Pages

Wednesday, June 19, 2013

အစ္စလာမ်အပေါ်သိလိုသည်များ ကျေလည်သည်အထိမေးမြန်းနိင်ကြောင်း PCN နာယက ၂ ဦးပြော

ဇွန် ၁၉
မြန်မာနိင်ငံအတွင်း အစ္စလာမ်သာသနာနှင့် မြန်မာမွတ်စလင်မ်များအပေါ် အထင်အမြင်လွဲမှားစေရန်ဝါဒဖြန့်ချိမှုများမြင့်တက်လာနေသဖြင့် မီဒီယာများအနေဖြင့်ဖြစ်စေ၊အသင်းအဖွဲ့များအနေဖြင့်ဖြစ်စေ၊ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့်ဖြစ်စေ မွတ်စလင်မ်များနှင့်ပတ်သက်၍ သိလိုသည်များကို ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက်သို့ဖြစ်စေ၊မိမိတို့ထံသို့ဖြစ်စေလွတ်လပ်ပွင့်လင်းစွာမေးမြန်းနိင်ကြောင်း မြန်မာမွတ်စလင်မ် ပညာရှင် ၂ ဦးကပြောကြားလိုက်သည်။

လူအများအလိမ်မခံရစေရန်အတွက်အားလုံး ဝိုင်းပြီးသတိပေးကြပါ

လူအများအလိမ်မခံရစေရန်အတွက်အားလုံး ဝိုင်းပြီး"ရှယ်"ပေးကြပါ

အောက်ပါဓါတ်ပုံတွင် ပြသထားသော သူများသည်
နံပါတ်မဲ့ ကားများကို နောက်ဆုံးပေါ်နံပါတ်များရမည်ဆိုပြီး
ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများ၏ အမည်များကိုအသုံးပြု့ကာ
လူအများကိုအယုံသွင်း၍ လိုက်လံလိမ်လည်လျှက်ရှိပါသည်။

ယနေ့အထိ ကားလိုင်စင် တစ်စီးမှ ထွက်မလာသေးဘဲ ကားလိုင်စင်လုပ်လိုသည့်
သူများထံမှငွေများကို ယူ၍ လှည့်လည်ရှောင်တိမ်းလျှက်ရှိပါသည်။

အလိမ်မခံရစေရန်အတွက် ဓါတ်ပုံနှင့်နေရပ်လိပ်စာ များကိုဖေါ်ပြပေးလိုက်ပါသည်။

(ကားလိုင်စင်များလုပ်ဆောင်ပေးမည်ဟု အယုံသွင်းသူ)
(၁)ဦးအောင်အောင်ဦး(အမှုဆောင်အရာချုပ်)
မှတ်ပုံတင်အမှတ် ၁၂/သကတ(နိုင်) ၁၃၃၇၇၇
ကရင်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့(K.P.D.F)
စီးပွါးထောက်ပံ့(စစ်ဦးစီးအရာရှိချုပ်)(ဗဟိုဌာနချုပ်)
ထိုသူမှာ နံမည်ကြီးတည်းခိုခန်းများတွင် နံမည်အမျိုးအမျိုးပြောင်းပြီး
လှည့်လည် တည်းခိုလျှက်ရှိပြီး
လက်ရှိတည်းခိုနေသော တည်းခိုခန်းမှာ ရွှေဂုံတိုင်ရှိ(EXCEL)ဟော်တယ်တွင်
တည်းခိုလျှက်ရှိသည်ဟုသိရပါသည်။

ထိုသူ၏နေရပ်လိပ်စာအမှန်မှာ

အမှတ်( ၅၆၃) ဂန္ဓမာလမ်း၊ သပြေကုန်းရပ်ကွက်၊ နေပြည်တော်။
အမှတ်( ၅၉ ) ဇမ္မူသီရီ(၂)လမ်း( ရ) ၇ပ်ကွက်၊ သာကေတ။

(လိုင်စင်မဲ့ကားများကို အောင်အောင်ဦး နှင့်ပေါင်းပြီး ရောင်းချပေးသူ)
ဦးသန်းဝင်း(အရာခံဗိုလ် တမ်မတော်မှတ်တမ်းရုံး)
မှတ်ပုံတင်အမှတ် (၁၂/အစန(နိုင်)၂၀၈၂၇၈)
အမှတ်(၂၁၆)အခန်(၃) တပ်မတော်မှတ်တမ်းရုံး
ဘောက်ထော်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

