Pages

Thursday, September 26, 2013

ကမ္ဘာ့ လောင်းကစား ကွန်ယက်၏ နောက်ကွယ်မှ ကြိုးကိုင်နေသူ စင်ကာပူ နိုင်ငံသားအား ဖမ်းမိ

RangonNewsDaily:: September 26, 2013

ကမ္ဘာ့ဘောလုံးပွဲများကို အခြေခံသည့် ကမ္ဘာလွှမ်း ပတ်ဆက်နွယ်နေသည့် ကမ္ဘာ့ လောင်းကစား ကွန်ယက်တစ်ခု၏ နောက်ကွယ်မှ
ကြိုးကိုင်နေသူအား ယနေ့တွင် စင်ကာပူ ထောက်လှမ်းရေး အဖွဲ့မှ ခြေရာခံပြီး စင်ကာပူ ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်သည်။

i Phone တစ်ပတ် အတွင်း ရောင်းချရမှု Blackberry ၏ နောက်ဆုံးသုံးလပတ်ထက် ပိုများနေ

Photo: i Phone တစ်ပတ် အတွင်း ရောင်းချရမှု Blackberry ၏
နောက်ဆုံးသုံးလပတ်ထက် ပိုများနေ
Thursday, September 26, 2013

Apple နှင့် Blackberry သည် IT ပစ္စည်းထုတ်လုပ်သော ကမ္ဘာ့နာမည် ကြီး ကုမ္ပဏီ တို့ဖြစ်ပြီး စက်တင်ဘာ ၂ဝ တွင် Apple ကုမ္ပဏီသည် i Phone 5 ဖြန့်ချိပြီး Backberry ကုမ္ပဏီ၏ Z1O ဖုန်းအမျိုးအစား နောက်ဆုံး သုံးလ ရောင်းချမှု ထက်ပင် ပိုများကြောင်း သိရသည်။

Blackberry ကုမ္ပဏီသည် အခက်အခဲနှင့် ရင်ဆိုင်ရလျက် ရှိပြီး ဒုတိ ယ သုံးလပတ် ဘဏ္ဍာရေး ကာလ အတွင်း အလုပ်နေရာ ၄၅ဝဝ ပြတ်တောက် သွား မည်ဖြစ်ပြီး ကုန်ကျငွေ အမေရိကန် ဒေါ်လာသန်း ၉၆ဝ လျှော့ချသွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

Blackberry ကုမ္ပဏီသည် ယခု နှစ် အစောပိုင်းအတွင်း Z1O အမျိုးအ စားဖုန်း အားဖြန့်ချိခဲ့ပြီး လွန်ခဲ့သည့် သုံး လအတွင်း ၅ ဒသမ ၉ သန်း ရောင်း ချခဲ့ ရသည်။ သို့ရာတွင်Apple ကုမ္ပဏီသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း i Phone 5 ဖြန့်ချိခဲ့ပြီး ၉ သန်းကျော် ရောင်းရခဲ့ သည်။

ထို့ကြောင့် Blackberry ကုမ္ပဏီ သည် Fairfax Financial Holdings သို့ ရှယ်ယာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလျံဖိုး ရောင်းချရန် သဘော တူညီခဲ့သည်။ သို့သော် လည်း Apple ရှယ်ယာဈေးများမှာ i Phone 5 အ ရောင်းကြေညာချက် ထုတ်ပြန်ပြီးနောက် ၅ ရာခိုင်နှုန်း တက်လာခဲ့သည်။

မိုဘိုင်းဖုန်း ဈေးကွက်မှာ အကျ မြန်၍ ခက်ခဲမှုများ ရှိသည်။ တစ်ချိန်က နာမည် ကြီးခဲ့သည့် Blackberry ကုမ္ပဏီအခက်ကြုံနေပြီဟု လေ့လာ ဆန်းစစ်သူတစ်ဦး က ပြောကြားသည်။

Blackberry ကုမ္ပဏီသည် Fairfax ရှယ်ယာအဖွဲ့နှင့် စေ့စပ်ညှိနှိုင်း မှုများ ပြုလုပ်စဉ် အတွင်း အခြားနည်းလမ်းများ ကိုလည်း ရှာဖွေသွား မည် ဖြစ် ကြောင်း ပြောကြားခဲ့သည်။

သိင်္ဂီဝင်း (Ref:AFP)
Popular Myanmar News Journal

RangonNewsDaily:: September 26, 2013

Apple နှင့် Blackberry သည် IT ပစ္စည်းထုတ်လုပ်သော ကမ္ဘာ့နာမည် ကြီး ကုမ္ပဏီ တို့ဖြစ်ပြီး စက်တင်ဘာ ၂ဝ တွင် Apple ကုမ္ပဏီသည် i Phone 5 ဖြန့်ချိပြီး Backberry ကုမ္ပဏီ၏ Z1O ဖုန်းအမျိုးအစား နောက်ဆုံး သုံးလ ရောင်းချမှု ထက်ပင် ပိုများကြောင်း သိရသည်။

