Pages

Sunday, January 13, 2013

တရားဥပဒေစိုးမိုးရေး ဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူ အရိုက်ခံရ၍ ပွဲပျက်

တရားဥပဒေကို စိန်ခေါ်နေမှုများဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်၍ ပြည်သူများအား မီဒီယာ
များမှ တင်ပြနိုင်ရန် ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ စီစဉ်ခဲ့သော်လည်း ပွဲစီစဉ်သူတစ်ဦး
ဖြစ်သူ ဦးထင်ကျော်အား ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခံခဲ့ရသောကြောင့် ဆက်လက်ကျင်းပနိုင်ခြင်း
မရှိခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ နှလုံးကျန်းမာရေးကြောင့် တလခန့် အနားယူရမည် သတင်းထွက်ပေါ်..................

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ နှလုံးကျန်းမာရေးကြောင့် တလခန့် အနားယူရမည် သတင်းထွက်ပေါ်..................

သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ယနေ့နံနက်က ၀ိတိုရိယ
ဆေးရုံတွင် ကျန်းမာရေးစစ်ဆေးမှုခံယူရာ၌ နှလုံးအခြေအနေကြောင့် ဆရာဝန်က တလခန့်အနားယူရမည်ဖြစ်ကြောင်း ပေါ်ပြူလာနယူးစ် သတင်းထောက်ကသတင်းပေးပို့သည်။၀၅၁

Popular Myanmar News Journal

သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည်ယနေ့နံနက်က၀ိတိုရိယဆေးရုံတွင်ကျန်းမာရေးစစ်ဆေး
မှုခံယူရာ၌ နှလုံးအခြေအနေကြောင့် ဆရာဝန်က တလခန့်အနားယူရမည်ဖြစ်ကြောင်း ပေါ်ပြူလာနယူးစ် သတင်းထောက်ကသတင်းပေးပို့သည်။

Facebook အသုံးပြူသူအချင်းချင်း voice message ပေးပို့နိုင်မယ့် Facebook_Messenger_2_2_4_relea se For Android

Facebook_Messenger_2_2_4_release For Android 

VOIP Messaging စနစ်ပါရှိလာတဲ့ Facebook_Messenger_2_2_4_release ဖြစ်ပါတယ်။

Facebook အသုံးပြူသူအချင်းချင်း voice message ပေးပို့နိုင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ (1)မိနစ်စာ   voice message တွေကို ပေးပို့နိုင်မှာဖြစ်ပြီး အသံသွင်းသင်္ကေတလေးကို ဖိနှိပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ရယူလိုသူများအတွက်>>>http://www34.zippyshare.com/v/65331982/file.html

____________________________________

Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)

VOIP Messaging စနစ်ပါရှိလာတဲ့ Facebook_Messenger_2_2_4_release ဖြစ်ပါတယ်။
Facebook အသုံးပြူသူအချင်းချင်း voice message ပေးပို့နိုင်မှာဖြစ်ပါတယ်။

တရားမ၀င် ဖျက်သိမ်းရွှေ့ပြောင်းချြင်းခံရသော ယခင်နေထိုင်ခဲ့သူများက ၀ါဝါ၀င်းကုမ္မဏီ၏မြန်မာဂုဏ်ရောင် အိမ်ရာဝင်းရှေ့ ၌ယနေ့နံနက်က ဆန္ဒထုထ်ဖော်နေ


ရန်ကုန်-ဇန်န၀ါရီ၁၃ တရားမ၀င် ဖျက်သိမ်းရွှေ့ပြောင်းချြင်းခံရသည်ဟုဆိုကာ ယခင်နေထိုင်ခဲ့သူများက ၀ါဝါ၀င်းကုမ္မဏီ၏မြန်မာဂုဏ်ရောင် အိမ်ရာဝင်းရှေ့ ၌ယနေ့နံနက်က ဆန္ဒထုထ်ဖော်နေကြောင်းသိရသည်။ လူဦးရေ၃၀၀ခန့် ဆန္ဒထုတ်ဖော်နေပြီး၎င်းတို့သည်ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ရပ်ကွက်သို့ပြောင်းရွှေ့ခံခဲ့ရကြောင်းဆန္ဒထုတ်ဖော်သူတစ်ဦးကပြောသည်။ 

