Pages

Wednesday, April 10, 2013

ပန်းဘဲတန်း မြို့နယ်NLD ပညာဒါနကျောင်းတွင် အဓမ္မကျူးလွန်သူဟု ယူဆရသူကို စွဲချက်တင်

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ်NLDပညာဒါနကျောင်းတွင် ဖြစ်ပွားခဲ့သည့်အဓမ္မကျုးလွန်မှုတွင်
ကျူးလွန်သူဟု ယူဆရသူ ခင်မောင်ထူး (ခ) သားကြီးကို ပန်းဘဲတန်းမြို့နယ် တရားရုံး က ပုဒ်မ ၃၇၆ ဖြင့် ဧပြီလ ၈ ရက်က စွဲချက်တင်ခဲ့ကြောင်း အဆိုပါတရားရုံးထံမှ သိရှိ ရသည်။

စက်မှုထိပ်သီး ၈ နိုင်ငံ မြန်မာ့အရေး ဆွေးနွေးမည်

စက်မှုထိပ်သီး ၈ နိုင်ငံ မြန်မာ့အရေး ဆွေးနွေးမည်

Wednesday, April 10, 2013
    
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ကျင်းပမယ့် G8 စက်မှုထိပ်သီး ၈ နိုင်ငံ အစည်းအဝေးမှာ မြန်မာနိုင်ငံ အရေးကိစ္စကိုလည်း ဆွေးနွေးကြ ဖို့ရှိပါတယ်။ ဘယ်ကိစ္စကို အဓိကထား ဆွေးနွေးကြမယ်ဆိုတာ အတိအကျ မသိရပေမဲ့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာ အစိုးရက တင်ပြထားသလို တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးကိစ္စကို ဆွေးနွေးကြ လိမ့်မယ်လို့ ဖော်ပြထားပါတယ်။
 
အစိုးရစစ်တပ်ဟာ မုဒိန်းကျင့်မှု၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး မဆွေးနွေးဘဲ ကုန်သွယ်ရေးကိစ္စကိုပဲ အဓိကထားပြီး ဆွေးနွေးမယ့်အပေါ် အထူး စိုးရိမ်မိတယ်လို့ Burma Campaign UK က ပြောပါတယ်။
 
ဒီထိပ်သီးအစည်းအဝေးမှာ ထိပ်တန်းဦးစားပေးပြီး ဆွေးနွေးမယ့်
နောက်အကြောင်းအရာတခုကတော့ ဆီးရီးယား ပြည်တွင်းစစ် ကိစ္စဖြစ်ပါတယ်။

သမ္မတ ဘာရှာ အယ်လ်-အာဆဒ် (Bashar al-Assad) အစိုးရကို လက်နက်ကိုင် ပုန်ကန်နေတဲ့ ဆီးရီးယား အတိုက်အခံတွေကို လက်နက်ထောက်ပံ့ရေးကိစ္စကို ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေက ဆက်ပြီး တွန်းအားပေးလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့လည်း မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်မယ့် အရိပ်လက္ခဏာမျိုးတွေကို မတွေ့ရသေးပါဘူး။

မြောက်ကိုရီးယားရဲ့ စစ်ရေးခြိမ်းခြောက်မှုဟာလည်း ထိပ်သီးအစည်းအဝေး အစီအစဉ်ထဲမှာ ထိပ်တန်းဦးစားပေးကိစ္စတစ်ခုအဖြစ် ပါဝင်မှာဖြစ်ပါတယ်။
VOA

Wednesday, April 10, 2013

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ကျင်းပမယ့် G8 စက်မှုထိပ်သီး ၈ နိုင်ငံ အစည်းအဝေးမှာ မြန်မာနိုင်ငံ အရေးကိစ္စကိုလည်း ဆွေးနွေးကြ ဖို့ရှိပါတယ်။ ဘယ်ကိစ္စကို အဓိကထား ဆွေးနွေးကြမယ်ဆိုတာ အတိအကျ မသိရပေမဲ့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာ အစိုးရက တင်ပြထားသလို တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးကိစ္စကို ဆွေးနွေးကြ လိမ့်မယ်လို့ ဖော်ပြထားပါတယ်။

ယနေ့ ဒေသစံတော်ချိန် ညနေ (၃း၅၀)တွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နယ်စပ်ကြား ဒေသတစ်ခုဖြစ်တဲ့... ပန်မွန်ဂျူးနဲ့ ဖာဂျူး ( 파주 ) ဒေသအနီးမှာ ပစ်ခတ်မှုတွေ ဖြစ်နေပြီဆိုတဲ့ သတင်း လုံးဝ မှန်ကန်ခြင်း မရှိ

