Pages

Tuesday, January 22, 2013

အိန္ဒိယကားကုမ္မဏီ တာတာ မှတီထွင်ဆန်းသစ်လိုက်တဲ့ လေနဲ.မောင်းမဲ့ကား

အိန္ဒိယကားကုမ္မဏီ တာတာ မှ ကားသစ်တစ်မျိုး ဖန်တီးလိုက်ပါတယ်။ တီထွင်မှုကို ဗြိတိန်မှာ ပြုလုပ် တာ
 ဖြစ်ပါတယ်။ ဘာအင်ဂျင်မှ မလိုပဲ လေနဲ့မောင်းမှာ ဖြစ်ပါတယ်။ လေအိုးမှ ဖိအားနဲ့ သိပ်ထားတဲ့ လေကို
အသုံးပြုပြီး ဘီးတွေကို ရွေ့ စေမှာ ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၅၀ အမြန်ဆုံး မောင်းနှင်နိုင်ပါမယ်။

ဗဟန်းမြို့နယ်တွင် ရဲအယောင်ဆောင် လိမ်လည်သူအား ဖော်ထုတ်ဖမ်းဆီး

ဇန်န၀ါရီ ၂၂

၁၅-၁-၂၀၁၃ရက်နေ့ ၁၀၃၀ အချိန် ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ အနောက် မြင်းပြိုင်ကွင်းလမ်း၊ သမရုံးဝန်းအတွင်းရှိ ဒေါ်ပြုံးကြည်(၅၁)နှစ်၏ နေအိမ်ပရိဘောဂဆေးသုတ် လုပ်ငန်း သို့ ရန်ကုန်တိုင်းရဲတပ်
ဖွဲ့မှ ရဲတပ်ကြပ်ကြီးအဆင့်ရှိသူဟုဆိုကာ အရပ်ဝတ်ဖြင့်အမျိုးသားတစ်ဦး ရောက်ရှိ လာပြီး ဆိုင်ရှိပရိဘော
ဂပြုလုပ်သော သစ်များသည်တရားမ၀င်ကြောင်း၊ သစ်တောဥပဒေအရ ဖမ်းဆီးခွင့် ရှိကြောင်း၊ဖမ်းဆီးမခံလို
ပါက ငွေကျပ်(၁၀၀၀၀၀ိ/-)ပေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဒေါ်ပြုံးကြည်မှ တရားဝင်အခွန်အခပေး
လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ငွေကျပ်(၁၀၀၀၀၀ိ/-)မတတ်နိုင် ကြောင်းတောင်းပန်ခဲ့ရာထိုသူကငွေကျပ်
(၅၀၀၀၀ိ/-)တောင်းခံခဲ့ပြီး နောက်ဆုံးတွင် ငွေကျပ်(၃၀၀၀၀ိ/-) တောင်းယူကာ ၁၀၄၅ အချိန်တွင် ပြန်လည်
ထွက်ခွာသွားကြောင်း သတင်းရရှိခဲ့သည်။

ဝေါတံတား ပိတ်မိသည်မှာ နှစ်ရက်ကြာမြင့်ပြီဖြစ်ပြီး ယာဉ်များ သွား၍မရသေး

ရန်ကုန်၊ဇန်န၀ါရီ-၂၂

ဘတ်ဟိုးကား တင်ဆောင်လာသော ၁၈ ဘီး ယာဉ်တစ်စီးသည် ဝေါတံတားရှိ ကွန်ကရစ်တုံးနှင့် တိုက်မိပြီး တိုင်နှစ်တိုင်ကျိုးကာ လမ်းပိတ်ဆို့မှုဖြစ်ပွားနေသည်မှာ နှစ်ရက်ကျော် ကြာမြင့်ခဲ့ပြီး ယခုအချိန်အထိ ယာဉ်များ ဖြတ်သန်း၍ မရသေးကြောင်း ဒေသခံများကပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး ဝေါတံတားပေါ်တွင် ၁၈ ပေရှည်သည့် ကွန်ကရစ်တိုင်နှစ်တိုင်မှာ ၁၈ ဘီး ယာဉ်ပေါ်ရှိ ဘတ်ဟိုးအပေါ် ပိကျနေပြီး လမ်းနှစ်ဖက်ပိတ်မိနေသဖြင့် ထောင်နှင့်ချီသော လူများမှာ ခရီးဆက်မရဘဲ ယခုကဲ့သို့ စောင့်ဆိုင်းနေကြရကြောင်း သတင်းရရှိသည်။