သတင်းစုဗူး

အောက်ပါဓါတ်ပုံတွင် ပြသထားသော သူများသည်နံပါတ်မဲ့ ကားများကို နောက်ဆုံးပေါ်နံပါတ်များရမည်ဆိုပြီးငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများ၏ အမည်များကိုအသုံးပြု့ကာလူအများကိုအယုံသွင်း၍ လိုက်
လံလိမ်လည်လျှက်ရှိပါသည်။

TNLA တပ်ရင်း ၁၁၂ နှင့် အစိုးရ ခလရ ၁၄၅ တို့ ထပ်မံ တိုက်ပွဲဖြစ်

TNLA တပ်ရင်း ၁၁၂ နှင့် အစိုးရ ခလရ ၁၄၅ တို့ ထပ်မံ တိုက်ပွဲဖြစ်

19 June 2013 Written by တအာင်းသားလေး (ရွှေဟင်္သာ)

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၁၂ နှင့် ကွန်လုံမြို့ အခြေစိုက် အစိုးရ ခလရ ၁၄၅ တပ်ဖွဲ့တို့ ယနေ့ နံနက် ၅ နာရီခွဲမှ ၇ နာရီခွဲ အထိ ၂ နာရီ နီးပါး နမ့်ခမ်း မြို့နယ် ငေါ့ငါးကျေးရွာ အထက်ပိုင်းတွင် ထပ်မံ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု TNLA တပ်မှူး တစ်ဦးက ဆိုပါသည်။

“ အစိုးရ ခလရ ၁၄၅ တပ်ဖွဲ့ ကတော့ မနက်ပိုင်း ၅ နာရီ ၃၀ ကနေ ၇ နာရီ ၃၀ အထိ လက်နက်ကြီး အလုံးပေါင်း ၄၀-၅၀လောက် အထိ TNLA တပ်ရင်း ၁၁၂ ပြောက်ကျား တပ်စခန်း ရှိတဲ့နေရာတောင်ထိပ်ဆီကို ပစ်ပါတယ်။ ပြီးတော့ လက်နက်ကြီး ပစ်နေတဲ့ အချိန်မှာဘဲ စခန်းကို တက်တိုက်တော့ တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန်ကို ဖြစ်သွားခဲ့တယ်။ သူတို့ တက်လို့ မရတော့မှ ပြန်ဆုတ်သွားလို့ ငြိမ်သွားတယ်” ဟု ဆိုပါသည်။

အသေအပျောက် ရှိနိုင်ပြီး၊ ထိခိုက်မှုများ သဖြင့် ပြန်လည် ဆုတ်ခွာ သွားခြင်း ဖြစ်နိုင်ကြောင်း တိုက်ပွဲသည် စခန်းသိမ်း တိုက်ပွဲဖြစ်သဖြင့် အနီးကပ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အစိုးရ ထိုးစစ်များသည် တဖြည်းဖြည်း စိပ်လာနေပြီး၊ ပြင်းထန် လာနေကြောင်း TNLA တပ်မှူးက ဆိုပါသည်။

TNLA ၁၁၂ တပ်ဖွဲ့နှင့် အစိုးရ ခလရ (၁၄၅) တို့သည် ယမာန်နေ့ နေ့လည် ၁၁ နာရီ ၃၀ ကတည်းကမှ ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီအထိကြိမ် နှစ်ကြိမ် တိုင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရဖက်မှ ၄ ဦးသေပြီး အနည်းငယ် ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုပါသည်။

အစိုးရ ခလရ (၁၄၅) တပ်ဖွဲ့သည် နောက်ဆုတ်သွားခြင်း မရှိသေးသဖြင့် ထပ်မံ တိုက်ပွဲဖြစ်ရန် အလားအလာ ရှိနေသည်ဟု ဆိုပါသည်။ ဤကဲ့သို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်လာသည့် အခါ ကျေးရွာ မီးရှို့ခြင်း၊ အကြောင်းမဲ့ ပစ်သတ်ခြင်း ဖြစ်ပွား လာမည်ကို ဒေသခံများက စိုးရိမ်နေကြပါသည်။

အစိုးရတပ်များသည် လက်နက်ကြီး အင်အားများ အသုံးပြုပြီး TNLA တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ပါသည်။ အလားတူ TNLA ဒေသရှိ ကချင် လွတ်လပ်ရေး တပ်မတော်နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ တပ်ဖွဲ့များကိုလည်း ပြင်းထန်စွာ စစ်ဆင် နေကြောင်း ဆိုပါသည်။

TNLA သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားခြင်း မရှိသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC ) အဖွဲ့ဝင် ဖြစ်ပါသည်။ ပြီးခဲ့သည့် လပိုင်းတွင် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးရန် ဒေသခံ လွှတ်တော် အမတ်များက ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။

