Pages

Thursday, May 31, 2012

ကမ္ဘာ့ပထမဆုံး ကွန်ပျူတာဖြင့် ဖန်တီးထားသည့် ဦးနှောက်အား အသေးစိတ် ဖော်ပြထားသည့်ပုံ ထွက်ပေါ်လာ

ကမ္ဘာ့ပထမဆုံး ကွန်ပျူတာဖြင့် ဖန်တီးထားသည့် ဦးနှောက်အား အသေးစိတ် ဖော်ပြထားသည့်ပုံ ထွက်ပေါ်လာ

 

ကမ္ဘာ့ပထမဆုံး ကွန်ပျူတာ အသုံးပြုဖန်တီးထားသည့် ဦးနှောက် ၏ ဖွဲ့စည်းပုံပြ အသေးစိတ်ပုံ ထွက် ပေါ်လာပြီးနောက် ဦးနှောက်နှင့် ဆိုင်သည့်ရောဂါများ ကုသရာတွင် ထိုပုံက များစွာအထောက်အကူဖြစ်ပြီး ကြီးစွာသောအပြောင်းအလဲကြီး  တစ်ခု ဖြစ်လာလိမ့်မည်ဟု သိပ္ပံပညာရှင်များက မျှော်လင့်ထားကြသည်။


Genes သန်းပေါင်းများစွာ ပါ ဝင်သော ဦးနှောက်တစ်ရှူးများကို အသေးစိတ်ဖော်ပြနိုင်သည့်ဦးနှောက် ၏ ပုံထွက်ပေါ်လာရန် သိပ္ပံပညာ ရှင်များသည် ၄ နှစ်ကြာမျှ ကြိုး ပမ်းခဲ့ကြရသည်။ ၄င်းတို့ ကြိုးပမ်း မှုရလဒ်အဖြစ် ထွက်ပေါ်လာသော ဦးနှောက်၏ အသေးစိတ်ပြမြေပုံ သည် Genes ပေါင်း ၂၅ဝဝဝ ကို ရှာတွေ့နိုင်ပြီး စနစ် တကျအပိုင်း လိုက်ဖြတ်ကာ ပြသထားသည်။


မိမိလမ်းညွှန်သော အမှတ်အ သားပေါ်မူတည်ပြီး တိကျသော အ သေးစိတ်အချက်အလက်များကို ကွန်ပျူတာမှ ထပ်မံထုတ်ပေးနိုင် သော ပုံလည်းဖြစ်သည်။ အဆိုပါ ပုံအား သုံး၍ ဆေးပညာရှင်များ သည် ဦးနှောက်၏ အလုပ်လုပ်ပုံ ကို ကောင်းစွာသိရှိနိုင်ပြီး ရောဂါ များနှင့် ကုသမှုများအတွက် အသစ် အသစ်သောရှာဖွေမှုများကို ပြုလုပ် ရာတွင် အထောက်အပံ့ပေးနိုင်မည် ဖြစ်သည်။


ဦးနှောက်ကျွမ်းကျင်သူများ တွေ့ရှိချက်အရ မည်သည့်လူနှစ်ဦး မဆိုတွင် ၉၄ ရာခိုင်နှုန်းသွောနညနျ များ တူညီကြသည်ဟု သိရှိရသည်။ အဆိုပါ ဦးနှောက်၏ အစိတ် အပိုင်းများ အပြည့်အစုံပြသ နိုင်သည့် ပုံထွက်ပေါ်လာရန် ဒေါ် လာသန်း ၅ဝ မျှ သုံးစွဲခဲ့ရသည်ဟု သိရှိရသည်။

Ref: Dailymail

အိုစမာဘင်လာဒင် မရဏလမ်းကို သွေးတစ်စက်ဖြင့် အကဲဖြတ် ပေးခဲ့သည့် ဆရာဝန်၏ နောက်ဆက်တွဲ ပြဿနာ များ

အိုစမာဘင်လာဒင် မရဏလမ်းကို သွေးတစ်စက်ဖြင့် အကဲဖြတ် ပေးခဲ့သည့် ဆရာဝန်၏ နောက်ဆက်တွဲ ပြဿနာ များ

  

 ဘင်လာဒင်ကို သုတ်သင်ခဲ့သည်မှာ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပေပြီ။ အမေရိကန် တို့အတွက် ပူပန်မှု စိုးရိမ်မှုများ ယနေ့ထက်ထိ မကင်းနိုင်ကြသေး ။ နောက်ဆက် တွဲပြဿနာ များ တစ်ခုပြီးတစ်ခု ရင်ဆိုင်လာ နေရသည်။ အထူးသဖြင့် ရန်သူကို မဟာမိတ် ပြုထားရသော ပါကစ္စတန် နှင့် ပြဿနာ ပို၍များလာကာ တင်း မာသည့် အနေ အထားသို့ ရောက်ရှိ လာရသည်။

ဘင်လာဒင်၏ နောက်ဆက်တွဲပြဿနာများ
အကြမ်းဖက် အယ်လ်ကေဒါ ခေါင်းဆောင် ဘင်လာဒင်သည် အမေရိကန် စစ်ဘက်က အသေရရ အရှင် ရရ လိုအပ်နေသူ ဖြစ်သည်။ ၄င်းပုန်း အောင်းရာနေရာ ကို ဖော် ထုတ်နိုင်ရန် အမေရိကန် ထောက်လှမ်းရေး တပ်ဖွဲ့ ဖြစ်သည့် စီအိုင်အေသည် နေ့မအိပ် ညမအိပ် အပြင်းအထန် ကြိုးစားခဲ့ကြပုံ ရသည်။ ဆယ်စုနှစ် တစ်ခုနီးပါး မျှ အချိန်ယူကာ စုံစမ်းခဲ့ ကြပြီးနောက် ပါကစ္စတန် ဆရာဝန် တစ်ဦး အကူအညီဖြင့် ဘင်လာဒင် ခိုအောင်း ပုန်းရှောင်နေသည့် နေရာ ကို အတိအကျ ဖော်ထုတ်နိုင်ခဲ့သည်။

ထိုဆရာဝန်၏ အမည်မှာ ဒေါက်တာ  (Dr.Shakeel Afridi) ဆိုသူဖြစ်သည်။ ထိုသူအား အမေရိကန်တို့က အကြမ်းဖက် နှိမ်နင်းရေး လုပ်ငန်းကို အထောက် အကူ ပြု ကူညီခဲ့သူ သူရဲကောင်း တစ်ဦး အဖြစ် အသိအမှတ်ပြုထားခဲ့ ကြသော်လည်း ပါကစ္စတန် အစိုးရက အာဖရီဒီအား ဘင်လာဒင် လုပ်ကြံခံ ရပြီးနောက် ချက်ချင်းပင် ထောင် ထဲ ထည့်ထားခဲ့သည်။ မေလ ၂၃ ရက် က ထိုသို့ စစ်ဆင်ရေးတွင် အကူအညီပေးခဲ့သူ ပါကစ္စတန် ဆရာဝန် ဒေါက်တာ အာဖရီဒီအား ထောင်ဒဏ် ၃၃ နှစ် စီရင်ပြစ် ဒဏ်ပေး ခဲ့ကြောင်းကို အေပီနှင့် အခြား သတင်း မီဒီယာများက ဖော်ပြလာ ကြသည်။ ထိုသတင်းမှာ ပါကစ္စတန် နိုင်ငံပက်ရှဝါ မြို့မှလာသော သတင်း ဖြစ်သည်။

၎င်းဆရာဝန်အား ပါကစ္စတန် တရားရုံးက ပြစ်ဒဏ် ချမှတ်လိုက် သည့်သတင်းသည် အမေရိကန်နှင့် မဟာမိတ် ပါကစ္စတန် နှစ်နိုင်ငံ အကြား ဆက်ဆံရေး မပြေလည်မှု နက်ရှိုင်းစွာ ကြီးမားလာနေကြောင်း ပြသခဲ့သည့် အချက် ပေါ်လွင်လာ ပေသည်။
အမေရိကန်တို့သည် ပြစ်ဒဏ် ကျခံဖမ်းဆီးခြင်း ခံထားရသူ ဆရာဝန်အား ပါကစ္စတန်တို့က ပြန်လွှတ်ပေးရန် အကြိမ်ကြိမ် တောင်းဆိုနေသည့် ကြားက ကြီးမား လှသော ပြစ်ဒဏ် ကို ပါကစ္စတန် တရားရုံးက ချ မှတ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် ပါကစ္စတန် ဝိဝါဒကွဲမှုများ
အမေရိကန်၏ စီအိုင်အေကို အကူအညီပေးသူ ပါကစ္စတန် ဆရာဝန် အာဖရီဒီအား ပါကစ္စတန်တို့က နိုင်ငံအပေါ် သစ္စာဖောက်သူ အဖြစ် ရှုမြင်ကြသည်။ အမေရိကန် တို့က ပါကစ္စတန် ပိုင်နက်အတွင်းသို့  လုံးဝ အသိမပေးဘဲ ဝင်ရောက်လာပြီး ဘင်လာဒင်ကို လုပ်ကြံခြင်းနှင့် နယ်စပ်တွင် ဒရုန်းမောင်းသူမဲ့ လေယာဉ်များဖြင့် ဝင်ရောက် တိုက်ခိုက်မှု ကို မလိုလားကြဘဲ ဒေါသ အမျက် ထွက်နေခဲ့ကြပေသည်။

သို့ရာတွင် အမေရိကန်နှင့် အနောက်နိုင်ငံ အားလုံးက အကြမ်း ဖက်သမား နှိမ်နင်းရေးတွင် ပူးပေါင်း ကူညီခဲ့သူ ဒေါက်တာ အာဖရီဒီအား သူရဲကောင်း တစ်ဦးအဖြစ် သဘော ထားခဲ့ကြသည်။

ဘယ်လိုကူညီခဲ့သလဲ
အမေရိကန်တို့သည် ၄င်းတို့ အကြောက်ဆုံး အယ်လ်ကေဒါ အကြမ်းဖက် အဖွဲ့ခေါင်းဆောင် ဘင်လာဒင် တစ်ယောက် ပါကစ္စတန်နိုင်ငံ အဘိုတာဘတ် မြို့ရှိနေ အိမ်တွင် ခို အောင်းနေသည်ကို သိရှိလာပြီး ဟုတ်မဟုတ် အတည်ပြုနိုင်ရန် လိုအပ်သည်။
ထိုသို့ အတည်ပြုနိုင်ရန် အတွက် ဘင်လာဒင်၏ ဒီအင်န်အေ မျိုးရိုး ဗီဇကို ရယူရန် လိုအပ်သည်။ ဒေါက်တာ အာဖရီဒီသည် သူတာဝန် ကျရာ ဒေသတွင် ကာကွယ်ဆေး ထိုးနှံပေးသည့် သူ၏ သူနာပြုများ အကူအညီဖြင့် အိုစမာဘင်လာဒင် အိမ်ကိုကောင်းစွာ ဝင်ရောက်နိုင်ခဲ့ပြီး အလွယ်တကူပင် ဘင်လာဒင်၏ မျိုးရိုးဗီဇ စစ်ဆေးနိုင် ရန် သွေးနမူနာ ရရှိ ခဲ့သည်။

ဆရာဝန်မှာ အသက် ၅ဝ အရွယ် ရှိပြီး ဘင်လာဒင် လုပ်ကြံခံရ သည့်ကိစ္စ ပေါ်ပေါက်ပြီးနောက် မကြာမီမှာပင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ ရသည်။ အာဖရီဒီအား ပါကစ္စတန်နယ် မြေဒေသဆိုင်ရာ ပြစ်မှုစီရင်ရေး စည်းမျဉ်းများ အရ အပြစ်ဒဏ်စီရင်ခဲ့ ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ကြသည်။ ထိုစည်းမျဉ်း ဥပဒေကို အတိုအားဖြင့် (FCR)ဟု ခေါ်ဝေါ် သုံးနှုန်းထား သည်။ ထိုဥပဒေမှာ ပါကစ္စတန် နယ်စပ်ရှိ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ လူမျိုး စုများဒေသတွင် အသုံးပြုနေကြ သော ဥပဒေ တစ်ခုဖြစ်သည်။