ယနေ့ ဒေသစံတော်ချိန် ညနေ (၃း၅၀)တွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နယ်စပ်ကြား ဒေသတစ်ခုဖြစ်တဲ့... ပန်မွန်ဂျူးနဲ့ ဖာဂျူး ( 파주 ) ဒေသအနီးမှာ ပစ်ခတ်မှုတွေ ဖြစ်နေပြီဆိုတဲ့ သတင်း လုံးဝ မှန်ကန်ခြင်း မရှိပါဘူး။

ယနေ့ည ကိုရီးယား TV SBS ညနေ၈နာရီ သတင်းတွင် တိုက်ပွဲတွေ ဖြစ်နေပြီဆိုတဲ့ သတင်း လုံးဝ ပြောကြားခြင်းမရှိပါ။ ဒီညသတင်းတွင် မြောက်ကိုရီးယားက ဒီနေ့ Missiles(ဒုံးလက်နက်) နှင့် ပစ်ခတ်ခြင်းမရှိပေမယ့် အချိန်မရွေး ပစ်ခတ်နိုင်ဖွယ် ရှိကြောင်းကိုဘဲ သတိပေး ပြောကြားသွားပါတယ်။

ယခုအချိန်ထိ တောင်ကိုရီးယားနိုင်ငံရဲ့ အခြေအနေက အရင်တိုင်းဘဲ တည်ငြိမ်လျက်ရှိပါတယ်။

ယနေ့ ဒေသစံတော်ချိန် ညနေ (၃း၅၀)တွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နယ်စပ်ကြား ဒေသတစ်
ခုဖြစ်တဲ့ပန်မွန်ဂျူးနဲ့ ဖာဂျူး ( 파주 ) ဒေသအနီးမှာ ပစ်ခတ်မှုတွေ ဖြစ်နေပြီဆိုတဲ့ သတင်း လုံးဝ မှန်ကန်ခြင်း
မရှိပါဘူး။ ယနေ့ည ကိုရီးယား TV SBS ညနေ၈နာရီ သတင်းတွင် တိုက်ပွဲတွေ ဖြစ်နေပြီဆိုတဲ့ သတင်း လုံးဝ
ပြောကြားခြင်းမရှိပါ။

မြန်မာ အိမ်အကူ အမျိုးသမီးများကို နှိပ်စက်သည့် ထိုင်းမိသားစု ဖမ်းဆီးခံရ

မြန်မာ အိမ်အကူ အမျိုးသမီးများကို နှိပ်စက်သည့် ထိုင်းမိသားစု ဖမ်းဆီးခံရ

မြန်မာ အိမ်အကူများကို နှိပ်စက်သည့် စစ်ဗိုလ် အယောင်ဆောင် အိမ်ရှင် (ခေါင်းတုံးနှင့်လူ) ကို ဖမ်းဆီးလာစဉ် (ဓာတ်ပုံ – ဘစောတင် / ဧရာဝတီ)

မြန်မာ အိမ်အကူ အမျိုးသမီးငယ် ၃ ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး လခမပေးဘဲ ခိုင်းစေသည့် ထိုင်းမိသားစုအား လူမှောင်ခိုမှု တိုက်ဖျက်ရေးဌာနမှ ထိုင်းရဲများက ဧပြီလ ၅ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘန့်ဘွန်ရပ်၊ ဧကချိုင် လမ်းကြီး၊ လမ်းသွယ် ၆၉/၂ တွင် နေထိုင်သော အသက် ၅၀ ခန့်ရှိ နိုင်ဒေပါနုနှင့် ၎င်း၏ မိသားစုအား စစ်အရာရှိ အယောင်ဆောင်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ မုဒိမ်းမှု၊ အဓမ္မအလုပ်ခိုင်းစေမှု စသည့် အမှုများဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း မြန်မာ မိန်းကလေးများ လွတ်မြောက်ရေးအတွက် အကူအညီပေးပြီး စကားပြန်လည်း လုပ်ပေးသူ ဒေါ်မာလီက ဧရာဝတီသို့ ပြောသည်။

“ဒီလူက လမ်းထဲမှာ သူ့ကိုယ်သူ စစ်အရာရှိကြီးဆိုပြီး ခပ်တည်တည် နေနေတယ်။ တကယ်တော့ သူက ဘာအရာရှိမှ မဟုတ်ဘူးလေ။ ဗိုလ်တုပဲ။ စာရွက်စာတမ်း အတုတွေရယ်၊ တပ်မတော်က အထူးအရာရှိဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း ခပ်တည်တည် သူ့အိမ်မှာ ထားထားတယ်” ဟု ဒေါ်မာလီက ပြောသည်။

