Pages

Saturday, June 29, 2013

အာဆီယံ ၁ဝ နိုင်ငံအတွင်း ဆေးရွက်ကြီး ဥပဒေ မလိုက်နာမှုတွင် မြန်မာနိုင်ငံက အဆင့် ၁ဝ ဖြင့် အောက်ဆုံး ရောက်ရှိ

Photo: အာဆီယံ ၁ဝ နိုင်ငံအတွင်း ဆေးရွက်ကြီး ဥပဒေ မလိုက်နာမှုတွင် မြန်မာနိုင်ငံက အဆင့် ၁ဝ ဖြင့် အောက်ဆုံး ရောက်ရှိ 
Saturday, June 29, 2013

ဆေးရွက်ကြီး ထိန်းချုပ်သော အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း (WHO FCTC) ၏ ဥပဒေ အပိုဒ် (၁၁)တွင် ပါသော အဓိက အချက် ရှစ်ချက်ကို လိုက်နာ အကောင်အထည် ဖော်ရာတွင်အရှေ့တောင် အာရှ အာဆီယံ ၁ဝ နိုင်ငံ၌ မြန်မာနိုင်ငံသည် လိုက်နာ ဆောင်ရွက်မှု အားနည်းချက် များစွာကြောင့် နံပါတ် ၁ဝ ဖြင့် အောက်ဆုံး အဆင့် ရောက်ရှိနေကြောင်း နောက်ဆုံး ပြုလုပ်ပြီးသော သုတေသန အရ သိရသည်။

မြန်မာ နိုင်ငံသည်  (WHO FCTC) အဖွဲ့ဝင် နိုင်ငံဖြစ်ပြီးနောက် ၂ဝဝ၆ ခုနှစ်တွင် မြန်မာ နိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများတွင် ဥပဒေ အခန်း (၅)ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်း တာဝန်များကို အပိုဒ်(၈) (င) ဆေးလိပ်ထုပ်တွင် ဖော်ပြ ပါရှိရမည့် ဆေးလိပ် သောက်ခြင်းကြောင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေနိုင်ကြောင်း မြန်မာဘာသာဖြင့် သတိပေး စာတန်းကိုလည်းကောင်း၊ အခြား လိုအပ်သော သတိပေးချက် များကိုလည်း သတ်မှတ်ခြင်းများ ပြုလုပ်နိုင်ကြောင်း သိရသည်။

ပြည်တွင်း ဆေးရွက်ကြီး ထုတ်ကုန်များတွင် လက်ရှိ အခြေအနေ အရ ''စီးကရက် သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်  စေပါသည် ''နှင့် '' ၁၈နှစ် မပြည့်သေးသူ များကို ရောင်းချခြင်း မပြုရ''ဟုသာ မြန်မာဘာသာဖြင့် ရေးထိုး သတိပေး ထားသောကြောင့် အာဆီယံ ၁ဝ နိုင်ငံနှင့် နှိုင်းယှဉ်ပါက နိုင်ငံတကာ ကွန်ဗင်းရှင်း ဥပဒေပါ အပိုဒ် (၁၁)၏ အဓိအချက် ရှစ်ချက်ကို လိုက်နာရာတွင် အားနည်းချက် များစွာ ရှိနေသေးကြောင်း သိရသည်။

အဆိုပါ ဥပဒေ အပိုဒ်(၁၁)တွင် ပါရှိသော အဓိက အချက် ရှစ်ချက်မှာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ၊ ထုပ်ပိုး ပစ္စည်းများတွင် ကျန်းမာရေး သတိပေး စာတန်း ပါရှိရမည်။ ကျန်းမာရေး သတိပေး စာတန်းများကို အလှည့်ကျ ဖော်ပြပေးရမည်။ ကျန်းမာရေး သတိပေး စာတန်းများကို ရှင်းလင်း ပေါ်လွင်မြင်သာ စေရမည်။ ကျန်းမာရေး သတိပေး စာတန်းများကို ထုပ်ပိုးကုန် ပစ္စည်းများ၏ မြင်သာသော မျက်နှာ နှစ်ဖက်တွင် ၅ဝ ရာခိုင်နှုန်း သို့မဟုတ် ထို့ထက် မနည်းသော ဧရိယာပေါ် တွင် ဖော်ပြ ထားရမည့် အပြင် ၃ဝ ရာခိုင်နှုန်းထက် မနည်း ရှိရမည် စသော အခြားအချက် လေးချက်လည်း ပါရှိကြောင်း သိရသည်။

ယင်းအချက်အလက် များကို အရှေ့တောင် အာရှ နိုင်ငံများ အားလုံးက လိုက်နာ ဆောင်ရွက်မှု အားကောင်းပြီး မြန်မာနိုင်ငံ အနေဖြင့် သတိပေး စာတန်း တစ်ခုတည်းသာ ရှိသောကြောင့် အဆင့် ၁ဝ ဖြင့် အောက်ဆုံးသို့ ရောက်ရှိ နေကြောင်း သိရသည်။

ကွန်ဗင်းရှင်း အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ဥပဒေပါ အချက်များကို သဘောတူပြီး ငါးနှစ်အတွင်း မိမိတို့ နိုင်ငံများ၌ ဥပဒေများ၊ အမိန့် ကြော်ငြာစာများ ထုတ်ပြန် ထားရမည် ဖြစ်သည်။

ဥပဒေအရ ကြော်ငြာမျိုးစုံ ပြုလုပ်ခြင်း၊အရောင်း မြှင့်တင်ရန် စည်းရုံးမှုနှင့် လူမှုရေး၊ ပညာရေး၊ အားကစား၊ ကျန်းမာရေး ကဏ္ဍများ အားလုံးကို ပံ့ပိုးမှု ပေးခြင်းများကို အလုံးစုံ ပိတ်ပင် တားမြစ်ရန် ဆောင်ရွက်ခြင်း ပြုမည် ဆိုပါက ဆေးလိပ်နှင့် ဆေးရွက်ကြီး ပစ္စည်းများ သုံးစွဲမှုသည် ၇ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်း အထိ ကျဆင်း နိုင်ကြောင်း သိရသည်။

မြ၀တီ


Saturday, June 29, 2013

ဆေးရွက်ကြီး ထိန်းချုပ်သော အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း (WHO FCTC) ၏ ဥပဒေ အပိုဒ် (၁၁)တွင် ပါသော အဓိက အချက် ရှစ်ချက်ကို လိုက်နာ အကောင်အထည် ဖော်ရာတွင်အရှေ့တောင် အာရှ အာဆီယံ ၁ဝ နိုင်ငံ၌ မြန်မာနိုင်ငံသည် လိုက်နာ ဆောင်ရွက်မှု အားနည်းချက် များစွာကြောင့် နံပါတ် ၁ဝ ဖြင့် အောက်
ဆုံး အဆင့် ရောက်ရှိနေကြောင်း နောက်ဆုံး ပြုလုပ်ပြီးသော သုတေသန အရ သိရသည်။

အလိုအလျောက် ကားပါကင်ထိုးနိုင်မည့် Volvo နည်းပညာသစ်

Photo

Volvo မော်တော်ကား ကုမ္ပဏီသည် အလိုအလျောက် ကားပါကင် ထိုးနိုင်မည့် နည်းပညာတစ်ရပ်ကိုစမ်းသပ်
တီထွင်လျှက် ရှိပြီး အထိုက်အလျောက် အောင်မြင်မှု ရရှိနေကြောင်း သိရှိရသည်။

လားရှိုးမြို့တွင် ရပ်ကွက်(၇)တွင် နေအိမ်အတွင်းမှ မူယစ်ဆေးဝါးနှင့်အတူ လက်နက်များဖမ်းဆီးရမိ

Photo: လားရှိုးမြို့တွင် ရပ်ကွက်(၇)တွင် နေအိမ်အတွင်းမှ မူယစ်ဆေးဝါးနှင့်အတူ လက်နက်များဖမ်းဆီးရမိ
Saturday, June 29, 2013

ဇွန်လ၂၈ရက်နေ့ကလားရှိုးမြို့၊ရပ်ကွက်(၇)၊နယ်မြေ(၆၀)၊ ရန်ကင်းလမ်းရှိ စိုင်းလှထွန်း(ခ)အိုက်ကျိုင်းနေအိမ် အားသတင်းအရ ၀င်ရောက်ရှာဖွေရာ နေအိမ်တွင် စိုင်းလှထွန်းအားမတွေ့ဘဲ ၄င်း၏ဇနီးဖြစ်သူမနန်းမလေးအား
မိသားစုနှင့်အတူတွေ့ရပြီးစိုင်းလှထွန်းမှာနေအိမ်မှထွက်ခွာသွားကြောင်း သိရပြီးနေအိမ်အားရှာဖွေရာ၎င်းအိမ် အိပ်ခန်းအတွင်းမှ ကုတင်ခေါင်းရင်းအံဆွဲအတွင်းမှအမေရိကန်နိုင်ငံလုပ်Berettaအမျိုးအစား အနက်ရောင် ပစ္စတို(၁)လက်နှင့်ကျည်(၁၂)တောင့်၊ထိုင်းနိုင်ငံလုပ်မိန်းမကိုင်
(၅)လုံးပြုးသေနတ်(၁)လက်ကျည်(၁၇)တောင့်၊ WYစိတ်ကြွဆေးပြား(၁၀၀)ပြား၊ဆူဒိုအက်ဖီဒရင်းအဖြူရောင်ဆေးပြား(၆၀၀)ပြား၊ မက်သာအက် ဖက်တမင်း (ICE)၂ဂရမ်၊နှင့်နေအိမ်အိပ်ခန်းမီးခံသေတ္တာအတွင်းမှ အမေရိကန်ဒေါ်လာ(၄)ဒေါ်လာ၊အိန္ဒိယရှုပီး(၁၆၃၅)ရှုပီး၊ တရုတ်ယွမ်ငွေ
(၁၃၆၀၁၄)ယွမ်၊ထိုင်းဘတ်ငွေ(၁၄၃၂၀)ဘတ်၊မြန်မာကျပ်ငွေ(၄၀)သိန်းအားသိမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ တရားမ၀င် သိုဝှက်သယ်ဆောင် ရောင်းဝယ်သူ စိုင်းလှထွန်းနှင့် မနန်းမလေးအားလားရှိုး ရဲစခန်းမှ အမှုဖွင့်အရေးယူထားပြီး စိုင်းလှထွန်းအားဖမ်းဆီးရမိရေး ဆောင်ရွက် နေကြောင်း တာဝန်ရှိသူ တစ်ဦးမှ ပြောပါသည်။


from ရွှေလားရှိုး

Saturday, June 29, 2013

ဇွန်လ၂၈ရက်နေ့ကလားရှိုးမြို့၊ရပ်ကွက်(၇)၊နယ်မြေ(၆၀)၊ ရန်ကင်းလမ်းရှိ စိုင်းလှထွန်း(ခ)အိုက်ကျိုင်းနေ
အိမ် အားသတင်းအရ ၀င်ရောက်ရှာဖွေရာ နေအိမ်တွင် စိုင်းလှထွန်းအားမတွေ့ဘဲ ၄င်း၏ဇနီးဖြစ်သူမနန်း
မလေးအားမိသားစုနှင့်အတူတွေ့ရပြီးစိုင်းလှထွန်းမှာနေအိမ်မှထွက်ခွာသွားကြောင်း သိရပြီးနေအိမ်အား
ရှာဖွေရာ

စာရေးဆရာမ စုသဲမွန် ၏ ထွေးပိုက်အိမ်မက်နှင်းဆီ ၀တ္ထုတို စုစည်းမှု စာအုပ် ရေးသူဖတ်သူဆွေးနွေးပွဲကျင်းပ

Photo: စာရေးဆရာမ စုသဲမွန် ၏ ထွေးပိုက်အိမ်မက်နှင်းဆီ ၀တ္ထုတို စုစည်းမှု စာအုပ် ရေးသူဖတ်သူဆွေးနွေးပွဲကျင်းပ
Saturday, June 29, 2013

စာရေးဆရာမ စုသဲမွန် ၏ ထွေးပိုက်အိမ်မက်နှင်းဆီ ၀တ္ထုတို စုစည်းမှု
စာအုပ် ရေးသူဖတ်သူဆွေးနွေးပွဲကို ဗိုလ်အောင်ကျော်လမ်းရှိ HOME
( House Of Media Entertainment )တွင် ကျင်းပခဲ့သည်။

အဆိုပါ ၀တ္ထုတိုစာအုပ်၏ စာအုပ်မျက်နှာဖုံးကို ၈၈မျိုးဆက်ကျောင်း
သားခေါင်းဆောင် ကိုမင်းကိုနိုင် က ရေးဆွဲပုံဖော်ထားခြင်းဖြစ်ပြီး စာအုပ် မျက်နှာဖုံးနှင့် စပ်လျဉ်းပြီး “ ဒီစာအုပ်မျက်နှာဖုံးပန်းချီကတော့ ကျွန်တော်ငယ်ငယ်က မေမေရယ်၊ ကျွန်တော်ရယ်၊ ကျွန်တော်ချစ်တဲ့
ကြောင် လေးရယ် ထွေးပိုက်ပြီးအိပ်နေတဲ့ ပုံလေးကို ရေးဆွဲထားတာဖြစ်
ပါတယ်။” ဟု ကိုမင်းကိုနိုင်က ပြောကြားသည်။

စာဖတ်ပရိတ်သတ် အခိုင်အမာရရှိထားသော စာရေးဆရာမ စုသဲမွန်ကို လုံးချင်းဝတ္ထုရေးရန် အစီအစဉ်ရှိမရှိကို မေးမြန်းရာတွင် “ကျွန်မ ၀တ္ထု တိုတွေကိုတောင် တော်တော် အချိန်ပေးပြီးရေးရပါတယတ်။ ၀တ္ထုဆိုရင် အချိန် တစ်နှစ်၊ နှစ်နှစ်လောက် ကြာသွားနိုင်ပါတယ်။ လောလော ဆယ်တော့ လုံးချင်းဝတ္တုရေးဖို့ အစီအစဉ်မရှိသေးပါဘူး။” ဟု ပြောကြားသည်။

၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်ကလည်း စာရေးဆရာမစုသဲမွန်၏ စာအရေးအသားနှင့်ပတ်သတ်ပြီး “ ကျွန်တော် ထောင်ထဲမှာတုန်း က သူ့ဝတ္ထုတိုတွေဖတ်ဖူးပါတယ်။ အဲ့ဒီတုန်းက အစောင့်တွေယူလာတဲ့ စာအုပ်ကို ကျွန်တော် ဖတ်ပြီးတဲ့ အချိန်မှာ မြန်မာ စာပေလောကကို တော့ စိန်ခေါ်မယ့် လူတစ်ယောက်တော့ လာပြီဆိုပြီးခံစားရပါတယ်။ သူဘယ်သူလည်း ဆိုတာလည်း ကျွန်တော်မသိပါဘူး။ စုသဲမွန်ဆိုတာ အထီးလား၊ အမလားလဲကျွန်တော်မသိပါဘူး။ ဘာလို့လဲဆိုတော့ မိန်းမကလောင်နဲ့ ယောကျာ်းကြီးတွေဖြစ်နေတာလဲ ရှိတယ်လေ” ဟု မှတ်ချက်ပေးပြောကြားသည်။

