Pages

Thursday, November 28, 2013

ဧည့်လမ်းညွှန်အသင်းကို ရွှေစားပွဲ စားသောက်ဆိုင် တောင်းပန်

RangonNewsDaily:: November . 28 .2013
အချက်အပြုတ်နှင့် ဝန်ဆောင်မှုသင်တန်း ဖွင့်လှစ်နေပြီး စားသောက်ဆိုင် ဖွင့်လှစ် ရောင်းချလျက်ရှိသော ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်အတွင်းရှိ မလိခလမ်းတွင် ဖွင့်လှစ်ထားသည့် Golden Table စားသောက်ဆိုင် သင်တန်းကြီးကြပ်သူ ပြင်သစ်နိုင်ငံသားနှင့် စားသောက်ဆိုင် လက်ထောက်မန်နေဂျာ ဖြစ်သူတို့က နိုဝင်ဘာလ ၂၆ ရက်နေ့က မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းသို့ လာရောက် တောင်းပန်ခဲ့ကြောင်း အဆိုပါအသင်း၏ ယင်းနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဧည့်စာရင်းဖြင့် နေသူများကို ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ် မဲဖောက်မပေးတော့

Photo: ဧည့်စာရင်းဖြင့် နေသူများကို ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ် မဲဖောက်မပေးတော့
Thursday, November 28, 2013

ရန်ကုန်မြို့တွင် ဧည့်စာရင်းဖြင့် နေထိုင်သူများကို ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များ ရောင်းချခြင်း မပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ နိုင်ငံရေးနှင့် လုံခြံရေး အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ပြီး ယင်းဆုံးဖြတ်ချက်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အားလုံးသို့ ဖြန့်ဝေထားကြောင်း သိရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အကြောင်းကြား လာသောကြောင့် ယခုအကြိမ် တန်ဖိုးနည်းဖုန်း အလုံး ၉၀ မဲဖောက်မှုတွင် ရပ်ကွက်အတွင်း ဧည့်စာရင်းဖြင့် နေထိုင်သူများကို ဖုန်းလျှောက်ခွင့် လုံးဝ မပေးတော့ကြောင်း မြောက်ဒဂုံ (၄၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ဧရာဝတီသို့ ပြောသည်။

“အရင် မဲဖောက်ခဲ့တဲ့ ၇ ကြိမ်မှာတော့ ဧည့်စာရင်းနဲ့နေတဲ့ သူတွေကိုပါ ဖုန်းလျှောက်ခွင့် ပေးခဲ့တယ်။ အခုတကြိမ်တော့ ဧည့်တွေ မပါတော့ဘူး။ အခုရပ်ကွက်ထဲမှာ ဖုန်း အလုံးရေ ၅၀၀ ကျော်ရသွားပြီ။ တချို့တွေကျတော့ ဖုန်းကို ပြန်ရောင်းစားတာမျိုးတွေလည်း ရှိတယ်” ဟု ဦးဇော်လွင်က ဆိုသည်။

ရပ်/ကျေး အုပ်ချုပ်ရေးပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆုံးဖြတ်ချက်ကြောင့် ဧည့်စာရင်းများကို ဖုန်းမပေးရခြင်းဟု အကြောင်းပြသော်လည်း ဧည့်စာရင်းများကို ဖုန်းချပေးရသည်မှာ ရှုပ်ထွေးမှုများ ဖြစ်နေကြောင်း အောက်ခြေအာဏာပိုင် အဆင့်ဆင့်မှ တင်ပြလာသောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ဧရာဝတီသို့ ပြောသည်။

“အဲဒီပြဿနာက ဖြေရတော်တော်ခက်တယ်။ အောက်ခြေကလည်း ဖုန်းလျှောက်တဲ့ အဆင့်တွေမှာ ဧည့်တွေကြောင့် လုပ်ငန်းရှုပ်ထွေးမှုတွေ ဖြစ်တယ်လို့ တင်ပြမှုတွေ ရှိတယ်။ ပထမတုန်းက အကုန်ပေးတာ။ အခု ၈ ကြိမ်မြောက်မှာတော့ ဧည့်တွေ မပေးတော့ဘူး။ အရင် မဲနှိုက်ပြီးသား မဲပုံးတွေကိုပဲ ဆက်ဖောက်ဖို့ လုပ်သလို တချို့ကလည်း ဧည့်တွေကို လုံးဝ ထုတ်လိုက်တာမျိုး ရှိတယ်” ဟု ဦးအောင်ကျော်စိုးက ပြောသည်။

ရပ်ကွက်အတွင်း သာရေး၊ နာရေး လုပ်ငန်းများအတွက် ဧည့်စာရင်းဖြင့် နေထိုင်သူများထံမှ ပုံမှန်ပိုက်ဆံ ကောက်လေ့ ရှိသော်လည်း ဖုန်းလျှောက်ခွင့် အခွင့်အရေးကိုမူ မပေးခြင်းသည် မျှတမှု မရှိဟု ရပ်ကွက်အတွင်း ဧည့်စာရင်းဖြင့် နေထိုင်သူများက ပြောဆိုလျက်ရှိကြောင်း မြောက်ဒဂုံ (၄၀) ရပ်ကွက်တွင် နေထိုင်သူ ဦးမြင့်နိုင်က ပြောသည်။

“သာရေး၊ နာရေး၊ လမ်းကြေး၊ မီးကင်းကြေး လိုမျိုးဟာတွေ ကျတော့ ဧည့်စာရင်းနဲ့ နေတဲ့သူတွေကိုပါ ကောက်ပြီး ဖုန်းလျှောက်ခွင့်ကျတော့ မပေးဘူးဆိုရင် မကောင်းတတ်လို့ နာရေးကလွဲရင် ကျန်တာ မထည့်နဲ့လို့ အိမ်ကလူတွေကို ပြောထားတယ်” ဟု ဦးမြင့်နိုင်က ဆိုသည်။

