Pages

Monday, December 10, 2012

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းသို့ BOPHA တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုကြောင့် လူ ၁,၄ဝဝ ဦး သေဆုံး၊ သို့မဟုတ် ပျောက်ဆုံးမှု ဖြစ်ပွား

Photo: ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းသို့ BOPHA တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းသို့ Bopha တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ် ခဲ့မှုကြောင့် လူ ၁,၄ဝဝ ဦး သေဆုံး၊ သို့မဟုတ် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပြီး နောက်ရက်များစွာ အကြာတွင် အဆိုပါ မုန်တိုင်းသည် ဒီဇင်ဘာလ ၉ ရက် နေ့တွင် ဖိလစ်ပိုင် နိုင်ငံသို့ ပြန်လည် ဦးတည် လာခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့မှု ကြောင့် ရေကြီးမှုများ ဖြစ်ပေါ် လာနိုင်မှုနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရ ပါသည်။

စစ်ဘက်နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသော ဒေသခံ ကယ်ဆယ်ရေး အဖွဲ့များသည် ရေကြီးမှု များ ဖြစ်ပေါ် လာနိုင်မှု အတွက် ဒေသခံများအား ကူညီပေးရန် အသင့် ပြင်ဆင်ထားကြောင်း သိရှိရ ပါသည်။ ပြီးခဲ့သော သီတင်းပတ်တွင် Bopha တိုင်ဖွန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ် ခဲ့မှုကြောင့် လူ ၅၄၈ ဦး သေဆုံး ခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့ ပါသည်။ အဆိုပါ မုန်တိုင်းသည် နိုင်ငံ တောင်ပိုင်းရှိ Mindanao ကျွန်းသို့ ဝင်ရောက် တိုက်ခတ် ခဲ့သည့်အတွက် သေဆုံးသူ အများစုမှာ ၎င်းဒေသမှ ဖြစ်ကြောင်း၊ ထို့ပြင် နေအိမ်များ ပျက်စီးသွားသော လူ ၁၇၈,ဝဝဝ မှာလည်း အစိုးရ၏ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင် နေကြရကြောင်း သိရှိရ ပါသည်။

http://www.myawady.net.mm/allnews/global/item/1299-2012-12-10-17-00-17

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းသို့ Bopha တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ် ခဲ့မှုကြောင့် လူ ၁,၄ဝဝ ဦး
သဆုံး၊ သို့မဟုတ် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပြီး နောက်ရက်များစွာ အကြာတွင် အဆိုပါ မုန်တိုင်းသည် ဒီဇင်
ဘာလ ၉ ရက် နေ့တွင် ဖိလစ်ပိုင် နိုင်ငံသို့ ပြန်လည် ဦးတည် လာခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့မှု ကြောင့်
 ရေကြီးမှုများ ဖြစ်ပေါ် လာနိုင်မှုနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရ ပါသည်။

လိင်ပညာပေး 'ညှို့'မဂ္ဂဇင်းကို စာနယ်ဇင်း ကောင်စီက ခေါ်ယူ

Photo: လိင်ပညာပေး 'ညှို့'မဂ္ဂဇင်းကို စာနယ်ဇင်း ကောင်စီက ခေါ်ယူ

    10 December 2012  | 
   
လိင်ပညာပေး 'ညှို့'မဂ္ဂဇင်းကို စာနယ်ဇင်း ကောင်စီက ခေါ်ယူလိင်ပညာပေး မဂ္ဂဇင်း ဟုဆိုသော 'ညှို့' မဂ္ဂဇင်းကို မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီက ဒီဇင်ဘာလ ၄ ရက်နေ့၌ ခေါ်ယူထားကြောင်း ယင်းမဂ္ဂဇင်း အယ်ဒီတာချုပ် ကိုဦးဆွေက ပြောသည်။

"ကောင်စီကလည်း ကိုယ့်အပေါ်မှာ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့မထင်ပါဘူး၊ ပျော့ပျော့ပျောင်းပျောင်းနဲ့ ညှိနှိုင်းဆွေးနွေးမယ့် အနေအထားပါပဲ" ဟု ကိုဦးဆွေက ဆိုသည်။ စာနယ်ဇင်းကောင်စီကျင့်ဝတ်များတွင် မြန်မာ့ယဉ်ကျေးမှုနှင့်သက်ဆိုင်သော ကျင့်ဝတ် ပါဝင်သောကြောင့် ညှို့မဂ္ဂဇင်း ကို ခေါ်ယူခြင်း ဖြစ်နိုင်ကြောင်း စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်ကပြောသည်။

"ဖက်ရှင်အနေနဲ့ ခွင့်ပြုထားပြီး လိင်ပညာပေးမဂ္ဂဇင်းထုတ်တာမျိုးကတော့ ကောင်စီနဲ့တိုက် ရိုက်မဆိုင်ပါဘူး၊ ဒါကတော့ ဌာနဆိုင်ရာကိစ္စပါ"ဟု ၄င်းကဆိုသည်။ ညှို့မဂ္ဂဇင်းကို မြန်မာပြည်တွင် လိုအပ်လျက်ရှိသော Sex Education (လိင်ပညာပေး) ကဏ္ဍကို ဝင်ရောက်ဖြည့်စွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ထုတ်ဝေခြင်းဖြစ်ကြောင်း၊ လိင်ပညာပေး ကိစ္စရပ်များနှင့် ပတ်သက်၍ လုံးချင်းစာအုပ်များရှိသော်လည်း မဂ္ဂဇင်းမရှိသေးသောကြောင့် ယခုကဲ့ သို့ထုတ်ဝေနေခြင်းဖြစ် ကြောင်း ကိုဦးဆွေကပြောသည်။ ညှို့မဂ္ဂဇင်းမှာ မျက်နှာဖုံးဒီဇိုင်းအပါအဝင် အတွင်းဆောင်းပါးများကြောင့် ပရိသတ်စိတ်ပါဝင်စားမှု ကို ခံနေရသည်။

