Pages

Saturday, August 10, 2013

အစိုးရနဲ့ ကျောင်းသားတပ်မတော် ငြိမ်းချမ်းရေး သဘောတူညီချက် ၁၂ ခု လက်မှတ်ရေးထိုး


RangonNewsDaily:: Aug 10, 2013
ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးအဖွဲ့ကို မတရားအသင်းကနေ ပယ်ဖျက်ရေးအတွက် ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဒီနေ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာကျင်းပတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကရရှိတဲ့ သဘောတူညီမှုအချက် ၁၂ ချက်မှာ ထည့်သွင်းလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဂျပန်နှင့် ပိုင်နက်အငြင်းပွားရေပြင်တွင် တရုတ်က အချိန်အကြာဆုံး ကင်းလှည့်

Photo: ဂျပန်နှင့် ပိုင်နက်အငြင်းပွားရေပြင်တွင် တရုတ်က အချိန်အကြာဆုံး ကင်းလှည့်
Saturday, August 10, 2013

တရုတ်ရေတပ် သင်္ဘောများသည် ဂျပန်တို့ ထိန်းချုပ်ထားသည့်နောက်ပိုင်း ရှင်ကာကူ ကျွန်းစုအနီးတွင် အချိန်အကြာဆုံး စံချိန်အနေဖြင့် (၂၈)နာရီကြာ ကင်းလှည့်မှု တစ်ခုကို ပြုလုပ်သွားခဲ့သည်။

ပိုင်နက် အငြင်းပွားနေသည့် ရေပြင်တွင် အချိန်အကြာဆုံး ကင်းလှည့်မှု တစ်ခုကို ပြုလုပ်ခြင်းဖြင့် တရုတ်က ဂျပန်၏ သည်းခံနိုင်စွမ်းကို အကဲစမ်းလိုက်ကြောင်း သိရှိရသည်။ တရုတ်ရေတပ် သင်္ဘောများသည် ဂျပန်တို့ ထိန်းချုပ်ထားသည့်နောက်ပိုင်း ရှင်ကာကူ ကျွန်းစုအနီးတွင် အချိန်အကြာဆုံး စံချိန်အနေဖြင့် (၂၈)နာရီကြာ ကင်းလှည့်မှု တစ်ခုကို ပြုလုပ်သွားခဲ့သည်။ အဆိုပါ ကျွန်းစုများသည် မိမိတို့ ပိုင်ဆိုင်ကြောင်း တရုတ်က အရေးဆိုထားပြီး တရုတ်ဘက်တွင် ဒိုင်အိုယူ ကျွန်းစုအဖြစ် အမည်သတ်မှတ်ထားသည်။ တရုတ်သည် တောင်တရုတ် ပင်လယ်အတွင်း ဖိလစ်ပိုင်နှင့် ပိုင်ဆိုင်ခွင့် အငြင်းပွားနေသော ပိုင်နက်ရေပြင်ကို ထိန်းချုပ်ခွင့် ရရှိခဲ့သည့်နောက် ဂျပန်နှင့် အရေးတွင်ပါ အရဲကိုးလာခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက ဆိုသည်။

စကာဘရိုး သောင်ခုံကျွန်းများ တည်ရှိရာ ရေပြင်ကို တရုတ်က ထိန်းချုပ်ခွင့် ရခဲ့သည့်နောက် ဂျပန်ရေတပ် ထိန်းချုပ်ထားသည့် ရေပြင်ကို တရုတ်၏ ဖွဲ့စည်းမှု သက်တမ်း မကြာလှသေးသည့် ကမ်းခြေစောင့် တပ်ဖွဲ့များက အချိန်ကြာကြာ ဝင်ရောက်လာခြင်း ဖြစ်သည်။ ကြာသပတေးနေ့တွင် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်သံအမတ်ထံသို့ ယခုလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း အသိပေးလိုက်သည်။ လေ့လာသူများက တရုတ်သမ္မတ ဇီကျင်ပင်း အနေဖြင့် ရေတပ်အင်အားကို တိုးမြှင့်ကာ ဒေသတွင်း ဩဇာသက်ရောက်မှုကို ဖြန့်ကျက်ရန် ကြိုးပမ်းနေခြင်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ဖစ်ရပ်နှစ်ခုက တော်တော်ဆင်တယ်လေဟု ဂျပန်နိုင်ငံ၊ တော်ဝင် ကာကွယ်ရေးနှင့် လုံခြုံရေး လေ့လာမှု ဌာန၏ တိုကျိုဗျူရိုမှ လေ့လာသူ ချိုင်ကီအေကီမိုတိုက မှတ်ချက်ပြုခဲ့သည်။ ၎င်းက ဖိလစ်ပိုင်နှင့် ဂျပန်နှစ်နိုင်ငံတို့အပေါ် တရုတ်ရေတပ်၏ ချဉ်းကပ်ပုံ ဆင်တူမှု ကို ထောက်ပြခဲ့ခြင်းလည်း ဖြစ်သည်။သူတို့ စိတ်ကူးက နည်းနည်းချင်း၊ နည်းနည်းချင်းစီ အကဲစမ်း ရှေ့တိုးလာဖို့ ဖြစ်လိမ့်မယ်။ တစ်ဖက်ကလည်း ဂျပန်က ဘယ်လိုများ တုံ့ပြန်မလဲ ဆိုတာကိုတော့ သူတို့ စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေမှာပါဟု အေကီမိုတိုက ဆိုသည်။ ဇွန်လအတွင်းက ဖိလစ်ပိုင်သည် မိမိတို့ ရေပိုင်နက်သို့ တရုတ်ရေတပ် သင်္ဘောများ အလုံးအရင်းဖြင့် ကင်းလှည့် ဝင်ရောက်မှုကို ကန့်ကွက်ကြောင်း ပြောဆိုခဲ့သေးသည်။

