Pages

Friday, December 7, 2012

အီဂျစ် နိုင်ငံသားများ သမ္မတ နန်းတော်၏ အဝင် ဂိတ်ဝ၌ ကန့်ကွက် ဆန္ဒပြ

အီဂျစ် နိုင်ငံသားများ သမ္မတ နန်းတော်၏ အဝင် ဂိတ်ဝ၌ ကန့်ကွက် ဆန္ဒပြ

အီဂျစ် နိုင်ငံသား များသည် သမ္မတ နန်းတော်၏ အဝင် ဂိတ်ဝများ အနီးတွင် အစ္စလာမ္မစ် သမ္မတ မိုဟာမက် မော်စီအပေါ် ဆန့်ကျင်သော ကန့်ကွက် ဆန္ဒ ပြမှုများ ပြုလုပ်ခဲ့ကြ ပါသည်။ မော်စီ ဆန့်ကျင်ရေး ကြီးမား သော လူအုပ်ကြီးသည် ဒီဇင်ဘာလ ၄ ရက်နေ့ ညပိုင်းတွင် သမ္မတ နန်းတော်အား ဝန်းရံ ထားခဲ့ပြီးနောက် ကန့်ကွက် ဆန္ဒပြသူ ရာပေါင်း များစွာသည် ဒီဇင်ဘာလ ၅ ရက်နေ့ အစောပိုင်းတွင် သမ္မတ နန်းတော် အရှေ့ ၌ ယာယီ စခန်းများ ချ၍ ဆန္ဒပြခဲ့ ကြကြောင်း AFP သတင်းထောက် တစ်ဦးက ပြောကြားခဲ့ ပါသည်။

လူထောင်ပေါင်း များစွာ ပါဝင်သော ဒီဇင်ဘာလ ၄ ရက်နေ့ ကန့်ကွက် ဆန္ဒပြမှု အတွင်း၌ သမ္မတ နန်းတော် အပြင်ဘက်ရှိ သံဆူးကြိုးအား ဖြတ်တောက်၍ သမ္မတရုံး အတွင်းပိုင်းသို့ ချဉ်းကပ်ရန် ကြိုးပမ်း ခဲ့သော ကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယို ဓာတ်ငွေ့ဗုံး များဖြင့် ပစ်ခတ်နှိမ်နင်း ခဲ့ကြောင်း AFP သတင်းထောက် များက ပြောကြား ခဲ့ပါသည်။

http://www.myawady.net.mm/allnews/global/item/1135-2012-12-07-18-47-54

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

အီဂျစ် နိုင်ငံသား များသည် သမ္မတ နန်းတော်၏ အဝင် ဂိတ်ဝများ အနီးတွင်အစ္စလာမ္မစ်သမ္မတမိုဟာမက်
မော်စီအပေါ် ဆန့်ကျင်သော ကန့်ကွက် ဆန္ဒ ပြမှုများ ပြုလုပ်ခဲ့ကြ ပါသည်။

နယူးဇီလန် နိုင်ငံတွင် လေဆင်နှာမောင်း တိုက်ခတ် သုံးဦး သေဆုံး အများအပြား ဒဏ်ရာရ

နယူးဇီလန် နိုင်ငံတွင် လေဆင်နှာမောင်း တိုက်ခတ် သုံးဦး သေဆုံး အများအပြား ဒဏ်ရာရ

နယူးဇီလန် နိုင်ငံ၏ အကြီးဆုံး မြို့တစ်မြို့ ဖြစ်သည့် အုတ်ကလန် မြို့တွင် ဒီဇင်ဘာ ၅ ရက်က ဖြစ်တောင့် ဖြစ်ခဲ ရှိသည့် လေဆင်နှာမောင်း တစ်ခု တိုက်ခတ်ခဲ့ရာ သုံးဦး သေဆုံးခဲ့ပြီး လူအများ အပြား ဒဏ်ရာ ရရှိခဲ့ သည့် အပြင် သစ်ပင်များ ပြိုကျခဲ့ကြောင်း သိရသည်။
ထို့အပြင် လေဆင်နှာမောင်း တိုက်ခတ်ခဲ့ မှုကြောင့် ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှ အုတ်နံရံများ ပြိုကျခဲ့ပြီး ယင်း အုတ်နံရံ အပျက်အစီး များသည် ကုန်တင်ကား တစ်စီး အပေါ် ပြိုကျခဲ့ မှုကြောင့် ကားအ တွင်းရှိ လူနှစ်ဦး သေဆုံးခဲ့ကြောင်း မီးသတ် ဌာနမှ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားသည်။