ရုရှားတွင် မီးတောင် ၃ လုံး တစ်ပြိုင်နက်ပေါက်ကွဲ


ရုရှားနိုင်ငံ ကမ်ချက်ကာ (Kamchatka) ကျွန်းဆွယ်တွင် မီးတောင် ၃ လုံး ပေါက်ကွဲနေပြီး ချော်ရည်နှင့်
 ပြာမှုန်များ မှုတ်ထုတ်လျက်ရှိသည်။ ကမ်ချက်ကာကျွန်းဆွယ်တွင် Shiveluch၊ Kizimen နှင့် Plosky Talbachek အမည်ရှိ မီးတောင် ၃ လုံးမှာ မတူညီသော နေရာများ၌ တစ်ပြိုင်နက်တည်း ပေါက်ကွဲခြင်းဖြစ်သည်။

လန်ဒန် ဟိဿရိုးလေဆိပ်တွင် ရာသီဥတုကြောင့် ခရီးစဉ်များ ဖျက်သိမ်းရ

လန်ဒန် ဟိဿရိုးလေဆိပ်တွင် ရာသီဥတုကြောင့် ခရီးစဉ်များ ဖျက်သိမ်းရ

ဗြိတိန်နိုင်ငံ လန်ဒန်ရှိ ဟိဿရိုး လေဆိပ်တွင် ရာသီဥတု အခြေအနေကြောင့် တနင်္လာနေ့က လေ
ယာဉ်ခရီးစဉ် (၁၀)ရာခိုင်နှုန်းမျှကို ဖျက်သိမ်းခဲ့ရကြောင်း သိရှိရသည်။ ကမ္ဘာပေါ်တွင် နေ့စဉ် ခရီးသည် အဝင်အထွက် အများပြားဆုံး စာရင်းဝင် နိုင်ငံတကာ လေဆိပ်သည်

အပျိုဖော်ဝင်စအရွယ်


ကိုယ့်ကိုယ်ကို အပျိုဖော်ဝင်ပြီလို့ ထင်လိုက်ပြီလား။ ပျိုမေတို့ဟာ မိုးလင်းလို့ အိပ်ရာကထလိုက်တာနဲ့ အိပ်ရာခင်းပေါ်မှာ ဘာတွေ့မလဲ၊ လုံချည်မှာ ဘာတွေ့မလဲလို့ စိုးရိမ်စိတ်နဲ့ ရင်တွေဖိုရတာရယ်၊ မှန်ထဲ ကြည့်လိုက်ချိန်မှာ ငါ့ကိုယ်ခန္ဓာ ဘယ်လောက်များဖွံ့ထွားပြီး စွင့်ကားလာပြီလဲလို့ သုံးသပ်ရတာရယ် ဖြစ်လာပြီဆိုရင် ထင်တဲ့အတိုင်း အပျိုရိုင်းစိတ်တွေ ဝင်လာပြီလို့သာ မှတ်လိုက်တော့။

လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်နှင့်ဂီတပွဲတော် ၂၀၁၃ နောက်ဆုံးဆန်ကာတင် ဇာတ်ကား (၃၃) ကား စာရင်း ထုတ်ပြန်

လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်နှင့်ဂီတပွဲတော် ၂၀၁၃
နောက်ဆုံးဆန်ကာတင် ဇာတ်ကား (၃၃) ကား စာရင်း ထုတ်ပြန်

ရန်ကုန်-ဇန်န၀ါရီ၂၂
လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်နှင့်ဂီတပွဲတော် ၂၀၁၃ ကို  ဇန်န၀ါရီလ ၂၉ နှင့် ၃၀ ရက်နေ့ တို့တွင်
 နံနက် ၁၀ နာရီမှ ညနေ ၅ နာရီထိ တော်ဝင်စင်တာမြေညီထပ်ရှိ DVD ရုပ်ရှင်ရုံ(၂) ရုံတွင်
 ပြိုင်ပွဲဝင် ရုပ်ရှင်ကားများထဲမှ နောက်ဆုံးဆန်ကာတင် ရုပ်ရှင်ကားတို့ကို
ို အများပြည်သူ ကြည့်ရှု့ရန် ပြသ သွားမည်ဖြစ်ကြောင်းသိရသည်။  
ပရိတ်သတ်အကြိုက်ဆုံးဇာတ်ကားကို ပရိသတ်များမှ မဲပေးရွေးချယ်ပေးနိုင်ရန်လည်း 
စီစဉ်ထားပြီး အဆိုပါပွဲတော်အတွက်  ပြိုင်ပွဲဝင်ရုပ်ရှင်ကား (၅၅)ကား များအနက်
 နောက်ဆုံးဆန်ကာတင် ရွေးချယ်ထားသော ဇာတ်ကား (၃၃) ကားစာရင်းကို ထုတ်ပြန်ကြေညာကြောင်းသိရသည်။
 ဗိုလ်ချုပ်အောင်ဆန်းသီချင်းပြိုင်ပွဲ အတွက်လည်း ပြိုင်ပွဲဝင် မြန်မာသံစဉ် နှင့် အနောက်တိုင်း သံစဉ် စုစုပေါင်း 
 သီချင်း (၁၁၈)ပုဒ် အနက်နောက်ဆုံးဆန်ကာတင် ရွေးချယ်ထားသော (၉) ပုဒ် စာရင်းကိုလည်း ထုတ်ပြန်ကြေညာသည်။
 ဆုပေးပွဲ အခမ်းအနားကို  ဇန်န၀ါရီလ ၃၁ ရက်နေ့ညနေ ၆ နာရီတွင်
 တော်ဝင်စင်တာ (၇)လွှာ ၌ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည် ။

