Pages

Sunday, February 9, 2014

တောင်ဥက္ကလာက တရားပွဲ အစ္စလာမ်ဆန့်ကျင်ရေး ဦးစားပေးဟော၊ အကြမ်းဖက်ရန် ပြင်ဆင်နေ သည့် သတင်းများ အွန်လိုင်းတွင် ပြန့်နှံနေသော်လည်း မြို့နယ်အတွင်း အခြေအနေ ယခုအချိန်ထိ တည်ငြိမ်နေဟုသိရ

RangonNewsDaily: February . 9 .2014
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် တရားပွဲကျင်းပရာမှ တုတ်၊ ဓားများကိုင်ဆောင်ကာ အကြမ်းဖက်ရန် ပြင်ဆင်နေသည်ဆိုသော သတင်းများ ဆိုရှယ်မီဒီယာ စာမျက်နှာတွင် ပျံနှံလျက်ရှိသော်လည်း တောင်ဥက္ကလာပမြို့နယ်အတွင်း အခြေအနေမှာ ယခုအချိန်ထိ တည်ငြိမ်လျက်ရှိကြောင်း M-Media က စုံးစမ်းသိရှိရသည်။

ဆော်ဒီအာရေဗျနိုင်ငံ မဒီနာမြို့တွင် မီးလောင်မှုဖြစ်ပွား

ဓာတ်ပုံ - ရိုက်တာ

RangonNewsDaily: February . 9 .2014
ဆော်ဒီအာရေဗျနိုင်ငံက မဒီနာမြို့ ဟိုတယ်တလုံးတွင် ဖေဖော်ဝါရီ ၈ ရက်နေ့က မီးလောင်ခဲ့လို့ အနည်းဆုံး လူ ၁၅ ယောက် သေဆုံးပြီး အယောက် ၁၃၀ လောက် ဒဏ်ရာရတယ်လို့ ဆော်ဒီအာရေဗျ အစိုးရ သတင်း
ဌာနက ဆိုပါတယ်။

ဖယ်ရှားခံ သမီးကလေးကျေးရွာသားများက ကျောင်းတက်နေသည့်ကလေးများ စာမေးပွဲပြီးဆုံးသည်အထိ အောင်သိဒ္ဓိဘုန်းကြီးကျောင်းတွင် ခိုလှုံခွင့်ပြုရန် သက်ဆိုင်ရာသို့ မေတ္တာရပ်ခံ

Photo: ဖယ်ရှားခံ သမီးကလေးကျေးရွာသားများက ကျောင်းတက်နေသည့်ကလေးများ စာမေးပွဲပြီးဆုံးသည်အထိ အောင်သိဒ္ဓိဘုန်းကြီးကျောင်းတွင် ခိုလှုံခွင့်ပြုရန် သက်ဆိုင်ရာသို့ မေတ္တာရပ်ခံ 
Sunday, February 9, 2014

ဖေဖော်ဝါရီ ၄ ရက်က သက်ဆိုင်ရာ၏ ဖယ်ရှားခြင်းခံခဲ့ရသည့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ သမီးကလေးကျေးရွာသားများမှာ ပဲခူးတိုင်းဒေသကြီး အလိုင်နီဆည်အနီးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရပြီး ၎င်းတို့အား ကျောင်းတက်နေသည့် ကျောင်းသားများ စာမေးပွဲပြီးစီးသည်အထိ နေထိုင်ခွင့်ပြုရန် သက်ဆိုင်ရာသို့ မေတ္တာရပ်ခံထားကြောင်း ဖယ်ရှားခံ ရွာသားများက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
    
ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာက အောင်သိဒ္ဓိဆရာတော်ထံသို့ ဖယ်ရှားခံရွာသားများအား လက်ရှိနေထိုင်သည့် ပဲခူးတိုင်းအတွင်းမှ ထွက်ခွာသွားပေးရန် စာပေးခဲ့ပြီးနောက် ရွာသားများက လက်ရှိကျောင်းတက်နေသည့် ကျောင်းသားများ စာမေးပွဲပြီးစီးသည်အထိ ၎င်းတို့အား အဆိုပါဘုန်းကြီးကျောင်းတွင် နေထိုင်ခွင့်ပြုရန် မေတ္တာရပ်ခံထားကြောင်း ပြောကြားကြသည်။
    
