Pages

Tuesday, June 18, 2013

စင်္ကာပူတွင် မီးခိုးမြူများကြောင့် ကျန်းမာရေးသတိပေးချက် ထုတ်ပြန်

စင်္ကာပူတွင် မီးခိုးမြူများကြောင့် ကျန်းမာရေးသတိပေးချက် ထုတ်ပြန်

စင်္ကာပူ နိုင်ငံတွင် မီးခိုးမြူများ ထူထပ်နေခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ သတိပေးချက်ကိုပင် အစိုးရက ထုတ်ပြန် ကြေညာထားကြောင်း သိရှိရသည်။ တနင်္လာနေ့က လေထုညစ်ညမ်းမှုကို တိုင်းတာသော PSI
အဆင့် သတ်မှတ်ချက်သည် (၁၅၅)ထိ ရှိလာခဲ့ပြီး ယင်းသည် ကျန်းမာရေးအတွက် ဖြစ်သင့်သည့် ယူနစ် (၁၀၀)ထက် သိသိသာသာ ကျော်လွန်သွားပြီ ဖြစ်သည်။

၁၉၉၉-ခုနှစ်က ထုတ်ပြန်ခဲ့သော အစ္စလာမ်ညွှန်ကြားချက်ကို ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် အစ္စလာမ် ကောင်စီခွဲများသိရှိစေရန် ထပ်မံထုတ်ပြန်


ဇွန် ၁၈၊ ၂၀၁၃

ပုသိမ်မြို့ ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ အစ္စလာမ်သာသနာရေးရာကောင်စီမှ ခရိုင်/မြို့နယ် အစ္စလာမ်ကောင်
စီခွဲများသိရှိနိုင်ရန်၁၉၉၉-ခုနှစ်ကအစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်မှထုတ်ပြန်ခဲ့သောအစ္စလာမ့်
ညွှန်ကြားချက်ကိုဇွန်လ(၁၇)ရက်နေ့တွင်တိုင်းဒေသကြီး အစ္စလာမ်ကောင်စီမှ ထပ်မံ ထုတ်ပြန်လိုက်ကြောင်း
 သိရသည်။

မော်ဒယ်အေဂျင်စီအားလုံး သဘောတူသည့် မော်ဒယ်လုပ်ငန်းစာချုပ်သစ် ပြင်ဆင်


၁၈.၆.၂၀၁၃၊ အင်္ဂါနေ့

ပြည်တွင်း၌ မော်ဒယ်လုပ်ငန်းဖြင့် လုပ်ကိုင်နေသော အေဂျင်စီကုမ္ပဏီများအားလုံး သဘောတူညီသည့် အချက်အလက်များကို ထည့်သွင်းရေးဆွဲမည့် မော်ဒယ်လုပ်ငန်းစာချုပ် သစ်ကို ပြင်ဆင်လုပ်ကိုင်နေပြီဖြစ်ကြောင်း Star Model Agency ကုမ္ပဏီမှ ဂျွန်လွင်က ဆိုသည်။

ကျောက်ဆည်မြို့တွင် ဘာသာရေး အဓိကရုဏ်းဖြစ်ပေါ် စေရန် စာရွှက်အတုများဖြင့် လှုံဆော်နေ

http://www.thithtoolwin.com/2013/06/blog-post_3951.html?m=1

အထက်ပါ လင့်က်မှာ တင်ထားတဲ့ ကျောက်ဆည်မြို့နယ်၊ လက်ပန်ကျေးရွာတွင် ဂျေဟာဒ် လုပ်ရန်ဆိုသော လှုံ့ဆော်စာမှာ အစ္စလာမ် ဘာသာဝင်များမှ ဝေသော စာရွက်မဟုတ်ပါ။ စာလုံးပေါင်း အရေးအသား ကြည့်ရင် သိနိုင်ပါသည်။ 

အခု လက်ပံရော၊ ကျောက်ဆည်ပါ ဖုန်းဆက် မေးမြန်းပြီးပါပြီ။ ထိုနယ်များတွင် နေထိုင်သော အစ္စလာမ် ဘာသာဝင်များပင် ထိုအကြောင်းကို မသိရှိပါ။

ပြဿနာဖြစ်အောင် လှုံ့ဆော်နေတဲ့သူများကို နှစ်ဖက်လုံး အထူးဂရုပြုကျပါခင်ဗျာ ...

