Pages

Friday, November 1, 2013

လိင်ပြောင်းသူများ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ မြန်မာ ပထမဆုံး ဝင်ပြိုင်

Photo: လိင်ပြောင်းသူများ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ မြန်မာ ပထမဆုံး ဝင်ပြိုင်
Friday, November 1, 2013

နိုဝင်ဘာ ၁ရက်တွင် Miss International Queen ပြိုင်ပွဲ ၏သရဖူအတွက် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ လိင်ပြောင်းသူ ၂၅ဦး ပတ္တရားမြို့၌ ယှဉ်ပြိုင်ကြမည်ဖြစ် သည်။

၂၀၀၄ခုနှစ်ကစခဲ့သော ယင်းကဲ့သို့ပြိုင် ပွဲမှာ ကိုးကြိမ် မြောက်ဖြစ်ကြောင်း စီစဉ်သူများ က ပြောကြားခဲ့သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်တစ်ဦး ပထမဆုံးအကြိမ် အဖြစ် ပြိုင်ပွဲသို့ဝင်ရောက်လာ သည်။

''လွန်ခဲ့တဲ့ ငါးနှစ်လောက် တုန်းကဆိုရင် ကျွန်မယှဉ်ပြိုင်ရဲ မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခု မြန်မာနိုင်ငံမှာ ဒီမိုကရေစီရှိနေ ပြီဆိုတော့ ပြိုင်ပွဲဝင်ရတာ စိတ်ထဲ မှာ လွတ်လွတ်လပ်လပ်ရှိပါတယ်'' ဟု အသက်၂၈နှစ်အရွယ်ရှိ သ ညာမောင်က ပြောကြား ခဲ့သည်။

သူမသည် Ramkhamhaeng University တွင် ပညာ သင်ကြားနေသူဖြစ် သည်။ ''ဆုကြေးက ဘတ်သုံးသိန်း၊ ရတနာအစစ်တွေနဲ့ လုပ်ထား တဲ့သရဖူတစ်ခု၊ နောက်ပြီးတော့ ဘန်ကောက်မှာရှိတဲ့ ကျော်ကြား တဲ့ ပလတ်စတစ်ဆာဂျရီဆေးခန်း မှာ အခမဲ့ ခွဲစိတ်ကုသမှုခွင့်တို့ဖြစ် ပါတယ်''ဟု ပတ္တရားရှိသက်တမ်း အရင့်ဆုံး လိင်ပြောင်းသူ ကလပ်Tiffany's ၏ ယာယီမန်နေဂျာ နှင့် ပြိုင်ပွဲစီစဉ်သူအရီဆာဖန်သူ ဆက်က ပြောကြားခဲ့သည်။

Tiffany's ပြပွဲကို မစ္စအရီ ဆာ၏ဖခင်နှင့် စီးပွား ရေး ပါတနာတစ်ဦးက လွန်ခဲ့သည့်နှစ်၄၀ ကတည်းက စတင်ခဲ့သည်။ ရည် ရွယ်ချက်မှာ ပတ္တရားကမ်းခြေအ ပန်းဖြေစခန်းကို ဆန်းစစ်သည့် ဖျော်ဖြေမှုပုံစံဖြင့် ပံ့ပိုးရန်ဖြစ်ပြီး လိင်ပြောင်း သူများကို တရားဝင် အလုပ် အကိုင် အခွင့် အလမ်း ပေး ရန်လည်း ဖြစ်ကြောင်း သိရသည်။

Yangon Media Group

RangonNewsDaily:: November . 1 .2013
နိုဝင်ဘာ ၁ရက်တွင် Miss International Queen ပြိုင်ပွဲ ၏သရဖူအတွက် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ လိင်ပြောင်း
သူ ၂၅ဦး ပတ္တရားမြို့၌ ယှဉ်ပြိုင်ကြမည်ဖြစ် သည်။

တရုတ်နိုင်ငံစစ် ရေးအင်အားပြသမှု ကို ထိုင်ဝမ်မှ ပြန်လည်တုံပြန်

Photo: ငါတို့မှာ ဒါတွေရှိတယ်ဟု ထိုင်ဝမ်ပြသ
Friday, November 1, 2013

အောက်တိုဘာ ၂၉ ရက်က တရုတ်နိုင်ငံသည် ဒေသတွင်း နိုင်ငံများကို တရုတ်၏စစ်ရေး စွမ်းပကားကိုပြသသည့်အနေဖြင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ် သင်္ဘောရေယာဉ်အုပ်(Submarine Fleet)   တစ်ခုချီတက်လှုပ်ရှား နေပုံကို စီစီတီဗီက ထုတ်လွှင့် ပြသသွားခဲ့ပြီး ၂ ရက်အကြာ တရုတ်(တိုင်ပေ) ကလည်း ၎င်း တို့၏ ရေငုပ်သင်္ဘောတိုက်ဖျက် ရေးဒုံးကျည်များတပ်ဆင်ထား သည်မဟာဗျူဟာမြောက်ထောက် လှမ်းရေးလေယာဉ် AP-3C Orion  တစ်စီးကို ထုတ်ဖော်ပြသ လိုက်သည်။

