Pages

Friday, August 10, 2012

စစ်တွေတွင် ဆေးကုသမှု ခံယူသူ မွတ်စလင် ဒုက္ခသည်များပြားလာ


ဆေးကုရန် စောင့်ဆိုင်းနေကြသော မွတ်စလင်ဒုက္ခသည်များ
ဆေးကုရန် စောင့်ဆိုင်းနေကြသော မွတ်စလင်ဒုက္ခသည်များ
ရခိုင်ပြည်နယ် စစ်တွေ့မြို့ရှိ အစ္စလာမ် ဘာသာဝင်များ ဒုက္ခသည်များရှိရာ စခန်းများတွင် နေ့စဉ် ဆေးဝါးကုသမှု ခံယူနေသူပေါင်း ၁၈၀ မှ ၂၀၀၀န်းကျင် အထိရှိလာ နေကြောင်း သိရသည်။ ရောဂါဖြစ်ပွားမှု များကို လက်ရှိ အချိန်တွင် နိုင်နင်းစွာ ကုသပေးနိုင်ပြီး အပြင်းအထန် ကူးစက်ပြန့်ပွားမှု မျိုးမဖြစ်ရန် ဂရုစိုက်နေရကြောင်း လူမှုရေး အဖွဲ့အစည်းတစ်ခုမှ သတင်းရရှိသည်။

လာရောက်ဆေးကုသသူများသည် ငှက်ဖျား၊ ၀မ်းပျက်ဝမ်းလျှော နှင့် အအေးမိခြင်းများ ဖြစ်ပွားနေကြောင်းသိရသည်။
စခန်းကို နှစ်နာရီ သုံးနာရီ လောက် လမ်းလျှောက်လာရတဲ့ ရွာတွေက လာပြီး ဆေးခန်းကြတယ်။ လောလောဆယ်တော့ နိုင်နင်းနေသေးတယ်။ ဒါပေမဲ့ ကူးစက်ပြန့်ပွားမှု မဖြစ်အောင် ဂရုစိုက်နေရတယ်။ ဒီမှာ ရှိတဲ့ (မွတ်စလင် ) အရန် မီးသတ်လူငယ်တွေက ၀ိုင်းကူညီပေးကြတယ်။ ဆေးအဖွဲ့ကတော့ နေ့တိုင်းမနားရဘူး။ စခန်းတွေကိုလှည့်ပတ် သွားနေရတယ်။ ဟု ၄င်းက ပြောပါသည်။ အဆိုပါ မွတ်စလင် ဒုက္ခသည်စခန်းများသို့ သွားရောက်ဆေးကုပေးနေသော စေတနာ့ဝန်ထမ်းများကို နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကအကြိုအပို့ လုပ်ပေးနေပြီး အမျိုးသားများသာဖြစ်ကြောင်းသိရသည်။
အဆိုပါ မွတ်စလင် ဒုက္ခသည်စခန်းများတွင် လူဦးရေး အလွန်များပြားသဖြင့် ဆေးကုသရန် လူအများအပြားတန်းစီစောင့်ဆိုင်းနေရသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်တွင် ရခိုင်ဒုက္ခသည် စခန်း ခုနှစ်ခု ၊ မွတ်စလင် ဒုက္ခသည်စခန်း ကိုးခုရှိကြောင်းသိရသည်။
မွတ်စလင် သတင်းစဉ်

0 comments:

Post a Comment