တန်ဖိုးနည်းဖုန်း ကျပ် ၁၅၀၀ တန်ဖုန်းမှာ ပြင်ပဈေးကွက်တွင် CDMA ဖုန်းတလုံးလျှင် ကျပ် ၇ သောင်း၊ GSM ဖုန်း တလုံးလျှင် ၁ သိန်း ၃ သောင်းအထိ ပေါက်ဈေးရှိနေသောကြောင့် တချို့မှာ ပြန်လည် ရောင်းချမှုများ ပြုလုပ်ကြကြောင်း သိရသည်။

“ကျနော်တို့ ရပ်ကွက်ကတော့ နဂိုကတည်းက ဧည့်စာရင်းနဲ့ နေတဲ့သူတွေကို မပေးတာ။ သန်းခေါင်စာရင်း အမှန်ရှိတဲ့သူတွေကိုပဲ ပေးတာ။ ဧည့်စာရင်းနဲ့ နေတဲ့သူတွေကလည်း လိုချင်တာပေါ့။ ပြောလို့မရလို့သာ ဘာမှမပြောကြတာ” ဟု မြောက်ဒဂုံ (၃၃) ရပ်ကွက်တွင် နေထိုင်သူ ဦးမြင့်ဇော်က ပြောသည်။

တန်ဖိုးနည်းဖုန်းမှာ အိမ်ပိုင်မရှိသူ၊ ဧည့်စာရင်းဖြင့် နေထိုင်သူများအတွက် အဖိုးတန်သောကြောင့် ရောင်းချပေး သင့်ကြောင်း၊ တောင်ဥက္ကလာပမြို့နယ် (၄) ရပ်ကွက်တွင်လည်း ၁၅၀၀ တန်ဖုန်း လျှောက်သူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အသိုင်းအ၀ိုင်းကြား ပြဿနာ အကြီးအကျယ်တက်၍ လွှတ်တော်ကိုယ်စားလှယ် တချို့ပါ ၀င်ရောက် ရှင်းလင်း ပေးနေရကြောင်း တောင်ဥက္ကလာပ မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါက်တာ စောနိုင်က ဧရာဝတီသို့ ပြောသည်။

“ပြဿနာက ဖုန်းမဲနှိုက်ကြတဲ့အခါ လျှောက်လွှာတင်ထားတဲ့ သူတွေက မဲပုံးကို ကြည့်ချင်တာကို ရပ်ကွက် ကော်မတီက ခွင့်မပြုဘူး။ နောက်ဆုံး ကော်မတီဝင် တယောက်က မဲပုံးကြီးယူပြီး ထွက်ပြေးသွားတဲ့အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အရေးယူပေးဖို့ တိုင်ထားတယ်။ တကယ်တော့ တန်ဖိုးနည်းဖုန်းဆိုတာ နေစရာအပိုင် မရှိသေးသူတွေ ရသင့်ပါတယ်။ အခု မိအေး နှစ်ခါနာ ဖြစ်တာပေါ့ ” ဟု ဒေါက်တာ စောနိုင်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးမှ တန်ဖိုးနည်းဖုန်းများ ဆက်လက် ချထားပေးသွားမည် ဖြစ်ပြီး တန်ဖိုးနည်း ဖုန်းများအတွက် ၀န်ထမ်းဝေစုကို ယခင်က သုံးပုံတပုံ ယူခဲ့သော်လည်း ယခုအခါ ရှစ်ပုံတပုံသာ ယူတော့ကြောင်း၊ နောက်ပိုင်းတွင် ၀န်ထမ်းဝေစု လုံးဝမယူတော့ဘဲ ပြည်သူသို့ အပြည့်အ၀ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်ထဲတွင် တန်ဖိုးနည်းဖုန်း ဆင်းမ်ကတ် မဲဖောက်ပေးနေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရန်ကုန်မြို့၊ တာမွေမြို့နယ်ထဲတွင် တန်ဖိုးနည်းဖုန်း ဆင်းမ်ကတ် မဲဖောက်ပေးနေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
RangonNewsDaily:: November . 28 .2013
ရန်ကုန်မြို့တွင် ဧည့်စာရင်းဖြင့် နေထိုင်သူများကို ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များ ရောင်းချခြင်း မပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ နိုင်ငံရေးနှင့် လုံခြံရေး အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ပြီး ယင်းဆုံးဖြတ်ချက်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အားလုံးသို့ ဖြန့်ဝေထားကြောင်း သိရရှိသည်။

တော်ဝင်မြန်မာ သစ်အချောထည်စက်ရုံ လုပ်သားများကို စီရင်ချက်ချမည်

Photo: တော်ဝင်မြန်မာ သစ်အချောထည်စက်ရုံ လုပ်သားများကို စီရင်ချက်ချမည်
Thursday, November 28, 2013

ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည် ခဲ့သည်ဟုဆိုကာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားသည့် ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်ရှိ တော်ဝင်မြန်မာ သစ်အချောထည် လုပ်သား ခုနစ်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စမ်းချောင်းမြို့နယ် တရားရုံးက စီရင်ချက်ချမည် ဖြစ်ကြောင်း တရားစွဲခံထားရသည့် လုပ်သားတစ်ဦး ဖြစ်သူ ဦးနေလင်းဦးက ပြောကြားသည်။

