Pages
Tuesday, December 3, 2013
တရုတ်သံရုံးရှေ့တွင်ဦးဆောင်ဆန္ဒပြသူတစ်ဦး ယနေ့အဖမ်းခံရ
Photo: တရုတ်သံရုံးရှေ့တွင်ဦးဆောင်ဆန္ဒပြသူတစ်ဦး ယနေ့အဖမ်းခံရ
Tuesday, December 3, 2013
လက်ပံတောင်းတောင် သပိတ်စခန်းအား အင်အားအလွန်အကျွံသုံးပြီးအကြမ်းဖက်နှိမ်နှင်းခဲ့သောကြောင့် ရဟန်းသံဃာတော်များ မီးလောင်ဒဏ်ရာရရှိခဲ့သည်။ နိုဝင်ဘာလ(၂၉)ရက်နေ့ ၂၀၁၃ တွင်တစ်နှစ်ပြည့်သည့်အတွက် ရန်ကုန်မြို့တွင် ပြည်သူလူထုနှင့် ဗကသ အဖွဲ့ဝင်များမှ တရားခံဖော်ထုတ်အရေးယူရန်အတွက် ချီတက်ဆန္ဒပြတောင်းဆိုရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ကိုတင်ထဋ်ပိုင်ကို(၃၊၁၂၊၂၀၁၃)နေ့လည်( ၂ )နာရီတွင် သင်္ကန်းကျွန်း စံပြဆေးရုံမှ ဒဂုံမြို့နယ်ရဲစခန်းသို့ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုသိရသည်။(၄၊၁၂၊၂၀၁၃)နေ့တွင်ဒဂုံမြို့ နယ်တရားရုံးတွင် ရုံးတင်တရားစွဲဆိုမည်ဟုလည်းသိရသည်။
(ဓာတ်ပုံ)-မျိုးမင်းစိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
RangonNewsDaily:: December . 3 .2013
လက်ပံတောင်းတောင် သပိတ်စခန်းအား အင်အားအလွန်အကျွံသုံးပြီးအကြမ်းဖက်နှိမ်နှင်းခဲ့သောကြောင့် ရဟန်းသံဃာတော်များ မီးလောင်ဒဏ်ရာရရှိခဲ့သည်။
လှိုင်သာယာမှာ ကျူးကျော်တွေ ဖယ်ပေးဖို့ အမိန့်ထုတ်
Photo: လှိုင်သာယာမှာ ကျူးကျော်တွေ ဖယ်ပေးဖို့ အမိန့်ထုတ်
Tuesday, December 3, 2013
ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် ၁ ကနေ ၄ အထိ စက်ရုံတွေရှေ့နဲ့ လှိုင်သာယာ အဝေးပြေးလမ်းမကြီးဘေးမှာ နေထိုင်နေကြတဲ့ ထောင်နဲ့ချီတဲ့ ကျူးကျော်အိမ်တွေ ဒီဇင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ မြို့နယ်စည်ပင်သာယာရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက သတိပေးစာထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။
ဒီလိုထုတ်ပြန်ခဲ့တာကြောင့် ကျူးကျော်နေထိုင်သူတွေဟာ လှိုင်သာယာမြို့နယ်၊ ညောင်ရွာမြစ်ကမ်းက သောင်ထွန်းမြေတွေနဲ့ တွံတေးမြို့နယ် ရေကျော်ကျေးရွာနားက လယ်မြေတွေပေါ်မှာ နေအိမ်တွေ ဆောက်လုပ်နေကြတယ်လို့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုကြည်ရွှင်က ပြောပါတယ်။
"လှိုင်သာယာမြို့နယ် စက်မှုဇုန် အပိုင်း ၁ ကနေ စက်မှုဇုန်အပိုင်း ၄ အထိရှိနေတဲ့ စက်ရုံအရှေ့တွေမှာ ကျူးကျော်ဆောက်လုပ်နေတဲ့ မိသားစုတွေ အခုအခါကျတော့ အများပြည်သူသွားလာနေတဲ့ လမ်းမကြီးဘေးနားမှာ တဲထိုးနေတဲ့အခါကျတော့ မြို့ပြအင်္ဂါရပ်နဲ့လည်း မညီဘူးလေ၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ နောက်ဆုံးထားပြီးတော့ သက်ဆိုင်ရာမြို့နယ် အာဏာပိုင်အဖွဲ့အစည်းတွေက ဖယ်ရှားပေးရမယ်လို့ သတိပေးစာ ၄ ကြိမ် တိုင်တိုင်ထုတ်ခဲ့တယ်၊ ဒီတစ်ကြိမ်ကတော့ နောက်ဆုံးဖြစ်တယ်၊ အဲဒီနောက်ပိုင်းမှာပဲ သူတို့က ၁ ရက်နေ့မှာပဲစပြီးတော့ သောင်ထွန်းမြေတွေပေါ်မှာ ဆက်ပြီးတော့ ကျူးကျော်ဆောက်လုပ်နေတာဖြစ်တယ်"
အခုဆိုရင် လှိုင်သာယာမြို့နယ် ညောင်ရွာမြစ်ကမ်းက သောင်ထွန်းမြေပေါ်မှာ အိမ်ခြေ ၃၀၀၀ နီးပါး ရှိနေတယ်လို့ သိရပါတယ်။ အဲ့ဒီ ကျူးကျော်နေထိုင်သူတွေဟာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းစတဲ့ ဒေသတွေက လှိုင်သာယာစက်မှုဇုန်တ၀ိုက်မှာ လာရောက်လုပ်ကိုင်စားသောက်ကြသူတွေ ဖြစ်ပါတယ်။
RFA
RangonNewsDaily:: December . 3 .2013
ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် ၁ ကနေ ၄ အထိ စက်ရုံတွေရှေ့နဲ့ လှိုင်သာယာ အဝေးပြေးလမ်းမကြီး
ဘေးမှာ နေထိုင်နေကြတဲ့ ထောင်နဲ့ချီတဲ့ ကျူးကျော်အိမ်တွေ ဒီဇင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်
ရှားပေးဖို့ မြို့နယ်စည်ပင်သာယာရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက သတိပေးစာထုတ်ပြန်လိုက်ကြောင်း သိရပါ
တယ်။
နွားကားများအား တားဆီးရာမှ သေနတ်ဖောက်မှုဖြစ်ပွား
Photo: နွားကားများအား တားဆီးရာမှ သေနတ်ဖောက်မှုဖြစ်ပွား
Tuesday, December 3, 2013
နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာအတွင်း နိုဝင်ဘာလ(၃၀)ရက်ည (၁၀း၁၅)အချိန်ခန့်တွင် ကောင်းခါး ပြည်သူ့စစ်အဖွဲ့နှင့် ဆင်ကျော့
ပြည်သူ့စစ်အဖွဲ့တို့မှ နွားကားများမောင်းနှင်လာရာကျေးရွာသားများမှ တားဆီးသဖြင့် ကောင်းခါးပြည်သူ့စစ်အဖွဲ့မှ သေနတ်ဖြင့် ပစ်ဖောက်ခဲ့ကြောင်း သုံးဆယ်ကျေးရွာသားများထံများက ပြေကြသည်။
သုံးဆယ်လူငယ်အဖွဲ့မှ ၎င်းတို့၏ အမည်ဖြင့် ငွေတောင်းနေသည်ဟု သတင်းထွက်နေသောကြောင့် ၄င်းတို့အဖွဲ့မှ မည်သူမည်ဝါမှ မည်မျှ ငွေကြေးတောင်းခံသည်ကို သိရှိလို၍ နွားကားများအား တားမြစ်မေးမြန်းကြခြင်းဖြစ်ကြောင်း သုံးဆယ်ကျေးရွာ လူငယ်များမှ ပြောသည်။
'' ကျနော်တို့က အေးအေးဆေးဆေးတားပြီးမေးတာကို သူတို့က အတင်းဖြတ်မောင်းတာ ခဏကြာတော့ ကား(၂)စီးပြန်လှည့်လာတယ် သူ့လူတွေကိုလည်း သေနတ်ထုတ်ခိုင်းတယ် လူငယ်တွေကို မင်းတို့လူမိုက်လား ဒါသေနတ်အစစ်ကွဆိုပြီး သုံးချက်ပစ်သွားတာ''ဟု သုံးဆယ်ကျေးရွာ လူငယ် ဒုခေါင်းဆောင်မှ ပြောသည်။
ယင်းကဲ့သို့ လူငယ်အမည်ဖြင့် ငွေကြေးကောက်ခံနေမှုအား သုံးဆယ်ကျေးရွာအုပ်ချုပ်ရေးမှူးအား ကြိုတင် အကြောင်းကြား ခဲ့သော်လည်း ဆောင်ရွက်ပေးခဲ့ခြင်း မရှိ၍ လူငယ်များမှ ယခုကဲ့သို့ တားမြစ်မေးမြန်းရခြင်း ဖြစ်ကြောင်း လူငယ်ခေါင်းဆောင် ကိုမျိုးတင့်မှ ပြောသည်။ 
လူငယ်များမှ ကားများအား တားမြစ်ထားစဉ် နွားတင်ကားအရေ အတွက်အစီး(၂၀)ကျော် ဖြစ်လာပြီး ရှေ့ဆုံးကားမှ လူငယ်များအား ၀င်တိုက်သဖြင့် လူငယ်များမှ ပြန်၍ ခဲလုံးများဖြင့် ဖြတ်မောင်းသွားသော ကားအား ၀ိုင်းဝန်းထုနှက်ရာ ကားလေကာ မှန်ကွဲသွားကြောင်း 
သိရသည်။ 
ကောင်းခါးပြည်သူ့စစ်အဖွဲ့မှ သေနတ်များပစ်ဖောက်၍ ၄င်းတို့အဖွဲ့မှ
နွားကား(၅)စီးအားထုတ်ယူ ခေါ်ဆောင်သွားကြောင်း ဒေသခံများမှ 
ပြောသည်။ 
ဆင်ကျော့ပြည်သူ့စစ်အဖွဲ့မှာမူ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တိ/ကုမွေး 
ဌာနမှ ခွင့်ပြုသော နွားသယ်ခွင့် ပါမစ်စာရွက်ပါရှိကြောင်း 
ကောင်းခါးပြည်သူ့စစ်အဖွဲ့မှာမူ နွားသယ်ခွင့် ပါမစ်စာရွက် 
ပြသနိုင်ခြင်းမရှိကြောင်း ကျေးရွာကာလသား လူငယ်များမှ ပြောသည်။ 
အခင်းဖြစ်ပွားချိန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖုန်းဆက်ခေါ်သော်လည်း လာရောက်ခြင်းမရှိဘဲ နောင်ချိုမြို့မှ အရင်ဦးဆုံးရောက်ရှိလာသည့် သတင်းတပ်ဖွဲ့မှ သွားရောက် 
ခေါ်ဆောင်ခိုင်းမှသာ ည(၁၁)နာရီအချိန်တွင် ရောက်ရှိလာကြောင်း 
ဒေသခံများမှ ပြောသည်။ 
နောင်ချိုမြို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှာ ည(၁)နာရီ အချိန်ခန့်တွင် ရောက်ရှိလာကြောင်း ကျေးရွာ သားများမှပြောသည်။
အဆိုပါကိစ္စအတွက် နောင်ချိုမြို့ မြို့မရဲစခန်းသို့ သွားရောက်