ထက်နိုင်ဇော် 

အေးချမ်းမွန်မှ Venus News Journal  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

10 December 2012 

လိင်ပညာပေး 'ညှို့'မဂ္ဂဇင်းကို စာနယ်ဇင်း ကောင်စီက ခေါ်ယူလိင်ပညာပေး မဂ္ဂဇင်း ဟုဆိုသော 'ညှို့' မဂ္ဂ
ဇင်းကို မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီက ဒီဇင်ဘာလ ၄ ရက်နေ့၌ ခေါ်ယူထားကြောင်းယင်းမဂ္ဂဇင်း အယ်
ဒီတာချုပ် ကိုဦးဆွေက ပြောသည်။

အိမ်ထောင်သက် ၁၉ နှစ်ကြာမှ ဇနီး သည်မှာ မိန်းမအစစ်မဟုတ်မှန်းသိရ

Photo: အိမ်ထောင်သက် ၁၉ နှစ်ကြာမှ ဇနီး သည်မှာ မိန်းမအစစ်မဟုတ်မှန်းသိရ

    10 December 2012  | 
  
အိမ်ထောင်သက် ၁၉ နှစ်ကြာမှ ဇနီးသည်မှာ မိန်းမအစစ်မဟုတ်မှန်းသိရအင်ဒိုနီးရှားနိုင်ငံမှ ဘယ်လ်ဂျီယံ သံအဖွဲ့ခွဲဖြစ်သည့် လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်

မိသားစုမှ မွေးဖွားလာ သော ဘယ်လ်ဂျီယံ လူမျိုး ဂျန်ဆိုသူသည် အင်ဒိုနီးရှား တစ်ဦးနှင့် အိမ်ထောင် ကျခဲ့ပြီး ၁၉နှစ် ကြာပြီးနောက်မှ သူ့ဇနီးသည် ဖြစ်သူ၏ ဇာတိအမှန်မှာ ယောက်ျားကြီး ဖြစ်ကြောင်းသိရလေသည်။ 

အဆိုပါ ဇနီး သည်ဖြစ်သူ အသက် ၄၈ နှစ်အရွယ် မော်နီကာဆိုသူနှင့် လွန်ခဲ့သည့် ၁၉ နှစ်က ချစ်ကြိုက်ခဲ့ပြီး ဘယ်လ်ဂျီယံနိုင်ငံသို့ ခေါ်ဆောင်လာခဲ့သော် လည်း ဂျန်မှာ ယခုအခါ သူ၏ဇနီးသည်နှင့် ကလေးယူ လို စိတ်မရှိတော့ဘဲ ဇနီးသည်အား သူ၏မိသားစုဝင် အ ဖြစ်မှပါ ထုတ်ပယ်ပစ်ရန် ဘယ်လ်ဂျီယံတရားရုံးအားလျှောက်ထားခဲ့သော်လည်း တရားရုံးမှ ပယ်ချခဲ့သည်။

“ကျွန်တော် လှည့်စားခံခဲ့ရတယ်လို့ ခံစားမိနေတယ်ဗျာ" ဟူ၍ ဂျန်က ဒေသတွင်း သတင်းစာသို့ ပြောဆိုခဲ့သည်။

(Telegraph, 28.11.12)

သက်တံ့လူ


အေးချမ်းမွန်မှ Pyi Myanmar  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

10 December 2012 

အိမ်ထောင်သက် ၁၉ နှစ်ကြာမှ ဇနီးသည်မှာ မိန်းမအစစ်မဟုတ်မှန်းသိရအင်ဒိုနီးရှားနိုင်ငံမှ ဘယ်လ်ဂျီယံ သံအဖွဲ့ခွဲဖြစ်သည့် လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်မိသားစုမှ မွေးဖွားလာ သော ဘယ်လ်ဂျီယံ လူမျိုးဂျန်
ဆိုသူသည် အင်ဒိုနီးရှား တစ်ဦးနှင့် အိမ်ထောင် ကျခဲ့ပြီး ၁၉နှစ် ကြာပြီးနောက်မှသူ့ဇနီးသည် ဖြစ်သူ၏ဇာတိ
အမှန်မှာ ယောက်ျားကြီး ဖြစ်ကြောင်းသိရလေသည်။

ရုပ်ရှင်ကားကန်တော့ ပွဲပေးအခမ်းအနားမှာ ကင်မရာကိုပါ ကန်တော့ခဲ့တဲ့ ဝတ်မှုံရွှေရည်"

ရုပ်ရှင်ကားကန်တော့ ပွဲပေးအခမ်းအနားမှာ ကင်မရာကိုပါ ကန်တော့ခဲ့တဲ့ ဝတ်မှုံရွှေရည်"

ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ပြီး ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးမယ့် “ချစ်သူ များ အစည်းအရုံး” ဇာတ်ကားကြီးမှာ ဝတ်မှုံရွှေရည်က လည်းပါဝင် သရုပ်ဆောင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ်ကားက နာမည်ကြီးအနု ပညာရှင်များစွာ ပါဝင် သရုပ်ဆောင်မှာဖြစ်တဲ့အတွက် ဘယ်လို ကြိုတင်ပြင် ဆင်မှုတွေ လုပ်ထားလဲဆို တာကို ဝတ်မှုံရွှေရည်က “ဒီကားလေးက အပျော် သဘော ကားလေးဆိုတော့ ပြင်ဆင်ရတာ ပေါ့ပေါ့ပါးပါးပဲ။ 

အနုပညာ မောင်နှမများစွာနဲ့အတူ သရုပ်ဆောင်ရမှာဖြစ်တဲ့ အတွက် ပျော်ပါ တယ်။ အကုန်လုံး စည်းစည်းလုံးလုံး ရိုက်ကြမှာ ဖြစ်တဲ့ အတွက် ပျော် စရာကောင်းမှာပါ” လို့ ပြောတဲ့ ဝတ်မှုံရွှေရည်က ဒီကားကြီးကို ကန်တော့ ပွဲပေး အခမ်းအနား မှာ ရုပ်ရှင်ကားကြီးကို ရိုက်ကူးမယ့် ကင်မရာကို ကန်တော့ဖြစ်သွားရခြင်း အကြောင်းကို မေးကြည့်တော့ “ဝတ်မှုံက အစောင့်အရှောက်တွေကို အဲဒီလိုမျိုး ကန်တော့လိုက် တာပါ။ ရုပ်ရှင်ကား ရိုက် တော့မယ်ဆိုရင် တစ်ခါတလေတော့ ကန်တော့ဖြစ်ပါတယ်။ 

ကင်မရာက ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ဗီဒီယိုရိုက်ကူး တာပဲဖြစ်ဖြစ် အရေးကြီး ပါတယ်။ ကင်မရာ ရုပ်ထွက်က အရေးကြီးတယ်လို့ ထင်တယ်။ အဓိက ကတော့ ရုပ်ရှင်တစ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေရော၊ အကုန်လုံး အရေးကြီးပါတယ်” လို့ ပြောပါတယ်။ “ဗီဒီယိုရိုက်တာနဲ့ ရုပ်ရှင်ရိုက်တာ ကွာခြားချက်က ရုပ်ရှင်ကျတော့ ချိန်ဆရတာများတယ်။ ဖလင်က အမှားမှ မခံတာ။ နောက်ကြာမှ ရုံတင်မယ့် ကားတွေဆိုတော့ အနုပညာရှင်တွေ ဘက်က ချိန်ရတယ်။ ကြာမှရုံတင်တဲ့အတွက် ပရိသတ်ကြိုက်ပြီး ခေတ် စားမယ့် ပုံစံလေး တွေကိုတော့ အကုန်လုံး သတိထားရတယ်။ ရုပ်ရှင် ကကိုယ့် အတွက် တာဝန်ပိုကြီးပါတယ်”လို့ ဝတ်မှုံရွှေရည်ကပြောပါတယ်။ အကယ်ဒမီ ပေးပွဲအတွက် အဝတ်အစားကတော့ သေချာ မပြင်ဆင် ရသေးကြောင်း၊ ဒီနှစ်က ရန်ကုန် မှာပြုလုပ်တဲ့ အကယ်ဒမီပေးပွဲကို သူ့အနေ နဲ့ ပထမဦးဆုံး တက်ရောက်မှာဖြစ်ကြောင်း ဝတ်မှုံရွှေရည် ကပြောပါ တယ်။


အေးချမ်းမွန်မှ  Popular Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ပြီး ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးမယ့် ချစ်သူ များအစည်းအရုံး” ဇာတ်ကားကြီး
မှာ ဝတ်မှုံရွှေရည်က လည်းပါဝင် သရုပ်ဆောင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ်ကားက နာမည်ကြီးအနု ပညာရှင်များစွာ ပါဝင် သရုပ်ဆောင်မှာဖြစ်တဲ့အတွက် ဘယ်လို ကြိုတင်ပြင် ဆင်မှုတွေ လုပ်ထားလဲဆို တာ
ကို ဝတ်မှုံရွှေရည်က “ဒီကားလေးက အပျော် သဘော ကားလေးဆိုတော့ ပြင်ဆင်ရတာ ပေါ့ပေါ့ပါးပါးပဲ။

အင်္ဂလန်နိုင်ငံမှ စတာလင်ပေါင် ၁၂၅ဝဝဝ တန်ဖိုးရှိ ကမ္ဘာ့ဈေးအကြီးဆုံး ခရစ္စမတ်ညစာ စားကြအုံးမလား

Photo: စတာလင်ပေါင် ၁၂၅ဝဝဝ တန်ဖိုးရှိ ကမ္ဘာ့ဈေးအကြီးဆုံး ခရစ္စမတ်ညစာ
Monday, December 10, 2012