အဆိုပါ ကိစ္စအတွက် ဖိလစ်ပိုင်က အမေရိကန် ပြည်ထောင်စုကို ဇန်နဝါရီလ အတွင်းက အကူအညီ တောင်းခံခဲ့ဖူးသည်။ သို့သော်လည်း တရုတ်နှင့် ဖိလစ်ပိုင် တိုက်သင်္ဘောများ အပြန်အလှန် စောင်နေခဲ့သည့် ဖြစ်ရပ်များအပြီး တစ်နှစ်မျှအကြာ ယခုအချိန်တွင်မူ တရုတ်က စကာဘရိုးကို ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။ ယခုသီတင်းပတ် အတွင်းတွင် တရုတ်ကမ်းခြေစောင့် တပ်ဖွဲ့မှ တိုက်သင်္ဘော (၄)စင်းသည် ဂျပန်တို့ ထိန်းချုပ်ထားသည့် ကျွန်းစုများ ပတ်ဝန်းကျင်တွင် (၂၈)နာရီကြာ ခုတ်မောင်းနေခဲ့သည်။ ယင်းတို့သည် ဂျပန်ပိုင် မီနာမီကိုဂျီးမား ကျွန်းနှင့် (၅)ကီလိုမီတာမျှ အကွာထိ ရောက်ရှိခဲ့ကြောင်း ဂျပန်က စွပ်စွဲခဲ့သည်။

အဆိုပါ သင်္ဘောများသည် (၂၈)နာရီကြာ ကင်းလှည့်တာဝန် အပြီးနောက် ကြာသပတေးနေ့ နေ့လယ်ပိုင်းက ပြန်လည် ထွက်ခွာသွားသည်။ ရှင်ကာကူဟာ ဂျပန်ပိုင်နက် နယ်မြေပါ။ ဒါဟာ သမိုင်းကြောင်း အရရော၊ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေ အရပါ အမှန်တရား ဖြစ် ပါတယ်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုသည်။ ဂျပန်သည် ဒုတိယ ကမ္ဘာစစ်တွင် စစ်ရှုံးခဲ့သည့်နောက် (၂၀)ရာစု အစောပိုင်းက ၎င်းတို့ ကျူးကျော် သိမ်းပိုက်ထားသည့် ကျွန်းစုများ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး အငြင်းပွားစရာ အခြေအနေများ ကြုံခဲ့ရသည်။ လက်ရှိတွင် ရှင်ကာကူကျွန်း ပိုင်နက် ကိစ္စနှင့် ပတ်သက်၍ ဂျပန်နှင့် တရုတ်တို့ကြား တင်းမာမှုများ မြင့်တက်နေဆဲ ဖြစ်သည်။ အဆိုပါ နှစ်နိုင်ငံကြား ဆက်ဆံရေး အေးခဲမှုနှင့်အတူ ဇူလိုင်လတွင် ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချသည့် တရုတ် ကုန်စည်ပမာဏ (၂)ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: Aug 10, 2013

တရုတ်ရေတပ် သင်္ဘောများသည် ဂျပန်တို့ ထိန်းချုပ်ထားသည့်နောက်ပိုင်း ရှင်ကာကူ ကျွန်းစုအနီးတွင် အချိန်အကြာဆုံး စံချိန်အနေဖြင့် (၂၈)နာရီကြာ ကင်းလှည့်မှု တစ်ခုကို ပြုလုပ်သွားခဲ့သည်။

အလုပ်ဖိအားများကြောင့် ဟယ်လီဘယ်ရီ စိတ်ရောဂါကု ဆရာဝန်နှင့် တိုင်ပင်ခဲ့ရ

Photo: အလုပ်ဖိအားများကြောင့် ဟယ်လီဘယ်ရီ စိတ်ရောဂါကု ဆရာဝန်နှင့် တိုင်ပင်ခဲ့ရ
Saturday, August 10, 2013

James Bond ဇာတ်ဆောင်ဟောင်း မင်းသမီးသည် မိမိ၏ အနုပညာ လုပ်ငန်းများတွင် ဖိအားများလွန်းပြီး ယင်းအတွက် စိတ်ထွက်ပေါက် လိုအပ်နေသည်ဟု ဝန်ခံထားသည်

အလုပ်တွင် ဖိအားများလွန်းသဖြင့် ဟယ်လီဘယ်ရီတစ်ယောက် စိတ်ရောဂါ အထူးကု ဆရာဝန် တစ်ဦးနှင့်ပါ တိုင်ပင် အကြံယူခဲ့ရကြောင်း သိရှိရသည်။ James Bond ဇာတ်ဆောင်ဟောင်း မင်းသမီးသည် မိမိ၏ အနုပညာ လုပ်ငန်းများတွင် ဖိအားများလွန်းပြီး ယင်းအတွက် စိတ်ထွက်ပေါက် လိုအပ်နေသည်ဟု ဝန်ခံထားသည်။ အသက်(၄၆)နှစ်ရှိ ဟယ်လီသည် ချစ်သူဟောင်း ဂါဘရီရယ်လ် အော်ဘရီနှင့် ရခဲ့သည့် (၅)နှစ်အရွယ် သမီးလေး နာလာအတွက်လည်း အချိန်ပေးနေရသူ ဖြစ်သည်။ သူမသည် ယခုလက်ရှီ ခင်ပွန်းဖြစ်သူ အိုလီဗီယာ မာတီနက်ဇ်နှင့်လည်း သားဦးလေး ရရှိရန် မျှော်လင့်နေသည်။ သူမက တစ်ခါတစ်ရံတွင် ရိုက်ကွင်းများမှ ဖိအားသည် သူမအတွက် အတွေးအခေါ်ပိုင်းမှအစ လမ်းကြောင်း ချော်ထွက်သွားလောက်အောင် ပြင်း ထန်တတ်ကြောင်း ဖွင့်ဟခဲ့သည်။