 နောက်ဆုံးဆန်ကာတင် ရုပ်ရှင်ကားများမှာ
Animation
၁ ။ ရုပ်စုံသဘင် (Puppet) - ဒါရိုက်တာ ရဲဝင်း
၂ ။ Democracy - ဒါရိုက်တာ စွမ်းသူရထွန်း
၃ ။ Let’s Grow Together - ဒါရိုက်တာ အောင်ရဲကျော်
၎ ။ The Rose (နှင်းဆီ) - ဒါရိုက်တာ မောင်ဆန်း
၅ ။ Goal - ဒါရိုက်တာ အောင်မင်းခန့် နှင့် စည်သူအောင်ဆွေ
၆ ။  မျိုးစေ့ (The Seed) - ဒါရိုက်တာ ဇော်ဗိုလ်ဗိုလ်ဟိန်း
၇ ။ Try Again - ဒါရိုက်တာ Edo Vader
Documentary
၁ ။ ဘုရားပွဲတော်သွားစို့နော်(On Holiday) - ဒါရိုက်တာ ရှင်ဒေ၀ီ
၂ ။ Spring Hlegu - ဒါရိုက်တာ ထွန်းထွန်းအေး
၃ ။ ရန်ကုန်မြို့မှ ကြိုဆိုပါတယ် - ဒါရိုက်တာ ကိုသောင်း
၎ ။ ပန်းကျောင်းပေါ်က လရောင် - ဒါရိုက်တာ နဒီ
၅ ။ The Comedian Without Fear - ဒါရိုက်တာ Min Koon(Five Seven)
၆ ။ The Bright Future - ဒါရိုက်တာ ရှင်ဒေ၀ီ
၇ ။ Equality - ဒါရိုက်တာ ကောင်းဆင့်(Vincent)
Short Film
၁ ။ The Night - ဒါရိုက်တာ တင်ဝင်းလှိုင်
၂ ။ Made In Myanmar - ဒါရိုက်တာ ကျော်သူမင်းနိုင်
၃ ။ Welcome Democracy - ဒါရိုက်တာ သန့်စင်အောင်
၎ ။ ခုနှစ်ထွေ(seven kinds) - ဒါရိုက်တာ နေခြည်
၅ ။ လူပြိန်းတွေးတဲ့ဒီမိုကရေစီ - ဒါရိုက်တာ သက်ဆွေဝင်း
၆ ။ လူကြီးကိုပြန်မပြောရ - ဒါရိုက်တာ ထွန်းစန်း
၇ ။ Will Make It Move - ဒါရိုက်တာ ရေကြည်အေး
၈ ။ ရေချမ်းစင် - ဒါရိုက်တာ နောင်မြင့်မိုရ်
၉ ။ In Our Country - ဒါရိုက်တာ ထက်အောင်စံ
၁၀ ။ BE(LIE)VE - ဒါရိုက်တာ အောင်မြတ်
၁၁ ။ မင်္ဂလာပါ ဒီမိုကရေစီ - ဒါရိုက်တာ သုတ(မော်ကွန်း)
၁၂ ။ We,the creator - ဒါရိုက်တာ - အောင်ဇော်မိုး
၁၃ ။ EGOIST - ဒါရိုက်တာ ပပဆန်းကျော်
၁၄ ။ အားလုံးကောင်း(Everything is OK) - ဒါရိုက်တာ ငြိမ်းသစ်
၁၅ ။ ဒီမိုကရေစီ(သို့) - ဒါရိုက်တာ ဆူးခက်မင်း
၁၆ ။ Visible thought in Yangon (ရန်ကုန်က အတွေးများ) - ဒါရိုက်တာ ရဲလင်းသော်
Photo Essay
၁ ။ Reunion - ဒါရိုက်တာ ထွန်းထွန်းအေး
၂ ။ We Don’t Know Democracy - ဒါရိုက်တာ ကျော်နှင်းဆီ
၃ ။ Down Of The Nation - ဒါရိုက်တာ စိုးဇေယျထွန်း