19 June 2013
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၁၂ နှင့် ကွန်လုံမြို့ အခြေစိုက် အစိုးရ ခလရ ၁၄၅ တပ်ဖွဲ့တို့ ယနေ့ နံနက် ၅ နာရီခွဲမှ ၇ နာရီခွဲ အထိ ၂ နာရီ နီးပါး နမ့်ခမ်း မြို့နယ် ငေါ့ငါးကျေးရွာ အထက်ပိုင်းတွင် ထပ်မံ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု TNLA တပ်မှူး တစ်ဦးက ဆိုပါသည်။

မြန်မာအစိုးရတပ်၏ လမ်းပြအဖြစ် အဓမ္မ ခေါ်ဆောင်သွားခြင်းခံရသူ ဦးဇခုံလွမ်းခေါင် အား မြန်မာအစိုးရတပ်မှ ပစ်သတ်

မြန်မာအစိုးရတပ်၏ လမ်းပြအဖြစ် အဓမ္မ ခေါ်ဆောင်သွားခြင်းခံရသူ ဦးဇခုံလွမ်းခေါင် အား မြန်မာအစိုးရတပ်မှ ပစ်သတ်

19 June 2013 post  by Jinghpaw kasa 

ကေအိုင်အိုအစိုးရ ထိန်းချုပ်နယ်မြေဖြစ်သော ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်ရင်း (၃၆) နယ် မူဆယ်မြို့နယ် မုန်ကူး နောင်းဆိုင် ကျေးရွာရှိ ကလေး (၆) ဦး၏ ဖခင်ဖြစ်သော ဦးဇခုံလွမ်းခေါင် ကို ဗမာအစိုးရ စစ်တပ် ခလရ (၁၂၈) မှ ဇွန် (၁၄) ရက်နေ့တွင် ရှေ့တန်းတစ်နေရာ၌ ပစ်သတ်ခဲ့ကြောင်း သိရှိရပါသည်။ 

ဖြစ်စဉ်မှာ မုန်ကူး အခြေစိုက် ပတစတပ်များနှင့် ခလရ (၁၂၈) သို့သည် ကေအိုင်အေ တပ်ရင်း (၃၆) ဒေသဖြစ်သော နောင်းဆိုင်ကျေးရွာသို့ ဇွန်လ (၁၄) ရက်နေ့ မနက် (၃း၃၀) နာရီခန့်တွင် တရုတ်လူမျိုး ဖြစ်သော လောရှန်ဂျိုင်းကို လမ်းပြအဖြစ်ခေါ်ဆောင်ကာ ရောက်ရှိလာကြောင်း၊ နောင်းဆိုင် ကျေးရွာမှ ဥက္ကဌ ဦးဒဘန်ဘရန်နန် ကိုလမ်းပြရှာပေးရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

 ရွာသူရွာသား အားလုံးမှာ စစ်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှာင်ကုန်ပြီဖြစ်ကြောင်းနှင့် ရွာစောင့် အဖြစ် ဦးဇခုံလွမ်းခေါင်သာ ကျန်ရှိခဲ့ကြောင်း၊ ဗမာစစ်တပ်မှ ဦးဇခုံလွမ်းခေါင်ကို ခေါ်ကာ နောက်တစ်ရွာအထိ လိုက်ပြပြီးလျှင်ပြန်လည် လွတ်ပေးမည်ဖြစ်ကြောင်း ကတိတွေပေးကာ ခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။

ဗမာစစ်တပ်များမှ ဦးဇခုံလွမ်းခေါင်ကို လမ်းပြအဖြစ်ခေါ်ဆောင်ကာ ဆက်လက်ချီတက်ရာ မုန်နာဇွပ် အရောက်တွင် ကေအိုင်အေ တပ်ရင်း (၃၆) မှ မျိုးချစ်ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ လမ်းပြအဖြစ် ခေါ်ဆောင်လာသော ဦးဇခုံလွမ်းခေါင်ကို ရန်သူရှိတဲ့ဘက် ခေါ်ဆောင်လာသည်ဟု အပြစ်တင်ကာ ထိုးကြိတ် ရိုက်နက်ခဲ့သည်ကို ဂေါန်ဆန်ရွာသားများမှ အဝေးမှ လှမ်းမြင်ခဲ့ကြောင်း သိရှိရပါသည်။

