Saturday, July 20, 2013
သမ္မတ ဦးသိန်းစိန် ခရီးစဉ် အောင်မြင်ကြောင်း ပြောခွင့်ရသူပြော
![]() |
ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်း(ယာ) နဲ့ သမ္မတဦးသိန်းစိန် (ဝဲ) |
Saturday, July 20, 2013
ဆယ်စုနှစ် ၂ ခုကျော်ကြာ တင်းမာမှုတွေ ရှိခဲ့ပြီးတဲ့နောက် ပုံမှန်ပြန်ဖြစ်လာနေတဲ့ဆက်ဆံရေးကို တိုးတက် ခိုင်မာစေဖို့နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ရောက် လာခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်ဟာ အောင်မြင်တယ်လို့ သမ္မတနဲ့အတူ ဒီခရီးစဉ်မှာ လိုက်ပါလာတဲ့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ပြင်သစ်နိုင်ငံကနေ ပြန်လည်မထွက်ခွာခင်မှာပဲ ပြောကြားခဲ့ပါတယ်။

Trayvon Martin အမှုအပေါ် အိုဘားမား ပထမဆုံးအကြိမ် တုန့်ပြန်
![]() |
လူမျိုးရေးနဲ့ ပတ်သက်တဲ့ အမြင်တွေအပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာတယ်လို့ အိုဘားမား ပြော |
Saturday, July 20, 2013
အမေရိကန်နိုင်ငံမှာ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက် လူငယ် Trayvon Martinကို သေနတ်နဲ့ ပစ်သတ်
အမေရိကန်နိုင်ငံမှာ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက် လူငယ် Trayvon Martinကို သေနတ်နဲ့ ပစ်သတ်
ခဲ့သူ George Zimmerman အပြစ်ကနေ တရားသေ လွတ်ခဲ့အပြီး
သီတင်း တပတ် အကြာ ဒီကနေ့ ပြုလုပ်တဲ့
သတင်းစာရှင်းလင်းပွဲတခုမှာသမ္မတအိုဘားမားကအမေရိကန် ပြည်ထောင်စု အနေနဲ့
ကိုယ့်ကိုကိုယ် အသေ
အချာ ပြန်လည် စစ်ဆေး သုံးသပ်စရာ တချို့ ရှိနေတယ်လို့
ပြောကြားလိုက်ပါတယ်။
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ်(၂ /၂၀၁၃)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ်(၂ /၂၀၁၃)
၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)
အရေးပေါ် အခြေအနေကြေညာခြင်းအား ရုပ်သိမ်းခြင်း
ဆီးဂိမ်းတွင် မြန်နှုန်းမြင့် အင်တာနက် အသုံးပြုနိုင်ရန် cisco မှ နည်းပညာနှင့် စက်ပစ္စည်းများ အသုံးပြုမည်
Saturday, July 20, 2013
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်မည့် နိုင်ငံအသီးသီးမှ အားကစားသမားများအတွက် မြန်နှုန်းမြင့် အင်တာနက်လိုင်း ၀န်ဆောင်မှုကို Redlink ကုမ္ပဏီမှ ပြုလုပ်ရမည်ဖြစ်ပြီး မြန်နှုန်းမြင့် အင်တာနက်လိုင်း အသုံးပြုနိုင်ရန်အတွက် အမေရိကန် နိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်သည့် cisco ကုမ္ပဏီမှ နည်းပညာပိုင်းနှင့် စက်ပစ္စည်းများကို အသုံးပြုကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း Redlink ကုမ္ပဏီမှ မာကတ်တင်း မန်နေဂျာ ကိုမျိုးမြင့်ညွန့်က ဆိုသည်။

Nelson Mandela မွေးနေ့
![]() |
