Pages

Thursday, July 9, 2015

DKBA နှင့် အစိုးရတပ် တိုက်ပွဲရပ်၍ အာရှလမ်းမ မနက်ဖြန် ပြန်ပွင့်ပြီ


RangonNewsDaily:: July . 9 .2015
ကရင်ပြည်နယ် ကော့ကရိတ်မြို့နှင့် မြ၀တီမြို့သို့ ဆက်သွယ်ထားသည့် အာရှလမ်းမကြီး (လမ်းသစ်လမ်း)နှင့် လမ်းဟောင်း (ဒေါန တောင်ပတ်လမ်း) ပေါ်တွင် တပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) တို့အကြား တိုက်ပွဲများရပ်တန့်သွားပြီ ဖြစ်၍ အာရှလမ်းမကြီးကို ဇူလိုင် ၁၀ ရက်မှ စ၍ နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ သွားလာခွင့်ရှိပြီဟု သတင်းရရှိသည်။