Pages

Friday, December 21, 2012

မြန်မာ့ ရေတပ် ရခိုင်ကမ်းရိုးတန်းတွင် မရှိ မကောင်း၊ ရှိမကောင်း ဖြစ်နေ

December 21, 2012 at 10:57 am
မြန်မာ့ ရေတပ် ရခိုင်ကမ်းရိုးတန်းတွင် မရှိ မကောင်း၊ ရှိမကောင်း ဖြစ်နေ

ခိုင်သိန်း

ရခိုင်ပြည်နယ်တွင် ဇွန်လနှင့် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ရခိုင် ပင်လယ်ပြင်တွင်လည်း မတည်ငြိမ်မူများ ရှိနေသဖြင့် ရေပြင်ကို အမှီပြု လုပ်ကိုင် စားသောက် နေကြသူများ အနေဖြင့် ပင်လယ်ပြင်တွင် လုံခြုံရေး တိုးမြှင့်ရန်ကို အထူး လိုလားနေကြသည်ဟု သိရသည်။
လက်ရှိ အခြေအနေတွင် မြန်မာ့ရေတပ်မှ ရခိုင် ပင်လယ်ပြင်တွင် လုံခြုံရေး တိုးမြှင့်ထားသဖြင့် သာမန် ပြဿနာများမှ အပ တစ်ခြားကြီးလေးသော ပြဿနာများ ဖြစ်ပွားခြင်း မရှိသေးကြောင်းနှင့် လုံခြုံရေးမှာ အတော်အသင့်ကောင်းမွန်နေကြောင်း ဒေသခံ ငါးဖမ်းသမားများက ပြောသည်။

သို့သော်လည်း မြန်မာ့ရေတပ် သင်္ဘောများသည် ဒေသခံ ငါးဖမ်းသမားများထံမှ ငွေကြေး ကောက်ခံခြင်း၊ ငါးများတောင်းခံခြင်း၊ မြို့ပေါ်မှာ ဘီယာ အရက်များ ၀ယ်ယူခိုင်းခြင်း၊ စက်သုံးဆီများ တောင်းခံခြင်းများကို ပြုလုပ်နေသဖြင့် ဒေသခံ ငါးလုပ်ငန်းရှင်များ အနေဖြင့် အခက်ကြုံတွေ့ နေကြ ရသည်ဟု ဆိုသည်။

“ မြန်မာ ရေတပ် မရှိရင်လည်း မရဘူး။ သူတို့ရှိမှ လုံခြုံရေးက စိတ်ချရတာ။ တဘက်မှာလည်း သူတို့ ရှိပြန်တော့လည်း အမျိုးမျိုး အကြောင်းပြပြီး ဟိုကောက် ဒီတောင်း လုပ်နေတော့ ကျွန်တော်တို့မှာ အထူး ဒုက္ခရောက်နေကြရပါတယ်။ မြန်မာ ရေတပ်က ကျွန်တော်တို့ ဒေသမှာ မရှိမကောင်း၊ ရှိမကောင်း ဖြစ်နေပါတယ်” ဟု အမည်မဖေါ်လိုသူ စစ်တွေမှ ငါးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

စစ်တွေမြို့ ဈေးကြီး ဖေါင်တော် အနီး ကုလားတန် မြစ်ဝတွင် ကျောက်ချ ရပ်နားထားသော နေဗီကြီးမှ ငါးဖမ်း သင်္ဘောများထံမှ  ပင်လယ်ပြင်ကို တစ်ခေါက်ထွက်တိုင်း ကျပ် (၂) သိန်း ကောက်ခံနေရသည်ဟု ဆိုသည်။

“ သူတို့က အရင်  စစ်အစိုးရ လက်ထက်က ငါးဖမ်း သင်္ဘော တစ်စီး ပင်လယ်ပြင်ကို ထွက်ရင် ကျပ် တစ်သိန်း ကောက်ခံခဲ့တယ်။  ဦးသိန်းစိန်အစိုးရ လက်ထက်မှာကျတော့ ပိုဆိုးသွားတယ်။  ကျပ် (၂) သိန်းစီ ကောက်တယ်။ ဒါ့အပြင် ပင်လယ်ထဲက ပြန်ဝင်လာရင် သူတို့ ကြိုက်တဲ့ ငါးကြီး (၃) ကောင်ကို ပေးရတယ်။ အဲဒါတွေကို မပေးရင် အကြောင်းအမျိုးမျိုးပြပြီး ရစ်တာပါဘဲ။ ဟိုစစ်ဆေး စရာ ဒီစစ်ဆေးစရာ ရှိတယ်ဆိုပြီး လုပ်တော့တာပါဘဲ” ဟု အဆိုပါ ငါးလုပ်ငန်းရှင်က ပြောသည်။

စစ်တွေမှ ငါးဖမ်း သဘောင်္များသည် ငါးရရှိမူ အနည်းအများ အပေါ် မူတည်ပြီး တစ်လတွင် နှစ်ကြိမ် (သို့မဟုတ်) တစ်ကြိမ် ကျစီ ပင်လယ်ပြင်ကို ထွက်ပြီး ငါးဖမ်းကြသည်ဟု ဆိုသည်။

ယခုကဲ့သို့ ငွေကြေးကောက်ခံနေခြင်းကို စစ်တွေမြို့ ဈေးကြီးဖေါင်တော် အနီးမှ ရေတပ် သင်္ဘောများကသာ ပြုလုပ်ခြင်း မဟုတ်ဘဲ တစ်ခြားနေရာများတွင်လည်း တစ်ခြားရေတပ် သင်္ဘောများက ပြုလုပ်နေသည်ဟု ပြောဆိုသည်။

ပေါက်တောမြို့နယ် စိုးမဲကျီကမ်းခြေနှင့် မင်းတဲကမ်းခြေဘက်တွင် ရေတပ်မှ ကောက်ခံနေပုံကို ဒေသခံ ငါးဖမ်းစက်လှေ ပိုင်ရှင် တစ်ဦးက ယခုလို ပြောသည်။

“ငါးဖမ်းစက်လှေငယ်ဆိုရင် အရင်တုန်းက ကျပ် (၅)သောင်းဘဲ ကောက်ပါတယ်။ ခုတော့ ကျပ် (၁) သိန်းစီ ကောက်နေ တော့ ငါးဖမ်းသမားတွေအတွက် အမြတ်မရတဲ့အပြင် အရင်းတောင်ပြုတ်သွားမယ့်  အခြေအနေ ဖြစ်ပါတယ်။ ပြီးရင် စက်လှေငယ်သမားတွေဆီက ဆိုရင် သူတို့ကြိုက်တဲ့ ငါးကြီး ၂ ကောင်စီ ယူထား လိုက်တယ်။ မပေးလို့မရဘူး” ဟုဆိုသည်။

၎င်းပြင် ကုလားတန် မြစ်ကြောင်း အတိုင်း မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝ ဘက်သို့ သွားလာ နေသော မော်တော်ဘုတ်များ၊ စက်လှေများနှင့် လက်ခတ် လှေသဗ္ဗာန်များမှလည်း မတရား ကောက်ခံမှုများ ရှိနေသည်ဟု ပုဏ္ဏားကျွန်းမြို့မှကုန် သည်တဦးက ပြောသည်။

“ရေတပ်က ကောက်နေတာတွေ မတရားမှုတွေ အရမ်းများနေပါတယ်။ စက်ဘုတ်တစီးကို ကျပ် တစ်သောင်း ကနေ နှစ်သောင်းထိ ကောက်နေတဲ့အပြင် စားဆီ တစ်ပုလင်း၊ ဘီယာ ၃လုံး၊ ရမ်တစ်လုံးနဲ့ တခြား သူတို့ ကြိုက်တဲ့ ပစ္စည်း တွေကို ပေးနေရပါတယ်။ အမြတ်တွေ အားလုံး ရေတပ်က စားလိုက်ပြီလို့ လူတွေက ပြောနေကြပါတယ်။ ကျွန်တော်တို့ ကုန်သည်တွေ အတွက် နစ်နာမှုက စစ်အစိုးရ လက်ထက်ကနဲ့ စာလို့ရှိရင် ခုပိုဆိုးလာပါတယ်” ဟုပြောသည်။

