Pages

Tuesday, March 5, 2013

နေပြည်တော်-ပုဗ္ဗသီရိမြို့ နယ်မဲဆန္ဒနယ်ကို ဒေါ်အောင်ဆန်းစုကြည် ၃ လ တာဝန်ယူမည်

ပုဗ္ဗသီရိမဲဆန္ဒနယ်ကို ဒေါ်အောင်ဆန်းစုကြည် ၃ လ တာဝန်ယူမည်
Tuesday, 05 March 2013

နေပြည်တော်-ပုဗ္ဗသီရိမြို့ နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့်  တည်ငြိမ်အေးချမ်းရေးကော်မတီ  ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးဖြိုးဇေယျာသော်၊
ဦးမင်းသူ၊ဦးနိုင်ငံလင်းတို့နှင့် အတူ ဒေါက်တာမြတ်ဥာဏစိုး တို့ ဦးဆောင်အဖွဲ့သည် ပုဗ္ဗသီရိ  မြို့နယ်၊ညောင်လူးကျေးရွာအုပ်စု၊ 
ကျောင်းစုပရိယတ်္တိစာသင်တိုက် ကျောင်းသို့ မတ်လ(၂)ရက်နေ့ နံနက်ကရောက်ရှိခဲ့ရာ ဒေသခံ ပြည်သူများမှလှိုက်လှဲစွာကြိုဆိုခဲ့  ကြကြောင်းသတင်းရရှိသည်။

ရှေးဦးစွာ NLD ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည်
ကျောင်းစုပရိယတ်္တိစာသင်တိုက် ကျောင်း ထိုင်ဆရာတော် ဥူးသုနမောဒိ အားဖူးမျှော်ကြည်ညိုပြီး ဒေသခံ ပြည်သူများအား တွေ့ဆုံနှုတ်ခွန်း ဆက်အမှာစကားပြောကြားခဲ့သည်။ 

ထို့နောက် မြို့နယ်ကော်မတီဝင်များမှတင်ပြခဲ့သော အလုပ်လက်မဲ့ပြဿနာ
အကြောင်းနှင့် အတူ ကျေးရွာ လျှပ်စစ် မီးလင်းရေး၊  သောက်သုံးရေ
ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးကဏ္ဍများကိုလည်း အကျယ်တ၀င့်ဆွေးနွေး  မှာကြားပြောကြားသွားသည်။  

၎င်းနောက် ပုဗ္ဗသီရိမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်မှကျန်းမာရေးအခြေအနေအရ ခွင့်(၃)လယူထားစဉ်
ကာလ ၎င်း၏နယ်မြေအား ဒေါ် အောင်ဆန်းစုကြည်မှ ခွင့်ကာလ  အတွင်းကိုယ်စားတာဝန်ယူဆောင်  ရွက်သွားမည်ဖြစ်ကြောင်း
ဒေသခံ ပြည်သူများအား ပြောကြားလျက် ဒေသခံပြည်သူများအား
နှုတ်ဆက်ကာ ပြန်လည်ထွက်ခွာခဲ့သည်။  

ထို့နောက် ပုဗ္ဗသီရိမြို့နယ်ရှိ ကုတင်(၅၀)ပြည်သူ့ဆေးရုံသို့သွားရောက် ခဲ့ပြီး ဆေးရုံတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိ သည်။

မြင့်အောင်(နေပြည်တော်)
The Hot News

Tuesday, 05 March 2013

နေပြည်တော်-ပုဗ္ဗသီရိမြို့ နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌဒေါ်
အာင်ဆန်းစုကြည်နှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးဖြိုးဇေယျာသော်၊ဦးမင်းသူ
၊ဦးနိုင်ငံလင်းတို့နှင့် အတူ ဒေါက်တာမြတ်ဥာဏစိုး တို့ ဦးဆောင်အဖွဲ့သည် ပုဗ္ဗသီရိ မြို့နယ်၊ညောင်လူးကျေး
ရွာအုပ်စုကျောင်းစုပရိယတ်္တိစာသင်တိုက် ကျောင်းသို့ မတ်လ(၂)ရက်နေ့ နံနက်ကရောက်ရှိခဲ့ရာ ဒေသခံ
 ပြည်သူများမှလှိုက်လှဲစွာကြိုဆိုခဲ့ ကြကြောင်းသတင်းရရှိသည်။

တောင်ဥက္ကလာ ၄ ရပ်ကွက်တွင် ပုတ်ပ္ပွနေသည့် အမျိုးသမီး ရုပ်အလောင်းတွေ့ရှိ

တောင်ဥက္ကလာ ၄ ရပ်ကွက်တွင် ပုတ်ပ္ပွနေသည့် အမျိုးသမီး ရုပ်အလောင်းတွေ့ရှိ
Tuesday, 05 March 2013

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊(၄)ရပ်ကွက်၊
ကေတုမာလာ (၄) လမ်းထိပ်ရှိ ငမိုးရိပ်ချောင်းလက်တက်
ရေပေါက်ကြည့် ချောင်းအတွင်း ပုတ်ပ္ပွနေသည့် အမျိုးသမီးရုပ်အလောင်း တစ်ခုကို မတ်လ ၃ ရက်နေ့ ညနေ ၅ နာရီခွဲ ခန့်က တွေ့ရှိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှုးရုံးထံမှ စုံးစမ်းသိရှိရသည်။

အဆိုပါရုပ်အလောင်းကိုပက်လက်အနေအထားဖြင့် ချောင်းအစပ်ရှိ လမုပင်၊ ခရာပင်များကြား နှုံးများပေါ်တွင် တွေ့ရှိခဲ့ပြီး ဆံပင်များကျွတ်၍ ဦးခေါင်းမှ ဦးရေပြားများမရှိတော့ဘဲ၊ မျက်နှာမှာပုတ်ပွကာရုပ်ပျက်နေပြီး၊ အတွင်းခံအင်္ကျီအဖြူရောင်နှင့် အနီရောင်ဘောင်း ဘီတိုတို့ဖြင်တွေ့ရှိကာ အရပ်မှာ ၄ ပေ ၃ လက်မ ခန့် ရှိပြီး အသက်အရွယ်ကိုခန့်မှန်း၍ မရကြောင်း တောင်ဥက္ကလာပရဲစခန်းထံမှ စုံးစမ်းသိရှိရသည်။

အသက်အရွယ်မှာ အလောင်း၏ အရွယ်နှင့် ရင်သားများကိုခန့်မှန်း၍ အပျိုပေါက် ၁၄ နှစ်အရွယ်ခန့် ဟုခန့်မှန်းကြောင်း အလာင်းကို မျက်မြင်တွေ့ရှိသည့်အဆိုပါလမ်းအတွင်းနေထိုင်သူများ၏
ပြောကြားချက်အရသိရသည်၊

The Voice Weekly

Tuesday, 05 March 2013

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊(၄)ရပ်ကွက် ကေတုမာလာ (၄) လမ်းထိပ်ရှိ ငမိုးရိပ်ချောင်းလက်တက် ရေပေါက်ကြည့် ချောင်းအတွင်း ပုတ်ပ္ပွနေသည့် အမျိုးသမီးရုပ်အလောင်း တစ်ခုကို မတ်လ ၃ ရက်နေ့ ညနေ ၅ နာရီခွဲ ခန့်က တွေ့ရှိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှုးရုံးထံမှ စုံးစမ်းသိရှိရသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း အမျိုးသားတစ်ဦး လက်ကိုက်ခဲ၍ ဆေးခန်းပြရာမှ ဆေးထိုးပြီး ၁၀ မိနစ်ခန့် အကြာတွင် သေဆုံးခဲ့မှုအပေါ် သက်ဆိုင်ရာမှ စစ်ဆေးနေဆဲဖြစ်