  ကျောက်ဆည်မြို့တွင် ဘာသာရေး အဓိကရုဏ်းဖြစ်ပေါ် စေရန် စာရွှက်အတုများဖြင့် အွန်လိုင်းမီဒီယာများမှတဆင့် လှုံဆော်နေကြောင်းသိရသည်။အထက်ပါ စာရွက်အတုမှာ သစ်ထူးလွင် ၀ဘ်ဆိုဒ်မှတဆင့် သွေးထိုးလှုံဆော်ပေးနေသော စာရွက်အတုဖြစ်ပါသည်။

သဇင် ပွင့်ပွင့်လင်းလင်း ပြောပြထားတဲ့ ဖာရုပ်သီချင်းအကြောင်း

သဇင် ပွင့်ပွင့်လင်းလင်း ပြောပြထားတဲ့ ဖာရုပ်သီချင်းအကြောင်း 
Tuesday, June 18, 2013

မြေအောက် ဂီတလောကမှာ အထင်ကရ ဟစ်ဟော့ပ် အဆိုတော်တဦးဖြစ်တဲ့ YAK  သဇင် ရဲ့ သီချင်းတပုဒ် နာမည်က ဖာရုပ် ဖြစ်ပါတယ်။

ဒီသီချင်းက ဘာကို ရည်ရွယ်တာလဲ။

 “ကျမတို့ကို ဝေဖန်ထားတဲ့ သူတွေက စပွန်ဆာ ယူထားတဲ့သူတွေချည်းပဲ ဖြစ်နေတယ်။ ဒါ သူတို့ရဲ့ ကိုယ်ရေး ကိုယ်တာပဲလေ။
 ကြိုက်တဲ့သူနဲ့ ကြိုက်သလို နေလို့ရတယ်။ ဒါပေမယ့် ကျန်တဲ့ ရိုးရိုးသားသားနဲ့ ကြိုးစားနေတဲ့ သူတွေကို မနှိမ်သင့်ဘူး၊ .....
အဲဒီမှာ ကျမ အိုင်ဒီယာတခု ရသွားတာ။ ..... သူတို့ရဲ့ မှားနေတာတွေကို ပြန်ပြီးတော့ မြင်စေချင်တာ။ အဲဒီလိုမျိုးနဲ့ ပတ်သက်ပြီးတော့ ဒီသီချင်းကို ကျမတို့ ဆိုဖြစ်တာပါ” လို့ ပြောပြပါတယ်။

YAK  သဇင် က ဧရာဝတီကို အဲဒီလို ပြောပြပါတယ်။

“တည့်ပဲ ဆော်မယ်ကွာ၊ တည့်မှ ထိတာ ဆိုပြီးတော့ ရေးလိုက်တာပါ။ ဒီသီချင်းနဲ့ ပတ်သက်ပြီး YAK က ရိုင်းရင် ရိုင်းသွားမယ်ပေါ့နော်။ ဒါပေမယ့် ဒါတွေဟာ တကယ့် အဖြစ်အမှန်တွေပါလို့ ပရိသတ်ကြီးကို သိစေချင်ပါတယ်” လို့ သဇင်က   ပြောပါတယ်။

YAK  သဇင် ပြောပြချက် အပြည့်စုံ ပါဝင်တဲ့ သတင်းအပြည့်အစုံကိုတော့ http://burma.irrawaddy.org/archives/42414 မှာ ဖတ်နိုင်ပါတယ်။

ဒီသဇင်က YAK  သဇင် ဖြစ်ပါတယ်။
No အဖွဲ့ဝင်ဟောင်း သဇင် မဟုတ်ပါ။

ခပ်ကြမ်းကြမ်း လဖာရုပ် သီချင်း တင်ထားတဲ့ ယူကျု လင့်တွေကတော့ https://www.youtube.com/watch?v=CwjtknQlgBM
http://www.youtube.com/watch?v=1IL2L77XZKE တို့ ဖြစ်ပါတယ်။ 

ဧရာဝတီblog

Tuesday, June 18, 2013

မြေအောက် ဂီတလောကမှာ အထင်ကရ ဟစ်ဟော့ပ် အဆိုတော်တဦးဖြစ်တဲ့ YAK သဇင် ရဲ့ သီချင်းတပုဒ် နာမည်က ဖာရုပ် ဖြစ်ပါတယ်။

သီချင်းတစ်ပုဒ်က ခံစားချက်ပါမှ ရင်ထဲထိတယ်ဆိုတဲ့ ခင်လေးနွယ်

သီချင်းတစ်ပုဒ်က ခံစားချက်ပါမှ ရင်ထဲထိတယ်ဆိုတဲ့ ခင်လေးနွယ်
Tuesday, June 18, 2013

ခင်လေးနွယ်ကသီချင်းခွေအတွက်စီစဉ်နေတယ်လို့ပြောပြပြီး ကြာနေတာကလည်းမကျွမ်းကျင်တဲ့ အလုပ်တစ်ခုဖြစ်တဲ့ အတွက်သေချာလေ့လာ သင်ယူပြီးလုပ်ဖြစ်နေတာလို့ ပြောပြပါတယ်။