၎င်းက ဆက်လက်၍ “ဒီလူက ကျမတို့ မြန်မာ မိန်းကလေးတွေကို လုပ်ခမပေးဘဲ အလုပ်ခိုင်းတဲ့ အပြင် မုဒိမ်းလည်းကျင့်တယ်။ မုဒိမ်းကျင့်ရာမှာ ကိုယ်တင် ကျင့်တာမဟုတ်ဘူး။ သူ့သားကိုလည်း ကျင့်ခိုင်းတယ်။ ပြီးတော့ သူ့အိမ်မှာ အလုပ်လာတဲ့ လာအိုလူမျိုးကို ထပ်ကျင့်ခိုင်းတယ်။ သူ့ဆီက လက်နက်လည်း ဖမ်းမိတယ်။ ကလေးမလေးတွေကို သော့ခတ်ပြီးချည်တဲ့ သံကြိုးတွေရော၊ လက်ထိပ်တွေ ဘာတွေရော သူ့အိမ်ထဲမှာ မိတယ်။ ဒီအမှုတွေနဲ့ ပတ်သက်သို့ စစ်ဗိုလ်တု နိုင်ဒေပါနုနဲ့ ဇနီးရယ်၊ သားနဲ့ သမီးရယ်၊ မုဒိန်းကျင့်တဲ့ လာအိုနိုင်ငံသား အလုပ်သမားတယောက် စုစုပေါင်း ၅ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်” ဟု ပြောသည်။

နိုင်ဒေပါနု၏ အိမ်တွင် အလုပ်လုပ်ကြသည့် မြန်မာ အမျိုးသမီးငယ်များမှာ တနင်္သာရီတိုင်း သရက်ချောင်း မြို့နယ်မှ ဖြစ်ကြပြီး တဦးက အသက် ၁၈ နှစ်နှင့် ကျန် နှစ်ဦးမှာ အသက် ၁၅ နှစ်စီ ရှိကြကြောင်း၊ အလုပ်လုပ်နေကြသည်မှာ ၃ လခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

ထို ၃ လအတွက် လုပ်ခလစာလည်းမရ၊ ညှဉ်းပန်းနှိပ်စက်မှုလည်း ခံနေရသောကြောင့် ဧပြီလ ၂ ရက်နေ့က နိုင်ဒေပါနု၏ အိမ်မှ ထွက်ပြေးကြရာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်ကို အိမ်ရှင်က ပြန်ဖမ်းမိသွားပြီး ကျန် နှစ်ယောက် လွတ်မြောက်ခဲ့ကြောင်း ဒေါ်မာလီက ပြောသည်။

“ထွက်ပြေးလာတဲ့အထဲက ကောင်မလေးက ကျမဆီကို အကြောင်းကြားလာတယ်။ အဒေါ်ရယ် ကျန်ခဲ့တဲ့ ကောင်မလေးတော့ သေလား ရှင်လား မသိဘူး၊ ကယ်ပါဦးဆိုပြီး အကြောင်းကြားလာတယ်။ ဒါကြောင့် ကျမလည်း သတင်းဌာနတွေရယ်နဲ့ အခြား အကြောင်းကြားသင့်တဲ့ နေရာတွေကို အကြောင်းကြားပြီး အထောက်အထား ခိုင်လုံတာနဲ့ ဒီ ပေါ်ခေါ်မော် (လူမှောင်ခိုမှု တိုက်ဖျက်ရေးဌာနမှ ထိုင်းရဲ) အဖွဲ့ရဲ့ အကူအညီနဲ့ အခုလို လိုက်ပါကူညီ ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါ်မာလီက ဆိုသည်။

ဧပြီလ ၂ ရက်နေ့တွင် အယောင်ဆောင် စစ်ဗိုလ် နိုင်ဒေပါနုက မိန်းကလေးတဦးအား ပြန်လည် ဖမ်းဆီး ခေါ်ဆောင်သွားပုံနှင့် ပတ်သက်၍ အဆိုပါလမ်းထဲတွင် နေထိုင်သူ ဒေါ်အေးအေးငယ်က ယခုကဲ့သို့ ပြောပြသည်။

“အဲဒီနေ့က ဒီလူဟာ ကလေးမလေးကို လည်ပင်းညှစ်ပြီး ဒရွတ်တိုက် ဆွဲခေါ်လာတာ။ ကလေးရဲ့ အဖြစ်ကို မြင်ရတာ သိပ်သနားစရာ ကောင်းတယ်။ ဒီလူက တော်တော် အာဏာရှိတယ်လို့ ပြောကြတယ်။ တော်ရုံပုလိပ်က မဖမ်းနိုင်ဘူးတဲ့။ ဒီလူ လုပ်ပုံက တော်တော် လူမဆန်တာပဲ။ ကလေးမလေး တယောက်ကို ကျွဲနွားဆက်ဆံသလို အနိုင်ကျင့်တာကို မြင်ရတော့ မခံနိုင်ဘူး။ စိတ်ထဲမှာ တော်တော်လေးလည်း ခံပြင်းတယ်။ အနားက ထိုင်းတွေလည်း တော်တော် ဒေါသထွက်ကြတယ်” ဟု ဒေါ်အေးအေးငယ်က ပြောသည်။

