Pages

Friday, August 10, 2012

ကချင်အကျဉ်းသား ဦးဘရန်ရှောင် ချောင်းဆိုးသွေးပါ ဖြစ်နေဟုဆို


ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဝန်ထမ်းဟု စွပ်စွဲခံရ၍ တရားရင်ဆိုင်နေရသူ ဦးလထော် ဘရန်ရှောင်မှာ ချောင်းဆိုးသွေးပါ ဖြစ်နေ
သဖြင့် ကျန်းမာရေး ကုသရန် လိုအပ်နေသည်ဟု သောကြာနေ့ ရုံးချိန်းတွင်တွေ့ဆုံခဲ့သည် ဂျန်မိုင်ကောင်း အသင်းတော်မှ ဓမ္မဆရာ
 ဦးအောင်မြတ် က ပြောသည်။

ကချင်အာဇာနည်နေ့ အခမ်းအနား ငှာနချုပ် လိုင်ဇာတွင် ကျင်းပ



ကချင်တော်လှန်နေရေးအတွင်း ကျဆုံးသွားသော ကချင်လွတ်လပ်ရေး အဖွဲ့ KIO ခေါင်းဆောင် များနှင့် ရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် သြဂုတ်လ ၁ဝ ရက်နေ့တွင် ကျရောက်သော ၃၇ နှစ်မြောက် ကချင် အာဇာနည်နေ့တွင် ကချင်အားလုံး စည်းလုံးကြရန် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား က တိုက်တွန်းပြောဆိုလိုက်သည်။

ညမထွက်ရအမိန့် ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့များ ထပ်တိုး


ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်အတွင်းရှိ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး မြို့များကို ဗုဒ္ဓဟူးနေ့မှ စ၍ ညမထွက်ရ ကာဖျူးအမိန့်

ထုတ်ပြန်ထားသည်ဟု ကျောက်တော် အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်-ပုသိမ်သွား ကားလမ်းမှာ ရေကြီးနေ၊ ပုသိမ်မှာလည်းရေကြီးနေကြောင်းသတင်းရရှိ

Photo: ဧရာဝတီတိုင်း  ကျောင်းကုန်းမြို့နယ်နှင့် ကန်ကြီးဒေါင်းကြားတွင်'ဒါးက'တာ ကျိုး၍ ရန်ကုန်-ပုသိမ်သွား ကားလမ်းရေလွှမ်းနေမှု ယနေ့ သြဂုတ် ၁၀ ရက် ၁၂ နာရီကတွေ့ရစဥf
သတင်းဓာတ်ပုံ- ဖိုးဇော်မြင့်(ပုသိမ်)
ယနေ့ သြဂုတ် ၁၀ ရက် ၁၂ နာရီကတွေ့ရစဉ်

သောင်းရင်းမြစ်ရေလျှံ၍ ထိုင်းမြန်မာ ၁၀၀၀ကျော်ရေဘေးတိမ်းရှောင် နှစ်ဘက်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများရပ်ဆိုင်း

Photo: ယနေ့နံနက်ကတွေ့ရသည့်နယ်ခြားသောင်ရင်းမြစ်


မဲဆောက်၊သြဂုတ် ၁၀

ရက်သတ္တ ၃ ပတ်ကြာမိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ယနေ့နံနက်ကစတင်ကာ ထိုင်း-မြန်မာနယ်ခြားသောင်ရင်းမြစ်ရေလျှံခဲ့ပြီး



မြစ်အနီးနေထိုင်ကြသည့်ထိုင်းနှင့်မြန်မာလူဦးရေ ၁၀၀၀ ခန့် ရေဘေးလွတ်ရာသို့တိမ်းရှောင်ခဲ့ရပြီး နှစ်ဘက်နယ်စပ်ကုန်သွယ်ရေး



လုပ်ငန်းများရပ်ဆိုင်းထားရသည်။ 

မြန်မာနိုင်ငံမှာ တက္ကသိုလ် ဆရာဆရာမများအသင်း ပေါ်ပေါက်လာပြီ

Photo: ရန်ကုန် တက္ကသိုလ်များမှ ၀ိဇ္ဖာ သိပ္ပံ ဌာန နှစ်ခု၏ ဆရာ၊ ဆရာမများအသင်းဖွဲ့စည်းပြီး တရားဝင်မှတ်ပုံတင်လိုက်ပြီဖြစ်ကြောင်း ယနေ့ သြဂုတ် ၁၀ ရက် ၄နာရီက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ပြုလုပ်သော စာနယ်ဇင်းပွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာ သန်းလွင်ဦးက ပြောသည်။
၎င်းက သမဂ္ဂအနေဖြင့် အမည်မခံပဲ အသင်းအနေဖြင့်သာရပ်တည်သွားမည်ဖြစ်ကြောင်းဆက်လက်ပြောသည်။


၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ တက္ကသိုလ်ဆရာဆရာမများအသင်းကို အသင်းဝင် ဦးရေ (၅၀၀)ကျော်နဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ စတင်ဖွဲ့စည်းလိုက်ပါတယ်။ 

အကျင့်ပျက်တရားသူကြီးတွေကို ဖယ်ရှားဖို့ တရားစီရင်ရေး နဲ့ ဥပဒေရေးရာ ကော်မတီဥက္ကဌ သူရဦးအောင်ကိုက ပြည်သူ့လွှတ်တော်ကို ဒီကနေ့တင်ပြ

မြန်မာနိုင်ငံ တရားရေးမဏ္ဍိုင်နဲ့ ပြည်သူလူထု ရပိုင်ခွင့်တွေ နဲ့ ပတ်သက်ပြီး တရားစီရင်ရေး နဲ့ ဥပဒေရေးရာ ကော်မတီဥက္ကဌ သူရဦးအောင်ကိုက ပြည်သူ့လွှတ်တော်ကို ဒီကနေ့ အစီရင်ခံစာတစောင် တင်ပြခဲ့ပါတယ်။ 

တူရကီ နိုင်ငံခြားရေးဝန်ကြီး စစ်တွေရောက်

Photo: တူရကီ နိုင်ငံခြားရေးဝန်ကြီး စစ်တွေရောက်

တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး H. E .Mr Dhermet Davutogle ဟာ မကြာသေးခင်က ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေအကြား ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဒီကနေ့မနက်ပိုင်းက သွားရောက်ခဲ့ပါတယ်။

တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ဇနီး Mrs Sare Davutogle ၊ တူရကီနိုင်ငံခြားရေးရာဝန်ကြီးချုပ်ဇနီး Mrs Emine Erdogan နဲ့ သမီး Miss Sumegye Erdogan အပါအဝင် သီးခြားကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံက နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ မြန်မာ စစ်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနဝန်ကြီး ဦးသိန်းဌေး စတဲ့ လူ (၉၀)ခန့် လိုက်ပါလာခဲ့ပါတယ်။ 

တူရကီနိုင်ငံခြားရေးဝန်ကြီးဟာ မနက် ၁၀ နာရီလောက်မှာ စစ်တွေမြို့အနောက်ဘက်မှာရှိတဲ့ ဘောဒူဘ ဒုက္ခသည်စခန်း၊ ဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည် တွေကို 
အားပေးစကားပြောခဲ့တယ်လို့သိရပါတယ်။ 

အဲဒိနောက် ဆုတောင်းပြည့်ဒုက္ခသည်စခန်းမှာ ဒုက္ခသည် တွေကို ဦးဆောင်နေတဲ့ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တညာဏဝံသနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးကို လက်တွဲ တည်ဆောက်ဖို့အတွက် ပြောကြားခဲ့တယ်လို့ ဆရာတော်က RFA ကို မိန့်ပါတယ်။
တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ နေ့လည်ပိုင်းမှာ စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက် ဗလီမှာ  ဒေသခံဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့အတူ ဝတ်ပြုဆုတောင်းခဲ့တယ်လို့လည်း သိရပါတယ်။ ဝန်ကြီးနဲ့အဖွဲ့ဟာ ညနေ(၅)နာရီခန့်မှာ လေယာဉ်နဲ့ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
(ဓါတ်ပုံ အာအက်ဖ်အေ)


စာနယ်ဇင်းသမား ၅၅၂ဦး လက်မှတ်ရေးထိုးထားသော တောင်းဆိုချက် ၇ ချက် သမ္မတနှင့် လွှတ်တော်ဥက္ကဌများထံ ပေးပို့မည်


သတင်း လွတ်လပ်ခွင့်ကော်မတီ (ယာယီ) က သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုသည့်အချက်

များအား ထောက်ခံကြောင်း စာနယ်ဇင်းသမား ၅၅၂ ဦး လက်မှတ်ရေးထိုးထားခြင်းကို သြဂုတ်လ ၁၃ ရက်

နေ့တွင် သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများထံသို့ ပေးပို့မည်ဖြစ်ကြောင်း သတင်း လွတ်လပ် ခွင့်ကော်မ တီ