မေးမြန်းရာတွင် အဆိုပါကိစ္စနှင့် ပတ်သတ်၍ အသေးစိတ် အချက်အလက်များအား စုံစမ်းနေဆဲ ဖြစ်သောကြောင့် ဖြေကြားခြင်း မဖြစ်နိုင်သေးကြောင်းတာဝန်ရှိသူတစ်ဦးမှ ပြန်လည်ပြောကြားသည်။ 
စိုင်းကံသာ (လားရှိုး)
The Myanma Age
RangonNewsDaily:: December . 3 .2013
နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာအတွင်း နိုဝင်ဘာလ(၃၀)ရက်ည (၁၀း၁၅)အချိန်ခန့်တွင် ကောင်းခါး ပြည်
သူ့စစ်အဖွဲ့နှင့်ဆင်ကျော့ ပြည်သူ့စစ်အဖွဲ့တို့မှ နွားကားများမောင်းနှင်လာရာကျေးရွာသားများမှတားဆီးသဖြင့်
 ကောင်းခါးပြည်သူ့စစ်အဖွဲ့မှ သေနတ်ဖြင့် ပစ်ဖောက်ခဲ့ကြောင်း သုံးဆယ်ကျေးရွာသားများထံများက ပြော
ကြသည်။
ရှမ်းအဆိုတော် စိုင်းဆိုင်မောဝ်ကို ချင်းမိုင်မှာ ဂုဏ်ပြုဆုချီးမြှင့်
Photo: ရှမ်းအဆိုတော် စိုင်းဆိုင်မောဝ်ကို ချင်းမိုင်မှာ ဂုဏ်ပြုဆုချီးမြှင့်
Tuesday, December 3, 2013
မြန်မာနိုင်ငံက နာမည်ကြီး ရှမ်းတိုင်းရင်းသား အဆိုတော်တစ်ဦးဖြစ်တဲ့ စိုင်းဆိုင်မောဝ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ရှမ်းတိုင်းရင်းသားတွေရဲ့ ၀ါအရင့်ဆုံး အနုပညာရှင်အဖြစ် ဂုဏ်ပြုဆုချီးမြှင့်တဲ့ အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသား အဆိုတော် တေးသံရှင် စိုင်းဆိုင်မောဝ်ကို ဆုချီးမြင့်ရတာနဲ့ပတ်သက်လို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းရဲ့ အတွင်းရေးမှူး နန်းယဉ်စီလာက RFA ကို အခုလို ပြောပါတယ်။
“ကျမတို့ ပင်လုံရွှေရတုကျင်းပတဲ့ ပြီးခဲ့တဲ့ ၂၀၀၈ လား ၂၀၀၉ လား၊ အဲ့ဒီတုန်းက ကျမတို့ ရှမ်းအဆိုတော်နဲ့ ရှမ်းစာပေ ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ ကျမတို့ရဲ့ တိုင်းရင်းသားလူမျိုးက ခေါင်းဆောင်တွေကို ကျမတို့ ဆုချီးမြင့်တယ်လေ၊ ဘွဲ့တံဆိပ်လိုမျိုး သဘောပေါ့နော်၊ အဲ့တုန်းက ရှမ်းအဆိုတော်ဆို ၅ ယောက် ၆ ယောက်လောက်ဆုရတယ်၊ နောက်ပြီး စာပေနဲ့လုပ်တဲ့ ဆရာကြီးတွေဆို သုံးလေးငါးယောက်ရှိတယ်၊ အဲ့ရွှေရတုမှာ ဘွဲ့ပေးတဲ့သဘောနဲ့ အဲ့လိုမျိုး ဂုဏ်ပြုချီးမြှင့်တယ်ပေါ့၊ တစ်ခေါက်လုပ်ပြီးပြီ၊ ဒါပေမယ့် ကျမတို့ ထိုင်းမှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေက တစ်ခါမှ မလုပ်ရသေးဘူးပေါ့၊ အဲ့ဒါကြောင့်မို့လို့ ဒီနှစ် သူလည်းဒီကိုလာတဲ့အတွက် အထိမ်းအမှတ်အနေနဲ့ ကျမတို့က လုပ်ပေးတာဖြစ်တယ်၊ ထပ်ပြီးတော့ ချီးမြင့်တာပေါ့နော်”
ဂုဏ်ပြုဆုအဖြစ် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ချင်းမိုင်ကနေပြီး ရှမ်းအနုပညာရှင် စိုင်းဆိုင်မောဝ်ကို ဂုဏ်ပြုချီးမြှင့်သည် ဆိုတဲ့စာတမ်းပါ အမှတ်တံဆိပ်ဂုဏ်ပြုဆုနဲ့အတူ ရှမ်းရိုးရာဝတ်စုံတစ်စုံနဲ့ မြန်မာကျပ်ငွေ သိန်း ၃၀ ကို ဂုဏ်ပြုပေးအပ်ခဲ့တယ်လို့ ဆက်ပြောပါတယ်။
အဆိုတော် စိုင်းဆိုင်မောဝ်ကလည်း ပြည်ပမှာရှိတဲ့ ရှမ်းတိုင်းရင်းသား ညီအကိုမောင်နှမတွေကနေပေးအပ်တဲ့ ဒီလိုဂုဏ်ပြုဆုကို လက်ခံရရှိတဲ့အတွက် ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်ဘူးလို့ RFA ကို ပြောပါတယ်။
“ကျနော့်ရဲ့ ဘ၀သက်တမ်း အနုပညာမှာ ကျနော့်ကို ဒီလိုမျိုး နိုင်ငံခြားမှာရောက်နေတဲ့ အဝေးရောက် ကျနော်တို့အမျိုးတွေရဲ့ ပေးတဲ့ဆုဟာ ကျနော် ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်ပါဘူး၊ အင်မတန်မှ ပီတီဖြစ်မိပါတယ်၊ ဂုဏ်လည်း ဂုဏ်ယူမိပါတယ်၊ ကျနော်တို့ အနုပညာသည် အားလုံးအတွက်လေ၊ ကျနော်တစ်ယောက်တည်းအတွက် မဟုတ်ဘဲနဲ့ ကျနော်တို့ ဗမာပြည်မှာရှိတဲ့ အနုပညာသည်အားလုံး၊ နာမည်ကြီးတဲ့ လူတွေအားလုံးအတွက်ရော ကျနော်ခံစားပြီးတော့ ကျနော် အဲ့ဒီဆုကို ၀မ်းပန်းတသာနဲ့ လက်ခံယူလိုက်ပါတယ်”
ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ရှမ်းပြည်နယ်အတွင်းက လူငယ်တွေ အနုပညာတိုးတက်မှုတွေ ပိုမိုရရှိလာစေဖို့ဆိုပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစလို့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ အနုပညာပန်းခြံဆိုပြီး အနုပညာကျောင်း ဖွင့်လှစ်သင်ကြားပေးနေသလို မျိုးဆက်သစ် အနုပညာရှင်တွေ မွေးထုတ်ပေးချင်တဲ့အတွက်ဆိုပြီး အခုနှစ်ထဲမှာပဲ မိုဘိုင်း ရီကောဒင်းအဖွဲ့ဖွဲ့ပြီး လုူငယ်တွေကို သင်ကြားပေးနေတယ်လို့ သိရပါတယ်။
လာမယ့် ဖေဖေါ်ဝါရီလမှာတော့ စိုင်းဆိုင်မောဝ် ကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ ‘ကမ္ဘာ့ရင်သွေးငယ်များဆီသို့’ ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာသံစဉ် စီးရီးထွက်နိုင်ဖို့ စတင်အသံသွင်းနေပြီလို့လည်း သိရပါတယ်။
RFA
RangonNewsDaily:: December . 3 .2013
မြန်မာနိုင်ငံက နာမည်ကြီး ရှမ်းတိုင်းရင်းသား အဆိုတော်တစ်ဦးဖြစ်တဲ့ စိုင်းဆိုင်မောဝ်ကို ထိုင်းနိုင်ငံ ချင်း
မိုင်မြို့အခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ရှမ်းတိုင်းရင်းသားတွေရဲ့ ၀ါအရင့်ဆုံး အနုပညာရှင်အဖြစ် ဂုဏ်ပြုဆုချီးမြှင့်တဲ့ အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ယာဉ်စည်းကမ်းထိန်းသိမ်းရေးအတွက် ချထားသော မီးသတ်တပ်ဖွဲ့ဝင်များ အဖမ်းကြမ်းဟုဆို
Photo: ယာဉ်စည်းကမ်းထိန်းသိမ်းရေးအတွက် ချထားသော 
မီးသတ်တပ်ဖွဲ့ဝင်များ အဖမ်းကြမ်းဟုဆို
Tuesday, December 3, 2013
နောင်ချိုမြို့နယ်အတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်း
စစ်ဆေးမှုပြုလုပ်ရာတွင် ပါဝင်သော မီးသတ် တပ်ဖွဲ့ဝင်များ၏ 
ဖမ်းဆီးပုံမှာ ကြမ်းတမ်းကြောင်း နောင်ချိုဒေသခံများမှပြောကြားသည်။ 
ယင်းသို့ဖမ်းဆီးမှု ကြမ်းတမ်းသဖြင့် ဆိုင်ကယ်မောင်းသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့အကြား မကြာခဏ ပဋိပက္ခ ဖြစ်ရကြောင်း 
aနာင်ချိုဒေသခံများထံမှ သိရှိရသည်။
''သူတို့က ဦးထုပ်မဆောင်းတဲ့သူကို ဖမ်းတာ ဓါးပြတိုက်သလိုပဲ 
အတင်းဆွဲပြီး တားတော့ ဆိုင်ကယ်မှောက် တာမျိုးတွေရှိတယ် 
တစ်ချို့က ဒါကို ဓါတ်ပုံရိုက်လို့ ဓါတ်ပုံရိုက်တဲ့သူကို မီးသတ်တပ်ဖွဲ့ဝင်တွေက ပြဿနာရှာတာမျိုး လည်းရှိတယ်'' ဟု နောင်ချိုမြို့ဒေသခံ ဦးစိုးလွင်မှပြောသည်။ 
ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းမှု ပြုလုပ်ရာတွင်လည်း ပုံမှန်ပြုလုပ်လေ့မရှိဘဲ တစ်ခါတစ်ရံ တစ်ပတ်လျှင်တစ်ကြိမ် နှစ်ပတ်လျှင်
တစ်ကြိမ်သာ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများမှ ပြောသည်။
'' သူတို့က ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို ထိရောက်အောင် လုပ်တာမဟုတ်ပါဘူး ဦးထုပ်မဆောင်းတာနဲ့ ဖမ်းတယ် ဒဏ်ငွေ (၁၂၀၀၀)ရိုက်တယ် လူတိုင်းဖြစ်စေချင်နေတာက စီမံချက်မှာဦးထုပ်တွေ ထားထားပေးပြီးတော့ ဦးထုပ်မဆောင်းတဲ့သူကို ဒဏ်ငွေ(၅၀၀၀)ရိုက်ပြီး ဦးထုပ်ပေးတာမျိုးဆိုရင် ပိုပြီးတော့ သဘာဝကျတာပေါ့ ဒီလိုမျိုး 
ပုံမှန်လုပ်ရင် လူတိုင်းဦးထုပ်ဆောင်းလာကြမှာဘဲ'' ဟု နောင်ချိုမြို့ ဒေသခံများမှ ပြောကြသည်။
အဆိုပါကိစ္စအတွက် နောင်ချိုမြို့ ယာဉ်ထိန်းအဖွဲ့အား တွေ့ဆုံ