နောက်ဆုံးအဆင့် ရွေးချယ်ထားသော ဗိုလ်ချုပ်အောင်ဆန်းဂုဏ်ပြုသီချင်း

၁ ။ အကြီးမြတ်ဆုံးဂုဏ် - တေးရေး ရဲနိုင်လင်း(ကျိုက်လတ်)
၂ ။ ပြည်သူချစ်သော တို့ဗိုလ်ချုပ် - တေးရေး စိန်ညီဆွေ (မန်း)
၃ ။ ပြည်သူ့အရိုင်းပန်း - တေးရေး အဲမွန်တာရာ
၎ ။ အောင်ဆန်းမျိုးဟေ့ မြန်မာ - တေးရေး လင်းထက်
၅ ။ တုနှိုင်းမဲ့သခင် - တေးရေး မာန်ဟိဏ်းကျော်
၆ ။ ရှင်သန်နေဆဲသူရဲကောင်း - တေးရေး Extra T
၇ ။ သမိုင်းထဲကသူရဲကောင်း - တေးရေး ခင်နန်းထိုက်စံ
၈ ။ ထာဝရ အေးချမ်းမှုလေပြေ - တေးရေး ခင်နန်းထိုက်စံ
၉ ။ ဗိုလ်ချုပ် - တေးရေး S.G.D

ရန်ကုန်-ဇန်န၀ါရီ၂၂
လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်နှင့်ဂီတပွဲတော် ၂၀၁၃ ကို ဇန်န၀ါရီလ ၂၉ နှင့် ၃၀ ရက်နေ့ တို့တွင်နံနက်
၁၀ နာရီမှ ညနေ ၅ နာရီထိ တော်ဝင်စင်တာမြေညီထပ်ရှိ DVD ရုပ်ရှင်ရုံ(၂) ရုံတွင်ပြိုင်ပွဲဝင် ရုပ်ရှင်ကား
များထဲမှ နောက်ဆုံးဆန်ကာတင် ရုပ်ရှင်ကားတို့ကို အများပြည်သူ ကြည့်ရှု့ရန် ပြသ သွားမည်ဖြစ်ကြောင်း
သိရသည်။

“စင်ကာပူ Electrical ပထမနှစ် အင်ဂျင်နီယာဒီပလိုမာသင်တန်း ပြည်တွင်း၌ ပထမဆုံးအကြိမ်ဖွင့်လှစ်”

ရန်ကုန်၊ဇန်နဝါရီ ၂၂

စင်ကာပူ Republic Polytechnic မှ Electrical @ Electrionic အင်ဂျင်နီယာဒီပလိုမာ ပထမနှစ်သင်တန်းအား ပြည်တွင်း၌ ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်သင်ကြားပေး မည်ဖြစ်ကြောင်း Rvi Institue မှသိရသည်။အဆိုပါ ပထမနှစ်ဒီပလိုမာ သင်တန်းတက်ရောက်ရန် ဝင်ခွင့်များစတင်ခေါ်ယူနေပြီဖြစ်ပြီး လာမည့်ဧပြီလတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ပြည်သူတွေရဲ့ခံစားချက်တွေကို ရုပ်ရှင်ရိုက်ကူးချင်ပေမယ့်လည်း ရိုက်ကူးခွင့်မရသေး