ယင်းစစ်ဗိုလ်အတုသည် ယခင်ကလည်း မြန်မာ အိမ်အကူ မိန်းကလေးများအား ညှဉ်းပန်း နှိပ်စက်ခဲ့ဖူးကြောင်း အဆိုပါလမ်းထဲရှိ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ကိုမိုးက ဆိုသည်။

“အရင်ကလည်း ဒီလူဟာ အိမ်မှာ အလုပ်လာလုပ်တဲ့ ကရင်မလေးတွေကို ခုလိုပဲ မတရား ညှဉ်းပန်းတယ်။ မုဒိမ်းကျင့်တယ်။ လစာလည်း မမေးဘူး။ ကလေးမလေးတွေကို သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ဒါကြောင့် သူ့အိမ်က မိန်းကလေးတွေ ထွက်ပြေးဖို့ ကျနော် ကူညီ ခိုးထုတ်ပေးဖူးတယ်” ဟု ကိုမိုးက ပြောသည်။

ယခုအခါ မြန်မာ အလုပ်သများအတွက် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေပြီး တရားဝင် အလုပ်လုပ်ခွင့် ရနေပြီ ဖြစ်သဖြင့် ပွဲစားများနှင့် ဆက်သွယ်ကာ တရားမဝင် အလုပ်လုပ်ခြင်းကို ဆင်ခြင်သင့်ကြောင်း ထိုင်း-မြန်မာ မဟာမိတ် ဖောင်ဒေးရှင်းမှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ဆိုသည်။

“ဒီလိုမျိုး အိမ်ရှင်တယောက်က အနိုင်ကျင့်ခွင့်ရအောင် အလုပ်သွင်းပေးတဲ့ တရားမ၀င် မြန်မာပြည်သား ပွဲစားတွေပေါ့ဗျာ။ အလုပ်သွင်းပေးနေကြတဲ့ သူတွေပေါ့ဗျာ။ လူလိုလို့ အလုပ်သမား ရှာခိုင်းတယ်ဆိုရင် အဲဒီလူတွေက ဘယ်လိုလူမျိုးတွေလဲ ဆိုတာကို နောက်ကြောင်း ဘာရှိတယ်ဆိုတာကိုလဲ ထည့်စဉ်းစားသင့်တာပေါ့ဗျာ။ အားလုံးက ပတ်စ်ပို့နဲ့ ၀ါ့ခ်ပါမစ်နဲ့ တရားဝင်ဖြစ်နေတဲ့ အခုလို ကာလမှာတောင်မှ ဘာလို့ ဒီအဖြစ်မျိုး ကြုံတွေ့နေကြရသလဲ ဆိုတာကို ထောက်ပြချင်တယ်” ဟု ၎င်းက ပြောသည်။

ထိုင်းတွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး အလုပ်လုပ်နေသူ မြန်မာ အလုပ်သမား ၁ သန်းခန့် ရှိပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသူများမှာ နောက်ထပ် ၁ သန်းခန့် ရှိနိုင်ကြောင်း ထိုင်းနှင့် မြန်မာ အာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာ အိမ်အကူများကို နှိပ်စက်သည့် စစ်ဗိုလ် အယောင်ဆောင် အိမ်ရှင် (ခေါင်းတုံးနှင့်လူ) ကို ဖမ်းဆီးလာစဉ် (ဓာတ်ပုံ – ဘစောတင် / ဧရာဝတီ)
မြန်မာ အိမ်အကူ အမျိုးသမီးငယ် ၃ ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး လခမပေးဘဲ ခိုင်းစေသည့် ထိုင်းမိသားစုအား လူမှောင်ခိုမှု တိုက်ဖျက်ရေးဌာနမှ ထိုင်းရဲများက ဧပြီလ ၅ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

လှည်းတန်းခုံးက ရန်ကုန် ယာဉ်ကြောပိတ်မှုကို မဖြေရှင်းနိုင်

လှည်းတန်းခုံးကျော် တံတားပေါ်တွင်ပါ ယာဉ်များ တန်းစီ ပိတ်ဆို့နေ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


ရန်ကုန်မြို့၏ အချိန်အကြာဆုံးသော ယာဉ်ကြောပိတ်ဆို့သည့် နေရာတခုဖြစ်သော လှည်းတန်းလမ်းဆုံတွင် ခုံးကျော် တံတားကို ယနေ့ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