ယခင် စစ်အစိုးရ လက်ထက်တွင် စစ်တပ်က တိုက်ရိုက်ကိုင်တွင် အုပ်ချုပ်သဖြင့် တစ်စုံတစ်ရာထိ အထက် အမိန့်ကို အောက်ခြေ တပ်များက နာခံခဲ့ကြသော်လည်း ယခုအခါ ရခိုင်ပြည်နယ် အစိုးရ အာဏာပိုင်များကို စစ်တပ်၊ ရေတပ်များမှ ( ဖုတ်လေသည် ငပိ၊ ရှိလေသည်ဟု မထင်) ပုံစံမျိုးဖြင့် အလေးထားမူ (လုံးဝ) မရှိကြသဖြင့် အခြေအနေမှာ ပိုဆိုးနေသည်ဟု ဒေသခံများက ပြောဆိုသည်။

အလားတူ ရေတပ် သင်္ဘောများသည် ရခိုင် ကမ်းရိုးတန်းရှိ ကျောက်ဖြူ၊ မာန်အောင်၊ သံတွဲ မြို့နယ် များမှ ရေပြင်ကို အားကိုး မှီခိုပြီး ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင် စားသောက် နေကြသော ငါးဖမ်းသမားများ၊ မော်တော်စက်လှေများ၊ သင်္ဘောများ ထံမှလည်း ငွေကြေးများ ကောက်ခံ နေသည်ဟု သိရသည်။

အများစု ရခိုင်ဒေသခံများမှာ ရခိုင်လူမျိုးများ အပေါ် မြန်မာ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများက လူမျိုးရေး အရ ခွဲခြားပြီး နည်းမျိုးစုံဖြင့် ဖိနှိပ် အုပ်ချုပ်နေသည်ဟု မြင်နေကြပြီး စစ်တွေက အမည်မဖေါ်လိုသူ  နိုင်ငံရေး သမား တစ်ဦးကမူ ရခိုင်ပြည်နယ်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ ထဲက ပြည်နယ် တစ်ခုနှင့် မတူဘဲ ဗမာများ လက်အောက်သို့ ကျရောက်နေသော ကိုလိုနီ နယ်ပယ် တစ်ခုနှင့် ပိုတူနေကြောင်း သုံးသပ် ပြောဆိုသည်။

နိရဉ္စရာ


ရခိုင်ပြည်နယ်တွင် ဇွန်လနှင့် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သောပဋိပက္ခကြောင့်ရခိုင် 
ပင်လ
ယ်
ပြင်တွင်လည်း မတည်ငြိမ်မူများ ရှိနေသဖြင့် ရေပြင်ကို အမှီပြု လုပ်ကိုင် စားသောက် နေကြသူများအနေ
ဖြင့် ပင်လယ်ပြင်တွင် လုံခြုံရေး တိုးမြှင့်ရန်ကိုအထူးလိုလားနေကြသည်ဟု
သိရသည်။လက်ရှိ အခြေအနေ
တွင် မြန်မာ့ရေတပ်မှ ရခိုင် ပင်လယ်ပြင်တွင် လုံခြုံရေး တိုးမြှင့်ထားသဖြင့် သာမန်
 ပြဿနာများမှ အပ
တစ်ခြားကြီးလေးသော ပြဿနာများ ဖြစ်ပွားခြင်းမရှိသေးကြောင်းလုံခြုံရေးမှာအတော်အသင့်ကောင်း
မွန်နေကြောင်းဒေသခံ ငါးဖမ်းသမားများက ပြောသည်။

အာကာသ ယာဉ်မှူး သုံးဦး လိုက်ပါသည့် SOYUZ အာကာသယာဉ် နိုင်ငံတကာ အာကာသ စခန်းသို့ ရုရှား လွှတ်တင်

အာကာသ ယာဉ်မှူး သုံးဦး လိုက်ပါသည့် SOYUZ အာကာသယာဉ် နိုင်ငံတကာ အာကာသ စခန်းသို့ ရုရှား လွှတ်တင်

ရုရှား နိုင်ငံသည် Soyuz အမျိုးအစား အာကာသယာဉ်အား နိုင်ငံတကာ အာကာသ စခန်းသို့ ဒီဇင်ဘာ ၁၉ ရက်တွင် လွှတ်တင် ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