အင်္ဂလန်နိုင်ငံတွင် စတာလင်ပေါင် ၁၂၅,ဝဝဝ တန်ဖိုးရှိ ကမ္ဘာ့ဈေးအကြီးဆုံး ခရစ္စမတ်ညစာ စားသောက်ဖွယ် စာရင်းကို ထုတ်ဖော်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ စားသောက်ဖွယ်စာရင်းကို လန်ဒန်မြို့ရှိစားဖိုမှူးတစ်ဦးဖြစ်သူ
ဘန် စပဲလ်ဒင်းက စီစဉ်ခဲ့ပြီး လူလေးဦး စားသောက်နိုင်ကြောင်းနှင့် စားသောက် ဖွယ်ရာများကို စားဖိုမှူးနှင့် ၎င်း၏ အဖွဲ့ကစီစဉ်
ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အဓိက အစားအစာအဖြစ် အမဲသားတစ်မျိုးနှင့် အသည်းတို့ဖြင့် ပေါင်းစပ်စီမံ ထားသော ဒိုဒီနီကြက်ဆင်သား ဟင်းလျာဖြစ်ပြီး ယင်းဟင်းလျာအပေါ်တွင်
ရွှေမျက်ပါးနှင့် အက်ခ်ဘာရီသီဟိုဠ် စေ့များကို ဖြူးထားကြောင်း သိရသည်။
ယင်းစား သောက်ဖွယ်ရာကို ၁၉ဝ၇ ခုနှစ်ထုတ် စတာလင်ပေါင် ၃၇,ဝဝဝ တန်ဖိုးရှိ Piper Heidsieck ရှန်ပိန်ပုလင်းအပါအဝင် ဝိုင်အမျိုးမျိုးဖြင့် တွဲဖက်စား သုံးနိုင်မည်ဖြစ်သည်။

စပဲလ်ဒင်းသည် အဆိုပါစားသောက်ဖွယ်ရာကို VeryFirst To.com မှတစ်ဆင့် ရောင်းချပေးလျက်ရှိပြီး တစ်နှစ်မှ တစ်ကြိမ်ကျရောက်သည့် ပွဲတော်အတွက် အထူးပြင်ဆင်ပေးလျက်ရှိကြောင်း သိရသည်။

စပဲလ်ဒင်းသည် အဆိုပါ ညစာစားဟင်းလျာ ရောင်းချမှုမှရရှိသည့် ငွေပမာဏ ၈ဝ ရာခိုင်နှုန်းကို ဗြိတိန်ရှိ ကင်ဆာသုတေသနဌာနနှင့် လူမှုရေးအဖွဲ့များသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
အင်္ဂလန်နိုင်ငံတွင် စတာလင်ပေါင် ၁၂၅,ဝဝဝ တန်ဖိုးရှိ ကမ္ဘာ့ဈေး အကြီးဆုံး ခရစ္စမတ်ညစာ စားသောက်ဖွယ် စာရင်းကို ထုတ်ဖော်ကြေ ညာခဲ့ကြောင်း သိရသည်။အဆိုပါ စားသောက်ဖွယ်စာရင်းကို လန်ဒန်မြို့ရှိစားဖိုမှူးတစ်ဦးဖြစ်သူဘန် စပဲလ်ဒင်းက စီစဉ်ခဲ့ပြီး လူလေး ဦး စားသောက်နိုင်ကြောင်းနှင့် စားသောက် ဖွယ်ရာများကို စားဖိုမှူးနှင့် ၎င်း၏ အဖွဲ့ကစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ဒေါ်လာသန်း ၅၇၀ နီးပါး တန်ဖိုးရှိသော တိုက်လေယာဉ် အစင်း ၂၀ရုရှားထံမှ မြန်မာဝယ်

မန်မာအစိုးရကို တိုက်လေယာဉ် အစီး ၂၀ ပေးပို့ရန် အတွက် ရုရှားနိုင်ငံက သဘောတူ လိုက်ကြောင်း ရုရှား သတင်းဌာန တခုဖြစ်သော Kommersant ကို ကိုးကား၍ အေအက်ဖ်ပီ သတင်းတပုဒ်တွင် ရေးသား ထားသည်။ တိုက်လေယာဉ်တိုက်လေယာဉ်များမှာMiG-29အမျိုးအစားဖြစ်ပြီးဒေါ်လာသန်း၅၇၀ နီးပါး တန်ဖိုး ရှိကြောင်း၊ ပြီးခဲ့သည့်သီတင်းပတ်အနည်းငယ်အတွင်းက သဘောတူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွင်းခံရတုန်းက အရေပြားလောင်ဒဏ်ရာ အပြင်းဆုံးကိုယ်တော်ကို ရန်ကုန်မြို့ ပင့်ဆောင်ကုသ

မနေ့ညနေကလက်ပန်းတောင်းတောင်သပိတ်စခန်းဖြိုခွင်းခံရတုန်းကအရေပြားလောင်ဒဏ်ရာ အပြင်းထန်
ဆုံးရခဲ့တဲ့ဦးပဉ္စင်းဦးတိက္ခဥာဏကိုရန်ကုန်မြို့က အရေပြားအထူးကုဆေးရုံမှာ ပြောင်းရွှေ့ကုသပါတယ်။
မန္တလေးဆေးရုံကနေ ပင့်ဆောင်ခဲ့တာလို့ ဆရာတော်ကို လိုက်ပါကူညီတဲ့ ဦးပဉ္စင်းဦးသု ခေါ် ဦးဝိမလက မိန့်ကြားပါတယ်။

ရာဇဝင်လူသတ်သမားက လူတွေသတ်ရတာ စိတ်ချမ်းသာလို့ သတ်ခြင်းဖြစ်ကြောင်းပြော

Photo: ရာဇဝင်လူသတ်သမားက လူတွေသတ်ရတာ စိတ်ချမ်းသာလို့
သတ်ခြင်းဖြစ်ကြောင်းပြော
Monday, December 10, 2012

အမေရိကန်ပြည်ထောင်စု Alaska ပြည်နယ်မှ လူတွေသတ်ခဲ့သော ရာဇဝင်လူသတ်သမား Israel Keyes က ၎င်းဟာ လူတွေကို သတ်ရတာ ပျော်ရွှင်စိတ်ချမ်းသာတဲ့အတွက် ယင်းကဲ့သို့ သတ်ဖြတ်ခြင်း
ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးသမားများကို ပြောဆိုခဲ့သည်ဟု သိရသည်။