 ဆက်လက်ပြီး မုန်နာဇွမ်မှ (၁) နာရီကျော်ခန့် သွားရသော နမ်ဂတ်နှင့် ယန်းလားကျေးရွာကြားတွင် တဖန် ကေအိုင်အေမျိုးချစ် ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဤသို့ တိုက်ပွဲ တစ်ကြိမ်ထပ်မံဖြစ်ပွားခဲ့ပြန်ရာ ဦးဇခုံလွမ်းခေါင်ကို အား ထပ်မံနှိပ်စက်ကာ ပစ်သတ်ခဲ့ကြောင်း သိရှိရပါသည်။ 

ဇွန်လ (၁၅) ရက်နေ့တွင် ဦးဇခုန်လွမ်းခေါင်၏ အလောင်းကို လာရောက်ကောက်ယူရန် ဖုန်းဆက် အကြောင်းကြားမှုကြောင့် ရွာသားများမှ အလောင်းသွားကောက်ရန် အသွား ခလရ (၁၂၈) ၏ နေရာသို့ အစားထိုး ရောက်ရှိလာသော ခလရ (၂၄၂) မှ အလောင်း သွားရောက်ကောက်ယူရန် ပြန်လည် တားဆီးခဲ့ကြောင်း သိရှိရပါသည်။ 

ဇွန် (၁၅) ရက်နေ့ ညနေ (၄း၃၀) နာရီခန့် အချိန်တွင် လွဲလောမ့် အနီးတစ်ဝိုက်၌ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း လည်းသိရှိရပါသည်။ ယခုအခါ ဦးဇခုံလွမ်းခေါင်၏ အလောင်းကို ပြန်လည် ကောက်ယူရရှိပြီဖြစ်ပြီး ယနေ့ ဇွန် (၁၉) ရက်နေ့တွင် နောင်းဆိုင်ရွာ၌ မြုပ်နံရန် ပြင်ဆင်လျှက် ရှိကြောင်း သိရှိရပါသည်။

 ဗမာစစ်တပ်များ၏ ပစ်သတ်ခြင်းခံရသော ဦးဇခုံလွမ်းခေါင်တွင် မိခင်အိုနှင့်အတူ ဇနီး၊ သားသမီး (၆) ဦးကျန်ရစ်ခဲ့ကြောင်း၊ အငယ်ဆုံးသားမှာ တစ်နှစ်ကျော် အရွယ်လူမမယ်လေး ဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။

19 June 2013 post by Jinghpaw kasa
ကေအိုင်အိုအစိုးရ ထိန်းချုပ်နယ်မြေဖြစ်သောရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေတပ်ရင်း (၃၆)နယ် မူဆယ်
မြို့နယ် မုန်ကူး နောင်းဆိုင် ကျေးရွာရှိ ကလေး (၆) ဦး၏ ဖခင်ဖြစ်သော ဦးဇခုံလွမ်းခေါင် ကို ဗမာအစိုးရ စစ်
တပ် ခလရ (၁၂၈) မှ ဇွန် (၁၄) ရက်နေ့တွင် ရှေ့တန်းတစ်နေရာ၌ ပစ်သတ်ခဲ့ကြောင်း သိရှိရပါသည်။

ဆိုင်ကယ် ကယ်ရီမောင်းသူကို ဓါးဖြင့်ထိုးပြီး ဆိုင်ကယ်လုယူထွက်ပြေးမှုဖြစ်

ဇွန်လ ၁၉ ရက် ၂၀၁၃ ခုနှစ်
ဆိုင်ကယ် ကယ်ရီမောင်းသူကို ဓါးဖြင့်ထိုးပြီး ဆိုင်ကယ်အား လုယူထွက်ပြေးမှုတစ်ခု ဒလမြို့နယ်တွင် ဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာ ရဲစခန်းက ဇွန် ၁၇ ရက်တွင် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ရန်ုကုန်တိုင်း ရဲတပ်ဖွဲ့ မှူးရုံး၏ မှုခင်းမှတ်တမ်းအရ သိရသည်။

သက်တမ်းလွန် BAB ကလေးအားတိုးဆေးပြား ၁၇ သိန်းကျော် မီးရှို့ ဖျက်ဆီး

Wednesday, June 19, 2013

သက်တမ်း ကျော်လွန်နေသည့် BAB ကလေးအားတိုးဆေးပြား ၁၇ သိန်း ကျော်နှင့် နှလုံးကျန်းမာရေး အတွက် သောက်သုံးသည့် Protect ဆေးပြားပေါင်း နှစ်သိန်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