(ယာယီ) ၏ ယနေ့တွင်ကျင်းပသော အထူးအစည်းအဝေးသ တင်းထုတ်ပြ န် ချ က်အရ သိရသည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ ဆည်းဆာချိန်စားသောက်ဆိုင်မှ အသက်(၄)နှစ်သမီး ပျောက်ဆုံးမှုမှာ (၁ဝ)ရက်ကြာပြီဖြစ်သော်လည်း ယခုတိုင် မတွေ့ရှိသေး



ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဆည်းဆာချိန်စားသောက်ဆိုင်မှ အသက်(၄)နှစ်သမီး

ပျောက်ဆုံးမှုမှာ (၁ဝ)ရက်ကြာပြီဖြစ်သော်လည်း ယခုတိုင် မတွေ့ရှိသေး ကြောင်း သက်ဆိုင်ရာအရာရှိများ

က ပြောသည်။

မြန်မာ့စိုက်ပျိုးရေးဘဏ်က တောင်သူလယ်သမားတွေကို ဖူဂျီဆပ်ပြာရောင်း


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရုံးမတိမ် (ရွာသာရွာ)သည် ၉၉ ရေလျှံတွင်းစီမံကိန်း

ကြောင့် ရေလျှံတွင်းများ စွာရှိပြီး တစ်ရွာလုံးသည် တောင် သူလုပ်ငန်းဖြင့် အသက်ေ မွးကြ သည်။

အစိုးရမှ အင်အားသုံးပြီး KIO(ကချင်ပြည်နယ်လွတ်မြောက်ရေး) ဗဟို ဌာနချုပ်ကို စစ်ဆင်နေ



ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ဌာနချုပ်ကို အစိုးရက အင်အားသုံးပြီး စစ်ဆင်နေသည်ဟု (KIA) စစ်ရုံးချုပ်က အရာရှိတဦးက ပြောပါသည်။ အင်အားဖြည့်တင်းထားသော အစိုးရ တပ်ဖွဲ့ များ သည်၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIO) ရှေ့တ န်း ချု ပ်နှင့် (၁၀) မိုင်ခန့် သာ ဝေးေ သာ ဒေါ့ဖုန်ယ န်မြို့နယ် ခွဲဘက် သို့ ရော က်ရှိနေပြီြး ဖစ်ပါသည်။

နေပြည်တော် ပြည်သူ့လွတ်တော်မှ လွှတ်တော်ဂျာနယ် ထုတ်တော့မည်


လွှတ်တော်ဂျာနယ်ကို သြဂုတ်လ ဒုတိယပတ်အတွင်း ထုတ်ဝေရန် စီစဉ်နေကြောင်း ယင်းဂျာနယ် ထုတ်ဝေ

နိုင်ရေးတွင်ပါဝင်ဆောင်ရွက်နေသည့်တာဝန်ရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အရ 

သိရသည်။ 

ရန်ကုန် အိမ်ခြံမြေ အရောင်းအ၀ယ်ခွန်ကို ၃ဆတိုးမြင့်လိုက်ပြီ


ရန်ကုန် အိမ်ခြံမြေအခွန် ကောက်ခံမှူ နှုန်းကို ယခင် ဝယ်သူ မှ ၁၅ ရာခိုင်နှုန်း ပေးဆောင်ရသည် စနစ်မှ ၄၅ ရာခိုင်နှုန်း သို့ တိုးမြှင့် ပြောင်းလဲ လိုက်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်နီးစပ်သော သတင်းရပ်ကွက် မှသိရှိ ရသည်။ 

မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီဖွဲ့စည်း



ဥပဒေပညာရှင်များ၊ စာပေပညာရှင်များ၊ စာရေးဆရာများ၊ စာနယ်ဇင်းသမားများ ပါဝင်သည့် ‘အမြုတေ 

စာနယ်ဇင်းကောင်စီ’ ကို သြဂုတ်လ ၉ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သောကြာနေ့ထုတ် မြန်မာ့အလင်း

သတင်းစာတွင် ဖေါ်ပြပါရှိသည်။

ရခိုင်ပြည်နယ်အတွက် ကျပ်သိန်းပေါင်း သုံးထောင်ကျော် လှူဒါန်းထားသည့် ရုပ်ရှင်အစည်းအရုံး တတိယအကြိမ်လှူဦးမည်

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ရခိုင်ပြည်နယ် အတွက် လှူဒါန်းမှု ငွေပမာဏမှာ ကျပ် သိန်း (၃ဝ၅၁၅ဝဝဝဝ) ကျပ်အထိ  ရှိခဲ့ပြီး တတိယအကြိမ် အနေနဲ့ လက်ကျန်ငွေ များကို သွားရောက် လှူဒါန်းဖို့ စီစဉ်နေကြောင်း အစည်းအရုံးမှ သိရသည်။