၎င်းဟာ အမေရိကန်ပြည်ထောင်စုအတွင်း လူ(၈)ဦးအား သတ်ဖြတ်
ခဲ့ကြောင်း သိရသည်။ သို့ပေမယ့် ယင်းအရေအတွက်ထက်လည်း ပိုနိုင်ကြောင်းသိရသည်။ ၎င်းက လူ(၁၂)ယောက်အာက်ကိုသာ သတ်ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့သည်။

၎င်းဘယ်နှစ်ယောက် သတ်ခဲ့ကြောင်း ၎င်းသာ အသိဆုံးဖြစ်မည်ဟုဆိုကာ တိကျသည့်အရေအတွက်ကိုမူ ၎င်းမှလွဲ၍ သိနိုင်ခြင်းမရှိဟု FBI Special Agent က ပြောဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စု Alaska ပြည်နယ် Anchorage မှ coffee stand တွင် ဖေဖော်ဝါရီ(၁)ရက်နေ့က အသက်(၁၈)နှစ်အရွယ် Samantha Koenig ကို ပြန်ပေးဆွဲ သတ်ဖြတ်မှုနဲ့ ၎င်းအား Texas ၌ မတ်လတွင် ဖမ်းဆီး
မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သူက ထိုအမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီးနောက် လည်ပင်းညှစ်သတ်ပစ်ခဲ့ကာ ပစ္စည်းထားသည့် ရုံအတွင်း သူမအလောင်းကိုထားခဲ့ကြောင်းနှင့် နောက်တစ်နေ့တွင် ဇိမ်ခံသင်္ဘောဖြင့် နှစ်ပတ်ကြာ ခရီးထွက်ခဲ့ကြောင်း သိရသည်။

၎င်းခရီးမှ ပြန်လာချိန်မှ သူမ၏အလောင်းကို Anchorage မြောက်ပိုင်းရှိ ကန်အတွင်း စွန့်ပစ်ခဲ့တာဖြစ်ကြောင်း သိရသည်။

Texas ပြည်နယ်တွင် သူက Koenig ၏ ဘဏ်ကဒ်အတွင်းမှ ငွေထုတ်
ယူခဲ့ကာ ATM မှတဆင့် ၎င်းငှါးထားခဲ့သောကားနံပါတ်ကို ဓါတ်ပုံ
ရိုက်ယူထားနိုင်ခဲ့ကာ ၎င်းအား စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များက
ခြေရာခံမိခဲ့တာဖြစ်ကြောင်း သိရသည်။

၎င်း၏ပြစ်မှုများဟာ ဖောက်ထွင်းလုယက်မှုမှ အစပြုခဲ့ပြီးနောက် ယင်းကဲ့သို့ လူသတ်မှုတွေ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်း၏ ပထမဆုံးအကြိမ် အကြမ်းဖက်မှုဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့မှု
မှစတင်ခဲ့ပြီး သူက ထိုအမျိုးသမီးငယ်အား သတ်ဖို့စီစဉ်ခဲ့ပေမယ့် သူမကို မသတ်ဘဲ လွှတ်ပေးခဲ့တာဖြစ်ကြောင်း သိရသည်။

၎င်းပြုကျင့်ခဲ့တဲ့ မုဒိမ်းမှုဟာ ၁၉၉၆မှ ၁၉၉၈ ခုနှစ်အတွင်း ကျူးလွန်ခဲ့ကာ  အဲဒီအချိန်က အသက်(၁၄)နှစ်မှ (၁၈)နှစ်အတွင်းရှိ မိန်းကလေးအား Maupin အနီး Deshutes နားတွင် သူမအဖော်များဖြင့် အဝေးရောက်
သွားချိန် အဓမ္မပြုကျင့်ခဲ့တာဖြစ်ကြောင်း ၎င်းက ပြန်ပြောပြခဲ့သည်။

၎င်းသတ်ခဲ့ကြောင်း ဝန်ခံခဲ့သော အသတ်ခံရသူငါးဦးမှာ Washington မှ ဖြစ်ပြီး တစ်ယောက်မှာမူ East Coast မှာဖြစ်ကြောင်း ၊ ထို့နောက် New York တွင် စွန့်ပစ်ခဲ့ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

၎င်းဟာ Alaska ကနေ Chicago ကို ၂၀၁၁ ခုနှစ် ဇွန်(၂)ရက်တုန်းက ငှါးထားသောကားဖြင့် မိုင်တစ်ထောင်နီးပါး ကားဖြင့်ခရီးဆက်ခဲ့ကာ ခရီးလမ်းရှိ အိမ်တစ်အိမ်မှ စုံတွဲတစ်တွဲကို စွန့်ပစ်အိမ်တစ်ခုသို့
ခေါ်ဆောင်ခဲ့ပြီး ခင်ပွန်းဖြစ်သူကိုသတ် ၊ ဇနီးဖြစ်သူကို လိင်ပိုင်းဆိုင်ရာ
စော်ကားခဲ့ပြီး လည်ပင်းညှစ်သတ်ခဲ့တာဖြစ်ကြောင်း သိရသည်။