အောင်သိဒ္ဓိဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည့် သမီးကလေးရွာသူတစ်ဦးဖြစ်သူ မချောစုက "ကျွန်မအသက် ၃၇ နှစ်ရှိပါပြီ။ သမီးကလေးမှာမွေးပြီး အဲ့မှာပဲ ကြီးလာတာပါ။ တစ်နေ့က အလိုင်နီကျေးရွာ ဥက္ကဋ္ဌအပါအ၀င် လူကြီးတွေက ဆရာတော့်ဆီကို စာလာပို့တယ်။ ကျွန်မတို့ကို ဒီနေရာကနေ ထွက်ခွာသွားပေးဖို့လို့ ပြောတယ်။ကျွန်မတို့က ဟိုရွာကနေ ခွေးမောင်းသလို မောင်းထုတ်ခံခဲ့ရတာပါ။ နေစရာမရှိလို့ ဆရာတော်ကျောင်းမှာ လာခိုလှုံနေရတာပါ။ နောက်ပြီးကလေးတွေက ကျောင်းတက်နေတုန်း တစ်ဝက်တစ်ပျက်တွေပါ။ သူတို့စာမေးပွဲပြီးတဲ့အထိ နေခွင့်ပေးပါလို့ပြောတော့ သူတို့ကလည်း အထက်ကိုတင်ပြပေးပါမယ်လို့တော့ ပြောပါတယ်။ အကြောင်းပြန်တာကတော့ မလာသေးပါဘူး"ဟု ဖေဖော်ဝါရီ ၈ ရက်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

လက်ရှိတွင် အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသည့် ဦးရေမှာ ၅၀၀ ခန့်ရှိကာ ၎င်းတို့အနက် သက်ကြီးရွယ်အိုများနှင့် ကလေးများမှာ မြေကြီးပေါ်တွင် အိပ်ရသဖြင့် ကျန်းမာရေးချို့ယွင်းမှုများ၊ ၀မ်းပျက်ရောဂါများလည်း ဖြစ်ပွားနေကြောင်း ဖယ်ရှားခံရွာသားများက ပြောကြားကြသည် 
အောင်သိဒ္ဓိကျောင်းဆရာတော် ဦးအဂ္ဂဓမ္မက "ဦးဇင်းက ဒီဒကာတွေ၊ ဒကာမတွေ ဒုက္ခရောက်နေတာကို မမြင်ရက်လို့ ကျောင်းမှာနေခိုင်းတယ်။ သူတို့တွေက ဦးဇင်းမရောက်ခင်ကတည်းက ရှိနေပြီးသားတွေပါ။ လောလောဆယ် ဒီကျောင်းမှာ စာသင်နေတဲ့သမီးကလေးရွာက ကလေးတွေက ၉၉ ယောက်ရှိတယ်။ အလယ်တန်းထိပေါ့။ သူတို့တွေ စာမေးပွဲပြီးတဲ့အထိ နေခွင့်ရဖို့ ဦးဇင်းက တိုင်းဒုဦးစီးမှူးကို မေတ္တာရပ်ခံထားပါတယ်။ သူတို့ကလည်း အထက်ကိုတင်ပြပေးမယ်လို့ ပြောပါတယ်။ သူတို့ကတော့ ဒီလိုမျိုးနေထိုင်တာ ဥပဒေနဲ့မညီဘူးလို့ပြောတယ်။ ဦးဇင်းကလည်း ဒါဆိုရင်လည်း ဥပဒေတိုင်း လုပ်ချင်လုပ်ပါလို့ပြောလိုက်တယ်။ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအနေနဲ့ ဒုက္ခရောက်တဲ့သူတွေကို ကယ်တင်ရမယ့်တာဝန်ရှိလို့ ဦးဇင်းခေါ်ထားတယ်"ဟု ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲပိုင်းက The Daily Eleven သတင်းစာသို့ မိန့်ကြားသည်။
    
လက်ရှိတွင် အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသည့် ဦးရေမှာ ၅၀၀ ခန့်ရှိကာ ၎င်းတို့အနက် သက်ကြီးရွယ်အိုများနှင့် ကလေးများမှာ မြေကြီးပေါ်တွင် အိပ်ရသဖြင့် ကျန်းမာရေးချို့ယွင်းမှုများ၊ ၀မ်းပျက်ရောဂါများလည်း ဖြစ်ပွားနေကြောင်း ဖယ်ရှားခံရွာသားများက ပြောကြားကြသည်။
    
ဖယ်ရှားခံရွာသားတစ်ဦးဖြစ်သူ ကိုဝင်းစိုးက "ကျွန်တော်တို့ လောလောဆယ် နေစရာမရှိလို့ ဆရာတော်က ခေါ်ထားတာပါ။ စားဝတ်နေရေးကလည်း ကြာရှည်ဆိုမလွယ်ပါဘူး။ သက်ဆိုင်ရာက ကျွန်တော်တို့ကို ဒီနေရာက ထွက်သွားခိုင်းတယ်ဆိုရင်လည်း ဘယ်ကိုသွားလို့ သွားရမှန်းတောင် မသိပါဘူး။ ကလေးတွေကလည်း ကျောင်းတန်းလန်းကြီး ရှိပါသေးတယ်"ဟုဆိုသည်။