လုပ်သားများကိုခွဲခြားဆက်ဆံခြင်း ကိစ္စနှင့် အလုပ်ပြောင်းရွှေ့မှုများ မပြုလုပ်ရန်ကိစ္စ အပါအဝင် အလုပ်သမား အခွင့်အရေးများ အတွက် တော်ဝင်မိသားစု ကုမ္ပဏီ အလုပ်ရှင် ဦးကိုကိုထွေးနှင့် တိုက်ရိုက် တွေ့ဆုံရန် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က လုပ်သား ၄၀၀ ခန့် လာရောက်ခဲ့ ကြောင်း၊ ယင်းအနက် ဦးဆောင်သူ ခုနစ်ဦးကို စမ်းချောင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးက ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ကြောင်း တရားစွဲ ခံထားရသည့် လုပ်သားများထံမှ သိရှိရသည်။

ဦးကိုကိုထွေးနှင့် တွေ့ဆုံရန် လုပ်သားများ ကားဖြင့် လာရောက်ခြင်း ဖြစ်သော်လည်း တော်ဝင်မြန်မာ ကုမ္ပဏီရှိသည့် စမ်းချောင်းမြို့နယ် ဦးဝီစာရလမ်းသို့ ကားဝင်၍ မရသဖြင့် ဟံသာဝတီ အဝိုင်းအနီးမှ စတင်ကာ လမ်းလျှောက်ခဲ့ခြင်း ဖြစ်ပြီး တရားမဝင် စီတန်းလှည့်လည်ခဲ့ခြင်း မဟုတ်ကြောင်း ဦးနေလင်းဦးက ဆိုသည်။
“ကျွန်တော်တို့က မတရားခံရတာ။ တကယ်လို့ ထောင်ကျသွားရင်တောင် အယူခံ ဝင်သွားမှာပါ” ဟု ဦးနေလင်းဦးက ပြောကြားသည်။

တရားစွဲဆို ခံထားရသူ ခုနစ်ဦးတွင် အမျိုးသားလေးဦးနှင့် အမျိုးသမီးသုံးဦး ပါဝင်သည်။ အဆိုပါ ကုမ္ပဏီသို့ လာရောက်၍ အလုပ်သမား အခွင့်အရေး တောင်းဆိုရန် တစ်စုံတစ်ရာ ခွင့်ပြုချက် ယူခဲ့ခြင်း မရှိခဲ့သဖြင့် ယင်းသို့ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

တော်ဝင်မြန်မာ သစ်အချောထည် လုပ်သားများကို ပုဒ်မ ၁၈ ဖြင့် အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် မရမ်းကုန်းမြို့နယ် တရားရုံးတို့ကလည်း လုပ်သားတစ်ဦးလျှင် ဒဏ်ငွေ တစ်သောင်းစီ ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်ကြောင်း ပြစ်ဒဏ်ချခံခဲ့ရသည့် လုပ်သားများထံမှ သိရှိရသည်။

တောင်ဝင် သစ်အချောထည် လုပ်သား ၂၀၀ ကျော်သည် လုပ်သားများ သဘောမပါဘဲ အပြင်အလုပ်သို့ မပြောင်းရွှေ့ရန်၊ စည်းကမ်းများ ထုတ်ရာတွင် တစ်ဖက်သက် မလုပ်ရန်၊ ဆန္ဒပြကာလကို On Duty သတ်မှတ်ပြီး လုပ်ခပေးရန်၊ အလုပ်ရှင်လုပ်သား သဘောတူစာချုပ် ချုပ်ဆိုရန်၊ လူမှုဖူလုံရေးကတ် ပေးရန် အချက်ငါးချက် ရရှိရေးအတွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ On Duty မှအပ ကျန်အချက်များကို လိုက်လျောရန် ခုံသမာဓိ ကောင်စီက ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး နှစ်လကျော် အကြာ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဆုံးဖြတ်ချက် ချခဲ့သည်။

သို့သော်လည်း ယင်းဆုံးဖြတ်ချက်ကို အလုပ်ရှင်က လိုက်နာခြင်း မရှိဟုဆိုကာ အလုပ်ရှင်နှင့် လုပ်သားများ ရိုက်နှက်မှု ဖြစ်ပွားသည့်အထိ ပဋိပက္ခ ပြင်းထန်ခဲ့ပြီး လုပ်သားအချို့မှာ ပိုက်နက် ကျူးလွန်မှု အပါအဝင် အမူပေါင်း လေးခုဖြင့် ရွှေပြည်သာ မြို့နယ်တွင်လည်း တရားစွဲဆို ခံထားရသည်။

The Voice Weekly

RangonNewsDaily:: November . 28 .2013
ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည် ခဲ့သည်ဟုဆိုကာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားသည့် ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်ရှိ တော်ဝင်မြန်မာ သစ်အချောထည် လုပ်သား ခုနစ်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စမ်းချောင်းမြို့နယ် တရားရုံးက စီရင်ချက်ချမည် ဖြစ်ကြောင်း

ကလေးဝမြို့ဆိပ်ကမ်းတွင် အမြန်ရေယာဉ်ပန်ကာခုတ်မိ၍ ဈေးသည်မိန်းကလေးတစ်ဦး သေဆုံး

RangonNewsDaily:: November . 28 .2013
ကလေးဝမြို့ဆိပ်ကမ်းတွင် အမြန်ရေယာဉ်ပန်ကာခုတ်မိသဖြင့် ၁၆-နှစ်အရွယ်ဈေးသည် အမျိုးသမီးတစ်ဦး ကလေးမြို့ ပြည့်သူ့ဆေးရုံကြီးတွင် ယမန်နေ့က သေဆုံးခဲ့သည်။ “အမြန်ယာဉ်နားကပ်ပြီး လှေပေါ်ကနေ