ကချင်ပြည်နယ်ဝန်ကြီးချုပ်က KIA မှထောင်ထားသောမိုင်းများ ရှင်းလင်းရန် အရပ်သားရှာဖွေပေးဖို့ ငြင်းဆိုလိုက်ပြီ


လူသားမိုင်းရှင်းကရိယာအတွက် မြစ်ကြီးနားတွင် လူဖမ်းပွဲပြုလုပ်နေ

January 13,2013 by Myitkyina news

မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ရာတွင် ထိခိုက်ကျရှုံးမှုများပြားလျက်ရှိသဖြင့် ဗိုလ်ချုပ်များခေါင်းခဲလျက်ရှိသည်။ ဇန်န၀ါရီလ(၉)ရက်နေ့တွင်လည်း တပ်မ(၁၀၁)လက်အောက်ခံ ခလရ(၂၅၅)တပ်ရင်းမှူးအပါအ၀င် အရာရှိ(၅)ဦးနှင့် အခြားအဆင့် ရဲဘော်များ KIA မိုင်းဖြင့် ကျဆုံးခဲ့ကြရသည်။

ထို့ကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်သည် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ အရပ်သား(၁၀၀၀) တောင်းဆိုခဲ့ကြောင်း သိရှိရ သည်။ ၀န်ကြီးချုပ်မှ အရပ်သားရှာဖွေပေးရန် ငြင်းဆိုလိုက်သဖြင့် ဇန်န၀ါရီလ(၁၀)ရက်နေ့တွင် နေပြည်တော်၏ အမိန့်ဖြင့် ၀န်ကြီးချုပ်အား အထူးလေယာဉ်ဖြင့် လာရောက်ခေါ်ဆောင်ခဲ့ကာ နေပြည်တော်တွင် အကျယ်ချုပ် ထားရှိခဲ့ကြောင်း သိရှိရသည်။
—

အေးချမ်းမွန်မှ  အဖြူရောင်စာမျက်နှာ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ရာတွင် ထိခိုက်ကျရှုံးမှုများပြားလျက်ရှိသဖြင့် ဗိုလ်ချုပ်များခေါင်းခဲလျက်ရှိ
ည်။ ဇန်န၀ါရီလ(၉)ရက်နေ့တွင်လည်း တပ်မ(၁၀၁)လက်အောက်ခံ ခလရ(၂၅၅)တပ်ရင်းမှူးအပါအ၀င် အရာရှိ(၅)ဦးနှင့် အခြားအဆင့် ရဲဘော်များ KIA မိုင်းဖြင့် ကျဆုံးခဲ့ကြရသည်။

မက္ကဆီကိုနိုင်ငံ၊ အနောက်မြောက်ပိုင်း Puerto Vallarata ပြည်နယ် အနီးက တောင်ထဲမှ လျှို့ ဝှက်ကမ်းခြေ

တောင်ထဲမှ လျှို့ ဝှက်ကမ်းခြေ

မက္ကဆီကိုနိုင်ငံ၊ အနောက်မြောက်ပိုင်း Puerto Vallarata ပြည်နယ်နဲ့ မနီးမဝေးမှာ တည်ရှိနေတဲ့ Marieta ကျွန်းမှာ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပေါ်မှာ တောင်ဖုံးနေတဲ့ ကမ်းခြေကို မြင်တွေ့ ရပါတယ်။ ယင်း Hidden beach ဟာ မီးတောင်ပေါက်ကွဲမှု ဖြစ် စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကမ်းခြေဖြစ်တယ်လို့လည်း ဆိုပါတယ်။ Marieta ကျွန်းဟာ လူအရောက်နည်းတာမို့ မက္ကဆီကိုအစိုးရဟာ အရင်တုန်းက စစ်လက်နက်ကြီးများ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ ယင်း ကဲ့သို့ ဗုံးဖောက်ခွဲ စမ်းသပ်မှုကြောင့်လည်း ကမ်းခြေမှု မမြင်ဖူးတဲ့ ဖွဲ့စည်းတည်ဆောက်ပုံ များ ပေါ်လာပြီး ထူးခြား လှပနေတတ်ပါတယ်။