စာရေးဆရာမစုသဲမွန် မှာ စာရေးဆရာမကြီး ရွှေကူမေနှင်း၏ မြေး၊ နိုင်ငံရေး အကျဉ်းသားအဖြစ် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသော စာရေး ဆရာ မောင်လွင်မွန် (ကသာ)၏ သမီးဖြစ်ကြောင်း သိရသည်။

ဆုဝေ
The Myanma Age

Saturday, June 29, 2013

စာရေးဆရာမ စုသဲမွန် ၏ ထွေးပိုက်အိမ်မက်နှင်းဆီ ၀တ္ထုတို စုစည်းမှု စာအုပ် ရေးသူဖတ်သူဆွေးနွေးပွဲကို
ဗိုလ်အောင်ကျော်လမ်းရှိ HOME( House Of Media Entertainment )တွင် ကျင်းပခဲ့သည်။

အိုဘားမား တောင်အာဖရိကနိုင်ငံ ဆိုက်ရောက်

Photo: အိုဘားမား တောင်အာဖရိကနိုင်ငံ ဆိုက်ရောက်
Friday, June 28, 2013

အမေရိကန်ကုန်သွယ်ရေး တိုးမြှင့်နိုင်ဖို့အတွက် အာဖရိက သုံးနိုင်ငံခရီး
ထွက်နေတဲ့ အမေရိကန်သမ္မတ ဘာရက်အိုဘားမားဟာ အခု တောင်အာ
ဖရိကနိုင်ငံကို ရောက်ရှိနေပါတယ်။ သမ္မတ အိုဘားမားနဲ့ သမ္မတကတော် မစ်ရှဲလ်တို့ကို တောင်အာဖရိကသမ္မတ Jacob Zuma က ဒီကနေ့ ပရီတိုး
ရီးယားမြို့မှာ တရားဝင် ကြိုဆိုပွဲအခမ်းအနား ပြုလုပ်မှာဖြစ်ပါတယ်။

အဲဒီနောက် သမ္မတနှစ်ဦးအကြား နှစ်နိုင်ငံ ဆွေးနွေးမှုတွေ လုပ်သွားမှာဖြစ်ပြီး ညနေပိုင်းမှာတော့ သမ္မတဇူးမားက နိုင်ငံတော်ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံ
မှာဖြစ်ပါတယ်။ ဒီနေ့မှာပဲ မစ္စတာ အိုဘားမားဟာ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး ဆန္ဒပြမှုတွေအတွင်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တဲ့ Johannesburg မြို့က Soweto အရပ်မှာလည်း လူထုနဲ့ တွေ့ဆုံပွဲတရပ် လုပ်သွားဖို့လည်း ရှိပါတယ်။

သောကြာနေ့ညနေပိုင်း တောင်အာဖရိကနိုင်ငံကို ရောက်မလာခင်မှာတော့
ဆေးရုံမှာ စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆက်ရှိနေတဲ့ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး ခေါင်းဆောင် Nelson Mandela ကို မစ္စတာ အိုဘားမား သွားရောက်ကြည့်ရှုနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေ နည်းသွားခဲ့ပါတယ်။ မစ္စတာမန်ဒဲလား ကျန်းမာရေးနဲ့ ပတ်သက်လို့ မိသားစုတွေ စိုးရိမ်နေရတဲ့ ခုလိုအချိန်မှာ သူ့ကို အနှောက်အယှက် မပေးချင်ဘူးလို့ ဆိုပြီး ဓာတ်ပုံအရိုက်
ခံဖို့တော့ သူမသွားချင်ဘူးလို့ သမ္မတ အိုဘားမားက ပြောခဲ့တာဖြစ်ပါတယ်။

VOA

Friday, June 28, 2013

အမေရိကန်ကုန်သွယ်ရေးတိုးမြှင့်နိုင်ဖို့အတွက်အာဖရိကသုံးနိုင်ငံခရီးထွက်နေတဲ့အမေရိကန်သမ္မတဘာရက်
အိုဘားမားဟာ အခု တောင်အာ ဖရိကနိုင်ငံကို ရောက်ရှိနေပါတယ်။