Tuesday, March 5, 2013
သင်္ဃန်းကျွန်း မြို့နယ်အတွင်း ပုဂ္ဂလိက ဆေးခန်းတစ်ခုတွင် အမျိုးသား တစ်ဦး လက်မောင်းကိုက်ခဲ၍ ဆေး
ခန်းပြရာမှ ဆေးထိုးပြီး ၁၀ မိနစ်ခန့် အကြာတွင် သေဆုံးခဲ့မှုအပေါ် စစ်ဆေးနေဆဲဖြစ်ကြောင်း သင်္ဃန်း
ကျွန်း စံပြဆေးရုံကြီးမှ မှုခင်းဆရာဝန်က ပြောသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀ ရက်က သင်္ဃန်းကျွန်းမြို့
နယ်၊ အမှတ် ၄၊ ရန်အေးလမ်း၊ ရန်အောင် ရပ်ကွက်နေ ကိုဝင်းနိုင် (၄၁ နှစ်) သည် အလုပ်မှအပြန် နံနက် ၁၀ နာရီခွဲခန့်က လက်မောင်းကိုက်ခဲ သောကြောင့် ဇနီးဖြစ်သူနှင့်အတူ ဆိုက်ကားငှားပြီး ဆယ်သိန်း ရပ်ကွက်၊ ရတနာပုံ လမ်းတွင် ဆေးခန်း ဖွင့်လှစ်ထားသည့် ဦးနှောက်နှင့် အာရုံကြော၊စိတ်ကျန်းမာရေးဆရာဝန် ဒေါက်
တာဝင်းနိုင်၏ ဆေးခန်းသို့ သွားရောက် ပြသခဲ့ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုနှင့် တွေ့ဆုံခြင်း

Tuesday, March 5, 2013
ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကို ယူ ၂၃ ပဏာမ လက်ရွေးစင်အသင်းမှ ပြန်လွှတ်ခံရခြင်းနှင့် ပတ်သက်၍ ၄င်းနေထိုင်ရာ သာကေတတွင် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကို စုစည်း ဖော်ပြပေး
လိုက် ပါသည်။

Voice : အဲဒီနေ့က ဘယ်လိုဖြစ် တာလဲ၊ ဘာဖြစ်တာလဲ ဆိုတာကို အကျဉ်းချုပ်လောက် ပြောပြပါလား။

ပြင်ဦးလွင် ဟိုင်းလတ်ခရီးသည်တင်ယာဉ်တိမ်းမှောက် ခရီးသည် ၁ ဦးသေဆုံး ၁၂ ဦးဒဏ်ရာရ

Tuesday, 05 March 2013
်မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးကျေးရွာ၊ လမ်းလယ်ဘုရားအနီး မန္တလေး-ပြင်ဦးလွင်ကားလမ်း မိုင်တိုင်အမှတ် (၉/၄)တွင်မတ်၎ရက်နေ့လယ်ကမန္တလေးမှ ပြင်ဦးလွင်သို့
ကို---- မောင်းနှင် လာသည့် ““စုပေါင်းလုပ်သား”” ယာဉ်အသင်းမှ ဗ/xxxx ဟိုင်းလတ်ခရီးသည်တင်ယာဉ်သည် ရှေ့ဘီးပေါက်ပြီး လမ်းယာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့သည်။

KIA တပ်ဖွဲ့ဝင် (၄၂) ဦးအား သေဒဏ်ပေးသည့်ကိစ္စနှင့် ပတ်သက်၍ ဗဟိုတွင် သဘောထားကွဲလွဲနေ

KIA တပ်ဖွဲ့ဝင် (၄၂) ဦးအား သေဒဏ်ပေးသည့်ကိစ္စနှင့် ပတ်သက်၍ ဗဟိုတွင် သဘောထားကွဲလွဲနေ

မတ် ၅ ရက်၊ ၂၀၁၃
 
အစိုးရတပ်သို့ အလင်းဝင်ရန်ကြိုးပမ်းမှုဖြင့် KIA တပ်ဖွဲ့ဝင် (၄၂) ဦးတို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က လိုင်ဇာဟိုတယ်၌ အစည်းအဝေးပြုလုပ်ပြီး သေဒဏ်ပေးခဲ့သည့် ကိစ္စအပေါ် ဗဟိုမှ ခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ 

သေဒဏ်ချမှတ်ခဲ့မှုမှာ KIA စစ်ဦးစီးချုပ် ဂမ်ရှောင်၏ တစ်ဖက်သတ်ချမှတ်ခဲ့သည့် အမိန့် ဖြစ်ပြီး သဘောထားကွဲလွဲမှုကြောင့် ၎င်းအမိန့်အား ဆိုင်းငံ့ထားောကာင်း ဗဟိုမှ အရာရှိတစ်ဦးမှ ပြောကြားခဲ့ပါသည်။

ဂမ်ရှောင်မှာ ဇန်န၀ါရီလဆန်းပိုင်းက အစိုးရတပ်၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်း အထန်ရခဲ့ပြီး တရုတ်နိုင်ငံတွင် ဆေ၀ါးကုသမှုများ ခံယူခဲ့သော်လည်း ပျောက်ကင်းမှုမရှိဘဲ ကျန်မားရေးဆိုးဝါး နေကြောင်း ဂမ်ရှောင်၏ စစ်ဦးစီးချုပ်ရာထူးကို လက်ရှိဒုစစ်ဦးစီးချုပ် ဂွမ်မော်အား ခေတ္တပေးထားကြောင်း သိရှိရပါသည်။ 

လက်အောက်တပ်မှူး များနှင့် KIO ဗဟိုကော်မတီဝင်များက ဂမ်ရှောင်အား စစ်ဦးစီးချုပ်ရာထူးမှ နှုတ်ထွက်ရန် တောင်းဆိုနေကြကြောင်း၊ တောင်းဆိုမှုကြောင့် KIA/KIO ခေါင်းဆောင်များအချင်ချင်း သဘောထားကွဲလွဲကာ လုပ်ကြံသတ်ဖြတ်မှုများအထိ ဖြစ်နိုင်ကြောင်း ဗဟိုဌာနချုပ်ရှိ အရာရှိတစ်ဦးမှ ပြောကြား ခဲ့ပါသည်။

မတ် ၅ ရက်၊ ၂၀၁၃

အစိုးရတပ်သို့ အလင်းဝင်ရန်ကြိုးပမ်းမှုဖြင့် KIA တပ်ဖွဲ့ဝင် (၄၂) ဦးတို့ ဖေဖော်ဝါရီလ၂၃ ရက်နေ့က လိုင်ဇာ
ဟိုတယ်၌ အစည်းအဝေးပြုလုပ်ပြီး သေဒဏ်ပေးခဲ့သည့် ကိစ္စအပေါ် ဗဟိုမှ ခေါင်းဆောင်များအကြား သ
ဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