ပြည်သူတွေရဲ့ခံစားချက်တွေကို ရုပ်ရှင်ရိုက်ကူးချင်ပေမယ့်လည်း ရိုက်ကူးခွင့်မရသေး

January 22, 2013  Home, သတင်း 

နာရေးကူညီမှုအသင်းမှ ဦးကျော်သူက အသင်းအဖွဲ့များ ကိုယ်စားနှင့်ပြည်သူများ၏ရင်ထဲ တွင်ရှိနေသော ခံစားချက်များအား  ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ်  ဖန်တီးရိုက်ကူးချင်ပေမယ့်လည်း   ရိုက်ကူးခွင့်မရရှိသေးသည့်အတွက်  ရုပ်ရှင်ပြန်လည်ရိုက်ကူးရန် သေ ချာမှုမရှိသေးကြောင်း ဦးကျော်သူ  ကပြောသည်။
““ရုပ်ရှင်ကပြန်မရိုက်တော့ ပါဘူး။ရိုက်ခွင့်ကသေမှမသေချာ တာ။တကယ်လို့ရိုက်ပြီးတော့မှ ခွင့်မပြုဘူးဆိုရင် ဘယ်လိုလုပ်မလဲ  ရိုက်ခွင့်ပေးတယ်လို့ စာရရင် လူမှု ရေးကားတစ်ကားရိုက်ဖို့စီစဉ်ထား   တယ်။ အလှူရှင်ရဲ့ဆန္ဒနဲ့အဲလို   ရိုက်ကူးတဲ့နေရာမှာလည်း မြန်မာ ပြည်တစ်ပြည်လုံးမှာရှိနေတဲ့ အသင်းအဖွဲ့များကိုယ်စား မြန်မာ     တစ်ပြည်လုံးမှာရှိနေတဲ့ ပြည်သူ  တွေရဲ့ရင်ထဲက ခံစားချက်တွေကို ရိုက်ကူးပေးမှာပါ။ကျွန်တော့် အသင်းအတွက်ရိုက်ပေးမှာမဟုတ်  ပါဘူး။ကျွန်တော်ဒီလိုပြန်ရိုက်တယ်      ဆိုတာကလည်း ကိုယ်အတ္တအနု ပညာအတွက် ရိုက်တာမဟုတ်ပဲနဲ့        ပရိတ်သတ်အတွက်အနုပညာ အတွက် ရိုက်ကူးချင်တာပါ””ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ရိုက်ကူးချင်ပေ မယ့်လည်း ရိုက်ကူးခွင့်ရရှိရန် အတွက် မည်ကဲ့သို့အချိန်ကြာမြင့်    မည်ကို မသိရှိရသေးကြောင်း  ရိုက်ခွင့်ရရှိပါကလည်း မေတ္တာ ဖြင့်ကူညီမည့် ရုပ်ရှင်သရုပ်ဆောင်  များကိုသာ ခေါ်ယူသရုပ်ဆောင်   စေမည်ဖြစ်ကြောင်းသိရှိရသည်။

 ဖြိုးအောင်

အေးချမ်းမွန်မှ   The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

နာရေးကူညီမှုအသင်းမှ ဦးကျော်သူက အသင်းအဖွဲ့များ ကိုယ်စားနှင့်ပြည်သူများ၏ရင်ထဲ တွင်ရှိနေသော ခံစားချက်များအား ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် ဖန်တီးရိုက်ကူးချင်ပေမယ့်လည်း ရိုက်ကူးခွင့်မရရှိသေး
သည့်အတွက် ရုပ်ရှင်ပြန်လည်ရိုက်ကူးရန် သေ ချာမှုမရှိသေးကြောင်း ဦးကျော်သူ ကပြောသည်။

ဘဏ်တိုးနှုန်းပြောင်းလဲခြင်းနှင့်ပတ်သက်၍ AGD ဘဏ် ကြေညာချက် ထုတ်ပြန်


ဘဏ်တိုးနှုန်းပြောင်းလဲခြင်းနှင့်ပတ်သက်၍ AGD ဘဏ် ကြေညာချက် ထုတ်ပြန်

ရန်ကုန်-ဇန်န၀ါရီ၂၂

ဘဏ်တိုးနှုန်းများ ပြောင်းလဲမည်ဟု အင်တာနက်စာမျက်နှာတချို့တွင် ဖော်ပြနေသော်လည်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သို့ ယနေ့အထိ သက်ဆိုင်ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မည်သည့် ညွှန်ကြားချက်မှ ရောက်ရှိလာခြင်း မရှိသေးကြောင်းသိရသည်။
ှအာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ယခုလက်ရှိအတိုးနှုန်းများမှာ
 ငွေစုဘဏ်အပ်ငွေ (Saving Deposit) - ၈% (တစ်နှစ်)၊စာရင်းသေအပ်ငွေ (Fixed Deposit) - ၁၀% (တစ်နှစ်)၊ချေးငွေ (Loan) - ၁၃% (တစ်နှစ်) ဖြစ်သည်။
အပြောင်းအလဲများ ရှိပါက အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေငြာပေးပါမည်ဖြစ်ကြောင်းAGDဘဏ်မှ ကြေညာထားသည်။t