အမေရိကန်ပြည်ထောင်စု လော့ခ်ဟိမာတင်ကုမ္ပဏီသည် အဆိုပါ မဟာဗျူဟာမြောက် ထောက်လှမ်းရေးလေယာဉ်ကို အမေရိကန်က မကြာမီကမှ တရုတ်(တိုင်ပေ) သို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ်ကုန်တွင် ၂ စီး ထပ်မံရောက်ရှိမည်ဖြစ်ပြီး ၂၀၁၅ တွင် ၈ စီးထိရှိလာမည်ဖြစ်သည် ဟု သိရသည်။ ဝေဟင်မှ မြေပြင် ပစ် AGM-65 မာဘရစ်၊ AGM-84 ဟာဖွန်း ရေငုပ်သင်္ဘောဖျက် ဒုံးကျည်များ တပ်ဆင်ထားသည်။ 

ဗုံးကြဲလေယာဉ်အဖြစ်ပါ အသုံး ပြုနိုင်ပြီး နျူကလီးယားဗုံးများပင် သယ်ဆောင်တိုက်ပွဲဝင်နိုင်သည့် မဟာဗျူဟာမြောက် ဘက်စုံသုံး တိုက်လေယာဉ်ပင်ဖြစ်သည်။ ဆီ တစ်ခါဖြည့်ပြီးလျင် မိုင် ၄၈၀၀ ထိ မရပ်မနားပျံသန်းတိုက်ပွဲဝင်နိုင် ပြီး တစ်စက္ကန့်လျှင် ၁၆ မိုင်နှုန်း ဖြင့် ပျံသန်းနိုင်သည်။ အမြင်ပေ ၂၈၀၀၀ အတွင်း စစ်ကစားလှုပ် ရှားနိုင်သည်။ ၀န်ချိန် ပေါင်- ၆၁၀၀၀ (တန်ချိန် ၆၀ ကျော်) သယ်ဆောင်ပျံသန်းနိုင်သည်။ တစ်နာရီ မိုင် ၄၀၀ ပျံသန်းနိုင် သည်။          

Hot News Journal

RangonNewsDaily:: November . 1 .2013
အောက်တိုဘာ ၂၉ ရက်က တရုတ်နိုင်ငံသည် ဒေသတွင်း နိုင်ငံများကို တရုတ်၏စစ်ရေး စွမ်းပကားကိုပြသ
သည့်အနေဖြင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ် သင်္ဘောရေယာဉ်အုပ်(Submarine Fleet) တစ်ခုချီတက်လှုပ်
ရှား နေပုံကို စီစီတီဗီက ထုတ်လွှင့် ပြသသွားခဲ့ပြီး ၂ ရက်အကြာ တရုတ်(တိုင်ပေ)

Android 4.4 (KitKat) က သုံးစွဲသူ သန်းတစ်ထောာင်အထိ ရှိလာမလား?

Photo: Android 4.4 (KitKat) က သုံးစွဲသူ သန်းတစ်ထောာင်အထိ ရှိလာမလား?
Friday, November 1, 2013

Nexus 5 စမတ်ဖုန်းထွက်ရှိခြင်းနဲ့အတူ တစ်ပါတည်း ပါလာတဲ့ Android 4.4 (KitKat) ဟာ သုံးစွဲသူ သန်းတစ်ထောင်အထိ ရှိလာစေရန် ရည်မှန်းထားပါတယ်။ အဆိုပါ Android နောက်ဆုံး ဗားရှင်းကို ထည့်သွင်းအသုံးပြုဖို့ ဖုန်းမှာ အနည်းဆုံး RAM 512 MB ရှိရမှာ ဖြစ်ကာ ဒီ OS ဟာ ပိုမိုကြည့်ကောင်းလာပြီး ပြောင်းလဲပြင်ဆင်မှုတွေလည်း ဖန်တီးပေးထားပါတယ်။

ဖုန်းခေါ်ဆိုမှုမှာလည်း ဖုန်းဆက်မယ့်လူကို ရှာတဲ့အခါ Contacts ထဲမှာ ရှာတာ၊ ကိုယ့်အနီးအနားမှာရှိတဲ့ သူငယ်ချင်းတွေထဲက ရှာတာနဲ့ Google Account သုံးပြီး ရှာတာတွေပါ ထည့်သွင်းပေးထားပါတယ်။ နောက်ထပ် Hangout ဆိုတဲ့ App လေးလည်း ပါဝင်လာပါတယ်။ ဒီ App ဟာ SMS (Short Message), MMS (Multimedia Message) တွေနဲ့ ဗီဒီယိုခေါ်ဆိုမှုတွေကိုပါ တစ်စုတစ်စည်းတည်း ဖြစ်စေကာ သင့်သူငယ်ချင်းတွေ ပို့တဲ့အရာတွေကို ပိုမိုရှာရလွယ်ကူစေမှာပါ။

Google Search Platforms ရဲ့ Features အသစ်များစွာလည်း ဒီ OS အသစ်မှာ ပါဝင်လာပြီး Google မှာ သုံးစွဲသူရဲ့ စကားသံနဲ့ ရှာဖွေတဲ့ Voice Search အတွက်လည်း Hotwords တွေကို သုံးလို့ရလာပါပြီ။ ကမ္ဘာပေါ်မှာလည်း လူဦးရေက သန်းခုနစ်ထောင်လောက်သာ ရှိတာမို့လို့ အားလုံးက စိတ်ဝင်စားနေကြပြီး ပိုမိုအသုံးဝင်တဲ့ Features တွေပါဝင်လာတဲ့ ဒီ KitKat ဟာ သုံးစွဲသူ သန်းတစ်ထောင်အထိ တကယ်ပဲ ရှိလာနိုင်ပါ့မလားဗျာ?