အဆိုပါ အာကာသ ယာဉ်ကို ကာဇက်စတန် နိုင်ငံရှိ ဘိုင်ကိုနော အာကာသ စခန်းမှ ဒီဇင်ဘာ ၁၉ ရက်  ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၂ မိနစ်တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ၎င်းအာကာသ ယာဉ်သည် ဒုံးပျံ၏ နောက်ဆုံး အဆင့်မှ ခွဲထွက်သွား ခဲ့ပြီး နောက် ၁၅ မိနစ် အကြာတွင် ဂြိုဟ်တု ပတ်လမ်း အတွင်းသို့ ဝင်ရောက် သွားခဲ့ကြောင်း သိရသည်။ 

၎င်းအာကာသ ယာဉ်တွင် အမေရိကန် အာကာသ ယာဉ်မှူး တွမ်မာ့ရှ်ဘန်း၊  ရုရှား အာကာသ ယာဉ်မှူး ရိုမန် ရိုမေနန်ကိုနှင့် ကနေဒီယန် အာကာသ ယာဉ်မှူး ခရစ်ဟက်ဒ် ဖီးလဲဒ်တို့ လိုက်ပါ သွားခဲ့ပြီး ၎င်းယာဉ်အား နိုင်ငံတကာ အာကာသ စခန်းနှင့် ချိတ်ဆက်မှု မပြုလုပ်မီ ၎င်းတို့ သုံးဦးသည် အာကာသ ယာဉ်အတွင်း၌ နှစ်ရက်ကြာ နေထိုင်ရမည် ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/2490-2012-12-21-11-48-45


ရုရှား နိုင်ငံသည် Soyuz အမျိုးအစား အာကာသယာဉ်အား နိုင်ငံတကာ အာကာသ စခန်းသို့ ဒီဇင်ဘာ 
၁၉ ရက်တွင် လွှတ်တင် ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

၂၀၁၃ခုနှစ် ခရစ်သက္ကရာဇ် နှစ်သစ်ကြိုဆိုပွဲ မြန်မာမှာ ပထမဆုံး တရားဝင် ကျင်းပမယ်

ခရစ်သက္ကရာဇ် နှစ်သစ်ကြိုဆိုပွဲ မြန်မာမှာ ပထမဆုံး တရားဝင် ကျင်းပမယ်
Friday, December 21, 2012  

ခရစ် သက္ကရာဇ် အားဖြင့် နှစ်သစ်ကို ကြိုဆိုတဲ့ New Year count down ပွဲကို ရန်ကုန်မြို့မှာ တရားဝင် အားဖြင့် ပထမဆုံး ကျင်း ပတော့မှာ
ဖြစ်ပါတယ်။ 

တကယ်တော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ခရစ်သက္ကရာဇ် တနှစ်ကုန်လို့ တနှစ်ပြောင်းတဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညတိုင်း နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ကန်တော်ကြီး၊ အင်းယား စတဲ့နေရာတွေနဲ့ နီးစပ်ရာ နေအိမ်၊ ခြံဝန်း၊ ဟော်တယ်တွေမှာ မြန်မာလူငယ်တွေက ကျင်းပခဲ့ကြတာပါ။ 

ပြောရရင် Happy New Year လို့ နှစ်သစ်ကို စတင်ကူးလိုက်တဲ့ အချိန်မှာ အော်ဟစ်ကြိုဆိုကြတဲ့ ယဉ်ကျေးမှုက မြန်မာနိုင်ငံနေရာအနှံ့မှာ
ရောက်နေခဲ့တာ ကြာပြီလို့ ဆိုရမှာပါ။ 

ဒါပေမယ့် ရေဒီယို၊ ရုပ်မြင်သံကြား စသဖြင့်တို့ကနေ တရားဝင် နာရီ စက္ကန့် Count down ကြေညာတာ မျိုးတော့ မရှိခဲ့ပါဘူး။ 

ဒီနှစ်မှာတော့ Myanmar Index Creative Village (MICV) လို့ခေါ်တဲ့ ကုမ္ပဏီကြီးတခုက စပွန်ဆာလုပ်ပြီး  မြန်မာ ကျပ်ငွေ သိန်းပေါင်း ၉ ထောင်ကျော် အကုန်အကျခံကာ လူပေါင်း ၅ သောင်းကျော်နဲ့ စီစဉ်ထားပါ တယ်ဆိုတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။ 