ကယ်ဆယ်ရေး သမားများသည် မြို့အနောက်ပိုင်း ဆင်ခြေဖုံး ရပ်ကွက်ရှိ ကျောင်းဆောက်လုပ်ရေး လုပ်ငန်း ခွင် အတွင်း ပြိုကျခဲ့သော အုတ်နံရံများ အောက်တွင် ပိတ်မိ နေသည်ဟု ယူဆရသည့် အလုပ်သမား များကို ရှာဖွေလျက် ရှိကြောင်း The New Zealand Herald သတင်းစာတွင် ဖော်ပြထားသည်။

တတိယမြောက် သေဆုံးသူနှင့် စပ်လျဉ်း၍ အသေးစိတ် အချက် အလက်များကို ချက်ချင်း ရရှိနိုင်ခြင်း မရှိ သော်လည်း ဒဏ်ရာ ရရှိသူ ခုနစ်ဦးကို ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/1075-2012-12-07-09-21-04

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

နယူးဇီလန် နိုင်ငံ၏ အကြီးဆုံး မြို့တစ်မြို့ ဖြစ်သည့် အုတ်ကလန် မြို့တွင် ဒီဇင်ဘာ ၅ရက်က ဖြစ်တောင့် ဖြစ်
ခဲ ရှိသည့် လေဆင်နှာမောင်း တစ်ခု တိုက်ခတ်ခဲ့ရာသုံးဦး သေဆုံးခဲ့ပြီးလူအများအပြားဒဏ်ရာရရှိခဲ့သည့်
အပြင် သစ်ပင်များ ပြိုကျခဲ့ကြောင်း သိရသည်။