၎င်းတို့၏ ရိုးရာ ဥပဒေအရ စီရင်ခြင်းခံရလျှင် တရားခံသည် ပြန်လည်ထုချေခွင့် အတွက် ရှေ့နေ ငှားရမ်းခွင့် မရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်သူ အဖွဲ့များ ကထောက်ပြ ဝေဖန်ခဲ့သည်။ ဆရာဝန် အာဖရီဒီ အား စီရင်ချက်ချခဲ့သော နေရာမှာ ခိုင်ဘာလူမျိုးစု ဒေသတွင်ဖြစ်သည်။ သက်သေ အထောက်အထား လုံးဝတင်ပြ ခွင့်မပြု၊ တရားခံနှင့် အပြန်အ လှန် မေးမြန်းခြင်း မပြုရ။ တရားခံ သည် ထောင်ဒဏ် ၃၃ နှစ်အပြင် ငွေဒဏ် အမေရိကန်ဒေါ်လာ ၃၅ဝဝ ကိုပေးဆောင်စေ ရမည် ဖြစ်ပြီး ပျက် ကွက်လျှင် နောက်ထပ် ထောင်ဒဏ် ၃ နှစ်ခွဲ ကျခံရမည် ဖြစ်သည်။ သို့ရာ တွင် တရားခံ အာဖရီဒီသည် နှစ်လ အတွင်း အယူခံ ပိုင်ခွင့်ရှိကြောင်း သိရှိရသည်။

ပါကစ္စတန်၏ နောက်ဆက်တွဲ တုံ့ပြန်မှုများ
ဘင်လာဒင် တည်နေရာကို စီအိုင်အေက သိရှိသွားပြီးနောက် အမေရိကန်တို့က ၄င်းအား လုပ်ကြံ သတ်ဖြတ်ရန် စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့သည်။ ထိုဆောင်ရွက်ခဲ့ မှုကို ပါကစ္စတန် တို့ကမိမိတို့၏ အချုပ်အခြာ အာဏာကို စော်ကားခံ ရသည်ဟု ရှုမြင်ခဲ့ပြီး ပါကစ္စတန်နိုင်ငံ၌ အကြမ်းဖက် တိုက်ဖျက်နှိမ်နင်းမှု အစီအစဉ် များတွင် ပါဝင်ဆောင်ရွက်နေသော အမေရိကန်များကို နှင်ထုတ် ခဲ့သည်။ တစ်ဖန်ပြီးခဲ့သော ၂ဝ၁၁ နိုဝင်ဘာလ အတွင်း အမေရိကန်တို့ ၏ ဒရုန်းမောင်းသူ မဲ့လေယာဉ်များ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်နယ် စပ်တပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့သည့် ဖြစ်ရပ်အပေါ် ပါကစ္စတန်ပြည်သူ အများ ဒေါသတကြီး တုံ့ပြန်ခဲ့သည်။ တုံ့ပြန်မှုများ မှာ နေတိုးတပ်ဖွဲ့ များအထိပင် အဆစ်ပါလာခဲ့သည်။

နေတိုး တပ်ဖွဲ့များအပေါ် ပါကစ္စတန် တုံ့ပြန်မှု
အမေရိကန်နှင့် ပါကစ္စတန် တို့သည် ယခုလောလောဆယ်တွင် မဟာမိတ် အဖြစ် ရှိနေသော်လည်း လွန်ခဲ့သော နှစ်ငါးဆယ် ကာလ တစ်လျှောက်လုံး မယုံသင်္ကာ စိတ် များဖြင့် ဆက်ဆံနေခဲ့သည်။ ယခု ဖြစ်ရပ် များကြောင့် နေတိုး၏ ထောက်ပံ့ရေး လမ်းကြောင်းများကို ပိတ်ပစ်ခဲ့သည်။

နေတိုး ကုန်သေတ္တာ များအား ပါကစ္စတန် နယ်စပ်ကို ဖြတ်ကျော်ပြီး အာဖဂန်နိုင်ငံအတွင်းသို့ တင်ပို့ပေးရန် အခက်အခဲအဖြစ် ပိတ်ဆို့နေသည်။ အမေရိကန် အရာရှိ များနှင့် ပါကစ္စတန် အရာရှိများ ထိုကိစ္စကို ညှိနှိုင်းဆောင်ရွက် ဆွေးနွေးရာတွင် ပါကစ္စတန်က နေတိုး ကုန်သေတ္တာ တစ်လုံးလျှင် နယ်စပ်ဖြတ်ကျော်ခ အမေရိကန်ဒေါ် လာ ၅ဝဝဝ ကောက်ခံမည်ဟု ပြောသည်။ သို့ရာတွင် အမေရိကန်ဘက်မှ ဖြတ်ကျော်ခနှုန်း ထားကို သဘောမတူနိုင်သေးဘဲ ဖြစ်နေသည်။ အစောပိုင်းက ထို ဖြတ်ကျော် ခနှုန်းထားများကို အခမဲ့ အဖြစ် စဉ်းစားခဲ့ကြပေသည်။

အမေရိကန် အရာရှိ အချို့က ထောက်ပြသည်မှာ အမေရိကန် သည် ပါကစ္စတန် အား အကြမ်း ဖက်လုပ်ငန်းများ တိုက်ဖျက်ရေး ကြိုးပမ်းမှုများ အတွက် လျော်ကြေး ဘီလျံပေါင်း များစွာကို ပါကစ္စတန်သို့ ပေးထားပြီးဖြစ်သည်ဟု ပြောကြသည်။ ဤသို့ဖြင့် ပါကစ္စတန်နှင့် နေတိုး တပ်ဖွဲ့များကို ဦးဆောင်နေသည့် အမေရိကန်တို့၏ ဆက်ဆံရေးသည် ရှေ့အလားအလာ မကောင်းသည့် အဆင့်အထိ ပို၍ဆိုးရွားလာနေ ပေသည်။ ဤဖြစ်ရပ်များကြောင့် နေတိုး တပ်ဖွဲ့များ၏ အရေးကြီးလှသော ပံ့ပိုးမှုများကို ပို၍ ဝေးကွာပြီး စရိတ်ကြီမားလှသော ရုရှားထောက်ပံ့ရေး လမ်းကြောင်းမှ ဗဟိုအာရှဒေသ ထောက်ပံ့ရေး လမ်းကြောင်း များသို့ ပြောင်းလဲ အသုံးပြုနေကြ ရပေသည်။

အမေရိကန် တို့သည် ပိတ်ဆို့ ထားသော ထိုလမ်းကြောင်းကို ပြန် ဖွင့်ပေးရန် ဖိအားပေးလျက် ရှိသည်။ ယခု အတောအတွင်း လွန်ခဲ့သော မေလ ၂၃ ရက်တွင် အမေရိကန် တို့က နယ်စပ်တွင် ဒရုန်း လေယာဉ် များဖြင့် ထပ်မံတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြ ပြန်သည်။

နေတိုး ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေး
လွန်ခဲ့သော အပတ်က အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် နေတိုး ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကျင်းပခဲ့ကြသည်။ ၄င်း အစည်းအဝေးတွင် စစ်မက်ဖြစ် ပွားနေသော ပါကစ္စတန်၏ အိမ်နီးချင်း အာဖဂန် နိုင်ငံမှ နေတိုး တပ်ဖွဲ့ဝင်များ သိက္ခာ မကျဆင်းစေဘဲ ရုပ်သိမ်းထွက်ခွာ နိုင်ရေးကို အဓိက ဆွေးနွေးခဲ့ကြသည်။ သဘော တူညီမှု တစ်ခုမှာ အာဖဂန်နိုင်ငံမှ နေတိုး တပ်ဖွဲ့များ ၂ဝ၁၄ ခုနှစ်တွင် တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်အားလုံး ဆက်တိုက် ရုပ်သိမ်းသွားမည်ဖြစ်သည်။

ထို့အပြင် နေတိုး ထိပ်သီး အစည်းအဝေးသို့ ပါကစ္စတန်နိုင်ငံ အားတက်ရောက်ရန် ဖိတ်ကြားခဲ့ သည်။ ထိုသို့ ဖိတ်ကြားခဲ့ခြင်းမှာ နေတိုး တပ်ဖွဲ့များအား ထောက်ပံ့ရေး လမ်းကြောင်းကို ပြန်လည် ဖွင့်လှစ် နိုင်ရေးအတွက် ရည်ရွယ်ကာ ပါကစ္စ တန်အား ထိပ်သီးအစည်းအဝေး တက် ရောက်စေခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံ ဆိပ်ကမ်းမြို့ မှတစ်ဆင့် ကုန်းလမ်း ခရီးဖြင့် အာဖဂန်မြောက်ပိုင်းနယ်စပ်သို့ နေတိုး ထောက်ပံ့ပစ္စည်းများကို ဖြတ်သန်း ပို့ဆောင်ပေးနေခဲ့ခြင်း ဖြစ် သည်။ ထိုလမ်းကြောင်းကို ပါကစ္စတန် ဘက်က ပိတ်ထားခဲ့သည်မှာ ၆ လခန့် ရှိပြီဖြစ်သည်။

နေတိုး အဖွဲ့ဝင် နိုင်ငံများနှင့် အခြားသော နိုင်ငံပေါင်း ၆ဝ မှ ခေါင်းဆောင်များ ချီကာဂိုမြို့တွင် ၂ ရက်ကြာ ပြုလုပ်ခဲ့သော အစည်း အဝေးမှာ လူထု ထောက်ခံမှု မရရှိ သော အာဖဂန်စစ်မှ ထွက်ခွာရေး အတွက် သူ့နည်းသူ့ဟန် လမ်းပြ မြေပုံများ ဆွဲရန် တွေ့ဆုံခြင်း ဖြစ် သည်။

နေတိုး တို့၏ လမ်းပြမြေပုံသည် လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုက ဆိုဗီယက်တို့ ဖရိုဖရဲ ထွက်ခွာသွား ရသကဲ့သို့ မဖြစ်စေရန် မဟာဗျူ ဟာ ချမှတ်သော အစည်းအဝေး တစ်ခုပင် ဖြစ်သည်။ ဆိုဗီယက်တို့ ဝရုန်းသုန်းကား ထွက်ခွာသွားပြီး နောက် အာဖဂန်တွင် အယ်လ်ကေဒါ အကြမ်းဖက် အုပ်စုများ ထွက်ပေါ်လာ စေရန် လမ်းပွင့် သွားခဲ့သည်ဟု နိုင်ငံ ရေးသုတေသီအများစုက မှတ်ချက် ပေးခဲ့ကြသည်။

နေတိုး တပ်ဖွဲ့ဝင် နိုင်ငံများသည် အာဖဂန်စစ်ကို နှစ်ကြာရှည်စွာ တိုက်ခိုက်ရန် အင်အား မရှိကြတော့ ချေ။ အကောင်းဆုံး နည်းလမ်းမှာ အာဖဂန်၏ လုံခြုံရေးကို အာဖဂန် တို့လက်ထဲသို့ ထည့်ပြီး ကိုယ်တိုင် တာဝန်ယူစေခြင်းပင် ဖြစ်သည်။ နေတိုး၏ တိုက်ခိုက်ရေး အဖွဲ့ အားလုံးသည် ၂ဝ၁၄ ခုနှစ် နှစ်ကုန် တွင်အားလုံး ရုပ် သိမ်းပေးရန်ပင် ဖြစ်ကြောင်းကြေညာလိုက်ပြီဖြစ် သည်။

အမေရိကန်နှင့် နေတိုးတို့ အဓိက ရင်ဆိုင်နေရသည့် ပြဿနာများ
၂ဝဝ၁ ခုနှစ် အာဖဂန်မြေပေါ်မှ တာလီဘန်နှင့် အယ်လ်ကေဒါများ ကို မောင်းထုတ်ခဲ့သည့် အချိန်နှင့် ယခုအချိန်မှာ စစ်အပေါ် အဆိုးမြင်မှု များနှင့် ငြီးငွေ့လာမှုများ သိသာ ထင်ရှားစွာ ထွက်ပေါ်လာခဲ့သည်။ ၂ဝဝ၆ ခုနှစ်လောက်ကပင် တာလီဘန် များသည် တပ်သားများ ပြန်လည် စုစည်းပြီး စစ်ရေးအတွက် ခြိမ်းခြောက်မှုများ ကို ပြန်လည် ပြုလုပ်လာနိုင်ခဲ့ကြသည်။ အိုဘားမား အစိုးရသည် ၂ဝဝ၉ ခုနှစ်အတွင်း ဒီဇင်ဘာလတွင် စစ်သည်အင်အား ၃၃ဝဝဝ ကို အာဖဂန်သို့ ထပ်မံ စေ လွှတ်ပေးခဲ့ ရသည်။ အမေရိကန် တပ်ဖွဲ့များ အင်အားဖြည့်တင်း ပေးခဲ့ရသော်လည်း အာဖဂန်နိုင်ငံ အတွင်း တာလီဘန်တို့၏ အကြမ်း ဖက်မှု လုပ်ငန်းများသည် ယခင်က ထက် ပို၍ ဆိုးရွား လာသည်ဟု မှတ်ချက်ချကြသည်။

