Pages

Wednesday, April 10, 2013

မိတ္ထီလာမြို့ရှိ ၂ ထပ်ကျောင်းဆောင်ရှိ မွတ်စလင်ဒုက္ခသည်များရဲ့အခြေအနေ

ယာယီ ဒုက္ခသည် စခန်း မိတ္ထီလာမြို့ရှိ ၂ ထပ်ကျောင်းဆောင်တွင် မွတ်စလင်ဒုက္ခသည် ၂၀၀၀ ကျော်အား ပြွတ်သိပ်ထည့်သွင်းထားကြောင်းကုလသမဂ္ဂလူသားချင်းစာနာထောက်ထားရေး ရုံးမှ ပြောကြားသည်။အဆို
ပါအထက်တန်းကျောင်းဆောင်တွင်မွတ်စလင်များအပြင်သို့ထွက်ခွာခွင့်မရှိချေ။ သူငယ်ချင်းများနှင့် ဆွေမျိုး
သားချင်းများကအပြင်၌စောင့်စားနေရသော်လည်းဂိတ်ပေါက်ဝ၌ပင်စကားပြောခွင့်မရှိ၊ သတင်းထောက်များ
ကို လည်း မေးမြန်းခွင့်မပေးသဖြင့် မွတ်စလင်တို့အဖို့ အကျဉ်းထောင်နှင့်တူနေသည်။မွတ်စလင်ဒုက္ခသည်များသည်၎င်းတို့၏ပျက်စီးသွားသောအိမ်နေရာနှင့်စီးပွားရေးလုပ်ငန်းများအား ပြန်လည်
ရယူနိုင်ဖွယ် ရှိမရှိကိုမူ မရှင်းလင်းသေးကြောင်းသိရသည်။ 
 
၎င်းတို့အား နေရာသစ်သို့ ရွှေ့ပြောင်းပေးဖွယ်ရှိကြောင်း တိုင်းမှူးရဲမြင့်က ပြောကြားသည်။ ရခိုင်ပြည်၌ ကျင့်သုံးသော ပေါ်လစီအတိုင်း ဆောင်ရွက်လာဖွယ်ရှိပြီး အဆိုပါ ပေါ်လစီမှာ လူမျိုးရေးခွဲခြားမှုဖြစ်သဖြင့် အနာဂတ်တွင် လူမျိုးစုအကြား အကြမ်းဖက်မှုကိုသာ ပိုမိုဖြစ်ပွားစေနိုင်သည်။
 
Rangonnewsdaily
RND:10.4.2013

0 comments:

Post a Comment