ဖယ်ရှားခံရွာသားများခိုလှုံနေသည့် အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းမှာ အလယ်တန်းပညာရေးအထိ သင်ကြားပေးနေသည့် ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းဖြစ်ကာ ပဲခူးမြို့၊ မင်္ဂလာရာမကျောင်းခွဲ အမှတ်(၅)လက်အောက်ခံဖြစ်ပြီး ကျောင်းသူကျောင်းသားပေါင်း ၃၀၀ ခန့် ပညာသင်ကြားနေကြသည်။
    
ထို့ပြင် သမီးကလေးကျေးရွာသို့ သွားရာလမ်းဖြစ်သည့် ကြီးလေးကြီးလမ်းတွင် တပ်မတော်မှ ကင်းချထားပြီး သတင်းမီဒီယာများအား ဖယ်ရှားခဲ့သည့် သမီးကလေးကျေး ရွာသို့ဖြတ်သန်းသွားလာခွင့် မပြုခဲ့ကြောင်း ဖေဖော်ဝါရီ ၈ ရက်က တားဆီးခံခဲ့ရသည့် မီဒီယာများထံမှ သိရသည်။
    
လက်ရှိအချိန်တွင် ဖယ်ရှားခံထားရသော သမီးကလေးကျေးရွာသားများ ခိုလှုံနေသည့် အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းသို့ စေတနာရှင်အချို့မှ ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ကုန်များအား လှူဒါန်းမှုများရှိနေကြောင်း သိရသည်။ ထို့ပြင် Eleven Media Group ကလည်း အိမ်ရာများ ဖယ်ရှားခံရသည့်အတွက် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသော သမီးကလေးကျေးရွာမှ ရွာသားများအတွက် ဆန်၊ ဆီ၊ ရေသန့်၊ အ၀တ်အထည်နှင့် ကျောင်းသုံးဗလာစာအုပ် စုစုပေါင်း ၁၅ သိန်းတန်ဖိုးရှိ ပစ္စည်းများကို ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းတွင် သွားရောက်လှူဒါန်းခဲ့သည်။      

Eleven Media Group 

အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ခိုလှုံနေသည့် သမီးကလေးရွာသားအချို့အား ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ခိုလှုံနေသည့် သမီးကလေးရွာသားအချို့အား ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
RangonNewsDaily: February . 9 .2014
ဖေဖော်ဝါရီ ၄ ရက်က သက်ဆိုင်ရာ၏ ဖယ်ရှားခြင်းခံခဲ့ရသည့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ သမီးကလေးကျေးရွာသားများမှာပဲခူးတိုင်းဒေသကြီးအလိုင်နီဆည်အနီးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း
တွင် ခိုလှုံနေရပြီး၎င်းတို့အား ကျောင်းတက်နေသည့် ကျောင်းသားများစာမေးပွဲပြီးစီးသည်အထိ နေထိုင်ခွင့်ပြု
ရန် သက်ဆိုင်ရာသို့ မေတ္တာရပ်ခံထားကြောင်း ဖယ်ရှားခံ ရွာသားများက The Daily Eleven သတင်းစာသို့
ပြောကြားသည်။

တစ်ဖက်နိုင်ငံမှ တရားမဝင် ခိုးဝင်လာသူများအား ဖမ်းဆီးရမိ

Photo: တစ်ဖက်နိုင်ငံမှ တရားမဝင် ခိုးဝင်လာသူများအား ဖမ်းဆီးရမိ
Sunday, February 9, 2014

ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းရှိ သံတံတားကျေးရွာ ပတ်ဝန်းကျင်တစ်ဝိုက်တွင် တပ်မတော် စစ်ကြောင်းက လုံခြုံရေး ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၁ ရက် နံနက် ၆ နာရီခွဲခန့်က တောလမ်း အတိုင်း မန်စီဘက်သို့ မောင်းနှင်လာသော မသင်္ကာဖွယ်ရာ ဆိုင်ကယ် သုံးစီးအား ရပ်တန့်စစ်ဆေးရာမှ တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော ဦးလော့ယုရှန် အသက် ၄၅ နှစ်(ဘ) ဦးလော့ရီရှန်း၊ ဦးအားကျန့် အသက် ၄၁ နှစ်(ဘ) ဦးရန်အား၊ ဦးယန်စီရှယ် အသက် ၄၄နှစ်(ဘ) ဦးရှောင်ကွေ့တို့အား ဆိုင်ကယ်သုံးစီး၊ စီဒီအမ်အေ ဖုန်းတစ်လုံး၊ တရုတ်ဖုန်းနှစ်လုံး၊ ဘိန်းမဲ ၁ ကျပ်သားခန့်၊ မြန်မာငွေကျပ် ၁၂၄ သိန်း၊ တရုတ်ငွေ ၄၆၂ ယွမ်တို့နှင့် အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ တစ်ဖက်နိုင်ငံမှ တရားမဝင် ခိုးဝင်လာသူ သုံးဦးနှင့်အတူ ဖေဖော်ဝါရီ ၁ ရက်နေ့ထုတ် မြဝတီသတင်းစာတွင် ပါရှိသော တရားမဝင် သစ်တင်ယာဉ်များနှင့် အတူ ဖမ်းဆီးရမိခဲ့သည့် တစ်ဖက်နိုင်ငံမှ တရားမဝင် ခိုးဝင်လာသူ ၁ဝ ဦး စုစုပေါင်း ၁၃ ဦးတို့အား တရားဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်နိုင်ရေး မန်စီမြို့နယ် ရဲစခန်းသို့ ဖေဖော်ဝါရီ ၂ ရက်က စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