အာဖဂန်တွင် နိုင်ငံစုံတပ်ဖွဲ့ များအတွက် တစ်နှစ် ကုန်ကျစရိတ် သည် ဒေါ်လာ ၄ ဘီလျံထက် မလျော့သော အခြေအနေရှိသည်။ နေတိုး အဖွဲ့ဝင်နိုင်ငံ အများစုမှာ စီးပွားရေး ကျဆင်းမှုအပြင် ဘတ် ဂျက်လို ငွေပြမှုများကို ရင်ဆိုင်ကြုံ တွေ့ပြီး မိမိတို့၏ နိုင်ငံအတွင်း အသီးသီး ဖြေရှင်းနေကြရပေသည်။
အာဖဂန်စစ်ပွဲတွင် အမေရိကန် တပ်ဖွဲ့ဝင် စုစုပေါင်း ၁၈၄ဝ ဦး အပါအဝင် နေတိုး တပ်ဖွဲ့ဝင် ၃ဝဝဝ  ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။ ထို့အပြင် အာဖဂန် ပြည် သူထောင်ပေါင်း များစွာ အသက် ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ အာဖဂန် စစ်ပွဲဆင်နွြှဲုခင်း အပေါ် အမေရိကန်နှင့် ဥရောပတို့မှာ ထောက်ခံမှု အနိမ့်ဆုံးသို့ ကျဆင်းခဲ့ရသည်။ စစ်တမ်း များအရ အမေရိကန်ပြည် သူ ၆၆ ရာခိုင်နှုန်းက စစ်ကိုဆန့် ကျင်ကြောင်း မဲဆန္ဒဖြင့် ဖော်ပြခဲ့ကြ သည်။

ထို့အပြင် ပိုလန်နိုင်ငံ ကလည်း အာဖဂန်သို့ စေလွှတ်ထားသော စစ် သား ၂၅ဝဝ အတွက် ငွေကြေး ထောက်ပံ့ရန် မတတ်နိုင်တော့သဖြင့် ပြည်လည် သုံးသပ်ရမည်ဟု ယခင်အပတ်က ပြောကြားလာခဲ့သည်။ ယခု ပြင်သစ် သမ္မတ အသစ်ဖြစ်သူ ဖရန်ဆွာဟောလန်ဒီကလည်း ဤ နှစ်နှောင်းပိုင်းတွင် အာဖဂန်မှ မိမိ တို့၏ ပြင်သစ်တပ်များ ကို ရုပ်သိမ်း မည်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း အာဖဂန် ဒုတိယဝန်ကြီးက နိုင်ငံခြားရေး အကူအညီ မရဘဲ အာဖဂန်ပြည်သူ တို့သည် မိမိတို့နိုင်ငံ၏ လုံခြုံရေးကို ကာကွယ် နိုင်လိမ့်မည် မဟုတ်၊ ထို့အပြင် အကြမ်းဖက်သမား များသည် ကမ္ဘာလုံး ဆိုင်ရာ ခြိမ်းခြောက်မှု အဖြစ် ဆက်လက် တည်ရှိနေမည်ကို အနောက် အင်အားကြီးနိုင်ငံ များအနေဖြင့် အထူး သတိပြု နားလည်သင့်သည် ဟု ပြောကြားခဲ့သည်။

မည်သို့ပင် ဆိုစေ ကမ္ဘာ့ခေါင်း ဆောင်များသည် အာဖဂန်စစ်ပွဲ အပေါ် စိတ်ဝင်စားမှုကတော့ နည်းပါးလာနေပြီ ဖြစ်သည်။ သို့သော် တာလီဘန်နှင့် အယ်လ်ကေဒါ တို့ ကမူ ဤအချက် အပေါ်တွင် အလေးထား လျက် ၄င်းတို့၏ လှုပ်ရှားမှု နည်းဗျူဟာကို ပြောင်းလဲနိုင်ရန် အသင့်ရှိနေ ကြဦးမည်ဟု နိုင်ငံရေး လေ့လာသူ များက အကဲခတ် သုံးသပ်နေကြသည်။


Ref:Washington Post/CNN

 

ဗာတီကန်နန်းတော်တွင် အာဏာလွန်ဆွဲမှုများ ဖြစ်ပေါ်ခဲ့

                                 ဗာတီကန်နန်းတော်တွင် အာဏာလွန်ဆွဲမှုများ ဖြစ်ပေါ်ခဲ့ 

ဗာတီကန် နန်းတော်တွင် ခါးသီးသော အာဏာလွန်ဆွဲမှုများ ဖြစ်ပေါ်နေခဲ့ကြောင်း ထွက်ပေါ်လာသည့် မှတ်တမ်းမှတ်ရာ အချက်အလက်များက ဖော်ပြလျှက်ရှီသည်။ သတင်းမီဒီယာများထံသို့ ဗာတီကန် နန်းတော်၏ မှတ်တမ်း အချက်အလက်များ ပေါက်ကြားလာခဲ့ရာ အတွင်းကြိတ် ဖြစ်ပေါ်နေသော
 ပြဿနာများကို ထင်သာမြင်သာ ဖြစ်နေစေသည်။ 

Vatileaksဟု အမည်ပေးထားသော အဆိုပါ ပေါက်ကြားမှုသည် ခရစ်ယာန် သာသနာ အခေါင်အထွဋ် ကျောင်းတော်၏ ဒုတိယ အကြီးအမှူးကို ပုပ်ရဟန်းမင်းနေရာ ဆက်ခံစေလိုသော အင်အားစုများ၏ လက်ချက်ဟု ယူဆရကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။



ဗာတီကန်ရေးရာ ကျွမ်းကျင်သူ အီလ်ဖာတို ကိုတီဒီယာနိုက "ဒီအချက်အလက်တွေဟာ ဗာတီကန်ရဲ့ အတွင်းရေးမှူး တာစီဆီယို ဘာတိုနီအစား နောက်ထပ် အတွင်းရေးမှူးသစ်ကို တောင်းဆိုတာမျိုးအတွက် ရည်ရွယ်ပြီး ဖွင့်ထုတ်လိုက်တာ ဖြစ်နိုင်တယ်"ဟု ပြောကြားသွားသည်။ 


ဗာတီကန်နန်းတော်သည် အတွင်းရေး ကိစ္စများကို သိုသိပ်ကျစ်လစ်စွာ ကိုင်တွယ်စီမံလေ့ ရှိသော်လည်း အချက်အလက်များစွာ ပြင်ပမီဒီယာများထံ ပျံ့နှံ့လာခြင်းသည် သိက္ခာကျစရာ ဖြစ်လာသည်။ အချို့သည် ပုပ်ရဟန်းမင်း ဘန်နဒစ် (၁၆)၏ ရုံးခန်းထဲရှိ စားပွဲခုံမှ စာရွက်များပင် ဖြစ်နေကြောင်း သိရသည်။ အီတလီ မီဒီယာများက ယခုလို ဖွင့်ချရန် ကြံစည်မှုသည် ပိုမိုနက်ရှိုင်းသော ခြေလှမ်းများ ရှိနေဦးမည်ဟု ယူဆနေသည်။



"ရဟန်းမင်းကို တင်မြှောက်ခွင့်ရှိတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး အဖွဲ့တစ်ခုဟာ အတွင်းရေးမှူး ရာထူးအတွက် ရည်မှန်းချက် ကြီးကြီးနဲ့ ချဉ်းကပ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီကတစ်ဆင့် ပုပ်ရဟန်းမင်းကို သူတို့ထဲက ရွေးချယ်တာမျိုး နောက်တစ်ဆင့် လှမ်းလာနိုင်တယ်"ဟု လာရီပါဘလစ်ကာ သတင်းစာက သုံးသပ် ရေးသားခဲ့သည်။ ဘာတိုနီသည် ပုပ်ရဟန်းမင်းကြီး၏ အနီးစပ်ဆုံး မဟာမိတ် တစ်ဦးလည်းဖြစ်ပြီး ဗာတီကန် ဘဏ္ဍာတိုက်ကို အဓိက ကြီးကြပ် တာဝန်ယူထားသူ ဖြစ်သည်။ ထွက်ပေါ်လာသော အချက်အလက်များတွင် ဗာတီကန်၏ အခွန်ပြဿနာများ၊ ယခင်က လူသိရှင်ကြား ဖြစ်ခဲ့ဖူးသော ကလေးသူငယ် လိင်မှုဆိုင်ရာ ပြဿနာများ၊ ရိုးရာကို စောင့်ထိန်းလိုသည့် အယူသီး ပုန်ကန်သူများနှင့် ညှိနှိုင်းမှု မှတ်တမ်းများစသည်တို့ ပါဝင်နေကြောင်းလည်း သိရသည်။

Source: AFP on GoogleNews

ကြောင်ချစ်တတ်လွန်းသူ ဇနီးကို သည်းမခံနိုင်တော့သည့် ခင်ပွန်း

                      ကြောင်ချစ်တတ်လွန်းသူ ဇနီးကို သည်းမခံနိုင်တော့သည့် ခင်ပွန်း 

ဇနီးဖြစ်သူ မွေးထားသည့် ကြောင်ပေါင်း အကောင်(၅၅၀)ကြောင့် လင်မယား ကွာရှင်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ သတင်းများက အမည်ဖော်မပြသော အစ္စရေး နိုင်ငံသား တစ်ဦးသည် ဇနီးဖြစ်သူနှင့် ကွာရှင်းခွင့် ရလိုကြောင်း တရားရုံးထံ ဦးတိုက် လျှောက်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ဇနီးက အိမ်တွင် မွေးထားသည့် ကြောင်ပေါင်း (၅၅၀)ကို ခွဲခွာရန် ငြင်းဆိုခြင်းကြောင့်ဟု သိရသည်။

 ကြောင်များကို အလွန်ချစ်မြတ်နိုးသည့် ဇနီးဖြစ်သူအပေါ် ၎င်း၏ သည်းခံနိုင်မှု အတိုင်းအတာ ကုန်ဆုံးသွားပြီဟုလည်း အဆိုပါ အမျိုးသားက ရာဘီနီကယ်လ် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ကြောင်း ဂျေရုဆလင်ထုတ် Times of Israel သတင်းစာက ဖော်ပြခဲ့သည်။



ကြောင်များကို စိတ်ကုန်နေသော အမျိုးသားက မိမိသည် ရေချိုးခန်းထဲ ၀င်ရန်ပင် ခြေချစရာ နေရာမရှိအောင် ကြောင်များဖြင့် နေအိမ်တွင် ပြည့်နှက်နေမှုအပေါ် စိတ်ကုန်နေပြီဟု ဆိုသည်။ ထို့အပြင် ၎င်းသည် အစာစားချိန်တွင်ပင် စားပွဲပေါ် တင်စားပါက ကြောင်များ၏ လုယက်ခြင်းကြောင့် ဒုက္ခရောက်လေ့ ရှိကြောင်းလည်း တရားရုံးသို့ တင်သွင်းသော ကွာရှင်းခွင့် လျှောက်လွှာတွင် ဖော်ပြထားသည်။ ထို့အပြင် ၎င်းအနေဖြင့် မီးဖိုခန်းထဲဝင်၍ ချက်ပြုတ်ရန်လည်း မဖြစ်နိုင်တော့ဟု တရားရုံးသို့ အသိပေးခဲ့ကြောင်း ဟီးဘရူး ဘာသာဖြင့် ထုတ်ဝေသော Maariv သတင်းစာက ဖော်ပြသွားသည်။

ထောင်ပြည့်ကိန်း တစ်ဝက်ကျော်ရှိသော ကြောင်များ ကြီးစိုးထားသည့် နေအိမ်တွင် ထိုသူ ကောင်းမွန်စွာ အိပ်စက် မရခြင်းမှာမူ ၎င်းကိုယ်တိုင် ထုတ်မပြောမီကတည်းက ပုံဖော် စိတ်ကူးကြည့်နိုင်သည့် အခြေအနေမျိုး ဖြစ်သည်။ တရားရုံးက လင်မယားနှစ်ဦး ပြန်လည် ညှိနှိုင်းရန် ကြားဝင်ပေးခဲ့သော်လည်း ဇနီးဖြစ်သူက ကြောင်များအစား ခင်ပွန်းနှင့်သာ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရှိရသည်။

Source: UPI

မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရမူကို မကျေနပ်သော ရမ်းဗြဲလူထု ဆန္ဒပြ

                   မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရမူကို မကျေနပ်သော ရမ်းဗြဲလူထု ဆန္ဒပြ 

ဗလက္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရသည့် မသီတာထွေး
ရမ်းဗြဲ လူထု ၇၀၀ ကျော်ခန့်သည် မသီတာထွေး ဗလက္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရသည့် အပေါ် မကျေနပ်သည့် အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထိ ချီတက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