ကျွန်မအဖေက အရက်သမားတစ်ယောက် ဖြစ်ခဲ့တယ်။ လူတိုင်းကို အနိုင်ကျင့်တတ်တဲ့သူ တစ်ယောက်ပါ။ ကျွန်မရဲ့ အမေက ကျွန်မအနေနဲ့ ဘက်မလိုက်ဘဲ အကြံပေးတတ်တဲ့ လူတစ်ယောက်ကို ရင်ဖွင့်ဖို့ ငယ်ငယ်ကတည်းက ဘယ်လောက် လိုအပ်ခဲ့တယ် ဆိုတာကို နားလည်စေခဲ့တယ်။ ကျွန်မအနေနဲ့ ခံစားချက်တွေ၊ စိတ်ထွေပြားမှုတွေကို ဘယ်လို ထိန်းချုပ်ရမယ် ဆိုတာကို ကူညီလမ်းပြခဲ့တယ်လေ"ဟု သူမက Total Film မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ ဟယ်လီက ကျွန်မ စိတ်ဖိစီးမှုတွေ ကြုံရလွန်းတဲ့အခါ စိတ်ပညာ ဆရာဝန် တစ်ယောက်ကို ဖုန်းခေါ်တယ်။ ပြီးတော့ သူနဲ့အတူ ဆွေးနွေးဖို့ အချိန်ယူတယ်။ ကျွန်မရဲ့ အလုပ်အကိုင် နယ်ပယ်မှာ ခံစားရတာတွေကို ဖွင့်ဟတယ်။ နောက် တစ်ချက်က ကျွန်မ သမထကျင့်စဉ် တရားထိုင်တာတွေ အများကြီး လုပ်ဖြစ်တယ်။ ကျွန်မတို့ရဲ့ စိတ်ဟာ တကယ့်ကို စွမ်းအားကြီးပါတယ်။ အရာတိုင်းကို ကျွန်မတို့ ဘယ်လိုရှုမြင်တယ် ဆိုတာကို ထိန်းချုပ်နိုင်ဖို့ လိုပါတယ်ဟုလည်း မှတ်ချက်ပြုခဲ့သည်။

သူမက မီးမဖွားမီ ရိုက်ကွင်းများမှ အနားယူနေသော်လည်း မြန်နိုင် သမျှမြန်မြန် အနုပညာ လုပ်ငန်းများ ပြန်လည် စတင်ရန် မျှော်လင့်ကြောင်း လည်း ဖွင့်ဟခဲ့သည်။ ကျွန်မအနေနဲ့ အလုပ်တွေကို ဘဝရဲ့ အပိုင်းတစ်ခုအဖြစ် ချန်ထားဖို့တော့ လိုအပ်နေပါပြီ။ အိမ်ကို ပြန်လာ တဲ့အချိန် ကျွန်မမှာ ကိုယ်ပိုင်ဘဝပဲ တသီးတခြား ရှိသင့်သွားပြီ။ အထူးသဖြင့် ကျွန်မတို့မှာ ကလေးတွေ ရှိလာတဲ့အခါပေါ့။ အိမ်ကိုပြန်လာရင် ကျွန်မဟာ အမေတစ်ယောက်ပဲ ဖြစ်ရပါမယ်။ ပြီးတော့ အိမ်ကနေ အလုပ်ခွင်ကို ထွက်သွားချိန်ထိလည်း အဲဒီအတိုင်း ဖြစ်နေရမယ်လေဟု ဟယ်လီက ဖွင့်ဟသွားသည်။

Planet Myanmar Network

RangonNewsDaily:: Aug 10, 2013

James Bond ဇာတ်ဆောင်ဟောင်း မင်းသမီးသည် မိမိ၏ အနုပညာ လုပ်ငန်းများတွင် ဖိအားများလွန်းပြီး ယင်းအတွက် စိတ်ထွက်ပေါက် လိုအပ်နေသည်ဟု ဝန်ခံထားသည်

ကမ္ဘာ့ပြေးခုန်ပစ် ပြိုင်ပွဲတွေ မော်စကိုမှာ စတင်

Photo: ကမ္ဘာ့ပြေးခုန်ပစ် ပြိုင်ပွဲတွေ မော်စကိုမှာ စတင်
Saturday, August 10, 2013

ကမ္ဘာ့ပြေးခုန်ပစ် ပြိုင်ပွဲတွေကို ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ စတင် ဖွင့်လှစ်ခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့တလွှား နိုင်ငံပေါင်း ၂၀ဝ ကျော်က အားကစား သမား ၂ ထောင်လောက် ပါဝင်ယှဉ်ပြိုင်နေကြပါတယ်။

ရုရှားမှာ အခုလို ပွဲကြီး သုံးပွဲ ကျင်းပဖို့ ရှိရာ ဒီပွဲ ပြီးရင်တော့ ဆောင်းရာသီ အိုလံပစ်နဲ့ ၂၀၁၈ မှာတော့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပဖို့ရှိပါတယ်။

ဒီကနေ့ နှောင်းပိုင်းမှာတော့ ဂျမေကာ ကမ္ဘာ့ အမြန်ဆုံး လူသား တာတို အပြေးသမား ယူစိတ် ဘုတ်ဟာ မီတာ ၁၀ဝ ပြေးပွဲ အတွက် စတင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

