Pages

Friday, August 10, 2012

တူရကီ နိုင်ငံခြားရေးဝန်ကြီး စစ်တွေရောက်

Photo: တူရကီ နိုင်ငံခြားရေးဝန်ကြီး စစ်တွေရောက်

တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး H. E .Mr Dhermet Davutogle ဟာ မကြာသေးခင်က ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေအကြား ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဒီကနေ့မနက်ပိုင်းက သွားရောက်ခဲ့ပါတယ်။

တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ဇနီး Mrs Sare Davutogle ၊ တူရကီနိုင်ငံခြားရေးရာဝန်ကြီးချုပ်ဇနီး Mrs Emine Erdogan နဲ့ သမီး Miss Sumegye Erdogan အပါအဝင် သီးခြားကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံက နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ မြန်မာ စစ်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနဝန်ကြီး ဦးသိန်းဌေး စတဲ့ လူ (၉၀)ခန့် လိုက်ပါလာခဲ့ပါတယ်။ 

တူရကီနိုင်ငံခြားရေးဝန်ကြီးဟာ မနက် ၁၀ နာရီလောက်မှာ စစ်တွေမြို့အနောက်ဘက်မှာရှိတဲ့ ဘောဒူဘ ဒုက္ခသည်စခန်း၊ ဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည် တွေကို 
အားပေးစကားပြောခဲ့တယ်လို့သိရပါတယ်။ 

အဲဒိနောက် ဆုတောင်းပြည့်ဒုက္ခသည်စခန်းမှာ ဒုက္ခသည် တွေကို ဦးဆောင်နေတဲ့ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တညာဏဝံသနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးကို လက်တွဲ တည်ဆောက်ဖို့အတွက် ပြောကြားခဲ့တယ်လို့ ဆရာတော်က RFA ကို မိန့်ပါတယ်။
တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ နေ့လည်ပိုင်းမှာ စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက် ဗလီမှာ  ဒေသခံဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့အတူ ဝတ်ပြုဆုတောင်းခဲ့တယ်လို့လည်း သိရပါတယ်။ ဝန်ကြီးနဲ့အဖွဲ့ဟာ ညနေ(၅)နာရီခန့်မှာ လေယာဉ်နဲ့ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
(ဓါတ်ပုံ အာအက်ဖ်အေ)


တူရကီနိုင်ငံခြားရေးဝန်ကြီးဟာ မနက် ၁၀ နာရီလောက်မှာ စစ်တွေမြို့အနောက်ဘက်မှာရှိတဲ့ ဘောဒူဘ ဒုက္ခသည်စခန်း၊ဆုတာင်း
ပြည့်ဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည် တွေကို အားပေးစကားပြောခဲ့တယ်လို့သိရပါတယ်။ 

0 comments:

Post a Comment