" ကျွန်တော်တို့ မေလ ၃၀ ရက်နေ့ နေ့လည်ဘက်မှာ

တန်ဖိုးမြင့်လာသည့် ပြင်ဦးလွင် ကျူးကျော်ရပ်ကွက်ကို အာဏာပိုင်များ ဖယ်ရှားခိုင်း

                  တန်ဖိုးမြင့်လာသည့် ပြင်ဦးလွင် ကျူးကျော်ရပ်ကွက်ကို အာဏာပိုင်များ ဖယ်ရှားခိုင်း 


မေလ ၃၀၊ ၂၀၁၂ ၊

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)၊ မြို့သစ် ပဒေသာတွင် (၁၀)နှစ်ကျော်ကြာ အခြေချနေထိုင်လာသည့် အိမ်ခြေ ၁၀၀ ကျော်ရှိ ကျူးကျော်ရပ်ကွက်အား မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်များနှင့် သစ်တောရေးရာဦးစီးဋ္ဌာန တို့မှ ပုးပေါင်း၍ ဖယ်ရှားခိုင်းလျှက်ရှိသည်ဟု ရပ်ကွက်သားများက ပြောသည်။

“ဒီလ(မေလ)ကုန်ရင် ရပ်ကွက်တစ်ခုလုံး ဖယ်ပေးရမယ်လို့ပြောတယ်၊ ဖယ်ပေးရရင် ဘ၀ရပ်တည်ရေး တော်တော်ခက်ခဲသွားမှာပါ”ဟု အဆိုပါရပ်ကွက်နေ

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း

                                  ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း 

အလုပ်သမားများနှင့် တွေ့ဆုံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်က ထိုင်းနိုင်ငံ စမွတ်ဆခွန် ခရိုင်၊ မဟာချိုင်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ  ထောင်ပေါင်းများစွာ
နဲ့ တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။


RFA
၂၀၁၂ ခုနှစ် မေလ ၃၀ ရက်တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ စမွတ်ဆခွန် ခရိုင်၊ မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား တွေ့ဆုံ အားပေးစကား ပြောကြားနေစဉ်။
 
ထိုင်းနိုင်ငံမှာ အခက်အခဲများစွာ ရင်ဆိုင်ကြရပေမယ့် ကြံ့ကြံ့ခံ

ထိုင်းရောက် မြန်မာအလုပ်သမားတွေနဲ့ ဒေါ်စု တွေ့ဆုံ အားပေး

                                ထိုင်းရောက် မြန်မာအလုပ်သမားတွေနဲ့ ဒေါ်စု တွေ့ဆုံ အားပေး 


 
ဓာတ်ပုံ ASSOCIATED PRESS
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေစဉ်။ (မေလ ၃၀ ရက်၊ ၂၀၁၂။)
 

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ ဘေး ဒုက္ခတွေကို ကူညီ ဖြေရှင်းပေးနိုင်ရေး တတ်နိုင်သမျှ ကြိုးစားသွားပါမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေး ပြောဆိုလိုက်ပါတယ်။ အလုပ်သမားတွေအနေနဲ့ကလည်း ကိုယ့်ရဲ့ ဥပဒေကြောင်းအရ ရပိုင် ခွင့်တွေကို သိအောင်လုပ်ကြဖို့နဲ့ အခွင့်အရေးတွေကို ဘယ်လိုရအောင်ယူနိုင်တယ်ဆိုတာ

ဒီပဲယင်း နှစ်ပတ်လည်နေ့ အလှူဒါန မန္တလေးအန်အယ်လ်ဒီတွေ ပြုလုပ်

                          ဒီပဲယင်း နှစ်ပတ်လည်နေ့ အလှူဒါန မန္တလေးအန်အယ်လ်ဒီတွေ ပြုလုပ် 



ဒီနေ့ကျရောက်တဲ့ မေ ၃၀ ဒီပဲယင်း နှစ်ပတ်လည်နေ့အခမ်းအနားကို မန္တလေးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဦးစီး ကျင်းပပြီး အဲဒီနေ့က အသက်သေဆုံးခဲ့ရသူတွေရဲ့မိသားစုဝင်တွေကို ငွေကြေးထောက်ပံ့ခဲ့တယ်လို့

ထိုင်းနယ်စပ်မျဉ်းနှင့်ကပ်လျက် တောင်ပိုင်း ဝ မြို့သစ်တည်

                                     ထိုင်းနယ်စပ်မျဉ်းနှင့်ကပ်လျက် တောင်ပိုင်း ဝ မြို့သစ်တည် 

သျှမ်းပြည်သံလွင်အရှေ့ခြမ်း ပုံပါကျင်မြို့နယ်ခွဲ အတွင်း တောင်ပိုင်း ဝ ထိန်းချုပ်နယ်မြေ နောင်ဝဲန်းကျေးရွာ အား မြို့အဆင့် တိုးမြင့်ရန် တောင်ပိုင်း ဝ ပြင်ဆင်နေကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း ကပြောပါသည်။
ဝ တပ်ဖွဲ့စစ်သမီးများ
ဝ တပ်ဖွဲ့စစ်သမီးများ

“မေလဆန်းကတည်းက မြို့ဧရိယာအတွက်မြေစညှိလာတယ်။ ဖို့တဲ့နေရာကဖို့၊ ရှင်းတဲ့နေရာကရှင်းပေါ့။

လမ်းမတော်မြို့နယ် မီးလောင်မှုအဖြစ်မှန်မှာ အသတ်ခံထားရသော အလောင်းကို မီးရှို့မှုဖြစ်နေ

              လမ်းမတော်မြို့နယ်  မီးလောင်မှုအဖြစ်မှန်မှာ အသတ်ခံထားရသော အလောင်းကို  မီးရှို့မှုဖြစ်နေ 


မီးလောင်မှုကို သွားရောက်ငြိမ်းသတ်ရာမှ လူသတ်မှုဖြစ်ရပ်တစ်ခု မေလ ၃၀ရက်နေ့ နံနက် ၁၁နာရီခွဲခန့်တွင် လမ်းမတော်မြို့နယ် (၃)ရပ်ကွက် အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား အမှတ(၇၆)တတိယထပ်ညာဘက်ခန်း၌ ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်လူသတ်မူ ကျူးလွန်သူများမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်

                  ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်လူသတ်မူ ကျူးလွန်သူများမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်


ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူတရားခံ သုံးဦးကို ညတွင်းချင်း
 ရဲအဖွဲ့က ဖမ်းဆီးမိခဲ့သည်ဟု သတင်းရရှိသည်။

ဖမ်းမိသူ (၃) ဦးမှာ ရမ်းဗြဲမြို့နယ် ကျောက်ထရံ ကုလားရွာမှ ထက်ထက်(၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့်
လူယု (၂၁)နှစ်တို့ ဖြစ်ကြသည်။ သူတို့သုံးဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။



ထက်ထက်ဆိုသူ အား ရမ်းဗြဲမြို့တွင် မုဒိမ်းပြုကျင့် သတ်ဖြတ်ခံရသူမသီတာထွေးလက်ဝတ် လက်စား
များနှင့် အတူ ဖမ်းဆီးမိခဲ့ကြာင်း သိရသည်။ ကျန်နှစ်ဦးအား ကျောက်ထရံကျေးရွာမှပင် ယမန်နေ့
 ညဉ့်က ဖမ်းဆီးမိခဲ့ကြောင်းဒေသခံများက ပြောသည်။

“ တရားခံ သုံးဦးစလုံးကို မိပါပြီ။ ကျေးရွာပေါင်း ၁၁ ရွာခန့်က လူတွေကျောက်နီမော်ကို ချီတက်လာပြီး
 ရဲစခန်းကို ၀ိုင်းပြီး တောင်းဆိုကြတယ်။တရားခံတွေကို ချက်ချင်း ဖေါ်ထုတ်ပြီး ရဲက ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု
ကျောက်နီမော် ဒေသခံက နိရဉ္စရာသို့ ပြောသည်။

ယမန်နေ့က ကျောက်နီမော် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၁ ခန့်ကဒေါသထွက်နေသော ရခိုင်
 လူအုပ်ကြီးသည် ကျောက်နီမော် ရဲစခန်းအားဝိုင်းဝန်းလိုက်ကြပြီး လူသတ် တရားခံများကို
 အမြန်ဆုံး ဖမ်းဆီးအရေးယူဖေါ်ထုတ်ရန် တောင်းဆိုခဲ့ကြသည်။

“ လူပေါင်း ၈၀၀ ကနေ ၁၀၀၀ ထိ ရှိမယ်ထင်ပါတယ်။ လူတွေက တော်တော့ကို ဒေါသ
ထွက်နေကြတယ်။ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် တာဝန်ရှိသူတွေနဲ့ ရဲအဖွဲ့က
မနည်း တားဆီးခဲ့ရတယ်။ မဟုတ်ရင် ပြဿနာ တော်တော်ကြီးကျယ်သွားနိုင်ပါတယ်” ဟု
သူက ဆက်ပြောသည်။

ဒေါသထွက်နေသော လူအုပ်ကြီးသည် ကျောက်နီမော် ကျေးရွာအုပ်ချုပ်ရေးမှူး
ဦးသန်းထွန်း နေအိမ်တွင် သင်္ကာမကင်းခံရ၍ တစ်ခြား အစ္စလာမ်ဘာသာဝင် လူငယ်
(၂)ဦးအား စစ်ဆေး မေးမြန်းနေသည်ကို လူသတ် တရားခံများ အဖြစ် တင်မှတ်ကာ
အဆိုပါ လူငယ် ၂ ဦးအား အသေသတ်ရန် ၀ိုင်းဝန်း ချီတက်လာသည်ကို ရဲအဖွဲ့က
လမ်းမှ တားဆီးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ အခြေအနေများကြောင်း အဆိုပါ တရားခံ (၃) ဦးအား ညဥ့်တွင်းချင်း
ကျောက်ဖြူသို့ ယူဆောင်သွားရကြောင်း သိရသည်။

ယနေ့ ကျောက်နီမော် အခြေအနေမှာ ငြိမ်သတ်ပြီး နံနက်ဈေးတွင် လူသူ မရှိဘဲ
ခြောက်ကပ် နေကြောင်း မျက်မြင်များက ပြောသည်။ ၎င်းပြင် တစ်ရွာနှင့်
တစ်ရွာအကြား ကူးသန်း သွားမူ ရပ်ဆိုင်းနေပြီး အဓိကအားဖြင့်
အစ္စလာမ်ဘာသာဝင်များမှာ အပြင်ကို မထွက်ဘဲ ရှိနေကြသည်ဟု ဆိုသည်။

သေဆုံးသွားသူ မသီတာထွေး (၂၆) နှစ်အား ယနေ့ နေ့လည်ပိုင်းတွင် သဂြိုလ်မည်
ဖြစ်ရာ ပြဿနာများ မပေါ်ပေါက်အောင် ရပ်မိ ရပ်ဖများနှင့် ဒေသဆိုင်ရာ
အာဏာပိုင်များက ကြပ်မတ် ဆောင်ရွက်နေကြောင်း သိရသည်။

မသီတာထွေးသည် သူမနေထိုင်ရာ သပြေချောင်ကျေးရွာသို့ ကျောက်နီမော်ကျေးရွာမှ
အပြန်တွင် မေလ ၂၈ ရက် ညနေ ၅ နာရီကျော်ခန့်တွင် အစ္စလာမ်ဘာသာဝင် လူငယ်
သုံးဦး မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ မျက်မြင်များ အပြော အရ
သူမလည်ပင်းအား လှီးဖြတ်ထားပြီး ရင်ဝကို ဓါးဖြင့် အကြိမ်ကြိမ်ထိုးသတ်ကာ
အမျိုးသမီး အင်္ဂါစပ်များအားလည်း ဓါးဖြင့် ချေမွထားကြောင်း သိရသည်။

ယခုကဲ့သို့ လူမဆံစွာ ကျူးလွန်ထားမူအပေါ် ဒေသခံ ရခိုင်များက အထူး
ဒေါသထွက်လျှက်ရှိနေကြောင်း သိရသည်။

ကိုလတ်(ပန်ဘဲတန်း)

ရမ်းဗြဲမြို့နယ်မှာ အမျိုးသမီးငယ်တဦးကို အဓမ္မပြု့ ကျင့်သတ်ဖြတ်တဲ့ တရားခံတဦးကို ဖမ်းမိထား

ရမ်းဗြဲမြို့နယ်မှာ အမျိုးသမီးငယ်တဦးကို အဓမ္မပြု့ ကျင့်သတ်ဖြတ်တဲ့ တရားခံတဦးကို ဖမ်းမိထား


အဓမ္မပြု့ ကျင့်သတ်ဖြတ်ခံရတဲ့ မသီတာထွေး
အဓမ္မပြု့ ကျင့်သတ်ဖြတ်ခံရတဲ့ မသီတာထွေး
 ရခိုင်ပြည် ရမ်းဗြဲမြို့နယ် သပြေချောင်ရွာနေ ဦးလှတင်-ဒေါ်မမြ၏သမီး
မသီတာထွေး(၁၆)နှစ် ကို လွန်ခဲ့သော (၂၈.၅.၂၀၁၂)  ညနေဘက်(၅) နာရီ ခန့်က
 အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံတဦးကို ဖမ်းဆီးမိထားကြောင်းသိရပါသည်။

