Pages

Friday, December 21, 2012

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖြိုလက်စတိုက်ပြို၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ဖြိုလက်စတိုက်ပြို၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ-၂၁

မင်္ဂလာတောင်ညွန့်မြို့နယ် မလွှကုန်းရပ်ကွက် မလွှကုန်းလမ်းနှင့် ကျောက်မြောင်းလမ်းထောင့်ရှိ ဖြိုလက်စ နှစ်ထပ်တိုက်တစ်လုံး ယနေ့မွန်းလွဲ ၂ နာရီခန့်က ပြိုကျသွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ကန်ထရိုက်တိုက်ဆောက်ရန် မူလနှစ်ထပ်တိုက်အား ဖြိုဖျက်စဉ် တိုက်အတွင်း လုပ်ငန်းခွင်ဝင်နေသော အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ အုတ်နံရံပိ၍ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားပြီး အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း အခင်းဖြစ်ပွားရာနေရာရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဒုတိယတပ်ရင်းမှူး ဦးခင်မောင်က အတည်ပြုပြောကြားသည်။

ဖြိုဖျက်စတိုက်မှာ အဆောက်အအုံအား ဖြိုဖျက်နေစဉ်ကာလအတွင်း လုံခြုံမှုအတွက် ငြမ်းများ အပြည့်အ၀တပ်ဆင်ထားသောကြောင့် ဘေးသို့လွင့်စဉ်ခြင်းမရှိခဲ့သော်လည်း တိုက်ဖြိုသည့်နည်းစနစ် မှားယွင်းခဲ့သောကြောင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လာရောက်စစ်ဆေးသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အရာထမ်းတစ်ဦးကပြောသည်။

"ဘာကြောင့် ပြိုရတယ်ဆိုတဲ့ ဖြစ်စဉ်ကို အသေးစိတ်စုံစမ်းနေပါတယ်"ဟု ၎င်းကပြောသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
မင်္ဂလာတောင်ညွန့်မြို့နယ် မလွှကုန်းရပ်ကွက် မလွှကုန်းလမ်းနှင့် ကျောက်မြောင်းလမ်းထောင့်ရှိ ဖြိုလက်စ
နှစ်ထပ်တိုက်တစ်လုံး ယနေ့မွန်းလွဲ ၂ နာရီခန့်က ပြိုကျသွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား
တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့နေ့လယ် ၁း၄၅ အချိန်က တာမွေ ကျောက်မြောင်းလမ်း အမှတ် ၉၃ တွင် အိမ်ဖြိုနေရာမှ ရှေ့အုတ်တန်း ပြိုကြပြီး မသန်းဌေး အသက် ၃၈နှစ်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့နေ့လယ် ၁း၄၅ အချိန်က တာမွေ ကျောက်မြောင်းလမ်း အမှတ် ၉၃ တွင် အိမ်ဖြိုနေရာမှ ရှေ့အုတ်တန်း ပြိုကြပြီး မသန်းဌေး အသက် ၃၈နှစ်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ကန်ထရိုက်တိုက်ဆောက်ရန် မူလနှစ်ထပ်တိုက်အား ဖြိုဖျက်စဉ် တိုက်အတွင်း လုပ်ငန်းခွင်ဝင်နေသော အ
သက် ၃၈ နှစ်အရွယ်အမျိုးသမီးတစ်ဦးမှာအုတ်နံရံပိ၍အခင်းဖြစ်ပွားရာနေရာတွင်ပင်ပွဲချင်းပြီး သေဆုံးသွား
ပြီး အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်းအခင်းဖြစ်ပွားရာနေရာရှိ
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဒုတိယတပ်ရင်းမှူး ဦးခင်မောင်က အတည်ပြုပြောကြားသည်။

ဖြိုဖျက်စတိုက်မှာ အဆောက်အအုံအား ဖြိုဖျက်နေစဉ်ကာလအတွင်း လုံခြုံမှုအတွက် ငြမ်းများ အပြည့်အဝ

တပ်ဆင်ထားသောကြောင့် ဘေးသို့လွင့်စဉ်ခြင်းမရှိခဲ့သော်လည်း တိုက်ဖြိုသည့်နည်းစနစ် မှားယွင်းခဲ့သော
ကြာင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလာရောက်စစ်ဆေးသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး
 ကော်မတီမှ အရာထမ်းတစ်ဦးကပြောသည်။

"ဘာကြောင့် ပြိုရတယ်ဆိုတဲ့ ဖြစ်စဉ်ကို အသေးစိတ်စုံစမ်းနေပါတယ်"ဟု ၎င်းကပြောသည်။



7day News:




0 comments:

Post a Comment

 
world time