ရန်ကုန်-ဇန်န၀ါရီ၂၂

ဘဏ်တိုးနှုန်းများ ပြောင်းလဲမည်ဟု အင်တာနက်စာမျက်နှာတချို့တွင် ဖော်ပြနေသော်လည်း အာရှစိမ်းလန်း
မှုဖွံ့ဖြိုးရေးဘဏ်သို့ယနေ့အထိသက်ဆိုင်ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှမည်သည့်ညွှန်ကြားချက်မှရာက်
ရှိလာခြင်း မရှိသေးကြောင်းသိရသည်။

ကြက်သားသီဟိုဠ် ဆေးဘဲဥ ချက်နည်း

ကြက်သားသီဟိုဠ် ဆေးဘဲဥ
• • • • • • • • • • • • • • •

ပါဝင်ပစ္စည်း
=======
၁။ ဆီ - စားပွဲဇွန်း  ၄ဇွန်း
၂။ ကြက်သွန်ဖြူထောင်း - အနည်းငယ်
၃။ ကြက်သွန်နီ - ၁ လုံး
၎။ ပြောင်းဖူးအသေး - ၃ဖူး
၅။ ပန်းငရုတ်ပွအစိမ်း - ၁ ကျပ်သား
၆။ သီဟိုဠ်စေ့အလုံး - ၁ ကျပ်သား
၇။ ကြက်သွန်မြိတ် - အနည်းငယ်
၈။ ကြက်သား - ၁၀ ကျပ်သား (အရိုးမပါ)
၉။ ဆေးဘဲဥ - ၁လုံး
၁၀။ ခရုဆီ - စားပွဲဇွန်း ၁ဇွန်း
၁၁။ ပဲငံပြာရည်အနောက် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၂။ ဟင်းခတ်အမှုန့် - အနည်းငယ်
၁၃။ အရိုးပြုတ်ရည် - အနည်းငယ်

ချက်ပြုတ်ပြင်ဆင်နည်း
=============
၁။ အရိုးထုတ်ထားသောကြက်သားကို 
အနေတော်အတုံးလေးများဖြစ်အောင်လှီးပါ။

၂။ ဆေးဘဲဥကို ၄စိတ်စိတ်ထားပြီး၊ 
သီဟိုဠ်စေ့အလုံးကို ဆီပူပူတွင် 
ခဏကြော်ပြီးဆယ်ထားပါ။

၃။ ကြက်သွန်ဖြူထောင်း ဆီသတ်ပြီး
 ကြက်သားထည့်ကာ ပါဝင်သော အရသာများကို
ထည့်၍ သမအောင်မွှေပြီး 
မီးပြင်းပြင်းနှင့်ချက်ပါ။

၎။ ကြက်သားမကျက်တကျက်တွင်
 ကြက်သွန်နီ၊ ပန်းငရုတ်ပွစိမ်း၊
 ပြောင်းဖူးသေးတို့ကို ထည့်ပြီးချက်ပါ။ 
ထို့နောက် အရိုးပြုတ်ရည် အနည်းငယ်ထည့်ပါ။

၅။ ချက်ထားသော ကြက်သားပေါ်တွင်
 ကြော်ထားသော သီဟိုဠ်စေ့အလုံးနှင့် 
၎စိတ်စိတ်ထားသော ဆေးဘဲဥကိုလှအောင်ထည့်ပါ။

၆။ ကြက်သွန်မြိတ်ကို အပေါ်မှအုပ်ပါ။ 
အနံ့အရသာမွှေးကြိုင်နေပြီး လျင်မြန်လွယ်ကူသော
 ကြက်သားသီဟိုဠ်ဆေးဘဲဥ တရုတ်ဟင်းလျာကို
အပြင်မှာ ၀ယ်ယူရန် မလိုဘဲ
ကိုယ်တိုင်ချက်ပြုတ်သုံးဆောင်နိုင်ပါသည်။


• ဤကြက်သားသီဟိုဠ်ဆေးဘဲဥ ချက်ပြုတ်ပြင်ဆင်နည်းကို
 Feel 3 Gold  စားသောက်ဆိုင်မှ ကူညီပါသည်။

ချက်ပြုတ်ပြင်ဆင်နည်း
=============
၁။ အရိုးထုတ်ထားသောကြက်သားကို အနေတော်အတုံးလေးများဖြစ်အောင်လှီးပါ။

၂။ ဆေးဘဲဥကို ၄စိတ်စိတ်ထားပြီး၊ သီဟိုဠ်စေ့အလုံးကို ဆီပူပူတွင် ခဏကြော်ပြီးဆယ်ထားပါ။

၃။ ကြက်သွန်ဖြူထောင်း ဆီသတ်ပြီးကြက်သားထည့်ကာ ပါဝင်သော အရသာများကိုထည့်၍ သမအောင်မွှေပြီး မီးပြင်းပြင်းနှင့်ချက်ပါ။

