Pages

Sunday, September 29, 2013

သံတွဲမီး အံတော်ကို ကူးပြီ (ည ၁၀း၀၀ နာရီ)

RangonNewsDaily:: September 29, 2013

စက်တင်ဘာ ၂၉ ည ၁၀း၀၀ နာရီ အံတော်ဒွါရာဝတီ ကွက်သစ်ဘက်မှာ နေရပ်စွန့်ခွာ သွားသော မွတ်စ်လမ် အိမ်များအား မီးစတင်ရှို့နေပြီလို့ ဒေသခံတွေက မြန်မာမွတ်စ်လင်မ် မီဒီယာကို သတင်းပေးပို့ပါတယ်။
"အံတော်ဘက်မှာက လွန်ခဲ့တဲ့လက ပြသနာဖြစ်ပြီး မွတ်စ်လင်မ်တွေ မနေတော့ဘူး အဲဒီက အိမ်အလွတ်တွေကို ရခိုင်တွေ မီးရှို့နေတယ် လောလောဆယ် တစ်လုံးပါသွားပြီ သံတွဲ၊ တောင်ကုတ် လမ်းပေါ်က ဓါတ်ဆီဆိုင်ကိုလဲ မီးရှို့ဖို့ ကြိုးစားနေတယ်" လို့ ဒေသခံတစ်ဦးက မြန်မာမွတ်စ်လင်မ် မီဒီယာကို သတင်းပေးပို့ ထားပါသည်။

ဆီးဂိမ်းအကြို ဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲစတင် ဆင်နွဲ

Photo: ဆီးဂိမ်းအကြို ဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲစတင် ဆင်နွဲ
Sunday, September 29, 2013

ဆီးဂိမ်းစ် ပြိုင်ပွဲအကြို Pre Sea Games Futsal Championship
(Men & Women) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို 
ယနေ့ နံနက် ၈ နာရီတွင်နေပြည်တော်ရှိ ဖူဆယ်အားကစားရုံတွင်ကျင်းပသည်။ 
အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် မြန်မာ(က)၊ မြန်မာ(ခ)၊ ထိုင်းနှင့် မလေးရှား စုစုပေါင်း(၄)သင်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး 
အမျိုးသမီးဖူဆယ် ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် မလေးရှား စုစုပေါင်း(၄)သင်းပါဝင်ယှဥပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖူဆယ်ပြိုင်ပွဲကို စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၃ရက်နေ့ ထိကျင်းပမည်ဖြစ်သည်။ 

ဓါတ်ပုံ-Myanmar National League
Popular Myanmar News Journal
ဓါတ်ပုံ-Myanmar National League
RangonNewsDaily:: September 29, 2013

ဆီးဂိမ်းစ် ပြိုင်ပွဲအကြို Pre Sea Games Futsal Championship (Men & Women) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို
ယနေ့ နံနက် ၈ နာရီတွင်နေပြည်တော်ရှိ ဖူဆယ်အားကစားရုံတွင်ကျင်းပသည်။

Ford မော်တော်ယာဉ် အရောင်းပြခန်း အောက်တိုဘာ ၄ ရက်နေ့ ဖွင့်မည်

Photo: Ford မော်တော်ယာဉ် အရောင်းပြခန်း အောက်တိုဘာ ၄ ရက်နေ့ ဖွင့်မည်
Sunday, September 29, 2013

မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်မည့် Ford မော်တော်ယာဉ် အရောင်းပြခန်းကို အောက်တိုဘာ ၄ ရက်နေ့တွင် တရားဝင် စဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အမေရိကန် နာမည်ကျော် မော်တော်ယာဉ် ကုမ္ပဏီ Ford Motor Company ကုမ္ပဏီထံမှ သိရှိရသည်။

ရန်ကုန်မြို့ လှိုင်မြို့နယ် အင်းစိန် လမ်းပေါ်တွင် ဖွင့်လှစ်ထားသော အဆိုပါ Ford မော်တော်ယာဉ် အရောင်းပြခန်းတွင် မော်တော်ယာဉ် ရောင်းချခြင်း သာမက စက်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်သူများဖြင့်
မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်းခြင်း ဝန်ဆောင်မှုများကိုပါ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း Ford ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်နေသော ပြည်တွင်းရှိ Capital Automotive ကုမ္ပဏီထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖွင့်လှစ်မည့် အဆိုပါ အရောင်းပြခန်းတွင် တစ်ကမ္ဘာလုံးတွင် ရောင်းချနေသော Ford ကုမ္ပဏီထုတ် မော်တော်ယာဉ် အမျိုးအစားများကို ရောင်းချပေးသွားမည် ဖြစ်ပြီး ပြည်တွင်းရှိ Ford မော်တော်ယာဉ်များကို ပြုပြင် ထိန်းသိမ်းရေး ဝန်ဆောင်မှုများ ဆောင် ရွက်နိုင်ရန် ထိုင်းနိုင်ငံရှိ RMA Academy တွင် မြန်မာဝန်ထမ်း ၁၀ ဦးကို သြဂုတ်လ အတွင်းက တစ်လခန့် လေ့ကျင့်သင်တန်း ပေးခဲ့ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် Suzuki၊ Nissan၊ Tata အစရှိသော မော်တော်ယာဉ် ကုမ္ပဏီများက တရားဝင် အရောင်းပြခန်းများ ဖွင့်လှစ်၍ မော်တော်ယာဉ် ရောင်းချခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှု များပေးနေပြီး Mazda၊ Macedes၊ BMW အစရှိသော နာမည်ကျော် မော်တော်ယာဉ် အရောင်းပြခန်းများလည်း မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: September 29, 2013

မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်မည့် Ford မော်တော်ယာဉ် အရောင်းပြခန်းကို အောက်တိုဘာ ၄ ရက်နေ့တွင် တရားဝင် စဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အမေရိကန် နာမည်ကျော် မော်တော်ယာဉ် ကုမ္ပဏီ Ford Motor Company ကုမ္ပဏီထံမှ သိရှိရသည်။

Miss Universe Myanmar ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ် အမရာငြိမ်းနှင့် တွေ့ဆုံခြင်း

Photo: Miss Universe Myanmar ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ် အမရာငြိမ်းနှင့် တွေ့ဆုံခြင်း
Sunday, September 29, 2013

Miss Universe Myanmar ပြိုင်ပွဲဝင် အလှမယ်တစ်ဦးဖြစ်သူ အမရာငြိမ်းနှင့် တွေ့ဆုံပြီး ပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်နေမှုများ၊ ပရိသတ်များ ကြိုက်နှစ်သက်ကြသည့် သူမရိုက်ကူးသော ဓာတ်ပုံများ အကြောင်း၊ သူမနှင့် ပတ်သက်၍ ထွက်ပေါ်ခဲ့ဖူးသော ကောလာဟလအပေါ် သူမ၏ သဘောထားတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice ။ ။ Miss Universe Myanmar ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်သွားပုံလေး ပြောပြပေးပါဦး။ 

AMN ။ ။ ညီမငယ်ငယ်လေး ကတည်းက Miss Universe လို ပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ချင်ခဲ့တာပါ။ ဒါပေမဲ့ တစ်ချိန်တုန်းကတော့ ညီမတို့မှာ ဒီလိုအခွင့်အရေးမျိုးက မျှော်မှန်းခွင့် မရှိခဲ့ဘူးပေါ့။ အခုလို အခွင့်အရေး ရလာတဲ့အခါမှာ ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည် ဖော်ချင်တဲ့အတွက် ဝင်ပြိုင် ဖြစ်တာပါ။ 

Voice ။ ။ ဒီပြိုင်ပွဲအတွက် အမရာငြိမ်းရဲ့ ပြင်ဆင်နေမှု အပိုင်းကို ပြောပြပေးပါဦး။ 

AMN ။ ညီမ ဒီပြိုင်ပွဲအတွက် စာတွေအများကြီး ဖတ်ဖြစ်ပါတယ်။ ညီမက မော်ဒယ်လ်ဆိုတော့ အရင်ကတည်းက အလှအပကို ဂရုစိုက်ပေမယ့် အခုဒီပြိုင်ပွဲ မပြိုင်ခင်ကာလ မှာတော့ ပိုပြီးဂရုစိုက်ဖြစ် တယ်။ ညီမ ကိုယ်အလေးချိန်တက်တာ အရမ်းလွယ်တဲ့အတွက် ကိုယ့်ရဲ့ခန္ဓာ ကိုယ်အချိုးအစားကို သေချာထိန်းတယ်။ Cat Walk လျှောက်တာ လေ့ကျင့်တယ်။ Presentation Skill ကောင်းအောင် အင်္ဂလိပ်စာကိုလည်း ပြန်ပြီး လေ့လာနေပါတယ်။ 

Voice ။ ။ ပြိုင်ပွဲအတွက် ပြင်ဆင်မှု အပိုင်းမှာရော ဘယ်လိုအခက်အခဲတွေ တွေ့ရလဲ။ 

AMN ။ ။ ဒီပြိုင်ပွဲက ညီမတို့နိုင်ငံအတွက် နှစ်ပေါင်း ၅၀ ကျော်မှ ပြန်လည် ယှဉ်ပြိုင်ခွင့်ရတာ ဖြစ်တဲ့အတွက် ပြိုင်ပွဲအတွက် ပြင်ဆင်မှု အပိုင်းမှာရော၊ ညီမတို့ တစ်ဦးချင်းစီမှာပါ လိုအပ်ချက်တွေ ရှိမှာပါ။ ဒါပေမဲ့ ညီမယုံကြည်တာက မြန်မာလူမျိုးတွေက စိတ်ဓာတ် အရမ်းကြံ့ခိုင်ပါတယ်။ အဲဒီအတွက် ဟိုမှာသွားပြိုင်တဲ့ အခါမှာ ညီမမှ မဟုတ်ဘူး။ အရွေးခံရတဲ့သူ ဘယ်သူမဆို နိုင်ငံတကာနဲ့တန်းတူ ကိုယ့်နိုင်ငံနောက်ကျ မကျန်ရစ်အောင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ 

Voice ။ ။ ရုရှားမှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ဖို့အတွက် အမရာငြိမ်းတို့ Miss တွေရဲ့ အားနည်းချက်က ဘာဖြစ်မယ်ထင်လဲ။ 

AMN ။ ။ အဓိကကတော့ မြန်မာလူမျိုး ဖြစ်တဲ့အတွက် ညီမတို့ရဲ့ ခန္ဓာကိုယ် အချိုးအဆစ်က Swim Suit ဝတ်ဖို့ သိပ်အဆင်မပြေဘူး။ ကျန်တာကတော့ အားလုံးက အရည်အချင်း ကိုယ်စီရှိကြပါ တယ်။

"အမှန်အတိုင်း ပြောရရင် ညီမက ဒီလိုမျိုး ကောလာဟလ တစ်ခုနဲ့ နာမည်ကြီးခဲ့ရတာကို သဘောမကျပါဘူး..."