မန္တလေးရှိ ဟိုတယ်တစ်ခုတွင် နိုင်ငံခြားသားတစ်ဦး ဝတ်လစ်စားလစ်ဖြင့် သေဆုံး

RangonNewsDaily:: September 26, 2013

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြိုနယ် ဟေမာဇလရပ်ကွက် ၂၈ လမ်း၊ ၇၆x၇၇ ကြားရှိ ဟိုတယ်တစ်ခုတွင် စက်တင်ဘာလ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်က နိုင်ခြားသားတစ်ဦး အိပ်ရာပေါ်တွင် ဝတ်လစ်စားလစ်ဖြင့် စောင်ခြုံလျက် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

တက္ကစီကား လုယက်သူသုံးဦး ညတွင်းချင်း ဖမ်းမိ

RangonNewsDaily:: September 26, 2013

တက္ကစီယာဉ်မောင်းအား ဓါးထောက်ပြီး ဆွဲကြိုးနှင့် မော်တော်ယာဉ်တို့ကို လုယက်ခဲ့သူ သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက စက်တင်ဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

ကိုယ်ပိုင် ရုပ်ရှင် ထုတ်လုပ်ရေး အကြောင်း ပြောပြတဲ့ ခိုင်နှင်းဝေ

Photo: ကိုယ်ပိုင် ရုပ်ရှင် ထုတ်လုပ်ရေး အကြောင်း
ပြောပြတဲ့ ခိုင်နှင်းဝေ
 Thursday, September 26, 2013

မိမိကုမ္ပဏီမှ ရိုက်ကူးသည့် ဇာတ်ကားတွင် ဇာတ်ပို့ ဇာတ်ရံ ကအစ နာမည်ရှိ သရုပ်ဆောင် များသာ သုံးချင် ကြောင်း ကိုယ်ပိုင် ရုပ်ရှင် ထုတ်လုပ်ရေးဖြင့် ဇာတ်ကား များ ရိုက်ကူးနေသည့် ခိုင်နှင်းဝေ က ပြောသည်။

”ကိုယ်လုပ်တဲ့ အလုပ် ကိုယ်ရိုက်တဲ့ ဇာတ်ကားက ကွာလတီ ကောင်းရမယ်။ ခိုင်နှင်းဝေ ကုမ္ပဏီက ရိုက်တဲ့ ဇာတ်ကားက ဘာ ဇာတ်ကားကြီးမှန်း လည်း မသိဘူး၊ ဇာတ်ပို့ ၊ ဇာတ်ရံတွေ သုံးထားတာ တွေကလည်း မကောင်းဘူး။ ဇာတ်လမ်းတွေ ကလည်း မကောင်းဘူး ဆိုတာမျိုး မကြားချင်ပါဘူး။ ကျွန်မ တို့ ဖန်တီးတဲ့ အနုပညာ တွေက ဇာတ် အိမ် ကောင်းရမယ်။ ဇာတ်လမ်း ဇာတ်ကွက် ကောင်းရမယ်”ဟု ၄င်းက ဆိုသည်။

ခိုင်နှင်းဝေက ဒါရိုက်တာ ဇော်မျိုးပြည့်၏ ‘ဆက် ချစ်ခွင့်’ ဇာတ်ကားကို မြင့်မြတ်၊ ချမ်းမီမီကို တို့နှင့်အတူ ပါဝင် သရုပ်ဆောင် နေကြောင်း သိရသည်။

”ဇာတ်ကောင် ကာရိုက်တာ နဲ့ လိုက်ပြီးတော့ အဝတ်အစား ဆိုရင် သေချာ စဉ်းစားပြီး ဝတ်ဆင်ပါတယ်။ အမေခန်း ဆိုရင်လည်း အမေနဲ့ လိုက်ဖက်တာ မျိုး၊ ဟော့ရှော့ ဆို လည်း ဟော့ရှော့၊ မြန်မာ ဆန်ဆန် ဆိုလည်း မြန်မာ ဆန်ဆန် ကိုယ့်ဘာသာ ကိုယ်စဉ်းစား ပြီးတော့ အဝတ်အစား ဒီဇိုင်းတွေကို ဝတ်ဆင် ဖြစ်ပါတယ်။ ”ကျွန်မ တို့က သရုပ်ဆောင် တစ်ယောက် အနေနဲ့ အနုပညာ အပိုင်းပဲ ကြည့်လိုက်တယ်။ ဒီအနု ပညာကို ဝါသနာပါတဲ့ အတွက်ကြောင့် ဇာတ်ကား တစ်ကား ရိုက်ကူးခဲ့မယ် ဆို အမေ ဆိုလည်း အမေ၊ ဒါပေမဲ့ ဒီအမေက ဒီဇာတ်ကား ထဲမှာ အဓိက သရုပ် ဆောင်ပိုင်း မှာ ပါဝင်တဲ့သူ ဖြစ်ရမယ်။ အဲဒါ ဆိုရင်တော့ လက်ခံ ရိုက်ကူးပါတယ်။ မင်းသမီး ဖြစ်ရမှ ရိုက်ကူးမယ်လို့ မရှိပါဘူး”ဟု ခိုင်နှင်းဝေ က ပြောသည်။