ကယားပြည်နယ်အတွင်းတက္ကသိုလ်ကျောင်းသားနှင့် လူငယ်များအကြားတွင် စိတ်ကြွဆေးဝါး သုံးစွဲမူပိုမိုများပြားလာနေ

ကယားပြည်နယ်အတွင်းတက္ကသိုလ်ကျောင်းသားနှင့် လူငယ်များအကြားတွင် စိတ်ကြွဆေးဝါး သုံးစွဲမူပိုမိုများပြားသဖြင့် ပညာပေးမူများပြုလုပ်ပေးရန်လိုအပ်ကြောင်း အိန္ဒိယနိုင်ငံMartinluthar University တွင် မူးယစ်ဆေးသုံးစွဲသူများနှင့် ပက်သက်သောစာတမ်းပြုစုနေသည့် ကျောင်းသူတစ်ဦးကThe Street View သို့ပြောသည်။

မီးလောင်ပြာကျခဲ့သည့် သံဖြူဇရပ်မြို့မဈေးအတွင်း ကာဗိုက်တုံးများစီတန်းချထားခြင်းကြောင့် အခြေအနေတင်းမာရှုတ်ထွေးနေ

သံဖြူဇရပ် ဇန်န၀ါရီ ၂၂

ယခုပင် သံဖြူဇရပ်မှသတင်းအရင်းအမြစ်တစ်ဦး၏ သတင်းပေးပို့ချက်အရ မီးလောင်ပြာကျခဲ့သည့် သံဖြူဇရပ်ဈေးအတွင်းသို့ မူလဆိုင်ပိုင်ရှင်များကို ပစ္စည်းအကျွင်းအကျန်များကို ကောက်ယူခွင့်ပြုခဲ့ရာ
ဈေးအတွင်းတွင် ကာဗိုက်များအစုလိုက်အပုံလိုက်တွေ့ရကြောင်း၊ အချို့မှာ ဈေးတစ်ဝင်းလုံး စီတန်းချထားကြောင်းနှင့် ယင်းသို့ စီတန်းချထားသည့် ကာဗိုက်တုံးများနှင့်အတူ အမျိုးအမည်မခွဲနိုင်သည့် အခြားအစာများကိုလည်းတွေ့ရကြောင်း၊ အခြေအနေရှုတ်ထွေးနေကြောင်း သတင်းပေးလို့လာပါသည်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ ၀က်ဘ်ဆိုက်သစ် ဇန်န၀ါရီလအတွင်း လွှင့်တင်နိုင်ရန် စီစဉ်လျက်ရှိ

မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ ၀က်ဘ်ဆိုက်သစ်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း လွှင့်တင်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံ ဂီတအစည်းအရုံးအနေဖြင့် ဂီတလုပ်ငန်းပိုင်းဆိုင်ရာနှင့် အချက်အလက်များကို နည်းပညာပိုင်းဆိုင်ရာ မြှင့်တင်မှုများ ပြုလုပ်နိုင်ရန်အတွက် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းက မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) နှင့် Edwin Consultancy Service Co.,Ltd တို့မှ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

မြေငလျှင်သတင်း

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့နှင့် မိုင် ၅၀ နီးပါး ကွာဝေးသော တိုက်ကြီးမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၅ အဆင့်၊ အင်အား အနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။
ဇန်န၀ါရီလ ၂၀ ရက်၊ နံနက် ၆ နာရီ၊ ၂၆ မိနစ်၊ ၄၀ စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ

စစ်တပ်ြခင်း ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယကာကွယ်ရေးဝန်ကြီး မြန်မာရောက်ရှိ

စစ်တပ်ြခင်း ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယကာကွယ်ရေးဝန်ကြီး မြန်မာရောက်ရှိ

အိန္ဒိယကာကွယ်ရေးဝန်ကြီး AK Antony နဲ့ အဖွဲ့ဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိ လာခဲ့ပါတယ်။ အိန္ဒိယကာကွယ်ရေး ဝန်ကြီးဟာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဝန်ကြီးတို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်လုံခြုံမှု စီမံဆောင်ရွက်ရေး၊ နှစ်နိုင်ငံစစ်တပ်ခြင်း ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် နှစ်နိုင်ငံအကျိုးတူကိစ္စတွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။