Voice ။ ။ အမရာငြိမ်းက ဒီပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲ ဘယ်နှခုလောက် ပြိုင်ဖူးလဲ။ 

AMN ။ ။ ညီမက ပြိုင်ပွဲတွေ သိပ်မပြိုင်ဖူးပါဘူး။ မော်ဒယ်လ် စလုပ်တဲ့ ၂၀၁၂ ခုနှစ်လောက်တုန်းက Miss People တစ်ပွဲပဲ ပြိုင်ဖူးပါတယ်။ အဲဒီပြိုင်ပွဲမှာ Best Complexion ဆု ရခဲ့ပါတယ်။ နောက်ပိုင်း ပြိုင်ပွဲတွေ မပြိုင်ဖြစ်တာကတော့ ညီမက ပြိုင်ပွဲမှာ ကြုံရတဲ့ စိတ်ခံစားမှုတွေ၊ စိတ်ဖိစီးမှုတွေကို မခံနိုင်တဲ့အတွက် မပြိုင်ဖြစ်တာပါ။ 

Voice ။ ။ Miss Universe ပြိုင်ပွဲတွေကို ဘယ်အချိန်ကစပြီး ကြည့်ဖူးတာလဲ။ Miss တစ်ယောက်မှာရှိတဲ့ ဘယ်လိုအရည်အချင်း မျိုးတွေကို အားကျလဲ။ 

AMN ။ ။ Miss Universe ပြိုင်ပွဲတွေကို ညီမခြောက်တန်းနှစ်လောက် ကတည်းကစပြီး ကြည့်ဖူးပါတယ်။ ညီမ သတိထားမိတာကတော့ Miss Universe ပြိုင်ပွဲတိုင်းမှာ ဆုရသွားတဲ့ Miss တွေ အားလုံးက သူတို့ကိုယ်သူတို့ အရမ်းယုံကြည်မှု ရှိတဲ့ပုံပေါက်တယ်။ ကိုယ်မှန်တယ်ထင်တာ၊ ကိုယ့်စိတ်ထဲမှာ ရှိတာကို ရဲရဲရင့်ရင့်နဲ့ ပြောရဲကြတယ်။ ဒီအချက်တွေကို ညီမသဘောကျသလို၊ အားကျစိတ်လည်း ဖြစ်ပါတယ်။ 

Voice ။ ။ အခုဆို အမရာငြိမ်းကို မော်ဒယ်လ်အနေနဲ့ ပရိသတ် တော်တော်များများက သတိထားမိ လာကြပြီဆိုတော့ သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ ရိုက်သွားဖို့ရှိလား။ 

AMN ။ ။ အမှန်အတိုင်း ပြောရရင် ညီမက မော်ဒယ်လ်ကိုတောင် Professional လုပ်တဲ့အထဲမှာ မပါပါဘူး။ သရုပ်ဆောင် ဘက်ကိုတော့ ကူးဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ညီမ ဓာတ်ပုံရိုက်ရတာကိုတော့ အရမ်း ဝါသနာပါတဲ့အတွက် ဓာတ်ပုံမော်ဒယ်လ် အနေနဲ့တော့ ဆက်လုပ်သွားမှာပါ။ 

Voice ။ ။ အမရာငြိမ်းရဲ့ အပြင်ရုပ်ရည်နဲ့ ဓာတ်ပုံထဲက ရုပ်ရည်က တော်တော် ကွာတယ်နော်။ ဓာတ်ပုံရိုက်တဲ့ အခါမှာကျတော့ ဘယ်လို Mood သွင်းပြီး သရုပ်ဆောင် ဖြစ်လဲ။ 

AMN ။ ။ ညီမရဲ့မျက်နှာက မိတ်ကပ် လိမ်းပြီးတဲ့ရုပ်နဲ့၊ မလိမ်းရသေးတဲ့ရုပ် အရမ်းကွာတယ်။ ဓာတ်ပုံရိုက်ဖို့အတွက် မိတ်ကပ် လိမ်းလိုက် Mood သွင်းလိုက်ရင်ကို မျက်နှာက ချက်ချင်း ပြောင်းတယ်လို့ ညီမနဲ့ ရိုက်ဖူးတဲ့ ဓာတ်ပုံဆရာတိုင်းက ပြောကြပါတယ်။ 

Voice ။ ။ အမရာငြိမ်းရဲ့ ဓာတ်ပုံတွေက Sexy Pose တွေများတယ်နော်။ အဲဒါကျတော့ ဘယ်လိုစိတ်သွင်းပြီး သရုပ်ဆောင် ဖြစ်လဲ။ 