Ref: GSM arena

Kangyi (Myanmar Consumer Guide)

RangonNewsDaily:: November . 1 .2013
Nexus 5 စမတ်ဖုန်းထွက်ရှိခြင်းနဲ့အတူ တစ်ပါတည်း ပါလာတဲ့ Android 4.4 (KitKat) ဟာ သုံးစွဲသူ သန်းတစ်
ထောင်ရှိလာစေရန် ရည်မှန်းထားပါတယ်။

ကျောက်တန်းမြို့နယ်တွင် စက်လှေတစ်စီး ရေအောက်ကျောက်ဆောင်နှင့် တိုက်မိနစ်မြုပ်

RangonNewsDaily:: November . 1 .2013
၁.၁၁.၂၀၁၃ရက်နေ့၁၀၁၅အချိန် ကျောက်တန်းမြို့နယ်၊ တံတားမြို့နယ်ခွဲ၊ (၁)ရပ်ကွက်နေ အေးဆွေ (ဘ)ဦးမြတ်သောင်း၊ မောင်းနှင်သော အလျား ၃၅ ပေ၊ အနံ ၈ ပေ၊ ရေစူး ၆ ပေရှိပြီး မြင်းကောင်ရေ (၂၂)ကောင်အင်ဂျင် တပ်ဆင်ထားသော အောင်ငြိမ်းချမ်းအမည်ရှိ သစ်သားစက်လှေသည်

ရန်ကုန်မြို့တွင် နှစ်ရက်အတွင်းမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွား

Photo: နှစ်ရက်အတွင်း နှစ်ကြိမ်မီးလောင်
Friday, November 1, 2013

ရန်ကုန်မြို့တွင် အောက်တိုဘာ ၃၀ ရက်ညနှင့် ၃၁ ရက် နံနက်က မီးလောင်မှု  နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၃၁ ရက်  နံနက် ၈ နာရီ ၄၅ မိနစ်တွင် မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်၊ သုနန္ဒာပတ်လမ်းရှိ ဒေါ်တင်အေး၏ နေအိမ်တွင် တိုင်းရင်းဆေးဖော်စပ်ရာ၌ အသုံးပြုသော တောင်ဆိတ်ဆီများထည့်ထားသည့် ပုံးပေါ် ဖယောင်းတိုင်မီးတင်ထွန်းထားရာမှ ဖယောင်းတိုင်လဲကျပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်ရာသို့ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့ မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် အဖွဲ့တို့မှ အုပ်ချုပ်မှုယာဉ် ကိုးစီး၊ မီးသတ်ယာဉ် ၂၅ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်အကြာ နံနက် ၈ နာရီ ၅ မိနစ်တွင် မီးငြှိမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ် ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
မီးလောင်မှုကြောင့် အိမ်နှစ်လုံးမီးလောင်ခဲ့ပြီး တန်ဖိုးငွေကျပ် ၃၉ သိန်းခန့် ဆုံးရှုံးခဲ့သောကြောင့် မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်တင်အေးကို ဝေဘာဂီနယ်မြေရဲစခန်းပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ ဘ၀မြင့်ရပ်ကွက်၊ ရတနာလမ်းရှိ ရေသူဇာအပြုံး ကာရာအိုကေဆိုင်တွင် အောက်တိုဘာ ၃၀ ရက်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ ရေသူဇာအပြုံး ကာရာအိုကေဆိုင်ရှိ မီးဖိုခန်းမှ အကြော်ကြော်နေစဉ်ချိန်တွင် ဂက်စ်အိုးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ အကြော်ဆရာနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းဆိုင်နှင့်ကပ်လျက်ရှိ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှု အပြည်ပြည်ဆိုင်ရာ လူမှုအဖွဲ့(Marie Stopes) ရုံးခန်းကိုလည်း မီးလောင်မှုကူးဆက်ခဲ့သည်။
ည ၇ နာရီ ၃၅ မိနစ် အချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၇ နာရီ  မိနစ် ၅၀ အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ရာ မီးသတ်ကားအစီး၂၀ ဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါမီးလောင်မှုကြောင့် ကာရာအိုကေဆိုင်ရှိ တီဗီနှင့်ဆောင်းဘောက်များ ပျက်စီးခဲ့သည်။
““ဆုံးရှုံးမှုတန်ဖိုးက ခုနစ်သောင်းရှိပါတယ်။ ကာရာအိုကေဆိုင်ကနေ စပြီး မီးလောင်တာပါ။ အကြော်ဆရာနှစ်ဦး ဒဏ်ရာရပါတယ်””ဟု ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ ခရိုင်မှူးကြီးမြင့်အေးကပြောသည်။အဆိုပါကာရာအိုကေဆိုင်၏ တာဝန်ရှိသူကို ပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း ရဲမှူးကြီးမြင့်အေးက ဆက်လက်ပြောသည်။

အောက်တိုဘာ ၃၀ ရက် ညက သင်္ဃန်းကျွန်းမြို့နယ်တွင် လောင်ကျွမ်းသော မီးကို မီးသတ်တပ်ဖွဲ့ဝင်များ ငြှိမ်းသတ်နေစဉ် ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ) 

7Day Daily
အောက်တိုဘာ ၃၀ ရက် ညက သင်္ဃန်းကျွန်းမြို့နယ်တွင် လောင်ကျွမ်းသော မီးကို မီးသတ်တပ်ဖွဲ့ဝင်များ ငြှိမ်းသတ်နေစဉ် ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
RangonNewsDaily:: November . 1 .2013
ရန်ကုန်မြို့တွင် အောက်တိုဘာ ၃၀ ရက်ညနှင့် ၃၁ ရက် နံနက်က မီးလောင်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လူ့ခန္တာကိုယ်အကြောင်းအံ့အားသင့်ဖွယ်ရာအချက်တွေ