ဈေးရောင်းတာပါ။ အမြန်ယာဉ် ထွက်ချိန်မှာ လှိုင်းကြောင့် လှေက မှောက်သွားတယ်။ လှေမှောက်သွားပြီး
 အမြန်ယာဉ်က ပြန်ဆုတ်လိုက်တဲ့အခါ ပန်ကာက လူအုပ်ထဲကို မွှေ့သွားတယ်။

လက်ဗီးယားမှ အရောင်းစင်တာ အမိုးပြိုကျမှုအတွက် ၀န်ကြီးချုပ် ရာထူးမှ နှုတ်ထွက်

Photo: လက်ဗီးယားမှ အရောင်းစင်တာ အမိုးပြိုကျမှုအတွက် ၀န်ကြီးချုပ် ရာထူးမှ နှုတ်ထွက် 
Thursday, November 28, 2013

နိုဝင်ဘာ ၂၆ရက်က လက်ဗီယားဝန်ကြီးချုပ်သည် မြို့တော်မှ အရောင်းစင်တာကြီးတစ်ခု၏ အမိုးပြိုကျခဲ့သည့် ဖြစ်ရပ် အတွက် တာဝန်ယူသည့်နေဖြင့် ရာထူုးမှ နှုတ်ထွက်သွားကြောင်းသိရသည်။

အမိုးပြိုကျမှုကြောင့် ၅၄ဦးသေဆုံးပြီး လူပေါင်း ၄၀ကျော် 
ဒဏ်ရာရရှိခဲ့သည်။ ၀န်ကြီးချုပ် ဗယ်ဒစ်ဒွန်ဘရောစကီးသည် လက်ဗီးယားသမိုင်းတွင် သက်တမ်းရှည် တာဝန်ထမ်းဆောင်ခဲ့သော
သူဖြစ် သည်။ သူ၏ ဆုံးဖြတ်ချက်သည် လက်ယာသမား အများစုနှင့် ဖွဲ့စည်းထားသော အစိုးရမှာအဖွဲ့ကို အားနည်းသွား စေခဲ့သည်။ 

လွန်ခဲ့သော တစ်ပတ်က ဖြစ်ပွားခဲ့သော မက်ဆီမာ အရောင်း
စင်တာကြီးမှ အမိုးပြိုကျမှုသည် လက်ဗီးယားတွင် ၁၉၉၁ခုနှစ် ဆိုဗီယက်ပြည်ထောင်စု အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေး ရပြီးနောက်ပိုင်း နိုင်ငံအတွင်း ပထမဆုံးအကြိမ်ဖြစ်ပွားသည့် 
အဆိုးရွားဆုံး လူအသေအပျောက်များသည့် ဖြစ်ရပ် 
အဖြစ်ကြေညာသည်။ လက်ဗီယားအတွက် အကြီးမားဆုံး တုန်လှုပ်မှုလည်း ဖြစ်ခဲ့သည်။

ယင်းဖြစ်ရပ်အတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်လျှက်ရှိသည်။ ပြိုကျရသည့် အဓိကအကြောင်းအရင်းမှာ ဒီဇိုင်းအားနည်းမှုကြောင့် ဖြစ်နိုင်သလို အရည်အသွေး
ခိုခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ယူဆထားသည်။ 
သမ္မတ အန်ဒရစ်ဘာဇင်ကမူ နှုတ်ထွက်ရန်ငြင်းဆိုထားပြီး ယာယီဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ယူလ၊ျှက် ရှိသည်။

ဒွန်ဘရောစတီးသည် ၂၀၀၉ခုနှစ်တွင် ၀န်ကြီးချုပ်တာဝန်ယူခဲ့စဉ်က လက်ဗီးယားစီးပွားရေးသည် အကျပိုင်းတွင် ရောက်ခဲ့သည်။
နိုင်ငံတော် ဘတ်ဂျတ်များ ဖြတ်တောက်ခြင်း အခွန်များ တိုးမြှင့်ခြင်းများ ရှိခဲ့သည်။ တစ်ချိန်တည်းတွင် နိုင်ငံတကာငွေကြေးရန်ပုံငွေကဲ့သို့သော အဖွဲ့အစည်းများမှ အကူအညီများလည်း တောင်းခံခဲ့သည်။

Ref: AP
The Myanma Age

RangonNewsDaily:: November . 28 .2013
နိုဝင်ဘာ ၂၆ရက်က လက်ဗီယားဝန်ကြီးချုပ်သည် မြို့တော်မှ အရောင်းစင်တာကြီးတစ်ခု၏ အမိုးပြိုကျခဲ့
သည့် ဖြစ်ရပ် အတွက် တာဝန်ယူသည့်နေဖြင့် ရာထူုးမှ နှုတ်ထွက်သွားကြောင်းသိရသည်။

ခင်ဝင့်ဝါ ပါဝင်သရုပ်ဆောင်သော နတ်သမီးနှင့် ကျွန်တော် ဇာတ်ကား ၂၀၁၄ တွင် ဖြန့်ချိမည်

Photo: ခင်ဝင့်ဝါ ပါဝင်သရုပ်ဆောင်သော နတ်သမီးနှင့် ကျွန်တော် ဇာတ်ကား ၂၀၁၄ တွင် ဖြန့်ချိမည် 
Thursday, November 28, 2013

ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးထားပြီး ခင်ဝင့်ဝါ ပါဝင် သရုပ်ဆောင်ထားသည့် နတ်သမီးနှင့် ကျွန်တော် ဗီဒီယိုဇာတ်ကားကို ၂၀၁၄ မှာ ဖြန့်ချိရန်စီစဉ်ထားကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က မဇ္ဈိမကို ပြောသည်။ 