BBC

RangonNewsDaily:: Aug 10, 2013

ကမ္ဘာ့ပြေးခုန်ပစ် ပြိုင်ပွဲတွေကို ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ စတင် ဖွင့်လှစ်ခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့တလွှား နိုင်ငံပေါင်း ၂၀ဝ ကျော်က အားကစား သမား ၂ ထောင်လောက် ပါဝင်ယှဉ်ပြိုင်နေကြပါတယ်။

လန်ခရူဆာယာဉ် ရေမြောင်းထဲပြုတ်ကျ၊ သုံးဦးရေနစ်သေဆုံး

RangonNewsDaily:: Aug 10, 2013

ရခိုင်ပြည်နယ် မင်းပြား-ပေါက်တော လမ်းမကြီးပေါ်တွင် သြဂုတ်လ ၈ ရက်နေ့က တိုယိုတာလန်ခရူဆာ အမျိုးအစား ယာဉ်တစ်စီးသည် အရှိန်လွန်ကာ လမ်းဘေးရှိ ရေမြောင်းကြီးထဲ ပြုတ်ကျခဲ့ရာ ယာဉ်ပေါ်တွင် ပါလာသော လူသုံးဦး ရေနစ်သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

The big show in bag (3) ပြုလုပ်တော့မယ့် ကျားပေါက်

Photo: The big show in bag (3) ပြုလုပ်တော့မယ့် ကျားပေါက်
 Saturday, August 10, 2013

ကျားပေါက်တို့ Blood Sugar Politik အဖွဲ့က ဇူလိုင်လထဲမှာ ဗီယက် နမ်ကို ဒုတိယအကြိမ် သွားရောက်ဖျော်ဖြေခဲ့ကြပြီး ဒီတစ်ခေါက်မှာတော့ ရိုက်ကူးရေးနဲ့ ရုပ်သံထုတ်လွှင့်မှုအပိုင်းတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါ တယ်။ 

ကျားပေါက်က Blood Sugar Politik အနေနဲ့ ဖျော်ဖြေ ပွဲတွေ တောက် လျှောက် လုပ်နေပေမယ့် Big Bag အနေနဲ့လည်း မနားတမ်း လှုပ်ရှားနေပါတယ်။ ကျားပေါက်တို့ Big Bag ရဲ့ The Big Show in Bag (3) ကိုတော့ စက် တင်ဘာလ ၂၁ ရက်၊ ကန်တော်ကြီး မျှော်စင်ကျွန်း မှာ ပြုလုပ်တော့ မှာဖြစ်ပါ တယ်။ ဒီတစ်ခေါက် ရှိုးကို စတိတ် စင် နှစ်ခု နဲ့ ဖျော်ဖြေပွဲကို ကျင်းပမှာဖြစ်ပြီး Unplugged စတိုင် လည်းဖျော်ဖြေ မှာဖြစ်ကြောင်းကို ကျားပေါက်က .. 

"ကျွန်တော်က Unplugged နဲ့ အရင်စဖွင့်ချင်တာ။ ပရိသတ်က ကျွန်တော့်ပွဲ ဆိုရင် ဝုန်းဒိုင်းကြဲချင် စိတ်လည်း ရှိမယ် ထင်တာကြောင့် ပထမပိုင်းကို ဝိုင်းစုံနဲ့အရင်စမယ်။ ပြီးတော့မှ ဒုတိယပိုင်းကို ပရိသတ် ကြားမှာ ထိုးထား တဲ့ Unplugged စင်ကို သွားပြီး Unplugged စတိုင်ဆိုမယ်" လို့ ကျားပေါက် ကပြောပါတယ်။ 

ကျားပေါက်တို့ Big Bag ရဲ့ပွဲမှာတော့ S.I.R က ရော့ခ် အဖွဲ့တွေကလည်း ပါဝင် ဖျော်ဖြေကြ မှာ ဖြစ်ပြီး သီချင်းများကို အပြန် အလှန် လဲလှယ် သီဆိုကြဖို့ အစီအစဉ်ရှိ ကြောင်းလည်း သိရပါတယ်။ The Big Show in Bag (1) ကတော့ အလွန် အောင်မြင်ခဲ့တဲ့ ပွဲတစ်ပွဲဖြစ် ခဲ့ပြီး မြန်မာတစ်ပြည်လုံး အတိုင်း အတာနဲ့ အောင်မြင်ခဲ့တဲ့ ဒုတိယ ရှိုးပွဲကတော့ အရင်ပွဲလောက် ပျံ့နှံ့မှု မရှိခဲ့ဘဲ အခုတစ်ခေါက်ပွဲကိုတော့ ကျားပေါက်က တော်တော်ကြီးကို အားခဲထားတယ်လို့လည်း ပြောပါတယ်။

"ဒီတစ်ခေါက်လုပ်ရတာ ပိုပြီး အားရှိတယ်။ ပထမဆုံး ပွဲတုန်းက အဖေ၊ အမေတို့ရော၊ နောက်ပြီး ဆေးကျောင်းက သူငယ်ချင်းတွေရော ရှိကြတော့ အားလုံး ဝိုင်းပြီးလုပ်ပေး ကြတယ်။ ဒုတိယ တစ်ခေါက်က ကျွန် တော်တို့ ကိုယ်တိုင် စီစဉ်သူတွေနဲ့ အကုန် Run ရတာဖြစ်တဲ့ အတွက် နည်းနည်း ခက်ခဲတယ်။ ဒီတစ်ခေါက်ကတော့ အုပ်စုတောင့်တယ်။ 

လုပ်ရ ကိုင်ရတာ ပိုပြီးအဆင်ပြေပါ တယ်။ Unplugged အတွက်လည်း ပစ္စည်းတွေအားလုံး ဝယ်ပြီးပြီ။ နောက်ပြီး Unplugged အတွက် Additional Player ၂ ယောက် လည်း ခေါ် ထားတယ်။ သူတို့က အပြင်က သူငယ်ချင်းတွေ" လို့ပြောတဲ့ ကျားပေါက်က Unplugged လုပ်ဖို့အတွက် အာသီ သပြင်းပြနေပြီး ပရိသတ် ဘက်ကိုလည်း ပြန်ကြည့် ရတယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ Unplugged လုပ်ရတာ တော်တော်လေး စွန့် စားရတယ်။ ကျွန် တော် တို့မြူးဇစ် နဲ့ ကျတော့တော်တော်လေး ပရိ သတ် ကို ပြန် ကြည့်ရတယ်။ အသက်တွေကြီး လာတဲ့အ ချိန်ကျရင်တော့ Full Unplugged လုပ်ဖြစ်မယ် ထင်တယ်။ ကျွန်တော်တို့က ပရိသတ်ကို ဘာလုပ်ပြချင်လဲ ဆို တော့ ကျွန်တော်တို့ အိမ်မှာ သူငယ်ချင်းတွေ စုပြီး ပါတီလုပ်တယ်။ အုတ်ခုံ ပေါ်မှာ သာမန် ရိုးရိုး ဂစ်တာနဲ့အား လုံး ဝိုင်း ဖွဲ့ပြီး တီးကြဆို ကြတယ်။အဲဒီအ ပြင်က ဘဝရဲ့ မု(ဒ်) လေးကိုပြချင် တာ။

အဲဒါကြောင့်အကူ ခေါ် တာတောင် အပြင်ကဘော် ဒါတွေ ပဲခေါ်ထားတာ။ စင်ပေါ်မှာအီလက်ထရစ်ဂစ်တာတွေနဲ့ချည်း။ကျွန်တော်တို့ကဝုန်းဒိုင်းကြဲနေတာမဟုတ်ဘူး ဆိုတာလည်းပြချင်တယ်။ အပြင်မှာထိုင်တီးတဲ့ အရသာ မျိုး ပေးချင်တာ။ပျော်ဖို့ကောင်းမှာပါ" လို့ဆိုပါတယ်။ 

ရဲရဲ
Popular Journal

RangonNewsDaily:: Aug 10, 2013

ကျားပေါက်တို့ Blood Sugar Politik အဖွဲ့က ဇူလိုင်လထဲမှာ ဗီယက် နမ်ကို ဒုတိယအကြိမ် သွားရောက်ဖျော်ဖြေခဲ့ကြပြီး ဒီတစ်ခေါက်မှာတော့ ရိုက်ကူးရေးနဲ့ ရုပ်သံထုတ်လွှင့်မှုအပိုင်းတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါ တယ်။

ယနေ့ သြဂုတ်လ ၁၀ ရက်နေ့ဟာ သရုပ်ဆောင် သီရိရှင်းသန့် ရဲ့မွေးနေ့ဖြစ်

Photo: Saturday, August 10, 2013

ယနေ့ သြဂုတ်လ ၁၀ ရက်နေ့ဟာ သရုပ်ဆောင် သီရိရှင်းသန့် ရဲ့မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ပြီး အနုပညာဖြင့် လူမှုကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ပေါ်ပြူလာဂျာနယ်မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Popular Journal

Saturday, August 10, 2013

ယနေ့ သြဂုတ်လ ၁၀ ရက်နေ့ဟာ သရုပ်ဆောင် သီရိရှင်းသန့် ရဲ့မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့မှစပြီး နောင်
နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ပြီး အနုပညာဖြင့် လူမှုကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်ပါ
စေလို့ ရန်ကုန်နယူးဒေလီးစ်မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အမျိုးသမီး အားကစားသမား ၁၀ဦးတွင် ရှာရာပိုဗာက ထိပ်ဆုံးမှာ ရှိ

Photo: ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အမျိုးသမီး အားကစားသမား ၁၀ဦးတွင် ရှာရာပိုဗာက ထိပ်ဆုံးမှာ ရှိ
Saturday, August 10, 2013

အမေရိကန် စီးပွားရေး စစ်တမ်း ကုမ္ပဏီ Forbesမှ နှစ်စဉ် ထုတ်ပြန်နေကျဖြစ်သော တစ်နှစ်တာ ဝင်ငွေ အကောင်းဆုံး အားကစားသမားများထဲမှ အမျိုးသမီး အားကစားသမားများ၏ ဝင်ငွေစာရင်းကို ကြေညာခဲ့ရာတွင် ရုရှားတင်းနစ်မယ် ရှာရာပိုဗာက စုစုပေါင်း အသားတင် ဝင်ငွေပေါင်း ၁၈ ဒဿမ ၆သန်းဖြင့် ထိပ်ဆုံးမှ ရှိနေသည်ဟု သိရသည်။ 

အမျိုးသား အားကစားသမားများထဲမှ တစ်နှစ်တာ ဝင်ငွေ အကောင်းဆုံးမှာ ဂေါက်သီးအားကစားသမား တိုက်ဂါးဝုဒ်ဖြစ်ပြီး ပေါင်သန်း ၅၀အထိ ရှိခဲ့သည်ဟု ဆိုသည်။ ဝင်ငွေ အကောင်းဆုံး အမျိုးသမီး အားကစားသမား ၁၀ဦးစာရင်းတွင် ဂရင်းစလင်း ချန်ပီယံဆုလေးဆုရှင် ရှာရာပိုဗာ အပါအဝင်ဆိုလျှင် တင်းနစ်မယ် ခုနှစ်ဦးအထိ ပါဝင်ကြသည်ဟု သိရသည်။ ကျန်သုံးဦးမှာ NASCAR ပြိုင်ကားမောင်းမယ် ဒန်နီကာ ပက်ထရစ်၊ ရေခဲပြင်စကိတ် အလှစီးမယ် ကိုရီးယားသူ ကင်ယုနာနှင့် ဂေါက်သီး အကျော်အမော် ပေါ်လာခရင်မ်တို့ ဖြစ်ကြသည်။ 

ဝင်ငွေစာရင်းကို တွက်ချက်ရာတွင် ပြိုင်ပွဲများမှ ရရှိသော ဆုကြေးများနှင့် ကြော်ငြာကိုယ်စားလှယ်အဖြစ် ရရှိသည့် ငွေများကိုပါ ထည့်သွင်းတွက်ချက်ထားခြင်း ဖြစ်သည်။ တင်းနစ်ပြိုင်ပွဲ၏ ဂရင်းစလင်းပွဲစဉ်ကြီးများတွင် ချန်ပီယံဆုကြေးမှာ အမျိုးသားနှင့် အမျိုးသမီးကြား ခြားနားချက် သိပ်မရှိပဲ အခြား အားကစားနည်းများတွင်မူ အမျိုးသမီးများမှာ အမျိုးသားများ ရရှိသော ဆုကြေးနှင့် ကွာဟနိမ့်ကျလျက် ရှိကြောင်း သိရသည်။ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အမျိုးသမီး အားကစားသမား ၁၀ဦးကို အဆင့်လိုက် တင်ပြထားပါသည်။ 

1.	မာရီယာ ရှာရာပိုဗာ
စုစုပေါင်းဝင်ငွေ ပေါင် ၁၈ ဒဿမ ၆သန်း
ဆုကြေးပေါင်း ပေါင် ၃ ဒဿမ ၈သန်း
ကြော်ငြာဝင်ငွေ ပေါင် ၁၄ ဒဿမ ၈သန်း
အသက် (၂၆)နှစ် ရှိပြီဖြစ်သော ရှာရာပိုဗာသည် ပြီးခဲ့သည့်နှစ်အတွင်း ပြိုင်ပွဲများ၌ အကောင်းဆုံး စွမ်းဆောင်နိုင်သည့် အဆင့်မရှိခဲ့ပေ။ ကစားသမား ဘဝတစ်လျှောက် ပြိုင်ပွဲများမှ ရရှိသည့် ဆုကြေးပေါင်းမှာ ပေါင် ၁၇ ဒဿမ ၂သန်းသာ ရှိသော်လည်း ကြော်ငြာစပွန်ဆာများမှ ဝင်ငွေကြောင့် အဆင့်တစ်နေရာ ရခဲ့ခြင်း ဖြစ်သည်။

2.	ဆီရီနာဝီလျှံ
စုစုပေါင်းဝင်ငွေ ပေါင် ၁၃ ဒဿမ ၂သန်း
ဆုကြေးပေါင်း ပေါင် ၅ ဒဿမ ၄သန်း
ကြော်ငြာဝင်ငွေ ပေါင် ၇ ဒဿမ ၈သန်း
ယမန်နှစ်က ဝင်ဘယ်လ်ဒန် အိုးပင်း၌ ချန်ပီယံဖြစ်ခဲ့ပြီးနောက် အသက် (၃၁)နှစ် အရွယ်နှင့် အသက် အကြီးဆုံး ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ်အဖြစ် စံချိန်တင်ထားသူ ဆီရီနာမှာ တစ်ဦးချင်း အကောင်းဆုံး တင်းနစ်မယ်လည်း ဖြစ်ကာ Nike, Willson, Gatoradeတို့မှလည်း စပွန်ဆာများ ရရှိထားသူ ဖြစ်သည်။ 

3.	လီန
စုစုပေါင်းဝင်ငွေ ပေါင် ၁၁ ဒဿမ ၇သန်း
ဆုကြေးပေါင်း ပေါင် ၂သန်း
ကြော်ငြာဝင်ငွေ ပေါင် ၉ ဒဿမ ၇သန်း
၂၀၁၁တွင် WTA တင်းနစ်လောကသို့ စတင် ဝင်ရောက်လာပြီးနောက် ပြင်သစ်အိုးပင်း ချန်ပီယံဆုရသလို ဂရင်းစလင်း ဗိုလ်လုပွဲကြီး နှစ်ကြိမ်ရောက်ခဲ့သူလည်း ဖြစ်သည်။ ရိုလန်ဂါးရို့စ်တွင် ဗိုလ်စွဲခဲ့ပြီးနောက် ပထမဆုံး မေးဂျာချန်ပီယံဆုရှင် အာရှသူ (၃၁)နှစ်အရွယ် တရုတ်တင်းနစ်မယ် လီနတွင်လည်း စပွန်ဆာများစွာ ရှိသည်။ 

4.	ဗစ်တိုးရီးယားအဇာရန်ကာ
စုစုပေါင်းဝင်ငွေ ပေါင် ၁၀ ဒဿမ ၁သန်း
ဆုကြေးပေါင်း ပေါင် ၄ ဒဿမ ၃သန်း
ကြော်ငြာဝင်ငွေ ပေါင် ၅ ဒဿမ ၈သန်း
အသက် (၂၄)နှစ်အရွယ် ကမ္ဘာ့အဆင့်နှစ် တင်းနစ်မယ် ဘီလာရုစ်သူ အဇာရန်ကာမှာ မနှစ်က တစ်နှစ်ထဲတွင် ဆုကြေးပေါင် ၅သန်း ရရှိခဲ့သည်။ ထိုပမာဏမှာ အမျိုးသမီး အားကစား လောကထဲတွင် တစ်နှစ်အတွင်း အများဆုံး ရရှိသော ဆုကြေးလည်း ဖြစ်သည်။ Nike, Willson, American Expressတို့မှ စပွန်ဆာများ ရထားသူ ဖြစ်သည်။ 

5.	ဒန်နီကာပက်ထရစ်
စုစုပေါင်းဝင်ငွေ ပေါင် ၉ ဒဿမ ၇သန်း
ဆုကြေးပေါင်း ပေါင် ၃ ဒဿမ ၈သန်း
ကြော်ငြာဝင်ငွေ ပေါင် ၅ ဒဿမ ၉သန်း
သူမက တင်းနစ်မယ် မဟုတ်သော်လည်း ကမ္ဘာကျော်သူဖြစ်ပြီး ဒန်နီကာမှာ ၂၀၀၅ခုနှစ်က Indy Car စီးရီးကား ပြိုင်ပွဲ၌ ပထမဆုံး အမျိုးသမီး ပြိုင်ကားမောင်းသူအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်သည်။ (၃၁)နှစ်အရွယ် အမေရိကန်သူ ဒန်နီကာကို GoDaddyမှ စပွန်ဆာပေးထားပြီး သူမက F-1 ကား ပြိုင်ပွဲသို့ ဝင်ရောက်လာဖွယ် ရှိသည်။ 

6.	ကင်ယုနာ
စုစုပေါင်းဝင်ငွေ ပေါင် ၉သန်း
ဖေဖော်ဝါရီလက ဒုတိယအကြိမ်မြောက်အဖြစ် ကမ္ဘာ့ချန်ပီယံရှစ် ရေခဲပြင် စကိတ်အလှစီး ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် (၂၂)နှစ်အရွယ် တောင်ကိုရီးယားသူ ကင်ယုနာမှာ လာမည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင် ထွန်းတောက်လာဦးမည့် ကြယ်ပွင့်တစ်လက် ဖြစ်သည်။ Samsungနှင့် Korean Airမှ သူမကို စပွန်ဆာ ပေးထားသည်။ 

7.	ဝေါ့ဇနီယာစကီး
စုစုပေါင်းဝင်ငွေ ပေါင် ၈ ဒဿမ ၇သန်း
ဆုကြေးပေါင်း ပေါင် ၁ ဒဿမ ၆သန်း
ကြော်ငြာဝင်ငွေ ပေါင် ၇ ဒဿမ ၁သန်း
ယခုနှစ်တွင် သူမ၏ တင်းနစ်ပြိုင်ပွဲ ရလာဒ်များမှာ မကောင်းမွန်ခဲ့ပဲ ဂရင်းစလင်း ပြိုင်ပွဲကြီးများတွင်လည်း စောစီးစွာ ထွက်ခဲ့ရကာ ကမ္ဘာ့အဆင့် (၁၀)အောက်သို့ ရောက်ခဲ့သူလည်း ဖြစ်သည်။ (၂၃)နှစ်အရွယ် ဒိန်းမတ်သူ ဝေါ့ဇနီယာစကီးကို Adidasနှင့် Rolexတို့မှ စပွန်ဆာ ပေးထားသည်။ လက်ရှိ၌ ဂေါက်သီးသမား မက်အီရွိုင်းနှင့် ချစ်ကြိုက်နေသည်။

8.	ရက်ဒ်ဝန်စကာ 
စုစုပေါင်းဝင်ငွေ ပေါင် ၄ ဒဿမ ၇သန်း
ဆုကြေးပေါင်း ပေါင် ၃ ဒဿမ ၁သန်း
ကြော်ငြာဝင်ငွေ ပေါင် ၁ ဒဿမ ၆သန်း
မနှစ်က ဝင်ဘယ်လ်ဒန်အိုးပင်း ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သော ကမ္ဘာ့အဆင့်လေး ပိုလန်သူ တင်းနစ်မယ် ဖြစ်သည်။ မနှစ်က ESPN မဂ္ဂဇင်းတွင် ကိုယ်လုံးတီး ဓာတ်ပုံ အရိုက်ခံခဲ့ပြီး နှစ်နှစ်ဆက် WTA ပရိသတ်အကြိုက်ဆုံး ကစားသမားဆု ရခဲ့ပြီး Lottoမှ စပွန်ဆာ ပေးထားသည်။ 

9.	အန်နာအီဗန်နိုဗစ်
စုစုပေါင်းဝင်ငွေ ပေါင် ၄ ဒဿမ ၅သန်း
ဆုကြေးပေါင်း ပေါင် ၆၄၄၀၀၀
ကြော်ငြာဝင်ငွေ ပေါင် ၃ ဒဿမ ၈သန်း
၂၀၀၈ခုနှစ်၊ ပြင်သစ်အိုးပင်း ချန်ပီယံဆု ရခဲ့ပြီး နောက်ပိုင်းတွင် Adidas၏ ရာသက်ပန် စပွန်ဆာပေးခြင်း ခံခဲ့ရသော ဆာဘီးယားတင်းနစ်မယ် အီဗန်နိုဗစ်မှာ ပြင်သစ်အိုးပင်း ချန်ပီယံဆု ရပြီးနောက် အမြင့်ဆုံးဆို၍ ၂၀၁၂ ယူအက်စ်အိုးပင်း ကွာတားဖိုင်နယ်သို့သာ တက်နိုင်ခဲ့သည်။ Yonexနှင့် Juice Plusတို့မှ စပွန်ဆာ ပေးထားသည်။ 