ဝန်ထမ်းများကို မြန်မာမီနီဆလွန်း အရစ်ကျရောင်းမည်

ဝန်ထမ်းများကို မြန်မာမီနီဆလွန်း အရစ်ကျရောင်းမည်
Tuesday, March 5, 2013

မြန်မာမီနီဆလွန်းကားများကို နိုင်ငံဝန်ထမ်းများအား ငါးနှစ်အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန်အတွက် စက်မှုဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ်ကာ ခွင့်ပြုချက်ရရှိပါက တစ်ပြိုင်နက်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။ ကနဦးအနေဖြင့် ကျပ်ခုနှစ်သိန်းခွဲ ပေးသွင်းရမည်ဖြစ်ပြီး ကျန်ရှိသည့် ကားတန်ဖိုးကို တစ်လလျှင် ကျပ်တစ်သိန်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “လက်ကျန်ရှိနေသေးတဲ့ မီနီဆလွန်းတွေကို ပြည်သူတွေ သက်သက်သာသာနဲ့ စီးနိုင်အောင် အရစ်ကျနဲ့ ရောင်းပေးနိုင်ဖို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာမီနီဆလွန်း ကားများအား ပြည်သူတစ်ဦးချင်း အနေဖြင့် ဝယ်ယူလိုပါက ယခင်ကဲ့သို့ လျှောက်ထားချက် စာရွက်စာတမ်းများ မလိုတော့ဘဲ ဘဏ်သို့ ကားတန်ဖိုးငွေ ပေးသွင်းပြီးပါက မိမိကြိုက်နှစ်သက်ရာ အရောင်အား ရွေးချယ် ဝယ်ယူနိုင်ရန် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။ စက်မှုဝန်ကြီးဌာနမှ ဒေါ်လှလှသီက “ဒီလိုအရစ်ကျနဲ့ ရောင်းမယ်ဆိုရင်လဲ တစ်လကို ကျပ်တစ်သိန်း ပေးသွင်းနိုင်တဲ့ လ/ထကြီးကြပ်ရေးမှူးနဲ့ လစာတူတဲ့ ဝန်ထမ်းတွေကို ရောင်းချပေးမှာပါ။ တစ်လကို ကျပ်တစ်သိန်း လစာဝင်ငွေ မရှိတဲ့သူတွေကို ရောင်းချပေးဖို့ ဆိုတာကတော့ မဖြစ်နိုင်သေးဘူးပေါ့” ဟု ပြောသည်။ ယင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး ဦးစီးအရာရှိက “အခုလို အရစ်ကျစနစ်နဲ့ ရောင်းရင်တော့ ဝန်ထမ်းအတော်များများ ဝယ်နိုင်သွားမှာပါ။ ဘာပဲပြောပြော ပိုက်ဆံနည်းနည်းနဲ့ ကားပိုင်ဆိုင်နိုင်တော့ ဝမ်းသာပါတယ်။ ဒီလိုမှ မဟုတ်ရင် ဝန်ထမ်းတွေအနေနဲ့ ကားဝယ်စီးနိုင်ဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါပေမယ့် ဂျပန်ကားတွေကိုလဲ ဒီလိုရောင်းပေးရင် ပိုကောင်းတာပေါ့” ဟု ပြောသည်။ လက်ရှိ ကားဈေးကွက်တွင် မြန်မာမီနီဆလွန်းများမှာ ကျပ်သိန်း ၆၀ နှင့် ၆၅ သိန်းသာ ရှိသော်လည်း စက်မှုဝန်ကြီးဌာနမှ ကျပ် ၇၅ သိန်း သတ်မှတ်ကာ ရောင်းချပေးလျက် ရှိသည်။ ယခင်က မြန်မာမီနီဆလွန်းကား ဝယ်ယူရာတွင် အရောင်မှာ အဝါ၊ အစိမ်း၊ အနီ၊ အပြာ၊ အဖြူ၊ ရွှေအိုရောင်၊ ငွေအိုရောင်တို့သာ ရရှိနိုင်သော်လည်း လက်ရှိအချိန်တွင် အနက်ရောင်တစ်မျိုး ထပ်တိုးလာပြီး ဝယ်ယူသူများ အနေဖြင့် အရောင်စိတ်ကြိုက် ရွေးချယ်နိုင်ပြီဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

Tuesday, March 5, 2013

မြန်မာမီနီဆလွန်းကားများကို နိုင်ငံဝန်ထမ်းများအား ငါးနှစ်အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်
ဆကြာင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ယင်းသို့အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန်အတွက်စက်မှုဝန်ကြီး
ဌာနသို့ တင်ပြထားပြီးဖြစ်ကာ ခွင့်ပြုချက်ရရှိပါက တစ်ပြိုင်နက်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။

ဆက်သွယ်ရေး အရာရှိတချို့ကို ပြန်လွတ်ပေးသော်လည်း အမှုရုပ်သိမ်းခြင်း မရှိသေး

ဆက်သွယ်ရေး အရာရှိတချို့ကို ပြန်လွတ်ပေးသော်လည်း အမှုမရုပ်သေး...