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Times Square ရင်ပြင်က မန်ဒဲလားမွေးနေ့ အမှတ်တရဆိုင်းဘုတ် |
Saturday, July 20, 2013
တောင်အာဖရိကနိုင်ငံမှာ လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေးမှာ ထင်ရှားခဲ့သူ နယ်လ်ဆင် မန်ဒဲလား အ
တောင်အာဖရိကနိုင်ငံမှာ လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေးမှာ ထင်ရှားခဲ့သူ နယ်လ်ဆင် မန်ဒဲလား အ
သက် ၉၅ နှစ်ပြည့် မွေးနေ့ အခါသမယကို
တောင်အာဖရိကနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေက အမှတ်တရ ကျင်းပကြပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်း ဆွေးနွေးမှုတွေ ပြန်စတော့မယ်
![]() |
ပါလက်စတိုင်း သမ္မတနဲ့ မစ္စတာ ကယ်ရီ တွေ့ဆုံ |
Saturday, July 20, 2013
နှစ်ပေါင်း ၃နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် အစ္စရေးနဲ့ ပါလက်စတိုင်း အကြား ငြိမ်းချမ်းရေး အတွက် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြန်စဖို့ သဘော တူလိုက်ကြပြီ ဖြစ်ကြောင်း အမေရိကန် နိုင်
နှစ်ပေါင်း ၃နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် အစ္စရေးနဲ့ ပါလက်စတိုင်း အကြား ငြိမ်းချမ်းရေး အတွက် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြန်စဖို့ သဘော တူလိုက်ကြပြီ ဖြစ်ကြောင်း အမေရိကန် နိုင်
ငံခြားရေး ဝန်ကြီး John Kerry က ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြင်သစ် နိုင်ငံရှိ ထင်ရှားသည့် နေရာများသို့ သွားရောက်ကြည့်ရှု လေ့လာ
![]() |
Saturday, July 20, 2013
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်
လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်းနှင့်ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဒုတိယ ဝန်ကြီး
ဦးရဲ
ထွဋ်နှင့် ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ မြန်မာနိုင်ငံ သံအမတ်ကြီး
ဦးကျော်စွာမင်းနှင့် ဌာနဆိုင်ရာ အကြီး အ
ကဲများလိုက်ပါလျက်ဇူလိုင် ၁၈ ရက်
နံနက် ၈ နာရီ ၄၅ မိနစ်က ပြင်သစ် သမ္မတ နိုင်ငံ ပါရီမြို့ရှိ
ဗာဆိုင်းနန်း
တော် (Versailles Palace) သို့ သွားရောက်ကြည့်ရှုလေ့လာကြ သည်။
ရေစကြိုမြို့နယ်၊ ရှစ်အိမ်တန်း ကျေးရွာတွင် ရေလှိုင်းကာတန်းများ မျောပါပျက်စီးပြီး ကျေးရွာအတွင်း မြစ်ရေလျှံမှုဖြစ်ပေါ်
ချင်းတွင်းမြစ်ရေ တက်လာမှုကြောင့် ရေစကြို ရှစ်အိမ်တန်း ကျေးရွာအတွင်း ရေများဝင်ရောက်နေစဉ် |
ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှု ဆိုးရွားစွာ ကြုံတွေ့နေသော ရေစကြိုမြို့နယ်၊ ရှစ်အိမ်တန်း ကျေးရွာတွင် မြစ်ရေမြင့်တက် လာမှုကြောင့် ကမ်းပြိုမှု သက်သာစေရန် ပြုလုပ်ထားသော ရေလှိုင်းကာတန်းများ မျောပါပျက်စီးသွားပြီး ကျေးရွာအတွင်း မြစ်ရေများ ၀င်ရောက်လာကြောင်း သိရသည်။
ကလေးခရိုင်နှင့် တမူးခရိုင် အတွင်းရှိ ရဲအရာရှိများအား ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့
ရဲစည်းကမ်း ဥပဒေအရ စစ်ဆေးနေသော ကလေးခရိုင်နှင့် တမူးခရိုင် အတွင်းရှိ
ရဲတပ်ဖွဲ့မှူးများ၊ ရဲအုပ်များနှင့် နယ်ထိန်းများအား ပြစ်ဒဏ်အသီးသီး
ချမှတ်ခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲအုပ်စိုးနောင် (ကလေးခရိုင်နယ်ထိန်း) အား ရဲအုပ်သန်းနိုင်ဦး (တာဟန်းရပ်ကွက် ရဲစခန်းမှူး)၊ ရဲအုပ်ကျော်ဇေယျာလှိုင် (မြို့နယ် နယ်ထိန်းခေါင်းဆောင်) တို့ကို ထောင်ဒဏ်တစ်နှစ် စီဖြင့်လည်းကောင်း၊ တမူးခရိုင် ရဲတပ်ဖွဲ့မှူး၊ ကလေးခရိုင် ရဲတပ်ဖွဲ့မှူး၊ ကလေးမြို့နယ် ရဲတပ်ဖွဲ့မှူး အစရှိသော ရဲတပ်ဖွဲ့ဝင်တို့အား အလုပ်မှ ထုတ်ပယ်ခြင်း အစရှိသဖြင့် အရေးယူ ဆောင်ရွက်ခဲ့မှုများ ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

ငလျင်ကြောင့် ပြိုကျခဲ့သော ဧရာဝတီ မြစ်ကူးတံတား ဇူလိုင်၂၄ ရက်တွင် စတင်ဖွင့်လှစ်မည်
ပြန်လည်ပြုပြင် တည်ဆောက်နေသော ဧရာဝတီ မြစ်ကူးတံတား ရတနာသိင်္ခအား တွေ့ရစဉ် |
ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၁ ရက်က ပြိုကျပျက်စီးခဲ့သော ရတနာသိင်္ခ ဧရာဝတီမြစ်ကူး တံတားအား လာမည့် ဇူလိုင် ၂၄ ရက်၌ စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး အထူးအဖွဲ့ ၃ တာဝန်ရှိသူများက ပြောကြားသည်။
မြိတ်တွင် အာဇာနည်နေ့ အခမ်းအနား မကျင်းပမီ နိုင်ငံတော် အလံအား လုယူဆွဲဖြဲပစ်ရန် ကြိုးစားသူ တစ်ဦးကို ဖမ်းဆီး
မြိတ်မြို့တွင် အာဇာနည်နေ့ အခမ်းအနား မကျင်းပမီ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်ပါတီဝင်များ ကိုင်ဆောင်ထားသည့် နိုင်ငံတော်အလံအား
လုယူဆွဲဖြဲပစ်ရန် ကြိုးစားသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်း ခဲ့ရကြောင်း
သိရသည်။ဖြစ်စဉ်မှာ ဇူလိုင် ၁၉ ရက်တွင် အာဇာနည်နေ့ ကျင်းပရန်အတွက် နေရာယူနေစဉ်
အဆိုပါ အဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးများ
သုံးစွဲထားသည်ဟု ယူဆရသော လူငယ်တစ်ဦးက အလံကိုင်အဖွဲ့ များရှိရာသို့
ရောက်ရှိလာပြီး နိုင်ငံတော် အလံအား လုယူပြီး ဆွဲဖြဲပစ်ရန် ကြိုးစားရာ
ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြ၀တီနယ်စပ်တွင် နေရပ်ပြန် မြန်မာများ အုပ်စုဖွဲ့ လိမ်လည်ခြင်း ခံနေရ
သောင်ရင်းမြစ်အား လှေဖြင့်ဖြတ်၍ မြ၀တီမြို့သို့ ပြန်လာကြသော မြန်မာရွှေ့ပြောင်း လုပ်သားများ |
ထိုင်းနိုင်ငံအတွင်း သွားရောက်လုပ်ကိုင် နေကြသော မြန်မာရွှေ့ပြောင်း လုပ်သားများ မြန်မာနိုင်ငံသို့  ပြန်လာသည့်အခါ မြ၀တီနယ်စပ်တွင် အုပ်စုဖွဲ့ လိမ်လည်ခြင်းများ ယာဉ်တန်း အဆင်းနေ့တိုင်း ဖြစ်ပေါ်နေကြောင်း မြ၀တီမြို့မှ ဒေသခံများက ပြောကြားသည်။