မွန်လူငယ်ထုကို မူးယစ်ဆေးဝါး ခြိမ်းခြောက်

Photo: မွန်လူငယ်ထုကို မူးယစ်ဆေးဝါး ခြိမ်းခြောက်
Wednesday, June 19, 2013

မွန်လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု စိုးရိမ်ဖွယ်ရာဖြစ်လာတဲ့အတွက် အစိုးရနဲ့ နိုင်ငံရေးပါတီတွေက ထိထိရောက်ရောက်ကိုင်တွယ်ဆောင်ရွက်ဖို့ မွန်ဒေသလူ့အခွင့်အရေး ဖောင်ဒေးရှင်းက တောင်းဆိုလိုက်ပါတယ်။

မော်လမြိုင်၊ ရေးမြို့နယ်၊ သံဖြူဇရပ်၊ ကျိုက်မရောနဲ့ ကြာအင်းဆိပ်ကြီး စတဲ့မြို့နယ်တွေမှာ ရဲတပ်ဖွဲ့ဝင်တချို့အပါအ၀င် လူ ၁၄၀ ခန့်ကို တွေ့ဆုံမေးမြန်းချက်ကို အခြေပြု ထုတ်ပြန်တဲ့အစီရင်ခံစာမှာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ရာဘလို့ ခေါ်တဲ့ စိတ်ကြွဆေးပြားတွေဟာ မွန်လူငယ်ထုအကြားမှာ သုံးစွဲမှု တွင်ကျယ်နေပြီး ဒီရောင်းဝယ်ဖောက်ကားမှုတွေမှာ နယ်မြေခံအာဏာပိုင်တွေရဲ့ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ပတ်သက်နေတယ်လို့ မွန်ဒေသလူ့အခွင့်အရေးဖောင်ဒေးရှင်းက ပြောခွင့်ရ ပရိုဂရမ်ညှိနှိုင်းဆောင်ရွက်ရေးမှူး နိုင်အောမွန်က ပြောပါတယ်။

“စိတ်ကြွဆေးပြား၊ မြင်းဆေးတွေက အထူးသဖြင့် မွန်လူငယ်ထုတွေထဲ ပျံ့နှံ့စိမ့်ဝင်နေတာ အင်မတန် ကြောက်ဖို့ကောင်းတယ်။ စစ်တမ်းတွေအရဆိုရင် မြို့နယ်အချို့မှာ ၄၀ ကနေ ၅၀ ရာနှုန်းလောက်အထိ ရှိနေတယ်။ အစိုးရကိုင်တွယ်မှုကို ကြည့်ရင်လည်း အင်မတန် အားနည်းတယ်။ တချို့ဆို လျစ်လျူရှုထားတဲ့ အနေအထား သွားတွေ့ရတယ်။”

လက်ရှိအတိုင်း လွှတ်ထားရင် မွန်လူငယ်တွေအကြား မူးယစ်ဆေးဝါးသုံးစွဲမှု အလေ့အထဆိုးကြီးတခု အမြစ်တွယ်သွားမှာ စိုးရိမ်တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်နေသူအများစုနဲ့ ပတ်သက်သူတွေဟာ အစိုးရတပ်ဖွဲ့တွေ၊ အာဏာပိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေဖြစ်တယ်လို့ နိုင်အောမွန်က ပြောပါတယ်။

သူတို့အဖွဲ့ လူထုအကြားမှာ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုသဲလွန်စကို လိုက်လံစုံစမ်းရာမှာ လက်နက်ကိုင်အဖွဲ့တချို့ရဲ့တားမြစ်မှုကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ ၃ လလောက်က ကွင်းဆင်းမှုတွေ စလုပ်တယ်။ နယ်မြေခံအာဏာပိုင်တွေတင်မဟုတ်ဘူး၊ ဘီဂျီအက်ဖ်လို့ခေါ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တချို့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေမှာဆိုရင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ မေးမြန်းမှုတွေကိုတောင် မကြိုက်ကြဘူး။ နယ်မြေတွေသွားရင်လည်း တအား စစ်ဆေးမေးမြန်းတာရှိတယ်။ ကင်မရာတွေ တွေ့ရင်လည်း တော်တော်မေးတယ်၊ တခုခုကို စိုးရိမ်နေပုံရတယ်။ တားဆီးတာတော့ ၁-၂ ခု ကြုံတယ်။ ခြိမ်းခြောက်တာ၊ မေးမြန်းတာနဲ့ မသင်္ကာတဲ့အကြည့်နဲ့ ကြည့်တာတွေလည်း အများကြီး ကြုံရတယ်။”