၎င်းဟာ ၎င်း၏ဇတ်လမ်းကို မီဒီယာများမှတဆင့် လူတွေကို သိစေလိုဟန်ရှိကြောင်း ၊ သူဘာလုပ်ခဲ့တယ်ဆိုတာ လူတွကို သိစေချင်ကြောင်း ထိုမှတဆင့် လူတွေရဲ့ ဂရုစိုက်မှုကို ရယူလိုဟန်ရှိကြောင်းလည်း သိရသည်။

Source : Fox News
burmesehearts
အမေရိကန်ပြည်ထောင်စု Alaska ပြည်နယ်မှ လူတွေသတ်ခဲ့သော ရာဇဝင်လူသတ်သမား Israel Keyes က ၎င်းဟာ လူတွေကို သတ်ရတာ ပျော်ရွှင်စိတ်ချမ်းသာတဲ့အတွက် ယင်းကဲ့သို့သတ်ဖြတ်ခြင်းဖြစ်ကြောင်းစုံစမ်း
စစ်ဆေးရေးသမား များကို ပြောဆိုခဲ့ သည်ဟု သိရသည်။

ဦးဂမ္ဘီရ(ခ) ကိုညီညီလွင်ကို အင်းစိန်ထောင်မှအာမခံဖြင့် ယနေ့ည၈နာရီခန့်တွင်လွှတ်

ဦးဂမ္ဘီရ(ခ) ကိုညီညီလွင်ကို အင်းစိန်ထောင်မှယနေ့ညနေတွင်ထုတ်လာပြီး
သန်လျင်တရားရုံးတွင်ကြားဖြတ်အာမခံဖြင့်ယနေ့ည၈နာရီခန့်တွင်လွှတ်ခဲ့ရာ မိသားစုဝင်များနှင့်အတူသန်လျင်တရားရုံးတွင်တွေ့ရစဉ်
ဓါတ်ပုံ - ဂျေပိုင်
ဓါတ်ပုံ - ဂျေပိုင်
ဦးဂမ္ဘီရ(ခ) ကိုညီညီလွင်ကို အင်းစိန်ထောင်မှယနေ့ညနေတွင်ထုတ်လာပြီသန်လျင်တရားရုံးတွင်ကြားဖြတ်
အာမခံဖြင့်ယနေ့ည၈နာရီခန့်တွင်လွှတ်ခဲ့ရာ မိသားစုဝင်များက နှင့်အတူသန်လျင်တရားရုံးတွင်တွေ့ရစဉ်

ဗိုလ်ချုပ်တို့ ဆရာတပည့် ပိုက်ဆံမပါဘဲ ပလာတာဆိုင်မှာ အကြွေးစားခဲ့ရပုံကို အမှတ်တရ ပြောပြတဲ့ စာရေးဆရာ တက္ကသိုလ်နေ၀င်း

