Pages

Wednesday, June 19, 2013

၁၅၀၀ တန် ဆင်း(မ်)ကတ် ၈၀၀၀၀ ကျော် ရန်ကုန်တိုင်းဒေသကြီးတွင် ဇွန် ၂၀ ရက်ထပ်ချမည်

Wednesday, June 19, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွက် CDMA 800 MHz ကျပ်၁၅ဝဝတန်ဆင်းမ်ကတ် များကို တတိယအသုတ်အနေဖြင့် အလုံးရေ ၈၀ဝဝဝ ကျော်ရောင်း ချပေးမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရ သည်။

ဇွန် ၂ဝရက်တွင် တန်ဖိုးနည်း ဖုန်းမဲနှိုက်ရောင်းချမည့် အစီအစဉ်တွင် CDMA 800 MHz အမျိုးအစား တစ်မျိုးတည်းကိုသာ ရောင်းချပေးမည်ဖြစ်ပြီး ဂျီအက်စ် အမ်နှင့် CDMA 450 MHz ဆင်းမ် ကတ်များကို ရောင်းချမည်မဟုတ် သေးကြောင်း ရန်ကုန်တိုင်းဒေသ ကြီးတွင် အလုံးရေ ၈၈၂၈၉လုံး အား မြို့နယ်များသို့ ခွဲဝေချ ထား ပေးမည်ဖြစ်ကြောင်း သိရသည်။

''လိုင်းအင်အားရှိတဲ့ပေါ် မူတည်ပြီး ဆင်းမ်ကတ်ကို ချ ထားပေးရတာပါ။ ရန်ကုန်မှာ လိုင်းအင်အားထပ်ချဲ့မှာဖြစ်တဲ့ အတွက် ရှိတဲ့လိုင်းကို ချထားပေး ခြင်းဖြစ် ပါတယ်။ နောက်လတွေ မှာတော့ အလုံးရေတိုးချထားပေး ဖို့ရှိပါတယ်''ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ကျပ်၁၅ဝဝ တန်ဆင်းမ်ကတ် များကို စည်ပင်သာယာနယ် နိမိတ်ပြင်ပမြို့နယ် ၁ရမြို့နယ် တွင် အလုံးရေ၂၅၂၈၉လုံး ချထား ပေးသွားမည်ဖြစ်ပြီး မဲစနစ်ဖြင့် ရောင်းချပေး မည်ဖြစ်ကြောင်း သိရသည်။ ''အရင်လ တွေက မဲထည့် ထားတဲ့သူတွေက ပြန်ထည့်ဖို့ မလို အပ်ပါဘူး။ မဲမထည့်ရသေးတဲ့ လူတွေကလဲ သက်ဆိုင်ရာ ရပ်ကွက်အုပ် ချုပ်ရေးမှူး ရုံးတွေမှာ သွား ထည့် နိုင်ပါတယ်''ဟု အ ဆိုပါတာဝန်ရှိသူက ဆက်လက် ပြောသည်။ ဒုတိယအသုတ်အနေဖြင့် မေ ၂၅ ရက်က ရန်ကုန်တိုင်း ဒေသကြီး အတွက် ခွဲတမ်း ကတ် ရေ ၁၀၁၂ဝဝကျော် ရောင်းချပေး ခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ဖူးပွင့်သော်
YMG , RangonNewsDaily
kolatt(PBDN): 19.6.2013

0 comments:

Post a Comment