RangonNewsDaily: February . 9 .2014
ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းရှိ သံတံတားကျေးရွာ ပတ်ဝန်းကျင်တစ်ဝိုက်တွင် တပ်မတော် စစ်ကြောင်းက လုံခြုံရေး ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၁ ရက် နံနက် ၆ နာရီခွဲခန့်က တောလမ်း အတိုင်း မန်စီဘက်သို့ မောင်းနှင်လာသော မသင်္ကာဖွယ်ရာ ဆိုင်ကယ် သုံးစီးအား ရပ်တန့်စစ်ဆေးရာမှ

ဂျပန်-မြန်မာ ဖက်စပ်ကွန်ကရစ် ဘလောက်တုံးများထုတ်ရန် ကန်ဒေါ်လာသုံးသန်းကျော် ရင်းနှီးမြှုပ်နှံ

Photo: ဂျပန်-မြန်မာ ဖက်စပ်ကွန်ကရစ် ဘလောက်တုံးများထုတ်ရန် ကန်ဒေါ်လာသုံးသန်းကျော် ရင်းနှီးမြှုပ်နှံ
Sunday, February 9, 2014

ဂျပန်-မြန်မာ ဖက်စပ်စနစ်ဖြင့် တည်ထောင်ထားသော Japan Create Engineering ကုမ္ပဏီက ပြည်တွင်းတွင် အမေရိကန်ဒေါ်လာ သုံးသန်းကျော် ရင်းနှီးမြှုပ်နှံ၍ အဆင့်မြင့်ကွန်ကရစ် ဘလောက်တုံးများ ထုတ်လုပ်သည့်လုပ်ငန်း လုပ်ကိုင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရှိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ဂျပန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် တစ်ဦးနှင့် ပြည်တွင်းမှ JALTEC Co., Ltd. ပူးပေါင်း တည်ထောင်ထားသည့် Japan Create Engineering ကုမ္ပဏီကို ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ချထားပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ကုမ္ပဏီသည် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အတွင်းရှိ ရန်ကုန် စက်မှုဇုန် အတွင်းတွင် စက်ရုံ တည်ဆောက် လုပ်ကိုင်သွားမည် ဖြစ်ပြီး စက်ရုံကို ၂ နှစ်အတွင်း အပြီးသတ် တည်ဆောက်သွားမည် ဖြစ်ကာ ၂၀၁၆ ခုနှစ်တွင် စတင်လည်ပတ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဆောက်လုပ်ရေး စီမံကိန်းတွေ များလာလို့ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ဆက်စပ်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာတာပါ။ နောက်လည်း ထပ်ဝင်လာကြဦးမယ်” ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြီးခဲ့သော ၂၀၁၃ ခုနှစ်တွင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းနှင့် ဆက်စပ်ပစ္စည်းများ ဖြစ်သည့် စတီးပစ္စည်းများ၊ ကွန်ကရစ် ဘလောက်တုံးများနှင့် အသင့်သုံး ကွန်ကရစ်နံရံများ အပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ဆက်စပ်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ ဖက်စပ်စနစ်ဖြင့် ပြည်တွင်းတွင် တည်ထောင် လုပ်ကိုင်မှုများ ရှိခဲ့သည်။

“ကွန်ကရစ် ဘလောက်တုံးတွေက ပြည်တွင်းမှာလည်း ထုတ်နေတာပဲ။ အရည်အသွေး ပိုင်းကတော့ ဂျပန်နဲ့ ဖက်စပ်ထုတ်တာဆိုတော့ ပိုကောင်းမယ် ထင်တယ်” ဟု ဆောက်လုပ်ရေး ကန်ထရိုက်တာ တစ်ဦးဖြစ်သူ ဦးနိုင်ဦးက ဆိုသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ယခုလ ၅ ရက်နေ့တွင် အဆိုပါ အဆင့်မြင့် ကွန်ကရစ် ဘလောက်တုံးများ အပါအဝင် လက်ခစားစနစ် အထည်ချုပ်လုပ်ငန်း သုံးခုနှင့် ဖက်စပ် အချိုရည်လုပ်ငန်း တစ်ခုတို့ကို လုပ်ငန်း လုပ်ပိုင်ခွင့်လိုင်စင် ချထားပေးခဲ့သည်။