သီချင်းခွေနဲ့ပတ်သက်ပြီးလည်း “သီချင်းခွေက အတီးတွေ တော့ ပြီးသွားပြီ။ အသံသွင်းဖို့ပဲ ကျန်တော့တယ်။ ပေါ့ပ်လေး တွေများတယ်။ Snare ၊ အားတီတို့ရေးပေးထားတာလည်းရှိ တယ်။ ကိုယ်က ကျွမ်းကျင်တဲ့အလုပ်လည်း မဟုတ်တော့ သီချင်းစသွင်းလို့ရပြီဆိုပေမယ့် အချိန်တော့ယူရ လိမ့်မယ်လို့ ထင်တယ်။ လေ့လာသင်ယူရမှာတွေလည်း အများကြီးရှိတော့ အချိန် ကြာဦးမယ်ထင်တယ်။ သီချင်းစအပ်တဲ့ အချိန်ကတည်းက အကုန်လိုက် လုပ်ရတာလေ။ နယ်တွေမှာ ရှိုးပွဲတွေဆိုဖြစ်နေပေမယ့် အပြင်မှာရှိုးဆိုရတာနဲ့ စတူဒီယိုခန်းထဲမှာ အသံသွင်းတာက တအားကွာ တယ်။ ကိုယ့်ဘာသာလုပ်တဲ့အခွေဖြစ်တဲ့အတွက် ကိုယ်စိတ်တိုင်း ကျတဲ့အထိလုပ်မယ်။ ငယ်ငယ်ကတည်းက ဘုရားကျောင်းသီချင်း တွေ ဆို နေ တာဆိုတော့ တအားကြီးစိမ်းနေတာတော့ မဟုတ်ဘူး။

ဒါပေမဲ့ ဘယ်လိုအနေအထားလုပ်ရမယ်ဆိုတော့ နားမလည် သေးဘူး။ ဘယ်အလုပ်မဆို မလုပ်တာထက်နည်းနည်းချင်း လုပ် လာရင် အထာလေး သိလာတာပေါ့။ အခွေက လုပ်နေတယ်လို့ ပြောတာလည်း ကြာနေပြီလေ။ အရင်ကဆို အခွေလုပ်တာ ဒီလောက်ဘာလို့ကြာတာလဲ၊ ၁လ၊ ၂လေ လာက်နေရင် ထွက်လို့ရ တယ်လို့ ထင်ခဲ့တာ။ အခုမှပဲသိတော့တယ်။ စိတ်ရှည်ပြီး စောင့် စေချင်ပါတယ်။ လိုအပ်တာတွေလည်း အများကြီးရှိဦးမှာပါ။ အခွေမှာက Snare၊ အားတီ၊ ကိုဖိုးကာတို့နဲ့ လည်း စုံတွဲသီ ချင်းလေးတွေပါမယ်။

သီချင်းက ခံစားချက်ပါမှ နားထောင်တဲ့ သူရဲ့ ရင်ထဲထိမှာလေ။ ဒါကြောင့် အဆိုတော်တွေ တော်တော်ချီးကျူး ဖို့ကောင်းပါတယ်။ ရင်ထဲကို ထိ အောင်ဆိုနိုင်တယ်” လို့ ပြောပြပါတယ်။ တစ်ကိုယ်တော်ခွေမ ထွက်ခင်မှာ Group အခွေ တွေမှာ ပါဝင်သီဆိုထားပြီး ဆုပန်ထွာတို့ရဲ့ အတွဲခွေ မှာလည်း တစ်ပုဒ်သီဆိုထားကြောင်း ခင်လေးနွယ်က ပြောပါတယ်။

မေမွန်မောင်၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

Popular Journal

Tuesday, June 18, 2013

ခင်လေးနွယ်ကသီချင်းခွေအတွက်စီစဥ
်နေတယ်လို့ပြောပြပြီး ကြာနေတာကလည်းမကျွမ်းကျင်တဲ့ အလုပ်
တစ်ခုဖြစ်တဲ့ အတွက်သေချာလေ့လာ သင်ယူပြီးလုပ်ဖြစ်နေတာလို့ ပြောပြပါတယ်။

မလေးရှားနိုင်ငံတွင်ရာဇ၀တ်သားများကိုဖမ်းဆီးအရေးယူ

မလေးရှားနိုင်ငံမှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး သက်သေခံ တရားဝင်လက်မှတ်မပါရှိဘဲနေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ဝ ခန့်ကို
ဆာပန်းနယ် တရားရုံးက ဒီကနေ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။

ကလေးဒေသတရားမဝင် လိုင်စင်မဲ့ကားများ ပိတ်ဆို့ဖမ်းဆီး

Tuesday, June 18, 2013

ကလေးမြို့ပေါ် တွင် ဇွန် ၁၅ ရက်မှ စတင်၍ ကလေးမြို့ လေးဖက်လေးတန် မြို့ထွက်ပေါက်များကို ပိတ်ဆို့ ပြီး တရားမဝင်လိုင်စင်မဲ့ ကား များ ကို ပြည်သူ့ရဲ တပ်ဖွဲ့များက ဖမ်းဆီးနေကြောင်း သိရသည်။ ''ကလေးမြို့မှာ လိုင်စင်မဲ့ ကား၊ တရားမဝင် ကားလို့ပြော မယ်ဆိုရင် အစီးပေါင်း ထောင် ချီပြီးရှိတယ်၊ များသောအားဖြင့် မြို့ကြီးတွေကနေ အဆင့် ဆင့် ဂိတ် တွေကို ငွေပေး ဖြတ်ကျော်လာ တဲ့ ကားတွေဖြစ်ပါတယ်။

ပဲခူးမြို့ ကျက်သရေဆောင် သီရိဟံသာခန်းမအား ကေတီဗွီနှင့် အနှိပ်ခန်းဖွင့်ရန် ခွင့်ပြုခဲ့ခြင်းအပေါ်(တိုင်ကြားစာ)

ဒီမိုဝေယံသို့ ပဲခူးမြို့မှ တိုင်ကြားစာ...

ပဲခူးမြို့ ကျက်သရေဆောင် သီရိဟံသာခန်းမအား ကေတီဗွီနှင့် အနှိပ်ခန်းဖွင့်ရန် ခွင့်ပြုခဲ့ခြင်းအပေါ်(တိုင်ကြားစာ)

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို.ရှိ ရွှေမော်ဓောဘုရားလမ်းတွင် ပဲခူးမြို.၏ကျက်သရေဆောင် သိရိဟံသာခန်းမ ဟူသောခန်းမရှိပါသည်။ ထို့အတူပဲခူးမြို့၊ ဥသာမြို့သစ်၊ ဆည်မြောင်း လမ်းပေါ်တွင် သိရိဥသာခန်းမဟူသော ပုံစံတူအဆောက်အဦး တစ်ခုရှိပါသည်။

ယခုအခါတွင် ယင်းမြို့ကျက်သရေဆောင် သိရိဥသာခန်းမအား စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအား နှစ်ရှည်ငှားရမ်းကာ ကေတီဗွီနှင့် အနှိပ်ခန်းဖွင့်ရန် ခွင့်ပြုခဲ့ပါသည်။ မည်သူ၏ ခွင့်ပြုချက်နှင့်ငှားရမ်း၊ ဖွင့်ခွင့်ပြုခဲ့ကြောင်း မသိရပါ။ ထိုသို့ဥသာမြို့သစ်၏ ကျက်သရေဆောင်ခန်းမ တစ်ခုအား မသင့်လျှော်သော နေရာအဖြစ် ပြောင်းလဲအသုံးချခြင်းအား တားမြစ်ပေးပါရန် အများ ပြည်သူအပေါင်းနှင့် ပဲခူးတိုင်းဒေသကြီး အုပ်ချုပ်ရေး အာဏာပိုင်များသိရှိစေရန် အကြောင်းကြားအပ်ပါသည်။

အငြိမ်းစားရဲဝန်ထမ်းတစ်ဦး(ဥသာမြို့သစ်)
http://www.demowaiyan.org/2013/06/blog-post_18.html

အေးချမ်းမွန် Copy & Credit To >Wai Yan De Mo < Thank

ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို.ရှိ ရွှေမော်ဓောဘုရားလမ်းတွင် ပဲခူးမြို.၏ကျက်သရေဆောင် သိရိဟံသာခန်းမ ဟူ
သောခန်းမရှိပါသည်။ ထို့အတူပဲခူးမြို့၊ ဥသာမြို့သစ်၊ ဆည်မြောင်း လမ်းပေါ်တွင် သိရိဥသာခန်းမဟူသော ပုံ
စံတူအဆောက်အဦး တစ်ခုရှိပါသည်။

ပုသိမ်မြို့ အစ္စလာမ့်လူမှုကူညီ စောင့်ရှောက်ရေးအသင်းမှ သံဃာ့ဆေးရုံတွင်လှူဒါန်း


ဇွန် ၁၈၊ ၂၀၁၃

ပုသိမ်မြို့ ။ ။ ပုသိမ်မြို့အစ္စလာမ့်လူမှုကူညီ စောင့်ရှောက်ရေးအသင်းမှသံဃာ့ဆေးရုံတွင်တက်ရောက် ဆေး
ကုသနေသော သံဃာများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပြီး ဆေးဝါးပဒေသာပင်အား ငွေကျပ် ၁၀၀၀၀၀ ထည့်ဝင် လှူဒါန်းမှုကို ဒီကနေ့မှာ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂ ခုနှစ်) ကို အစိုးရမှ ပြင်ဆင်ရေးဆွဲရန် စီစဉ်နေကြောင်း သတင်းမှားထုတ်ပြန်မှုအား ရှင်းလင်းခြင်း


နေပြည်တော်

၁၃-၆-၂ဝ၁၃ ရက်ထုတ် The Daily Eleven Newspaper တွင် ''၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အစိုးရ
မှ ပြင်ဆင်ရေးဆွဲကာ လွှတ်တော်သို့ တင်ရန် စီစဉ်နေပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အများစု ကန့်ကွက်မည်'' ဖြစ်ကြောင်း ဖော်ပြထားသည့် သတင်းနှင့်စပ်လျဉ်း၍ မှားယွင်းသော သတင်းထုတ်ပြန်ချက် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။

ထိုင်းသံဃာတွေ စည်းစိမ်ခံ နေထိုင်မှု ဝေဖန်ခံရ

ထိုင်းသံဃာတွေ စည်းစိမ်ခံ နေထိုင်မှု ဝေဖန်ခံရ

ဇွန်လ ၁၈ ရက် ၂၀၁၃

ထိုင်းနိုင်ငံမှာ သံဃာတော် တခိျု့ဟာ စည်းစိမ် ခံစား နေထိုင် လာနေကြတယ် ဆိုတဲ့ ပြောဆို မှုတွေ ထွက်လာ ပြီးတဲ့နောက် နိုင်ငံတဝန်းက သံဃာတော် တွေရဲ့ ပြုမူ နေထိုင်ပုံကို စောင့်ကြည့် သွားမယ်လို့ နိုင်ငံတော် ဗုဒ္ဓဘာသာ အဖွဲ့ အစည်းက ထုတ်ဖော် ပြော ပါတယ်။

ဗုဒ္ဓ ဘာသာဝင် ဘုန်းတော်ကြီး သုံးပါးက ဈေးကြီးတဲ့ ဒီဇိုင်နာ အိတ်တွေ၊ နေကာ မျက်မှန်တွေကို သုံးပြီး ကိုယ်ပိုင် ဂျက် လေယာဉ်နဲ့ ခရီးသွား တာကို ပြတဲ့ ဗီဒီယိုခွေ ထွက်လာခဲ့ ပြီးတဲ့နောက် အခု လို စောင့်ကြည့်မယ့် ကိစ္စ ဖြစ်လာခဲ့တာပါ။

အဲဒီ ဘုန်းကြီးတွေရဲ့ ပြုမူ နေထိုင်ပုံဟာ အလို လောဘကို လျော့နည်း ရမယ် ဆိုတဲ့ ဗုဒ္ဓရဲ့ အဆုံး အမနဲ့ ဆန့်ကျင်နေတဲ့ အတွက် သူတို့ကို သတိပေး ထားပြီးဖြစ်ကြောင်း နိုင်ငံတော် ဗုဒ္ဓဘာသာ ဆိုင်ရာ ရုံးက ပြောပါတယ်။

BBC

ဇွန်လ ၁၈ ရက် ၂၀၁၃
ထိုင်းနိုင်ငံမှာ သံဃာတော် တခိျု့ဟာ စည်းစိမ် ခံစား နေထိုင် လာနေကြတယ် ဆိုတဲ့ ပြောဆို မှုတွေ ထွက်လာ ပြီးတဲ့နောက် နိုင်ငံတဝန်းက သံဃာတော် တွေရဲ့ ပြုမူ နေထိုင်ပုံကို စောင့်ကြည့် သွားမယ်လို့ နိုင်ငံတော် ဗုဒ္ဓဘာသာ အဖွဲ့ အစည်းက ထုတ်ဖော် ပြော ပါတယ်။

လေဘာပါတီတွင်း ခေါင်းဆောင်ပြောင်းဖို့ လိုလားသူ ပိုများလာ

လေဘာပါတီတွင်း ခေါင်းဆောင်ပြောင်းဖို့ လိုလားသူ ပိုများလာ

ဇွန်လ ၁၈ ရက် ၂၀၁၃

သြစတြေးလျ နိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကို စက်တင်ဘာလမှာကျင်းပတော့ မှာဖြစ်တဲ့ အတွက်၊ ကြိုတင်ကောက်တမ်းတွေ အရ ဝန်ကြီးချုပ်ဟောင်း Kevin Rudd က လက်ရှိ အာဏာ ရ လေဘာပါတီကို ဦးဆောင်မယ်ဆို ရင် အတိုက်အခံနဲ့ မဲညီမျှ တဲ့ အနေအထားကို ရနိုင်တယ်လို့ ဟောကိန်းထုတ်တဲ့အတွက် လက်ရှိ ဝန်ကြီးချုပ် ရာထူးက ဆင်းပေးပြီး ခေါင်းဆောင်ပြောင်းလဲလုပ်ဖို့ လိုလားသူတွေ ပိုများပြားလာကြောင်း သိရပါတယ်။

ဝန်ကြီးချုပ်ဟောင်း ကယ်ဗင်ရဒ်ကသာ ဦးဆောင်ရင် အတိုက်အခံပါတီနဲ့ ညီမျှတဲ့ မဲရရှိနိုင်ပြီး လက်ရှိ ဝန်ကြီးချုပ် ဂျူလီယာဂေးလဒ်ကသာ လေဘာပါတီကို ဆက်ပြီး ဦးဆောင်မယ်ဆိုရင် အပြတ်အသတ် ရှုံးနိမ့်ဖို့ ရှိတယ်ဆိုတဲ့ ကောက်တမ်းတွေကြောင့် မီဒီယာတွေ က လဲ ဝန် ကြီး ချုပ် ဟောင်း နောက် ကို လိုက် ပြီး မေးမြန်း နေကြပါတယ်။

Kevin Rudd ကတော့ သူ့ အနေနဲ့ အတိုက်အခံခေါင်းဆောင် Tony Abbott ကို ၾသစေတ်းလ် နိုင်ငံရဲ့ ဝန်ကြီးချုပ် တဦး မဖြစ်ရလေအောင် စွမ်းဆောင် နိုင်သမျှကို စွမ်းဆောင်သွားမယ်လို့သာ ပြောခဲ့ပြီး ခေါင်းဆောင်ပိုင်း စိန်ခေါ်မှု လုပ်မလားဆိုတာကိုတော့ မတုန့်ပြန်ခဲ့ပါဘူး။

အတိုက်အခံခေါင်းဆောင် Tony Abbott ကတော့ လူထုတွေ အနေနဲ့ အပြောင်းအလဲတွေ လိုလားနေ ပြီး၊ လေဘာပါတီတွင်း ခုန်နေရာလုပွဲကို ငြီးငွေ့ နေကြပြီ လို့ဆိုပါတယ်။

သြစတြေးလျ နိုင်ငံက ဒီကနေ့ မနက်ထုတ် တဲ့သတင်းစာတွေမှာတော့ Kevin rudd အနေနဲ့ ဝန်ကြီးချုပ် နေရာပြန်ရဖို့ ပါတီတွင်းမှာ လုံလောက်တဲ့ ထောက်ခံချက် အရည်အတွက်ကို ရရှိ နေုပြီဖြစ်တဲ့ အကြောင်း၊ သူ့ကို ပြီးခဲ့တဲ့ ၃နှစ်က ဖြုတ်ချပြီး နောက်ပိုင်း တချိန်တခါမှာ လိုအပ်တဲ့ ထောက်ခံမှု အရည်အတွက်ကို မရနိုင်ခဲ့ပေမဲ့ အခု အခါမှာ ရရှိသွားပြီလို့ သူ့ကို ထောက်ခံသူတွေ ကပြော နေကြပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ပါတီတွင်းမှာ တခဲနက် လက်ရှိဝန်ကြီးချုပ်ကို ဖယ်ထုတ်ဖို့ ထောက်ခံမှု ရှိမှသာလျှင်ခေါင်းဆောင် အပြောင်းအလဲ ဖြစ်လာ နိုင်မှာ ဖြစ်ပြီး ပါတီတွင်း အကြီးတန်း ဝန်ကြီးတွေ အနေနဲ့ ရှင်းရှင်းပြတ်ပြတ် ဆုံးဖြတ်ချက် ချရတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမတိုင်မှီ လွှတ်တော် အစီးအဝေးနား ဖို့ ၂ ပါတ် အလို ဒီကနေ့မနက်မှာ ပါတီတွင်း အကြီးတန်း အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေး ဖို့ရှိနေပါတယ်။

ABC Radio


ဇွန်လ ၁၈ ရက် ၂၀၁၃
သြစတြေးလျ နိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကို စက်တင်ဘာလမှာကျင်းပတော့ မှာဖြစ်တဲ့ အတွက်၊ ကြိုတင်ကောက်တမ်းတွေ အရ ဝန်ကြီးချုပ်ဟောင်း Kevin Rudd က လက်ရှိ အာဏာ ရ လေဘာပါတီကို ဦးဆောင်မယ်ဆို ရင် အတိုက်အခံနဲ့ မဲညီမျှ တဲ့ အနေအထားကို ရနိုင်တယ်လို့ ဟောကိန်းထုတ်တဲ့အတွက် လက်ရှိဝန်ကြီးချုပ်ရာထူးဆင်းပေးပြီး ခေါင်းဆောင်ပြောင်းလဲလုပ်ဖို့ လိုလားသူတွေပိုများပြားလာကြောင်း
သိရပါတယ်။

မံဝိန်းလေးတံတားခံနိုင်ဝန်ထက် ပိုမိုတင်ဆောင်ဖြတ်သန်း၍ ကျိုးကျခြင်း


18/6/2013
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း ဗန်းမော်- ဆ၀မ်ကထောင်- စီအူလမ်း၊ မိုင်တိုင် ၁၆/၅ ရှိ အရှည် ၁၂၅ ပေရှိသော H20 တံတားအမှတ် ၃/၁၇ (မံဝိန်းလေးတံတား)ပေါ်သို့  အလေးချိန်တန်(၅၀)ခန့်ရှိ
သော ရွှေစပါးကုမ္ပဏီမှ သတ္တုကျောက်များ သယ်ဆောင်လာသည့် (၁၂)ဘီးကုန်တင်ယာဉ် ဖြတ်သန်းစဉ် တံ
တားကျိုးကျပျက်စီးမှုဖြစ်ပြီး ကားနှင့်တံတားတွဲ၍ ချောင်းထဲသို့  ကျသွားပါသည် ။

မွေးနေ့ဆုတောင်း

ယနေ့ ၁၈.၆.၂၀၁၃ တွင် ကျရောက် သော RangonNewsDaily မှာAdminကိုလတ်(ပန်ဘဲတန်း)ရဲ့ မွေးနေ့မှ
သည် နှောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွင်ချမ်းမြေ့မှုများပါစေလို့ RangonNewsDaily သတင်းမိသားစုမှဆု
မွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ကလေးငယ်အနာဂတ်အတွက် ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့ ကျင်းပ

ကလေးငယ်အနာဂတ်အတွက် ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့ ကျင်းပ 
Tuesday, June 18, 2013

ကမ္ဘာလုံးဆိုင်ရာ ကလေးအလုပ်သမားဆန့်ကျင်ရေးနေ့ World Against Child labor Day အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က Child Development Central (CDC) အထက်တန်းကျောင်းမှာ Child Rights working Group အဖွဲ့က ဦးဆောင်ပြီး ဇွန်လ ၁၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကျင်းပတာနဲ့ပတ်သက်ပြီး Child Rights working Group အဖွဲ့ဝင် ကိုမင်းမင်း က သတင်းထောက်တွေကို အခုလို ပြောဆိုပါတယ်။

အဓိကအားဖြင့်တော့ မဲဆောက်ဒေသမှာ ကျနော်တို့ စာသင်ကျောင်းတွေမှာဆိုလို့ရှိရင် မိဘတွေက အသက် ၁၃- ၁၄ ဆိုရင် ကျောင်းထုတ်ပြီလေ။ အတန်းအားဖြင့်ဆိုရင် ခြောက်တန်း ခုနှစ်တန်းပေါ့ စာဆက်မသင်ကြတော့ဘူး။ ဒီကလေးကို စက်ရုံထဲပို့တာတို့ ဘန်ကောက်ပို့တာတို့ဘာတို့ရှိတယ်။ အဲ့တော့ ဒီဟာတွေကို မိဘတွေကလည်းသိထားသင့်တယ်။ နောက်သူ့ကလေးတွေ ပညာရေး အနာဂတ်ကိုလည်းမဆုံးရှုံးစေချင်ဘူး အဲဒါကြောင့်မို့လို့ ကျနော်တို့ ဒီပွဲကိုလုပ်ရတဲ့ရည်ရွယ်ချက်ပေါ့။

Child Rights Working Group အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ရွှေ့ပြောင်းမြန်မာကလေးငယ်တွေရဲ့ ပညာရေး ကျန်းမာရေး ၊ ကလေးအခွင့်အရေး ဆိုင်ရာ လုပ်ငန်းတွေလုပ်ကိုင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း  ၁၀  ဖွဲ့ ကျော် ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ တပ်ခရိုင်အတွင်းမှာ မြန်မာရွှေ့ပြောင်းကလေးငယ် ငါးသောင်းကျော်ရှိနေပြီး အဲဒီထဲက ကလေးငယ် နှစ်သောင်း လောက်သာ ကျောင်းနေနိုင်ကြတာဖြစ်တယ်လို့ သိရပါတယ်။