AMN ။ ။ ညီမရိုက်တဲ့ ဓာတ်ပုံတွေမှာ Pose တော်တော်များများက Sexy ဆန်တဲ့ ဘက်ကိုသွားပါတယ်။ Sexy ပုံစံရိုက်ပေမယ့်လည်း အရမ်းကြီးဖော်တာ၊ ချွတ်တာမျိုးတော့ ညီမ မရိုက်ပါဘူး။ ဒါကလည်း ဓာတ်ပုံ ရိုက်တော့မှသာ အဲဒီလိုပုံစံမျိုး ရိုက်ဖြစ်တာပါ။ အပြင်မှာ ဆိုရင်တော့ ညီမက သာမန်သူလို ကိုယ်လိုပုံစံပဲ နေပါတယ်။ 

Voice ။ ။ ကမ္ဘာကျော် မိုက်ကယ်လန်း အဖွဲ့က အဆိုတော်နဲ့ တွဲရိုက်ခဲ့တဲ့ ကြော်ငြာ ဓာတ်ပုံနဲ့ ပတ်သက်ပြီး ထွက်ပေါ်ခဲ့တဲ့ ကောလာဟလကြောင့် အမရာငြိမ်းကို ပရိသတ်တွေပိုပြီး သတိထားမိလာတယ်လို့ ပြောရင်ရမလား။ 

AMN ။ ။ အမှန်အတိုင်း ပြောရရင် ညီမက ဒီလိုမျိုး ကောလာဟလ တစ်ခုနဲ့ နာမည်ကြီးခဲ့ရတာကို သဘောမကျပါဘူး။ ညီမက ဒီအနုပညာ အလုပ်တွေကို မိဘ ခွင့်မပြုတဲ့ကြားက လုပ်ခဲ့ရတာ ဖြစ်တဲ့အတွက် အခုလို ပြဿနာ ပေါ်ပေါက်လာတဲ့အခါမှာ အိမ်နဲ့ထပ်ပြီး ဒုတိယအကြိမ် အတိုက်အခံ ဖြစ်ခဲ့ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုအချိန်အထိ အမြင်လွဲနေသူ တချို့လည်း ရှိတဲ့အတွက် ဒီဖြစ်ရပ်ကို ညီမက သဘောမကျပါဘူး။ ဒီကိစ္စနဲ့ ဆက်နွှယ်ပြီး ကိုယ့်ကို အားပေးတဲ့ နှစ်သိမ့်တဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေ အများကြီး ရလာတဲ့အတွက်တော့ ညီမကျေနပ်ပါတယ်။ 

Voice ။ ။ မော်ဒယ်လ် လုပ်တာအပြင် တခြားဘာတွေကိုရော စိတ်ဝင်စားလဲ။ 

AMN ။ ။ မော်ဒယ်လ် လုပ်တာအပြင် ညီမ သီချင်းနားထောင်ရတာ၊ သီချင်း ဆိုရတာကို ကြိုက်ပါတယ်။ ဒါပေမဲ့ ညီမက အသံတော့ မကောင်းပါဘူး။ သီချင်းကတော့ သီချင်းအမျိုးအစား တော်တော်များများကို ကြိုက်ပါတယ်။ အရမ်းဆူညံ ပေါက်ကွဲတဲ့ သီချင်းပုံစံမျိုးက လွဲရင်ပေါ့။ 

Voice ။ ။ ဖက်ရှင်ကျတော့ရော ဘယ်လိုဖက်ရှင်မျိုးကို စိတ်ဝင်စားလဲ။ 

AMN ။ ။ တကယ်တော့ ညီမက ဖက်ရှင်ကို စိတ်ဝင်စားတဲ့ လူထဲမှာ မပါပါဘူး။ ပုံမှန်ထသွားထလာ ဆိုရင်လည်း စကတ်ပွပွဖားဖား တစ်ထည်၊ တီရှပ် တစ်ထည်လောက်ဆို ညီမအတွက် လုံလောက်ပါတယ်။ သိပ်ပြီးတိုလွန်း၊ ပြတ်လွန်းတဲ့ ပုံစံမျိုးကိုတော့ ညီမဝတ်လေ့ ဝတ်ထ မရှိပါဘူး။ ဝတ်ရတာ ပေါ့ပေါ့ပါးပါး ရှိတဲ့ ဖက်ရှင်မျိုးကို ညီမသဘောကျပါတယ်။ 

Voice ။ ။ Miss Universe Myanmar ပြိုင်ပွဲ အပေါ်မှာရော ဘယ်လောက်အထိ မျှော်လင့်ထားလဲ။ 

AMN ။ ။ ညီမက ပြိုင်ပွဲမှာ ကြုံရတဲ့ Stress ကို မခံနိုင်ပေမယ့် ဒီပြိုင်ပွဲကတော့ ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့ရတဲ့ အိပ်မက် ဖြစ်တဲ့အတွက် ဝင်ရောက် ယှဉ်ပြိုင် ဖြစ်တယ်။ အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ် ဆိုတဲ့စိတ်ပဲ ရှိပါတယ်။ မျှော်လင့်ချက် ဆိုတာတော့ ဘာမှမထား ထားပါဘူး။ ဒီကရသမျှ အတွေ့အကြုံတွေကိုပဲ ညီမလိုချင်ပါတယ်။ 

Voice ။ ။ အမရာငြိမ်းကို ဖက်ရှင်ရှိုးတွေမှာ လျှောက်တာ သိပ်မတွေ့ရဘူးနော်။ 

AMN ။ ။ ညီမ ရှိုးလျှောက်ရတာ မကြိုက်ပါဘူး။ ညီမရဲ့ခန္ဓာကိုယ်နဲ့ ရှိုးလျှောက်တာနဲ့က သိပ်ပြီးတော့ အံဝင်ခွင်ကျ မဖြစ်ဘူးလို့ ထင်ပါတယ်။ အဲဒါကြောင့် ရှိုးတွေ သိပ်မလျှောက်ဖြစ်ပါဘူး။ 

Voice ။ ။ အမရာငြိမ်းကို အားပေးနေတဲ့ ပရိသတ်တွေအတွက် ပြောချင်တာတွေရှိရင် ပြောပေးပါဦး။ 

AMN ။ ။ ပရိသတ်တွေ အမရာကို ကြည့်ချင်နေသေးသရွေ့၊ Billboard တွေမှာ၊ ကြော်ငြာတွေမှာ မြင်ချင်နေသေးသရွေ့ ညီမ ဒီအလုပ်ကို ကြိုးစားပြီး လုပ်သွားမှာပါ။ ဆက်ပြီးတော့ အားပေးကြပါလို့ လည်း ပြောချင်ပါတယ်။

The Voice Weekly

RangonNewsDaily:: September 29, 2013

Miss Universe Myanmar ပြိုင်ပွဲဝင် အလှမယ်တစ်ဦးဖြစ်သူ အမရာငြိမ်းနှင့် တွေ့ဆုံပြီး ပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်နေမှုများ၊ ပရိသတ်များ ကြိုက်နှစ်သက်ကြသည့် သူမရိုက်ကူးသော ဓာတ်ပုံများ အကြောင်း၊ သူမနှင့် ပတ်သက်၍ ထွက်ပေါ်ခဲ့ဖူးသော ကောလာဟလအပေါ် သူမ၏ သဘောထားတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

အမေရိကန်နှင့် အီရန်သမ္မတတို့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ဖုန်းဆက်ဆွေးနွေး

Photo: အမေရိကန်နှင့် အီရန်သမ္မတတို့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ဖုန်းဆက်ဆွေးနွေး
Sunday, September 29, 2013

အမေရိကန် သမ္မတဘားရက် အိုဘားမားနှင့် အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီတို့ သောကြာနေ့တွင် ဖုန်းဆက် စကားပြောခဲ့ကြပြီး ယင်းကဲ့သို့ နှစ်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်နှစ်ဦး တိုက်ရိုက် စကားပြောဆိုမှုသည် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အီရန်နှင့် အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေး ပြောင်းလဲလာခြင်းကြောင့် ယခုကဲ့သို့သော တိုက်ရိုက် ဖုန်းခေါ်စကားပြောမှုများ ပေါ်ပေါက် လာခြင်း ဖြစ်ပြီး နှစ်နိုင်ငံကြား သံတမန် အဆက်အသွယ် မရှိသည်မှာ ၁၉၇၉ ခုနစ် အီရန်တော်လှန်ရေးအပြီး ကတည်းက ဖြစ်သည်။

အမေရိကန် သမ္မတအိုဘားမားက အီရန်နှင့် တိုက်ရိုက်ထိတွေ့ဆက်သွယ် လိုကြောင်း အစဉ်တစိုက် ပြောကြားခဲ့ပြီး အီရန် နျူကလီးယား အစီအစဉ် ရပ်ဆိုင်းနိုင်ရေးအတွက် သံတမန်ရေး နည်းလမ်းများ အပြင် စစ်ရေးအရအရေး ယူတိုက်ခိုက်ရေး နည်းလမ်းများကိုလည်း ပစ်ပယ်မည် မဟုတ်ဟု ရှင်းရှင်းလင်းလင်း အသိပေးထားသည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ပြီး အီရန်နိုင်ငံသို့ ပြန်လည် ထွက်ခွာရန် လေဆိပ်သို့ ဦးတည် ထွက်ခွာလာချိန်တွင် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး တယ်လီဖုန်း ဆက်သွယ် ပြောကြားခဲ့ ကြောင်း သမ္မတရိုဟာနီ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။

အီရန် နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် သဘောတူစာချုပ် ချုပ်ဆိုင် နိုင်ရေး လျင်မြန်စွာအကောင်အထည် ဖော်ရန် သမ္မတရိုဟာနီက ၎င်းင်း၏အဖွဲ့ ကို ညွှန်ကြားခဲ့ကြောင်း အမေရိကန်သမ္မတ အိုဘားမားက သတင်းထောက်များကို ပြောကြားခဲ့သည်။
“ရှေ့ဆက်တိုးနိုင်ရေးမှာ အခက်အခဲတွေ ရှိနေမှာ သေချာနေပါတယ်။ အောင်မြင်မှု ရရှိဖို့အတွက် အာမခံချက် မရှိပေမယ့်လည်း သဘောတူညီချက်တွေ ရရှိနိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု အိုဘားမားက ပြောကြားသည်။

အမေရိကန်နှင့် အီရန် ခေါင်းဆောင်နှစ်ဦး လူချင်းတွေ့ရန် သမ္မတအိုဘားမားက မျှော်လင့်ခဲ့သော်လည်း တိုက်ရိုက် တွေ့ဆုံခြင်းဖြင့် အီရန်နိုင်ငံတွင်းရှိ သဘောထား တင်းမာသူများ၏ ဖိအားပေးမှုများ ရင်ဆိုင်နိုင်ခြင်းကြောင့် လူချင်းတိုက်ရိုက် မတွေ့ရန် အီရန်အစိုးရ အရာရှိများက ဆုံးဖြတ်ခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးလုံးက နျူကလီးယားအရေး တင်းမာမှုများကို လျင်မြန်စွာ ဖြေရှင်း လိုနေကြကြောင်း သမ္မတရိုဟာနီက တယ်လီဖုန်း ပြောကြားပြီးနောက် ထုတ်ပြန်လိုက်သည်။