The Voice Weekly

RangonNewsDaily: February . 9 .2014
ဂျပန်-မြန်မာ ဖက်စပ်စနစ်ဖြင့် တည်ထောင်ထားသော Japan Create Engineering ကုမ္ပဏီက ပြည်တွင်းတွင် အမေရိကန်ဒေါ်လာ သုံးသန်းကျော် ရင်းနှီးမြှုပ်နှံ၍ အဆင့်မြင့်ကွန်ကရစ် ဘလောက်တုံးများ ထုတ်လုပ်သည့်လုပ်ငန်း လုပ်ကိုင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရှိရသည်။

ဒလမြို့ ကမာကသွယ်တွင် အိမ်လေးလုံးနီးပါး မီးလောင်

Photo: ဒလမြို့ ကမာကသွယ်တွင် အိမ်လေးလုံးနီးပါး မီးလောင်
Sunday, February 9, 2014

ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့နယ် ကမာကသွယ် ရပ်ကွက် ဗိုလ်ဥတ္တမ ၄လမ်းရှိ အိမ်အမှတ် ၈၅၁ (က) တွင် ဖေဖော်ဝါရီလ ၈ ရက် ညနေ ၄ နာရီ ၁၀ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်လေးလုံးနီးပါး မီးလောင် ဆုံးရှုံးခဲ့ကြောင်း အဆိုပါလမ်းတွင် နေထိုင်သူများထံမှ သိရှိရသည်။

အဆိုပါ အိမ်မီးဖိုချောင်တွင် လူမရှိဘဲ လျှပ်စစ်ရေနွေးအိုး တည်ထားခဲ့ရာမှ မီးစတင် လောင်ကျွမ်းခဲ့ပြီး မီးလောင်ချိန် မိနစ် ၃၀ နီးပါးအတွင်း အလျား ၁၉ပေ၊ အနံ ၂၄ပေရှိသော သွပ်မိုးပျဉ်ကာ ပျဉ်ခင်းအိမ် တစ်လုံး၊ အလျားရှစ်ပေ အနံ ၂၅ပေ ရှိသော သွပ်မိုး ပျဉ်ခင်းပျဉ်ကာ နေအိမ်နှစ်လုံး အပါအဝင် စုစုပေါင်းသုံးလုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
“ကျွန်တော်က ရပ်ကွက်ဘောလုံးပွဲ ရောက်နေတာ။ မီးတောက်က တော်တော်ပါနေပြီ။ ကျွန်တော့် အိမ်တစ်ခြမ်းလည်း ပါသွားတယ်။ မီးစလောင်တဲ့အိမ်ရဲ့ မီးလောင်နေတဲ့ တိုင်ပြုတ်ကျလို့ လက်အတော် နာသွားတယ်။ အိမ်က သုံးလုံးတစ်ခြမ်း လောင်သွားတယ်” ဟု အိမ်တစ်ခြမ်း မီးလောင် ဆုံးရှုံးခဲ့သည့် အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးလောင်မှုကို ဝိုင်းဝန်း ငြှိမ်းသတ်သူ လေးဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မီးစတင် လောင်ကျွမ်းသော နေအိမ်တွင် မီးစလောင်စဉ်က တစ်ဦးတစ်ယောက်မျှ မရှိကြောင်း အဆိုပါ မီးလောင်မှု ဖြစ်ပွားသော နေအိမ်များအနီး နေထိုင်သူများထံမှ သိရှိရသည်။ 

မီးလောင်မှုကြောင့် အိမ်ပိုင်ရှင် ဦးဖိုးလူဝကို (ပ) ၅၉/၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း ဒလမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။ 

အလားတူ ယင်းနေ့ ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် ဖို့မြေရပ်ကွက် ၁၀၁ လမ်းရှိ အမှတ် ၄၄ အာရ်စီနှစ်ခန်းတွဲ ခုနစ်ထပ်တိုက် ညာဘက် ခြောက်လွှာတွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မွေ့ရာပေါ်ကျ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

The Voice Weekly

RangonNewsDaily: February . 9 .2014
ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့နယ် ကမာကသွယ် ရပ်ကွက် ဗိုလ်ဥတ္တမ ၄လမ်းရှိ အိမ်အမှတ် ၈၅၁ (က) တွင် ဖေဖော်ဝါရီလ ၈ ရက် ညနေ ၄ နာရီ ၁၀ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်လေးလုံးနီးပါး မီးလောင် ဆုံးရှုံးခဲ့ကြောင်း အဆိုပါလမ်းတွင် နေထိုင်သူများထံမှ သိရှိရသည်။