ဆက်သွယ်ရေး ဝန်ကြီးဌာနတွင်း ချစားမှုများနှင့် ပတ်သက်၍ စစ်ဆေးခံခဲ့ ရသည့် ဆက်သွယ်ရေး အရာရှိ ၇ ဦးကို တရားသေ ပြန်လွှတ်ပေး ထားပြီ ဖြစ်သော်လည်း ၎င်းတို့ကို စွဲဆိုထားသည့် အမှုကို ရုပ်သိမ်းခြင်း မရှိသေးကြောင်း နေပြည်တော် ဘုရားကုန်း ရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၇ ရက်က ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးက္ကိဒ္ဓိလှ၊ အထွေထွေမန်နေဂျာ ဦးသိန်းဦးနှင့် အရာရှိ များအပါအ၀င် ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီများမှ အကြီးတန်း အရာရှိကြီးများကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခဲ့ပြီး မကြာခင် ရက်ပိုင်းက ၇ ဦးကို တရားသေပြန်လည် လွှတ်ပေးခဲ့သော်လည်း ၎င်းတို့ကို စွဲဆိုထားသည့် ပုဒ်မ ၄၀၉ (နိုင်ငံတော်ပိုင် ပစ္စည်း အလွဲသုံးစားလုပ်မှု) ကို လက်ရှိ အချိန်အထိ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးကြောင်း သိရသည်။

“ဆက်သွယ်ရေး အရာရှိတွေကို စစ်ဆေးတာ နအခ က တိုက်ရိုက်စစ်ဆေးနေတာ၊ သူတို့ကို ပြန်လွှတ်မလွှတ်တော့ မသိဘူး၊ အမှု ဖွင့်ထားဆဲပဲ၊ အမှုပိတ်ဖို့ အထက်က ဘာမှ ညွှန်ကြားလာတာ မရှိသေးဘူး” ဟု ဘုရားကုန်းရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါအမှုကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနနှင့် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်သော လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီက တိုက်ရိုက်ကိုင်တွယ် စစ်ဆေးလျှက် ရှိကြောင်း သိရသည်။

ဌာနတွင်း ခြစားမှုကြောင့် ခေါ်ယူစစ်ဆေးခံရပြီးနောက် လက်ရှိတွင် ပုံမှန် ရုံးပြန်လည် တက်နေကြသည့် ဆက်သွယ်ရေး အရာရှိများနှင့် ဆက်သွယ်ရေး ကုမ္ပဏီတချို့မှ အကြီးတန်းအရာရှိများကို ၎င်းတို့ စစ်ဆေးခံရသည့် ကိစ္စနှင့် တရား သေပြန်လည် လွှတ်ပေးလိုက်သည့်ကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားလိုခြင်း မရှိဟုသာ ဆိုကြသည်။

ခေါ်ယူစစ်ဆေးခံခဲ့ရသည့် ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက်မှ ဦးမြင့်ဦးက “အခု ရုံးပြန်ထိုင်နေပါပြီ၊ အလုပ်တွေ ပုံမှန် ပြန်လုပ်နေပါတယ်၊ စစ်ဆေးခံခဲ့ရတဲ့ ကိစ္စတွေကိုတော့ ပြောလို့ အဆင်မပြေပါဘူး။ ပြောလည်း မပြောချင်သေးပါဘူး” ဟု  ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပုဂ္ဂိုလ်တချို့ကို ပြန်လွှတ်ပေးပြီး ဖြစ်သော်လည်း၊ ဆက် သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်းနှင့် အထွေထွေ မန်နေဂျာ ဦးသိန်းဦးအပါအဝင် အရာရှိတချို့ကို ဆက်လက် စစ်ဆေးနေသည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက ဆိုသည်။

“စစ်ဆေးပြီးတော့ ပြန်လွှတ်ပေးလိုက်တာ ကြီးကျယ်တဲ့ကိစ္စမှ မဟုတ်တာဘဲ၊ အချိန်တန်ရင် ကိစ္စတွေကို သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ပြောပြပေးမယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ဒု အင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောသည်။

အမှုဖွင့်ထားသည့် ပုဂ္ဂိုလ်ကို တရားခွင် မဝင်ရသေးဘဲ ပြန်လည်လွှတ်ပေး၍ ရ၊ မရသည် တရားစွဲဆိုထားသည့် နေရာနှင့်သာ သက်ဆိုင်ကြောင်း၊ ဥပဒေကြောင်းအရ တရားခွင်တွင် စစ်ဆေးရခြင်း မရှိသေးသည့် ပုဂ္ဂိုလ်ကို ပြန်လည်လွှတ်ပေး၍ မရကြောင်း ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံးမှ ဒုညွှန်ချုပ် တဦးက ဆိုသည်။

သတင်းအချက်အလက်နှင့် နည်းပညာဌာန ဒုတိယအင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးက “ဘယ်လိုပုံစံနဲ့ လွှတ်လိုက်တာလည်း ဆိုတာတော့ မသိဘူး၊ ဌာနတွေမှာ ပုံမှန် အလုပ်ပြန်လုပ်နေကြပါပြီ။ ဆက်ပြီး လွှတ်စရာကျန် မကျန်ဆိုတာတော့ အတိအကျ မသိဘူး” ဟု ပြောသည်။

ဆက်သွယ်ရေး အရာရှိများကို ခေါ်ယူစစ်ဆေးမှု၏ အဓိက အကြောင်းရင်းမှာ မိုဘိုင်းလ်ဖုန်းကတ်နှင့် အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများ ချထားပေးရာတွင် အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်မှု ရှိ၊ မရှိ စသည့် ကိစ္စရပ်များကြောင့် ဖြစ်ပြီး ၀န်ကြီးဌာနတွင်း အကျင့်ပျက်ခြစားမှုများနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း၊ သမ္မတဦးသိန်းစိန်က ဆက်သွယ်ရေး ၀န်ကြီးဦးသိန်းထွန်းနှင့် သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်တို့ကို ၀န်ကြီးရာထူး တာဝန်များမှ အနားပေးခဲ့ခြင်းသည် လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု၊ အမိန့်မနာခံမှု များကြောင့်ဖြစ်ကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သိရသည်။

အကျင့်ပျက် ခြစားမှုပြဿနာများကြောင့် ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းထွန်း အပါအဝင် အရာရှိ တချို့ကို ခေါ်ယူ စစ်ဆေးနေဆဲတွင် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တရားဝင်ခန့်အပ်ခဲ့သည်။

ဆက်သွယ်ရေး ဝန်ကြီးဌာနတွင်း ချစားမှုများနှင့် ပတ်သက်၍ စစ်ဆေးခံခဲ့ ရသည့် ဆက်သွယ်ရေး အရာရှိ ၇ ဦးကို တရားသေ ပြန်လွှတ်ပေး ထားပြီ ဖြစ်သော်လည်း ၎င်းတို့ကို စွဲဆိုထားသည့် အမှုကို ရုပ်သိမ်းခြင်း မရှိသေးကြောင်း နေပြည်တော် ဘုရားကုန်း ရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

လက်ပံတောင်းတောင် အရေးတွင် သတင်းသမားအချို့မှ ၀မ်ပေါင်ကုမ္မဏီနှင့် ရဲသတင်းပေးအဖြစ်လုပ်ကိုင်နေကြပြီ