ကောလာဟလ သတင်းများကြောင့် ယခုနှစ် သင်္ကြန်ကာလအတွက် ရေပက်ခံကား ငှားရမ်းမှု မရှိသလောက် နည်းပါးနေသလို ရေကစားမဏ္ဍပ်ထိုင်ရန် စိတ်ဝင်စားသူ နည်းပါးနေသေး

w1-9-4-6

၂၀၁၃ ခုနှစ် သင်္ကြန်ကာလ မကြာမီရောက်ရှိလာတော့မည်ဖြစ်ရာ သင်္ကြန်မဏ္ဍပ်ဆောင်လုပ်မှုများ၊ သင်္ကြန် အတွက် စီစဉ်မှုများ ပြုလုပ်နေပြီး ယခုနှစ်သင်္ကြန်တွင်း လည်ပတ်ရန် စင်းလုံးငှားရမ်းမှု မရှိသလောက် နည်းပါးပြီး မဏ္ဍပ်တွင် ရေပက်ကစားမည့်သူ အရေအတွက်မှာလည်း လက်ရှိအချိန်အထိ နည်းပါးလျက် ရှိသည်ဟု စုံစမ်းသိရှိရပါသည်။

ငါးသိန်ကျပ်ဖြင့် ရောင်းချခဲ့သော CDMA 800MHz ထက် တစ်ထောင့်ငါးရာ ကျပ်ဖြင့် ရောင်းမည့် CDMA 800MHz က ဧရိယာ ပိုမိုကျယ်ပြန့်စွာ သုံးစွဲနိုင်မည်


လက်ရှိအသုံးပြုနေသည့် CDMA 800 MHz ဖုန်းများ ထပ်မံချထားပေးမည့် တစ်ထောင့်ငါရာ CDMA 800 MHz ဖုန်းကွန်ရက်မျာအတွင်း Roaming သုံးစွဲခွင့် ရရှိမည်မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ “အခုလုပ်ထားတဲ့စနစ်နဲ့ အရင်လုပ်ထားတဲ့ CDMA 800MHz စနစ် မတူပါဘူး။ ဒါကြောင့် အရင် CDMA 800MHz ဖုန်းတွေ လက်ရှိအသုံးပြုနိုင်တဲ့ နယ်မြေတွေမှာပဲ အသုံးပြုနိုင်မှာပါ။

ရန်ကုန်သင်္ကြန် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၃၅၀၀ အသုံးပြုမည်

ရန်ကုန်သင်္ကြန် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၃၅၀၀ အသုံးပြုမည်

ရန်ကုန်၊ ဧပြီ - ၈

မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ရဲတပ်ဖွဲ့အင်အား ထက်ဝက်ခန့်ကို လုံခြုံရေးဆောင်ရွက်မှု လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လွင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း  ရဲတပ်ဖွဲ့ဝင်အင်အား ၇၀၀၀ ကျော်ရှိသည့်အနက် တပ်ဖွဲ့ဝင် ၃၅၀၀ ခန့်ဖြင့် သင်္ကြန်ကာလ ရန်ကုန်မြို့လုံခြုံရေးကို ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ရဲတပ်ဖွဲ့ဝင်များအား သင်္ကြန်ကာလပိတ်ရက်များအတွင်း အနားယူခံစားခွင့်ပေးထားခြင်းမရှိကြောင်း ဒုတိယ ရဲမှူးကြီးသက်လွင်က ပြောသည်။

“လုံခြုံရေးနဲ့ ပက်သက်လို့တော့ တော်တော်စီမံထားပါတယ်။ အပြင်မှာ ပြန့်နေတဲ့ ကောလာဟလတွေကလည်း ဖြစ်နိုင် ခြေနည်းပါတယ်။ နည်းတယ်ဆိုပေမယ့် ပေါ့လို့တော့ မရပါဘူး။ ကျွန်တော်တို့ဘက်ကတော့ သတိထား စောင့်ကြည့်ပြီး သင်္ကြန်ကာလကို အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးအောင် ဆောင်ရွက်သွားမှာပါ” ဟု အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။

တိုင်းဒေသကြီးအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များအပြင် ရဲတပ်ရင်းများမှလည်း အရန်အင်အား ဖြည့်တင်းပေးနိုင်ရန်စီစဉ် ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

ထို့ပြင် သင်္ကြန်ကာလအတွင်း တုတ်၊ ဓား အစရှိသည့် လက်နက်များကို ကိုင်ဆောင်ပါက လက်နက်ဥပဒေ ပုဒ်မ-၁၉ (င) ဖြင့် အရေးယူဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားပြီး အဆိုပါကိစ္စအား ဒေသန္တရ အမိန့် ထုတ်ပြန်ထားသည့် မြို့နယ်များအတွင်းဆိုပါက ပုဒ်မ-၁၈၈ဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်း ၎င်းကပြောသည်။