အမေရိကန်အထူးကုန်သွယ်ခွင့် ဆိုင်းငံ့မှု ဘင်္ဂလာအံ့အားသင့်

Photo: ကန်အထူးကုန်သွယ်ခွင့် ဆိုင်းငံ့မှု ဘင်္ဂလာအံ့အားသင့်
Friday, June 28, 2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အလုပ်သမားတွေရဲ့အခွင့်အရေးကာကွယ်ဖို့ ပျက်ကွက်တယ်လို့ ဆိုပြီး ဘင်္ဂလားဒေ့ရှ်ကိုပေးထားတဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေး ဆိုင်ရာအကျိုးခံစားခွင့်တွေကို အမေရိကန်သမ္မတ အိုဘားမားက ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ အံ့သြရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ အထည်ချုပ်စက်ရုံ ပြိုကျလို့ လူ ၁၂၀၀ ကျော် သေဆုံးခဲ့ရပြီးတဲ့နောက် ၂ လအကြာ အမေရိကန်ဘက်က တင်းတင်းကျပ်ကျပ် စောင့်ကြည့်မှုတွေနဲ့ ကြုံခဲ့ရပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ စက်ရုံတွေမှာ လုံခြုံစိတ်ချမှု ပိုပြီးရှိလာစေဖို့ ခိုင်မာတဲ့ဆောင်ရွက်ချက်တွေ လုပ်ဆောင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်
နိုင်ငံခြားနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့က ပြောပါတယ်။ သမ္မတအိုဘားမားရဲ့ ကြာသပတေးနေ့က ဆုံးဖြတ်ချက်ကြောင့် ဘင်္ဂလားဒေ့ရှ်က အမေရိကန်နိုင်ငံကိုတင်သွင်းတဲ့ ကုန်ပစ္စည်းတွေ အခွန်ကင်းလွတ်ခွင့်ရနေတဲ့ အခွင့်အရေး ဆုံးရှုံးတော့မှာ ဖြစ်ပါတယ်။

ဒီ အခွန်ကင်းလွတ်ခွင့် အခွင့်အရေးဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေး တိုးတက်ကောင်းမွန်စေဖို့ ရည်ရွယ်ချမှတ်ထားတဲ့ Generalized System of Preference GSP လို့ခေါ်တဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးခံစားခွင့် အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ ဒီအစီအစဉ်ထဲမှာ အထည်ချုပ် စက်ရုံတွေ မပါဝင်ပေမဲ့လို့၊ စက်ရုံတွေ လုံခြုံရေးစိတ်ချမှုရှိရေး အလေးအနက်
ထားတယ်ဆိုတာကို နိုင်ငံခြားကုမ္ပဏီတွေကို အကြီးအကျယ် နားချဖို့ကြိုး
စားနေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအတွက်တော့ အခုဆုံးဖြတ်ချက်က ရှက်စရာ
ကိစ္စတခုပဲ ဖြစ်ပါတယ်။

VOA

Friday, June 28, 2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အလုပ်သမားတွေရဲ့အခွင့်အရေးကာကွယ်ဖို့ ပျက်ကွက်တယ်လို့ ဆိုပြီး ဘင်္ဂလားဒေ့
ရှ်ကိုပေးထားတဲ့အမေရိကန်ရဲ့ကုန်သွယ်ရေး ဆိုင်ရာအကျိုးခံစားခွင့်တွေကို အမေရိကန်သမ္မတ အိုဘားမား
က ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ အံ့သြရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောလိုက်ပါတယ်။

နျူကလီးယား ဆက်စပ်ပစ္စည်းများ ပျောက်ဆုံး နေခြင်းသည် ခြိမ်းခြောက်မှုများ ဖြစ်ပေါ် လာနိုင်ကြောင်း IAEA ပြောကြား

Photo: နျူကလီးယား ဆက်စပ်ပစ္စည်းများ ပျောက်ဆုံး နေခြင်းသည် ခြိမ်းခြောက်မှုများ ဖြစ်ပေါ် လာနိုင်ကြောင်း IAEA ပြောကြား 
Saturday, June 29, 2013

နျူကလီးယားနှင့် ရေဒီယို သတ္တိကြွ ပစ္စည်းများ  ပျောက်ဆုံးနေဆဲ ဖြစ်ပြီး အဆိုပါ ပျောက်ဆုံး နေမှုသည် အကြမ်းဖက်မှုများ အထိ ဖြစ်ပေါ် လာစေနိုင်ကြောင်း နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) ၏ ထိပ်တန်း အရာရှိ တစ်ဦးက ဇွန် ၂၈ ရက်တွင် ပြောကြား ခဲ့သည်။

ပြည့်ဝ ယူရေနီယံ၊ ပလူတိုနီယမ် သို့မဟုတ် အခြားသော ရေဒီယို သတ္တိကြွ ဓာတ်ပစ္စည်းများ  ပျောက်ဆုံးခြင်း သို့မဟုတ် ခိုးယူ ခံနေရခြင်းသည် အယ်လ်ကေဒါ ကဲ့သို့သော  အကြမ်းဖက် သမားများ လက်ဝယ်သို့ ရောက်ရှိသွားပါက  ၄င်းတို့အား အသုံးချ၍ နျူကလီးယား ဗုံးများ ထုတ်လုပ် နိုင်ကြောင်း အဆိုပါ အရာရှိက ပြောကြားခဲ့သည်။