လက်ပံတောင်းတောင် အရေးတွင်  သမားအချို့က ၀မ်ပေါင်ကုမ္မဏီနှင့် ရဲသတင်းပေးအဖြစ်လုပ်ကိုင်လာ...
======================================
မတ်လ၊ ၅ 
ပြည်သူလူထု၏ အကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်ရန်ပေးရန် မွန်မြတ်သော စိတ်ရင်းစေတနာမှန်ဖြင့် သတင်းလောကသားများသည် သတင်းဖြစ်တည်ရာ ရပ်ဝန်းဒေသများသို့ သတင်းသွားရောက် ရယူကျသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များ၏ ဌာနဆိုင်ရာ ကြေးနန်စာများတွင် သတင်းထောက်များ၏ အမည်နာမများရေးသားပေးပို့လျက်ရှိကြောင်း သိရပါတယ်။
" သတင်းထောက်တွေထဲကနေ သတင်းပေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်"ဟု ညောင်ပင်ကြီးကျေးရွာခံတစ်ဦးမှပြောပါတယ်..။
ဝမ်ပေါင်ကုမ္မဏီနှင့် သက်ဆိုင်ရာအာဏာပိုင်များက ဆားလင်းကြီးမြို့နယ်အခြေစိုက် သတင်းထောက်ဖြစ်သူ ကိုအိုင်ပီဆိုသူအား တစ်လလျင် ငွေကျပ်(၃)သိန်းဖြင့် လက်ပံတောင်းတောင်အရေးလုပ်ရှားသူများ၏ သတင်း၊ ယင်းသတင်းဖြစ်တည်မှုအား လာရောက်သတင်းရယူသူ သတင်းထောက်များ၏ သတင်းများနှင့် ရပ်ရွာအတွင်း ခိုးဆိုးနှိုက်များအတွက်ပါ သတင်းတင်ပြပေးရန် မြန်မာ့စီပွားရေးဦးပိုင်လီမီတက်နှင့် ၀မ်ပေါင်ကုမ္မဏီ တို့မှ ခန့်အပ်ထားကြောင်းသိရပါတယ်..။
"ဦးပိုင်က အောင်ကျော်ကျော်ဆိုသူက အိုင်ပီကို ခန့်ပေးထားတာပါ" ဟု မိုင်းလုပ်သားကြီးတစ်ဦးမှ ပြောပါတယ်..။
အဆိုပါ သတင်းသမားသည် ငွေသာကျေးရွာပြောင်းရွှေ့ရေးကိစ္စတွင် သတင်းရေးသားရန်အတွက် ရွာသားများထံမှ ငွေကျပ်ငါးသောင်းတောင်းခံရယူခဲ့သူတစ်ဦးဖြစ်ပါတယ်..။
ပြည်သူ့အတွက် ရပ်တည်ပေးရမယ့် သတင်းသမားတစ်ယောက်အနဲ့ အကျင့်ပျက်ရပ်တည်မှုဟာ ဒေသတစ်ခုလုံးအတွက် အဆိပ်သင့်စေနိုင်သော အရာဖြစ်ပါတယ်..။ ဒီကိစ္စကို ဆက်လက်ပြီး ရဲထံသတင်းပေးများကိစ္စနှင့်ပတ်သက်၍ လည်း လွှတ်တော်အတွင်းရောက်အောင်ပို့ဆောင်းသွားမယ်လို့ တာမွေလွှတ်တော်ကိုယ်စားလှယ် ကပြောပြါတယ်..။

မတ်လ၊ ၅
ပြည်သူလူထု၏ အကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်ရန်ပေးရန် မွန်မြတ်သော စိတ်ရင်းစေတနာမှန်ဖြင့် သတင်းလောကသားများသည် သတင်းဖြစ်တည်ရာ ရပ်ဝန်းဒေသများသို့ သတင်းသွားရောက် ရယူကျသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များ၏ ဌာနဆိုင်ရာ ကြေးနန်စာများတွင် သတင်းထောက်များ၏ အမည်နာမများရေးသားပေးပို့လျက်ရှိကြောင်း သိရပါတယ်။

သန်လျင် ကညန မှ အထက်တန်းစာရေးငွေပိုတောင်းပြီး မခြေမငံပြောဆိုသ ဖြင့်နိုင်ငံတော်ထံတိုင်စာပေးပို့