးဆုံးရှုံး မှုတွေပာာ တိုင်းရင်းသားအဖြစ် သတ်မှတ်ခံထားရတဲ့ ရခိုင်(မောဂ်)တွေထက် ၁၀ ဆကျော်ပိုမိုများပြားခဲ့ ပေမဲ့ထောက်ပံ မှုတွေကိုတော့ တန်းတူ မရရှိခဲ့ကြောင်းလည်း သိရပါတယ်။

ရခိုင်ပြည်နယ် ထောက်ပံမှုလို့ ခေါင်းစဉ်တပ်ထားတဲ့ ပြည်တွင်းလှုဒါန်းမှုတွေပာာ ရခိုင်(မောဂ်)တွေထံသာ အားလုံးနီးပါး ရောက်ရှိနေတာ ဖြစ်ပါတယ်။

ထောက်ပံမှုတွေကို ပဋိပက္ခဖြစ်ပွားရာ လူမျိုးစု ၂ခုလုံးကို ပေးအပ်မယ်လို့ ကြေညာခဲ့တဲ့ အိုအိုင်စီ အဖွဲ့ကို ဆန့်ကျင်တဲ့ အုံကြွမူတွေလည်း ယမန်နှစ် တော်သလင်းလမှာ အရှိန် အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

အထက်ပါ ဖြစ်ရပ်တွေကြောင့် ရိုပာင်ဂျာတွေ အနေနဲ့ ပြည်ပနိုင်ငံ အချို့ထံ ထွက်ပြေးခိုလှုံမှုတွေ တိုးပွားလာရတာလို့လည်း


ရခိုင်ပြည်နယ်အတွင်းက ဖိနိုပ်ခံ ရိုဟင်ဂျာတွေကို မလေးရှားနိုင်ငံဘက် ထွက်ပြေးဖို့အတွက် န.စ.က တွေနဲ့ ပွဲစားအချို့ပေါင်းပြီး တုံကင်ရောင်းတာတွေ၊ စက်လှေစီစဉ်ပေးတာတွေ ပြုလုပ်ပေးနေတယ်လို့ဒေသခံတွေ
က myanmarmuslim.net သို့ပြောကြားခဲ့ပါတယ်။“နှစ်ရက်နေ့က ဒိတ်နဲ့သုံးစီးထွက်သွားတယ်။ လူခြောက်
ယောက်လောက် ပါသွားတယ်။ န.စ.ကရယ်၊ ပွဲစားတွေရယ်ပေါင်းပြီး လုပ်နေတာ” လို့စစ်တွေမြို့မှ ရိုပာင်ဂျာ
ဒေသ ခံတစ်ဦးကဆိုပါတယ်။

ပြန်/ဆက် ဒု ညွှန်မှူးကို ဌာနတွင်း အမိန့်ချတော့မည်

ပြန်/ဆက် ဒု ညွှန်မှူးကို ဌာနတွင်း အမိန့်ချတော့မည်
Monday, March 11, 2013

ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးဝင်း အား ကားလမ်းပြောင်းပြန်
မောင်းပြီး ပိုက်ကျော်ခြင်း လက်ရွေးစင် ကစားသမား ၃ ဦး စီးလာသည့် ဆိုင်ကယ်အား ဝင်တိုက်ခဲ့မှုဖြင့် ၎င်း၏ ဌာနက စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်နေပြီး ယခုလ ၁၃ ရက်နေ့တွင် အမိန့်ချမှတ်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဦးမျိုးဝင်းကို ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်/ဆက် ဦးစီးဌာနက ဌာနတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စစ်ဆေးနေခြင်း ဖြစ်ပြီး အဆိုပါ စစ်ဆေးချက်များမှ ရရှိလာသည့် အချက်အလက်များနှင့် အခင်းဖြစ်ပွားမှု
ဖြစ်စဉ်အပေါ် မူတည်၍ ပြစ်ဒဏ် သက်ရောက်မည် ဖြစ်ကြောင်း ပြန်/ဆက် ဦးစီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက ပြောသည်။