နတ်သမီး နှင့် ကျွန်တော် ဇာတ်ကားသည် စာရေးဆရာ မင်းတစ်ခေတ်၏ ဝတ္တုကို ဇာတ်အိမ် အခြေခံထားပြီး ရိုက်ကူးမည်ဖြစ်သည်။ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးမည်ဖြစ်သော ယင်းဇာတ်ကားတွင် သရုပ်ဆောင် ကောင်းပြည့် ၊ ခင်ဝင့်ဝါနှင့် ပွင့် တို့ ပါဝင် သရုပ်ဆောင်ထားကြမည်ဖြစ်သည်။

ဒါရိုက်တာ ကြည်ဖြူသျှင်က " ဒီကားက အန်နီမေးရှင်း (animation) တွေ တစ်ကားလုံး နီးပါးပါတော့ ကားဆက်တာ နောက်ကျမှာဖြစ်တဲ့အတွက် ၂၀၁၄ ထဲ ဝင်သွားမှာပါ ။ ဒီဇာတ်ကားမှာ ခင်ဝင့်ဝါ ပထမဆုံး သရုပ်ဆောင်တာ ဆိုတော့ ဝါရင့် သရုပ်ဆောင်တွေ လိုတော့ မဟုတ်သေးဘူးပေါ့ ။ ဒါပေမဲ့ သူ့ကို သဘောကျတာက ရိုက်ကွင်းကို အချိန်အတိအကျလာတယ် အလုပ်ကို လေးစားတယ်၊ အရမ်းကြိုးစားတယ် အဲတာကြောင့် သူနဲ့ ဇာတ်ကားတွေ ဆက်ရိုက်သွားမှာပါ" ဟု ပြောသည်။ 

နတ်သမီးနှင့် ကျွန်တော် ဇာတ်ကား ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် စတင် ရိုက်ကူးတာဖြစ်ပြီး နိုဝင်ဘာလ ၄ ရက်တွင် ရိုက်ကူး ပြီးစီးခဲ့သည်။ 

သရုပ်ဆောင် ခင်ဝင့်ဝါက "အခက်အခဲတော့ရှိပေမယ့် ညီမ တစ်ကားလုံးကို ကြိုက်ပါတယ် ၊ ဖန်စီ ဇာတ်ကားလေးဆိုတော့ ရိုက်ကူးရတာ ပျော်စရာလဲ ကောင်းပါတယ် ။ ညီမအနေနဲ့ ပထမဆုံး ဇာတ်ကားဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်တော့ အားမရဘူး အများကြီး ကြိုးစားရအုံးမှာပါ လိုအပ်ချက်တွေ ရှိနေပါသေးတယ်" ဟု ဆိုသည်။ 

ဒါရိုက်တာ ကြည်ဖြူသျှင်က ခင်ဝင့်ဝါနှင့် နောက်ထပ် ဇာတ်ကား သုံးကား စာချုပ်ချုပ်ဆိုထားပြီးဖြစ်သည်။

Mizzima - News in Burmese

RangonNewsDaily:: November . 28 .2013
ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးထားပြီး ခင်ဝင့်ဝါ ပါဝင် သရုပ်ဆောင်ထားသည့် နတ်သမီးနှင့် ကျွန်တော် ဗီဒီယိုဇာတ်ကားကို ၂၀၁၄ မှာ ဖြန့်ချိရန်စီစဉ်ထားကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က မဇ္ဈိမကို ပြောသည်။

နောက်အိမ်ထောင်ပြုမည်စိုးသဖြင့်ကွာ ရှင်းပြတ်စဲထားသည့်ဇနီးကိုဓားဖြင့်ထိုးသတ်

RangonNewsDaily:: November . 28 .2013
မော်လမြိုင်မြို့နယ် ဖက်တန်းရပ်ကွက်တွင် ယခုလ ၂၃ ရက်က ကွာရှင်းပြတ်ဆဲထားပြီးသော လင်မယားနှစ်ဦး နောက်အိမ်ထောင်ပြု ခြင်းနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုဂံဒေသတွင် မီးပုံးပျံခရီးစဉ်ထပ်မံတိုးချဲ့မည်

Photo: ပုဂံဒေသတွင် မီးပုံးပျံခရီးစဉ်ထပ်မံတိုးချဲ့မည်
Thursday, November 28, 2013

ကောင်းကင်မှ မီးပုံးပျံဖြင့် ရှေးဟောင်းပုဂံဒေသအား လှည့်လည် ကြည့်ရှုရသည့် လူစီးမီးပုံးပျံများကို ထပ်မံတိုးချဲ့ပြီး ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း FMI ကုမ္ပဏီဥက္ကဋ္ဌ ဦးသိမ်းဝေက ပြော သည်။

Ballon Over Bagan အမည်ဖြင့် ပုဂံတွင် ဝန်ဆောင်မှုပေး လျက်ရှိပြီး မန္တလေးမြို့၌ ပျံသန်းမည့်ခရီးလမ်းကြောင်းရှာဖွေခဲ့ပြီး ယခုနှစ်ရာသီအတွက် ယခုလ ၂၁ ရက်မှစတင်၍ ခရီးသည်များ အတွက် ဝန်ဆောင်မှုပေး
မည်ဖြစ်ကြောင်းသိရသည်။

မီးပုံးပျံခရီးစဉ်များအတွက် ခရီးသည်တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃ဝဝ ကျော်ခန့်ကုန်ကျ၍ ကြာမြင့်ချိန်မှာ ၄၅ မိနစ်ခန့် ကြာမြင့်ပြီး နိုင်ငံခြားသားခရီးသွားများသည် ကောင်းကင်မီးပုံးပျံ ခရီးစဉ်များကို စိတ်ဝင်တစားစီးနင်းလိုက်ပါလျက်ရှိကြောင်းဝန်ဆောင် မှုပေးသောကုမ္ပဏီမှ သိရသည်။