ရဲတပ်ကြပ် တစ်ဦးရိုက်နှက်မူကြောင့် ဒေသခံ လူကြီးတစ်ဦး ခေါင်းကွဲ၊ ငါးချက် ချုပ်ရ

                ရဲတပ်ကြပ် တစ်ဦးရိုက်နှက်မူကြောင့် ဒေသခံ လူကြီးတစ်ဦး ခေါင်းကွဲ၊ ငါးချက် ချုပ်ရ


ရဲတပ်ကြပ် တစ်ဦးရိုက်နှက်မူကြောင့် ဒေသခံ လူကြီးတစ်ဦး ခေါင်းကွဲ၊ ငါးချက် ချုပ်ရ ရဲ ဒုတပ်ကြပ် အဆင့် ရှိသူ တစ်ဦး၏ ရိုက်နှက်မူကြောင့် တောင်ကုတ်မြို့နယ်မှ အသက် ၅၅ နှစ်ရှိ လူကြီးတစ်ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာ ရရှိကာ ဆေးရုံတွင် ငါးချက်တိတိ ချုပ်လိုက်ရကြောင်း ဒေသခံများက နိရဉ္စရာသို့ ပြောသည်။



  
ဦးခေါင်းမှ ချုပ်ဒဏ်ရာနှင့် ဦးထွန်းနု
 
 
ရဲဒုတပ်ကြပ်၏ ရိုက်နက်၍ ဦးခေါင်းကို ငါးချက်တိတိ ချုပ်လိုက်ရသူမှာ တောင်ကုတ်မြို့နယ်
 ပေါက်ပြင် ကျေးရွာမှ ဦးထွန်းနု ဖြစ်သည်။

အဆိုပါ သတင်းကို လက်ခံ ရရှိပြီးနောက် ကာယကံရှင် ဖြစ်သူ ဦးထွန်းနုကို နိရဉ္စရာမှ ဖုံးထဲမှ တဆင့် ဆက်သွယ်မေးမြန်းရာ သူအရိုက်ခံရပုံနှင့် ပတ်သက်၍ ဦးထွန်းနုက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

" ဒီလ ၂၆ ရက်နေ့က ကင်းတောင် ရဲစခန်းမှူးရဲ့ ခေါ်ယူချက် အရ အဲဒီ စခန်းကို သွားပါတယ်။ ရဲကင်းကို ရောက်တဲ့ အခါ ရဲစခန်းမှူး မရှိပါ ။ အရက်သောက်နေတဲ့ ဒုတပ်ကြပ် ခင်မောင်ညွန့်ကို တွေ့ပါတယ်။ အဲဒီ အချိန်မှာဘဲ ဦး မှတ်ကြီးဆိုသူ ရောက်လာပါတယ်။ ဦးမှတ်ကြီးဆိုသူက ကျွန်တော် နွားမွေးစားဖက် ယူထားတဲ့ နွားရှင်ဖြစ်ပါ တယ်။


 နွားမွေးစားဖက် ယူထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဦးမှတ်ကြီးနဲ့ ကျွန်တော် အကြားမှာ ပြဿနာရှိပါတယ်။ ဒါကြောင့် စခန်းမှူးက ကျွန်တော်ကို စခန်းကို ခေါ်တာ ဖြစ်ပါတယ်။ အဲဒီ စခန်းမှာဘဲ ကျွန်တော်နဲ့ ဦးမှတ်ကြီး ဆွေးနွေးတဲ့ အခါ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေပါ။ အဲဒီ အချိန်မှာ ဦးမှတ်ကြီးကို ဒုတပ်ကြပ် ခင်မောင်ညွှန့်က အိမ်ကို ပြန်လွှတ်ပြီး ကျွန်တော့ကို ကြိုးနဲ့ တုတ်ပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ပါတယ်" ဟု သူက ပြောသည်။

ဦးထွန်းနုမှာ ဒုတပ်ကြပ် ခင်မောင်ညွှန့်၏ ရိုက်နှက် ကန်ကျောက်မှုကြောင့် ၆ ပေခန့် နက်သော ရေမြောင်းထဲသို့ ထိုးကျသွားကြောင်း၊ ရေမြောင်းမှ ပြန်အတက်တွင် ခင်မောင်ညွှန့်မှ အပေါ်မှ ကျောက်တုန်းဖြင့် ထုချရာ ဦးခေါင်းတွင် ဒဏ်ရပြင်းထန်စွာ ရရှိသွားကြောင်း သူက ပြောသည်။

" တကယ့်ကို လူမဆံစွာ ကျွန်တော်ကို ရိုက်နှက်ပါတယ်။ ကျွန်တော့် တသက်မှာ ဒီလို ရိုက်နှက်တာမျိုး တကြိမ်မှ မခံစားခဲ့ဖူးပါ။ ဦးခေါင်းကွဲသွားပြီး သွေးတွေ စီးကျလာတဲ့ အတွက် ကျွန်တော် ခေါင်းမူးပြီး သတိမေ့လု မတတ် ဖြစ်သွားပါတယ်။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ထွက်ပြေးတာ စခန်းအပြင်ဘက်ကို ရောက်သွားပါတယ်။ ကျွန်တော်ရဲ့ အသံကို ကြားတော့ ရွာသားတချို့ လိုက်လာပြီး ကျွန်တော်ကို တွဲယူပီး ရွာမ ဆေးရုံကို ပို့ပါတယ်။ ကွဲသွားတဲ့ ဦးခေါင်းကို ၅ ချက် တိတိ ချုပ်လိုက်ရပါတယ်" ဟု သူက ပြောသည်။

သူ့အား ယခုကဲ့သို့ ရိုက်နှက်ခြင်းမှာ ဦးမှတ်ကြီးမှ ပိုက်ဆံ ပေးထား၍ ဖြစ်ပုံရကြောင်း သူက ပြောသည်။

" ဦးမှတ်ကြီးက ရဲစခန်းမှူးကို ပိုက်ဆံ ပေးထားပုံရပါတယ်။ ဒါကြောင့် အရက်မူးနေတဲ့ ဒု တပ်ကြပ် ခင်မောင်ညွန့်က ကျွန်တော်ကို ရိုက်နှက် တယ်လို့ ထင်ပါတယ်။ တကယ်လို့ ကျွန်တော်မှာ အပြစ်ရှိရင် ဖမ်းဆီး အရေးယူနိုင်ပါတယ်။ ခုလို ညှဉ်းပမ်းနှိပ်စက်တာက ဥပဒေနဲ့ မကိုက်ညီသလို နိုင်ငံ ၀န်ထမ်းတွေ အနေနဲ့လည်း မလုပ်သင့် မလုပ်ထိုက်ဘူးလို့ ထင်ပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုအခါ အဆိုပါ ရိုက်နက်မူကို တောင်ကုတ်မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက်ပြီး တိုင်တန်းကြားထားသည်ဟု သူက ပြောသည်။

တောင်ကုတ်မြို့နယ်တွင် လွန်ခဲ့သော မတ်လ ၁၅ ရက်နေ့က အရက်မူးနေသော ဆားပြင် စခန်းမှူး ဒုရဲအုပ် စိုးမိုးအေးက အဆိုပါ ကျေးရွာတွင် ရိုးရိုးသားသား လုပ်ကိုင် စားသောက် နေသူ ဦးတင်မောင်၏ သား မောင်တင်ဝင်းဆိုသူကို သူတို့အားလှောင်ပြောင် ပြောဆိုသည်ဟု ဆိုကာ မတရား ဖမ်းဆီး ရိုက်နှက်ခဲ့သ ဖြင့် ဆေးရုံတင်ခဲ့ရသည်။

ပြည်သူ့များအား ကူညီပါရေစေ - ဟူသော ဆိုင်းဘုတ်ကို ရဲစခန်းရုံးရှေ့တွင် ထောင်ထားပြီး ငွေကြေးချမ်းသာသူများထံမှ တန်စိုး လက်ဆောင်များယူကာ ဆင်းရဲသား ပြည်သူများအား ကိုယ်ထိ လက်ရောက် ညှဉ်းပမ်းနှိပ်စက်မူ ပြုလုပ်နေသော တောင်ကုတ်မြို့နယ်မှ အကျင့်ပျက် ရဲများကို အရေးယူ အပြစ်ပေးရန် ပြည်သူများက အထူးလိုလားနေကြောင်း သတင်းများ ရရှိသည်။ 



နိရဉ္စရာ သတင်း

Wednesday, May 30, 2012

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ခရီးစဉ် (ဓါတ်ပုံများ)

                                 ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ခရီးစဉ် (ဓါတ်ပုံများ) 





မြန်မာ့ဒီမိုကရေးစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၏ ထိုင်းနိုင်ငံခရီးစဉ်မှာ ထိုင်းနိုင်ငံ
ရောက်မြန်မာနိုင်ငံသားတွေတင်မကပဲ ထိုင်းပြည်သူတွေကပါ လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့
ကြပါသည်။

လမ်းမတော်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး မီးလောင်သေဆုံး

            လမ်းမတော်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး မီးလောင်သေဆုံး



လမ်းမတော်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးကြောင်းသိရသည်။

မေလ(၃၀)ရက်နေ့ နံနက် ၁၂ နာရီ ၄၅ ခန့်က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၇ လမ်း၊ အမှတ်(၇၆) သုံးလွှာ ညာဖက်ခြမ်း အခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ၊ အခြေခံပညာအထက်တန်းဖြေဆိုထားသည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားချိန်ဝယ် အဆိုပါအခန်းတွင် ယင်းအမျိုးသမီးငယ်တစ်ဦးသာ ရှိနေပြီး၊ ကျန်အိမ်သားများမှာ စေးသို့သွားနေကြခြင်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ရာတွင် တိုင်းဦးစီးမှူးနှင့် မီးသတ်ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယနေ့ ၁၂ နာရီကျော်ခန့်က လမ်းမတော်မြိုနယ်၌ မီးလောင်မှုဖြစ်ပွား၍ သေဆုံးခဲ့သည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ သုံးခုတွေရှိရကြောင်း မူခင်းရဲတပ်ဖွဲ့ မှသိရသည်။

ထို့အပြင် ၎င်းသေဆုံးသည့် နေရာတ၀ိုက်တွင်သာ မီးလောင်မှုဖြစ်ပွားသည်ကို တွေ့ရှိရ၍ ဓမ္မတာအတိုင်း မီးလောင်သေဆုံးခြင်း မဟုတ်ဟု ယူဆကာ ဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။
သေဆုံးသူမှာ ၎င်း၏ မိခင်၊ အကိုဖြစ်သူနှစ်ဦးနှင့် အတူနေထိုင်ကြောင်း သိရသည်။

Popular Myanmar News Journal




Popular Myanmar News
ကိုလတ်(ပန်ဘဲတန်း)

အလုပ်သမများကို ကိုယ်ထိ လက်ရောက် ကျူးလွန်သူ ထိုင်ဝမ် နိုင်ငံသားအား ဖမ်းဆီး အရေးယူ

အလုပ်သမများကို ကိုယ်ထိ လက်ရောက် ကျူးလွန်သူ ထိုင်ဝမ် နိုင်ငံသားအား ဖမ်းဆီး အရေးယူ 




တိုးမြတ်အောင် ဇာထိုးပန်းထိုး စက်ရုံမှ လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်း ဆိုသည့် အမျိုးသမီး သုံးဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူ ထိုင်ဝမ်နိုင်ငံ သားအား လှိုင်သာယာ ရဲစခန်းမှ ဖမ်းဆီး အရေးယူကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

တိုးမြတ်အောင် ဇာထိုးပန်း ထိုးစက်ရုံမှ အလုပ်သမဖြစ်သူ မမြင့်မြင့်အေး၊ မဖြူနှင်းနှင့် မစိုးစိုးသန်းတို့ သုံးဦးသည် မေ ၂၃ ရက်က စက်ရုံ ကြိုပို့ယာဉ် ဖြင့် ထန်းတပင် မြို့နယ်၊ စန္ဒယော် ကျေးရွာ ကားမှတ်တိုင်မှ စီးလာရာ လှိုင်သာယာမြို့နယ် မီးခွက်ဈေးမှတ်တိုင် အရောက် ကားရပ်၍ ကားပေါ်မှ ဆင်းရန် ပြင်ဆင် နေစဉ် ကားမှတ်တိုင် ၌ ကြိုစောင့်ဆိုင်းနေသည့် ၄င်းစက်ရုံမှ ထိုင်ဝမ်နိုင်ငံသား အထည်ချုပ် ကျွမ်းကျင် ပညာရှင် Mr.Chang Shin Chang မှ မဆင်းရန် တားမြစ်ခဲ့ရာမှ တစ်ယောက်တစ်ခွန်း စကားများ ခဲ့ကြောင်း သိရ သည်။