အဓိကအနေနဲ့ အိန္ဒိယ-မြန်မာ ကုန်းတွင်းနယ်စပ်နဲ့ ပင်လယ်ပြင်ရေပိုင်နက် နယ်နိမိတ်တွေမှာ သူပုန်အဖွဲ့တွေနဲ့ တခြားကျူးကျော်မှုတွေ၊ ရာဇဝတ်မှုတွေ ကင်းရှင်းရေးအတွက် ကင်းလှည့်လုပ်ငန်း အစီအစဉ်တွေ တိုးတက်ဆောင်ရွက်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။

မိမိတို့ပိုင်နက်အတွင်း တပါးသူက ဝင်ရောက်ကျူးကျော်ခွင့်မပြုဖို့လည်း နှစ်နိုင်ငံသဘောတူညီခဲ့ပြီးဖြစ်ပါတယ်။ အိန္ဒိယနဲ့ မြန်မာနယ်စပ်မှာ အိန္ဒိယကနေ ခွဲထွက်ရေးသူပုန်အဖွဲ့တွေဟာ မြန်မာနယ်စပ်အတွင်း ခိုအောင်းနေပြီး အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့အတွက် မြန်မာအစိုးရရဲ့ အကူအညီကို အိန္ဒိယက တောင်းခံနေခဲ့ပါတယ်။

အလားတူ ဘင်္ဂလားပင်လယ်အော်ကို တရုတ်ကဝင်ချင်နေတဲ့အပေါ် အိန္ဒိယကစိုးရိမ်နေတယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။ အိန္ဒိယကာကွယ်ရေးဝန်ကြီးဟာ မြန်မာနိုင်ငံမှာ ဇန်န၀ါရီ ၂၁ရက်ကနေ ၂၂ရက်အထိ နေထိုင်မှာဖြစ်ပါတယ်။

အိန္ဒိယကာကွယ်ရေးဝန်ကြီး AK Antony နဲ့ အဖွဲ့ဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိ လာခဲ့ပါတယ်။ အိန္ဒိယကာကွယ်ရေး ဝန်ကြီးဟာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဝန်ကြီးတို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်လုံခြုံမှု စီမံဆောင်ရွက်ရေး၊ နှစ်နိုင်ငံစစ်တပ်ခြင်း ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် နှစ်နိုင်ငံအကျိုးတူကိစ္စတွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ရေနုတ်မြောင်းတူးစဉ် ၉ မမ ကျည်ဆန် ၁၄ တောင့်တွေ့

ရေနုတ်မြောင်းတူးစဉ် ၉ မမ ကျည်ဆန် ၁၄ တောင့်တွေ့
ရန်ကုန်၊ ဇန်န၀ါရီ-၂၂

စမ်းချောင်းမြို့နယ် လင်းလွန်းမြောက်ရပ်ကွက်အတွင်း လမ်းခင်းရန် ရေနုတ်မြောင်းတူးဖော်စဉ် အသုံးမပြုရသေးသော
ကျည်ဆန်အဟောင်း ၁၄ တောင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

လင်းလွန်းမြောက်ရပ်ကွက်၊ သရ၀ဏ်ရိပ်သာ ၂ လမ်း၊ အိမ်နံပါတ် ၁၁ ၏ ဘေး ရေနုတ်မြောင်းကို စည်ပင်ဝန်ထမ်း ၇ ဦးက 
တူးဖော်ရှင်းလင်းရာ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

''မြန်မာဖြစ် ကျည်ဆန်တွေ၊ နောက်မှာ မြန်မာစာတန်းတွေနဲ့၊ ကျည်ဆန်ရဲ့ဖင်မှာ ၇၄ လား၊ ၇၉ လား မသိဘူးပါတယ်'' ဟု 
လင်းလွန်းမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က ပြောသည်။

အဆိုပါ ကျည်ဆန် ၁၄ တောင့်မှာ ၉ မမ အမျိုးအစားဖြစ်ပြီး ဆက်လက်၍ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားမည်ဟု
စမ်းချောင်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ်ဇော်ဇော်က ပြောသည်။

ယင်းရပ်ကွက်အတွင်း ကျည်ဆန်တွေ့ရှိမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြား၍ အပ်နှံလိုက်
ကြောင်း ဦးအောင်လွင်က ပြောသည်။

ဓာတ်ပုံ- ရဲနောင်

ရန်ကုန်၊ ဇန်န၀ါရီ-၂၂

စမ်းချောင်းမြို့နယ် လင်းလွန်းမြောက်ရပ်ကွက်အတွင်း လမ်းခင်းရန် ရေနုတ်မြောင်းတူးဖော်စဉ် အသုံးမပြုရသေးသောကျည်ဆန်အဟောင်း ၁၄ တောင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။