အဆိုပါ (MICV)အနေနဲ့ ရန်ကုန်မြို့ မြို့မကွင်းမှာ ၂၀၁၃ ခုနှစ်
နှစ်သစ်ကူးကြိုဆိုပွဲကို ကျင်းပနိုင်ရေး အတွက် ကာကွယ်ရေး ၀န်ကြီးဌာနကနေ အဆိုပါ ကွင်းအား အသုံးပြုရေး လိုင်စင်လည်း ရရှိထားပြီလို့ ဆိုပါတယ်။ 

အိမ့်သံစဉ်  
ဧရာဝတီ

ခရစ် သက္ကရာဇ် အားဖြင့် နှစ်သစ်ကို ကြိုဆိုတဲ့ New Year count down ပွဲကို ရန်ကုန်မြို့မှာ တရားဝင် အားဖြင့် ပထမဆုံး ကျင်း ပတော့မှာဖြစ်ပါတယ်။ တကယ်တော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ခရစ်သက္ကရာဇ် တနှစ်ကုန်လို့ တနှစ်ပြောင်းတဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညတိုင်း နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ကန်တော်ကြီး၊ အင်းယား စတဲ့နေရာတွေနဲ့ နီးစပ်ရာ နေအိမ်၊ ခြံဝန်း၊ ဟော်တယ်တွေမှာ မြန်မာလူငယ်တွေက ကျင်းပခဲ့ကြ
တာပါ။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖြိုလက်စတိုက်ပြို၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ဖြိုလက်စတိုက်ပြို၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ-၂၁

မင်္ဂလာတောင်ညွန့်မြို့နယ် မလွှကုန်းရပ်ကွက် မလွှကုန်းလမ်းနှင့် ကျောက်မြောင်းလမ်းထောင့်ရှိ ဖြိုလက်စ နှစ်ထပ်တိုက်တစ်လုံး ယနေ့မွန်းလွဲ ၂ နာရီခန့်က ပြိုကျသွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ကန်ထရိုက်တိုက်ဆောက်ရန် မူလနှစ်ထပ်တိုက်အား ဖြိုဖျက်စဉ် တိုက်အတွင်း လုပ်ငန်းခွင်ဝင်နေသော အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ အုတ်နံရံပိ၍ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားပြီး အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း အခင်းဖြစ်ပွားရာနေရာရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဒုတိယတပ်ရင်းမှူး ဦးခင်မောင်က အတည်ပြုပြောကြားသည်။

ဖြိုဖျက်စတိုက်မှာ အဆောက်အအုံအား ဖြိုဖျက်နေစဉ်ကာလအတွင်း လုံခြုံမှုအတွက် ငြမ်းများ အပြည့်အ၀တပ်ဆင်ထားသောကြောင့် ဘေးသို့လွင့်စဉ်ခြင်းမရှိခဲ့သော်လည်း တိုက်ဖြိုသည့်နည်းစနစ် မှားယွင်းခဲ့သောကြောင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လာရောက်စစ်ဆေးသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အရာထမ်းတစ်ဦးကပြောသည်။

"ဘာကြောင့် ပြိုရတယ်ဆိုတဲ့ ဖြစ်စဉ်ကို အသေးစိတ်စုံစမ်းနေပါတယ်"ဟု ၎င်းကပြောသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
မင်္ဂလာတောင်ညွန့်မြို့နယ် မလွှကုန်းရပ်ကွက် မလွှကုန်းလမ်းနှင့် ကျောက်မြောင်းလမ်းထောင့်ရှိ ဖြိုလက်စ
နှစ်ထပ်တိုက်တစ်လုံး ယနေ့မွန်းလွဲ ၂ နာရီခန့်က ပြိုကျသွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား
တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