ထို့နောက် အဆိုပါ ထိုင်ဝမ် နိုင်ငံသားက မမြင့်မြင့်အေး၏ ရင်ဘတ်အား ဆောင့်တွန်းပြီး ခါးမှကိုင်ကာ ဆွဲဆောင့်ခဲ့သည့် အပြင် ကားပေါ်မှ ဆင်းရန် ပြင်နေသူ မဖြူနှင်း ၏ ရင်ဘတ်အား ဆောင့်တွန်းခဲ့သည့် အတွက် မဖြူနှင်းမှာ ကားပေါ်၌ လဲကျ သွားခဲ့ကြောင်း၊ ၄င်းအပြင် ထိုသို့ မပြုလုပ်ရန် ပြောဆိုသည့် မစိုးစိုးသန်း အားထပ်မံ၍ ပါးရိုက် ခဲ့ကြောင်း ကာယကံရှင် မမြင့်မြင့်အေးက ပြော သည်။

''ကျွန်မတို့က လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုဖို့ လာတာ ကို သိလို့ အဲဒီတရုတ်က ကျွန်မတို့ ကိုလာတားတာ။ ကျွန်မတို့ ဆင်းမယ့် အပေါက်ကို ပိတ်ပြီးနင် တို့ အောက်ကို မဆင်းရဘူး ဆိုပြီးပြောတယ်။ ဒါနဲ့ စကားများကြရင်း ကျွန်မကို ဆောင့်တွန်းလိုက်တာ အင်္ကျီ စုတ်ပြဲသွားတဲ့ အပြင် မစိုးသန်း ကိုလည်း ပါးရိုက် တယ်။ နောက် တော့ ကားပေါ်က လူတွေနဲ့ ကား မှတ်တိုင်က လူတွေ ဝိုင်းဆွဲလို့ ထွက်သွားတာ'' ဟု ၄င်းက ဆိုသည်။

ထို့နောက်၎င်းတို့မှ အလုပ် သမား အဖွဲ့ခေါင်းဆောင် များအား ပြောကြား အသိပေး၍ လှိုင်သာယာ ရဲစခန်း၌ သွားရောက် တိုင်ကြား အမှု ဖွင့်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုင်ကြားမှု အပေါ် လှိုင်သာယာ ရဲစခန်းမှ ထိုင်ဝမ် နိုင်ငံသား Mr.Chang Shin Chang (ပတ်စ်ပို့ အမှတ် ၂၁၁၇၂၈၂၅၉) ဗီဇာအမှတ် (၁၅ဝ၄၁၆၉) အား ခေါ်ယူ စစ် ဆေးခဲ့ရာ ၄င်းသည် အဆိုပါ စက်ရုံ၌ အထည် ချုပ် ကျွမ်းကျင်ပညာရှင် တစ်ဦးအဖြစ် လာ ရောက် အလုပ်လုပ်ကိုင်ခြင်း ဖြစ်ပြီး အဆိုပါနေ့က လုပ်ခလစာ တိုးမြှင့်ပေးရေး အတွက် တောင်းဆိုရန် လာသည့် အလုပ်သမ သုံးဦးနှင့် စကားများ ရန်ဖြစ်ခဲ့သည်ဟု ပြောကြားခဲ့ သည့် အတွက် (ပ) ၅၄၁/၁၂၊ ပုဒ်မ ၃၅၄/၃၂၃ ဖြင့် ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။

Popular Myanmar News Journal

စက်ရုံတစ်ခုမှ ၀န်ထမ်းများ သန့်စင်ခန်းသွားပါက အခကြေးငွေပေးကြရ

                     စက်ရုံတစ်ခုမှ ၀န်ထမ်းများ သန့်စင်ခန်းသွားပါက အခကြေးငွေပေးကြရ 


လှိုင်သာယာမြို့နယ်ရှိ နာမည်ကြီး အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတစ်ခုမှ ၀န်ထမ်းများ သန့်စင်ခန်းသွားပါက အခကြေးငွေပေးကြရကြောင်းသိရသည်။

အဆိုပါ အီလက်ထရွန်းနစ်စက်ရုံမှ ၀န်ထမ်း သုံးပုံတစ်ပုံခန့်သည် မေ(၂၉)မှ စ၍ ဆန္ဒဖော်ထုတ်ခြင်းများပြုလုပ်လျက်ရှိကြပြီး၊ ၄င်းတို့အတွက် လိုအပ်နေသည့် အချက်(၁၀)ချက်ကို အလုပ်ရှင်ထံမှ တောင်းဆိုနေကြခြင်းဖြစ်သည်။

ယင်းတောင်းဆိုချက်(၁၀)ချက်တွင် အခြေခံလစာတိုးမြှင့်ပေးရေး၊ နှစ်တိုးလစာ ခွင့်ပြုပေးရေးနှင့် အလုပ်ချိန်အတွင့် သန့်စင်ခန်းအသုံးပြုမှုကို အခကြေးငွေမဖြတ်တောက်ရေးတို့ပါဝင်ကြောင်းအလုပ်သမားအဖွဲ့ခေါင်းဆောင်များထံမှသိရသည်။

အလုပ်ချိန်အတွင်း သန့်စင်ခန်းသွားပါက သန့်စင်ခန်းသော့ကိုင် စာရေးမထံတွင်ခွင့်ပြုချက်တောင်း၍သွားရပြီး ခွင့်ပြုချက်ဖြင့် သွားပါက တစ်ကြိမ်လျှင် တစ်ဆယ်ကျပ်နှုန်းပေးရပြီ၊ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ သွားလျှင်မူ တစ်ကြိမ်လျှင် တစ်ရာကျပ်ပေးဆောင်ရကြောင်းသိရသည်။

Popular Myanmar News Journal

အသက် ၆၀ အရွယ် အမျိုးသမီးကို တပ်သားက အဓမ္မပြုရန်ကြိုးစား

                         အသက် ၆၀ အရွယ် အမျိုးသမီးကို တပ်သားက အဓမ္မပြုရန်ကြိုးစား 

  မေလ ၃၀၊ ၂၀၁၂ ၊ (YPI)

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု နောင်ပါတ်ကျေးရွာမှ အသက်(၆၀)နှစ် အမျိုးသမီး တစ်ဦးကို မေလ ၂၂ရက်နေ့တွင် ဆီဆိုင်မြို့ မြေခံတပ်ရင်း ခမရ ၄၂၄ တပ်သားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း သိရှိရသည်။

ယခုလလ ၂၂ ရက်နေ့ ညနေ ၄း၃၀ နာရီက အသက် ၆၀ အရွယ်ရှိအမျိုးသမီးသည် ရွာနဘေး  ခြံကွက်တွင် အလုပ်လုပ်နေချိန် ခမရ ၄၂၄ မှ တပ်သား ထန်မြတ်ခိုင် အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည်ဟု ပြုကျင့်ခံရသူက YPI သို့ပြောသည်။

၎င်းက “အဖွားကိုရေချိုးလို့ရတဲ့ နေရာကို မေးတယ် ပြီးတော့ စစ်သားက ဆင်းသွားလိုက်တယ်၊  အဖွားကသူသွားပြီထင်တာ၊  ထင်လဲမထင်ထားဘူး အလုပ်ပဲဆက်လုပ်တယ် ခဏတော့ ဆတ်ခနဲ အဖွားအနောက်ဘက်ကနေ ဖက်ပြီး တွန်းလှဲတယ်” ဟု ၎င်းက အဖြစ်အပျက်ကို ပြန်ပြောပြသည်။

“အဖွားက အရမ်းကြောက်တော့ နပန်းလုံးတာ ဘယ်လောက်ကြာတာတောင်မသိတော့ဘူး အဖွားက မှောက်လျက် စစ်သားက အပေါ်က၊ သူ့ရဲ့ငယ်ပါကို အဖွားက ဆွဲပြီးညှစ်တယ် ပြီးတော့ သူက လွယ်အိတ်ထဲကနေ ဓါးထုတ်ပြီး  အပေါ်ကနေ အဖွားကိုထိုးချတယ်” ဟု၎င်းအမျိုးသမီးက ဆက်လက်ပြောပြသည်။

ယင်း တပ်သားမှာ အမျိုးသမီး၏ နဖူးမှ သွေးထွက်သွားခါမှ ထွက်ပြေးသွားသည် ဟု ၎င်းကပြောပြသည်။   ခေါင်းတွင်သွေးထွက်လျှက်အိမ်ပြန်ပြီး ဖြစ်စဉ်ကို သားသမီးများအား ပြောပြသည့်အခါတွင် ရွာသူကြီးနှင့် တခြားတပ်သားများက ထန်မြတ်ခိုင်ကို လိုက်လံဖမ်းဆီးရာ ၎င်းက ဓါးဖြင့်ပြန်လည်ခုခံခဲ့သည်ဟု သိရသည်။

ကျူးလွန်သူဟု ယူဆသူ ထန်မြတ်ခိုင်မှာ မလွတ်မြောက်နိုင်တော့မှန်းသိသဖြင့် မိမိကိုယ်ကိုဓားဖြင့် ဟန်ဆောင်ထိုးပြီး ပစ်လဲသည့်နောက်တွင် ဖမ်းဆီးနိုင်ခဲ့သည် ဟုရွာသားများကပြောသည်။

အနိုင်ကျင့်ခံရသူအမျိုးသမီးအား ရွာသားများကဆီဆိုင်မြို့ပြည့်သူ့ဆေးရုံသို့ ညနေ ၇း၀၀ နာရီခန့်တွင် ပို့ဆောင်ပေးခဲ့သည်။ တပ်သား ထန်မြတ်ခိုင်ကိုလည်း ရွာသားများက ဆီဆိုင်မြို့ပြည်သူ့ဆေးရုံကိုပို့ရာ နောက်နေ့နက်တွင် တပ်ရင်းက ပြန်လည်ခေါ်ဆောင်သွားပြီး  ယခုအောင်ပန်း ကုတင် ခုနှစ်ရာ ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသည်ဟု သိရသည်။

ကာယကံရှင်အမျိုးသမီးက ယခုအဖြစ်အပျက်ကို ဆီဆိုင်မြို့နယ် ပြည်နယ်လွတ်တော်အမတ် ဦးခွန်လှသိန်းတို့ကိုတိုင်ကြားထားသည်ဟု YPI သို့ပြောသည်။ စစ်တပ်မှ ဆေးကုသစရိတ် ကျပ်ငွေတစ်သိန်းခွဲပေးသည်ဟုသိရသည်။

“ အဖွားလည်း တရားမရင်ဆိုင်တော့ပါဘူး ရင်ဆိုင်ရင် ငွေလည်းမရှိဘူး အလုပ်လည်းပျက်အုံးမယ် အဲတော့ရှေ့ရေးအတွက်တွေးပြီး ဒီလိုပဲကျေအေးပေးရတယ်” ဟု၎င်းက ပြောသည်။

နောင်ပတ်ကျေးရွာသည် ဆီဆိုင်မြို့မှ ငါးမိုင်ခန့်တွင်ကွာဝေးသည်။ အမဲရောင် နယ်မြေဖြစ်၍ စစ်တပ် သွားလာလှုပ်ရှားမှု အမြဲရှိသည့် ကျေးရွာတရွာဖြစ်သည်။       ။

by Yangon Press International

ပလွေရိုး ခန္ဓာကိုယ် များအတွက် ဖြည့်စွက် အားဆေး

                             ပလွေရိုး ခန္ဓာကိုယ် များအတွက် ဖြည့်စွက် အားဆေး



 29 MAY 2012  | BY HEALTH DIGEST

သာမန်အားဖြင့် လူတစ်ယောက် ဟာ အစားအသောက်များမှ လိုအပ် သော အာဟာ ရဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ် များကို ရရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်အလေး ချိန်တိုး၊ကြွက်သားတွေထွက်ပြီး ထောင် ထောင်
မောင်းမောင်းဖြစ်လာအောင် ကြိုးစားနေတဲ့ ပိန်ပိန်ညှောင်ညှောင် ကိုပလွေရိုးများအနေနဲ့ အာဟာရ ဓာတ်ကို အစားအသောက် များမှတင် မကဘဲ ဖြည့်စွက်အားဆေးများရဲ့ အကူအညီကို ရယူရပါမယ်။


ကယ် လိုရီနဲ့ပရိုတင်း စားသုံးမှုကို မြှင့်တင်ဖို့ အတွက် ပရိုတင်းပေါင်ဒါတွေဟာ အရေးကြီးပါတယ်။ အစာအိမ် နဲ့အူ လမ်းကြောင်းကို မသက်မသာဖြစ်စေ မှုကို မခံနိုင်ဘူး ဆိုရင်တော့ ပရိုတင်း ပေါင်ဒါကို ရွေးချယ်တဲ့အခါ ပဲပုပ်၊ ပြောင်းဖူး၊ အချိုဓာတ်အတွက် ထပ် ဖြည့်ပစ္စည်းများမပါဝင်တဲ့ ပရိုတင်း ပေါင်ဒါကို ရွေးချယ်ပါ။