Photo: လူ့ခန္တာကိုယ်အကြောင်းအံ့အားသင့်ဖွယ်ရာအချက်များ
Friday, November 1, 2013

-အမျိုးသားတွေကတစ်နေ့ဆံပင်အချောင်းရေ 40ကျွတ်ပြီးအမျိုးသမီး
တွေကတစ်နေ့ဆံပင်အချောင်းရေ 70ကျွတ်တတ်ပါတယ်။
-သွေးထဲမှာရှိတဲ့ဆားပမာဏနဲ့ပင်လယ်ထဲမှာရှိတဲ့ဆားပမာဏအတူတူ
ပါပဲ။-သင့်အရပ်ဟာညဘက်မှာထက်မနက်ခင်းဘက်မှာပိုရှည်နေပါတယ်။
-တစ်နေ့မှာနှလုံးဟာခန္တာကိုယ်ထဲမှာအကြိမ် 1000 ခန့်သွေးလည်ပတ်
မှုရှိပါတယ်။-မျက်တောင်တွေဟာ 150 ရက်ကြာရင်သက်တမ်းကုန်ပါတယ်။
-မျက်ခုံးတစ်ဖက်မှာအမွေး 500ရှိပါတယ်။
-ပျှမ်းမျှအားဖြင့်လူ့ခန္တာကိုယ်မှာနာဗ်ဆဲလ်100ဘီလျံလောက်ရှိပါတယ်။
-မျက်လုံးဖွင့်ပြီးနှာမချေနိုင်ပါဘူး။

-အရိုးတွေကကွန်ကရစ်ထက်လေးဆပိုသန်မာပါတယ်။
-အရသာခံအဖုရဲ့သက်တမ်းကပျှမ်းမျှအားဖြင့်10 ရက်ပဲရှိပါတယ်။
-လူတွေဟာခုံညင်းမပါပဲမွေးလာပြီးအသက် 2-6 နှစ်အရွယ်ထိတိုင်အောင်
မထွက်လာသေးပါဘူး။
-ကလေးတွေကဆောင်းရာသီမှာကြီးထွားနှုန်းပိုမြန်ပါတယ်။
-မျက်စိတွေကဘ၀တစ်လျှောက်လုံးအရွယ်အစားတစ်မျိုးထဲပဲဖြစ်ပေမယ့်
နားရွက်နဲ့နှာခေါင်းတွေကတော့ဘယ်တော့မှကြီးထွားမှုမရပ်သွားပါဘူး။
-မွေးဖွားချိန်မှာအရို3း00 ခန့်ရှိပေမယ့်အရွယ်ရောက်လာချိန်မှာအရိုးတွေ
က206 ချောင်းပဲရှိပါတယ်။

-လူ့ဦးခေါင်းခွံကိုမတူညီတဲ့အရိုး 26 ချောင်းနဲ့ဖွဲ့စည်းထားပါတယ်။
-ဆံပင်တွေကလက်သည်းမှာရှိတဲ့တူညီတဲ့ဓာတ်တွေနဲ့ဖွဲ့စည်းထား
ပါတယ်။-နှာချေလိုက်တဲ့အခါလူ့ခန္တာကိုယ်တစ်ခုလုံးရဲ့လုပ်ငန်းဆောင်တာရပ်
တန့်သွားပါတယ်။
-လျှာကလူ့ခန္တာကိုယ်မှာအသန်စွမ်းဆုံးကြွက်သားပါ။
-ယေဘုယျအားဖြင့်လူတစ်ယောက်ဟာတစ်နေ့ကိုခြောက်ကြိမ်ဆီး
သွားလေ့ရှိပါတယ်။
-အစာတွေကပါးစပ်ကနေအစာအိမ်ဆီသို့ရောက်ရှိဖို့အချိန်ခုနှစ်စက္ကန့်
ကြာပါတယ်။-ကလေးတွေမှာလူကြီးတွေထက်အရသာခံအဖုပိုရှိပါတယ်။
-နှာချေလိုက်တဲ့အခါလေဟာတစ်နာရီ100မိုင်နှုန်းနဲ့ပျံ့နှံ့သွားပါတယ်။

ဇွန်
ကျန်းမာရေးစာတိုများစုစည်းမှု

RangonNewsDaily:: November . 1 .2013
-အမျိုးသားတွေကတစ်နေ့ဆံပင်အချောင်းရေ 40ကျွတ်ပြီးအမျိုးသမီး တွေကတစ်နေ့ဆံပင်အချောင်းရေ 70ကျွတ်တတ်ပါတယ်။ -သွေးထဲမှာရှိတဲ့ဆားပမာဏနဲ့ပင်လယ်ထဲမှာရှိတဲ့ဆားပမာဏအတူတူ ပါပဲ။-

လွိုင်ကော်မြို့နယ်တွင် လက်နက်ခဲယမ်းများနှင့်ဘိန်းစိမ်းများ ဖမ်းဆီးရမိ

Photo: လွိုင်ကော်မြို့နယ်တွင် လက်နက်ခဲယမ်းများနှင့်ဘိန်းစိမ်းများ ဖမ်းဆီးရမိ
Friday, November 1, 2013

၃၁-၁၀-၂၀၁၃ ရက်နေ့ ၀၅၃၀ အချိန် ရှမ်းပြည်နယ်၊ အမှတ်(၂၅) မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(တောင်ကြီး)မှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ လွိုင်ကော် မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ကုန်းသာရွာနေ နေလင်းအောင် (ခ)မောင်ဝီ(၃၈)နှစ်၏နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ နေလင်းအောင်အားမတွေ့ရှိရဘဲ ၎င်း၏ဇနီးဖြစ်သူ မမောနိကာ(ခ) မူကလဲ(၃၈)နှစ်အား နေအိမ်အိပ်ခန်းအတွင်း ပွိုင့် ၂၂ အမျိုးအစား ပြောင်းရှည်သေနတ်(၁)လက်၊ ခေါက်၍ရပြီး ၇.၆၂ အမျိုးအစားကျည်ဖြင့်ပစ်ခတ်ရသော ပြောင်းရှည်လုပ်သေနတ်(၁)လက်၊ တူမီး ပြောင်းရှည်သေနတ်(၁)လက်၊ လေသေနတ်(၁)လက်၊ ၅.၅၆ အမျိုးအစား ကျည်(၅၈)တောင့်၊ ပွိုင့် ၂၂ ကျည်(၄၃)တောင့်၊ ၇.၆၂ အမျိုးအစား ကျည်(၂)တောင့်၊ ၉ မမ ကျည်(၄၂)တောင့်၊ 91 အမျိုးအစား လက်ပစ်ဗုံး(၁)လုံး၊ M-16 ကျည်ဘောက်(၃)ခု၊ M-22 ကျည်ဘောက်(၂)ခုနှင့် အိပ်ယာခြေရင်းရှိ ရေခဲဗူး အတွင်းမှ ဘိန်းစိမ်း(၁)ကီလို၊ တန်ဘိုးငွေကျပ်(၆၅၀၀၀၀ိ/-) တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နေလင်းအောင် (ခ)မောင်ဝီနှင့် မမောနိကာ(ခ)မူကလဲတို့ ၂ ဦးအား လွိုင်ကော်မြို့မရဲစခန်း မယ(ပ)၃၁/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/ ၂၂(ခ)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသော နေလင်းအောင်(ခ)မောင်ဝီအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

RangonNewsDaily:: November . 1 .2013 
၃၁-၁၀-၂၀၁၃ ရက်နေ့ ၀၅၃၀ အချိန် ရှမ်းပြည်နယ်၊ အမှတ်(၂၅) မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲ
တပ်ဖွဲ့စု(တောင်ကြီး)မှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ လွိုင်ကော် မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ကုန်းသာရွာနေ နေလင်းအောင် (ခ)မောင်ဝီ(၃၈)နှစ်၏နေအိမ်သို့ ၀င်ရောက်ရှာဖွေ
ခဲ့သည်။

ဝန်ကြီးများခရီးစရိတ် များလွန်းကြောင်း လွှတ်တော်အမတ်များ ထောက်ပြ

RangonNewsDaily:: November . 1 .2013
လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် သမ၀ါယမ ဝန်ကြီးဌာန ဝန်ကြီးတွေရဲ့ ခရီးသွားလာရေးစရိတ် ဓါတ်ဆီ စက်ဆီအသုံးစရိတ် တင်ပြတောင်းခံငွေဟာ များပြားလွန်းနေကြောင်း ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ က ထောက်ပြဆွေးနွေးခဲ့ပါတယ်။

iPad Air စရောင်းပြီ

Photo: iPad Air စရောင်းပြီ
Friday, November 1, 2013

တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Apple ရဲ့  Official Store တွေကနေ Apple ကုန်ပစ္စည်းကို သောကြာနေ့ကစလို့ စတင်ရောင်းချပြီဖြစ်ကြောင်း သိရ ပါတယ်။

ပုံမှာ မြင်တွေ့နေရတဲ့ လူငယ်က ကမ္ဘာပေါ်မှာ iPad Air တစ်လုံး စတင် ဝယ်ယူပိုင်ဆိုင်လိုက်နိုင်တဲ့ လူငယ် တစ်ဦး ဖြစ်ကြောင်း သတင်းများက ဆိုပါအတယ်။ သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ မှာ ဖြစ်ပါတယ်။ မနက် ၈ နာရီ အတိ စတိုးဆိုင်ဖွင့်တာနဲ့ ရောင်းချမှုကို စတင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဆိုင်ရှေ့ မှာ ထုံးစံအတိုင်း လူအပြည့် စည်ကားနေပါတယ်။ သို့ပေမယ့် iPhone 5S စတင်ရောင်ချပေးတဲ့ နေ့ထက် အတန်းစီတဲ့ အရေအတွက် အနည်းငယ် နည်းနေကြောင်း Cnet မှ reporter တစ်ဦးက ခန့်မှန်း ပြောဆို ပါတယ်။

iPad Air တစ်လုံး တန်ဖိုးက အမေရိကန်ဒေါ်လာ ၄၉၉ ဒေါ်လာ ဖြစ်ပါတယ်။ 16GB ဗားရှင်းအတွက်ပါ။ 32 GB, 64 GB, 128 GB တို့အတွက် ဈေးနှုန်း ဒေါ်လာ ၁၀၀ ဆီ မြင့်တက်မှာ ဖြစ်ပါတယ်။ 64 Bit architecture A7 chip ကို အသုံးပြုပြီး ပိုမိုမြန်ဆန် ပါးလွှာလာတဲ့ iPad တစ်လုံးပါ။ ကင်မရာ ကတော့ iPad 4 နဲ့ တူပြီး ပြောင်းလဲမှု သိပ် မရှိပါဘူး။ iPad Air အကြောင်း အသေးစိတ်ကို အောက်ပါ Apple Official Site မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://www.apple.com/ipad-air/