ပြည်တွင်းရွှေ နိုင်ငံတကာ ဈေးကွက် ထိုးဖောက်မည်

ပြည်တွင်းရွှေ နိုင်ငံတကာ ဈေးကွက် ထိုးဖောက်မည်

    07 December 2012  | 
    
ပြည်တွင်းရွှေ နိုင်ငံတကာ ဈေးကွက်ထိုးဖောက်မည်ပြည်တွင်းရွှေများကို ပြည်တွင်း သာမက ပြည်ပနိုင်ငံ များနှင့် နိုင်ငံတကာ စံချိန် မီအောင် အရောင်းအဝယ် လုပ်ရန် ဆွေးနွေးနေကြောင်း ရွှေလုပ်ငန်းရှင်များ အသင်း၏ အတွင်းရေးမှူး ဦးကျော်ဝင်း (ဦးထုံရွှေဆိုင်) က ဒီဇင်ဘာ ၂၉ရက်နေ့ တွင်ပြောသည်။ "ပြည်တွင်း မှာရောင်းတဲ့ စံချိန်ကို နိုင်ငံတကာစံချိန်နဲ့ မီအောင် ရောင်းဖို့အတွက် အရင်ဆုံး ရန်ကုန်မြို့နဲ့ မန္တလေး မြို့တွေမှာ ဖွံ့ဖြိုးအောင်လုပ်ရမယ်။ ၂၀၁၅ ရောက်ရင် ပြည်ပနဲ့အရောင်းအဝယ်လုပ် ဖို့ကြိုးစားရမယ်။ နိုင်ငံတကာ ဒီဇိုင်းဆိုတာ ပြည်တွင်းက လက်မှုပညာနဲ့ ပြည်ပက စက်ထည် လက်ထည်တွေကို ပေါင်းစပ်တာ ပါ" ဟု ၄င်းကပြောသည်။ မြန်မာ့ရွှေကို ဂျပန်၊တရုတ်၊ စင်ကာပူ၊ ဩစတြေးလျ၊ အိန္ဒိယနိုင်ငံများက အများဆုံး စိတ်ဝင်စားမှုရှိပြီး လက်ရှိအချိန်တွင် မြန်မာ့ရွှေ ဈေးကွက်အတွင်းသို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု များ ဝင်ရောက်လာရန် ဖိတ်ခေါ်ထားခြင်း မရှိသေး ကြောင်း ၄င်းနိုင်ငံများသို့ ပြည်တွင်းသုံးအလေးချိန်ဖြင့် ရောင်းချခြင်းမလုပ်ဘဲ၊ နိုင်ငံတကာသုံး အလေးချိန်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း နိုင်ငံတကာ အဆင့်မှီအောင် လုပ်ရင် နောင်တစ်ချိန်၌ နိုင်ငံတကာဒီဇိုင်းများ ခေတ် စားသွားမည်ဖြစ်ကြောင်း ၄င်းကထပ်မံ ပြောကြားသည်။ နိုင်ငံတကာဒီဇိုင်းမီရန် ပြည်တွင်းနှင့် ပြည်ပနည်းပညာ ပူး ပေါင်းခြင်းဖြင့် မြန်မာ့ရွှေအရည်အသွေး တိုးတက်လာနိုင်ဖွယ်ရှိကြောင်း မန္တလေး မြို့ အောင်သမာဓိရွှေဆိုင်မှ ဦးမော်က ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြောသည်။ "နိုင်ငံတကာ စံချိန်မီဖို့အတွက်ဆိုရင် နည်းပညာပေါ် မူတည်တာပေါ့။ နိုင်ငံတကာ အရည်အသွေးက ၉၉ .၉၉ ရှိပြီး မြန်မာ့ရွှေက ၉၉ .၉၀ တာဆိုတော့ ၉ လေးလုံးကို မီအောင်လိုက်နိုင်ရင် နိုင်ငံ တကာနှင့်အညီ မြန်မာ့ရွှေ အရည်အသွေးတွေ တိုးတက်လာနိုင်တယ်"ဟု ၄င်းက ပြောသည်။ ယခုလက်ရှိ မြန်မာ့ရွှေဈေးသည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၆၉၀ဝ၀ရှိပြီး ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် ကျပ် ၁၇၂၀ ဒေါ်လာဖြစ် ၍ ဒေါ်လာဈေးနှင့်ယူရိုငွေ ဈေးအတက် အကျပေါ်မူတည်၍ ရွှေဈေးအပြောင်းအလဲ ရှိနိုင်ကြောင်း အောင်သမာဓိရွှေ ဆိုင်မှ သိရသည်။ 

ပပ၀င်း

အေးချမ်းမွန်မှ  The Public Image  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Public Image

07 December 2012 

ပြည်တွင်းရွှေ နိုင်ငံတကာ ဈေးကွက်ထိုးဖောက်မည်ပြည်တွင်းရွှေများကို ပြည်တွင်း သာမက ပြည်ပနိုင်ငံ များနှင့် နိုင်ငံတကာ စံချိန် မီအောင် အရောင်းအဝယ် လုပ်ရန် ဆွေးနွေးနေကြောင်း ရွှေလုပ်ငန်းရှင်များ အ
သင်း၏ အတွင်းရေးမှူး ဦးကျော်ဝင်း (ဦးထုံရွှေဆိုင်) က ဒီဇင်ဘာ ၂၉ရက်နေ့ တွင်ပြောသည်။

ဒီဇင်ဘာလ နှောင်းပိုင်းတွင် တာဝေးပစ် ဒုံးကျည် တစ်ခု ပစ်လွှတ်ရန် မြောက်ကိုရီးယား စီစဉ်

ဒီဇင်ဘာလ နှောင်းပိုင်းတွင် တာဝေးပစ် ဒုံးကျည် တစ်ခု ပစ်လွှတ်ရန် မြောက်ကိုရီးယား စီစဉ်

မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ဒီဇင်ဘာလ နှောင်းပိုင်းတွင် တာဝေးပစ် ဒုံးကျည် တစ်ခုအား ပစ်လွှတ်ရန် အတွက် အဆင့် ၃ ဆင့် စလုံးအား ဒုံးပျံ ပစ်စင်တွင် တပ်ဆင်ထားပြီး ဖြစ်ကြောင်း၊ အဆိုပါ တပ်ဆင်ခြင်း သည် အပြည်ပြည် ဆိုင်ရာ စစ်ပွဲများ တားဆီးရေး ပြဋ္ဌာန်းချက် များကို မလိုက်နာခြင်း ဖြစ်သည်ဟု ဒီဇင်ဘာလ ၅ ရက်နေ့တွင် အသံလွှင့် ဌာနများမှ ပြောကြားခဲ့ ပါသည်။

၎င်းဒုံးပျံအား မြောက်ကိုရီးယား နိုင်ငံ၏ အနောက် မြောက်ဘက်တွင် တပ်ဆင်ထားပြီး ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံ၏ Yonhap သတင်း ဌာနက တရားဝင် ပြောကြားခဲ့ ပါသည်။ ဒီဇင်ဘာလ ၁ဝ ရက်နေ့နှင့် ၁၂ ရက် အကြားတွင် စတင်ပစ်လွှတ် နိုင်မည်ဖြစ်ကြောင်း ကိုလည်း အမည် မဖော်လိုသော ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့ ပါသည်။ 

အထက် ပါ ဒုံးပျံ ပစ်လွှတ်ရန် ဆောင်ရွက်ခြင်းသည် ပြီးခဲ့သည့် ဧပြီလ အတွင်း ပစ်လွှတ်ခဲ့စဉ် မအောင်မြင် ခဲ့သည့် နောက်ပိုင်း မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ယခုနှစ် အတွင်း ဒုတိယ အကြိမ် ပစ်လွှတ်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။ မြောက်ကိုရီးယား နိုင်ငံသည် ဂြိုဟ်တုအား ဂြိုဟ်ပတ် လမ်းအတွင်း စနစ်တကျ ရောက်ရှိစေရန် ရည်ရွယ်၍ ဒုံးပျံဖြင့် လွှတ်တင်ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့ ပါသည်။ 

အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်း များအနေဖြင့် အဆိုပါ ဒုံးပျံ ပစ်လွှတ်ခြင်းများ အပေါ် သံသယများ ရှိခဲ့ကြကြောင်း ဖော်ပြထားပါ သည်။

http://www.myawady.net.mm/allnews/global/item/1141-2012-12-07-20-30-38

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ဒီဇင်ဘာလ နှောင်းပိုင်းတွင် တာဝေးပစ် ဒုံးကျည် တစ်ခုအား ပစ်လွှတ်
ရန် အတွက် အဆင့် ၃ ဆင့် စလုံးအား ဒုံးပျံပစ်စင်တွင်တပ်ဆင်ထားပြီး ဖြစ်ကြောင်း၊အဆိုပါ တပ်ဆင်ခြင်း
သည် အပြည်ပြည် ဆိုင်ရာ စစ်ပွဲများ တားဆီးရေး ပြဋ္ဌာန်းချက် များကို မလိုက်နာခြင်း ဖြစ်သည်ဟု ဒီဇင်ဘာ
လ ၅ ရက်နေ့တွင် အသံလွှင့် ဌာနများမှ ပြောကြားခဲ့ ပါသည်။

ယနေ့ည ၉ နာရီ ၁၂ မိနစ်အချိန်ခန့်က မုံရွာမြို့၏ လူစည်ကားရာ မြို့လယ် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဆိုင်ကယ်တစ်စီးအား ပါဂျဲရိုးကားတစ်စီးမှ နောက်မှနေ၍ အရှိန်ပြင်းစွာလိုက်လံတိုက်လျက်ရှိကြောင်း သတင်းရရှိ

ယနေ့ည( ၇.၁၁.၂၀၁၂) ရက်နေ့ ည ၉ နာရီ ၁၂ မိနစ်အချိန်ခန့်က မုံရွာမြို့၏ လူစည်ကားရာ မြို့လယ် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဆိုင်ကယ်တစ်စီးအား ပါဂျဲရိုးကားတစ်စီးမှ နောက်မှနေ၍ အရှိန်ပြင်းစွာလိုက်လံတိုက်လျက်ရှိကြောင်း ညဈေးတန်းတွင်းဈေးရောင်နေသူများက ပြောကြားသည်။
"ဆိုင်ကယ်ကိုကားကလိုက်ပြီးတိုက်နေတာပါ။ ဆိုင်ကယ်သမားက (ယခင်)ဒဂုန်စားသောက်ဆိုင်လမ်းကြားဘက်ကိုကွေ့ဝင်ချိုးသွားတဲ့အခါမှာ ကားက လမ်းလယ်ကျွန်ကိုဝင်တိုက်မိပြီး လယ်ကျွန်းက အုတ်ခဲ့တွေလွင့်စင်သွားတာကြောင်း အနီးမှာရှိနေတဲ့ အသက်(၅၀)ကျော်အဘိုးတစ်ယောက်ကိုမှန်သွားပြီးဒဏ်ရာရသွားပါတယ်"ဟု ကိုယ်တိုင်မြင်တွေ့လိုက်ရသူတစ်ဦးကပြောပြပါတယ်။
အနီးမှာရဲနှစ်ယောက်ရှိတယ် အမှတ်(၁) ရဲစခန်းက ရဲတပ်ကြပ် ကျော်မင်းလွင်ဆိုသူနဲ့ ယခင် အထိုင်စက်ကိုင် တပ်ဖွဲ့ဝင်တစ်ဦးကလည်းအခင်းဖြစ်အရပ်မှာရှိနေတာကိုမြင်လိုက်ရပါတယ်။
အခုတော့ ရမ်းကားနေတဲ့ကားက လူစည်ကားရာမြို့လယ်ထဲမှာတင် ပျောက်ချင်းမလှပျောက်နေပြါ့ပီ။

အေးချမ်းမွန်မှ  Monywa Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Monywa Times

ယနေ့ည( ၇.၁၁.၂၀၁၂) ရက်နေ့ ည ၉ နာရီ ၁၂ မိနစ်အချိန်ခန့်က မုံရွာမြို့၏ လူစည်ကားရာ မြို့လယ် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဆိုင်ကယ်တစ်စီးအား ပါဂျဲရိုးကားတစ်စီးမှ နောက်မှနေ၍ အရှိန်ပြင်းစွာလိုက်
လံတိုက်လျက်ရှိကြောင်း ညဈေးတန်းတွင်းဈေးရောင်နေသူများက ပြောကြားသည်။

လက်ဝှေ့ထိုးတာဝါသနာပါတဲ့ သူငယ်ချင်းတွေအတွက် glu ကထုတ်လိုက်တဲ့ Super ko Boxing 2 for (Android)



ဒီတခါ ဂိမ်းအမိုက်စားတွေအမြဲထွက်တဲ့ glu ကထုတ်လိုက်တဲ့ Super ko Boxing 2 ဆိုတဲ့ လက်ဝှေ့ထိုးတဲ့
ဂိမ်းလေးပါ….တော်တော်ထိုးရတာကောင်းပါတယ်ဒီဂိမ်းထဲမှာ Circuits,Chanllege,versusဆိုပြီးကဏ္ဏသုံး
ခုနဲ့ဆော့ကစားနိုင်မှာဖြစ်ပါတယ်…

အန္တရာယ် တွေကိုမှစွန့်စားချင်ကြတဲ့ သူငယ်ချင်းတွေအတွက် Z.O.N.A: Road to Limansk HD for (Android )



ဒီဂိမ်းမှာသင့်ဟာ ဆိုဗီယက်ခေတ်နှောင်းပိုင်းက…..ကျန်ရစ်ခဲ့တဲံ…ထူးခြားဆန်းပြားကြောက်မယ်ဖွယ်
ရာ…စွန်ပစ်ဇုန်..တစ်ခုထဲရောက်သွားပြီး…အဲ့ဒီကနေ..ထွက်ဖို့ကြိုးစားရမှာပါ…။လမ်းကြောင်းတွေအ
များကြီးရှိနေပြီး…..စိန်ခေါ်မှုများတဲ့ပုစ္ဆာတွေ၊အလုပ်တွေကို…ရင်ဆိုင်ဖြေရှင်းရမှာပါ….။

မနက်ဖြန် ဒီဇင်ဘာ(၈)ရက်နေ့ နံနက်၎ နာရီ ဒေါ်အောင်ဆန်းစုကြည်၏ နတ်မောက်ခရီးစဉ်သွားမည်

( ဒေါ်အောင်ဆန်းစုကြည်၏ နတ်မောက်ခရီးစဉ် )


ဒီဇင်ဘာ(၈)ရက်နေ့ နံနက်၎ နာရီတွင်
နေပြည်တော်နေအိမ်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး၊ တောင်တွင်းကြီး၊ နတ်မောက်မြို့များ သို့သွားရောက်ကာ ထိုနေ့ညတွင်မကွေးမြို့၌ ညအိပ်တည်းခိုမည်ဖြစ်သည်။

ဒီဇင်ဘာ(၉)ရက်နေ့နံနက်တွင
် မကွေးမှတစ်ဆင့် မြသလွန်၊ ရေနံချောင်း၊ ဂွေးချို၊ ကျောက်ပန်းတောင်း၊
ညောင်ဦး မြို့တို့သို့သွားရောက်ဦးမည်ဖြစ်ပြီး၊ ထိုခရီးစဉ်မှ ရန်ကုန်သို့ လေကြောင်းလိုင်းဖြင့် ဒီဇင်ဘာ(၉)ရက်နေ့ ညနေပိုင်းတွင်ပင်ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။



Popular Myanmar News Journal

‎ဒီဇင်ဘာ(၈)ရက်နေ့ နံနက်၎ နာရီတွင် နေပြည်တော်နေအိမ်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး၊ တောင်တွင်းကြီး၊
နတ်မောက်မြို့များ သို့သွားရောက်ကာ ထိုနေ့ညတွင်မကွေးမြို့၌ ညအိပ်တည်းခိုမည်ဖြစ်သည်။

“နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် လက်ပံတောင်းတောင် အတွေ့အကြုံ ရှင်းလင်း”

“နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် လက်ပံတောင်းတောင် အတွေ့အကြုံ ရှင်းလင်း”

ရန်ကုန်၊ ဒီဇင်ဘာ (၇)

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လေ့လာရေးအတွေ့အကြုံ ရှင်းလင်းပွဲကို ယနေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ M3 စားသောက်ဆိုင် တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင်  နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်က -
(၁) မြန်မာနိုင်ငံ တစ်ဝှမ်းလုံး တည်ငြိမ်မှုကို ပျက်ပြားစေပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အား ထိခိုက်မှု ရှိလာမည်ကို စိုးရိမ်ကြောင်း၊

(၂) ရဟန်းရှင်လူ ပြည်သူများ၏ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစေရန် အကြမ်း ဖက်ဖြိုခွင်းရန် အမိန့်ပေးသည့် တာဝန်ရှိသူများမှ ၀န်ချတောင်းပန်ခြင်းဖြင့် သာ ပြေငြိမ်းကြလိမ့်မည်ဟု ယုံကြည်ကြောင်း၊

(၃) တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများအား ကြားဝင်ဖြေ ရှင်းပေးမည်ဆိုသည်ကို ကျွန်ုပ်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ လက်ခံကြိုဆိုပါကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ (၇)

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လေ့လာရေးအတွေ
့အကြုံ ရှင်းလင်းပွဲကို ယနေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ M3 စားသောက်ဆိုင် တွင် ပြုလုပ်ခဲ့သည်။

မန္တလေးတက္ကသိုလ် အရှေ့ဘက် ၆၉ လမ်းရှိ ရေမြောင်းအတွင်းမှ မီးရထားဝန်ထမ်းတစ်ဦး ဒဏ်ရာများဖြင့် သေဆုံး

မန္တလေးတက္ကသိုလ် အရှေ့ဘက် ၆၉ လမ်းရှိ ရေမြောင်းအတွင်းမှ မီးရထားဝန်ထမ်းတစ်ဦး ဒဏ်ရာများဖြင့် သေဆုံး