ယခုတော့ ယင်းကမ်းခြေကို သဘာဝထိန်းသိမ်းရေး နယ်မြေ အဖြစ် သတ်မှတ်လိုက်ပါပြီ။ ငါးဖမ်းခွင့်၊ အမဲလိုက်ခွင့် လုံးဝ မရှိပဲ ကမ္ဘာလှည့်ခရီး သည်များကိုတောင် အကန့်အသတ်နဲ့ သာ ပေးလည်ပတ် တဲ့ နေရာ ဖြစ် ပါတယ်။ သန္တာကျောက်တန်းများ၊ ရေသတ္တဝါမျိုးစိတ် ၁၀၀ ကျော် အပြင် လှပတဲ့ ပတ်ဝန်းကျင်ကြောင့် Marieta ကျွန်းဟာ အင်မတန်လှပတဲ့ ကျွန်း ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပေါ်မှာ သစ်တောနဲ့တောင် ဖုံးနေပြီး အထဲမှာကျတော့ ပင်လယ်ရေနဲ့ ဆက်စပ်နေတဲ့ ကမ်းခြေလေး တစ်ခု လည်း တည်ရှိနေပါတယ်။ 

ယင်း ကမ်းခြေကို The Hidden Beach in the Marieta Islands လို့ လူသိများပြီး လစဉ် ကမ္ဘာလှည့်ခရီးသည်ပေါင်း မြောက်များစွာ လာရောက် လည်ပတ်လေ့ ရှိကြောင်း သိရပါတယ်။ 
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_6735.html

--

မက္ကဆီကိုနိုင်ငံ၊ အနောက်မြောက်ပိုင်း Puerto Vallarata ပြည်နယ်နဲ့ မနီးမဝေးမှာတည်ရှိနေတဲ့Marieta ကျွန်း
မှာ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပေါ်မှာ တောင်ဖုံးနေတဲ့ ကမ်းခြေကို မြင်တွေ့ ရပါတယ်။ ယင်း Hidden beach ဟာ မီးတောင်ပေါက်ကွဲမှု ဖြစ် စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကမ်းခြေဖြစ်တယ်လို့လည်း ဆိုပါ
တယ်။

ယနေ့(ဇန်န၀ါရီ-၁၃ ရက်) နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က ဆောက်လက်စလှည်းတန်း ကုန်းကျော်တံတားအနီးယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွား

ယနေ့(ဇန်န၀ါရီ-၁၃ ရက်) နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က ဆောက်လက်စလှည်းတန်း ကုန်းကျော်တံတားအနီးယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့သည်။ 

ပြည်လမ်းမပေါ် ဆူးလေမှ လှည်းတန်းဘက်သို့ ဦးတည်မောင်းနှင်လာသော ၂၂၆ လိုင်းကားသည် လှည်းတန်းမီးပွိုင့်မရောက်ခင်တွင် ပလက်ဖောင်းကိုကျော်ကာ 
လမ်းဘေးထိုးကျသွားခဲ့သည်။

ကနဦးသတင်းများအရ ယင်းမတော်တဆမှုတွင် ဒဏ်ရာရရှိမှုကြီးကြီးမားမားမရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် 
ယာဉ်ထိန်းရဲအရာရှိတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးက ပြောသည်။

ဓာတ်ပုံ- ထွန်းခိုင်


ယနေ့(ဇန်န၀ါရီ-၁၃ ရက်) နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က ဆောက်လက်စလှည်းတန်း ကုန်းကျော်တံတား
အနီးယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့သည်ပည်လမ်းမပေါ် ဆူးလေမှလှည်းတန်းဘက်သို့ဦးတည်မောင်း
နှင်လာသော ၂၂၆ လိုင်းကားသည် လှည်းတန်းမီးပွိုင့်မရောက်ခင်တွင် ပလက်ဖောင်းကိုကျော်ကာ လမ်း
ဘးထိုးကျသွားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းအကြောင်း သိသမျှ

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းအကြောင်း သိသမျှ...။
၁၉၆၉ ခုနှစ် DSA အပါတ်စဉ် ၁၁ က ဆင်းတဲ့ သူရ ဦးရွှေမန်းဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးကို စစ်တပ်ကအကြမ်းဖက် နှိမ်နင်းတုန်းက ဗိုလ်မှူး အဆင့်ပဲ ရှိပါသေးတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ကရင်လက်နက်ကိုင်တွေကို တိုက်ရာမှာ အစွမ်းပြနိုင်ခဲ့လို့ သူရ ဘွဲ့တံဆိပ်ကို ရခဲ့ပြီး ဗိုလ်မှူးကြီး အဆင့်အထိ ရာထူးဆက်တိုက် တိုးမြှင့်ခံခဲ့ရတယ်။ ၁၉၉၁ မှာ တပ်မ ၆၆ ရဲ့ ဗျူဟာမှူး၊ ၁၉၉၆ ခုနှစ် မှာ ဗိုလ်မှူးချုပ် အဆင့် တိုးမြှင့်ခံရပြီး ရန်ကုန်လုံခြုံရေးကို တာဝန်ယူတဲ့ တပ်မ ၁၁ ရဲ့ တပ်မမှူး ဖြစ်လာတယ်။ နောက်တနှစ်  အကြာ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အနောက်တောင်တိုင်း တိုင်းမှူးဖြစ်လာပြီး နအဖ စစ်ကောင်စီရဲ့ယာယီအဖွဲ့ဝင် ဖြစ်လာတယ်။ ၂၀၀၀ ပြည့်နှစ် မှာတော့ ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီး စစ်ကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာတော့တယ်။

အထက်အမိန့်ကို တသဝေမတိမ်းလိုက်နာပြီး အောင်မြင်အောင် အကောင်အထည်ဖော်ပေးတတ်တဲ့ သူရ ဦးရွှေမန်းကို ဗိုလ်ချုပ်မှူးကြီးက မျက်စိကျသလို ဇနီးဖြစ်တဲ့ ဒေါ်ခင်လေးသက် ကလည်း ဒေါ်ကြိုင်ကြိုင်ကို အောက်သက်ကြေအောင် ပြုစုတတ်တော့ အရှင် မွေးတော့ နေ့ချင်းကြီးတော့တာပါပဲ။ ဒေါ်ခင်လေးသက် အောက်သက်ကြေပုံကတော့ ဗိုလ်ချုပ်မှူးကြီး မြေးအစဉ်အဆက်ကို ထိန်း ပေး ခဲ့သလို၊ သမီးတွေရဲ့ ဝေယျာဝစ္စတွေနဲ့ အိမ်မှုကိစ္စတွေကို မျက်နှာအောက်ချ လုပ်ပေးခဲ့တယ်လို့ အတွင်းသိတချို့ကတော့ ပြောကြ တယ်။

တကယ်တော့ ဒီလိုအလုပ်မျိုးတွေဆိုတာ တပ်မှာ ဒေါ်ခင်လေးသက် အဆင့်နဲ့ လုပ်စရာမလိုတဲ့ ကိစ္စတွေပါ။ ဒါပေမယ်လည်း ယောက်ျား တက်လမ်း၊ ဘ၀ တက်လမ်းအတွက် မောင်တထမ်း မယ်တရွက် ဆိုသလို အစွမ်းကုန် စွမ်းဆောင်ခဲ့တယ်လို့ ဆိုရမှာပါ။

နောက်ဆုံးတော့ ဗိုလ်ချုပ် ရွှေမန်းဟာ ကာကွယ်ရေး ၀န်ကြီးဌာနမှာ တာဝန်ချထားခြင်းခံရပြီး တပ်မတော်သမိုင်းမှာ တခါမှ မရှိဘူး သေးတဲ့ ရာထူးအသစ် တပ်မတော်ညှိနှိုင်း ကွပ်ကဲရေးမှူး အဖြစ် ခန့်ထားခြင်း ခံရပါတယ်။ လုပ်ပိုင်ခွင့် ဘယ်ရွေ့ဘယ်မျှ ရှိတယ် ဆို တာ တိတိကျကျ မသိရပေမယ့် ဗိုလ်ချုပ်မှူးကြီး နဲ့ ဒု ဗိုလ်ချုပ်မှူးကြီး တို့ရဲ့အမိန့်တွေကို အကောင်အထည်ဖော် ကြီးကြပ်ရတယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန အသိုင်းအ၀ိုင်းက ဆိုကြတယ်။ ဒါပေမယ့် တပ်ထဲမှာတော့ သူ့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လူလို့ အားလုံး က သိကြတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း ဦးရွှေမန်းကို ဘယ်လောက်အထိ ယုံသလဲဆိုတော့ တပ်အပေါ် သြဇာအရှိဆုံး တယောက် ဖြစ် တဲ့ စစ်တပ်ကို ပိုက်ဆံရှာပေးနေရတဲ့ ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ဟောင်းလည်းဖြစ် စစ်ထောက်ချုပ်ဟောင်းလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အေးနဲ့ တွဲပြီး၂၀၀၈ မှာ စစ်လက်နက်ပစ္စည်း ၀ယ်ယူဖို့ မြောက်ကိုရီးယားကို စေလွှတ်ခြင်းခံခဲ့ရတယ်။ (ပုံမှာလွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းနှင့် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးနေစဉ်)

