Pages

Friday, November 28, 2014

စတုတ္ထတန်းနှင့် အဋ္ဌမတန်း အစိုးရစစ်ဖြစ်သော်လည်း အကျ၊ အရှုံး မရှိသလောက်ဖြစ်မည်

RangonNewsDaily:: November . 28 .2014
ယခု ပညာသင်နှစ်မှ စတင်၍ စတုတ္ထတန်းနှင့် အဋ္ဌမ တန်းတို့တွင် ကျင့်သုံးမည့် အစိုးရ စစ်စာမေးပွဲများသည် အကျအရှုံး ရှိမည် မဟုတ်ဘဲ အရည်အချင်း မှတ်တမ်းသာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

နေပြည်တော်တွင် ကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်ရာမှ သားအမိနှစ်ဦး ပွဲချင်းပြီးသေဆုံး

RangonNewsDaily:: November . 28 .2014
ဟိုင်းလတ်ယာဉ် နှင့် ဆိုင်ကယ်တို့ မျက်နှာချင်း ဆိုင်ဝင်တိုက်မိ၍ ဆိုင်ကယ် ပေါ်ပါရှိသည့် သားအမိနှစ်ဦးမှာ ဖြစ်ပွားရာနေရာတွင် သေဆုံး သွားကြောင်း နေပြည်တော်ယာဉ် ထိန်းတပ်ဖွဲ့ထံမှ သတင်းရရှိ သည်။

အမျိုးသားပညာရေးဥပဒေအား အလိုမရှိကြောင်း မန္တလေးမြို့တွင် ဆန္ဒပြခဲ့ပြီး တောင်းဆိုချက်များ လိုက်လျောခြင်းမရှိပါက သပိတ်မှောက်ဆန္ဒပြမှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်မည်ဟုဆို


RangonNewsDaily:: November . 28 .2014
မန္တလေးမြို့တွင် အမျိုးသားပညာရေး ဥပဒေအား ကျောင်းသားသမဂ္ဂများစုပေါင်း၍ သပိတ်မှောက်ဆန္ဒပြမှုအား မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မန္တလေးခရိုင်ကျောင်းသားသမဂ္ဂများနှင့်အတူ ရန်ကုန်၊ မြင်းခြံ၊ ကျောက်ဆည်၊ မုံရွာ၊ စစ်ကိုင်း၊ ကန့်ဘလူ၊ တောင်ငူ အစရှိသည့် ကျောင်းသားသမဂ္ဂများစုပေါင်းပြီး အင်အား ၆ဝ ခန့်က နိုဝင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီအချိန်ခန့်မှ စတင်ကာ ညနေ ၆ နာရီ အချိန်ခန့်အထိ မြို့အတွင်း လမ်းလျှောက်ချီတက်ကာ ဆန္ဒပြဟောပြောမှုများ၊ မြို့တော်ခန်းမရှေ့(ကျုံးနံဘေး)၌ ထိုင်သပိတ်ဆင်နွှဲခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အမြန်လမ်းမကြီးအား ကတ္တရာလမ်းအဖြစ် ပြောင်းလဲတော့မည်

RangonNewsDaily:: November . 28 .2014
ရန်ကုန်-မန္တလေး အမြန်လမ်းအား ကွန်ကရစ်လမ်းမှ ကတ္တရာလမ်းအဖြစ် ပြောင်း လဲသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တရားမဝင် မြန်မာလုပ်သားများအား ဒီဇင်ဘာ ၁ ရက်နောက်ဆုံးထားကာ နေရပ်ပြန်ရန် မလေးရှားအစိုးရကြေညာ

RangonNewsDaily:: November . 28 .2014
ရန်ကုန်၊ မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာလုပ်သားများအတွက် အရေးယူမှုကို ခြောက်လ ရပ်ဆိုင်းပေးရန် မေတ္တာရပ်ခံစာ ပေးပို့ထားသော်လည်း မလေးရှားအစိုးရမှ မလေးရှားနိုင်ငံအတွင်း၌ တရားမ ဝင် နေထိုင်သူများအနေဖြင် ဒီဇင်ဘာ ၁ ရက် နောက် ဆုံးထား၍ မိမိနိုင်ငံသို့ မပြန်ပါက ထောင်ဒဏ်နှင့် ကြိမ် ဒဏ် ချမှတ်မည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။ 

အမျိုးသား ပညာရေး ဥပဒေကို မန္တလေးတွင် သပိတ်မှောက်


RangonNewsDaily:: November . 28 .2014
ကျောင်းသားများ ကန့်ကွက်သည့်ကြားမှ အတည်ပြုပြဌာန်းလိုက်သော အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် မန္တလေးခရိုင်မှ ကျောင်းသားများ ဦးဆောင်ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် နံနက်ပိုင်းက မန္တလေးမြို့တွင် သပိတ်မှောက် ဆန္ဒဖော်ထုတ်စဉ်။ (ဓာတ်ပုံ ဘိုဘို၊ မဇ္ဈိမ) 

ရန်ကုန်သို့ ဝင်သော နယ် မှတ်ပုံတင် ကားများ မြို့ဝင်ကြေး ကောက်ခံမည်

RangonNewsDaily:: November . 28 .2014
နိုဝင်ဘာ ၂၆ရက်မှ စတင်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဝင်ရောက်လာသော မော်တော်ယာဉ် များအား မြို့ဝင်ကြေး ကောက်ခံသွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန် ကြေညာ ချက်အရ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းကို စစ်အစိုးရမှ ဖျောက်ဖျက်ရန်ကြိုးပမ်းခဲ့ဟု ၈၈မျိုးဆက် ကိုဂျင်မီထောက်ပြ

RangonNewsDaily:: November . 28 .2014
ရန်ကုန်၊ စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းမှတ်တမ်း များနှင့်အတွေးအခေါ်များကို ဖျောက် ဖျက်ရန်ကြိုးပမ်းခဲ့သော်လည်း ယနေ့ အချိန်အထိနိုင်ငံနှင့် ပြည်သူ၏ရင်ထဲ တွင်ရှင်သန်နေဆဲဟု ၈၈ ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှကိုဂျင်မီ ကပြောသည်။

မြေငလျှင်သတင်း

Friday :- 28 : November :- 2014
မန္တလေးမြို့တွင် (၂၇.၁၁.၂၀၁၄)နေ့ညနေ(၅နာရီ၄၇မိနစ်)တွင်(၇စက္ကန့်)ခန်ကြာသော ငလျှင် တခု့ ထက်အောက်ခပ်ပြင်းပြင်းလှုပ်သွားကြောင်းသတင်းရရှိသည်။