ယနေ့ နေ့လည် ၁၂ နာရီ ၀န်းကျင်တွင် မန္တလေးတက္ကသိုလ် အရှေ့ဘက် ၆၉ လမ်းရှိ ရေမြောင်းအတွင်းမှ မီးရထားဝန်ထမ်းတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရသည်။ အဆိုပါ သေဆုံးသူအား လူပျောက်ကြော်ငြာထားသည်မှာ သုံးရက်ခန့်ရှိနေပြီဖြစ်ကြောင်း အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာ သော ရဲအရာရှိတစ်ဦးက ထံမှ သိရသည်။

____________________________________
Reference and Credit to -သတင်းနှင့်ဓာတ်ပုံ-ကိုစည်သူလွင်(မြန်မာ့တိုင်းမ်)
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)

ယနေ့ နေ့လည် ၁၂ နာရီ ၀န်းကျင်တွင် မန္တလေးတက္ကသိုလ် အရှေ့ဘက် ၆၉ လမ်းရှိ ရေမြောင်းအတွင်းမှ
မီးရထားဝန်ထမ်းတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရသည်။

အယ်လ်ဂျာဇီးယား သတင်းဌာနမှ ထုတ်လွင့်မည့် ရခိုင်ပြည်နယ် ပဋိပက္ခသတင်း အစီအစဉ်တစ်ခုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရမှ ကန့်ကွက်

FRIDAY, 07 DECEMBER 2012 
 
ကာတာနိုင်ငံအခြေစိုက် အယ်လ်ဂျားဇီးယား သတင်းဌာနမှ ထုတ်လွင့်မည့် ရခိုင်ပြည်နယ်ပဋိပက္ခ သတင်းအစီအစဉ်တစ်ခုအား မြန်မာနိုင်ငံအစိုးရမှ ပြင်းထန်စွာ ကန့်ကွက်ကြောင်းကို နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လူတစ်ကိုယ်လုံးကို ကျောက်တုံးဖြစ်စေသော ရောဂါ

လူတစ်ကိုယ်လုံးကို ကျောက်တုံးဖြစ်စေသော ရောဂါ

Stone Man Syndrome လို့လည်း လူသိများတဲ့ Fibrodysplasia ossificans progressiva (FOP) ဟာ တကယ်ပဲ ကျောက်တုံး ဖြစ်စေ တဲ့ ရောဂါ ဖြစ်ပါတယ်။ 

ကျောက်တုံးရယ်လို့ မဟုတ်ပါဘူး။ ခန္ဓာကိုယ် တစ်ခုလုံးက အသား၊ ကြွက်သား၊ တစ်ရှုးအားလုံးကို အရိုးအဖြစ်သို့ ပြောင်းလဲ သွားစေတဲ့ ရောဂါ ဖြစ်ပါတယ်။ ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ရောဂါ စာရင်းထဲမှာ ပါဝင်ပါတယ်။ လူ ၂ သန်းမှာ ၁ ယောက် ဖြစ်တတ် တဲ့ ရောဂါ ဖြစ်ပြီး ယနေ့ချိန်အထိ စစ်တမ်းအရ FOP ဝေဒနာသည် ၂၅၀၀ ကျော်သွားပြီလို့ သိရပါတယ်။ သူ့ကို ကင်ဆာရောဂါ တစ်မျိုးတည်း ထည့်သွင်း သတ်မှတ်ထားပါတယ်။ ရှားရှားပါးပါး ရောဂါမို့လို့ ဖြစ်ပါတယ်။ 