ခိုင်ဝေလွင်
Popular Journal

RangonNewsDaily:: September 26, 2013

မိမိကုမ္ပဏီမှ ရိုက်ကူးသည့် ဇာတ်ကားတွင် ဇာတ်ပို့ ဇာတ်ရံ ကအစ နာမည်ရှိ သရုပ်ဆောင် များသာ သုံးချင် ကြောင်း ကိုယ်ပိုင် ရုပ်ရှင် ထုတ်လုပ်ရေးဖြင့် ဇာတ်ကား များ ရိုက်ကူးနေသည့် ခိုင်နှင်းဝေ က ပြောသည်။

အိန်ဂျယ်လ်လက်တစ်ကမ်း”ဇာတ်ကားအတွက် သရုပ်ဆောင်များ ခေါ်ယူ

RangonNewsDaily:: September 26, 2013

ဒါရိုက်တာသည်ခေတ်နေ ရိုက်ကူးမည့် “အိန်ဂျယ်လ်လက်တစ်ကမ်း” ဇာတ်ကား၏ အဓိကသရုပ်ဆောင် ဖြစ်သည့် အိန်ဂျယ်လ်နေရာအတွက် သရုပ်ဆောင် သစ်များကို ဖိတ်ခေါ်ထားကြောင်းသည် ခေတ်နေက မဇ္ဈိမသို့ ပြောသည်။

ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်ရိုက်နှိပ်ပေးရန် ဆန္ဒလက်မှတ် စကောက်

Photo: ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်ရိုက်နှိပ်ပေးရန် ဆန္ဒလက်မှတ် စကောက် 
Thursday, September 26, 2013

မြန်မာနိုင်ငံတွင် အသုံးပြုလျက်ရှိသော ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်ရိုက်နှိပ်ပေးရန် တောင်းဆိုမှုအတွက် ဆန္ဒလက်မှတ်များ စတင်ကောက်ခံလျက် ရှိကြောင်း အဆိုပါ လက်မှတ် ကောက်ခံမှုအတွက် တက်ကြွ လှုပ်ရှားသူ Blood Group သွေးကူညီပေးရေး အဖွဲ့မှ ဦးညီညီက The Voice သို့ ပြောကြားသည်။

အဆိုပါ ဆန္ဒလက်မှတ် ကောက်ခံမှုကို စက်တင်ဘာ ၂၀ ရက်နေ့မှ စတင်ပြုလုပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် ကောက်ခံသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယင်းကောက်ခံရရှိသည့် ဆန္ဒလက်မှတ်များကို နိုင်ငံတော်သမ္မတနှင့် လွှတ်တော် နှစ်ရပ်ထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“တိုးတက်တဲ့ နိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် ငွေစက္ကူတွေမှာ သူတို့လေးစားတဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ ပုံတွေကို ရိုက်နှိပ် အသုံးပြုတာ တွေ့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တစ်ချိန်က မြန်မာမှာရော ကမ္ဘာမှာပါ အများလေးစားရတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူ့ပုံကို ငွေစက္ကူမှာ ရိုက်နှိပ် အသုံးပြုသင့်တယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။ 

ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထုတ်ဝေရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးရန် ယခုလ ၁၂ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က အဆိုတင်သွင်းခဲ့ပြီး အဆိုကို ဆွေးနွေးရန်သင့်၊ မသင့် မဲခွဲ ဆုံးဖြတ်ရာ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦး အနက် ၁၂၁ ဦးက ကန့်ကွက်ခဲ့သဖြင့် ၎င်းအဆို ရှုံးနိမ့်ခဲ့သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၁၉၉၄ ခုနှစ်မှ စတင်ကာ ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်အသုံးပြုမှု ရပ်ဆိုင်းခဲ့ပြီး ခြင်္သေ့ပုံ၊ စောင်းကောက်ပုံ၊ ဆင်ပုံနှင့် မန္တလေး နန်းမြို့ရိုးပုံ အစရှိသဖြင့် ယနေ့ထိတိုင် ရိုက်နှိပ်အသုံးပြုလျက် ရှိသည်။