အစိုးရဘက်က တာဝန်ရှိသူတွေကို မေးမြန်းရာမှာ အကန့်အသတ်နဲ့သာ အဖြေရခဲ့သလို အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံးနဲ့ ဒီကေဘီအေအဖွဲ့အစည်းတွေကလည်း လိုလိုလားလား ဖြေဆိုချင်ပုံမရတာကို ကြုံတွေ့ခဲ့ရတယ်လို့ နိုင်အောမွန်က ပြောကြပါတယ်။

ဒီအစီရင်ခံစာကို ထုတ်ပြန်ရတာဟာ ပကတိဖြစ်နေတာတွေက လူသားပြုန်းတီး စေနိုင်လောက်တဲ့ ခြိမ်းခြောက်မှုဖြစ်နေလို့၊ လူငယ်ထုတရပ်လုံး လူညွန့်မတုံးစေဖို့ ရည်ရွယ်ချက်နဲ့သာ ထုတ်ပြန်တာဖြစ်ပြီး  ဘယ်ပုဂ္ဂိုလ်နဲ့ ဘယ်အဖွဲ့အစည်းကိုမှ ထိခိုက် နစ်နာစေလိုတဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူးလို့လည်း  သူက ရှင်းလင်းပြောဆိုပါတယ်။ 

DVB News

Wednesday, June 19, 2013

မွန်လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု စိုးရိမ်ဖွယ်ရာဖြစ်လာတဲ့အတွက် အစိုးရနဲ့ နိုင်ငံရေးပါတီတွေက ထိထိရောက်ရောက်ကိုင်တွယ်ဆောင်ရွက်ဖို့ မွန်ဒေသလူ့အခွင့်အရေး ဖောင်ဒေးရှင်းက တောင်းဆိုလိုက်ပါ
တယ်။

ကမ္ဘာ့ လူဦးရေ အများဆုံး အဖြစ် အိန္ဒိယ ထိပ်ဆုံး ရောက်မည်

Photo: ကမ္ဘာ့ လူဦးရေ အများဆုံး အဖြစ် အိန္ဒိယ ထိပ်ဆုံး ရောက်မည် 
Wednesday, June 19, 2013

ကုလသမဂ္ဂ၏ သတင်း ထုတ်ပြန်ချက်အရ ၂ဝ၂၈ ခုနှစ် အရောက်တွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့လူဦးရေ အများဆုံး ရှိသော နိုင်ငံ အဖြစ်ဖြင့် တရုတ်နိုင်ငံကို ကျော်ဖြတ်သွားမည်ဟု သိရသည်။

ယခု လောလော ဆယ်၌ နှစ်နိုင်ငံ စလုံးတွင် လူဦးရေ ၁ ဒသမ ၄၅ ဘီလီယံစီ ရှိနေကြသည်။

တရုတ်နိုင်ငံမှ လူဦးရေသည် ဖြည်းဖြည်းချင်း လျော့ကျသွားနေစဉ် ရာစုနှစ်တစ်ဝက်သို့ ရောက်ရှိလာသည်နှင့် နောက်ပိုင်း ကာလများတွင် အိန္ဒိယနိုင်ငံ၏ လူဦးရေသည် ဆက်လက် တိုးပွား နေပေလိမ့်မည်။ လက်ရှိ ကမ္ဘာ့ လူဦးရေသည် ၇ ဒသမ ၂ ဘီလီယံ ရှိနေပေရာ ၂ဝ၅ဝ ပြည့်နှစ် အရောက်တွင် ၉ ဒသမ ၆ ဘီလီယံ ရှိလာမည်ဟု ကုလသမဂ္ဂက ထပ်မံ ခန့်မှန်းထားသည်။ ယခင် ခန့်မှန်းခဲ့ကြသည်ထက် မြန်ဆန်စွာ တိုးပွား လာနေသော နှုန်းထားဖြစ်သည်။ လူဦးရေ တိုးပွားနေခြင်းသည် အဓိကအားဖြင့် ဖွံ့ဖြိုးမှု နိမ့်ကျသော နိုင်ငံများတွင်သာ ဖြစ်နေ၍ အထူးသဖြင့် အာဖရိက ဒေသတွင် လူဦးရေ အတိုးတက်ဆုံး ဖြစ်နေကြောင်း ကုလသမဂ္ဂက ဖော်ပြထားသည်။

ကမ္ဘာ့ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ၄၉ နိုင်ငံသည် လူဦးရေ ပမာဏ နှစ်ဆဖြစ်လာအောင် စီမံကိန်း ထားရှိနေသဖြင့် ၂ဝ၁၃ ခုနှစ်၌ လူဦးရေသန်း ၉ဝဝ ရှိနေပြီး ၂ဝ၅ဝ ပြည့်နှစ် အရောက်တွင် ၁ ဒသမ ၈ ဘီလီယံ ဖြစ်လာ ပေလိမ့်မည်။ ထိုစဉ်ကာလ အတောအတွင်း၌ ဖွံ့ဖြိုး တိုးတက်နေသော နိုင်ငံများသည် အကြီးအကျယ် ပြောင်းလဲမှုမရှိဘဲ တည်ငြိမ် နေပေလိမ့်မည်။ မျိုးစေ့ အောင်မြင်မှု အဆင့်အပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် မှတ်သားဖွယ်ရာ သတင်း အချက်အလက်များ ဦးတည်ချက် ထားရှိနေကြသဖြင့် ဤသို့လူဦးရေ တိုးတက်နေ ရသည့် အကြောင်းအရင်းကြောင့် မွေးဖွားနှုန်း မြင့် မားနေခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂက သုံးသပ်ထား သည်။ အကြီးအကျယ် ဖွံ့ဖြိုး တိုးတက်နေဆဲ ဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘရာဇီး နိုင်ငံတို့တွင်  အမျိုးသမီး တစ်ဦးလျှင် ပျမ်းမျှ ကလေးတစ်ယောက်သာ ယူနေကြရ၍ လျင်မြန်စွာ တိုးပွားမှု ကျဆင်းသွား ခဲ့သည်။ သို့သော်လည်း နိုက်ဂျီးရီးယား၊ နိုက်ဂျာ၊ အီသီယိုးပီးယားနှင့် ယူဂန္ဓာ နိုင်ငံများတွင်မူ မွေးဖွားရန် မျိုး  ကောင်း အောင်မြင်သော အဆင့် အကြီးအကျယ် မြင့်မားနေပေသည်။ ရာစုနှစ် ထက်ဝက်ကျိုး သွားသည်နှင့် အမေရိကန် နိုင်ငံထက် နိုက်ဂျီးရီးယား၏ လူဦးရေသည် ကျော်တက်သွားမည် ဟု မျှော်လင့်ရပြီး ၂၁ဝဝ ပြည့်နှစ် အရောက်တွင် တရုတ်နိုင်ငံ၏ လူဦးရေသည် စတင်၍ ကျဆင်းလာတော့မည်ဟု ယူဆရသည်။

ကမ္ဘာတစ်ဝန်းလုံးတွင် လူဦးရေ တိုးပွားမှု နှေးကွေးလာပြီဟု ဆိုသော်ငြားလည်း အားလုံးကို ခြုံငုံ၍ သုံးသပ် ရသော် ဤအစီရင်ခံစာသည် ကျွန်ုပ်တို့အား သတိပေးလျက် ရှိနေသည့် အချက်တစ်ချက် ဖြစ်နေပေသည်။ ၎င်းမှာအထူးသဖြင့် အာဖရိကကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံတချို့သည် ဆက်လက်၍ လျင်မြန်စွာ လူဦးရေ တိုးတက် လျက်ရှိကြောင်း ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူမှုရေးဌာနမှ အထွေထွေ အတွင်းရေးမှူးချုပ်၏ လက် ထောက်ဝုဟောင်းဘို (Wu Hongbo) က ဝေဖန် ပြောကြားသည်။ ကုလသမဂ္ဂသည် နှစ်နှစ်လျှင် တစ်ကြိမ် ကျ ကမ္ဘာ့လူဦးရေ ဖြစ်နိုင်ခြေ အလားအလာများ (World Population Prospects) ကို အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် လူဦးရေတို့မှ အကဲဖြတ် ထုတ်ပြန်လေ့ ရှိသည်။   ။

ဦးတိုး (တက္ကသီလ)

မြ၀တီ

Wednesday, June 19, 2013

ကုလသမဂ္ဂ၏ သတင်း ထုတ်ပြန်ချက်အရ ၂ဝ၂၈ ခုနှစ် အရောက်တွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့လူဦးရေ အ
များဆုံး ရှိသော နိုင်ငံ အဖြစ်ဖြင့် တရုတ်နိုင်ငံကို ကျော်ဖြတ်သွားမည်ဟု သိရသည်။

ကာပယ်လိုအား ခေါ်ယူရန်စိတ်ဝင်စားနေသည့် ပီအက်စ်ဂျီ...