ပြည်တွင်းရေးမှာလည်း ကျယ်ပြန့်တဲ့ အမြင်ရှိပါတယ်၊ အထူးသဖြင့် ဆန်စပါး စိုက်ပျိုးရေးနဲ့ နိုင်ငံခြားတင်ပို့ရေး ကဏ္ဍတွေမှာ ခေတ် မီ ဖွံ့ဖြိုးလာအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် နိုင်ငံစီးပွားထက်စာရင် မိသားစု အကျိုးစီးပွားက ပိုများနေမလားပဲ။ တကယ်တမ်း လည်း သူရဦးရွှေမန်း အနောက်တောင်တိုင်းမှူး ဖြစ်စဉ်တုန်းကတည်းက သားကြီး သြရသ အောင်သက်မန်းရဲ့ ဧရာရွှေဝါ ကုမ္ပဏီ ဟာ ဧရာဝတီတိုင်း တတိုင်းလုံးအတွက် မြေသြဇာ ရောင်းချခွင့်လိုင်စင်ကို တဦးတည်းပိုင် အဖြစ်နဲ့ ၀င်ငွေလမ်းဖြောင့်ခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ လယ်ဧက သုံးသောင်းကျော်ကို ကုမ္ပဏီပိုင် လုပ်ခဲ့လို့ လယ်သမားတချို့ အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်။၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရာထူး လက်ခံအပြီး ၂ နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင်ကာပူနဲ့ ဘင်္ဂလား ဒေရှ့်ကို ဆန်တင်ပို့ ရောင်းချခွင့် လိုင်စင် ရခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီကို ဆန် ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်းပါ။ နာဂစ်အပြီးမှာလည်း ဧရာရွှေဝါကုမဏီနဲ့ လက်ခွဲကုမဏီတွေဟာ ထူး/၀ါဝါ၀င်း/ အစရှိသောကုမဏီတို့နဲ့ အပြိုင် စပါးပေး (စိုက်ပျိုးစရီတ်ချေးငွေ) ကို လယ်သမားများထံ ထုတ်ချေးပြီး နိုင်ငံတော်မှ ချေးသလို စာချုပ်ချုပ် ခေါင်းစဉ်တပ်ကာ ကြွေးမဆပ်နိုင်တဲ့ လယ်များကို တရားရုံးမှတစ်ဆင့် သိမ်းယူသောအလုပ်များ (ခေတ်သစ်ချစ်တီးကဲ့သို့) အများအပြားလုပ်ကိုင်ခဲ့သော ကုမဏီဖြစ်ပါတယ်။
ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ထူး ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပြီး အခုအချိန်မှာတော့ စားအုန်း ဆီ၊ ဓာတ်မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခြင်း၊ ရွှေတူးဖော်ရေး လုပ်ငန်း၊ ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန် စတဲ့ ပစ္စည်းတွေကို တင်ပို့ရေးအပြင် လောင်စာဆီတင်သွင်း ရောင်းဝယ်ခြင်းလုပ်ငန်း တွေကို လုပ်ကိုင် နေပါပြီ။ နီးစပ်သူတယောက်ကတော့ “လက်နက်ကလွဲရင် အကုန်လုပ်တယ်”လို့ ပြောပါတယ်။

မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေး လုပ်ငန်းတွေ အကြီးအကျယ်လုပ်နေပြီး ရန်ကုန်မှာလည်း မြေကွက်အမြောက် အမြား ပိုင်ထားတယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့ သြစတြေးလျမှာ ကွန်ဒိုတွေ ၀ယ်ထားပြီး အမေရိကန်ရဲ့ ဆန်ရှင်ကို ရှောင်ဖို့ မလေးရှားနဲ့ ထိုင်းက ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားတယ်လို့ အတွင်းသိတွေက ဆိုတယ်။ နေပြည်တော်မြို့တော်တည်ဆောက်ရေးလုပ်ငန်းတွေမှာလည်း ဥိးအောင်သောင်းသားအပါအ၀င် တခြားလူကြီးသားသမီးတွေနဲ့အပြိုင် ဆောက်လုပ်ရေးကန်ထရိုက်အမြောက်အများ ရရှိခဲ့ပါတယ်။