အောင်ခမ်း (smart.com.mm)

RangonNewsDaily:: November . 1 .2013
တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Apple ရဲ့  Official Store တွေကနေ Apple ကုန်ပစ္စည်းကို သောကြာနေ့ကစလို့ စတင်ရောင်းချပြီဖြစ်ကြောင်း သိရ ပါတယ်။

"ထုတ်လုပ်ရေး၂ခု နဲ့ ဇာတ်ကား ရိုက်ဖို့ စာချုပ် ချုပ်လိုက်တဲ့ ခင်ဝင့်ဝါ"

Photo: "ထုတ်လုပ်ရေး၂ခု နဲ့ ဇာတ်ကား ရိုက်ဖို့ စာချုပ် ချုပ်လိုက်တဲ့ ခင်ဝင့်ဝါ"
Friday, November 1, 2013

Miss Supranational Myanmar ဖြစ်တဲ့ ခင်ဝင့်ဝါက ပထမဆုံး သရုပ်ဆောင် အနေ နဲ့ကောင်းပြည့်၊ ဒါရိုက်တာ ကြည်ဖြူသျှင် တို့နဲ့ ဇာတ်ကား ရိုက်ကူးနေပါတယ်။ ဝတ္ထုမင်း တခေတ်က ရေးသားပေးထားတဲ့ “နတ်သမီးနှင့် ကျွန်တော်” ဆိုတဲ့ ဇာတ်ကားမှာ ခင်ဝင့်ဝါက လိပ်ပြာနတ်သမီး တစ်ယောက်အဖြစ် သရုပ်ဆောင်နေ တာဖြစ်ပါ တယ်။ 

ပထမဆုံး ဇာတ်ကားဖြစ်တဲ့ အတွက် ရင်ခုန်နေတယ်လို့ ပြောပြတဲ့ ခင်ဝင့်ဝါ ရဲ့ ဇာတ်ကား အတွက်ပြင်ဆင်မှု၊ ခံစားချက်တွေ ကို မေးကြည့်တော့ “သရုပ်ဆောင် အလုပ်အနေ နဲ့ပထမဆုံး ရိုက် တဲ့ကား လည်းဖြစ်တယ် ဆိုတော့ လေ့ကျင့်တယ်။ ပရိသတ် သဘောကျမလား ၊မကျလား ဆိုတာကို ရင်ခုန်နေတယ်။

မကြည်ဖြူ တို့ပေးတဲ့ ဇာတ်ကိုသေချာဖတ်တယ်။ ကာတွန်း နည်းနည်း ဆန်တဲ့ ပုံစံလေးတွေ ဆိုတော့ သေသေချာချာ လေ့ လာပါတယ်။ အကောင်းဆုံး ကြိုးစားနေ ပါတယ်။ ပရိသတ် တွေ အားပေးမယ် လို့ မျှော်လင့်ပါတယ်။ ဒီဇာတ်ကားမှာ ကာတွန်း ပုံစံမျိုး နတ်သမီးပုံစံ သရုပ်ဆောင်ရမှာပါ။ မကြည်ဖြူ ကလည်း ညီမနဲ့ လိုက်မယ် ထင်လို့ အကောင်းဆုံး ရွေးထားတာကို ကျေနပ်ပါတယ်။ ညီမက သရုပ်ဆောင် ကို အစိမ်းသက်သက် ဖြစ်နေတော့ ကောင်းတာ ၊ဆိုးတာ၊ ဝေဖန် ပေး ကြပါဦး လို့ ပြော ချင်ပါတယ်။ ကိုယ်က သင်တန်းဆင်းတာ လည်း မဟုတ်ဘူး။ လုပ်မှ လုပ်နိုင်ပါ့မလားလို့ သေချာလည်း စဉ်းစားတယ်။ သရုပ်ဆောင် အလုပ်က ပင်ပန်းတယ် ဆိုပေ မယ့် ကိုယ် ဝါသနာပါတဲ့ အလုပ်ကို လုပ်ရတဲ့ အတွက်ကိုပဲ ကျေနပ်ပါတယ်။ ပရိသတ်တွေက ဝေဖန်ပေးမှုတွေ နဲ့ အကောင်ဆုံး ကြိုးစားသွားမှာပါ” လို့ ပြောပြပါတယ်။

ခင်ဝင့်ဝါက “သစ္စာနှင်းဆီ” “ရွှေစင်ဦး” ထုတ်လုပ်ရေး တို့နဲ့ ဇာတ်ကား ၁ဝကားစီ၊ ကား၂ဝ စာချုပ်ချုပ်ပြီး ဇာတ် ကားတွေ ရိုက်ကူး သွားမယ် လို့ပြောပြတာက “ညီမ တိုက်နှစ် တိုက်နဲ့ ကား ၁ဝကားစီ စာချုပ်ချုပ် ထားပါတယ်။ မကြည်ဖြူနဲ့ လည်း ဆက်ရိုက်ဖြစ်မှာပါ။ ညီမတို့က အလုပ် သဘောအရ စာချုပ်ချုပ် တာလောက်ပါပဲ။ ညီမတောင်း ဆိုတာလည်း သူတို့က လိုက်လျောတယ်။ ကားတွေကို ဆက်တိုက် ရိုက်သွားမှာပါ။ စာချုပ်ချုပ် ထားတာတွေက လည်း ဇာတ်တွေကို ညီမ ကြိုက်တဲ့ ဇာတ် ရှိရင် ညှိပြီး ရိုက် ပေးမယ်။ သူတို့ဘက်ကလည်း စဉ်းစားမယ်။ အားလုံးအကြိုက် ညှိပြီး ရိုက်သွားမှာပါ”လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal

RangonNewsDaily:: November . 1 .2013
Miss Supranational Myanmar ဖြစ်တဲ့ ခင်ဝင့်ဝါက ပထမဆုံး သရုပ်ဆောင် အနေ နဲ့ကောင်းပြည့်၊ ဒါရိုက်တာ ကြည်ဖြူသျှင် တို့နဲ့ ဇာတ်ကား ရိုက်ကူးနေပါတယ်။ ဝတ္ထုမင်း တခေတ်က ရေးသားပေးထားတဲ့ “နတ်သမီးနှင့် ကျွန်တော်” ဆိုတဲ့ ဇာတ်ကားမှာ ခင်ဝင့်ဝါက လိပ်ပြာနတ်သမီး တစ်ယောက်အဖြစ် သရုပ်ဆောင်နေ တာဖြစ်ပါ တယ်။

အိပ်မက်ဆုံရာ ပြိုင်ပွဲတွင် အဆိုပညာကိုသာ အဓိက အကဲဖြတ် ဟု ဖြူဖြူကျော်သိန်းဆို

Photo: အိပ်မက်ဆုံရာ ပြိုင်ပွဲတွင် အဆိုပညာကိုသာ အဓိက အကဲဖြတ် ဟု ဖြူဖြူကျော်သိန်းဆို
Friday, November 1, 2013

များပြားလှသော သီချင်းဆို ပြိုင်ပွဲများအနက် ပရိသတ်များ ပုံမှန်စောင့်ကြည့်လေ့ရှိတဲ့ အိပ်မက်ဆုံရာ အစီအစဉ်ရဲ့ Season 7 မှာ အကဲဖြတ် ဒိုင်တစ်ဦးအဖြစ် ဆောင်ရွက်နေ တဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းက ပြိုင်ပွဲဝင်များကို အကဲဖြတ် အမှတ်ပေးတဲ့နေရာမှာ Performance ထက် အဆိုပညာကိုသာ အဓိက အကဲဖြတ်ပါတယ်လို The Voice ကိုပြောပါတယ်။ 
“ဖြူဖြူ တွေ့ရသလောက် ပြိုင်ပွဲဝင် တော်တော်များများက ဂီတကို တကယ်ရူးသွပ်ကြတယ်။ သူတို့ထဲမှာလည်း အလားအလာရှိတဲ့ ဖြူဖြူတို့ ဂီတလောကအတွက် အားထားရမယ့် ပြိုင်ပွဲဝင်တွေ တွေ့ပါတယ်။ ပြိုင်ပွဲဝင်တွေကို အကဲဖြတ်တဲ့ နေရာမှာတော့ ဖြူဖြူတို့ ဒိုင်တွေက အသံကို အဓိက ကြည့်တယ်။ အသံကောင်းရမယ်။ အဆိုမှန်ရမယ်။ နောက်ပြီးတော့မှ စင်ပေါ်မှာ သူ ဘယ်လောက်အထိ လုပ်ပြနိုင်သလဲ။ ပရိသတ်တွေကို စိတ်လှုပ်ရှားအောင် ဘယ်လောက် ဖမ်းစားနိုင်သလဲ ဆိုတာကြည့်ပြီး ကျန်တဲ့အမှတ်တွေ ပေးပါတယ်” လို့ အိပ်မက်ဆုံရာ အစီအစဉ်မှာ ပြိုင်ပွဲဝင်များကို အကဲဖြတ် အမှတ်ပေးမှုနဲ့ ပတ်သက်ပြီး ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

အိပ်မက်ဆုံရာ အစီအစဉ်က တခြားသီချင်းဆို ပြိုင်ပွဲတွေနဲ့ မတူတဲ့အတွက် အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိကြောင်း၊ သီချင်းဆိုပြိုင်ပွဲ သက်သက်မဟုတ်ဘဲ ပြိုင်ပွဲဝင်တွေ ရဲ့ဝတ်စားဆင်ယင်မှု၊ Performance၊ အကအလှများနဲ့ ဖျော်ဖြေမှုပေးနိုင်ဖို့ ကြိုးစားထားတဲ့ အစီအစဉ်တစ်ခု ဖြစ်ကြောင်း၊ သီချင်း အမျိုးအစားစုံကို ယှဉ်ပြိုင်ရတဲ့ အတွက်လည်း ကိုယ်မသိသေးတဲ့ ဂီတအမျိုးအစားစုံကို ထိတွေ့ခွင့်ရစေကြောင်း၊ အားနည်းချက် အနေနဲ့ကတော့ ပြိုင်ပွဲကာလ နှစ်လအတွင်းမှာ ပြိုင်ပွဲဝင်တွေအနေနဲ့ လေ့ကျင့် ပြင်ဆင်မှု များစွာ ပြုလုပ်ရတဲ့အတွက် ဖိအားများ ရှိနိုင်သလို ပိုလည်း ပင်ပန်းကြောင်း ၎င်းကဆိုပါတယ်။