အမေရိကန် မှစက်ကြီး များဖြင့် ကန်တော်ကြီး ရေသန့် စင်မည်

RangonNewsDaily: February . 9 .2014
ကန်တော်ကြီး ရေသန့် စင်ခြင်း လုပ်ငန်း များကို အမေ ရိကန် မှ စက်ကြီး ခုနစ် လုံးဖြင့် ယခု လကုန် ပိုင်း တွင် စတင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာ ရေး ကော် မတီ အင်ဂျင် နီ ယာ ဌာန (ရေနှင့်သန့်ရှင်းမှု) မှ သိ ရသည်။ယင်းကဲ့သို့ ဆောင်ရွက်ရန် ပြီးခဲ့သည့် လဆန်းပိုင်းတွင် အမေ ရိကန်နိုင်ငံမှ ပညာရှင် များလာရောက် လေ့ လာမှုများ ပြုလုပ်ခဲ့ပြီး၊ ယခုလတွင် လက်တွေ့ ဆောင်ရွက်တော့မည် ဖြစ်ကြောင်း သိရသည်။

ပြင်သစ်ရထားတစီးပေါ် ကျောက်တုံးပြုတ်ကျမှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး

Photo: ပြင်သစ်ရထားတစီးပေါ် ကျောက်တုံးပြုတ်ကျမှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး
Sunday, February 9, 2014

ပြင်သစ်နိုင်ငံက အဲ့လ်ပ်စ် တောင်တန်းဒေသမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က ရထားတစီး ဖြတ်မောင်းနေစဉ် တောင်ပေါ်က ကျောက်တုံးကြီး တတုံးပြုတ်ကြလာတာကြောင့် ရထားကို ထိမှန်ခဲ့လို့ လူ ၂ ယောက်သေဆုံးခဲ့ပါတယ်။

မတော်တဆမှုကြောင့် တခြား လူ ၉ ယောက်ဒဏ်ရာရပြီး တယောက်ကတော့ ဒဏ်ရာပြင်းထန်ပါတယ်။ ရထားတွဲ တတွဲကတော့ တောင်စောင်းအစွန်းကနေ ပြုတ်ကျခဲ့တယ်လို့ ဒေသခံ အရာရှိတွေကပြောပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေကြား ကျော်ကြားတဲ့ ပြင်သစ်အရှေ့တောင်ဘက်က ရွာတွေကြား ပြေးဆွဲတဲ့ ရထားဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်က ခုလိုဖြစ်တာလို့ အရာရှိတွေက ပြောပါတယ်။

တောင်ပေါ်ကကျလာတဲ့ ကျောက်တုံးကြီးဟာ တန်ချိန် ၂၀ လောက် လေးပြီး ရထားရဲ့ဘေးကို ထိမှန်ခဲ့တာလို့ ဒေသခံ အရာရှိက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ သေဆုံးသူ ၂ ယောက်ဟာ ဒေသခံပြင်သစ် အမျိုးသမီးတယောက်နဲ့ ရုရှ ခရီးသည် အမျိုးသမီးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျောက်တုံးကြီး ဘာကြောင့် ပြုတ်ကျလာတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒေသတွင်းမှာတော့ တောင်ပေါ်ကနေ ကျောက်တုံးတွေ ကျတာကို ကာကွယ်ဖို့ ပိုက်ကွန်တွေကို ဆင်ထားပြီးသားပါ။ တောင်ထူဒေသမှာ နှင်းတွေ ဖုံးနေလို့ ကနဦး ကယ်ဆယ်ရေး အားထုတ်ချက်တွေ နှောင့်နှေးနေပါတယ်။

DVB

RangonNewsDaily: February . 9 .2014
ပြင်သစ်နိုင်ငံက အဲ့လ်ပ်စ် တောင်တန်းဒေသမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က ရထားတစီး ဖြတ်မောင်းနေစဉ် တောင်ပေါ်က ကျောက်တုံးကြီး တတုံးပြုတ်ကြလာတာကြောင့် ရထားကို ထိမှန်ခဲ့လို့ လူ ၂ ယောက်သေဆုံးခဲ့ပါတယ်။

ရုရှားနိုင်ငံ ဆိုချီမြို့သို့ သွားသော လေယာဉ်ပြန်ပေးဆွဲခံရမှုတားဆီးနိုင်

Photo: ဆိုချီလေယာဉ်ပြန်ပေးဆွဲမှုတားဆီးနိုင်
Sunday, February 9, 2014

တူရကီနိုင်ငံ၌ သောကြာနေ့တွင် ခရီးသည်လေယာဉ်တစ်စင်းပေါ် ဗုံးတစ်လုံးပါကြောင်း ခြိမ်းခြောက်ပြီး ပြန်ပေးဆွဲ၍ ယင်းနေ့၌စတင်သည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကျင်းပရာ ရုရှားနိုင်ငံ ဆိုချီမြို့သို့ လမ်းကြောင်းပြောင်းပျံသန်းစေခြင်းကို တားဆီးနိုင်ခဲ့ကြောင်း၊ လေယာဉ်သည် ခရီးစဉ်အတိုင်း အစ္စတန်ဘူလ်မြို့သို့ ဆင်းသက်နိုင်ခဲ့ကြောင်း တူရကီအာဏာပိုင်များက ပြောသည်။