ထိုကဲ့သို့  နျူကလီးယား ဆက်စပ် ပစ္စည်းများ ခိုးယူခံနေရမှုကို ကာကွယ်ရန် အတွက် လွန်ခဲ့သောနှစ် များကပင် လုပ်ဆောင်ခဲ့ရာ အောင်မြင်မှုများ ရှိခဲ့သော်လည်း ယခုထက် ပိုမိုသော လုံခြုံရေး စနစ်များ ချမှတ်သင့်ကြောင်း IAEA ညွှန်ကြားရေးမှူး ခမ်မာမရာဘစ်က ပြောကြားခဲ့သည်။   

 မြ၀တီ

Saturday, June 29, 2013

နျူကလီးယားနှင့် ရေဒီယို သတ္တိကြွ ပစ္စည်းများ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး အဆိုပါ ပျောက်ဆုံး နေမှုသည် အ
ကြမ်းဖက်မှုများ အထိ ဖြစ်ပေါ် လာစေနိုင်ကြောင်း နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) ၏ ထိပ်
တန်း အရာရှိ တစ်ဦးက ဇွန် ၂၈ ရက်တွင် ပြောကြား ခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ JSC Admiralty Shipyards သို့ သွားရောက်လေ့လာ

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ JSC Admiralty Shipyards သို့ သွားရောက်လေ့လာ 
Saturday, June 29, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၂၇ ရက်၊ ညနေပိုင်းတွင် JSC Admiralty Shipyards သို့သွားေ ရာက် လေ့လာရာ Director General Ale-xander  Dudakov နှင့် တာဝန်ရှိသူ များက ကြိုဆို နှုတ်ဆက်ကြသည်။ ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား JSC Admiralty Shipyards ရှိ အစည်းအဝေး ခန်းမတွင် Chief of Regional Department (Sederal Service for Military-Technical Cooperat-ion), igor pletnev မှ စက်ရုံ၏ သမိုင်း၊ သင်္ဘော တည်ဆောက်မှု ဆိုင်ရာများ၊ စက်ရုံ ဖွဲ့စည်းပုံများအား ရှင်းလင်း ပြောကြားရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သိရှိ လိုသည်များ မေးမြန်းမှု အပေါ် Director General မှ ပြန်လည် ရှင်းလင်း တင်ပြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား Director General မှ သင်္ဘော ပုံစံငယ်အား  အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်သည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်္ဘော တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိလာရာ Chief Designer of Rubin Design Bureau, Mr. igor Molchanon မှ ရှင်းလင်း တင်ပြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သိရှိ လိုသည်များ မေးမြန်းရာ Mr. igor Molchanon မှ ပြန်လည်ရှင်းလင်း တင်ပြပြီး သင်္ဘောအတွင်း လှည့်လည် ကြည့်ရှုသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်္ဘောကျင်း အတွင်း  လှည့်လည် လေ့လာကြရာ Chief  Engineer မှ ရှင်းလင်း တင်ပြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ အထိမ်းအမှတ် တံဆိပ်နှင့် အမှတ်တရ လက်ဆောင်အား Director General ထံ ပေးအပ်ပြီး Director General မှ ပေးအပ်သော အမှတ်တရ လက်ဆောင်အား လက်ခံ ရယူသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အဖွဲ့ဝင်များနှင့် အတူ ဇွန် ၂၇ ရက်၊ ညပိုင်းတွင် စိန့်ပီတာစဘတ် မြို့ရှိ ရှေးဟောင်း အမွေအနှစ် issaketskiy Church, Aurora စစ်သင်္ဘောနှင့် Vaselarskie (ostav) ကျွန်းနှင့် အခြား အဆောက်အအုံများအား လှည့်လည် ကြည့်ရှုသည်။ ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသ စံတော်ချိန် ည ၁ဝ နာရီတွင် Riky Fantan အတွင်း galaktia မြစ်တွင်းသွား အပန်းဖြေ သင်္ဘောဖြင့် စိန့်ပီတာစဘတ်မြို့အား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သတင်း ရရှိသည်။

 မြ၀တီ

Saturday, June 29, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၂၇ ရက်၊ ညနေပိုင်းတွင် JSC Admiralty Shipyards သို့သွားေ ရာက် လေ့လာရာ Director General Ale-xander Dudakov နှင့် တာဝန်ရှိသူ များက ကြိုဆို နှုတ်ဆက်ကြသည်။