အစာကြေ စေတဲ့ပစ္စည်းများပါဝင်တဲ့ ပရိုတင်း ပေါင်ဒါကိုလည်းရွေးချယ်နိုင်ပါတယ်။ အခြားဖြည့်စွက်ဆေးဝါးများက တော့-(၁) Creatine (၂) Carnitine (၃) Citrulline (၄)Beta- Alanine ဖြည့်စွက်အားဆေးတို့ပဲ ဖြစ်ပါတယ်။

ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်နှင့်တိုင်ပင်ပြီး ဆေး ညွှန်းအတိုင်းသောက်သုံးရမှာ ဖြစ်ပါ တယ်။ဒါပေမယ့်အထက်ပါဆေးဝါးတွေ ဟာ ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် အလေးမခြင်းတို့ကို အစားမထိုးနိုင် ပါဘူး။ အထောက်အကူသာ ပြုပေး နငို ပ်ါတယ။်

ဇင်မာမြင့် Ref:Yahoo 
ကိုလတ်(ပန်ဘဲတန်း)

ဂေါက်ရောဂါသည်များ အတွက် အစားအစာများ

                                      ဂေါက်ရောဂါသည်များ အတွက် အစားအစာများ 



 29 MAY 2012  | BY HEALTH DIGEST

Gout ရောဂါကို ခံစားနေရသူများ ဟာ ခံစားရသောဝေဒနာ များသက် သာစေရန် လူနေမှုစရိုက်များကို ပြောင်းလဲပေးခြင်းသည် အဓိကကျ ကြောင်း အရိုးအထူး ကုဆရာဝန် များ က အကြံပေးကြ ပါတယ်။

သန့်ရှင်း လတ်ဆတ်သော သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ အဆီနည်း သော နို့ထွက်ပစ္စည်းများ၊ အစေ့ အဆန်များကို ညီညွတ်မျှတ စွာစား သောက်ခြင်းဖြင့် ဝေဒနာများကို သက်သာစေနိုင်ကြောင်း သိရပါ တယ်။ အရေးကြီးသည့် အချက်များမှာ ပြုပြင်စီမံထားသော အစားအစာနှင့် ဖျော်ရည်များတွင် ပါဝင်သော Fractose Corn syrup စား သောက်မှုပမာဏကို ကန့်သတ်ထားရ မှာဖြစ်ပါတယ်။

 Purine ဒြပ်ပေါင်း ကြွယ်ဝသော အစား အစာများ၊ အနီရောင်အသားများ၊ ဘီယာနှင့် Shellfish စားသောက်ခြင်း ကိုလည်း အကန့်အသတ်နှင့်သာ စားသောက်ရ မှာဖြစ်ကြောင်း သိရပါတယ်။

 ဇင်မာမြင့် Ref:UPI

Myanmar MNN News
ကိုလတ်(ပန်ဘဲတန်း)

မိမိရဲ့ ဇနီး အခြားယောကျာ်း နောက်လိုက်၍ အမျိုးသားတစ်ဦး ပိုးသတ်ဆေးသောက် သေဆုံး

         မိမိရဲ့ ဇနီး အခြားယောကျာ်း နောက်လိုက်၍ အမျိုးသားတစ်ဦး ပိုးသတ်ဆေးသောက် သေဆုံး



ရန်ကုန်တိုင်း ဒေသကြီး ရွှေ ပြည်သာမြို့နယ် အတွင်း၌ မိမိကိုယ် ကို ပိုးသတ်ဆေး သောက်၍ သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ရွှေပြည်သာမြို့နယ် ဧရာဝတီ ပတ်လမ်း၊၆/ ထုံးဖိုစု ရပ်ကွက်နေသူ လှိုင်ဘွား (၃၁) နှစ်သည်ဇနီးသည် ဖြစ်သူမှ
 နောက်ယောကျာ်းနောက် လိုက်သွားသည်ကိုစိတ်ထိခိုက်ကာ ပိုးသတ်ဆေးများ သောက်သုံး ထားကြောင်း သိရှိရသဖြင့် ဆေးရုံသို့ပို့ ဆောင်ရာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း၊ အလောင်း အား
စစ်ဆေးရာပြင်ပ ဒဏ်ရာမတွေ့ ရှိဘဲသေဆုံးခြင်းဖြစ်ပြီးရွှေပြည်သာ ဆေးရုံမှ ပီအာရ်-၁၁ ဖြင့် လက်ခံထားရှိပြီး ဓမ္မတာအတိုင်း သေဆုံး ခြင်းဟုတ်/မဟုတ်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

အမှုအား ရွှေ ပြည်သာရဲစခန်းမှ သေမှုသေခင်း အမှတ် ၉/၁၂ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိသည်။



ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတ၏ ကိုယ်ရေးအရာရှိကိုယ်တိုင် မဲစာရင်းထဲမပါ

ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတ၏ ကိုယ်ရေးအရာရှိကိုယ်တိုင် မဲစာရင်းထဲမပါ 


မေလ ၂၉ ၊ ၂၀၁၂

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး ကိုကိုကျော် နှင့်ဇနီးတို့ မဲစာရင်းတွင်မပါရှိသဖြင့် မဲမပေးခဲ့ရကြောင်း မေလ ၂၂ ရက်နေ့က နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

“သမ္မတကြီးရဲ့ ကိုယ်ရေးအရာရှိနဲ့ ဇနီးက မဲမပေးရပဲ သားဖြစ်သူသာ မဲစာရင်းပါခဲ့လို့ မဲပေးခဲ့ရကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေကို ပြောကြားခဲ့တာပါ” ဟု အဆိုပါစည်းဝေးပွဲသို့ တက်ရောက်ခဲ့သည့် ပြည်သူ့ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်ဦး က YPI သို့ပြောသည်။

အဆိုပါဖြစ်စဉ်ကို ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ပြောပြရာတွင် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ ကိုယ်ရေးအရာရှိဖြစ်သူ ဗိုလ်မှူးကြီး ကိုကိုကျော် အား “ဘာလို့မဲပေးလို့ မရတာလဲလို့” မေးခဲ့ရာ ကိုယ်ရေးအရာရှိက “၎င်းနှင့်ဇနီးသည်တို့ မဲစာရင်းတွင်မပါဘဲ သားဖြစ်သူသာ မဲစာရင်းမှာပါသည့် အတွက် မဲမပေးခဲ့ရခြင်းဖြစ်သည်ဟု” ပြန်လည်ဖြေကြားခဲ့ကြောင်းကို ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီများ ကိုပြောကြားခဲ့သည်။

ယခုလို အဖြစ်အပျက်များ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်ဖြစ်ပွားခဲ့၍  လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ကတိပြုပြောကြားခဲ့သည်ဟုလည်း  ဒေါက်တာ သန်းထိုက်ဦးက ပြောပြသည်။

ယခုလ ၂၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့သည့် ၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအပေါ် နိုင်ငံရေးပါတီများ ၏သုံးသပ်တင်ပြချက်များတွင် ကြားဖြတ်ရွေးကောက်ပွဲကာလက ပြည်သူအများဆုံး ကြုံတွေ့ရည့် အခက်အခဲဖြစ်သည့် မဲစာရင်း  နှင့် ပတ်သက်သော ကိစ္စရပ်များ အဓိက တင်ပြဆွေးနွေးခဲ့ကြသည်။

ဧပြီလ ၁ ရက်နေ့တွင်ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ မဲစာရင်းကြေညာသည့်ကာလ နောက်ကျခြင်း၊ သတ်မှတ်ရက် တပါတ်တာအတွင်း မဲစာရင်းတွင် မပါသူအများအပြားကို သန်းကောင်စာရင်းနှင့် မှတ်ပုံတင်ယူလာခဲ့လျင် မဲပေးခွင့်ပေးမည်ဟု အောက်ခြေ အဆင့်ကော်မရှင်က ပြောဆိုခဲ့ခြင်း၊  မဲပေးသည့် နေ့တွင်ယူဆောင်လာသည့်အခါ မဲ ပေးခွင့်မရခဲ့သည့် အဖြစ်အပျက်များ အနှံ့အပြားဖြစ်ပွားခဲ့သည်။        ။

by:Yangon Press International 
ကိုလတ်(ပန်ဘဲတန်း)

ကျောက်စိမ်းကုမ္ပဏီတွေ ဖားကန့်ဒေသက အမြန်ဆုံးထွက်ခိုင်း

                    ကျောက်စိမ်းကုမ္ပဏီတွေ ဖားကန့်ဒေသက အမြန်ဆုံးထွက်ခိုင်း 


(ဓာတ်ပုံ- zawmoehetet)
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်စိမ်း
တူးဖေါ်နေတဲ့ ကုမ္ပဏီတွေနဲ့ စက်ယန္တယားတွေကို အမြန်ဆုံးရုတ်သိမ်းဖို့
နေပြည်တော်က မေ ၂၃ ရက်က ညွှန်ကြားချက် ထုတ်တာကြောင့်
မေလကစပြီး ဖားကန့်ကနေ လူအတော်များများ ထွက်ခွာနေကြတယ်လို့
သိရပါတယ်။

ဗြိတိန်ကမ်းခြေတွင် ကလေးတစ်ဦအား အသက်စွန့်ကယ်တင်သွားသည့် သူရဲကောင်း

          ဗြိတိန်ကမ်းခြေတွင် ကလေးတစ်ဦအား အသက်စွန့်ကယ်တင်သွားသည့် သူရဲကောင်း 

ဗြိတိန်နိုင်ငံရှိ အပန်းဖြေ ကမ်းခြေ တစ်ခုတွင် ကလေးငယ် တစ်ဦးအား စွန့်စွန့်စားစား ကယ်တင်ရင်း လူတစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။ အမည်အတိအကျ မသိရသေးသော အသက်(၃၂)နှစ်အရွယ် ပုဂ္ဂိုလ်သည် ကလေးငယ်တစ်ဦး ရော်ဘာ ဘုတ်ပြားဖြင့် လှိုင်းစီးရင်း ရုန်းကန်နေရသည်ကို သတိပြုမိပြီးနောက် ကယ်တင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိုယ်ကျိုးစွန့်သော သူရဲကောင်းဆန်ဆန် စိတ်ဓာတ်ရှိသူသည် ရေစီးကြောင်းများ ပြင်းထန်ကြောင်း အန္တရာယ်ရှိသည့် အလံနီ အချက်ပြ အမှတ်အသားကို တွေ့မြင်သော်လည်း ရေထဲသို့ ဒိုင်ဗင်ထိုးဆင်းကာ ကလေးငယ်ကို ကမ်းခြေဘက် တွန်းယူလာခဲ့သည်။



အသက်(၄)နှစ်အရွယ် ကလေးငယ်သည် ကမ်းခြေသို့ ချောချောမောမော၊ ဘေးကင်းကင်း

 ပြန်ရောက်လာသော်လည်း ထိုသူမှာမူ ရေနစ် သေဆုံးခဲ့သည်။ အနောက်ဆက်ဆက်စ် ကမ်းခြေတွင် ဖြစ်ပွားသော သေဆုံးမှုတွင် ထိုသူသည် ကလေးကို ကမ်းခြေဘက် တွန်းပေးပြီးနောက် နှလုံးဖောက်ပြန်လာဟန် ရှိပြီး ရုတ်တရက် ရေနစ်သွားခြင်းဟု မျက်မြင်များက ဆိုသည်။ 

အဆိုပါ ပုဂ္ဂိုလ်သည် ကမ်းခြေနှင့် (၁၆)ပေမျှ အကွာတွင် ရေနစ်သွားခြင်း ဖြစ်သည်။ ကမ်းခြေစောင့် တပ်ဖွဲ့သည် ထိုနေရာသို့ အရေးပေါ် အနေအထားဖြင့် ရောက်ရှိသွားပြီး ထိုသူကို ဆယ်တင်ကာ ရှေးဦး သူနာပြုနည်းဖြင့် ကုသပေးခဲ့သည်။



ဆရာဝန် တစ်ဦးနှင့် သူနာပြုများသည်လည်း ရဟတ်ယာဉ်ဖြင့် သဲသောင်ပြင်ပေါ် ချက်ချင်း ရောက်လာခဲ့သည်။ ၎င်းတို့ အမျိုးစုံ ကြိုးစားသော်လည်း ဆာရေးမှ လာရောက်သည်ဟု ယူဆရသော အဆိုပါ ပုဂ္ဂိုလ်ကို မကယ်တင်နိုင်ခဲ့ချေ။ မျက်မြင်တစ်ဦးက "သူနာပြုတွေက သူ့အဆုတ်ထဲက ရေတွေကို မှုတ်ထုတ်ပစ်ခဲ့တယ်။ 