ပီဂါဆမ် လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇-၈ဝဝ အရပ်ဘက်လေ ယာဉ်သည် ခရီးသည် ၁၁ဝ တင် ဆောင်၍ ယူကရိန်းနိုင်ငံ ခါကော့ဗ် မြို့မှ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့သို့ ပျံသန်းလာစဉ် ယင်းသို့ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လေယာဉ်မှူးက လေယာဉ်ပြန်ပေး ဆွဲခံရကြောင်းသတင်းပို့သဖြင့် အက်ဖ်- ၁၆ တိုက်လေယာဉ်နှစ်စင်းက ပျံတက် ကာ ခရီးသည်လေယာဉ်ကို အစ္စတန် ဘူလ်ဆာဘီဟာဂေါ့စင်း လေဆိပ်သို့ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ရန် စောင့်ရှောက်ပေးခဲ့သည်။

လေယာဉ်ပေါ်တွင် ပြန်ပေးသမား ဆိုသည့်ယူကရိန်းနိုင်ငံသားကို ဆိုချီမြို့ သို့ လေယာဉ်ဆင်းသက်လျက်ရှိသည် ဟု ထင်စေရန် လှည့်စားနိုင်ခဲ့သည်ဟု ဆိုသည်။

အစ္စတန်ဘူလ်မြို့တော်ဝန် ဟူစီး ယင်အဆာနီမတ်လူက ခရီးသည် အားလုံးသည် ပြဿနာတစ်စုံတစ်ရာ မျှမရှိဘဲ လေယာဉ်ပေါ်မှ ဆင်းနိုင်ခဲ့ ကြောင်း၊ အထူးရဲတပ်ဖွဲ့ဝင်များက လေယာဉ်ပေါ်တက်၍ ပြန်ပေးသမား ကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း၊ လေ ယာဉ်ပေါ်၌ ဗုံးမတွေ့ရှိကြောင်းသတင်း ထောက်များကို ပြောကြားခဲ့သည်။

၎င်းသည် အရက်သောက်ထားခြင်း မရှိဟုယူဆရကြောင်း၊သို့သော် အခြား တစ်ခုခုကိုမူ သုံးစွဲထားဖွယ်ရာရှိ ကြောင်း၊ ၄င်းတွင် အိတ်တစ်လုံးပါ ကြောင်း၊အိတ်ထဲတွင် တစ်ကိုယ်ရေသုံး အီလက်ထရွန်နစ် ပစ္စည်းများနှင့် အခြားအရာများပါကြောင်း မြို့တော်ဝန် က ပြောကြားသည်။
အဆိုပါလေယာဉ် ဆင်းသက်ပြီး သုံးနာရီခန့်အကြာ ဒေသစံတော်ချိန် ည ၉ နာရီတွင် ဆာဘီဟာဂေါ့စင်း လေဆိပ်ကို ပြန်လည်ဖွင့်ပေးခဲ့သည်ဟု တူရကီသတင်းစာဟာရီယက်က ဖော်ပြ သည်။

စီအန်အန်/
အေပီ/ဘလွန်းဘတ်။

The Mirror Daily

RangonNewsDaily: February . 9 .2014
တူရကီနိုင်ငံ၌ သောကြာနေ့တွင် ခရီးသည်လေယာဉ်တစ်စင်းပေါ် ဗုံးတစ်လုံးပါကြောင်း ခြိမ်းခြောက်ပြီး ပြန်ပေးဆွဲ၍ ယင်းနေ့၌စတင်သည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကျင်းပရာ ရုရှားနိုင်ငံ ဆိုချီမြို့သို့ လမ်းကြောင်းပြောင်းပျံသန်းစေခြင်းကို တားဆီးနိုင်ခဲ့ကြောင်း၊ လေယာဉ်သည် ခရီးစဉ်အတိုင်း အစ္စတန်ဘူလ်မြို့သို့ ဆင်းသက်နိုင်ခဲ့ကြောင်း တူရကီအာဏာပိုင်များက ပြောသည်။

ထိုင်းနိုင်ငံရေး မငြိမ်သက်မှု ဖြစ်စဉ်များကြောင့် ယာဉ်တန်းအဆင်းနေ့တိုင်း အလုပ်လက်မဲ့ မြန်မာလုပ်သား ၅၀၀၀ ကျော် ပြန်လာ