10.	ပေါ်လာခရင်မာ
စုစုပေါင်းဝင်ငွေ ပေါင် ၃ ဒဿမ ၅သန်း 
ဆုကြေးပေါင်း ပေါင် ၆၄၄၀၀၀
ကြော်ငြာဝင်ငွေ ပေါင် ၂ ဒဿမ ၉သန်း ပြေပြစ်ချောမောသော ရုပ်ရှည်နှင့် ပန်းရောင် ဝတ်စားဆင်ယင်မှု ဖက်ရှင်ကို အများအားဖြင့် ဝတ်ဆင်သဖြင့် ပန်းရောင်ဘုရင်မဟု ခေါ်ဝေါ်ခြင်း ခံရသော ၂၇နှစ်အရွယ် အမေရိကန် ဂေါက်သီးမယ် ပေါ်လာခရင်မာသည် ၂၀၁၀တွင် ယူအက်စ် အိုးပင်၌ ဗိုလ်စွဲပြီးနောက် အောင်ပွဲ ထပ်မရတော့ သော်လည်း ပေါ်ပြူလာဖြစ်နေဆဲသူ တစ်ဦးဖြစ်သည်။ 

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အမျိုးသမီး အားကစားသမားတွေ ဖြစ်ပြီးတော့ ရုပ်ရည်ချောမောတဲ့ သူတွေလည်း ဖြစ်ပါတယ်။ ဆီရီနာကတော့ မဟူရာမင်းသမိးလေးပေါ့လေ။ ဒီအထဲမှာ နံပါတ် (၇) ဝေါ့ဇနီယာစကီးကတော့ အတွဲရှိတယ်လို့ ဖော်ပြထားတယ်။ ဒီတော့ ကျန်တဲ့သူတွေ အတွဲမရှိဘူးဆိုရင်တော့ ကိုကို ကာလသားတို့ ချိန်လို့ ရတာပေါ့။ တင်းနစ်မယ်တွေက လက်သံပြင်းတော့ သတိထားပြီးတော့ ချဉ်းကပ်ရလိမ့်မယ်နော်။ 

Source: The Standard Time Daily
Myanmar ICT
http://www.ict.com.mm/news/sharapova-standing-first-out-of-10-the-worlds-richest-female-player/

RangonNewsDaily:: Aug 10, 2013

အမေရိကန် စီးပွားရေး စစ်တမ်း ကုမ္ပဏီ Forbesမှ နှစ်စဉ် ထုတ်ပြန်နေကျဖြစ်သော တစ်နှစ်တာ ဝင်ငွေ အကောင်းဆုံး အားကစားသမားများထဲမှ အမျိုးသမီး အားကစားသမားများ၏ ဝင်ငွေစာရင်းကို ကြေညာခဲ့ရာတွင် ရုရှားတင်းနစ်မယ် ရှာရာပိုဗာက စုစုပေါင်း အသားတင် ဝင်ငွေပေါင်း ၁၈ ဒဿမ ၆သန်းဖြင့် ထိပ်ဆုံးမှ ရှိနေသည်ဟု သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တာနား မြန်မာပြည် လာမည်

RangonNewsDaily:: Aug 10, 2013

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တာနားဟာ မြန်မာနိုင်ငံကို မနက်ဖြန် သြဂုတ်လ ၁၁ ရက်နေ့မှာ လာရောက်မှာ ဖြစ်ပါတယ်။

လှည်းတန်းစင်တာအနီး တိုက်ခန်းတစ်ခုမှ မိန်းကလေးတစ်ဦး ခုန်ချရန်ကြိုးစား


IMG0356A

RangonNewsDaily:: Aug 10, 2013
သြဂုတ်လ ၁၀ ရက်နေ့၊ ညနေ ၃းooနာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ် လှည်းတန်း
စင်တာ အနောက်ဘက်ရှိအေးငြိမ်းသာဆေးခန်း၏ အပေါ်ထပ်ခြောက်လွှာမှ ဆယ်ကျော် သက်ဝန်းကျင်အ
ရွယ်မိန်းကလေးတစ်ဦးတိုက်ပေါ်မှခုန်ချရန်ကြိုးစားခဲ့ရာ တာဝန်ရှိသူများမှအချိန်မှီကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ 

အမျိုးသမီးအယောက် ရာပေါင်းများစွာရဲ့ စကပ်အပေါ်ပိုင်း ဗွီဒီယိုမှတ်တမ်းများ ရိုက်ခဲ့သူ


RangonNewsDaily:: Aug 10, 2013

စင်္ကာပူနိုင်ငံရှိ ကုန်းလမ်းပို့ဆောင်ရေးမှ အင်ဂျင်နီယာတစ်ဦးသည် အမျိုးသမီးအယောက် ရာပေါင်းများစွာရဲ့ စကပ်အပေါ်ပိုင်း ဗွီဒီယိုမှတ်တမ်းများ ရိုက်ခဲ့သောကြောင့် အမှုပေါင်း ၄၂၃မှုတွင် အပြစ်ရှိကြောင်း တရားရုံး ၁၁ခုက ပြီးခဲ့သည့် အင်္ဂါနေ့တွင် ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။

" ဘုရားပေါ် ဖိနပ်မစီးရ " သမိုင်း


RangonNewsDaily:: Aug 10, 2013
မြန်မာနိုင်ငံကို ကိုလိုနီအင်္ဂလိပ်တွေ အုပ်စိုးတုန်းက ဘုရား၊စေတီ တွေပေါ် တက်ရင်သူတို့ ဖိနပ်စီးလို့ရပါတယ်။ ဘုရားပေါ်မှာ သည်လိုမျိုး စာတန်း ထိုးတာပါ “ ဥရောပနှင့် အမေရိကန် လူမျိုးမှအပ ကျန်သူဖိနပ်စီးခွင့်မပြု” အနောက်နိုင်ငံသားတွေ စီးလို့ရတယ်ဆိုတဲ့ သဘောပေါ့နော်။