အသက် ၆ နှစ်အရွယ်ရှိ ကြိုင်လိလူးဆိုသည့် ကျောင်းသူလေးတစ်ဦးသည်မွေးလာကတည်းကတစ်ကိုယ်လုံး
အမွှေးနက်များ ဖုံးလွှမ်းနေပြီး၊ မျက်နှာအပါအ၀င် သူမတစ်ကိုယ်လုံး၏ ၆၀ ရာခိုင်နှုန်းခန့်ကိုအမွှေးနက်များ ဖုံးလွှမ်းနေကြောင်း သိရသည်။ သူမ၏ ထူးဆန်းသော အနေအထားသည် သန်း ၁၀၀၀ တွင် တစ်ဦးတွေ့နိုင်ရန်ခက်ခဲသော်လည်း မိဘများ
က စွန့်ပစ်နိုင်သည့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း၊ သူမ အသက် ၂ နှစ်သမီးအရွယ်တွင် အိမ်၌ မိခင်
ဖြစ် သူက ထားခဲ့ပြီး အပြင်သို့သွားနေစဉ် ဖခင်က ကလေးထိန်းဌာနရှေ့တစ်နေရာတွင် သွားရောက်စွန့်ပစ်
ခဲ့ဖူး သည်။
နေ့ကလေးထိန်းကျောင်းမှ ဆရာမများက သတင်းစာတွင် ကလေးပျောက်ကြေညာမှ နောက် ၆ လအကြာ
တွင် ဆွေမျိုးများကတွေ့ရှိပြီး ပြန်ခေါ်ကာ မိဖများထံ အပ်နှံခဲ့ရသည်။ အိမ်တွင်မိဖများကမနှစ်မြို့သဖြင့် အဖိုး
ဖြစ် သူက ကြည့်ရှုစောင့်ရှောက်ပေးထားရသည်။
သူမကိုအရွယ်တူကလေးများက နောက်ပြောင်စကြသဖြင့်လူတောထဲမတိုးရဲလောက်အောင် ဖြစ်နေရကြောင်း၊
ထို့ပြင် ကျောင်းနေသည့်
အရွယ်ရောက်လာသည့်တိုင်း အပေါင်းအသင်းမရှိခဲ့ကြောင်း၊ လူထူးလူဆန်းတစ်ဦး
အနေဖြင့် ၀ိုင်းဝန်းကြည့်နေကြသောကြောင့် ကလေးအနေဖြင့် နေထိုင်ရ
အခက်အခဲများရှိကြောင်းသိရ
သည်။
မောက္ခ

0 comments:
Post a Comment