ယင်းကဲ့သို့သော သမိုင်းဝင်တိုက်ရိုက် ဆက်သွယ်ပြောကြားမှုများ ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် အီရန်နှင့် အမေရိကန် ပြည်ထောင်စုကြား တင်းမာမှုများ လျော့ပါးလာပြီး ကမ္ဘာ့ရေနံ ဈေးနှုန်းများ သောကြာ နေ့မှစ၍ ကျဆင်းသွားခဲ့သည်။

သို့သော်လည်း ယင်းကဲ့သို့သော သမိုင်းဝင် တယ်လီဖုန်း ဆက်သွယ် ပြောကြားမှုကို အီရန်ရှိ သဘောထား တင်းမာသူများ၏ Rajanews ကဲ့သို့သော ဝက်ဘ်ဆိုက်များက ထူးဆန်းပြီး အသုံးမဝင်သည့် လုပ်ရပ်များ ဖြစ်သည်ဟု ဝေဖန်လိုက်သည်။

ထို့အပြင် အီရန်သမ္မတ ရိုဟာနီမှာ အာဏာအနည်းငယ်သာရှိသည့် အစိုးရအဖွဲ့ အကြီးအကဲဖြစ်ပြီး အီရန် ပြည်တွင်းရေးနှင့် နိုင်ငံခြားရေး မူဝါဒများကို ထိပ်တန်း ခေါင်းဆောင်ကြီး အယာတိုလာအလီခါမေနီကသာ အဆုံးအဖြတ်ပေးခြင်း ဖြစ်သော်လည်း နျူကလီးယားအရေး စေ့စပ်ဆွေးနွေးရာတွင်မှု သမ္မတရိုဟာနီကို အာဏာ အပြည့်အဝ ပေးထားကြောင်း အီရန်ခေါင်း ဆောင်ခါမေနီက ပြောကြားထားသည်။

အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုက အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ထားခြင်းကြောင့် နိုင်ငံတွင်း စီးပွားရေး ကျပ်တည်းမှုများ ဖြစ်ပေါ်ပြီး ပြည်သူများကြား မကျေနပ်ချက်များ တိုးပွားလျက် ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိနေစဉ်အတွင်း အီရန်သမ္မတ ရိုဟာနီက နှစ်လိုဖွယ်ကောင်းသော သံတမန်ရေးရာ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေပြီး အနောက်နိုင်ငံများနှင့် ပုံမုန်ဆက်ဆံရေး ထူထောင်လိုကြောင်း၊ နျူကလီးယား လက်နက်များကို အလိုမရှိကြောင်း ရှင်းလင်းပြောကြားပြီး အရေးယူပိတ်ဆို့မှုများ ဖယ်ရှားပေးပါဟု တိုက်တွန်းခဲ့သည်။

The Voice Weekly

RangonNewsDaily:: September 29, 2013

အမေရိကန် သမ္မတဘားရက် အိုဘားမားနှင့် အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီတို့ သောကြာနေ့တွင် ဖုန်းဆက် စကားပြောခဲ့ကြပြီး ယင်းကဲ့သို့ နှစ်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်နှစ်ဦး တိုက်ရိုက် စကားပြောဆိုမှုသည် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

HUNGER GAMES ဒါရိုက်တာနှင့် ပြန်လည်အလုပ်လုပ်မည့် ဂျနီဖာလောရင့်စ်

Photo: HUNGER GAMES ဒါရိုက်တာနှင့် ပြန်လည်အလုပ်လုပ်မည့် ဂျနီဖာလောရင့်စ်
Sunday, September 29, 2013

Hunger Games ဒါရိုက်တာနှင့် ပြန်လည်အလုပ်လုပ်မည့် ဂျနီဖာလောရင့်စ် Universalက ဂျွန်စတိန်း ဘက်၏ ဂန္ထဝင် ဝတ္ထုဟောင်းဖြစ်သည့် East of Edenကို ဆန်းသစ်ရိုက်ကူးရန် ဂယ်ရီကို တာဝန်ပေးခဲ့ပြီး ဂယ်ရီက ဂျနီဖာကို ပါဝင်လာရန် ကမ်းလှမ်းခဲ့

ဂျနီဖာ လောရင့်စ် အနေဖြင့် Hunger Games ဇာတ်ကားတွင် အတွဲညီခဲ့သည့် ဒါရိုက်တာ ဂယ်ရီရော့စ်နှင့် နောက်တစ်ကြိမ် လက်တွဲဖြစ်မည်ဟု သိရသည်။ အမျိုးသမီး တစ်ဦး၏ စွန့်စားခန်းများကို အသားပေး ဖော်ကျူးခဲ့သည့် Hunger Games ဇာတ်ကားတွင် ဂယ်ရီသည် ဂျနီဖာကို အကောင်းဆုံး လမ်းညွှန်သွန်သင်မှုများ ပြုလုပ်ပေးခဲ့သည်။ ယခုအခါ Universalက ဂျွန်စတိန်းဘက်၏ ဂန္ထဝင် ဝတ္ထုဟောင်းဖြစ်သည့် East of Edenကို ဆန်းသစ်ရိုက်ကူးရန် ဂယ်ရီကို တာဝန်ပေးခဲ့ပြီး ဂယ်ရီက ဂျနီဖာကို ပါဝင်လာရန် ကမ်းလှမ်းခဲ့သည်။ အသက်(၂၃)နှစ်ရှိ အော်စကာဆုရှင် မင်းသမီးကလည်း ဆရာဟောင်းနှင့် ပြန်လည်ပေါင်းစည်းရန် လိုလိုလားလား လက်ခံခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဂျနီဖာသည် အဆိုပါ ဇာတ်ကားတွင် သီယိုဂျိမ်းစ်နှင့် တွဲဖက်သရုပ်ဆောင်ရဖွယ် ရှိနေသည်။ East of Edenသည် (၁၉၅၅)ခုနှစ်က ဒါရိုက်တာ အီလီရာကာဇန် တာဝန်ယူပြီး ရုပ်ရှင်အဖြစ် တစ်ကြိမ်ရိုက်ကူးခဲ့ဖူးသည်။ ထိုစဉ်က နာမည်ကျော်မင်းသား ဂျိမ်းစ်ဒင်းက ဦးဆောင် ပါဝင်ခဲ့သည်။ လတ်တလောတွင် ဂျနီဖာသည် Hunger Games ဇာတ်ကား၏ နောက်ဆက်တွဲ Catching Fireအတွက် အလုပ်များနေဆဲ ဖြစ်သည်။ ဂယ်ရီသည် Burial Rites ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြောင်းလဲရန် ရည်ရွယ်ထားပြီး ယင်းအတွက်လည်း ဂျနီဖာကို ကမ်းလှမ်းဖွယ် ရှိနေကြောင်း သိရှိရသည်။ 

Planet Myanmar Network

RangonNewsDaily:: September 29, 2013
ဂျနီဖာ လောရင့်စ် အနေဖြင့် Hunger Games ဇာတ်ကားတွင် အတွဲညီခဲ့သည့် ဒါရိုက်တာ ဂယ်ရီရော့စ်နှင့် နောက်တစ်ကြိမ် လက်တွဲဖြစ်မည်ဟု သိရသည်။ အမျိုးသမီး တစ်ဦး၏ စွန့်စားခန်းများကို အသားပေး ဖော်ကျူးခဲ့သည့် Hunger Games ဇာတ်ကားတွင် ဂယ်ရီသည် ဂျနီဖာကို အကောင်းဆုံး လမ်းညွှန်သွန်သင်မှုများ ပြုလုပ်ပေးခဲ့သည်။

မိမိအသင်းသည် ချန်ပီယံလမ်းကြောင်းပေါ်တွင် ရှိနေသေးကြောင်း မန်စီးတီးမန်နေဂျာ ပြောကြား

Photo: မိမိအသင်းသည် ချန်ပီယံလမ်းကြောင်းပေါ်တွင် ရှိနေသေးကြောင်း မန်စီးတီးမန်နေဂျာ ပြောကြား
Sunday, September 29, 2013

အက်စ်တွန်ဗီလာကို နှစ်ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပြီးနောက် ရှုံးနိမ့်ခဲ့သည့်အတွက် စိတ်ပျက်မိကြောင်းနှင့် မိမိ၏ အသင်းသည် ချန်ပီယံ လမ်းကြောင်းပေါ်မှ သွေဖည်သွားခြင်း မရှိသေးကြောင်း မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

အဆိုပါပွဲတွင် မန်ချက်စတာစီးတီးသည် အက်စ်တွန်ဗီလာကို နှစ်ကြိမ်တိုင်တိုင် ဦးဆောင် ကစားနိုင်ခဲ့သော်လည်း ဘာကူနာ၊ အယ်လ်အာမဒီနှင့် ၀ီမန်တို့၏ သွင်းဂိုးများဖြင့် ရှုံးနိမ့်ခဲ့ရသည်။

သို့သော်လည်း မိမိ၏ အသင်းသည် ချန်ပီယံ လမ်းကြောင်းပေါ်မှ သွေဖည်သွားခြင်း မရှိသေးကြောင်းနှင့် အဲဗာတန်နှင့် ပွဲမှစတင်ကာ နိုင်ပွဲများရရှိနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း မန်ချက်စတာစီးတီး မန်နေဂျာက ဖွင့်ဟခဲ့သည်။

“အခုအချိန်မှာ ချန်ပီယံဆုဖလားထက် ပွဲစဉ်တိုင်း နိုင်ပွဲတွေ ရရှိနိုင်ဖို့အတွက် စဉ်းစားနေပါတယ်။ အသင်းရဲ့ခြေစွမ်းကိုသာ ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ကျွန်တော်တို့ ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ရှိမှာ အသေအချာပါပဲ” ဟု ပယ်လီဂရီနီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၎င်းက“ကျွန်တော်တို့ဟာ အက်စ်တွန်ဗီလာနဲ့ ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့သလို အခွင့်အရေးတွေကိုလည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အသင်းဟာ ရရှိတဲ့ အခွင့်အရေးတွေကို အသုံးမချ နိုင်ခဲ့ပါဘူး။ နှစ်ကြိမ်တိတိ ဦးဆောင်နိုင်ခဲ့ပေမယ့် နှစ်ကြိမ်တိတိ စိတ်ပျက်ခဲ့ရပါတယ်” ဟု ပြောကြားသွားခဲ့သည်။