ကျန်တဲ့ကလေးအများစုကတော့ လမ်းမပေါ်တွေမှာ ရောင်းစားလို့ရတဲ့ ပစ္စည်းဟောင်းကောက်တာ အပါအ၀င် ကျဘမ်းအလုပ် လုပ်ကိုင်နေကြရသလို စက်ရုံအလုပ်ရုံ လုပ်သားတွေ စိုက်ပျိုးရေး လုပ်ငန်းတွေထဲ အန္တရာယ်များတဲ့ ပိုးသတ်ဆေးဖျန်းရတဲ့ အလုပ်တွေမှာ ၀င်ရောက် အလုပ်လုပ်ကိုင်နေကြရတယ်လို့ Child Rights Working Group  အဖွဲ့ရဲ့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ကမ္ဘာပေါ်မှာ ကလေးအလုပ်သမားအဖြစ် ယောင်္ကျားလေး (၁၇၂) သန်းနဲ့ မိန်းကလေး (၈၈) သန်း ရှိနေတယ်လို့လည်း နိုင်ငံတကာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ရဲ့ စစ်တမ်းအရသိရကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

radioaustralia
ကမ္ဘာပေါ်မှာ ကလေးအလုပ်သမားအဖြစ် ယောင်္ကျားလေး (၁၇၂) သန်းနဲ့ မိန်းကလေး (၈၈) သန်း ရှိနေတယ်လို့ သိရ (Credit: AFP)
ကမ္ဘာပေါ်မှာ ကလေးအလုပ်သမားအဖြစ် ယောင်္ကျားလေး (၁၇၂) သန်းနဲ့ မိန်းကလေး (၈၈) သန်း ရှိနေတယ်လို့ သိရ (Credit: AFP)
Tuesday, June 18, 2013

ကမ္ဘာလုံးဆိုင်ရာကလေးအလုပ်သမားဆန့်ကျင်ရေးနေ့World Against Child labor Day အခမ်းအနားကို ထိုင်း
-မြန်မာနယ်စပ် မဲဆောက်မြို့က Child Development Central (CDC) အထက်တန်းကျောင်းမှာ Child Rights working Group အဖွဲ့က ဦးဆောင်ပြီး ဇွန်လ ၁၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ ၆၈နှစ်မြောက်မွေးနေ့အမှတ်တရကဗျာ

ဒေါ်အောင်ဆန်းစုကြည်၏ ၆၈နှစ်မြောက်မွေးနေ့အမှတ်တရကဗျာစာမူများ
---------------------------------------------------------------------------

“၆၈ လက်ဆောင်”
..............................................

*ကြိုက်တဲ့အချက်လည်းရှိမယ်
မကြိုက်တဲ့အကွက်လည်းရှိမယ်
သူမဟာ ဒီမြေအတွက်တော့
လိုအပ်ချက်တခုဖြစ်တာသေချာတယ်။

*အမေလို့လည်းမခေါ်ဘူး
အဒေါ်လို့လည်းမချွဲဘူး
လိုအပ်ရင်တော့ ကျောချင်းကပ်ပြီး
သန်း၆၀အတွက် ဘ၀ပါရင်းမယ်။

* ကျနော်တို့အနာဂတ်ကို
ပခုံးအသားမာတက်အောင် ထမ်းထားသူမို့
ကျနော်တို့အသက်နဲ့
လောင်းကြေးထပ်ပြီး ပုံအပ်ပါရစေ။

*ဒါဟာဘုန်းတော်ဘွဲ့တပုဒ်မဟုတ်
ဒါဟာဟိမ၀န္တာချီးမွမ်းခန်းမဟုတ်
ဒါဟာရာသီပေါ်ကြော်ငြာတခုမဟုတ်
ပြည်သူကိုအလုပ်အကျွေးပြုနေသူအတွက်
ပြည်သူတယောက်ရဲ့
ဂုဏ်ပြုလက်ဆောင်သာတခုသာဖြစ်ကြောင်း။ ။

မိုဃ်းသွေး
Generation Wave
ဒေါ်အောင်ဆန်းစုကြည်၏ ၆၈နှစ်မြောက်မွေးနေ့သို့

အေးချမ်းမွန် Copy & Credit To > Popular Journal < Thank

*ကြိုက်တဲ့အချက်လည်းရှိမယ်
မကြိုက်တဲ့အကွက်လည်းရှိမယ်
သူမဟာ ဒီမြေအတွက်တော့
လိုအပ်ချက်တခုဖြစ်တာသေချာတယ်။

ဆန္ဒပြမှုများ အကြမ်းဖက် အသွင် ကူးပြောင်းပါက အရေးယူ ခံရမည်ဟု မျက်နှာဖုံးဖြူတပ် ဆန္ဒပြ သူများအား ဖြူထိုင်း ပါတီက သတိပေး ပြောကြား