လက်ရှိတွင် မီးပုံးပျံလေးယောက်စီး အသေးနှစ်လုံး၊ မီးပုံးပျံ ရှစ်ယောက်စီး အကြီးလေးလုံးဖြင့် ပျံသန်းလျက်ရှိကြောင်းသိရသည်။ ထို့အပြင် ပုဂံနှင့်အင်းလေးဒေသတွင် ယခုနှစ်ခရီးသွားရာသီအတွက် ဒီဇင်ဘာလမှ စတင်ပျံသန်းသွားမည်ဖြစ်သည်။

The Union Daily

RangonNewsDaily:: November . 28 .2013
ကောင်းကင်မှ မီးပုံးပျံဖြင့် ရှေးဟောင်းပုဂံဒေသအား လှည့်လည် ကြည့်ရှုရသည့် လူစီးမီးပုံးပျံများကို ထပ်မံတိုးချဲ့ပြီး ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း FMI ကုမ္ပဏီဥက္ကဋ္ဌ ဦးသိမ်းဝေက ပြော သည်။

ကျွန်တော် ဘယ်တော့မှ နိုင်ငံရေးမလုပ်တော့ပါဘူးဆိုတဲ့ ဦးခင်ညွှန့်

Photo: ကျွန်တော် ဘယ်တော့မှ နိုင်ငံရေးမလုပ်တော့ပါဘူးဆိုတဲ့ ဦးခင်ညွှန့်
Thursday, November 28, 2013

၂၀၁၅ ရွေးကောက်ပွဲတွင် ဦးခင်ညွှန့်အနေနှင့် သံလျင်မြို့တွင် တစ်သီးပုဂ္ဂလ ၀င်ရောက်အရွေးကောက်ခံမည်ဟု သတင်းများထွက်ပေါ်လျှက်ရှိနေရာ အောက်တိုဘာ ၂၈ ရက်(ယနေ့) ကရ၀ိက်နန်းတော်တွင်ပြုလုပ်ခဲ့သော ဦးမြတ်ခိုင်၏ `ဦးခင်ညွှန့်နှင့် အင်တာဗျုး´ စာအုပ်မိတ်ဆက်ပွဲ၌ ၎င်းက နိုင်ငံရေး လုပ်တော့မည်မဟုတ်ကြောင်း အတည်အလင်းထုတ်ဖော်ပြောခဲ့သည်။
´နောက်တစ်ခုက အားလုံးကို အသိပေးချင်တာ ကျွန်တော် နိုင်ငံရေးမလုပ်ပါဘူး၊ သတင်းဌာန တစ်ချို့ကရေးနေကြတယ် ကျွန်တော်နိုင်ငံရေးထွက်လုပ်တော့မယ်၊ ကျွန်တော်နိုင်ငံရေး မလုပ်ပါဘူး၊ ကျွန်တော်တို့က အသက်အရွယ်လည်း ရလာပါပြီ၊ နိုင်ငံရေးလုပ်ရမယ့် အခြေအနေမျိုး အချိန်အခါမျိုး ကျွန်တော်တို့အရွယ် မဟုတ်တော့ပါဘူး၊နောက်လူငယ်တွေ အများကြီးရှိပါတယ်၊ ကျွမ်းကျင်တဲ့ လူငယ်တွေ၊ ပညာတတ် လူငယ်တွေ သူတို့ကနေ တိုင်းပြည်ကို ဆက်လက်ပြီးဦးဆောင်သွားလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်၊ ကျွန်တော် နိုင်ငံရေး ဘယ်တော့မှ မလုပ်တော့ပါဘူး ဆိုတာ ဒီနေရာကနေပြီး အာလုံးကို ကတိပေးပါတယ်´ ဟု ပြောကြားခဲ့သည်။
ထိုသို့ အသိပေးပြောကြားခြင်းအပေါ် ၀ါရင့်အယ်ဒီတာတစ်ဦးက `နိုင်ငံရေး မလုပတော့ဘူးပြောရအောင် သူက ဘယ်တုန်းကများ နိုင်ငံရေးလုပ်ခဲ့လို့လဲ၊ နိုင်ငံရေးလုပ်တဲ့သူတွေကို ဖမ်းဆီးထောင်ချတဲ့ အလုပ်ပဲ လုပ်ခဲ့တာ´ ဟု ဝေဖန်ခဲ့သည်။

(ဓါတ်ပုံ)မျိုးမင်းစိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

RangonNewsDaily:: November . 28 .2013
၂၀၁၅ ရွေးကောက်ပွဲတွင် ဦးခင်ညွှန့်အနေနှင့် သံလျင်မြို့တွင် တစ်သီးပုဂ္ဂလ ၀င်ရောက်အရွေးကောက်ခံမည်ဟု သတင်းများထွက်ပေါ်လျှက်ရှိနေရာ အောက်တိုဘာ ၂၈ ရက်(ယနေ့) ကရ၀ိက်နန်းတော်တွင်ပြုလုပ်ခဲ့သော ဦးမြတ်ခိုင်၏ `ဦးခင်ညွှန့်နှင့် အင်တာဗျုး´ စာအုပ်မိတ်ဆက်ပွဲ၌

Time မဂ္ဂဇင်းရဲ့ “Person of the Year” မှာ Miley Cyrus ဖြစ်နိုင်ဖွယ်ရှိ

Photo: Time မဂ္ဂဇင်းရဲ့ “Person of the Year” မှာ Miley Cyrus ဖြစ်နိုင်ဖွယ်ရှိ
Thursday, November 28, 2013