aမးမြန်းရာတွင် ၄င်းတို့အနေဖြင့် ယာဉ် ထိန်းအင်အား နည်းသောကြောင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား အသုံးပြုနေရခြင်း ဖြစ်ကြောင်း ထိုကဲ့သို့ ဆိုင်ကယ်များ အားကြမ်းတမ်းစွာ ဖမ်းဆီးမှု မပြုလုပ်ရန်တားမြစ်
ထားပါကြောင်း ကောက်ခံသော ဒဏ်ကြေးငွေမှာလည်း ပြည်နယ်မှ သတ်မှတ်ပေးထားခြင်းဖြစ်ပါကြောင်း ရရှိငွေကြေးများအား မြို့နယ် အထောက်အကူပြုကော်မတီမှတဆင့် မြို့ဖွံ့ဖြိုးတိုင်းတက်ရေး လုပ်ငန်းများတွင် ပြန်လည်အသုံးပြုခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြန်လည်ပြောကြားသည်။
စိုင်းကံသာ (လားရှိုး)
The Myanma Age
RangonNewsDaily:: December . 3 .2013
နောင်ချိုမြို့နယ်အတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်း စစ်ဆေးမှုပြုလုပ်ရာတွင် ပါဝင်သော မီး
သတ် တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးပုံမှာ ကြမ်းတမ်းကြောင်း နောင်ချိုဒေသခံများမှပြောကြားသည်။
မြန်မာစစ်တပ်ထဲ ကလေးစစ်သားများ ကျန်ရှိဆဲ
Photo: မြန်မာစစ်တပ်ထဲ ကလေးစစ်သားများ ကျန်ရှိဆဲ
Tuesday, December 3, 2013
ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေ ထပ်မံစုဆောင်းခြင်း မရှိတော့ဘူး ဆိုပေမယ့် မကြာခင်ကမှ တပ်ထဲရောက်လာကြတဲ့ အသက်မပြည့်သေးသူ ကလေးစစ်သားတွေ အများအပြား ရှိနေတုန်းပဲဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့က စလို့ အသက် ၁၈ နှစ်အောက် ကလေးစစ်သားတွေ မရှိတော့အောင် လုပ်ဆောင်မယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေ ကတိပေး ပြောဆိုထားတဲ့ကြားက အခုလို ကလေးစစ်သားတွေ ရှိနေတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
မြန်မာနိုင်ငံက သာယာလှပတဲ့ အပန်းဖြေ ကမ်းခြေနေရာတွေထဲက တစ်ခုဖြစ်တဲ့ ချောင်းသာရွာဟာ ပြည်တွင်း ပြည်ပက လာရောက် လည်ပတ်သူတွေနဲ့ ပြည့်နေပေမယ့်လည်း ဒေသခံ ရွာသားတွေဟာ ဆင်းရဲချို့တဲ့စွာနဲ့ ဘ၀ရပ်တည်ရေးအတွက် ရုန်းကန်နေကြရတာပါ။ ဒီအထဲမှာ မင်းသူတို့ မိသားစုလည်း ပါဝင်ပါတယ်။ အဲဒီလို ဆင်းရဲနွမ်းပါးတဲ့ဘ၀က ရုန်းထွက်ပြီး မိသားစုကို ထောက်ပံ့ပေးချင်တဲ့ မင်းသူတယောက် အိမ်မက် မမက်ဘူးတဲ့ အခွင့်အရေးဗန်းပြပြီး စစ်တပ်ထဲဝင်ဖို့ စည်းရုံးသူ ပွဲစားရဲ့လက်ချက်ကြောင့် အသက်မပြည့်ခင် ၁၄ နှစ်သားအရွယ်မှာကတည်းက သားစုဆောင်းရေးကတဆင့် တပ်ထဲကို ရောက်သွားပါတယ်။
ဒါပေမယ့် စစ်တပ်ထဲရောက်သွားတဲ့အခါ အပြင်မှာ သူ့ကို ပြောပြလိုက်တဲ့ အခြေအနေတွေနဲ့ မိုးနဲ့မြေ ကွာခြားနေတာကို တွေ့ရတဲ့အကြောင်း တပ်ထဲက မကြာခင်ကမှ ပြန်ထွက်ပြေးလာတဲ့ မင်းသူက ပြောပြပါတယ်။
“သူတို့က ကျွေးတဲ့ဥစ္စာတွေက ကောင်းလည်းမကောင်းဘူး၊ ပြီးတော့ နှိပ်စက်တယ်၊ ဆဲလည်းဆဲတယ်။ ဥပမာ- မှားလို့ရှိရင်လည်း နည်းနည်းပါးပါး သည်းညည်းမခံဘူး။ ပါးရိုက်တယ်။ တခါတလေကျရင် ချတယ်။ ပြီးရင် တောင်စောင်းကနေပြီးတော့ ဆောင့်ကန်တယ်-တခါတလေကျရင်။ အဲဒီမှာကျတော့ ကိုယ့်လူ-သူ့လူ---- တခါတလေကျရင် ပေါင်တွေပြတ်၊ ခေါင်းတွေပြတ်… ဘာမှ မရှိတော့ဘူး။ ကျနော်လည်း ကြောက်ပြီးတော့ ပစ်တာပေါ့။ ကိုယ်မှ အတွေ့အကြုံမှ ရှိမှမရှိတာ။……”
ငယ်ငယ်ရွယ်ရွယ်နဲ့ ရှေ့တန်းစစ်မျက်နှာပြင်ရောက်သွားတဲ့ မင်းသူတယောက် ထိတ်လန့် ကြောက်ရွံ့ရုံတင်မကပဲ အရွယ်နဲ့မလိုက်တဲ့ ရက်စက် ကြမ်းတမ်းမှုတွေကို ကြုံတွေ့လိုက်ရတဲ့အတွက် စစ်တပ်ထဲက ထွက်ပြေးလာတဲ့အချိန်မှာ မျက်နှာသေနဲ့ စကားပြောရင် ထစ်ငေါ့ ထစ်ငေါ့နဲ့ ပြောတဲ့လူငယ်တဦးအဖြစ် မိဘတွေထံကို ပြန်ရောက်လာခဲ့ပါတယ်။