မျက်စိညောင်း ခြင်းကို ကုသနည်းများ

Photo: မျက်စိညောင်း ခြင်းကို ကုသနည်းများ 
Saturday, June 29, 2013

ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများ တာတွေ ဖြစ်လာ ပါတယ်။

အိပ်ရေး ပျက်တာကြောင့် မျက်လုံး ဖောင်းအစ်တာနဲ့ မျက်စိညောင်းညာ တာတွေ ဖြစ်လာပါတယ်။ ညောင်းညာ ပင်ပန်း နေတဲ့ မျက်စိဟာ ကြည့်ရတာ သက်သောင့် သက်သာ မဖြစ်ရုံမက ဆွဲဆောင်မှုလည်း မရှိတော့ ပါဘူး။ မျက်စိညောင်းညာမှု ဖြစ်ရသော အကြောင်းရင်း အိပ်ရေး ပျက်တာက မျက်စိ ညောင်းညာမှု ဖြစ်စေတဲ့ အဓိက အကြောင်း ရင်းပါ။ တခြား အကြောင်းရင်း တွေက စိတ်ဖိစီးမှု များ တာ၊ မျက်ကပ် မှန်ကြောင့် စပ်ဖျဉ်းဖျဉ်း ဖြစ်တာ၊ ရေဓာတ်ခမ်း ခြောက်တာ၊ ဆေးကု သမှု တချို့၊ ကွန်ပျူတာ အသုံးများတာ၊ နှာခေါင်း ပိတ်တာ၊ စာဖတ်များ တာနဲ့ တောက်ပတဲ့ အလင်းရောင် ကို ကြာကြာ ကြည့်မိတာ တွေကြောင့် ဖြစ်တတ် ပါတယ်။

မျက်စိ ညောင်ညာသော အဓိက လက္ခဏာများ မျက်စိ ညောင်းညာတဲ့ အဓိက အကြောင်းရင်းတွေ ကတော့-

- မျက်စိကို ဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာ ခံစား ရတာ၊

- မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မသက်မသာဖြစ်တာ၊

- မျက်စိခြောက်သွေ့တာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊

- ခေါင်းကိုက်တာနဲ့ အလင်းရောင်နဲ့ ထိတွေ့ရင် ကျိန်းစပ်စပ် ဖြစ်တာတို့ ဖြစ်ကြပါတယ်။

မျက်စိညောင်းညာမှု သက်သာစေရန်

(၁) ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကို ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။ မျက်စိလန်းဆန်းပြီး ညောင်းညာမှု သက်သာသွား ပါလိမ့်မယ်။

(၂) လတ်လတ် ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀ ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင် ပေးပါ။

(၃) နှင်းဆီ ရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့်တင်ပါ။

(၄) အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ် အနည်းငယ်ကြာ တင်ပေးပါ။ မျက်စိ ဖောင်းအစ်မှု လျော့ကျ စေပြီး လန်းဆန်း သွားပါလိမ့်မယ်။

(၅) ရေခဲ သေတတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးရင် မျက်စိညောင်းညာမှု လျော့ပါး သွားပါ လိမ့်မယ်။

(၆) ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိ ညောင်းညာမှု မဖြစ် အောင် တစ်နေ့လုံး ရေများများ သောက်ပေး ရပါမယ်။

(၇) မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြော ပေးတာက မျက်စိ ညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာ စေပါတယ်။

မြ၀တီ

Saturday, June 29, 2013

ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာအင်တာ
နက် အသုံးများ တာတွေ ဖြစ်လာ ပါတယ်။

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ရှေးဟောင်း ငွေဒင်္ဂါးနှင့် ရွှေထည် ငွေထည်များ တွေ့ရှိ

Photo: မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ရှေးဟောင်း ငွေဒင်္ဂါးနှင့် ရွှေထည် ငွေထည်များ တွေ့ရှိ 
Saturday, June 29, 2013

မွန်ပြည်နယ် ပေါင်မြို့နယ် ကဒုံစီး ရပ်ကွက်၊ ကမော့မြောက်ကွင်း အမှတ် (၈၇၉)၊ ဦးပိုင်အမှတ်(၂)၊ ဦးအချိုမှုန့်- ဒေါ်ရေးတို့၏လယ်မြေတွင် အငှား ကောက်စိုက်နေသည့် ပေါင်မြို့နယ် ကဒုံစီးရပ်ကွက်၊

ကမ်းနားပိုင်း၊ အိမ်အမှတ် (၇ဝ)တွင် နေထိုင်သူ မောင်အောင်ဆန်းသည် ဇွန် ၂၅ ရက် ညနေ ၃ နာရီက လယ်မြေတွင် စပါးစိုက်ပျိုးရင်း မြေအိုး တစ်လုံးအား တက်နင်းမိသဖြင့် ဖော်ယူ ကြည့်ရှုခဲ့ရာမှ သင်္ကြန်အတာ အိုးပုံစံ မြေအိုးတစ်လုံး တွေ့ရှိခဲ့သည်။

အဆိုပါ အိုးအတွင်းမှ တစ်ပြားလျှင် ငါးကျပ် သားခန့် ရှိသော အချင်း ၂ လက်မခန့်ရှိ ဘဲဥပုံ ငွေပြား ၃၂ ပြား၊ အလေးချိန် စုစုပေါင်း တစ်ပိဿာ ၂ဝ ကျပ်သား၊ အချင်း ၂ လက်မခန့် ရှိပြီး လုံးပတ် ၁ လက်မခွဲ အလေးချိန် ၁ဝ ကျပ်သား ကျော်ရှိ သော  ရွှေလက်ကောက် တစ်ကွင်း၊ အချင်း ၂ လက်မခန့် ရှိပြီး လုံးပတ် ၁ ဒသမ ၂ လက်မရှိသော အလေးချိန် ၁ဝ ကျပ်သားရှိ ငွေလက် ကောက်တစ်ကွင်း တို့ကို တွေ့ရှိခဲ့သည်။