Photo: ထိုင်းနိုင်ငံရေး မငြိမ်သက်မှု ဖြစ်စဉ်များကြောင့် ယာဉ်တန်းအဆင်းနေ့တိုင်း အလုပ်လက်မဲ့ မြန်မာလုပ်သား ၅၀၀၀ ကျော် ပြန်လာ
Sunday, February 9, 2014

ထိုင်းနိုင်ငံရေး မငြိမ်မသက်ဖြစ်မှုများကြောင့် ဘန်ကောက်ဝန်းကျင်ရှိ လုပ်ငန်းလည်ပတ်မှု မရှိသော စက်ရုံအလုပ်ရုံများမှ မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် ဗီဇာသက်တမ်း ကုန်ဆုံး၍ အလုပ်လက်မဲ့ ဖြစ်နေသူများမှာ ယခုရက်ပိုင်းအတွင်း နေရပ်သို့ ပြန်လာသူ အမြောက်အမြား ရှိကြောင်းသိရသည်။

အဆိုပါ မြန်မာရွှေ့ပြောင်း လုပ်သားများမှာ ခရီးလမ်း တိုတောင်းသည့် မဲဆောက်-မြဝတီ လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လာကြရာ ယာဉ်တန်းအဆင်းနေ့တိုင်း မြန်မာလုပ်သား ၅ဝဝဝ ခန့် ပြန်လည်ဝင် ရောက်လာကြောင်း သိရသည်။

“ချစ်ကြည်ရေး တံတားက ပြန်လာတာ နှစ်ထောင်ကျော်ပါတယ်။ လူအုပ်ကြီးကတော့ မြင်တဲ့အတိုင်းပါပဲ။ လှေဂိတ်တွေက ပြန်တာဟာ တံတားပေါ်ကထက် နှစ်ဆကျော် သုံးဆနီးပါး ရှိတဲ့အတွက် ဒီနေ့ပြန်လာတဲ့ မြန်မာလုပ်သားတွေဟာ ငါးထောင်ခန့် ရှိတယ်လို့ ခန့်မှန်းရပါတယ်” ဟု ချစ်ကြည်ရေး တံတားမှ တာဝန်ရှိသူ တစ်ဦးက ဇန်နဝါရီ ၅ ရက်က ပြောကြားသည်။

“ရွာပြန်လာတာပါ၊ ခွင့်နှစ်လပေးပါတယ်။ စက်ရုံမပိတ်ပါဘူး။ ဒါပေမဲ့ လုပ်ငန်းလည်ပတ်မှု မရှိတဲ့အတွက် နေစရိတ်၊ စားစရိတ်၊ ရေဖိုး၊ မီးဖိုးတွေ တက်နေမှာဆိုတော့ ကိုယ့်နိုင်ငံကိုယ် ပြန်လာခဲ့ကြတာပါ”ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးမှ ပြန်လာသည့် ဘီလူးကျွန်း ကညှော်ရွာသား တစ်ဦးက ပြောကြားသည်။

“ဆန္ဒပြတဲ့နေရာနဲ့ အနီးလေးပါ။ ထွက်သွားလို့ မရပါဘူး။ ဆန္ဒပြတဲ့အထဲ မပါဝင်ဘဲ အခန်းကနေ အပြင်ကိုထွက်သွားလို့ မြန်မာနိုင်ငံသားတွေ အဖမ်းအဆီးခံရတာလည်း ရှိပါတယ်။ သေတဲ့သူတွေလည်း ရှိပါတယ်။ အခုဆိုရင် လုပူရီ၊ ချွန်းပူရီနဲ့ ဘန်ကောက် ပတ်ဝန်းကျင်မှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေ တစ်သိန်းကျော်လောက် ရှိပါတယ်။ အများစုတော့ ပြန်လာကြမယ်လို့ ထင်ပါတယ်”ဟု လုပူရီမှ ပြန်လာသည့် ကိုကျော်ကျော်က ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်း ဗီဇာသက်တမ်း ကုန်ဆုံးသူနှင့် လုပ်ငန်းခွင် လည်ပတ်မှုမရှိ၍ အလုပ်လက်မဲ့ဖြစ်ကာ သောင်တင်နေသူ မြန်မာရွှေ့ပြောင်းလုပ်သား သိန်းချီရှိနေသော်လည်း ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်ရှိရာ နေရာများသို့ ယာဉ်တန်းအတက်နေ့တိုင်း ထောင်နှင့်ချီ ပြန်လည်ထွက်ခွာ လျက်ရှိသည်။

Eleven Media Group

(မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်း လုပ်သားများအား ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်)
(မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်း လုပ်သားများအား ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်)
RangonNewsDaily: February . 9 .2014
ထိုင်းနိုင်ငံရေး မငြိမ်မသက်ဖြစ်မှုများကြောင့် ဘန်ကောက်ဝန်းကျင်ရှိ လုပ်ငန်းလည်ပတ်မှု မရှိသော စက်ရုံအလု