အသက်မပြည့်သေးပဲ စစ်တပ်ထဲရောက်သွားတဲ့ ရင်သွေးက ဖုန်းဆက်ပြီး လာကယ်ဖို့ ပြောတဲ့အတွက် စိုးရိမ် ပူပန်ရတဲ့အကြောင်းကိုလည်း မိခင်ဖြစ်သူက ပြန်ပြောပြပါတယ်။
“စိုးရိမ်တာပေါ့။ ဖုန်းမဆက်တာ သုံးလလောက်ရှိနေပြီ သူတို့ ဖုန်းမဆက်တော့လေ။ - အရင်တုန်းကဆိုလို့ရှိရင် ဖုန်းလှမ်းပြီးဆက်လို့ရှိရင် -အမေ၊ သားကို ကယ်ပါအုံး၊ အမေ အေးအေးဆေးဆေးမနေပါနဲ့-ဘယ်လိုနေရတယ်ဆိုတာ သားပဲသိတယ်၊ အဲလိုမျိုး ပြောနေတဲ့အခါတွေကျ ကိုယ်က အကုန်လုံး ဖုတ်ပူမီးတိုက်ပေါ့နော်-”
မြန်မာစစ်တပ်ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ဘယ်လောက် ရှိတယ်ဆိုတာ အတိအကျ မသိနိုင်ပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အသက်မပြည့်သေးတဲ့ ကလေးစစ်သား ၅၀၀ လောက်အထိ စစ်တပ်က ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီပြန်လွတ်လာသူတွေထဲက အငယ်ဆုံး ကလေးစစ်သားဟာ အသက် ၁၁ နှစ်ပဲ ရှိတယ်လို့ ဆိုပါတယ်။
မင်းသူလိုပဲ ရန်ကုန်မြို့မှာ လစာကောင်းတဲ့ နေ့စားအလုပ်ကလေးများ ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဧရာဝတီမြစ်ကမ်းဘေး ကရင်ကျောက်ရွာ ကနေ ဇူလိုင်လတုန်းက ထွက်သွားတဲ့ စန်းထက်ကျော်တယောက်လည်း မိခင်ထံ ငွေတွေပြန်ပို့နိုင်မယ်ဆိုတဲ့ မက်လုံးနဲ့ စစ်သားစုဆောင်းရေးထဲ ပါသွားခဲ့တယ်လို့ သားဖြစ်သူရဲ့ ဓာတ်ပုံကိုပြပြီး မိခင်ဖြစ်သူက ပြန်ပြောပြပါတယ်။
“နစ်နစ်နာနာပဲ၊ ကိုယ်က မခံစားနိုင်ဘူး၊ သူတို့ ရက်စက်တယ်ပဲ၊ အခုက…ကလေးအသက်မပြည့်သေးတဲ့အတွက် ကိုယ်က ရက်စက်တယ်ပဲထင်တယ်။”
ကလေးငယ်တွေကို ပွဲစားတွေက စစ်တပ်ထဲ မ၀င် ၀င်ချင်အောင် နည်းမျိုးစုံသုံးပြီး စည်းရုံး သိမ်းသွင်းခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အခုချိန်ထိတော့ စန်းထက်ကျော်ဟာ စစ်တပ်ထဲမှာပဲ ရှိနေဆဲဖြစ်ပါတယ်။ သူ့ကို ပြန်လွှတ်အောင် မိဘတွေအနေနဲ့ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးပါဘူး။
စစ်တပ်ထွဲမှာ ရှိနေစဉ်အတွင်း အထက်အရာရှိတွေ ခိုင်းတာကို ကြိုက်တာ မကြိုက်တာအပထား နောက်ပိုင်းမှာ အဆင်ပြေအောင် သူတို့ခိုင်းတာကို အလိုက်သင့်လုပ်ပြီး နေထိုင်ခဲ့တယ်လို့ မင်းသူက ပြောပါတယ်။
ကလေးစစ်သား ပပျောက်ရေးပူးပေါင်း လုပ်ဆောင်ကြဖို့ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအကြား နားလည်မှု ရရှိထားပြီးတဲ့နောက်ပိုင်းမှာလည်း ကလေးစစ်သား စုဆောင်းမှုတွေက ရှိနေဆဲဖြစ်ပါတယ်။
ကလေးစစ်သား ပပျောက်ရေးအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားတဲ့ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Steve Marshall က အခုလို ပြောပါတယ်။
“တိုးတက်မှုတော့ ရှိလာနေပါတယ်။ ကောင်းတော့ ကောင်းမသွားသေးဘူး။ အသက်မပြည့်သေးတဲ့ အမျိုးသားကလေးငယ်တွေကို စစ်တပ်က စုဆောင်းနေတာ ကျနော်တို့ အခုချိန်ထိ တွေ့နေရတုန်းပဲ။”
ဒီအတောအတွင်းမှာတော့ ကလေးစစ်သားစုဆောင်းတဲ့ ပွဲစားတွေနဲ့ ပါဝင်ပတ်သက် စစ်တပ်က တာဝန်ရှိသူတွေအပေါ် ထိထိရောက်ရောက် အရေးယူမှု မရှိတဲ့အတွက် ကလေးစစ်သား စုဆောင်းမှု တိုက်ဖျက်ရေးဟာ မအောင်မြင်သေးတာ ဆိုပြီးတော့လည်း လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ပြောဆိုနေပါတယ်။
အသက်မပြည့်သေးတဲ့ ကလေးစစ်သား စန်းထက်ကျော်ရဲ့ဓာတ်ပုံကို ကိုင်ထားသော မိခင် ဒေါ်စန်းမြင့်။ (နိုဝင်ဘာ ၄၊ ၂၀၁၃)
VOA
အသက်မပြည့်သေးတဲ့ ကလေးစစ်သား စန်းထက်ကျော်ရဲ့ဓာတ်ပုံကို ကိုင်ထားသော မိခင် ဒေါ်စန်းမြင့်။ (နိုဝင်ဘာ ၄၊ ၂၀၁၃)
RangonNewsDaily:: December . 3 .2013
ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေ ထပ်မံစုဆောင်းခြင်း မရှိတော့ဘူး ဆိုပေမယ့် မကြာခင်ကမှ တပ်ထဲရောက်လာကြတဲ့ အသက်မပြည့်သေးသူ ကလေးစစ်သားတွေ အများအပြား ရှိနေတုန်းပဲဖြစ်ပါတယ်။
အသက် ရှစ်နှစ်အရွယ် မက်ဆီ လက်သစ်ကလေးအား ခေါ်ယူရန် စပိန်ထိပ်သီးကလပ် ဘာစီလိုနာ၊ရီးယဲလ် မက်ဒရစ်နှင့် အက်သလက်တီကို အသင်းတို့ အပြိုင်ကြိုးစားနေကြ
Photo: အသက် ရှစ်နှစ်အရွယ် မက်ဆီ လက်သစ်ကလေးအား ခေါ်ယူရန် စပိန်ထိပ်သီးကလပ် ဘာစီလိုနာ၊ရီးယဲလ် မက်ဒရစ်နှင့် အက်သလက်တီကို အသင်းတို့ အပြိုင်ကြိုးစားနေကြ
Tuesday, December 3, 2013
ကလော်ဒီယိုနဲ့ ပတ်သက်ပြီး မာတင်ဂူမက်စ် အသင်းမန်နေဂျာ အားနက်ဇ်က
“ သူအသက်လေးနှစ်အရွယ် ဘောလုံးစကစားကတည်းက သူ့ မှာ တခြားသူ့ အသင်းဖော်တွေနဲ့ မတူဘဲ ထူးခြားတဲ့ကစားဟန်ရှိပါတယ်။ သူဘောလုံးထိန်းတာ၊လိမ်တာ၊ရပ်တာ၊ကန်တာ၊ဂိုးကန်သွင်းတာ မှာ ပြည့်မီတဲ့ အရည်အချင်းရှိပါတယ်။အသက်လေးနှစ်အရွယ်ကလေးတစ်ယောက်အနေနဲ့ သူဒါတွေကို ဘယ်လို တတ်နေ တာလဲ မသိပါဘူး၊ သူ့ ပါရမီကြောင့်နေမှာပါ “ လို့ ပြောကြားခဲ့ပါတယ်။
ကလော်ဒီယိုကလေးကို မေးမြန်းကြည့်တော့
ကလော်ဒီယို မှာ မက်ဆီနဲ့ တော်တော်ဆင်တူတဲ့ကစားဟန် ရှိပြီး မက်ဆီ လက်သစ်လို့ နာမည်ကြီးနေပါတယ်။
Trend Myanmar
RangonNewsDaily:: December . 3 .2013
ဆောင်းနှင်းကြားက မက်ဆီ လို့ နာမည်ချစ်စနိုးပေးထားတဲ့ အသက်ရှစ်နှစ်အရွယ် ကလော်ဒီယို နန်ကူဖေး
လ် ဟာ အာဂျင်တီးနား လက်အောက်ခံနယ်ပယ်တစ်ခုဖြစ်တဲ့ ဘာယီလိုချီမြို့ တောင်ပိုင်းစကိတ်ကွင်း ကလပ်
အသင်းဖြစ်တဲ့ မာတင်ဂူမက်စ် အသင်းမှာ လက်ရှိကစားနေတာဖြစ်ပါတယ်။
ကျောက်မိုင်းကြောင့် ကျိုက်ထီးရိုးဓာတ်ပေါင်းစုစေတီပြိုကျပျက်စီးသွားမည် ကိုစိုးရိမ်ကြောင်းဒေသခံ များဆို
RangonNewsDaily:: December . 3 .2013
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ရှိ ကျိုက်ထီးရိုး
ဓာတ်ပေါင်းစုစေတီ တော်အနီးတွင် ပုဂ္ဂလိကလုပ်ငန်း ရှင်တစ်ဦးက တောင်များကို ယမ်း ဖြင့်ဖောက်ခွဲ၍ ကျောက်များထုတ် ယူနေခြင်းကြောင့် စေတီတော် ပြိုကျပျက်စီးသွားမည်ကို စိုးရိမ်နေ ရကြောင်း ကင်ပွန်းချောင်းကျေးရွာ နေ ဒေသခံများကပြောသည်။
ကြီးလေးကြီး တွေ့ဆုံရေးကိစ္စ နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ၏ မှတ်ချက် လက်မခံကြောင်း NLD ထုတ်ပြန်
Photo: ကြီးလေးကြီး တွေ့ဆုံရေးကိစ္စ နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ၏ မှတ်ချက် လက်မခံကြောင်း NLD ထုတ်ပြန် 
Tuesday, December 3, 2013
အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ညှိနှိုင်းရန် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့ တွေ့ဆုံရေးနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ မေတ္တာရပ်ခံချက်ကို နိုင်ငံတော်သမ္မတ ပြောရေး ဆိုခွင့်ရှိသူ၏ တုံ့ပြန် ပြောကြားချက်များသည် တွေ့ဆုံဆွေးနွေးမှုကို အချိန်ရွှေ့ဆိုင်းရန် ရည်ရွယ်သည်ဟု ယူဆရသဖြင့် လက်မခံကြောင်း NLD ပါတီ ဗဟိုကော်မတီက ယနေ့ ထုတ်ပြန်လိုက်သည်။ 