ဗိုလ်ချုပ်တို့ ဆရာတပည့် ပိုက်ဆံမပါဘဲ ပလာတာဆိုင်မှာ အကြွေးစားခဲ့ပုံ

၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက် နောက်ပိုင်း တစ်လခန့်က ဟု စာရေးဆရာ တက္ကသိုလ်နေ၀င်း(ဗိုလ်ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှ) ဖော်ပြထားပါသည်..။ဆရာတပည့်နှစ်ယောက် ထိုနေ့မနက်ပိုင်းက ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ကျွေးသော ဘဲဥဟင်းတစ်မယ်နှင့် ထမင်းစားခဲ့ကြသည်..။ ဗိုလ်ချုပ်က ဘဲဥဟင်းနှင့် ထမင်းကိုခံတွင်းတွေ့ပုံမရ၊ ထမင်းတစ်ပန်းကန်စားပြီး အတွင်းဝန်ရုံးသို့ ထွက်ခဲ့ကြသည်..။ ထိုနေ့က ယာဉ်မောင်း ရဲဘော်ကျော်စိန် နေမကောင်း၍ ဗိုလ်ထွန်းလှက ရုံးသို့ ကားမောင်းပို့ခဲ့ရသည်..။ ညနေရုံးဆင်းချိန်တွင် ဗိုလ်ချုပ် ဗိုက်ဆာလာပုံ..၊ ဗိုလ်ထွန်းလှ ကို တစ်ခုခုစားရင်ကောင်းမည်ဟု ဆိုပုံ..၊ ဗိုလ်ထွန်းလှမှာလည်း ငွေအလုံအလောက်ကမပါ.. သို့သော်လည်း ဆရာစားချင်ရင် လိုက်ကျွေးပါ့မည်.. ပိုက်ဆံပါသည်ဟု ပြောဆိုပြီး မဂိုလမ်းက ပလာတာဆိုင်ကို ထွက်ခွါလာပုံကို ယခုလိုရေးဖွဲ့ခဲ့ပါသည်..။"ကျနော်သည် ကားမောင်းသွားရင်း စိတ်ထဲမှာဗိုလ်ချုပ်အား သူစားချင်သော ပလာတာ နှင့် ခပတ် ကိုကျွေးရန် မည်သို့မည်ပုံ ပရိယာယ်ဆင်ရမည်ကို ကြိုတင်အကွက်ချထားပြီးဖြစ်သည်..။ မဂိုလမ်း(ရွှေဘုံသာလမ်း) ရှိ ပလာတာ နှင့် ဒံပေါက်ဆိုင် မှာ ကျနော် တက္ကသိုလ်ကျောင်းသား ဘ၀က မကြာခဏ၀င်စားလေ့ရှိသော ဆိုင်ဖြစ်ပြီး ဆိုင်ရှင်များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်..။ ယင်းအချက်ကို အားကိုးပြီး ကျနော်က ထိုဆိုင်သို့ ရဲဝံ့စွာလာခဲ့ခြင်းဖြစ်ပါသည်..။ထုံးစံအတိုင်း ဆိုင်ရှိလူငယ်စားပွဲထိုးများသည် အလွန်ဖော်ရွေစွာဖြင့် ခရီးဦးကြိုပြုကာ နေရာထိုင်းခင်းပေးကြရာ ကျနော်တို့လည်း စားပွဲတစ်လုံးတွင်ဝင်ထိုင်ပြီး တစ်ယောက်လျှင် ပလာတာနှစ်ချပ်နှင့် ဆိတ်သား ခပတ်ဟင်း တစ်ပွဲစီနှင့် နှစ်ယောက်အတွက် နှစ်ယောက်အတွက် နှစ်ပွဲမှာလိုက်သည်..။ ပြီးတော့မှ ကျနော်သည် ဆေးလိပ် မီးညှိဟန်ဖြင့် ငွေသိမ်းကောင်တာတွင်ထိုင်နေသူ ဆိုင်ရှင်အနီးသို့ ကပ်သွားပြီး ခပ်တိုးတိုးပြောလိုက်ပါသည်..။ "ဒီမယ်ခင်ဗျား ကျုပ်ကိုသိတယ်မဟုတ်လား..။ ဒီဆိုင်မှာစားနေကျဖောက်သည် တစ်ယောက်ပါပဲ..။ ဟိုမှာထိုင်နေတဲ့လူက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ခင်ဗျားတို့သိမှာပေါ့..။ အခုသူက ပလာတာနဲ့ ခပတ်စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တယ်..။ ခက်တာက ကျုပ်မှာ ငွေအလုံအလောက်မပါဘူး..။ ဒါကြောင့် ကျုပ်တို့ အခုစားလို့ကျသင့်ငွေကို မနက်ဖြန်ကျမှ ကျုပ်လာပေးပါရစေ..။ နောက်ပြီး ကျုပ်တို့ပြန်ခါနီး ဗိုလ်ချုပ်ကမေးရင် ပိုက်ဆံရှင်းပြီးပြီလို့လည်း ပြောပေးပါ..."သို့နှင့် ဆရာတပည့်နှစ်ယောက် ပလာတာနှင့် ဆိတ်ခပတ်ဟင်းတစ်ပွဲစီ အကြွေးစားသောက်ခဲ့ပုံ နောက်တစ်နေ့ကျမှ အကြွေးသွားဆပ်ခဲ့ပုံများကို ရေးသားဖော်ပြခဲ့ပါသည်..။(ဆောင်းပါးရှင် သိန်းအေး ၊ ဒီတစ်ပတ်ထုတ် ENVOY ဂျာနယ်မှ သူငယ်ချင်းများအတွက် ထုတ်နှုတ်ပေးလိုက်ပါတယ်..)

Ko Nay Myo မှကူးယူဖော်ပြပါသည်

post by mobile  အေးချမ်းမွန်

၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက် နောက်ပိုင်း တစ်လခန့်က ဟု စာရေးဆရာ တက္ကသိုလ်နေ၀င်း(ဗိုလ်
ချုပ်၏အပါးတော်မြဲ ဗိုလ်ထွန်းလှ) ဖော်ပြထားပါသည်.။ဆရာတပည့်နှစ်ယောက်ထိုနေ့မနက်ပိုင်းက ဗိုလ်ချုပ်
ကတော် ဒေါ်ခင်ကြည် ကျွေးသော ဘဲဥဟင်းတစ်မယ်နှင့် ထမင်းစားခဲ့ကြသည်..။ ဗိုလ်ချုပ်က ဘဲဥဟင်းနှင့် ထမင်းကိုခံတွင်းတွေ့ပုံမရ၊ ထမင်းတစ်ပန်းကန်စားပြီး အတွင်းဝန်ရုံးသို့ ထွက်ခဲ့ကြသည်..။

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မည့် ရက်အပိုင်းအခြား တိုးချဲ့ရွှေ့ဆိုင်း

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မည့် ရက်အပိုင်းအခြား တိုးချဲ့ရွှေ့ဆိုင်း 


မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ ဒုံးကျည်ပစ်လွှတ်သွားမည့် ရက်ကာလ အပိုင်းအခြားကို ရက်သတ္တပတ်တစ်ပတ် တိုးချဲ့ရွှေ့ဆိုင်း
လိုက်ကြောင်း ABC News က ဖော်ပြသည်။

နိုင်ငံတကာက ဖိအားပေးမှုများ ရှိနေသည့်တိုင် ဒီဇင်ဘာ ၁၀ ရက်မှ 
၂၂ ရက်အတွင်းဒုံးကျည်ပစ်လွှတ်မည်ဟု မြောက်ကိုရီးယားက ကြေညာ
ထားခြင်းဖြစ်သည်။ 

သို့သော် နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကြုံတွေ့ရသဖြင့် ဒုံးကျည်ပစ်လွှတ်မှုကို ဒီဇင်ဘာ ၁၀ ရက်မှ ၂၉ ရက်အတွင်း
ပြုလုပ်သွားမည်ဟု မြောက်ကိုရီးယားနိုင်ငံ၏ Korean Committee of Space Technology က ထုတ်ပြန် ပြောကြားလိုက်သည်။

အေးချမ်းမွန်မှ  Planet Myanmar Networkတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Planet Myanmar Network

မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ ဒုံးကျည်ပစ်လွှတ်သွားမည့် ရက်ကာလ အပိုင်းအခြားကို ရက်သတ္တ
ပတ်တစ်ပတ် တိုးချဲ့ရွှေ့ဆိုင်းလိုက်ကြောင်း ABC News က ဖော်ပြသည်။

