Pages

Sunday, September 29, 2013

အိမ်၊ ခြံ၊ မြေ ဈေးများသတ်မှတ်အပြီး ဒေါပုံမြို့နယ်တွင် ဈေးနှုန်းများ ကျပ်သိန်းရာချီမြင့်တက်

RangonNewsDaily:: September 29, 2013

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြေဈေးနှုန်းများကို သက်ဆိုင်ရာမှ သတ်မှတ်ပေးပြီးနောက် ဒေါပုံမြို့နယ် အတွင်း အိမ်၊ ခြံ၊ မြေဈေးနှုန်းများ ကျပ်သိန်းရာချီ၍ ဈေးမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ အဆိုပါဒေါပုံမြို့နယ်အတွင်းရှိ မြေကွက်များကို ဆောက်လုပ်ရေး လုပ်ငန်းများက သဘောကျနှစ်ခြိုက် ကြသောကြောင့်အခန်းပေးအခန်း ယူစနစ်ဖြင့် လာရောက်၍ ဆောက်လုပ်ခြင်းများကြောင့် အိမ်၊ ခြံ၊ မြေဈေးများ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း အကျိုးဆောင်များက ပြောကြားသည်။

“ဒီဘက်က မြေကွက်တွေကို ကန်ထရိုက်တွေ ကြိုက်ကြတယ်။ မြို့နဲ့လဲနီးတယ်။ လမ်းပန်းဆက်သွယ်ရေးလဲ ကောင်းတယ်။ အိမ်ပိုင်ရှင်တွေ အများစုကလဲက န်ထရိုက်ပေးလာတာများတယ်။ အဲဒါကြောင့်ဈေးမြင့်တက်လာတာဖြစ်နိုင်တယ်”ဟု ၄င်းတို့က ပြောသည်။

ဒေါပုံမြို့နယ် အတွင်းရှိ မြို့သစ်ရပ်ကွက်တွင် ယခုရက်ပိုင်းအတွင်း အိမ်ဈေးနှုန်းများ ကျပ်သိန်းသုံးရာမှငါးရာခန့်အထိမြင့်တက်လာခဲ့ပြီး အိမ်ငှားခ ဈေးနှုန်းများလည်း ကျပ်သိန်းဂဏန်းအထိ မြင့်တက်လာခဲ့ရာ အိမ်၊ ခြံ၊ မြေဈေးများ သတ်မှတ်ပြီးနောက်ပိုင်း ပို၍တက်လာခဲ့ခြင်းဖြစ်ကြောင်း ဒေါပုံမြို့နယ်အတွင်း နေထိုင်သူ ဦးကိုကိုလွင်က ပြောကြားသည်။

“ဒီဒေါပုံမြို့နယ် အပိုင်ထဲမှာ ရှိတဲ့ ရပ်ကွက်တွေ တော်တော်များများ ဈေးတွေတက်လာတယ်။ ၀ါဆိုတို့၊ ဆေးစက်တို့၊
ပုသိမ်မြေတို့စတဲ့ ရပ်ကွက်တွေမှာလဲ အိမ်ဈေးတွေ သိန်းတစ်ရာကနေ နှစ်ရာဝန်းကျင်လောက်ထိ တက်လာတယ်”ဟု ၄င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ အိမ်၊ ခြံ၊ မြေဈေးနှုန်းများ မြင့်တက်နေခြင်းသည် သဘာဝမကျကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ပြောကြားထားခဲ့ပြီး ယခုကဲ့သို့ ဆက်လက် မြင့်တက်နေပါက အခြေခံ လူတန်းစားများအတွက်အိမ်ရာပြဿနာမှာပိုမို ကြီးထွားလာနိုင်ကြောင်းလည်း ပညာရှင်များက ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိအိမ်၊ ခြံ၊ မြေဈေးနှုန်းများသည် အိမ်နီးချင်း နိုင်ငံများထက်ပင် မြင့်တက်နေပြီး ထိုင်းနိုင်ငံထက်လည်း နှစ်ဆခန့် မြင့်တက်နေကြောင်း စီးပွားရေး လေ့လာသုံးသပ်နေသူ ဆရာဝင်းသိန်းဦးက ပြောကြားခဲ့သည်။

မြန်မာ့ခေတ် , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment