Pages

Sunday, September 29, 2013

ပြည်တွင်းမှာ 4G စနစ်အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည့် Telenor

Photo: ပြည်တွင်းမှာ 4G စနစ်အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည့် Telenor
Sunday, September 29, 2013

ပြည်တွင်းရဲ့ ဆက်သွယ်ရေးတင်ဒါ ရရှိထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Telenor အနေနဲ့ ပြည်တွင်းမှာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ
ဆောင်ရွက်တဲ့အခါ 3G ကွန်ယက်ကို အခြေခံကာ 4G ကွန်ယက် အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
 
ဒီလို ဆောင်ရွက်ဖို့အတွက် အသင့်တော်ဆုံး နည်းပညာတွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ Telenor နဲ့အတူ ပူးပေါင်းလုပ်ဆောင်လိုတဲ့ Provider များအနေနဲ့ နိုင်ငံတကာ ဥပဒေကို လိုက်နာဖို့နဲ့ လုပ်ငန်းလုပ်ကိုင်တဲ့နိုင်ငံက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့လည်း များစွာလိုအပ်တာဖြစ်ပါတယ်။ 
 
ဒါ့အပြင် ပြည်တွင်းမှ လုပ်သားတွေကို ခေါ်ယူပြီး ပြည်တွင်းရဲ့ ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာစေဖို့အတွက် ဆောင်ရွက် လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

MRTV-4

RangonNewsDaily:: September 29, 2013

ပြည်တွင်းရဲ့ ဆက်သွယ်ရေးတင်ဒါ ရရှိထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Telenor အနေနဲ့ ပြည်တွင်းမှာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်တဲ့အခါ 3G ကွန်ယက်ကို အခြေခံကာ 4G ကွန်ယက် အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်ဖို့အတွက် အသင့်တော်ဆုံး နည်းပညာတွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ Telenor နဲ့အတူ ပူးပေါင်းလုပ်ဆောင်လိုတဲ့ Provider များအနေနဲ့ နိုင်ငံတကာ ဥပဒေကို လိုက်နာဖို့နဲ့ လုပ်ငန်းလုပ်ကိုင်တဲ့နိုင်ငံက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့လည်း များစွာလိုအပ်တာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်းမှ လုပ်သားတွေကို ခေါ်ယူပြီး ပြည်တွင်းရဲ့ ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာစေဖို့အတွက် ဆောင်ရွက် လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

MRTV-4 , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment