Pages
Wednesday, June 19, 2013
ကမ္ဘာ့ လူဦးရေ အများဆုံး အဖြစ် အိန္ဒိယ ထိပ်ဆုံး ရောက်မည်
Photo: ကမ္ဘာ့ လူဦးရေ အများဆုံး အဖြစ် အိန္ဒိယ ထိပ်ဆုံး ရောက်မည် 
Wednesday, June 19, 2013
ကုလသမဂ္ဂ၏ သတင်း ထုတ်ပြန်ချက်အရ ၂ဝ၂၈ ခုနှစ် အရောက်တွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့လူဦးရေ အများဆုံး ရှိသော နိုင်ငံ အဖြစ်ဖြင့် တရုတ်နိုင်ငံကို ကျော်ဖြတ်သွားမည်ဟု သိရသည်။
ယခု လောလော ဆယ်၌ နှစ်နိုင်ငံ စလုံးတွင် လူဦးရေ ၁ ဒသမ ၄၅ ဘီလီယံစီ ရှိနေကြသည်။
တရုတ်နိုင်ငံမှ လူဦးရေသည် ဖြည်းဖြည်းချင်း လျော့ကျသွားနေစဉ် ရာစုနှစ်တစ်ဝက်သို့ ရောက်ရှိလာသည်နှင့် နောက်ပိုင်း ကာလများတွင် အိန္ဒိယနိုင်ငံ၏ လူဦးရေသည် ဆက်လက် တိုးပွား နေပေလိမ့်မည်။ လက်ရှိ ကမ္ဘာ့ လူဦးရေသည် ၇ ဒသမ ၂ ဘီလီယံ ရှိနေပေရာ ၂ဝ၅ဝ ပြည့်နှစ် အရောက်တွင် ၉ ဒသမ ၆ ဘီလီယံ ရှိလာမည်ဟု ကုလသမဂ္ဂက ထပ်မံ ခန့်မှန်းထားသည်။ ယခင် ခန့်မှန်းခဲ့ကြသည်ထက် မြန်ဆန်စွာ တိုးပွား လာနေသော နှုန်းထားဖြစ်သည်။ လူဦးရေ တိုးပွားနေခြင်းသည် အဓိကအားဖြင့် ဖွံ့ဖြိုးမှု နိမ့်ကျသော နိုင်ငံများတွင်သာ ဖြစ်နေ၍ အထူးသဖြင့် အာဖရိက ဒေသတွင် လူဦးရေ အတိုးတက်ဆုံး ဖြစ်နေကြောင်း ကုလသမဂ္ဂက ဖော်ပြထားသည်။
ကမ္ဘာ့ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ၄၉ နိုင်ငံသည် လူဦးရေ ပမာဏ နှစ်ဆဖြစ်လာအောင် စီမံကိန်း ထားရှိနေသဖြင့် ၂ဝ၁၃ ခုနှစ်၌ လူဦးရေသန်း ၉ဝဝ ရှိနေပြီး ၂ဝ၅ဝ ပြည့်နှစ် အရောက်တွင် ၁ ဒသမ ၈ ဘီလီယံ ဖြစ်လာ ပေလိမ့်မည်။ ထိုစဉ်ကာလ အတောအတွင်း၌ ဖွံ့ဖြိုး တိုးတက်နေသော နိုင်ငံများသည် အကြီးအကျယ် ပြောင်းလဲမှုမရှိဘဲ တည်ငြိမ် နေပေလိမ့်မည်။ မျိုးစေ့ အောင်မြင်မှု အဆင့်အပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် မှတ်သားဖွယ်ရာ သတင်း အချက်အလက်များ ဦးတည်ချက် ထားရှိနေကြသဖြင့် ဤသို့လူဦးရေ တိုးတက်နေ ရသည့် အကြောင်းအရင်းကြောင့် မွေးဖွားနှုန်း မြင့် မားနေခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂက သုံးသပ်ထား သည်။ အကြီးအကျယ် ဖွံ့ဖြိုး တိုးတက်နေဆဲ ဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘရာဇီး နိုင်ငံတို့တွင်  အမျိုးသမီး တစ်ဦးလျှင် ပျမ်းမျှ ကလေးတစ်ယောက်သာ ယူနေကြရ၍ လျင်မြန်စွာ တိုးပွားမှု ကျဆင်းသွား ခဲ့သည်။ သို့သော်လည်း နိုက်ဂျီးရီးယား၊ နိုက်ဂျာ၊ အီသီယိုးပီးယားနှင့် ယူဂန္ဓာ နိုင်ငံများတွင်မူ မွေးဖွားရန် မျိုး  ကောင်း အောင်မြင်သော အဆင့် အကြီးအကျယ် မြင့်မားနေပေသည်။ ရာစုနှစ် ထက်ဝက်ကျိုး သွားသည်နှင့် အမေရိကန် နိုင်ငံထက် နိုက်ဂျီးရီးယား၏ လူဦးရေသည် ကျော်တက်သွားမည် ဟု မျှော်လင့်ရပြီး ၂၁ဝဝ ပြည့်နှစ် အရောက်တွင် တရုတ်နိုင်ငံ၏ လူဦးရေသည် စတင်၍ ကျဆင်းလာတော့မည်ဟု ယူဆရသည်။
ကမ္ဘာတစ်ဝန်းလုံးတွင် လူဦးရေ တိုးပွားမှု နှေးကွေးလာပြီဟု ဆိုသော်ငြားလည်း အားလုံးကို ခြုံငုံ၍ သုံးသပ် ရသော် ဤအစီရင်ခံစာသည် ကျွန်ုပ်တို့အား သတိပေးလျက် ရှိနေသည့် အချက်တစ်ချက် ဖြစ်နေပေသည်။ ၎င်းမှာအထူးသဖြင့် အာဖရိကကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံတချို့သည် ဆက်လက်၍ လျင်မြန်စွာ လူဦးရေ တိုးတက် လျက်ရှိကြောင်း ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူမှုရေးဌာနမှ အထွေထွေ အတွင်းရေးမှူးချုပ်၏ လက် ထောက်ဝုဟောင်းဘို (Wu Hongbo) က ဝေဖန် ပြောကြားသည်။ ကုလသမဂ္ဂသည် နှစ်နှစ်လျှင် တစ်ကြိမ် ကျ ကမ္ဘာ့လူဦးရေ ဖြစ်နိုင်ခြေ အလားအလာများ (World Population Prospects) ကို အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် လူဦးရေတို့မှ အကဲဖြတ် ထုတ်ပြန်လေ့ ရှိသည်။   ။
ဦးတိုး (တက္ကသီလ)
မြ၀တီ
Wednesday, June 19, 2013
ကုလသမဂ္ဂ၏ သတင်း ထုတ်ပြန်ချက်အရ ၂ဝ၂၈ ခုနှစ် အရောက်တွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့လူဦးရေ အ
များဆုံး ရှိသော နိုင်ငံ အဖြစ်ဖြင့် တရုတ်နိုင်ငံကို ကျော်ဖြတ်သွားမည်ဟု သိရသည်။ ယခု လောလော ဆယ်၌ နှစ်နိုင်ငံ စလုံးတွင် လူဦးရေ ၁ ဒသမ ၄၅ ဘီလီယံစီ ရှိနေကြသည်။
တရုတ်နိုင်ငံမှ လူဦးရေသည် ဖြည်းဖြည်းချင်း လျော့ကျသွားနေစဉ် ရာစုနှစ်တစ်ဝက်သို့ ရောက်ရှိလာသည်
နှင့် နောက်ပိုင်း ကာလများတွင် အိန္ဒိယနိုင်ငံ၏ လူဦးရေသည် ဆက်လက် တိုးပွား နေပေလိမ့်မည်။ လက်ရှိ ကမ္ဘာ့ လူဦးရေသည် ၇ ဒသမ ၂ ဘီလီယံ ရှိနေပေရာ ၂ဝ၅ဝ ပြည့်နှစ် အရောက်တွင် ၉ ဒသမ ၆ ဘီလီယံ ရှိ
လာမည်ဟုကုလသမဂ္ဂက ထပ်မံ ခန့်မှန်းထားသည်။ ယခင် ခန့်မှန်းခဲ့ကြသည်ထက် မြန်ဆန်စွာ တိုးပွား လာ
နေသော နှုန်းထားဖြစ်သည်။လူဦးရေတိုးပွားနေခြင်းသည်အဓိကအားဖြင့်ဖွံ့ဖြိုးမှု နိမ့်ကျသော နိုင်ငံများတွင်
သာ ဖြစ်နေ၍ အထူးသဖြင့် အာဖရိက ဒေသတွင် လူဦးရေ အတိုးတက်ဆုံး ဖြစ်နေကြောင်း ကုလသမဂ္ဂက
 ဖော်ပြထားသည်။
ကမ္ဘာ့ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ၄၉ နိုင်ငံသည် လူဦးရေ ပမာဏ နှစ်ဆဖြစ်လာအောင် စီမံကိန်း ထားရှိနေသဖြင့် ၂ဝ၁၃ ခုနှစ်၌ လူဦးရေသန်း ၉ဝဝ ရှိနေပြီး ၂ဝ၅ဝ ပြည့်နှစ် အရောက်တွင် ၁ ဒသမ ၈ ဘီလီယံ ဖြစ်လာ ပေ
လိမ့်မည်။
ထိုစဉ်ကာလ အတောအတွင်း၌ ဖွံ့ဖြိုး တိုးတက်နေသော နိုင်ငံများသည် အကြီးအကျယ် ပြောင်းလဲမှုမရှိဘဲ တည်ငြိမ် နေပေလိမ့်မည်။ မျိုးစေ့ အောင်မြင်မှု အဆင့်အပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် မှတ်သားဖွယ်ရာ သ
တင်း အချက်အလက်များ ဦးတည်ချက် ထားရှိနေကြသဖြင့် ဤသို့လူဦးရေ တိုးတက်နေ ရသည့် အကြောင်း
အရင်းကြောင့် မွေးဖွားနှုန်း မြင့် မားနေခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂက သုံးသပ်ထား သည်။ အကြီးအကျယ် ဖွံ့ဖြိုး တိုးတက်နေဆဲ ဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘရာဇီး နိုင်ငံတို့တွင် အမျိုးသမီး တစ်ဦးလျှင် ပျမ်းမျှ ကလေးတစ်ယောက်သာ ယူနေကြရ၍ လျင်မြန်စွာ တိုးပွားမှု ကျဆင်းသွား ခဲ့သည်။ 
သို့သော်လည်း နိုက်ဂျီးရီးယား၊ နိုက်ဂျာ၊ အီသီယိုးပီးယားနှင့် ယူဂန္ဓာ နိုင်ငံများတွင်မူ မွေးဖွားရန် မျိုး ကောင်း
အောင်မြင်သော အဆင့် အကြီးအကျယ် မြင့်မားနေပေသည်။ ရာစုနှစ် ထက်ဝက်ကျိုး သွားသည်နှင့် အမေရိ
ကန် နိုင်ငံထက် နိုက်ဂျီးရီးယား၏ လူဦးရေသည် ကျော်တက်သွားမည် ဟု မျှော်လင့်ရပြီး ၂၁ဝဝ ပြည့်နှစ် အ
ရောက်တွင် တရုတ်နိုင်ငံ၏ လူဦးရေသည် စတင်၍ ကျဆင်းလာတော့မည်ဟု ယူဆရသည်။
ကမ္ဘာတစ်ဝန်းလုံးတွင် လူဦးရေ တိုးပွားမှု နှေးကွေးလာပြီဟု ဆိုသော်ငြားလည်း အားလုံးကို ခြုံငုံ၍ သုံးသပ် ရ
မှာအထူးသဖြင့်အာဖရိကကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံတချို့သည်ဆက်လက်၍လျင်မြန်စွာ လူဦးရေ တိုးတက် လျက်
ရှိကြောင်း ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူမှုရေးဌာနမှ အထွေထွေ အတွင်းရေးမှူးချုပ်၏ လက် ထောက်ဝု
ဟောင်းဘို(Wu Hongbo)က ဝေဖန် ပြောကြားသည်။ ကုလသမဂ္ဂသည် နှစ်နှစ်လျှင် တစ်ကြိမ် ကျ ကမ္ဘာ့လူဦး
ရေ ဖြစ်နိုင်ခြေ အလားအလာများ (World Population Prospects) ကို အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် လူဦးရေ
တို့မှ အကဲဖြတ် ထုတ်ပြန်လေ့ ရှိသည်။ ။
ဦးတိုး (တက္ကသီလ)
မြ၀တီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၉.၆.၂၀၁၃
0 comments:
Post a Comment