အိပ်မက်ဆုံရာ အစီအစဉ်မှာ ပြိုင်ပွဲဝင်တွေအပေါ် ဒိုင်တွေရဲ့အကဲဖြတ်မှုတွေက ပြိုင်ပွဲအတွင်းမှာသာမက ရှေ့ဆက်လျှောက် ရမယ့် ဂီတလမ်းခရီး အတွက်ပါ အကျိုးရှိစေကြောင်း၊ အကဲဖြတ် ဒိုင်များအပြင် Vocal Trainer တစ်ဦးဖြစ်တဲ့ ခိုင်မြဲသာရဲ့ သင်ကြားပြသမှု၊ ထောက်ပြ ဝေဖန်မှုတွေကလည်း ပြိုင်ပွဲဝင်များအတွက် အကျိုးကျေးဇူး များစေကြောင်း အိပ်မက်ဆုံရာ Season 1 ရဲ့ ပြိုင်ပွဲဝင် တစ်ဦးဖြစ်သူ အာကာက သူ့ရဲ့အမြင်ကို ပြောပါတယ်။

The Voice Weekly

RangonNewsDaily:: November . 1 .2013
များပြားလှသောသီချင်းဆို ပြိုင်ပွဲများအနက်ပရိသတ်များပုံမှန်စောင့်ကြည့်လေ့ရှိတဲ့ အိပ်မက်ဆုံရာ အစီအစဉ်
ရဲ့ Season 7 မှာ အကဲဖြတ် ဒိုင်တစ်ဦးအဖြစ် ဆောင်ရွက်နေ တဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းက ပြိုင်ပွဲဝင်များ
ကို အကဲဖြတ် အမှတ်ပေးတဲ့နေရာမှာ Performance ထက် အဆိုပညာကိုသာ အဓိက အကဲဖြတ်ပါတယ်လို The Voice ကိုပြောပါတယ်။

တရုတ်ပြည်က တင်သွင်းသော လျှပ်စစ်မီးပူများကတစ်ဆင့် ရုရှားကို ထောက်လှမ်းဟုဆို

Photo: တရုတ်ပြည်က တင်သွင်းသော လျှပ်စစ်မီးပူများကတစ်ဆင့် ရုရှားကို ထောက်လှမ်းဟုဆို
Friday, November 1, 2013

တရုတ်ပြည်ကတစ်ဆင့် ရုရှားနိုင်ငံအတွင်းသို့ တင်သွင်းလာသော လျှပ်စစ် မီးပူများတွင် မိုက်ခရိုဖုန်းများနှင့် ကြိုးမဲ့ဆက်သွယ်ရေးစနစ် Wi-Fi များကို တပ်ဆင် ထားသောကြောင့် ထောက်လှမ်းရန် စီစဉ်ထားသည်ဟု သံသယရှိကြောင်း နိုင်ငံတော်ပိုင် ရုပ်သံဌာန တစ်ခုဖြစ်သည့် Rossiya ရုပ်သံက ထုတ်လွှင့် ကြေညာလိုက်သည်။

ထိုအဝတ်မီးပူ များထဲတွင်ပါသည့် ကွန်ရက်များသည် ပေပေါင်း ၆၅၀ အတွင်းရှိ အခြားသော ကွန်ပျူတာများနှင့်လည်း ချိတ်ဆက်နိုင်စွမ်းရှိကာ ဗိုင်းရပ်စ်များ ထုတ်လွှတ်ခြင်း၊ ကူးစက်ခြင်း များကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း ယင်းသတင်းက ဆိုသည်။

နိုင်ငံတော်ပိုင် ရုပ်သံဌာန၏ ကြေညာချက်ကြောင့် ယခုအခါ ရောင်းချသည့် စတိုးဆိုင်ကြီးများတွင် အကာအကွယ်အတွက် ပြင်ဆင်နေကြရပြီး မိမိတို့ထံမှ ဒေတာ အချက်အလက်များ ခိုးယူမည်ကို လွန်စွာ စိုးရိမ်နေကြရသည်။

ထိုမီးပူများ မည်မျှပျံ့နှံ့နေပြီး မည်သည့် မီးပူများတွင် ထောက်လှမ်းရေး စနစ်များပါကြောင်း မသိရသေးသော်လည်း၊ ကြိုးမဲ့စနစ်နှင့် ဝင်ရောက် ထောက်လှမ်း နိုင်သောကြောင့် ဆက်သွယ်ရေး စနစ်များကို လုံခြုံစိတ်ချရစေရေးအတွက် Password ထားပြီး သုံးကြရန် တိုက်တွန်း နှိုးဆော်ထားသည်။

The Voice Weekly

RangonNewsDaily:: November . 1 .2013
တရုတ်ပြည်ကတစ်ဆင့် ရုရှားနိုင်ငံအတွင်းသို့ တင်သွင်းလာသော လျှပ်စစ် မီးပူများတွင် မိုက်ခရိုဖုန်းများနှင့် ကြိုးမဲ့ဆက်သွယ်ရေးစနစ် Wi-Fi များကို တပ်ဆင် ထားသောကြောင့် ထောက်လှမ်းရန် စီစဉ်ထားသည်ဟု သံသယရှိကြောင်း နိုင်ငံတော်ပိုင် ရုပ်သံဌာန တစ်ခုဖြစ်သည့် Rossiya ရုပ်သံက ထုတ်လွှင့် ကြေညာလိုက်သည်။

Bleeding gums ခေါ် သွားဖုံးသွေးယိုခြင်း အကြောင်းသိကောင်းစရာ