ရန်ကုန်မြို့တွင်းရှိ သင်္ကြန်မဏ္ဍပ်များအား သင်္ကြန်ကာလအတွင်း နံနက်တစ်ကြိမ်၊ ညနေတစ် ကြိမ် တစ်နေ့လျှင် နှစ်ကြိမ် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့မှ မိုင်းရှင်းလင်းရေး ကျွမ်းကျင်သူများ ပူးပေါင်း၍ မိုင်းရှာဖွေမှုများ ပြုလုပ်ပေးသွားမည် ဖြစ်သည်။

“ဒီနှစ်သင်္ကြန်ကတော့ မနှစ်ကထက် ပိုပြီး အာရုံစိုက်ရပါတယ်။ လုံခြုံရေးကိုလည်း ပိုသတိထားရပါတယ်။ ဒီသင်္ကြန်ကာလ အေးအေးချမ်းချမ်း ပြီးဆုံးသွားဖို့ဆိုတာ ပြည်သူတွေကိုယ်တိုင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ အရေးကြီးပါတယ်” ဟု တိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့မှူးက ဆိုသည်။
မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ရဲတပ်ဖွဲ့ အင်အားထက်ဝက်ခန့်ကို လုံခြုံရေးဆောင်ရွက်မှု လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လွင် က ပြောသည်။

ဥရောပသားများအတွက် iPhone သည် ဈေးအလွန်ကြီး

ဥရောပသားများအတွက် iPhone သည် ဈေးအလွန်ကြီး

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပဲ iPhone ကိုဈေးကြီးလှပြီ မှတ်နေတာ သူဌေးနိုင်ငံများ စုနေတဲ့ ဥရောပမှာတောင် iPhone ကို ဈေးကြီး လို့ ငြီးနေကြကြောင်း သိရပါတယ်။ 

ဥရောပနိုင်ငံအများစုမှာ iPhone ရဲ့  ဈေးနှုန်းမြင့်မားမှုကြောင့် သာမန် လူများအနေနဲ့ တော်ရုံဝယ်မကိုင်ပါဘူး။ ဒေါ်လာ ၆၀၀ အထက်တန်ဖိုး ရှိနေတဲ့ iPhone များကလည်း ဆိုင်တွေမှာ တော်တော်နဲ့ ရောင်း မထွက် ဘူးလို့ ဆိုပါတယ်။ အများစုဟာ ဖုန်း တစ်လုံး ဝယ်ပြီးရင် နှစ် အတော်ကြာသုံးပြီးမှ ပြောင်းကိုင်ရလောက်တဲ့အထိ ဥရောပမှာ စမတ်ဖုန်းနဲ့ Gagets အသုံးပြုမှုအတွက် ငွေကို ချွေတာကြပါတယ်။ 

iPhone ဟာ လက်ရှိ ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်မှာ ဈေးအကြီးဆုံး ကုန်ပစ္စည်း အမှတ်တံဆိပ် တစ်ခုအနေနဲ တည်ရှိနေကြောင်း သိရ ပါတယ်။ 
--
Ref: techblog
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/04/iphone.html

--

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပဲiPhoneကိုဈေးကြီးလှပြီ မှတ်နေတာသူဌေးနိုင်ငံများ စုနေတဲ့ ဥရောပမှာတောင် iPhone
 ကို ဈေးကြီး လို့ ငြီးနေကြကြောင်း သိရပါတယ်။

မိုဘိုင်းရေစိုခံအိတ် အချက်နှစ်ချက် အဓိကထား ဝယ်ယူသင့်

မိုဘိုင်းဖုန်းများ သင်္ကြန်ကာလ အတွင်း အသုံးပြုနိုင်ရန် ရေစိုခံအိတ် ဝယ်ယူကြရာ၌ အချက်နှစ်ချက်အား အဓိကထား၍ ရွေးချယ်ဝယ်ယူ သင့် ကြောင်း မိုဘိုင်းဖုန်းပြုပြင်သူများက ပြောသည်။ ရေစိုခံအိတ် ရွေးချယ်ရာတွင် အဓိကအနေဖြင့် အိတ်ဘေးပတ် လည်၌ လေမှုတ်၍ ထည့်သွင်းနိုင် မည့်အမျိုးအစားနှင့် နှစ်ထပ်ခေါက် ၍ ကပ်ခွာ အသုံးပြုအိတ်ပိတ်အမျိုး အစားများကိုသာ ရွေးချယ်သင့် ကြောင်း မိုဘိုင်းဖုန်းပြုပြင်ရေးများ က အကြံပြုသည်။

