Pages

Sunday, November 18, 2012

ရခိုင်ပဋိပက္ခ္ခနဲ့ ပတ်သက်တဲ့ အစိုးရလုပ်ဆောင်ချက်ကို ဘန်ကီမွန်း ကြိုဆို

ရခိုင်ပြည်နယ်မှာဖစ်ပွားခဲ့တဲ့အကြမ်းဖက်မှုပဋိပက္ခ္ခတွေနဲ့ပတ်သက်ပြီးမြန်မာခေါင်းဆောင်တွေ ချမှတ်လုပ်
ဆောင်နေတဲ့အစီအစဉ်ဟာမှန်ကန်တဲ့လမ်းကြောင်းကိုဦးတည်နေတယ်လို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ကြေညာချက်တစ်စောင် ထုတ်ပြန်ကြို ဆိုလိုက်ပါတယ်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်က အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Joseph Yun နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell တို့ စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းသို့ ရောက်ရှိနေစဉ်။
လူတွေအများအပြားသေကြေပြီးမိသားစုတွေအိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တဲ့အကြမ်းဖက်မှုတွေကိုကျူးလွန်ခဲ့သူတွေ
ရဲ့ရာဇဝတ်ပြစ်မှုတွေကိုရှုတ်ချကြောင်း၊အပြစ်ရှိသူတွေကိုတရားဥပဒေနဲ့အညီအရေးယူစီရင်သွားဖို့ ကတိပြု
ကြောင်းဖော်ပြထားတဲ့သမ္မတဦးသိန်းစိန်ရဲ့ပေးစာကိုမနေ့ကရတယ်လို့ကြေညာချက်မှာဖော်ပြ ထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ပေးစာမှာ ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေ အေးချမ်းသွားတဲ့ အခါမှာ နိုင်ငံမဲ့ ရိုဟင်ဂျာလူနည်းစုတွေအတွက် လုပ်ပေးနိုင်တဲ့ ရပိုင်ခွင့်တွေ ဖန်တီးပေးသွားဖို့ စဉ်းစားမှာ ဖြစ်ကြောင်း၊  နိုင်ငံ သားပြုမှု၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်၊ လွတ်လပ်စွာ ခရီးသွားလာခွင့် စတဲ့ အခွင့်အရေးတွေကို စဉ်းစားပေးသွားနိုင်တယ်လို့ ဖေါ်ပြထားကြောင်းလဲ မစ္စတာ ဘန်ကီမွန်းရဲ့  ကြေညာချက်မှာ ဖော်ပြထားပါတယ်။

RFA

0 comments:

Post a Comment