တပ်ထဲမှာ ဆက်ရှိနေတဲ့ သူရ ဦးရွှေမန်းရဲ့သားငယ် တိုးနိုင်မန်း ကလည်း စီးပွားရေး အသိုင်းအ၀န်းနဲ့ အဆက်အသွယ် ကောင်းကောင်းရှိတယ်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝနေတဲ့ ဇေကမ္ဘာ ဦးခင်ရွှေရဲ့သမီးနဲ့ ထိမ်းမြား ထားတာ မဟုတ်လား။ ကြားရတဲ့ သတင်းတွေအရ နာမည်ကြီး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Red Link နဲ့ ဖျော်ဖြေရေး ရေဒီယို ချယ်ရီ FM ဟာ တိုးနိုင်မန်း ပိုင်တယ်လို့ သိရတယ်။

လက်ရှိ စစ်ဗိုလ်ချုပ်တွေရဲ့ ပုဂ္ဂလိက ပိုင်ပြုရေး၊ နိုင်ငံ စီးပွား စီမံခန့်ခွဲမှုကို လူတွေက ခနဲ့ကြတယ်။ “အဖေနှင့် သားများ ကုမ္ပဏီ” တွေ ကြီးစိုးတဲ့ ခေတ်တဲ့။ အာဏာရှိတဲ့ အဖေတွေက သားသမီးတွေကို ကုမ္ပဏီထောင်ခိုင်းပြီး လုပ်ပိုင်ခွင့်လိုင်စင်တွေ ဖောဖောသီသီ ချပေးမှတော့ ဒီမိသားစုတွေမှ မကြီးပွားရင် ဘယ်သူ ကြီးပွားတော့မှာတုန်းတဲ့။

လွှတ်တော် ဥက္ကဋ္ဌ ကြီး အနေနဲ့ တကယ်လို့များ ပိုင်ဆိုင်မှုစာရင်းကို ကြေညာတဲ့အခါ“ကျနော့် သားတွေ ပိုင်တာ ကျနော်ပိုင်တာ မဟုတ်ဘူး”လို့ အရူးကွက် နင်းမှာကိုတော့ ကြိုသိနေပါကြောင်း။     ။
Ref : (ayar myay)

၁၉၆၉ ခုနှစ် DSA အပါတ်စဉ် ၁၁ က ဆင်းတဲ့ သူရ ဦးရွှေမန်းဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးေ
တ်ာပုံကြီးကို စစ်တပ်ကအကြမ်းဖက် နှိမ်နင်းတုန်းက ဗိုလ်မှူး အဆင့်ပဲ ရှိပါသေးတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ကရင်လက်နက်ကိုင်တွေကို တိုက်ရာမှာ အစွမ်းပြနိုင်ခဲ့လို့ သူရ ဘွဲ့တံဆိပ်ကို ရခဲ့ပြီး ဗိုလ်မှူးကြီး အဆင့်အထိ ရာထူးဆက်တိုက် တိုးမြှင့်ခံခဲ့ရတယ်။

ကရင်နှစ်သစ်ကူးနေ့ကို နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်တို့ အပါအ၀င် ကိုယ်စားလှယ်များ ယမန်နေ့ည ပိုင်းကပျော်ရွင်စွာဆင်နွဲခဲ့ကြ

ကရင်နှစ်သစ်ကူးမှာ အမိုးစု ..လဲ ရွှင်လန်းပါစေ..
ဘေးကဆရာလည်း အေးချမ်းပါစေ
တက်ရောက်လာသူတွေလည်း ဘ၀င်နှလုံး  ရွှင်ပြုံးကြစေဗျာ

ကရင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ စုပေါင်းကာ နေပြည်တော်၊စည်ပင်ဧည့်ရိပ်သာတွင် ကျင်းပပြုလုပ်သော ၇၅ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်သို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၊့တက်ရောက်..... ဇန်န၀ါရီ ၁၂ရက်..5း45 PM