The Voice Weekly

RangonNewsDaily:: September 26, 2013

မြန်မာနိုင်ငံတွင် အသုံးပြုလျက်ရှိသော ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်ရိုက်နှိပ်ပေးရန် တောင်းဆိုမှုအတွက် ဆန္ဒလက်မှတ်များ စတင်ကောက်ခံလျက် ရှိကြောင်း အဆိုပါ လက်မှတ် ကောက်ခံမှုအတွက် တက်ကြွ လှုပ်ရှားသူ Blood Group သွေးကူညီပေးရေး အဖွဲ့မှ ဦးညီညီက The Voice သို့ ပြောကြားသည်။

ကမ္ဘာ့အဆိပ်ပြင်းဆုံးငါးက ဂျပန်တို့အတွက် အစားအစာ ဖြစ်နေ

Photo: ကမ္ဘာ့အဆိပ်ပြင်းဆုံးငါးက ဂျပန်တို့အတွက် အစားအစာ ဖြစ်နေ
Thursday, September 26, 2013

Fugu ငါးဟင်းဟာ ဂျပန်မှာ နာမည်ကျော်ဟင်းလျာတစ်မျိုးပဲ ဖြစ်ပါတယ်။ ယင်းဟာ ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါစာရင်းထဲမှာ ပါဝင်တယ် လို့ သိရပါတယ်။

ငါးပူတင်တစ်မျိုးဖြစ်ပြီး ဂျပန်ခေါ် Fugu ဟာ pufferfish တစ်မျိုး ဖြစ်ပါ တယ်။ ယင်းငါးဟာ ပင်လယ်ပျော်ငါးဖြစ်ပြီး သူ့အဆိပ်ကို ဘယ် သက်ရှိ သတ္တဝါမှ မခံနိုင်ပါဘူး။ ရေနေ သတ္တဝါချင်းဖြစ်တဲ့ ငါးမန်း တွေတောင် မစားရဲတဲ့ ငါး ဖြစ်ပါတယ်။ သို့ပေမယ့် ဂျပန်မှာကျတော့ စားသောက်ဆိုင် များရဲ့ ဟင်းလျာ ဖြစ်နေပါတယ်။

ဒီအတွက် ဂျပန်အစိုးရမှလည်း တားမြစ်ချက်များ ထုတ်ပြန်ပေးထား တယ် လို့ ဆိုပါတယ်။ လိုင်စင်ရှိပြီး စာဖိုးမှူးများသာ ယင်းငါးများကို ချက်ပြုတ်ခွင့် ရှိပါတယ်။ ပြီးတော့ ယင်းငါးဟင်းလျာကို ရောင်းချဖို့အတွက်လည်း ဆိုင်ကော၊ ရောင်းသူမှာပါ လိုင်စင်ရှိထားဖို့ လိုအပ်ပါတယ်။

ဘာလို့လဲဆို ငါးရဲ့  အဆိပ်ရှိတဲ့ အပိုင်းကို တော်ရုံလူ မဖယ်နိုင်ပါဘူး။ ယင်း အဆိပ်ကို ဖယ်ပြီးရင်တောင် ကျန်တတ်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် စစ်တမ်းရ ဂျပန်မှာ ၁၉၉၆ ခုနှစ်ကနေ သက္ကရဇ် ၂၀၀၆ အထိ အက်ဆီးဒန့် ဖြစ်သူ အရေအတွက် ၇၀ ဝန်းကျင်ရှိပြီး ၆ ဦးထက် မနည်း သေ ဆုံးခဲ့ပါတယ်။

အမှန်တော့ Fugu ငါးအဆိပ်အတွက် ဖြေဆေးမတွေ့သေးပါဘူး။ သူ့ အဆိပ်က အိမ်သုံး ပိုးသတ်ဆေး ဆိုင်ယာနက်ထက် အဆ ၂၀၀ မက ပြင်းပြီး မိနစ်ပိုင်းအတွင်း အသက်ရှူရပ်၊ နှလုံးခုံ ရပ် စေပါတယ်။ အက်ဆီးဒန့်မှာ အသက်ရှင်ကျန်ရတဲ့အကြောင်းက အဆင့်ပေါင်းများစွာ စစ်ဆေး ချက်ပြုထားလို့ ဖြစ်ပါတယ်။ ဒီအတွက် ဂျပန်နိုင်ငံမှလည်း ဆေးဝါး များ ရှာဖွေ ဖန်တီးလျက် ရှိပါတယ်။