“ကျနော်တို့ ရုံးတွင်း စစ်ဆေးရေး အဖွဲ့ကတော့ သူ့ (ဦးမျိုးဝင်း) ကို စစ်ဆေးနေစဲပါ၊ ဘယ်လို ပြစ်ဒဏ်မျိုးလဲ ဆိုတာကတော့ စစ်ဆေးဆဲ အချိန်မှာပဲ ရှိသေးတဲ့အတွက် ကျနော်တို့အနေနဲ့ ဘာမှ ပြောလို့မရသေး ပါဘူး။ စစ်ဆေးချက်တွေအပြီး ဗုဒ္ဓဟူးနေ့ကျရင်တော့ အမိန့်ချမှာပါ။ ကျနော်တို့ ဌာနကလည်း ဝန်ထမ်း စည်းမျဉ်းအရ အရေးယူ ဆောင်ရွက် သွားမှာပါ” ဟု ဦးမြင့်ထွေးက ဧရာဝတီသို့ ပြောသည်။

အမှုစစ်ဆေးစဉ် ကာလအတွင်း ဦးမျိုးဝင်း၏ ဌာနလုပ်ငန်းတာဝန်များ ကိုလည်း ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

ယခုလ ၂ ရက်နေ့က ဇဗ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညို လမ်းမကြီးပေါ်ရှိ မြဝတီ ဆီဆိုင်အနီးတွင် ပဏာမ မြန်မာ့ လက်ရွေးစင် ပိုက်ကျော်ခြင်း ကစားသမား ၃ ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား ဦးမျိုးဝင်းက လမ်းပြောင်းပြန် မောင်းပြီး ဝင်တိုက်ခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့နှင့် နေပြည်တော် ယာဉ်ထိန်း ရဲတပ်ဖွဲ့က ပြောဆိုထားသည်။

ထိုအမှုဖြင့်ပင် နေပြည်တော် ယာဉ်ထိန်း ရဲတပ်ဖွဲ့က ဇဗ္ဗူသီရိမြို့နယ်ရှိ အမှတ် (၅) ရဲစခန်းတွင် ပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် တိုင်ကြားထားပြီး အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဦးမျိုးဝင်းကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ယင်းအမှုကို ကိုယ်တိုင် စစ်ဆေးပြီး တရားလိုအဖြစ် အမှုဖွင့်ထားသူ ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဒုရဲအုပ် ကျော်ကျော်နိုင်က ပြောသည်။

“ဦးမျိုးဝင်းက တဖက်လူတွေရဲ့ ယာဉ်ကြောကို ဝင်ရောက်တိုက်တဲ့
အတွက် နစ်နာသူတွေရဲ့ ကိုယ်စား ကျနော်က တရားလို လုပ်ပြီးတော့ အမှုဖွင့်ခဲ့တာပါ။ ဆေးစာတွေ အကုန်လုံး စုံပြီး ရဲလုပ်ငန်းပြီးတာနဲ့ ဥပဒေရုံးကို အကြံတောင်း တင်ပြီး ခွင့်ပြုချက် ရတာနဲ့ တရားစွဲမယ်။ သူတို့ဆီကိုလည်း ခွင့်ပြုချက် တောင်းရဦးမှာလေ။ ညွှန်ကြားရေးမှူးဆိုတော့ အကြောင်းကြားစာကတော့ ဖြစ်ပြီး နောက်တနေ့မှာပဲ ပို့ထားပြီးပါပြီ” ဟု ဒုရဲအုပ် ကျော်ကျော်နိုင်က ဧရာဝတီသို့ ပြောသည်။

ဒဏ်ရာရရှိသွားသော ပိုက်ကျော်ခြင်း အားကစားသမား ၃ ဦးသည်
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (SEA Game) အတွက် ပဏာမ လက်ရွေးစင်အဖြစ် ရွေးချယ်ထားသူများ ဖြစ်ပြီး နေပြည်တော်တွင် စခန်းသွင်း လေ့ကျင့်ရေး ကာလတွင် ယခုကဲ့သို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း
ဖြစ်ကြောင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရေးအဖွဲ့ ဦးစီးအရာရှိ ဦးထွဋ်ခိုင်လွင်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကစားသမား ၃ ဦးအား နေပြည်တော် ကုတင် ၁ ထောင်ဆံ့
ဆေးရုံကြီးတွင် ပွန်းပဲ့ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူခဲ့ရာမှ ၂ ဦးမှာ သက်သာလာပြီ ဖြစ်သဖြင့် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်နေပြီဖြစ်ကြောင်း ကျန်တဦးမှာလည်း တလခန့် အနားယူပြီးလျှင် လေ့ကျင့်ခန်း
ပြန်ဆင်းနိုင်ဖွယ်ရှိကြောင်း အဆိုပါကစားသမား ၃ ဦး၏ မိခင် အဖွဲ့အစည်းဖြစ်သော ရန်ကုန် ပိုက်ကျော်ခြင်း အဖွဲ့ချုပ်၏
အတွင်းရေးမှူး ဗိုလ်ကြီး ကျော်ဇင်မိုးက ပြောသည်။

“နှစ်ယောက်ကတော့ ပွန်းပဲ့ရုံပဲ ဆေးရုံကဆင်းလာပြီ၊ လေ့ကျင့်ခန်း
ပြန်ဆင်းနိုင်တဲ့ အနေအထား ရောက်နေပါပြီ။ ကျန်တဲ့ တယောက် ကတော့ ပေါင်မှာ ထိထားတော့ တလလောက်တော့ အနားယူရဦးမှာပေါ့။ သူတို့ ဆီးဂိမ်းပြိုင်ပွဲကို ဝင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဗိုလ်ကြီး ကျော်ဇင်မိုးက ဧရာဝတီသို့ ပြောသည်။

အမှုကြေအေးရန် ဦးမျိုးဝင်းက ဒဏ်ရာရ အားကစားသမားများ၏ သက်ဆိုင်သူများနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ရှိကြောင်း၊ သို့သော်လည်း ၎င်းတို့အနေဖြင့် တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်သာ ဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ဘက်က ပြောသည်။

အမှုဖြစ်စဉ် နောက်ဆုံး အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းရန် ဦးမျိုးဝင်းကို ဧရာဝတီက ဆက်သွယ်သော်လည်း မရပေ။

ကျော်ခ
ဧရာဝတီ

RND:  :11.3.2013

ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးဝင်း အား ကားလမ်းပြောင်းပြန် မောင်းပြီး ပိုက်ကျော်ခြင်း လက်ရွေးစင် ကစားသမား ၃ ဦး စီးလာသည့် ဆိုင်ကယ်အား ဝင်တိုက်ခဲ့မှုဖြင့် ၎င်း၏ ဌာနက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ယခုလ ၁၃ ရက်နေ့တွင် အမိန့်ချမှတ်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို ယနေ့ညနေ၄နာရီခွဲမှာ နိုင်ငံတော် သမ္မတထံတင်သွင်း

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ 
အပြီးသတ်အစီရင်ခံစာ နိုင်ငံတော် သမ္မတထံတင်သွင်း
Monday, March 11, 2013

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်က ၎င်းတို့ရဲ့ အပြီးသတ်အစီရင်ခံ စာကို ဒီနေ့ ညနေ လေးနာရီခွဲမှာ နိုင်ငံတော် 
သမ္မတထံ တင်သွင်းခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

အစီရင်ခံစာအပြည့်အစုံကို မနက်ဖြန်ထုတ်နေ့စဉ်သတင်းစာများမှာ
ဖော်ပြ ပေးမှာဖြစ်ပါတယ်။

စုံစမ်းရေးစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် အကောင်အထည်
ဖော်ဆောင်ရွက်ဖို့အတွက် ကော်မတီတစ်ရပ်ကိုလည်း နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ ၂၈/ ၂၀၁၃ နဲ့ ဖွဲ့စည်းပေးခဲ့ ပါတယ်။

အထက်ပါအမိန့်ကြော်ငြာစာအပြည့်အစုံကိုလည်း မနက်ဖြန်ထုတ်
နေ့စဉ် သတင်းစာများမှာဖော်ပြပေးမှာဖြစ်ပါတယ်။

Ye Htut
(ပြန်ကြားရေး ဒုတိယဝန်ကြီး)


Monday, March 11, 2013

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်က ၎င်းတို့ရဲ့ အပြီးသတ်အစီရင်ခံ စာကို ဒီနေ့ ညနေ လေးနာရီခွဲမှာ နိုင်ငံတော် သမ္မတထံ တင်သွင်းခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ အစီရင်ခံစာအပြည့်အစုံကို မနက်ဖြန်ထုတ်နေ့စဉ်သတင်းစာများမှာ ဖော်ပြ ပေးမှာဖြစ်ပါတယ်။

နယူးဇီလန်က ပညာရှင်များ တီထွင်အောင်မြင်သွားတဲ့ ဆံပင်မှာရွှေသွင်းခြင်း သီအိုရီ

ဆံပင်မှာရွှေသွင်းမယ်
Monday, March 11, 2013

နယူးဇီလန်က ပညာရှင်များ တီထွင်အောင်မြင်သွားတဲ့ အလှအပ သီအိုရီ တစ်ခု ဖြစ်ပါတယ်။ ဆံပင်မှာ တကယ်ရွှေသွင်းလို့ ရသွားပါပြီ။

ဟိုးအရင်အချိန်က ဂရိနဲ့ ရောမတို့မှာ ဆံပင်ငွေသွင်းတာတို့လုပ်ခဲ့ တယ်လို့ ဆိုပါတယ်။ ဆံပင်ရွှေသွင်းတာကတော့ ယခု ရက်ပိုင်းမှ နယူးဇီလန် ပညာရှင်တို့ တီထွင်လိုက်တာ ဖြစ်ပါတယ်။

ဆံပင်ထဲ ရွှေသွင်းတာ ၆ နာရီကြာပြီး တကယ်ရွှေရောင်လက်လက်ထွက်လာ ဖို့ကျတော့ ၁၆ ရက်ကြာမြင့်မှာ ဖြစ်ပါတယ်။ တကယ့်ရွှေရောင်အတိုင်းထွက် ပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိအောင် ကြိုးစားဖန်တီးထားပေမယ့် အချို့ ကတော့ မယုံကြည်ကြသေးပါဘူး။

ဆံပင်ကို အပေါ်ယံရွှေဆိုးရုံမဟုတ်ပဲ ခေါင်းသားအတွင်းက အရင်းဆဲလ် အထိတောင် ရွှေထည့်တာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ထပ် ဆံပင်ပေါက်ရင်တောင်ရွှေရောင်ပဲ ပေါက်ပါတယ်။ ဒီအတွက် ရွှေသွင်းဖို့ ကုန်ကျတဲ့ တန်ဖိုးက ဒေါ်လာ ၃၀ ဝန်းကျင်ပဲ ရှိပါတယ်။ ရွှေပမာဏ နည်းနည်းလေးပါ။

ရွှေမှာ ပါတဲ့ သတ္တုဓာတ်တစ်မျိုးဟာ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်စွမ်း ရှိတယ်ဆိုတာကို သိရှိပြီးနောက် သောက်ဆေးအပြင် အလှအပဆိုင်ရာ ပစ္စည်းများမှာအထိ ရွှေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။ ယခု နောက်ထပ် နည်းလမ်းတစ်မျိုးကတော့ ဆံပင်မှာ ရွှေသွင်းခြင်း ဖြစ် ပါတယ်။ မကြာမီရေပန်းစားလာဖို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
-
http://blog.techspace.com.mm/2013/03/blog-post_11.html