 ပြောရရင် ရဟတ်ယာဉ် ဆိုက်လာချိန်ထိ ကမ်းခြေက လူတွေက အကောင်းမြင် မျှော်လင့်နေကြတာပါ။ ဒါပေမဲ့ ၀မ်းနည်းစရာ ကောင်းပါတယ်။ သူ့ကို မကယ်နိုင်ခဲ့ဘူး။ သူဟာ သူရဲကောင်း တစ်ယောက်လို သေသွားတာပါ"ဟု ပြောဆိုသွားသည်။

Source: MailOnSunday

ကိုလတ်(ပန်ဘဲတန်း) 

Opera ကို Facebook က ဝယ်ယူမည်ဟု သတင်းများထွက်ပေါ်

                           Opera ကို Facebook က ဝယ်ယူမည်ဟု သတင်းများထွက်ပေါ်

Opera ကို Facebook က ဝယ်ယူမည်ဟု သတင်းများထွက်ပေါ်

နည်းပညာ လောကတွင် ခြေလှမ်းကြီးကြီး၊ လက်ဝါးကျယ်ကျယ်ဖြင့် လွှမ်းမိုးရန် ကြိုးစားလာသည့် Facebook၏ ငွေသုံးကြမ်းမှုသည် ယခုတိုင် မပြီးပြတ်နိုင်သေးဟု သတင်းများက ဆိုသည်။ 

 ကမ္ဘာကျော် Social Media ၀က်ဘ်ဆိုက်ကြီးသည် ကိုယ်ပိုင် Browser တစ်ခု ဖန်တီးရန် ရည်ရွယ်ထားပြီး ယင်းအတွက် နာမည်ကြီး Browserလုပ်ငန်း Operaကို ၀ယ်ယူရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ နော်ဝေး အခြေစိုက် Softwareလုပ်ငန်းကြီး Operaကို Facebookက မျက်စိကျနေသည်။

Facebookသည် ခေတ်ဟောင်း ဓာတ်ပုံများသဖွယ် အလွယ်တကူ ပြောင်းလဲပေးနိုင်သည့် Instragramကိုလည်း ဒေါ်လာ (၁)ဘီလျံဖြင့် ၀ယ်ယူ သိမ်းပိုက်ထားပြီး ဖြစ်သည်။

Facebookသည် ကမ္ဘာပေါ်တွင် အင်တာနက် သုံးစွဲသူ အများစု၏ အခိုင်အမာ ထောက်ခံမှုကို ရရှိထားပြီးနောက် မိုဘိုင်းလ်ဖုန်း လောကတွင် ဦးလှည့်ရန်ပါ ကြိုးစားလာခဲ့သည်။ ထို့ကြောင့် Facebookအတွက် ကိုယ်ပိုင် Browserတစ်ခု ဖန်တီးနိုင်ရန် ရည်ရွယ်လာခြင်းဟု သိရသည်။


 မာ့ခ်ဇူကာဘာ့ဂ် ဦးဆောင်သော လုပ်ငန်းစုကြီးကမူ ၎င်းတို့၏ ဈေးကွက်ချဲ့ထွင်မှု မဟာဗျူဟာနှင့် ပတ်သက်၍ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။ Facebookသည် Operaကို စိတ်ဝင်စားနေကြောင်းမူ Wall Streetတွင် လူပြောများလျှက် ရှိနေသည်။ Opera၏ Browserသည် PCကွန်ပျူတာများအပြင် မိုဘိုင်းလ်ဖုန်းနှင့် Tablet ကွန်ပျူတာများ၌ပါ ကျယ်ကျယ်ပြန့်ပြန့် နေရာရရှိထားပြီး ဖြစ်သည်။ သတင်းများ ထွက်ပေါ်နေသည့်အတိုင်း မှန်ကန်ပါက မန်လိုပါ့ခ်တွင် အခြေစိုက်သော Facebook၏ နောက်ထပ် ပစ်မှတ်သည် Operaပင် ဖြစ်လာနိုင်မည်ဟုလည်း သိရှီရသည်။

Source: LATimes

ကိုလတ်(ပန်ဘဲတန်း)

ရိုဟင်ဂျာ မြန်မာတိုင်းရင်းသားမဟုတ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြော

                     ရိုဟင်ဂျာ မြန်မာတိုင်းရင်းသားမဟုတ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြော
မေလ ၂၈ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို ကရင်ရိုးရာဝတ်စုံဖြင့် တွေ့ရစဉ်
မေ ၂၉၊ ၂၀၁၂


ရိုဟင်ဂျာဆိုသည်မှာ မြန်မာတိုင်းရင်းသားမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီက နိုဝင်ဘာလ ၂၈ ရက်နေ့ က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ်သော KNU ရွှေ့ပြောင်းဒုက္ခသည်များ အားမှတ်ပုံတင်ထုတ်ပေးသည့် အခမ်းအနားတွင် သတင်းထောက်တစ်ဦး၏မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်သည်။

“ ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာဆိုတာမရှိဘူး ကျွန်တော်တို့တိုင်းရင်းသား လူမျိုးစုထဲမှာ ရိုဟင်ဂျာဆိုတာရှိလည်းမရှိဘူး ။ ကျွန်တော်တို့တိုင်းရင်းသားလည်း မဟုတ်ဘူး ” ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။

ရိုဟင်ဂျာဆိုသည်မှာ အင်္ဂလိပ်မြန်မာပထမ စစ်ပွဲအပြီး မြန်မာနိုင်ငံအနောက်ခြမ်းမှ အင်္ဂလိပ်များနှင့်အတူ ၀င်ရောက်လာသော လူမျိုးများ ဖြစ်ပြီး ဂျပန်ခေတ် အင်္ဂလိပ်များ ဆုတ်ခွာသွားသည့်အခါ လက်နက်ကိုင်တော်လှန်ရေးအတွက် ထားခဲ့သူများဖြစ်ကြောင်း ထိုသူများမှ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ကြေငြာခြင်းဖြစ်ကြောင်း ပြန်ထောင်စုဝန်ကြီးဦးခင်ရီ ကပြောကြားသည်။

ရိုဟင်ဂျာသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းရာနှင့်ချီနေထိုင်လာခဲ့သော မေ့လျော့ခံမြန်မာလူမျိုးစုဖြစ်ကြောင်း ဘီဘီစီသတင်းဌာနမှ သတင်းထောက် မိုက်သွန်မဆင်က ၂၀၀၆ ခုနှစ်မတ်လ က ရေးသားခဲ့သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းက ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးWilliam Hague  မြန်မာပြည်လာရောက်စဉ်အတွင်း ဗြိတိန်သံရုံးတွင်ကျင်းပသောသတင်းစာရှင်းလင်းပွဲ၌ ရိုဟင်ဂျာများအား တိုင်းရင်းသား အနေဖြင့် အခွင့်အရေးများ ပေးရန် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ၁၉၈၂ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၃ အရ ၁၈၂၃ ရှေ့ပိုင်း မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းမှသာ မွေးရာပါနိုင်ငံသားအဖြစ်သတ်မှတ်ကြောင်းပြောသည်။            ။
YPI News

ဒဂုံဆိပ်ကမ်းမြို့နယ်သို့ အစားထိုးယာဉ် ပြေးဆွဲပေးမည်

                                ဒဂုံဆိပ်ကမ်းမြို့နယ်သို့ အစားထိုးယာဉ် ပြေးဆွဲပေးမည်

ရန်ကုန်တိုင်း မထသ မှ တာဝန်ရှိသူတစ်ဦးမှ  ၂၇.၅.၂၀၁၂ နေ့ ညနေပိုင်းတွင်  NNDP ပါတီ မှသင်္ဃန်းကျွန်း
 တိုင်းဒေသကြီး အမှတ် (၁) ကိုယ်စားလှယ် ဦးကျော် ထံ(၃၉ ) ယဉ်လိုင်း မှ စုစုပေါင် ကား ၁၀ စီးအား
 မေလ၂၈ ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်သို့ ၂၃၂ယာဉ်ပြေးဆွဲသည့် ခရီးစဉ် နေရာတွင် စတင် အစား
ထိုး ပြေးဆွဲပေးမည်ဖြစ်ကြောင်း ဖုန်းဖြင့် အကြောင်းကြားလာကြောင်း သိရပါတယ်။

မကြာသေးခင်က ပါရမီယာဉ်လိုင်း ၂၃၂ ယာဉ်လိုင်း မှကြားကား
ပြေဆွဲသည့် ယဉ်မောင်းအား ဓါးဖြင့်ခုတ်သတ်ခဲ့သည့်ကိစ္စနှင့်ပါတ်သက်ပြီး
၂၃၂ ယာဉ်လိုင်း အားပိတ်သိမ်းလိုက်ပါတယ်။

အဆိုပါကိစ္စပါတ်သတ်ပြီး  ဒဂုံဆိပ်ကမ်းမြို့ နေ ဒေသခံများမှ  NNDP သို့တင်ပြ
လာရာ NNDP မှ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်နှင့် ဦးဝင်းရွှေတို့သည်
ဒဂုံဆိပ်ကမ်းမြို့နယ်သို့ ဒေသခံများ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ပြီး 
ဒေသခံများ၏ ခံစားချက်များကို မေးမြန်းခဲ့ပါတယ်။

၂၃၂ ယာဉ်လိုင်းပိတ်သိမ်းလိုက်ခြင်းသည် အလုပ်သွားအလုပ်ပြန်အဆင်မပြေမှု၊
အဆိုပါကားဂိတ်အားအမှီအခိုပြုလျှက်လုပ်ကိုင်စားသောက်နေကြသည့်လုပ်ငန်း
အသေးစားများမှာလည်း ဒီယာဉ်လိုင်းပိတ်သိမ်းလိုက်ခြင်းကြောင့်
စားဝတ်နေရေး အဆင်မပြေမှုများ ဖြစ်ပေါ်နေကြောင်း ပြန်လည် ပြောကြ
တင်ပြခဲ့ပြီးနောက် အခုလို ကား  အစားထိုးပြေးဆွဲပေးမယ့် အစီအစဉ်ရှိလာ
တာဖြစ်ပါတယ်။


လိုင်းကားနှင့် လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့် အားတွေ့ ရစဉ်





Friday, May 4, 2012

IT ခေတ်ရဲ့စေတန်(သို့)VIRUS HISTORY

နိဒါန်းလေးပျိုးရရင်တော့ဗျာ ဟိုးရှေးရှေးတွေတုံးကလူတွေကိုအမျိုးမျိုးဒုက္ခတွေပေးတဲ့သူကိုစေတန်လို့သမုတ်ခဲ့တာမိတ်ဆွေလဲ
သိပြီးဖြစ်မှာပါ။ယခု IT ခေတ်ကြီးထဲတော့လူတွေတင်မကဘူးဒုတိယလူသားမျိုးဆက်ဖြစ်တဲ့ computer တွေကိုစိတ်ဒုက္ခသာမက
အမျိုးမျိုးနှောက်ယှက်နေတာကတော့အားလုံးသိတဲ့ virus အမျိုးမျိုးပါဘဲ။ဒါကြောင့်ဒီသူတောင်းစား virus တွေကို IT ခေတ်ရဲ့စေတန်
လို့အမည်နာမသမုတ်မိမယ်ဆိုရင်ကျွန်တော်မှားသွားလား?
ဟုတ်တယ်လေဒီကောင်တွေကပျော်ရွှင်စေဖို့ဖန်တီးထားကြတဲ့ talker voice ကစလို့ wed aera တွေကိုဝါးမျိုးနိုင်ကြတဲ့ကောင်တွေ
အထိအားလုံးကကျွန်တော်တို့ကိုဒုက္ခရောက်စောကတာမဟုတ်လား။ကဲ ကဲဒီကောင်လေး ဆရာကြီးလေရှည်တယ်ပြောကုန်ကြတော့မယ်။
တော်ပါပြီ။လေမရှည်တော့ပါဘူး။ဒီတော့ကျွန်တော်လေ့လာ၊ဖတ်သားဖူးတာလေးကိုပြန်ဝေမျှလိုက်ပါတယ်။
ဒီထက်ပိုသိခြင်တယ်ဆိုရင်ပေးထားတဲ့ link တွေကနေလေ့လာနိုင်ပါတယ်။
ယခုလိုအချိန်ယူဖတ်ပေးတဲ့အတွက်ကျေးဇူးနော်။

Wednesday, May 2, 2012

ဟန်းဖုန်းများအတွက် ringtoneတွေ ဖြတ်ဖို့ဆော့ဝဲလေးပါ

ဖုန်းအတွက် ringtone လေးတွေဖြတ်ချင်ရင် ဒီကောင်လေးကိုဒေါင်းလိုက်ပါ။
အစဉ်ပြေပါတယ်။ကျွန်တော်ကိုယ်တိုင်သုံးနေပါတယ်။သုံးရတာလဲလွယ်ပါတယ်။
လုပ်ကြည့်လိုက်ပါဦး ။အောက်မှာယူလိုက်ပါ။