လက်ရှိအချိန်ထိတော့ ဂျပန်နိုင်ငံမှာ Fugu ငါးတစ်ကောင် ဟင်းလျာကို အမေရိကန်ဒေါ်လာ ၁၀၀ ဝန်းကျင်နဲ့ စားသောက်ဆိုင်များမှာ ရောင်းချလျက် ရှိကြောင်း သိရပါတယ်။

Ref: wiki,jp-news
Aung Kham ( International news for myanmar )

RangonNewsDaily:: September 26, 2013

Fugu ငါးဟင်းဟာ ဂျပန်မှာ နာမည်ကျော်ဟင်းလျာတစ်မျိုးပဲ ဖြစ်ပါတယ်။ ယင်းဟာ ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါစာရင်းထဲမှာ ပါဝင်တယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင် ရေဖုံးလွှမ်းနိုင်ခြေ မြင့်မားလျက်ရှိသည့် နေရာပေါင်း ၂၀ခန့် ရှိနေ ဟု ဒေါက်တာထွန်းလွင်ပြောကြား

Photo: ရေလွှမ်းနိုင်သည့်နေရာ ၂၀ခန့်ရှိနေဟု ဒေါက်တာထွန်းလွင်ပြောကြား
Thursday, September 26, 2013

မြန်မာနိုင်ငံတွင် ရေဖုံးလွှမ်းနိုင်ခြေ မြင့်မားလျက်ရှိသည့် နေရာပေါင်း ၂၀ခန့် ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်ဟု သိရသည်။ အဆိုပါ ရေဖုံးလွှမ်းခံရမှု အခြေအနေ မြင့်မားနေဆဲ ဒေသများမှာ ဧရာဝတီတိုင်း အရှေ့တောင်ပိုင်း၊ ရန်ကုန်တိုင်း အရှေ့တောင်ပိုင်း၊ ပဲခူးတိုင်း တောင်ပိုင်းစွန်းတို့ဖြစ်ပြီး ဧရာဝတီတိုင်းတွင် (ပုသိမ်ဒေသ၌ တစ်နေရာ မအူပင်ဒေသ၌ ခြောက်နေရာ) ပဲခူးတိုင်းတွင် ရှစ်နေရာနှင့် ရန်ကုန်တိုင်းတွင် ငါးနေရာခန့်တို့ ဖြစ်သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံမြောက်ဖျားကို မုန်တိုင်းအကြွင်းအကျန်တွေ ၀င်လာမှာမို့လို့ အထက်ပိုင်းတွေ မိုးပိုမယ်။ အောက်ပိုင်းကတော့ မုတ်သုံက ပြန်တော့ထွက်နေပြီ။ ဒါပေမယ့် မုတ္တမကွေ့မှာတော့ မိုးကောင်းနေတုန်းပဲ။ ရေကြီးတာတွေက ဒီလို မိုးကောင်းနေလို့ပဲ။ အရင်နှစ်တွေထက် မိုးပိုလည်း နည်းနည်းပဲ။ ဒီနှစ်ထက် ပိုဆိုးတဲ့ အခြေအနေတောင် ရှိခဲ့သေးတယ်”ဟု ဒေါက်တာထွန်းလွင်က ထပ်မံပြောကြားသည်။

စက်တင်ဘာ ၂၃ရက် သန်းခေါင်အချိန် တိုင်းထွာချက်များအရ ၂၄နာရီ မိုးရေချိန်ရရှိမှု (တစ်လက်မခွဲ)နှင့်အထက် ရရှိခဲ့သည့် ဒေသများမှာ တနင်္သာရီ၊ မကွေး၊ ရန်ကုန်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်တို့ဖြစ်ကာ ယင်းဒေသများတွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း၊ ယင်းကဲ့သို့ မိုးရွာသွန်းမှုမြင့်မားခဲ့ခြင်းကြောင့် ရေဖုံးလွှမ်းမှု အခြေအနေများ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းမှ ဒေသခံတစ်ဦးက “လက်ရှိ ကျွန်တော်တို့ ဒေသမှာ ရေကြီးနေပါတယ်။ ၂၂ရက်နေ့က စရွာတဲ့မိုးက အခုချိန်အထိပဲ။ ကယ်ဆယ်ရေးတွေကို အသင့်အနေအထား စောင့်ကြည့်ခိုင်း ထားရတယ်။ နေ့ဘက်လည်း စောင့်တယ်။ ညဘက်လည်း စောင့်ခိုင်းထားတယ်။ လူတွေ ရွှေ့ပြောင်းရလောက်တဲ့အထိတော့ အခြေအနေ မဆိုးသေးဘူး”ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ဒေသခံတစ်ဦးက တာမွေ မေတ္တာညွန့်နှင့် တာမွေယုဇနပလာဇာ ရှေ့ကားလမ်းများတွင် ရေကြီးနေကြောင်း၊ ၂၃ရက်နေ့တွင် ခြေထောက် မြှုပ်ရုံသာရှိသော်လည်း ၂၄ရက် နံနက်ပိုင်းတွင် ဒူးဆစ်အထိ ရေများရောက်ရှိလာကြောင်း၊ ကားလမ်းများလည်း ရေကြီးမှုကြောင့် ယာဉ်ပိတ်ဆို့ခြင်းများလည်း ဖြစ်နေကြောင်း ပြောသည်။

“၂၃ရက် ညက မိုးတော်တော်ရွာလို့လား မသိဘူး။ ရေတော်တော်တက်လာတယ်။ မိုးက ဒီအတိုင်းသာ ဆက်ရွာနေရင်တော့ ရေတက်တာ ပိုဆိုးလာလိမ့်မယ်လို့ ထင်တယ်”ဟု ပြောသည်။ မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ရေကြီးမှုဘေးကို ကြုံတွေ့ရသည်မှာ ယခုအကြိမ် အပါအ၀င် သုံးကြိမ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

Myanmar ICT

RangonNewsDaily:: September 26, 2013

မြန်မာနိုင်ငံတွင် ရေဖုံးလွှမ်းနိုင်ခြေ မြင့်မားလျက်ရှိသည့် နေရာပေါင်း ၂၀ခန့် ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်ဟု သိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် ၂၄နာရီ လျှပ်စစ်မီးရရှိပြီးနောက် ၀ါယာရှော့ဖြစ်၍ မီးလောင်မှု ပထမဆုံးအကြိမ်ဖြစ်ပွား

Photo: ၂၄နာရီ လျှပ်စစ်မီးရရှိပြီးနောက် ၀ါယာရှော့ဖြစ်၍ မီးလောင်မှု ပထမဆုံးအကြိမ်ဖြစ်ပွား September 26th, 2013
Thursday, September 26, 2013

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် မီး၂၄နာရီ ရရှိပြီးနောက် ဝါယာရှော့ဖြစ်၍ မီးလောင်မှုတစ်ခု စိမ်းရတနာမွန်(မြောက်)ရပ်ကွက် အိမ်အမှတ် စမ-၇တွင် ဖြစ်ပွားခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့(မိုးညှင်း)မှ မီးသတ်ကား(၃)စီးနှင့် အရန်မီးသတ်ကား(၁)စီးတို့ သွားရောက်ခဲ့ရာ သန္ဓေမီးသတ်(၇)နှစ်ဦးတို့က မီးငြိမ်းသတ်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး မီးလောင်မှုအား (၁၀)မိနစ်ခန့်အကြာတွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်အရာရှိ တစ်ဦးထံမှ သိရသည်။

“မဟာဓာတ်အားလိုင်းက လျှပ်စစ်ဗို့အား ပြည့်ဝလို့ ဆွေးမြေ့နေတဲ့ လျှပ်စစ်ဝါယာကြိုးများအစား ၀ါယာကြိုးအသစ်ကြီးကြီးနဲ့ ပြောင်းလဲ အသုံးပြုသင့်ပါတယ်”ဟု လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာန တာဝန်ရှိသူက ပြောသည်။

ယင်းကဲ့သို့ မီးလောင်မှုများကို အချိန်မီ တားဆီးနိုင်ရန် “မီးလောင်မှု ဖြစ်ပွားတာ သိသိချင်း ကား(၃)စီးနဲ့ ထွက်ခဲ့တာပါ။ အချိန်မီသတင်း ပို့ပေးခဲ့ကြလို့ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို အချိန်မှီကာကွယ် ပေးနိုင်ခဲ့ပါတယ်။ ဘာအတွက်ကြောင့်ပဲ မီးလောင်လောင် စသိတာနဲ့ မီးသတ်ရုံးဖုန်း ၀၇၄-၆၀၂၁၀ကို ဆက်သွယ်ပေးစေလိုပါတယ်”ဟု မီးသတ်ဦးစီးက ပြောသည်။

ယင်းမီးလောင်သည့် နေအိမ်ပိုင်ရှင် ဦးနိုင်စိုးအား မီးလောင်မှု ဖြစ်ပွားခြင်းအတွက် မီးပေါ့ဆမှု ပုဒ်မ၂၈၅ဖြင့် ဒုရဲအုပ်ကြည်စိုးမှ တရားလိုပြုလုပ်၍ အရေးယူထားကြောင်း သိရသည်။

သီဟအောင်(ကချင်)
The Myanma Age

RangonNewsDaily:: September 26, 2013

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် မီး၂၄နာရီ ရရှိပြီးနောက် ဝါယာရှော့ဖြစ်၍ မီးလောင်မှုတစ်ခု စိမ်းရတနာမွန်(မြောက်)ရပ်ကွက် အိမ်အမှတ် စမ-၇တွင် ဖြစ်ပွားခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

ဆယ်တန်းကျောင်းသား မောင်းနှင်သော ဆိုင်ကယ်တိုက်၍ လူသေမှုဖြစ်

Photo: ဆယ်တန်းကျောင်းသား မောင်းနှင်သော ဆိုင်ကယ်တိုက်၍ လူသေမှုဖြစ် Thursday, September 26, 2013

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အ.ထ.က(၂) မနက်ပိုင်း ကျောင်းဆင်းချိန်တွင်  ဆယ်တန်းကျောင်းသား၏ ဆိုင်ကယ်မှ ဝင်တိုက်၍ လူသေဆုံး မှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အထက(၂)တွင်ကျောင်းတွင် တက်နေသော ဒဿမတန်း ကျောင်းသားတစ်ဦးသည်HENSIM – 125 အမျိုးအစား အစိမ်းပုတ်ရောင် ဆိုင်ကယ်၊ ၄ယ/၅၂၉၈၄  အမှတ်(၂) အောင်သပြေ စည်ပင်သာယာဈေး မြောက်ဘက်ရှိ လမ်းပေါ်တွင်မောင်းနှင်လာစဉ် လမ်းဖြတ်ကူးလာသော ဒေါ်လှမြိုင် အသက်(၅၅)နှစ်အား ၀င်ရောက်တိုက်မိခဲ့ရာ ဒေါ်လှမြိုင် ဦးခေါင်းဂျိုစောင်း နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ကြေမွဒဏ်ရာများ ရရှိ၍ သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“ယရင်ခေတ်ကလို ယာဉ်ထိန်း မော်တော်ပီကယ်တွေ ပြန်ထားပြီး လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းတွေ ရှင်းလင်း ဟောပြောပွဲတွေ ပြုလုပ်ပေးမှသာ ယာဉ်တိုက်မှုတွေ ကျဆင်းနိုင်မှာပါ။ အသင်မပြည့်တဲ့ သူတွေကို ဆိုင်ကယ်တွေ မစီးစေချင်ဘူး။ လူကငယ်ငယ် တင်စီးတာက(၂)ယောက်၊ အရှိန်ပြင်းပြင်းစီးတော့ လူတိုက်မှုတွေ ဖြစ်ကုန်တယ်။ ကလေးတွေ ဒုက္ခရောက်တာ လူကြီးမိဘတွေနဲ့ ဌာနဆိုင်ရာတွေမှာ တာဝန်ရှိတယ်”ဟု ကျောင်းသား မိဘတစ်ဦးက ပြောသည်။ မိုးညှင်းခရိုင်မြို့တစ်ခုလုံးတွင် ယာဉ်ထိန်းတာဝန်ရှိသူ တစ်ဦးသာရှိနေခြင်းသည်လည်း အားနည်းချက်တစ်ခုဖြစ်သည်ဟု မြို့ခံများက ထောက်ပြပြောဆိုကြသည်။

ဆိုင်ကယ်မောင်းနှင်သူကျောင်းသား၏ ဦးခေါင်းဝဲဘက် ဂျိုစောင်းတွင် နှစ်လက်မခန့် ပေါက်ပြဲ ဒဏ်ရာရနှင့် ၀ဲဘက်ခြေသန်းပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ပြီး အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ၎င်းကို မော်တော်ယာဉ်(ပ) ၅/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ /၃၀၄(က) ရဲအုပ်မှ အရေးယူထားကြောင်း သိရသည်။

သီဟအောင်
The Myanma Age

RangonNewsDaily:: September 26, 2013
ကချင်ပြည်နယ်၊ မိုးညှင်းမြို့အ.ထ.က(၂)မနက်ပိုင်း ကျောင်းဆင်းချိန်တွင်ဆယ်တန်းကျောင်းသား၏ဆိုင်ကယ်
မှ ဝင်တိုက်၍ လူသေဆုံး မှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သရုပ်ဆောင် မင်းခန့်ကျော်ကို သရဝဏ် ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးက တရားစွဲမည်

RangonNewsDaily:: September 26, 2013
သရဝဏ်ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ သရုပ်ဆောင် မင်းခန့်ကျော်ကို နှစ်ဦးသဘောတူ စာချုပ်ဖြင့် ရိုက်ကူးပေးရန် အပ်နှံထားသော ဗီဒီယိုဇာတ်ကား ငါးကားကို အချိန်မီအပ်နှံခြင်း မရှိဘဲ ရှောင်လွှဲနေသည့်အတွက် ပုဒ်မ-၄၂၀ (လိမ်လည်မှု) ဖြင့် ကျောက်တံတား တရားရုံးတွင် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ယင်းရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး၏ မန်နေဂျာက The Voice သို့ ပြောကြားသည်။

ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု အကြမ်းဖက် ဖြိုခွင်းခံရခြင်း (၆)နှစ်ပြည့်အခမ်းအနားပြုလုပ်


RangonNewsDaily:: September 26, 2013 ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု အကြမ်းဖက် ဖြိုခွင်းခံရခြင်း (၆)နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနားကို ယနေ့
 နေ့လည် တစ်နာရီတွင် ရွှေတိဂုံဘုရား ရင်ပြင်တော်ရှိ အောင်မြေတွင်ပြုလုပ်ခဲ့ကြသည်။

ကျိုက်မရောမြို့နယ် တရနာ ကျေးရွာတွင် ကျပ်သိန်း ၃၀၀ ကျော် ဖိုး ဓားပြတိုက်ခံရ

RangonNewsDaily:: September 26, 2013
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရနာကျေးရွာတွင် စက်တင် ဘာ ၂၃ရက် ညနေပိုင်းက ဓား ပြတိုက် လုယက်မှုတစ်ခုဖြစ်ပွား ခဲ့ကြောင်း ဒေသခံများထံမှ သိ ရသည်။ကျိုက်မရောမြို့နယ် တရနာ ကျေးရွာ အိမ်အမှတ်၅/၁ဝ၇ တွင်နေထိုင်သော မ---တစ်ဦး တည်း စက်တင်ဘာ ၂၃ရက်နေ့ ည ၆နာရီက ဘုရားရှိခိုးနေစဉ် မျက်နှာဖုံးစွပ်ထားသောလူလေး ဦးက နေအိမ်အတွင်းဝင်ရောက် ကာ ဓားပြတိုက်ခြင်းဖြစ်ကြောင်း သိရသည်။

" ဇာဂနာရဲ့ လတ်တလောကျန်းမာရေးအခြအနေ "

" ဇာဂနာရဲ့ လတ်တလောကျန်းမာရေးအခြအနေ "

စွယ်စုံရအနုပညာရှင် (မောင်သူရ) ဇာဂနာက ကျန်းမာရေးကြောင့် ယခုအောက်ဆီဂျင်နဲ့ အသက်ရှုနေရပါတယ်။ ဇာဂနာ ရဲ့ကျန်းမာရေးနှင့်ပတ်သက်ပြီး လူရွှင်တော် အရိုင်းကို 
ပေါ်ပြူလာဂျာနယ်မှ ဆက်သွယ်မေးမြန်းခဲ့ရာ အရိုင်းက 

"ဒီမနက်မှသိတာ ၊ ဖေ့ဘုတ်ပေါ်မှာတွေ့လိုက်တာ၊ အသင်ရှုမဝဘူး၊ အဆုတ်ေ၇ာင်နေတယ်လို့ ပြောတယ်။ အခု 
အောက်ဆီဂျင်ပေးထားတယ်။ ဆေးရုံတင်မှာကို မတက်ချင်ဘူးပဲ ငြင်းနေတာ။ ငြိမ်းချမ်းရေးပွဲပြီးတဲ့ညက အကောင်းပဲရှိသေးတယ်။ မနေ့ည စက်တင်ဘာ ၂၅ ရက်ညကမှဖြစ်တာ။ 
တစ်ယောက်တည်းနေရင်း အသက်ရှုကျပ်လာတယ်ပြောတယ်။ အခု သူ့အိမ်ကို သတင်းသွားမေးရမယ်။ " လို့ ပြောပြခဲ့ပါတယ်။ 

P066

RangonNewsDaily:: September 26, 2013
စွယ်စုံရအနုပညာရှင် (မောင်သူရ) ဇာဂနာက ကျန်းမာရေးကြောင့် ယခုအောက်ဆီဂျင်နဲ့ အသက်ရှုနေရပါ
တယ်။ ဇာဂနာ ရဲ့ကျန်းမာရေးနှင့်ပတ်သက်ပြီးလူရွှင်တော်အရိုင်းကို ပေါ်ပြူလာဂျာနယ်မှ ဆက်သွယ်မေးမြန်း
ခဲ့ရာ အရိုင်းက

ရွေမန္တလေးက ကား လိမ် ရောင်းပွဲတော် ကြီးကျင်းပပြီးစီး

RangonNewsDaily:: September 26, 2013
ရွေမန္တလေးတွင် ကားရောင်းပွဲတော်တခုကျင်းပပြုလုပ်ရာ ရောင်ချခဲ့သောကားများကို ပွဲစားလူလိမ်မှ လိမ်လည်ရောင်းချခဲ့ကြောင်းသတင်းရရှိပါသည်။

Samsung လည်း ရွှေရောင် Galaxy S4 ထုတ်လုပ်