သင်္ကြန်တွင်း နေလောင် အသားအရေ ကြေးချွတ်ခြင်း မပြုသင့်

သင်္ကြန်လည်ပြီးနောက် နေ လောင်ခြင်း၊အရေပြားရဲ၍ ယောင် ခြင်းများ ဖြစ်ချိန်တွင် အရေပြားscrub (ကြေးချွတ်ခြင်း) မပြုလုပ် သင့်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးအရေပြားအထူးကုဌာနမှ ဒေါက် တာလင်းထက် ပြောသည်။သင်္ကြန်လည်ပြီးပါက အရေ ပြား ထိန်းသိမ်းရန်အတွက် အရေ ပြား scrub ပြုလုပ်ကြကြောင်း၊ အရေပြား အလွန်ရဲပြီး ရောင်နေ ချိန်တွင် scrub ပြုလုပ်မိပါက ပို၍ ရောင်ခြင်း၊ အရေပြားအဖတ်လေးများ ပို၍လန်ခြင်း စသဖြင့်အခြေ အနေပိုဆိုးလာနိုင်ကြောင်း ၄င်းက ပြောသည်။

မိတ္ထီလာမြို့ရှိ ၂ ထပ်ကျောင်းဆောင်ရှိ မွတ်စလင်ဒုက္ခသည်များရဲ့အခြေအနေ

ယာယီ ဒုက္ခသည် စခန်း မိတ္ထီလာမြို့ရှိ ၂ ထပ်ကျောင်းဆောင်တွင် မွတ်စလင်ဒုက္ခသည် ၂၀၀၀ ကျော်အား ပြွတ်သိပ်ထည့်သွင်းထားကြောင်းကုလသမဂ္ဂလူသားချင်းစာနာထောက်ထားရေး ရုံးမှ ပြောကြားသည်။အဆို
ပါအထက်တန်းကျောင်းဆောင်တွင်မွတ်စလင်များအပြင်သို့ထွက်ခွာခွင့်မရှိချေ။ သူငယ်ချင်းများနှင့် ဆွေမျိုး
သားချင်းများကအပြင်၌စောင့်စားနေရသော်လည်းဂိတ်ပေါက်ဝ၌ပင်စကားပြောခွင့်မရှိ၊ သတင်းထောက်များ
ကို လည်း မေးမြန်းခွင့်မပေးသဖြင့် မွတ်စလင်တို့အဖို့ အကျဉ်းထောင်နှင့်တူနေသည်။

ထိုင်း နိုင် ငံ ဆန္ဒပြ ပွဲ တွင် ဆန္ဒပြ သူ အ ချို့ ဓါတ် ပုံ မီး ရှို့ ခဲ့ မှု အ ပေါ် ရို ဟင် ဂျာ အ ဖွဲ့ မှ ဆန့် ကျင် ကန့် ကွက် ကြောင်း ရို ဟင် ဂျာ များ ၏ သ ဘော ထား မ ဟုတ် ကြောင်း ကြေ ငြာ ချက် ထုတ် ပြန်

ARAKAN ROHINGYA NATIONAL ORGANISATION
ARAKAN, BURMA

PRESS RELEASE

Date: April 9, 2013

ARNO condemns the burning of photos in protest rally in Bangkok

We at Arakan Rohingya National Organisation (ARNO) have strongly denounced the burning of the pictures of the Burma’s independent hero and father of the nation General Aung San and opposition leader Daw Aung San Suu Kyi at a protest rally organized by Burmese Rohingya Association in Thailand (BRAT) today, the 9th April 2013, in front of the Burmese/Myanmar Embassy in Bangkok.

အသက်ရှူချောင်သွားတဲ့ လှည်းတန်းလမ်းဆုံ

အသက်ရှူချောင်သွားတဲ့ လှည်းတန်းလမ်းဆုံ
Wednesday, April 10, 2013


ရန်ကုန်မြို့ ပြည်လမ်းမကြီးပေါ်မှာ ဆောက်လုပ်ပြီးစီးသွားတဲ့ လှည်းတန်းဂုံးကျော်တံတားကို ဒီမနက်စောစော စတင် ဖွင့်ပေးလိုက်တဲ့အတွက် ကားတွေ ဖြတ်မောင်းနေကြပါပြီ။
 


 
  တံတားဖွင့်ပွဲကို မကြာခင်  ကျင်းပဖွယ် ရှိပါတယ်။
တခမ်းတနား ကျင်းပမယ် ဆိုရင်ဖြင့် ပိုက်ဆံ သောက်သောက်လဲ သုံးရမှာပါ။