လူတွေပြောနေကြတာက လတ်တလောမှာ Miley Cyrus တစ်ယောက် Time ရဲ့ “Person of the Year” အဖြစ် ရေပန်းစားနေပါတယ်တဲ့။

စာဖတ်သူတွေဟာ အသက် ၂၁အရွယ်ရှိတဲ့ အဆိုတော်မလေးကို ချီးကျူးထောပနာပြုဖို့ သောင်းသောင်းဖျဖျနဲ့ မဲပေးနေကြပါတယ်။ ဒုတိယနေရာမှာလိုက်နေတဲ့ ပြိုင်ဖက်ကတော့ CIA ရဲ့ ကွန်ပျူတာ အကျော်အမော်တစ်ယောက်ဖြစ်သူ Edward Snowden ဖြစ်တယ်လို့ သတင်းတွေ ပေါက်ကြားနေပါတယ်။

          တတိယနေရာမှာကတော့ အိန္ဒိယ နိုင်ငံရေးသမား Narendra Modi လို့သတင်းထွက်နေပြီး ဆီးရီးယား သမ္မတနဲ့ ရုရှားသမ္မတတို့က သူ့နောက်က လိုက်နေပါတယ်။

          ပါကစ္စတန် လူငယ်တက်ကြွလှုပ်ရှားသူ Malala Yousafzai , မင်းသမီး Angelina Jolie, ပုပ်ရဟန်းမင်း Francis, ဘက်စကတ်ဘော ကစားသမား LeBron James နဲ့ သမ္မတ Barack Obama တို့လည်း နာမည်ကြီး စာရင်းထဲမှာပါဝင်နေပါတယ်။

          မဲပေးခြင်းများကို ဒီဇင်ဘာလ (၄)ရက်နေ့ထိ နောက်ဆုံး သတ်မှတ်ထားပြီး Time ရဲ့ အယ်ဒီတာက “Person of the Year” ဘယ်သူဖြစ်မယ်ဆိုတာကို ဒီဇင်ဘာလ (၁၁)ရက်နေ့မှာ တရားဝင်ကြေငြာမှာ ဖြစ်တာကြောင့် စောင့်ကြည့်ကြရပါဦးမယ်။

Trend Myanmar

RangonNewsDaily:: November . 28 .2013
လူတွေပြောနေကြတာက လတ်တလောမှာ Miley Cyrus တစ်ယောက် Time ရဲ့ “Person of the Year” အဖြစ် ရေပန်းစားနေပါတယ်တဲ့။

အလှအပအတွက် မျက်နှာသစ်ဆေးတောင် မသုံးဖြစ်ဘူးလို့ဆိုလာတဲ့ ရွှေမှုန်ရတီ

Photo: အလှအပအတွက် မျက်နှာသစ်ဆေးတောင် မသုံးဖြစ်ဘူးလို့ဆိုလာတဲ့ ရွှေမှုန်ရတီ
Thursday, November 28, 2013

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေရရှိနေတဲ့ ရွှေမှုန်ရတီကို သူမရဲ့ အသားအရေထိန်းသိမ်းမှု၊ အလှအပပိုင်းဆိုင်ရာတွေအပြင် ဖက်ရှင်အကြောင်း မေးကြည့်တဲ့အခါ  ‘အသားအရေ ထိန်းသိမ်းမှုအပိုင်းနဲ့ပတ်သတ်ပြီး သိပ်မလုပ်ဖြစ်ဘူး။ Body Treatment လောက်ပဲလုပ်ဖြစ်တယ်။ လုပ်ဖြစ်ရင်တော့ Spice Girl ပဲအမြဲသွားဖြစ်တယ်။’လို့ သူမကပြောပါတယ်။  သုံးနေတဲ့ အလှကုန်တွေနဲ့ ပတ်သက်ပြီးတော့ သူမက ‘ ရွှေမှုန်လောလောဆယ် မျက်နှာသစ်ဆေးတောင် မသုံးဘူး။ ဒါပေမဲ့ Dior က ထုတ်တဲ့ မျက်နှာလိမ်းဆေးတစ်မျိုးတော့ လိမ်းဖြစ်တယ်။ လိုးရှင်းကတော့ Victoria Secret သုံးတယ်။ အသားအရေအတွက် အသီးအနှံတွေလဲစားဖြစ်တယ်’တဲ့။ ဖက်ရှင်ပိုင်းကလည်း အနုပညာရှင်တွေအတွက် အရေးပါတာမို့ မေးကြည့်ဖြစ်တဲ့အခါမှာတော့ ‘Free Style ပေါ့။ ဇာတ်ကားထဲမှာကျတော့ ဇာတ်လမ်းရပြီဆိုရင် ဒါရိုက်တာကိုမေးတယ်။ ကိုယ်လှဖို့မလိုဘူး။ ကာရိုက်တာဝင်ဖို့ပဲလိုပါတယ်။’လို့ သူမက ပြောသွားပါတယ်။

Trend Myanmar

RangonNewsDaily:: November . 28 .2013
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေရရှိနေတဲ့ ရွှေမှုန်ရတီကို သူမရဲ့ အသားအရေထိန်းသိမ်းမှု၊ အလှအပပိုင်းဆိုင်ရာတွေအပြင် ဖက်ရှင်အကြောင်း မေးကြည့်တဲ့အခါ ‘အသားအရေ ထိန်းသိမ်းမှုအပိုင်းနဲ့ပတ်သတ်ပြီး သိပ်မလုပ်ဖြစ်ဘူး။

နေပြည်တော်ရှိ သရဲခြောက်သော လမ်းမကြီး (နေပြည်တော် အထူးသတင်း)

နေပြည်တော်ရှိ သရဲခြောက်သော လမ်းမကြီး
(နေပြည်တော် အထူးသတင်း)