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့ တွေ့ဆုံရေးနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ မေတ္တာရပ်ခံချက်ကို အချိန်စောလွန်း နေသေးပြီး လွှတ်တော်က ဖွဲ့စည်းထားသည့် အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာကို စောင့်သင့်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သတင်း မီဒီယာများကို ပြောဆိုထားခြင်း ဖြစ်သည်။ 
NLD ပါတီ၏ မေတ္တာရပ်ခံချက်ကို အစိုးရ၏ တုံ့ပြန်မှုများသည် တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို ရွှေ့ဆိုင်းရန် ရည်ရွယ်နေပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို မလိုလားရာ ရောက်ကြောင်း NLD ပါတီ ဗဟိုကော်မတီက ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြပါရှိသည်။ 
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် တွေ့ဆုံရန် မေတ္တာရပ်ခံ ထားခြင်းကို အစိုးရက စာဖြင့် ပြန်လည် တုံ့ပြန်ခြင်းမရှိဘဲ မီဒီယာများတွင်သာ ပြောကြားနေခြင်းကြောင့် ယင်းသို့ ကြေညာချက်တစ်ရပ် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း NLD ပါတီ၏ လွှတ်တော်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းသူက ဆိုသည်။
အစိုးရ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်များသည် ၁၉၈၈ ခုနှစ်အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသား ရင်ကြားစေ့ရေး ကမ်းလှမ်းချက် များကို နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) ၏ တုံ့ပြန်မှုနှင့် ပုံသဏ္ဌာန်ချင်း တူနေကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ 
ယင်းအချိန်က NLD က တွေ့ဆုံ ဆွေးနွေးရေး ကမ်းလှမ်းခဲ့သော်လည်း ပါတီ ၂၀၀ ကျော်ရှိသဖြင့် ပါတီ တစ်ခုတည်းဖြင့် မတွေ့နိုင်ကြောင်း ယင်းအချိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်က အကြောင်းပြန်ခဲ့သည်။ 
NLD ပါတီက ယင်းသို့ တွေ့ဆုံရန် တောင်းဆိုမှုသည် လွှတ်တော်ကို ကျော်လွန်၍ လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ပြည်ထောင်စု လွှတ်တော်၏ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို ကူညီ ပေးရန် တောင်းဆိုခြင်းသာ ဖြစ်ကြောင်း ဦးမင်းသူက ထပ်လောင်း ပြောကြားသည်။
အဆိုပါ NLD ပါတီ၏ ထုတ်ပြန် ကြေညာချက်နှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ထံ The Voice က တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
NLD ပါတီ ယင်းသို့ ထုတ်ပြန် လိုက်သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့ တွေ့ဆုံရေးအတွက် နိုင်ငံတော်သမ္မတက တရားဝင် ပြန်လည် ပေးပို့သော အကြောင်းကြားစာကို စောင့်ဆိုင်း သွားမည် ဖြစ်ကြောင်း NLD ပါတီ၏ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်က ဆိုသည်။
အဆိုပါ မေတ္တာရပ်ခံချက်ကို NLD ပါတီက နိုဝင်ဘာလ ၂၃ ရက်နေ့ တွင် နိုင်ငံတော် သမ္မတရုံးသို့ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ယင်းပါတီထံမှ သိရှိရသည်။
The Voice Weekly
RangonNewsDaily:: December . 3 .2013
အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ညှိနှိုင်းရန် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့ တွေ့ဆုံရေးနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ မေတ္တာရပ်ခံချက်ကို နိုင်ငံတော်သမ္မတ ပြောရေး ဆိုခွင့်ရှိသူ၏