ကမ္ဘာကျော် လူသိများသွားသူကတော့ အမေရိကန်နိုင်ငံ၊ Philadelphia မြို့ က Harry Raymond Eastlack, Jr. (1933 – 1973) ဖြစ်ပါတယ်။ အသက် ၁၀ နှစ်တုန်းက ဆော့ကစား ရင်း ခြေထောက်မှာ အရိုးဒဏ်ရာ အနည်းငယ် ဖြစ်ပါတယ်။ ယင်း အရိုးဒဏ်ရာကနေ အရိုး ဖြစ်ပေါ်စေတဲ့ ဖိုက်ဘာ တစ်ရှုးများ တဖြည်းဖြည်း ဆပွား တိုးလာပြီး တစ်ကိုယ်လုံးကို အရိုး အဖြစ်သို့ တဖြည်းဖြည်း ချင်း ပြောင်းလဲစေပါတယ်။ အသက် ၄၀ ပြည့်ဖို့ ရက်ပိုင်း အလိုမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ခါနီး ကာလမှာဆိုရင် နှုတ်ခမ်းက လွဲလို့ ကျန်တဲ့ ဘယ် ခန္ဓာကိုယ် အစိတ်အပိုင်းမှ လှုပ်ရှားလို့ မရတော့ပါဘူး။ Harry ကိုအခြေခံလို့ Tell-Tale အမည်ရ ရုပ်ရှင်ကိုလည်း ၂၀၀၉ ခုနှစ်က ရိုက်ကူး ခဲ့ပါတယ်။ မင်းသား Josh Lucas က သရုပ်ဆောင်ပေးထားပါတယ်။ 

FOB အတွက် ယနေ့အထိလည်း ဆေးမတွေ့ သေးပါဘူး။ Harry ကတော့ သူ့အလောင်းကို Philadelphia ပြတိုက်ကို လှူဒါန်းခဲ့ပါတယ်။ ယနေ့တိုင် လည်း ရောဂါအတွက် အဖြေရှာဆဲ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက ငါးမန်းမှာ ရှိတဲ့ ဓတ်တစ်မျိုးက ပျောက်စေမယ်လို့ တွေ့ရှိပြီး ဆန်းသပ်ရာ ဘာမှ မထူးခြားခဲ့ပါဘူး။ 

FOP က မွေးရာပါလည်း ဖြစ်တတ်ပါတယ်။ အသက် ၁၀ နှစ်အောက်မှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါ လက္ခဏာကတော့ ခြေမ အရွယ်အစားက သာမန်ထက် ပိုမိုကြီးထွားလာခြင်း ဖြစ်ပါတယ်။ တစ်ကိုယ်လုံး အရိုးဖြစ်သွားပုံကတော့ လည်ပင်းက စပါတယ်။ လည်ပင်မှ ပုခုံး၊ ပုခုံးမှ လက်မောင်း၊ လက်မောင်းမှ ဗိုက်၊ ဗိုက်မှ ခြေထောက် အထိ နေက်ဆုံး အပေါ်ကနေ အောက်အထိ တဖြည်းဖြည်း ကူးစက် တာ ဖြစ်ပါတယ်။ ခေါင်းပါပါဝင်ပြီး နှုတ်ခမ်းသာ လှုပ်ရှားလို့ ရတဲ့အထိလည်း အခြေအနေ ဆိုးပါတယ်။ 

ဒါကြောင့် လူတစ်ကိုယ်လုံးကို အရိုးစု အဖြစ်သို့ ပြောင်းလဲစေတဲ့ FOP (ကျောက်တုံး ရောဂါ) ကို ကြောက်စရာကောင်းတဲ့ ရောဂါ တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ 
--
Ref :rare medic facts.
---
http://www.innewsmyanmar.com/2012/12/blog-post_6.html

---

အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :International news for myanmar

Stone Man Syndrome လို့လည်း လူသိများတဲ့ Fibrodysplasia ossificans progressiva (FOP) ဟာ တကယ်
ပဲ ကျောက်တုံး ဖြစ်စေ တဲ့ ရောဂါ ဖြစ်ပါတယ်။ ကျောက်တုံးရယ်လို့ မဟုတ်ပါဘူး။ ခန္ဓာကိုယ် တစ်ခုလုံးက အသား၊ ကြွက်သား၊ တစ်ရှုးအားလုံးကို အရိုးအဖြစ်သို့ ပြောင်းလဲ သွားစေတဲ့ ရောဂါ ဖြစ်ပါတယ်။

ကမ္ဘာ့အရောင်စုံဆုံး သစ်ပင် (သက်တံ့သစ်ပင်)