နေုပြည်တော်ကြာပန်းအဝိုင်းအနီးရှိ လမ်းမကြီးတစ်ခုတွင် ညစဉ် လှိုဏ်သံများကြားရပြီး အဝေးမှ ကြည့်လျှင် လူအုပ်ကြီးချီတက်လာသလိုလို များမြင်နေရကြောင်း သူရဲခြောက်တာဖြစ်မည်ထင်ကြောင်း နေပြည်တော်ဒေသခံများအကြား ပြောဆိုနေကြသည် ၊

သူရဲခြောက်သည်ဆိုသောလမ်းမကြီး၏ တည်နေရာမှာ လွှတ်တော်အဆောက် အဦးများ နှင့် မလှမ်းမကမ်းတွင်ရှိပြီး ဦးတင်အေး ဦးသန်းရွှေ ဦးမောင်အေး ဦးသိန်းစိန် နှင့် ဦးရွှေမန်းတို့ နေအိမ်များ၏ အနောက်ဖက်ပတ်လမ်းအဖြစ် ဖောက်လုပ်ထားသောလမ်းဖြစ်သည် ၊

နေအိမ်များဟုနာမည်တပ်ထားသော်လည်း လူရိပ်လူရောင်တခါမျှ မတွေ့ရပဲ ညဘက်ဆိုလျှင်လည်း အမှောင်ချထားတာများကြောင်း ဒေသခံများမှ ပြောကြသည် ၊

လူသွားလူလာအလွတ် ပြတ်တောက်သောလမ်းဖြစ်ပြီး တခါတရံ လက်နှက်ကိုင် အစောင့်များဖြင့် ပိတ်ထားတတ်တသောလမ်းလည်း ဖြစ်သည် ၊

ထိုနေရာတွင် ဦးသန်းရွှေ၏ အိမ်မှာ အနိမ့်အဖြစ်တည်ဆောက်ထားပြီး ပတ်ပတ်လည်တွင် တောင်ကုန်းများဖို့ကာ ကွယ်ထားသဖြင့် လမ်းမှ လှမ်းကြည့်လျှင်မမြင်ရဟု သိရသည် ၊ ခြံထဲတွင်လည်း သစ်ပင် ဝါးပင်များ ပိတ်ပိတ်မှောင်နေအောင် စိုက်ထားသည် ဟု သိရသည်

၊အနားတစ်ဝိုက်ရှိ နေလက်စ ရွာဝိုင်းကလေးများကိုလည်း လူအဝင်အထွက်တင်းကျပ်ထားပြီး ညအိပ်ဧည့်သည် တားမြစ်ထားကြောင်းသိရသည် ၊

အနီးအနားတစ်ဝိုက်တွင် အခြားလူနေအဆောက်အဦးများ လုံးဝမဆောက်လုပ်စေပဲ သစ်ပင်များ စိုက်ခင်းများဖြင့်သာ ထားရှိကြောင်းသိရသည် ၊ ညဘက်သွားလျှင် အလွန်ခြောက်ခြားဖွယ်ကောင်းသော လမ်းဖြစ်သည် ၊

နေပြည်တော်သို့မကြာခဏသွားရသူတစ်ယောက်က အဲဒီမှာ လမ်းရှိမှန်းတောင် မသိဘူးဗျ လို့ဆိုကြောင်းသိရပါသည် ၊

အဆိုပါလမ်းသို့ ညသန်းခေါင်အချိန် ကိုယ်ပိုင်ကားဖြင့်
သွားမိသူတစ်ဦးက ကျနော် အဲဒီဘက်ကို မောင်းသွားမိတာ ညဘက်ကြီးဗျ သန်းခေါင်လောက်ရှိမယ် ကားရှေ့မီးရောင်မှာ အရိပ်လိုလို လူလိုလို တွေ့တော့ ကျနော်လည်း ဟွန်းတီးလိုက်တာ လှိုဏ်သံလိုလို

ပြန်ကြားရတယ် ၊ အဲဒါနဲ့ သေချာအောင်လို့ဆိုပြီး နောက်တစ်ချက်ထပ်တီးလိုက်တာ နောက်တစ်ခါထပ်ကြားရတယ်ဗျို့ တော်ပြီ နောက် အဲဒီဘက်မသွားတော့ဘူးဆိုပြီး နောက် ကျနော် ယောင်လို့တောင် မသွားတော့ဘူးဗျ ဟုပြောပါသည် ၊

အဆိုပါသတင်းကိုကြားသော အင်ဂျင်နီယာတစ်ဦးကမူ အဲဒီနားမှာ မြေအောက်လှိုဏ်ခေါင်းတွေရှိပုံရတယ်ဗျ လို့ မှတ်ချက်ချဘူးကြောင်းလည်း သိရသည် ၊

အဆိုပါ သရဲခြောက်သည်ဟုဆိုသောလမ်းကို ဂူဂယ်မတ် တွင် 19.759918,96.14306 ရိုက်ထည့်ပြီးရှာကြည့်နိုင်ပါသည် ၊

(နေပြည်တော်မှ ပေးပို့လာသော အထူးသတင်းဖြစ်သည်)

Hawdeka Khalaylay

RangonNewsDaily:: November . 28 .2013
နေုပြည်တော်ကြာပန်းအဝိုင်းအနီးရှိလမ်းမကြီးတစ်ခုတွင်ညစဉ် လှိုဏ်သံများကြားရပြီး အဝေးမှ ကြည့်လျှင်
လူအုပ်ကြီးချီတက်လာသလိုလို များမြင်နေရကြောင်း သူရဲခြောက်တာဖြစ်မည်ထင်ကြောင်း နေပြည်တော်
ဒေသခံများအကြား ပြောဆိုနေကြသည် ၊