ပူသည့်ရေက ပိုမို အခဲမြန် ရခြင်းအကြောင်းရင်း တစ်ကမ္ဘာလုံးက ဘယ် ဓာတု ဗေဒ ပညာရှင်က မှ ပြီးပြည့် စုံတဲ့ အဖြေကို ယနေ့အထိ ရှာမတွေသေး

ပူသည့်ရေက ပိုမို အခဲမြန်၊ ယနေ့အထိ အဖြေရှာမရသေး 

လူတိုင်း ခပ်ရိုးရိုးတွေးလိုက်ရင် အေးတဲ့ရေက ရေပူထက် ရေခဲသတ္တာထည့် လိုက်ရင် ပိုအအေးမြန်တယ်လို့ သိထားကြပါတယ်။ အမှန်တော့မှားပါတယ်။ ပူတဲ့ရေက ပိုပြီးတော့ ရေခဲအဖြစ်မြန်ပါတယ်။ 

ယင်းကို အာဖရိက တန်ဇေးနီးယားကျောင်းသားတစ်ဦး က တွေ့ရှိခဲ့တဲ့ အတွက် Mpemba effect လို့အမည်ပေးထားပါတယ်။ သို့ပေမယ့် ယနေ့တိုင် အဖြေရှာမရသေးပါဘူး။ ၁၉၆၈ ခုနှစ်ကတည်းက တွေ့ရှိ တာဖြစ်ပြီး ဗြိတိန်တော်ဝင် ဓာတုဗေဒ အဖွဲ့ အစည်းကို မေးခွန်းထုတ်ခဲ့ တာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက ဘယ် ဓာတုဗေဒ ပညာရှင်က မှ ပြီးပြည့် စုံတဲ့ အဖြေကို မပေးနိုင်သေးပါဘူး။ 

အပူချိန် ၁၀၀ ဒီဂရီ စင်တီဂရိတ်ရှိတဲ့ ရေနဲ့ ၃၅ ဒီဂရီ စင်တီဂရိတ် ရှိတဲ့ ရေ ကို ရေခဲသတ္တာတစ်ခုတည်း တစ်ပြိုင်နက်တည်းထားပြီး ကြည့်တဲ့အခါ ၁၀၀ ဒီဂရီအပူချိန်ရှိတဲ့ ရေက အရင်ခွဲသွားတာကို လေ့လာ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပါ တယ်။ သို့ပေမယ့် အကြောင်းပြချက် ရှာမရသေးပါဘူး။

အဖြေပေးနိုင်သူကိုလည်း ဗြိတိန်ပေါင် ၁ထောင် ဆုချီးမြင့်ပြီး အသိအမှတ်ပြု မယ်လို့ ဗြတိန်တော်ဝင် ဓာတုဗေဒ အဖွဲ့ရဲ့  ကြေငြာမှုကလည်း အကျိုး မသက်ရောက်ပါဘူး။ ယနေ့ထိကို မဖြေရှာ မတွေ့သေးတာ ဖြစ် ပါတယ်။ 

သာမိုင်ဒိုင်းနမစ် ပညာနဲ့ရော၊ ရူပဗေဒ ပညာနဲ့ရော ပေါင်းစပ်လို့ အဖြေရှာပေ မယ့် ထူးခြားမလာသေးပါဘူး။ Evaporation, Super Cooling, Frost, Soultes, Thermal Conductivity, Latent heat of Condensation, Convection အစရှိသဖြင့် အနီးစပ်ဆုံး ခန့်မှန်းမှုများ၊ ရေတွင်ပါဝင်သော ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင်ကို ဓာတ်ခွဲမှုများ၊ မော်လီကျူး လှုပ်ရှားမှုအသွား အလာများ၊ အက်တမ်တို့ ရွှေ့ လျားမှုများ အစရှိသဖြင့် စုံနေ အောင် ပညာရှင် တို့အမျိုးမျိုး အကြောင်းပြချက် ပေးပေမယ့် ပြီးပြည့်စုံ တဲ့ အဖြေမထွက်သေး ပါဘူး။ 

ဒါကြောင့် ယင်းမေးခွန်း (Mpemba effect) ရဲ့  အဖြေမှန်ဟာ ဗြိတိန်ပေါင် ၁ ထောင်တင်မက ဗြိတိန်ပေါင် သိန်းနှင့်ချီလည်း တန်တယ်လို့ တင်စားကြကြောင်း သိရပါတယ်။ 
--
Ref: Daily Mail

http://www.innewsmyanmar.com/2012/12/blog-post_5623.html

----
---
အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :International news for myanmar

လူတိုင်း ခပ်ရိုးရိုးတွေးလိုက်ရင် အေးတဲ့ရေက ရေပူထက် ရေခဲသတ္တာထည့် လိုက်ရင် ပိုအအေးမြန်တယ်လို့ သိထားကြပါတယ်။ အမှန်တော့မှားပါတယ်။ ပူတဲ့ရေက ပိုပြီးတော့ ရေခဲအဖြစ်မြန်ပါတယ်။

ကချင်ပဋိပက္ခများသည် တိုင်းပြည်၏ ငြိမ်းချမ်းရေးဖြစ်စဉ် ကို နောက်ပြန်ဆွဲထားသော အတားအဆီးတစ်ခု လိုဖြစ်နေ အပစ်အခတ်ရပ်စဲမှုများကို &