Photo: ကာပယ်လိုအား ခေါ်ယူရန်စိတ်ဝင်စားနေသည့် ပီအက်စ်ဂျီ...
Wednesday, June 19, 2013

နည်းပြ ရာထူးလစ်လပ်နေသော ပီအက်စ်ဂျီ အသင်းသည် စပါးနည်းပြ
ဘိုအက်စ် အား ခေါ်ယူရန်မဖြစ်နိုင်တော့ သည့်အတွက် ရုရှားနည်းပြ
ကာပယ်လို ကို ခေါ်ယူရန်စီစဉ်နေကြောင်းသိရသည်။ 

ပီအက်ဂျီအသင်းသည် အစောပိုင်းက ရီးရဲလ်မက်ဒရစ် နည်းပြပောာင်း မော်ရင်ပိာု ကိုခေါ်ယူရန်စီစဉ်ခဲ့သော်လည်း မော်ရင်ပိာုက အသင်းပောာင်း ချဲလ်ဆီးကိုသာရွေးချယ်ခဲ့သောကြောင့်လက်လွှက်ခဲ့ရသည်။ ကာပယ်လို သည် ယခုလက်ရှိတွင် ရုရှားနိုင်ငံလက်ရွေးစင် အသင်းကို နည်းပြနေပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန် အခြေနေကောင်းရရှိအောင်စွမ်းဆောင်
ပေးထားသည်။ 

ကာပယ်လို သည် ယခင်က ရီးရဲလ်မက်ဒရစ် ၊ ရိုးမား
၊ အေစီမီလန် အသင်းတို့တွင် နည်းပြပြီး အောင်မြင်မှုများရခဲ့သော်လည်း
အင်္ဂလန်နိုင်ငံလက်ရွေးစင်အသင်းတွင် အောင်မြင်မှုမရရှိခဲ့ဘဲ နှစ်ဦးသဘော
တူလမ်းခွဲခဲ့ရသည်။ ထိုနောက် ရုရှား အသင်းကို ၂၀၂ ခုနှစ် ဇူလိုင် တွင်
နှစ်နှစ်စာချုပ်ဖြင့်ကိုင်တွယ်ခဲ့ပြီး လက်ရှိအချိန်တွင် စာချုပ်သက်တမ်း
တစ်နှစ်ကျန်ရှိနေသေးသည်။

ပီအက်စ်ဂျီအသင်းဥက္ကဌ အယ်ခီလိုင်ဖီသည်ကာပယ်လို အားခေါ်ယူရန်အဆင်မပြေပါက အာဆင်နယ်အသင်းနည်းပြ
အာဆင်ဝင်ဂါး ကိုခေါ်ယူရန်စိတ်ဝင်စားနေသည်။ အယ်ဂျာဇီယာ အားကစား
ရုပ်သံလိုင်း တွင် အထွေထွေမန်နေဂျာ တာဝန် ထမ်းဆောင်နေသော
ပီအက်စ်ဂျီအသင်း ဥက္ကဌ သည် အာဆင်နယ်အသင်းနည်းပြ အာဆင်ဝင်းဂါး
နှင့် ရင်နှီး သောဆက်ဆံရေးရှိသူလည်းဖြစ်သည်။ ပီအက်စ်ဂျီအသင်းသည်
၂၀၁၁ ခုနှစ်က အာဆင်ဝင်းဂါး ကိုခေါ်ယူရန် ကြိုးစားခဲ့ဖူးသည်။

SkyNet TV Browser

Wednesday, June 19, 2013

နည်းပြ ရာထူးလစ်လပ်နေသော ပီအက်စ်ဂျီ အသင်းသည် စပါးနည်းပြ ဘိုအက်စ် အား ခေါ်ယူရန်မဖြစ်နိုင်
တော့ သည့်အတွက် ရုရှားနည်းပြ ကာပယ်လို ကို ခေါ်ယူရန်စီစဉ်နေကြောင်းသိရသည်။

ဇွန်လ ၁၉ ရက်နေ ယနေ့သည် သရုပ်ဆောင်အောင်ရဲလင်း ရဲ့မွေးနေ့ဖြစ်

Photo: ယနေ့ ဇွန်လ ၁၉ ရက်နေ့ဟာ သရုပ်ဆောင်အောင်ရဲလင်း ရဲ့မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ပြီး အနုပညာဖြင့် လူမှုကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

Popular Journal

ယနေ့ ဇွန်လ ၁၉ ရက်နေ့ဟာ သရုပ်ဆောင်အောင်ရဲလင်း ရဲ့မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့မှစပြီး နောင်နှစ်
ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ပြီး အနုပညာဖြင့် လူမှုကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ RangonNewsDaily မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

လိင်အသားပေးဇာတ်ဝင်ခန်းများ ထိန်းချုပ်သင့်ပြီလား