ဗိုလ်ချုပ်ကြီးတို့က ပကာသနစရိတ်အတွက်ဆို လက်ဖွာတတ်တဲ့အတွက် ပိုက်ဆံကုန်လည်း ဂရုစိုက်မယ် မထင်ပါဘူး။

တံတားအကြောင်း ပြန်ဆက်ရရင် -
ဒီလမ်းဆုံက လမ်းမကြီး ၄ ခု မဟုတ်ဘဲ ၅ ခု ဆုံတဲ့နေရာဖြစ်တဲ့အတွက် မီးပွိုင့်မှာ ကားတန်းရှည်ကြီးတွေ တွေ့ခဲ့ရမှာပါ။

အခုတော့ တံတားကြီးကျေးဇူးကြောင့် ရန်ကုန်မြို့တွင်း နဲ့ မင်္ဂလာဒုံဘက် ကူးသန်း သွားလာကြတဲ့ ပြည်လမ်းပေါ်က ကားတွေ မီးပွိုင့်စောင့်စရာ မလိုဘဲ တံတားပေါ်ကနေ ဖြတ်မောင်းနေပါပြီ။
ဒါကြောင့် လမ်း ၅ ခုဆုံရာ ဒီနေရာမှာ ယာဉ်ကြောပိတ်ဆို့မှု သိသိသာသာ လျော့ကျသွားမှာ အသေအချာပါပဲ။

ဒီနေရာ ချောင်သွားပေမယ့်  တံတားပေါ်ကနေ အဆက်မပြတ် ဖြတ်မောင်းလာတဲ့ကားတွေကြောင့် လမ်း ၄ ခု ဆုံကြတဲ့ ဟံသာဝတီအ၀ိုင်း နဲ့ မြေနီကုန်းမီးပွိုင့်ကို ၀န်ထုပ်ဝန်ပိုး ဖြစ်လာမှာပေါ့ လို့ ထောက်ပြသူလည်း ရှိပါတယ်။

ဒီဝန်ထုပ်ဝန်ပိုးသစ်အတွက်တော့ ဖြေရှင်းကုစားမှုအသစ်တွေ စီစဉ်နေပြီလို့ ယူဆရပါတယ်။ ဥပမာ လမ်းဆုံ ၂ ခုအတွက် ယာဉ်ထိန်းရဲ တာဝန်ပေးမှုတွေ တိုးချဲ့တာမျိုးပါ။

လှည်းတန်းတံတားကြီးပေါ် လူသွားလမ်း ပလက်ဖောင်း ခပ်သေးသေး လုပ်ထားတာ တွေ့ရမှာပါ။ပေပေါင်း နှစ်ထောင်ကျော် ရှည်တဲ့ ဒီတံတားက ကားတွေဖြတ်မောင်းဖို့ ဆောက်ထားတာပါ။

လမ်းသွားလမ်းလာတွေက တံတားအောက်က သွားရင် ပိုအဆင်ပြေ၊ ခရီးရောက်၊ အန္တရာယ် ကင်းပါလိမ့်မယ်။

ဒီမနက် တံတားပေါ် လမ်းလျှောက်နေသူတွေကတော့ တံတားသစ်ကြီး ဖွင့်ပေးလိုက်လို့ စူးစမ်း ဖြတ်လျှောက်ကြည့်သူတွေ ဖြစ်မယ်လို့ ယူဆရပါတယ်။


ဧရာဝတီ
(ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

Wednesday, April 10, 2013

ရန်ကုန်မြို့ ပြည်လမ်းမကြီးပေါ်မှာ ဆောက်လုပ်ပြီးစီးသွားတဲ့ လှည်းတန်းဂုံးကျော်တံတားကို ဒီမနက်စောစော စတင် ဖွင့်ပေးလိုက်တဲ့အတွက် ကားတွေ ဖြတ်မောင်းနေကြပါပြီ။ တံတားဖွင့်ပွဲကို မကြာခင် ကျင်းပဖွယ် ရှိပါတယ်။ တခမ်းတနား ကျင်းပမယ် ဆိုရင်ဖြင့် ပိုက်ဆံ သောက်သောက်လဲ သုံးရမှာပါ။ ဗိုလ်ချုပ်ကြီးတို့က ပကာသနစရိတ်အတွက်ဆို လက်ဖွာတတ်တဲ့အတွက် ပိုက်ဆံကုန်လည်း ဂရုစိုက်မယ် မထင်ပါဘူး။

နိုင်ငံသား မစိစစ်ဘဲ ဘင်္ဂလီများပြန်လည်နေရာချထားခြင်းကို ကန့်ကွက်ဆန္ဒပြသူများအား ရုံးတင်စစ်ဆေးလျက်ရှိ