Soccer Myanmar

RangonNewsDaily:: September 29, 2013

အက်စ်တွန်ဗီလာကို နှစ်ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပြီးနောက် ရှုံးနိမ့်ခဲ့သည့်အတွက် စိတ်ပျက်မိကြောင်းနှင့် မိမိ၏ အသင်းသည် ချန်ပီယံ လမ်းကြောင်းပေါ်မှ သွေဖည်သွားခြင်း မရှိသေးကြောင်း မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

ကမ္ဘာ့ အလေးချိန်အများဆုံးမပြနိုင်ခဲ့တဲ့ ချန်ပီယံ

Photo: ကမ္ဘာ့ အလေးချိန်အများဆုံးမပြနိုင်ခဲ့တဲ့ ချန်ပီယံ
 Sunday, September 29, 2013

သူ့ နာမည်ကတော့ Paul Anderson ဖြစ်ပြီး 
အမေရိကန်နိုင်ငံ Georgiaပြည်နယ် Toccoaမြို့  မှာ 1957ခုနှစ်က
2,840ကီလိုဂရမ် (6270 ပေါင်)ရှိတဲ့လေးကိုမပြနိုင်ခဲ့ပါတယ်။

ဒါ့ကြောင့်ကမ္ဘာ့ အလေးချိန်အများဆုံးမနိုင်တဲ့သူအဖြစ်
အမြဲတမ်းစံချိန်တင်ခံထားရ သူဖြစ်ပါတယ်။

ZK(ကနောင်)
Scientist Myanmar

RangonNewsDaily:: September 29, 2013

သူ့ နာမည်ကတော့ Paul Anderson ဖြစ်ပြီး အမေရိကန်နိုင်ငံ Georgiaပြည်နယ် Toccoaမြို့  မှာ 1957ခုနှစ်က
2,840ကီလိုဂရမ် (6270 ပေါင်)ရှိတဲ့လေးကိုမပြနိုင်ခဲ့ပါတယ်။

Breaking News Thandwe

Breaking News Thandwe

kolatt(PBDN): September. 29. 2013

Zay Wa Masjid in Thandwe is fire now in Myanmar . 

According to the reliable news from Thandwe , Rakhine Buddhist terrorist set fire that masjid . 

Report: Wite Jack Marson ::--

RangonNewsDaily:: September 29, 2013

Zay Wa Masjid in Thandwe is fire now in Myanmar .

သံတွဲသတင်း (ည ၈း၄၅)

RangonNewsDaily:: September 29, 2013

ခုသံတွဲ အာမီဆပ်ဆီကဖုန်းလာပါတယ် အာမီဆပ်ကြီး အိမ်နဲ့ ဘေးအိမ် မီးထဲပါသွားပါပြီ ။ ဦးကျော်ဇံလှ အိမ်နဲ့ တလမ်းကျော် မှာရှိတဲ့ သံတွဲအကြီးဆုံးဗလီဖြစ်တဲ့ သံတွဲဂျာမေဗလီ ကြီး ကိုရန်ပြုမယ်ဆိုတဲ့သတင်းကြောင့် မိုစမာန် ညီနောင်တွေအားလုံး သံတွဲဂျာမေဗလီကြီးထဲမှာ စုထားပါတယ် အဲ့ဒါ စစ်တပ်က အပြင်ကနေ ၀ိုင်းပြီးပိတ်ထားလိုက်ပါတယ်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး မင်းမဲ့စရိုက်ဆန်ဆန်ဖြစ်နေတဲ့ သံတွဲမြို့ အကြမ်းဖက်တိုက်ခိုက်ခံရမှု

RangonNewsDaily:: September 29, 2013

သံတွဲမြို့ အမှတ် ၃ ရပ်ကွက် ဂန္ဓမာလမ်း နှင့် တာဝတီံသာလမ်း နေ ဦးလှမြင့် ရဲ့ အိမ်ကို မီးရှိုးလိုက်တာ ၂ နာရီလောက်ရှိသွားပါပြီ။သံတွဲမြို့မှ ဂုဏ်သရေရှိ မြို့မိမြို့ဖ ဝင်တစ်ဦးဖြစ်တဲ့ ဆရာဦးခင်မောင် နေအိမ်ကိုလည်း ခဲနှင့်ပစ်လို့ မှန်တွေကွဲသွားပါတယ်။

သံတွဲမြို့တွင် အကြမ်းဖက်သမားများမှ မွတ်စလင်မ်အိမ်များနှင့် ဗလီအားမီးရှိုဖျက်ဆီး

RangonNewsDaily:: September 29, 2013

မနေ့က ဖြစ်ပွားခဲ့သော သံတွဲမြို့ အခြေအနေတွင် ကမန်တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌအိမ်အား မီးရှို့ရန်လုပ်ဆောင်နေပြီး မအောင်မြင်မှုအပေါ် ယနေ့တွင် အကြမ်းဖက်သမားများမှ လူစုကာ ညနေ ၆း၄၅-နာရီခန့်က စတင်၍ အကြမ်းဖက် မီးရှို့မှုကို သံတွဲမြို့ပေါ်တွင် စတင် လုပ်ဆောင်နေပါတ