မောင်အောင်ဆန်းနှင့် မိဘများက ၎င်းတို့ လက်ဝယ်ရရှိထားသော ရှေးဟောင်း ငွေဒင်္ဂါးနှင့် ရွှေလက်ကောက်၊  ငွေလက်ကောက် များအား ယနေ့ နံနက် ၉ နာရီခွဲတွင် ပေါင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့် မွန်ပြည် နယ် ရှေးဟောင်း သုတေသန ဦးစီးဌာနသို့ ဆက်လက် အပ်နှံခဲ့ကြောင်း  သတင်းရရှိသည်။

 မြ၀တီ

Saturday, June 29, 2013

မွန်ပြည်နယ် ပေါင်မြို့နယ် ကဒုံစီး ရပ်ကွက်၊ ကမော့မြောက်ကွင်းအမှတ် (၈၇၉)၊ဦးပိုင်အမှတ်(၂)၊ဦးအချိုမှုန့်
-ဒေါ်ရေးတို့၏လယ်မြေတွင်အငှားကောက်စိုက်နေသည့်ပေါင်မြို့နယ်ကဒုံစီးရပ်ကွက်၊ကမ်းနားပိုင်း၊ အိမ်အ
မှတ်(၇ဝ)တွင်နေထိုင်သူမောင်အောင်ဆန်းသည်ဇွန်၂၅ရက်ညနေ၃နာရီကလယ်မြေတွင် စပါးစိုက်ပျိုးရင်း
မြေအိုးတစ်လုံးအားတက်နင်းမိသဖြင့်ဖော်ယူ ကြည့်ရှုခဲ့ရာမှသင်္ကြန်အတာအိုးပုံစံ မြေအိုးတစ်လုံး တွေ့ရှိခဲ့
သည်။

ပြူတင်းပေါက်မှာ ချစ်တင်းနှောနေစဉ် ပြုတ်ကျသေဆုံးသော စုံတွဲ

ပြူတင်းပေါက်မှာ ချစ်တင်းနှောနေစဉ် ပြုတ်ကျသေဆုံးသော စုံတွဲ
Saturday, June 29, 2013

လူသေစေနိုင်လောက်အောင် ပူသော ရာသီဥတုဖြစ်ပါတယ်။ အကြောင်းမှာ ဝူဟန်က စုံတွဲတစ်တွဲ ပြူတင်းပေါက်မှာ ချစ်တင်းနှောရင်း ပြုတ်ကျသေဆုံး ရသောကြောင့် ဖြစ်သည်။

မကြာသေးခင်က စုံတွဲတစ်တွဲက လေရအောင် ပြူတင်းပေါက်မှာ ချစ်တင်းနှောရလောက်တဲ့အထိ ပူအိုက်ကြောင်းကို netizen က ဖော်ပြသွားခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ အဲဒီစုံတွဲက ပျော်ရွှင်ရန်အတွက်သာ စိတ်အားပြင်းပြနေခဲ့ပြီး၊ သူတို့ရဲ့ ပျော်စရာအချိန်လေးကို ၎င်းပြူတင်းပေါက်က ဖျက်ဆီးသွားလိမ့်မယ်ဆိုတာကို သတိမပြုမိခဲ့ပါဘူး။ သူတို့ ပျော်ပါးနေစဉ်မှာပဲ ရုတ်တရက် ပြူတင်းပေါက်ကျိုးပျက်သွားပြီး သူတို့နှစ်ဦးလည်း အဆောက်အအုံထက်မှ ပြုတ်ကျသေဆုံးခဲ့ရပါတယ်။

netizen ရဲ့ ပြောပြချက်အရ ထိုစုံတွဲက သူတို့ရဲ့ ပျော်စရာအချိန်လေးမှာ ဒီပြူတင်းပေါက်ရဲ့ အားနည်းမှုကို သတိမပြုမိခဲ့ကြပါဘူး။ အဲဒီလိုနဲ့ အမျိုးသမီးက အထွတ်အထိပ်ရောက်လာတာနဲ့ တပြိုင်နဲ့ သူမခါးကိုလည်း ခုံးလိုက်တာကြောင့် ပြူတင်းပေါက်က တွန်းအားကို မခံနိုင်ပဲ ကျိုးပျက်သွားပြီး သူမ ဟန်ချက်ပျက်သွားပါတယ်။ စုံတွဲနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဖက်ထားတာကြောင့် သူတို့နှစ်ဦးစလုံး အဆောက်အဦးပြင်ပကို ပြုတ်ကျသေဆုံးခဲ့ပါတယ်။

Myanmar Daily Star Group

Saturday, June 29, 2013

လူသေစေနိုင်လောက်အောင် ပူသော ရာသီဥတုဖြစ်ပါတယ်။ အကြောင်းမှာ ဝူဟန်က စုံတွဲတစ်တွဲ ပြူတင်း
ပေါက်မှာ ချစ်တင်းနှောရင်း ပြုတ်ကျသေဆုံး ရသောကြောင့် ဖြစ်သည်။

မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနှင့် အရေးယူခံရသည့် သရုပ်ဆောင်ဘုန်းလျှံ