--
TechSpace Journal

RND:  :11.3.2013
နယူးဇီလန်က ပညာရှင်များ တီထွင်အောင်မြင်သွားတဲ့ အလှအပ သီအိုရီ တစ်ခု ဖြစ်ပါတယ်။ ဆံပင်မှာ တကယ်ရွှေသွင်းလို့ ရသွားပါပြီ။ဟိုးအရင်အချိန်က ဂရိနဲ့ ရောမတို့မှာ ဆံပင်ငွေသွင်းတာတို့လုပ်ခဲ့ တယ်လို့ ဆိုပါတယ်။ ဆံပင်ရွှေသွင်းတာကတော့ ယခု ရက်ပိုင်းမှ နယူးဇီလန် ပညာရှင်တို့ တီထွင်လိုက်တာ ဖြစ်ပါတယ်။

ဆယ်အိမ်ခေါင်း က ပါးရိုက် ၊ ခြေနဲ့ ကန် ကာ အနိုင့်ကျင့်

မန္တလေး(၁၁-၃-၂၀၁၃)
ပုသိမ်ကြီးမြို့နယ် နန်းဦးလွင် ကျေးရွာအုပ်စု၊ ကုန်းတန်းလေးကျေးရွာမှ ဆယ်အိမ်ခေါင်း ကိုကိုအောင်က ကိုသိန်းစောမင်းကို ပါးဘယ်ပြန်ညာပြန်ရိုက်၊ ရင်ဝကို ခြေနဲ့ကန်ကာ အနိုင်ကျင့်မှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

မန်း တံတားဦးတွင် မျက်မမြင်မိခင်အားလုပ်ကြွေးနေသူမိန်းကလေးတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ဒေသခံများ တောင်းဆို ဆန္ဒထုတ်ဖော်

မန်း တံတားဦးတွင် မျက်မမြင်မိခင်အားလုပ်ကြွေးနေသူမိန်းကလေးတစ်ဦး
အသတ်ခံရမှုနှင့်ပတ်သက်၍ ဒေသခံများ တောင်းဆို ဆန္ဒထုတ်ဖော်