တစ်သက်လုံး ဖုံးသမျှ ကုန်းရာမှာ ပေါ်သွားတဲ့ မင်းသမီး

တစ်သက်လုံး ဖုံးသမျှ ကုန်းရာမှာ ပေါ်သွားတဲ့ မင်းသမီး

ရုပ်ရှင် မင်းသမီး အန်ဟက်သာဝေးသည် အိနြေ္ဒ သိက္ခာ စောင့်ထိန်းသော အမျိုးသမီး တစ်ဦးအဖြစ် နာမည်ကြီးသူ တစ်ဦးဖြစ်သည်။
သို့သော် ဇိုက်ဖီးလ်ရုပ်ရှင်ရုံတွင် ပြသသော သူမ၏ နောက်ဆုံးဇာတ်ကားမိတ်ဆက်ပွဲကို လာရောက်ကြည့်ရှု့ရာတွင် သူမသည် ဘေးကွဲဂါဝန်ကျပ်ကျပ်လေး ဝတ်ဆင်လာခဲ့သည်။ ဂါဝန်အကျပ်သက်သာစေရန် အတွက် အတွင်းခံဘောင်းဘီလည်း မဝတ်ခဲ့မိဟုဆိုသည်။
သို့ဖြင့် ရုပ်ရှင်ရုံရှေ့အရောက် ကားပေါ်မှ အဆင်းတွင် ဘေးကွဲဂါဝန်က အတွင်းသို့လိမ့်လှန်သွားပြီး မတော်ရာ ပေါ်သွားခဲ့သည်ကို ပါပါရာဇီများက ကင်မရာမီးများ တဖြတ်ဖြတ်လင်းသွားအောင် မိမိရရ ရိုက်ကူး မှတ်တမ်းတင်လိုက်၍ တစ်သက်လုံးဖုံးသမျှ အဝတ်အစား အဝတ်မတော်၍ ပေါ်ရကိန်း ဆိုက်သွားခဲ့သည်။

အေးချမ်းမွန်မှ   THE PUBLIC IMAGE JOURNAL တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : THE PUBLIC IMAGE JOURNAL

ရုပ်ရှင် မင်းသမီး အန်ဟက်သာဝေးသည် အိနြေ္ဒ သိက္ခာ စောင့်ထိန်းသော အမျိုးသမီး တစ်ဦးအဖြစ် နာမည်
ကြီးသူ တစ်ဦးဖြစ်သည်။သို့သော် ဇိုက်ဖီးလ်ရုပ်ရှင်ရုံတွင် ပြသသောသူမ၏ နောက်ဆုံးဇာတ်ကားမိတ်ဆက်ပွဲ
ကို လာရောက်ကြည့်ရှု့ရာတွင် သူမသည် ဘေးကွဲဂါဝန်ကျပ်ကျပ်လေး ဝတ်ဆင်လာခဲ့သည်။ ဂါဝန်အကျပ်
သက်သာစေရန် အတွက် အတွင်းခံဘောင်းဘီလည်း မဝတ်ခဲ့မိဟုဆိုသည်။

ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာနှင့် တရားပြဆရာ၊ ယောဂီများသည် ယနေ့ ညနေ ၄နာရီ မိနစ် ၅၀တွင် ရန်ကုန်မြို့သို့ ရောက်ရှိ

ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာနှင့် တရားပြဆရာ၊ ယောဂီများသည် ယနေ့ ညနေ ၄နာရီ မိနစ် ၅၀တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့  ရောက်ရှိလာပါပြီ(ဓါတ်ပုံ-ဆရာကြီး ဦးဂိုအင်ကာ၏ "ဓမ္မနိုင်ငံမှာ ၁၃၅နှစ်ကြာ" ဓမ္မခရီး)

အေးချမ်းမွန်မှ  Popular Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Journal

ကမ္ဘာကျော် ၀ိပဿနာ တရားပြ ဆရာကြီး ဦးဂိုအင်ဂာာနှင့် တရားပြဆရာ၊ ယောဂီ ၁၀၀ ကျော်သည့် ယနေ့ (ဒီဇင်ဘာလ ၂၁ရက်နေ့) ညနေ ၄ နာရီမိနစ် ၄၀ အချိန်တွင် အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့မှ ရန်ကုန်မြို့သို့ MAI စင်းလုံးငှားလေယာဉ်ဖြင့် ရောက်ရှိလာကြောင်း သိရသည်။ ဆရာကြီး ဦးဂိုအင်ကာ၏ ယခုခရီးစဉ်ကို ဂိုအင်
ကာမျိုးဆက် မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှ ယခုကာလအထိကို ရည်ညွှန်းပြီး "ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ/135 Years In Dhamma Land" ဟု အမည်ပေးထားကြောင်း သိရသည်။

သေကြောင်းကြံမှုအများဆုံးနေရာ (သို့မဟုတ်) Golden Gate တံတား

ကမ္ဘာ့သေကြောင်းကြံမှုအများဆုံးနေရာကတော့ ပုံမှာ မြင်တွေ့နေရတဲ့ Golden Gate တံတားဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ ကြိုးတံတား Golden Gate ဖြစ်ပါတယ်။ ကြိုးတံတား စတင်ဖွင့်လှစ်တဲ့ ၁၉၃၇ မေလမှ စတင်ပြီး ယနေ့အထိ သေကြောင်းကြံမှုကြောင့် သေဆုံးသူ ၁၆၀၀ ကျော်သွားပြီလို့ သိရပါတယ်။

၁၈ ကြိမ်မြောက် ဒီကေဘီအေ တပ်မတော်နေ့အခမ်းအနား ကျင်းပပြုလုပ်


၁၈ကြိမ်မြောက် DKBA တပ်မတော်နေ့ 

ထိုင်း-မြန်မာနယ်စပ် ဝေါလေဒေသ ရှိ ကလိုထူးဘော စစ်ဌာနချုပ်တွင် ဒီဇင်ဘာ (၂၁)ရက်နေ့က ပြုလုပ်သော ဒီမိုကရေစီအကျိုးပြုတပ်မတော်(DKBA)၏ ၁၈ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနား မြင်ကွင်းအချို့ဖြစ်ပါသည်။

(ဓာတ်ပုံ- အောင်နေမျိုး ) — 

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Myanmar News Journal
ဓာတ်ပုံ- အောင်နေမျိုး
ထိုင်း-မြန်မာနယ်စပ် ဝေါလေဒေသ ရှိ ကလိုထူးဘော စစ်ဌာနချုပ်တွင် ဒီဇင်ဘာ (၂၁)ရက်နေ့က ပြုလုပ်
သော ဒီမိုကရေစီအကျိုးပြုတပ်မတော်(DKBA)၏ ၁၈ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနား မြင်ကွင်း
များကိုဖော်ပြပေးလိုက်ပါတယ်။

4Mbps အထိ မြန်နှုန်းရရှိလာသည့် E-lite Tech IT Services မှ ဝန်ဆောင်မှု ပေးနေသည့် FTTX ဖိုက်ဘာအင်တာနက်စနစ်

4Mbps အထိ မြန်နှုန်းရရှိလာသည့် FTTX ဖိုက်ဘာအင်တာနက်စနစ်
Friday, 21 December 2012

FTTX ဖိုက်ဘာအင်တာနက်စနစ်တွင် 4Mbps မြန်နှုန်းအထိ စတင်သုံးစွဲနိုင်ပြီဖြစ်သည်။

ရန်ကုန်မြို့တွင် ဝန်ဆောင်မှုပေးနေသည့် အဆိုပါ ဖိုက်ဘာ အင်တာနက်လိုင်းမှာ 512 Kbps, 1Mbps, 2Mbps များကို ဝန်ဆောင်မှုပေးလျှက်ရှိပြီး ယခုအခါ 4Mbpsဝန်ဆောင်မှုကို စတင်အကောင်အထည် ဖော်လိုက်ခြင်း ဖြစ်သည်။

“စတင်ဝန်ဆောင်မှု ပေးနေတာ တစ်ပတ်လောက်တော့ ရှိပါပြီ။ 
4Mbps Planတပ်ဆင်လိုတဲ့သူတွေ အနေနဲ့ 2Mbps Plan ကို အရင် လျှောက်ထားရမှာ ဖြစ်ပါတယ်။ အဲဒါပြီးမှ Upgrade လုပ်ပေးမှာပါ” ဟု ၎င်းစနစ်ကို ဝန်ဆောင်မှု ပေးနေသည့် E-lite Tech IT Services မှ တာဝန်ရှိသူက ပြောသည်။