ဓါတ်ပုံ ကိုဘန်နီ
ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်တို့ အပါအ၀င် ကိုယ်စားလှယ်များ 
အဖွဲ.ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နေပြည်တော်စည်ပင်ဧည်ရိပ်သာ(၂)တွင်ကျင်းပသောစိန်ရတုကရင်
နှစ်သစ်ကူးပွဲတော်ကိုတက်ရောက်ရ်ျနုတ်ခွန်းဆက်စကားပြောကြာြး ပည်ထောင်စုလွတ်တော်နာယကဦးင်
ာင်မြင် .၊ပြည်သူ.လွတ်တော်ဥက္ကဌသူရဦးရွှေမန်း ၊ပြည်ထောင်စုလွတ်တော်ဒုတိယနာယကဦးမြငြိမ်းနှင်.
လွတ်တော်ရေးရာကော်မတီဥက္ကဌများ ၊အမျီုးသားလွတ်တော်ရေးရာကော်မတီဥက္ကဌများ ၊ကော်မတီဝင်
များ၊ ကိုယ်စားလှယ်များတက်ရောက်သည်

မကွေးတိုင်းဒေသကြီး၊ မြိုင် မြို့နယ်၊ ကန်ယာကောင်းကျေးရွာ အနီးဝန်းကျင်တွင် သနပ်ခါးခိုးသူများအတင်.ရဲနေ

မကွေးတိုင်းဒေသကြီး၊ မြိုင် မြို့နယ်၊ ကန်ယာကောင်းကျေးရွာ အနီးဝန်းကျင်တွင် သနပ်ခါးခိုးသူ များအတင့်
ရဲလျက်ရှိရာ (၆.၁.၁၃) ရက်နေ့က ကန်ယာကောင်းကျေး ရွာနေဦးအေးမြင့်၏ အကျယ် (၄) ဧကခန့်ကျယ်
ဝန်းသောသနပ်ခါး ခင်းမှ ခိုးယူခံရကြောင်း သိရ သည်။ “သနပ်ခါးပင် (၃၈) ပင်ပါ။ ကြိတ်နှုန်းထွက်ရင် (၁) ပင်ငါး ထောင်နှုန်းတန်ပေါ့။ သောင်းကျော် တန်အပင်တွေလည်းပါတယ်။ (၂) ညဆက်တိုက်အဖွဲ့လိုက်ခုတ် တာပါ”ဟု ဦးအေးမြင့်ကပြောပြ သည်။

ဆရာတော် အရှင်ဆေကိန္ဒ တရားပွဲ (၁၂-၁-၂၀၁၃ (စနေနေ့) နှင့် ၁၃-၁-၂၀၁၃ (တနင်္ဂနွေနေ့)

ဆရာတော် အရှင်ဆေကိန္ဒ တရားပွဲ (၁၂-၁-၂၀၁၃ (စနေနေ့) နှင့် ၁၃-၁-၂၀၁၃ (တနင်္ဂနွေနေ့)

တရားပွဲနေရာ။ Poh Ern Shih Temple, 9 ChweeChian Rd. sg 117488. Near Pasir Panjang MRT ,Singapore 

၁၂-၁-၂၀၁၃ (စနေနေ့) နှင့် ၁၃-၁-၂၀၁၃ (တနင်္ဂနွေနေ့)
ညနေ ၆း၃၀ နာရီမှ ၈း၀၀ နာရီထိ

www.lotusdhamma.com မှတိုက်ရိုက်ထုတ်လွှင့်ပေးပါမည်။

ဆရာတော် အရှင်ဆေကိန္ဒတရားပွဲ (၁၂-၁-၂၀၁၃(စနေနေ့) နှင့်၁၃-၁-၂၀၁၃(တနင်္ဂနွေနေ့)တရားပွဲနေရာ
။ Poh Ern Shih Temple, 9 ChweeChian Rd. sg 117488. Near Pasir Panjang MRT ,Singapore ၁၂-၁-၂၀၁၃ (စနေနေ့) နှင့် ၁၃-၁-၂၀၁၃ (တနင်္ဂနွေနေ့)ညနေ ၆း၃၀ နာရီမှ ၈း၀၀ နာရီထိ www.lotusdhamma.com မှတိုက်ရိုက်ထုတ်လွှင့်ပေးပါမည်

မြန်မာမလေးများသို့ .....အင်္ကျီပါး အရေးတော်ပုံ .....