မန္တလေး-မတ်၁၁
 မန်းတိုင်းဒေသကြီးတံတားဦးရဲ့စခန်းရှေ့တွင်ယနေ့မနက်က
မျက်မမြင်အသက်၇၀ကျော်မိခင်အားလုပ်ကြွေးနေသူမိန်းကလေးတစ်ဦး
အသတ်ခံရမှုနှင့်ပတ်သက်၍
 ဒေသခံများ၏တောင်းဆို ဆန္ဒထုတ်ဖော်မှုတစ်ခုဖြစ်ခဲ့ကြောင်းသိရသည်။ 
အဆိုပါဖြစ်စဉ်မှာ ယခုလ ၈ရက်နေ့တွင် တံတားဦးမြို့ရှိ မြင်း
ဝန်သုသန်ထဲတွင် လူသေအလောင်းတစ်လောင်းတွေ့ရှိခဲ့ပြီး အဆိုပါ
အဆိုပါလူသေအလောင်းမှာ တံတားဦးမြို့ တွင် နေထိုင်သူ မစန်းစန်းဝင်း(ခ)
မဂွတိုဖြစ်ကြောင်း၊ မုဒိမ်းကျင့်၊ လူသတ်ကာ၊ လုယက်မှုများ
ကျူးလွန်ထားခံရပြီး တရားခံဆိုသူအား အဆိုပါနေ့တွင် နေ့ချင်းဖမ်းမိကြောင်းသိရသည်။
လူသတ်တရားခံဟု ယူဆရသူ ကို----သည် မြို့သာ မြို့
လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် သေဆုံးသူထံမှ ရယူထားသည့် နားကပ်၊
လက်စွပ်နှင့်အတူ ဖမ်းမိထားပြီးဖြစ်ဖြစ်ကြောင်း သိရသည်။
  အဆိုပါသေဆုံးသူ မစန်းစန်းဝင်း(ခ)မဂွတိုမှာ မျက်မမြင်အသက်၇၀ကျော်
မိခင်အားလုပ်ကြွေးနေပြီး အတန်းပညာကောင်းစွာမရှိခြင်း၊ စကားမပီခြင်း၊
မိခင်အား ခေါင်းရွက်ဈေးသည်အဖြစ် ဈေလှည့်လည်ရောင်းကာ
ကျုံရာကျပန်းလုပ်ကိုင်ပြီး မိခင်အားလုပ် ကြွေးနေသူဖြစ်သောကြောင့်
စာနာစိတ်ဖြင့် အခုလိုတောင်းဆိုရခြင်းဖြစ်ကြောင်း ဆန္ဒထုတ် ဖော်ရာတွင်
ပါဝင်သူများထံမှ သိရသည်။
     ဒါမလုပ်သင့်ပါဘူး။ ဒီအမျိုးသမီးက မိခင်မျက်မမြင်ကြီးကို
လုပ်ကြွေးနေတာ။ စာတောင်ကောင်းကောင်း တတ်တာမဟုတ်ဘူး။
 သေဒဏ်ပေးသင့်တယ်ဟုဒေသခံတစ်ဦးက ပြောသည်။
        အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တံတားဦးမြို့နယ်ရဲစခန်းမှ
တရားခံအား ပုဒ်မ ၃၀၂၊ ၃၉၂တို့ဖြင့် အရေးယူထားပြီး
တရားခံအားထိန်းသိမ်းထားကြောင်း ဥပဒေအတိုင်းဆက်လက်လုပ်ဆောင်သွားမည်ဖြစ်
ကြောင်း တာဝန်ကျ ရဲမှူးက ပြောသည်။
            ဒီအမှူအတွက် အထက်ကတော့ ဘာမှ မညွှန်ကြားသေးဘူး။ မနက်က
သူတို့ဆန္ဒကို တောင်းဆိုတဲ့လူ ပါသလို တရားခံကို
ရုံးထုတ်မယ်ဆိုလို့မြင်ဘူးချင်လို့ လာကြည့်တဲ့ သူတွေလည်း ပါတယ်။
ဥပဒေအတိုင်း လုပ်ဆောင်သွားမှာပါ ဟု အဆို ရဲမှူးက ပြောသည်။သတင်း-ဖိုးလပြည့်၊ဓာတ်ပုံ - ဒိုးကြီး
ဓာတ်ပုံ - ဒိုးကြီး
မန္တလေး-မတ်၁၁
မန်းတိုင်းဒေသကြီးတံတားဦးရဲ့စခန်းရှေ့တွင်ယနေ့မနက်က မျက်မမြင်အသက်၇၀ကျော်မိခင်အားလုပ်ကြွေးနေသူမိန်းကလေးတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ဒေသခံများ၏တောင်းဆို ဆန္ဒထုတ်ဖော်မှုတစ်ခုဖြစ်ခဲ့ကြောင်းသိရသည်။

စစ်အစိုးရ ရာဇဝတ်မှုများနှင့် ပတ်သတ်၍ လက်ရှိအစိုးရနှင့် NLD အပေါ် ကုလ ဝေဖန်

တနင်္လာနေ့၊ မတ်လ ၁၁ ရက် ၂၀၁၃ ခုနှစ်

ယခင် စစ်အစိုးရ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို သက်ဆိုင်သူများက တာဝန်ယူမှု ရှိလာစေရေး အတွက်
 မြန်မာနိုင်ငံ အနေဖြင့် ဆက်လက်ဆောင်ရွက်သင့်သော်လည်း၊ အရပ်သားအသွင် ကူးပြောင်းထားသည့် လက်ရှိမြန်မာ အစိုးရက သာမက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အတိုက်အခံများကပါ ထိုကဲ့သို့
ဆောင်ရွက်ကြရန် ဆန္ဒမရှိဘဲ ဖြစ်နေကြသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂ္ဂ လူ့အခွင့်အရေး အထူး
ကိုယ်စားလှယ် က သောကြာနေ့က ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းဌာနတွင် ဖော်ပြထားသည်။

အစာအိမ်သွေးကြောပေါက် ရောဂါဖြင့် ပါရမီ အဆင့်မြင့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် နန်းဆုရတီစိုး

အစာအိမ်သွေးကြောပေါက် ရောဂါဖြင့် ပါရမီ အဆင့်မြင့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် နန်းဆုရတီစိုး

နန်းဆုရတီစိုးက အစာအိမ် သွေးကြော ပေါက်သွားတဲ့ အတွက် မတ်လ ၅ ရက်နေ့၊ သန်းခေါင် ၁၂နာရီမှာ ပါရမီ အဆင့်မြင့် ဆေးရုံမှာ တက်ရောက် ဆေးကုသ ခံယူ နေ တယ်လို့ သိရပါတယ်။

မတ်လ ၆ ရက်နေ့၊ မနက် ၁၁နာရီမှာ ဒေါက်တာ ရွှေပေါ် က ခွဲစိတ် ကုသပေးခဲ့တဲ့ အတွက် ကျန်းမာရေး အခြေအနေ စိုးရိမ်စရာ မရှိဘဲ ကောင်း မွန်နေပြီဖြစ်ပါတယ်။

“နန်းဆုက နေပြည်တော်မှာ ဆီးဂိမ်းကြော်ငြာ သွားရိုက်ဖို့ မနက် ၅ နာရီ သွားရောက် မှာကို ည ၁၁ နာရီလောက် ဗိုက်အောင့်လာတာ၊ မခံနိုင်တော့ လူးလှိမ့် အောင် ငိုနေရတာ၊ အဖေကလည်း ရောက်နေတော့ တော်ေ သးတယ်။ အနီးဆုံး ဆေးရုံ ပါရမီမှာပဲ တက်လိုက်တာ၊ ဆေးရုံအုပ်ကြီး ကအစ၊ တာဝန်ကျ ဆရာ၊ ဆရာမ တွေ အကုန်လုံး က ဂရုစိုက်ပေးကြတယ်။

သက်သာရင် ပြန်မလို့ပဲ၊ မသက် သာတာနဲ့ ဓာတ်မှန် ရိုက်ကြည့်ပြီး မနက်ရောက် မှ ခွဲဖြစ်တာ၊ အစာအိမ်က အစား အသောက် မမှန်တော့ နာနေတာ ကြာပြီ၊ နည်းနည်း လျစ်လျူရှု ထားသလို ဖြစ်သွားတာပါ။ အဲဒီလိုဖြစ်ပြီး နောက်ပိုင်း အစာစားတိုင်း ဗိုက်အောင့်တယ်။ ကိုယ့်ဆီမှာ ရှိတဲ့ ဆေးမြီး တိုတွေနဲ့ ပဲ ကုသလို ဖြစ်နေတာ။ ကံကောင်းတာက ခရီး မသွားခင် ဆိုတော့ တော်သေးတယ်” လို့ပြောပါတယ်။ နန်းဆုရတီစိုး က မတ်လ ၉ ရက်နေ့မှာ စိုးသူ နဲ့ ကြော်ငြာ ရိုက်ကူးဖို့ ရှိပေမယ့် ဆေးရုံ တက်နေ ရတာကြောင့် ရိုက်ကူးရေး ပျက်သွားပြီး နေပြန်ကောင်းလာတာ နဲ့ အနုပညာ အလုပ်တွေကို သေသေချာချာ ဆက်တိုက်ပြန်လုပ် သွားမှာ ပါလို့ ပြောပြပါတယ်။

မေမွန်မောင်
Re-Post By ACM 11-3-2013
အေးချမ်းမွန် Credit to >> Popular Journal<< Thank