4Mbps Plan အတွက် ဝန်ဆောင်ခမှာ ၂ သိန်း ၃ သောင်းကျပ် ဖြစ်ကြောင်း FTTXစနစ်ကို E-Lite Tech Services နှင့် Fortune  International ကုမ္ပဏီတို့က ဝန်ဆောင်မှုပေးလျှက် ရှိသည်။

၎င်းစနစ်မှာ အင်တာနက်၊ ဖုန်းနှင့် ရုပ်သံလိုင်းများ ပေါင်းစပ်ပါဝင်သောTriple Play စနစ်ဖြစ်ပြီး လက်ရှိ ကနဦး တပ်ဆင်ခမှာ ၇ သိန်းခွဲကျပ်နှင့်နှစ်စဉ်ကြေး ၆ သောင်းကျပ်ဖြစ်ကြောင်း၊ ရုပ်သံလိုင်း ပါဝင်ပါက ကနဦး တပ်ဆင်ခ- ၉ သိန်းကျပ်၊ နှစ်စဉ်ကြေး ၈ သောင်း ၄ ထောင်ကျပ် ဖြစ်သည်။

“ သုံးစွဲတဲ့သူတွေအတွက်တော့ အရင်ကထက်စာရင်နှစ်ဆနီးပါးလောက်
မြန်လာတယ်ဆိုတော့ ရုံးသမားတွေအတွက် အဆင်ပြေတာပေါ့”ဟု FTTX ဖိုက်ဘာအင်တာနက်စနစ်အသုံးပြုနေသည့် ကုမ္ပဏီဝန်ထမ်း တစ်ဦး
ကပြောသည်။

လက်ရှိတွင် အဆိုပါ FTTX ဖိုက်ဘာအင်တာနက်လိုင်းသုံးစွဲသူများ
အနေဖြင့် အခြားအင်တာနက်လိုင်းများလောက် သုံးစွဲသူဦးရေ များပြားခြင်းမရှိသေးကြောင်းကိုလည်း သိရသည်။

FTTX ကနဦးတပ်ဆင်ခနှုန်းထားများအား လက်ရှိအချိန်တွင်
နှုန်းထားသတ်မှတ် လျှော့ချပေးရန် အစီအစဉ်မရှိသေးကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၌ အင်တာနက်လိုင်းဝန်ဆောင်မှုစနစ်များအနေဖြင့် ရတနာပုံတယ်လီပို့စ် ADSLအင်တာနက်လိုင်း၊ မြန်မာ့ဆက်သွယ်ရေးမှ  ADSLအင်တာနက်လိုင်းနှင့် Red Link Co မှ Wi max စနစ် အင်တာနက်လိုင်းများကို အဓိကထား၍ အသုံးပြုနေကြသည်။

အဆိုပါ စနစ်ကို ရန်ကုန်မြို့အပြင် မန္တလေးမြို့နှင်ပြင်ဦးလွင်မြို့များ
တွင်လည်း ဝန်ဆောင်မှု ပေးလျှက်ရှိ ကြောင်းသိရသည်။ လတ်တလောတွင် အင်တာနက်စနစ်နှင့် VOIP ဖုန်း နှစ်မျိုးသာ ပါဝင်ဦးမည် ဖြစ်သည်။

ဉာဏ်ဉာဏ် (မြစ်မခ)
Myit Makha Mediagroup

‎ FTTX ဖိုက်ဘာအင်တာနက်စနစ်တွင် 4Mbps မြန်နှုန်းအထိ စတင်သုံးစွဲနိုင်ပြီဖြစ်သည်။ ရန်ကုန်မြို့တွင်ဝန်
ဆောင်မှုပေးနေသည့်အဆိုပါ ဖိုက်ဘာအင်တာနက်လိုင်းမှာ 512 Kbps,1Mbps, 2Mbps များကို ဝန်ဆောင်
မှုပေးလျှက်ရှိပြီး ယခုအခါ 4Mbpsဝန်ဆောင်မှုကို စတင်အကောင်အထည် ဖော်လိုက်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် အသစ်ဆောက်လုပ်မည့် ၁၈ ခန်းနှင့်အထက် အဆောက်အအုံများတွင် ကိုယ်ပိုင်ထရန်စဖော်မာများကို စည်ပင်သာယာပိုင်မြေပေါ်တွင် ထားရှိခွင့်မပြုတော့