ကိုလူချောအဖွဲ့ကို ဆန်အိတ် ၁ဝဝ လှူခဲ့တဲ့ သူထူးစံ

လတ်တလောတွင် သူထူးစံက ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးသည့် ‘မျက်လုံး’ ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး ဆက်လက်၍ ‘ခြေလှမ်း’ အမည်ရကားကို ရိုက်ကူးနေ   ကြောင်း  ဆိုသည်။ အနုပညာ လောကသားများ ဖြစ်သည့် ကိုလူချော အဖွဲ့သားများကို သူထူးစံက ဒါရိုက်တာ ဝင်းထွန်းထွန်းနှင့်အတူ သြဂုတ်လ ၆ ရက် နံနက်တွင် ဆန်အိတ် ၁ဝဝ လှူဒါန်း ခဲ့သည်။

ပြောင်းလဲဖို့အတွက် လိုအပ်နေတဲ့အရာ



မြန်မာပြည်ကြီး တကယ်ပြောင်းလဲနေပြီလားဆိုတဲ့ မေးခွန်းကို၊ လူတိုင်းပဲ စိတ်ဝင်စားနေကြသည်။ မနေ့ကနဲ့ ဒီနေ့ ဘယ်အရာကမှတော့၊ တစ်သမတ်တည်း ရှိနေမည်မဟုတ်။ 

ရန်ကုန်တက္ကသိုလ်အတွင်းသို့ လာရောက်လေ့လာကြသူများ ပြန်လည်စည်ကား

အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံး တက္ကသိုလ်တစ်ခုဖြစ်သော ရန်ကုန်တက္ကသိုလ်သို့ လာရောက် လေ့လာကြသူများနှင့် တက္ကသိုလ်ဝင်းအတွင်း ပြန်လည်စည်ကားလျက်ရှိကြောင်း သိရသည်။ 

ကချင်ဖက်သို့ အစိုးရထိုးစစ်ဆင်မှု များလာ KIA နေရာတခု ဆုတ်လိုက်ရ




ကချင်ပြည်နယ် မြစ်ကြီးနား ဝိုင်းမော်မြို့နယ်ရှိ ကချင်လွတ်ြေ မာက်ေ ရး တ ပ်ဖွဲ့ (KIA)မှ နေရာယူထားသော လုထောန် (Lu Htawn) တွင် မြန်မာ အ စိုးရ တပ်ပေါင်းစုမှ ထိုးစစ်ဝင်ေ ရာက် လာသောေ ကြာင့် သြဂုတ် ၇ ရက် ယမန်နေ့ ညနေ တွင် နောက်
ဆု တ်လိုက်ရကြောင်း KIA ရှေ့တန်းမှပြောသည်။ 

၂ဝ၁၃ အမှီ ၅ဝဝဝတန်ဖုန်းထွက်ရှိရေး ရွှေပြည်တံခွန်က တင်ဒါဝင်ပြိုင်မည်



၅ဝဝဝတန်ဖုန်းထုတ်လုပ်မည်ပာု သတင်းထုတ်ပြန်ထားသော ရွှေပြည်တံခွန်ကုမ္ပဏီက ဆင်းကဒ်ထုတ်လုပ်ခွင့်ရရှိရေးအတွက်  မြန်မာဆက်သွယ်ရေးမှ ခေါ်ယူမည့် ဖုန်းထုတ်လုပ်ခွင့် နိုင်ငံတကာ တင်ဒါခေါ်ယူခြင်းအား ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ကားအမျိုးအစားမရွေးပြင်နိုင်သော ကန်သန်း(၃ဝ)တန်ဖိုးရှိ ကားဝပ်ရှော့တည်ဆောက် မည်



ရန်ကုန်မြို့တွင် အမေရိကန်ဒေါ်လာ သန်း(၃ဝ)ခန့် တန်ဖိုးရှိ မည်သည့်ကားမဆိုပြင်နိုင်သည့် ကားဝပ်ရှော့ကြီးတစ်ခုကိုဂျပန်ကား
ကုမ္ပဏီလီမိတက်က တည်ဆောက် သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံမှာ ပြည်တွင်းက ဒုက္ခသည်တွေရှိရာကို ကူညီရေးအဖွဲ့အစည်းတွေကို ဒေသမရွေး သွားရောက်ကူညီခွင့်ပြုဖို့ ကုလသမဂ္ဂ က တိုက်တွန်း