Pages

Sunday, September 29, 2013

သံတွဲမီး အံတော်ကို ကူးပြီ (ည ၁၀း၀၀ နာရီ)

RangonNewsDaily:: September 29, 2013

စက်တင်ဘာ ၂၉ ည ၁၀း၀၀ နာရီ အံတော်ဒွါရာဝတီ ကွက်သစ်ဘက်မှာ နေရပ်စွန့်ခွာ သွားသော မွတ်စ်လမ် အိမ်များအား မီးစတင်ရှို့နေပြီလို့ ဒေသခံတွေက မြန်မာမွတ်စ်လင်မ် မီဒီယာကို သတင်းပေးပို့ပါတယ်။
"အံတော်ဘက်မှာက လွန်ခဲ့တဲ့လက ပြသနာဖြစ်ပြီး မွတ်စ်လင်မ်တွေ မနေတော့ဘူး အဲဒီက အိမ်အလွတ်တွေကို ရခိုင်တွေ မီးရှို့နေတယ် လောလောဆယ် တစ်လုံးပါသွားပြီ သံတွဲ၊ တောင်ကုတ် လမ်းပေါ်က ဓါတ်ဆီဆိုင်ကိုလဲ မီးရှို့ဖို့ ကြိုးစားနေတယ်" လို့ ဒေသခံတစ်ဦးက မြန်မာမွတ်စ်လင်မ် မီဒီယာကို သတင်းပေးပို့ ထားပါသည်။ အံတော်ဘက်တွင် အကြမ်းဖက်မှု အန္တရာယ်ကြောင့် နေရပ်စွန့် ခွာသွားသော မွတ်စ်လင်မ် အိမ်လွတ် အလုံး ၅၀ ဝန်းကျင်ခန့် ရှိကြောင်း သိရှိရပါသည်။ အံတော်မြို့တွင် မီးရှို့၊ အကြမ်းဖက်မှု စတင်သော အချိန်မှာ ည ၉း၃၀ ဝန်းကျင်ခန့် ဖြစ်ကြောင်း သံတွဲမှ သတင်းပေးပို့ထားပါသည်။

ယခု အံတော် အကြမ်းဖက်ခံရမှုသည် ဒုတိယအကြိမ်မြောက် အကြမ်းဖက်ခံရမှုဖြစ်ကြောင်းသိရှိရပါသည်။

မိုးကြယ်စဉ် (MMM)RangonNewsDaily
kolatt (Pabedan)
 

0 comments:

Post a Comment