Pages

Wednesday, May 15, 2013

၁၆-၅-၂၀၁၃ ရက်နေ့ နေ့လည်ဆယ့်နှစ်နာရီ မှစပြီး ညဆယ့်နှစ်နာရီ အတွင်း ပြင်းအားအများဆုံးဖြင့်ဝင်မွှေတော့မည့် ဆိုက်ကလုန်းမုန်တိုင်း မဟာစင်

တစ်နာရီလေတိုက်နှုန်း ရှစ်ဆယ့်ငါး/ကိုးဆယ့်ငါး မိုင် အများဆုံးတိုက်ခိုက်နိုင်ပါသည်။

မနက်ဖြန် ၁၆-၅-၂၀၁၃ ရက်နေ့ နေ့လည်ဆယ့်နှစ်နာရီ မှစပြီး ညဆယ့်နှစ်နာရီ အတွင်း ပြင်းအားအများဆုံးဖြင့်ဝင်မွှေပါလိမ့်မည်။ ပညာရှင်များနှင့်မုန်တိုင်းစောင့်ကြည့်ဌာနများ၏ ခန့်မှန်းချက်များအလိုအရ ၁၆-၅-၂၀၁၃ ရက်နေ့ ညနေသုံးနာရီမှခြောက်နာရီ အချိန်အတွင်းအထူးဂရုပြုသတိထားရမည်ဟုဆိုသည်။

မနက်ဖြန် ၁၆-၅-၂၀၁၃ ရက် နံနက်ခြောက်နာရီမှစပြီး မုန်တိုင်းစတင်ဝင်ရောက် တိုက်ခိုက်နေပြီဟုမှတ်ယူသင့်ပါသည်။
ကျွန်တော်တို့ အတွက်ပြင်ဆင်ချိန်သည် ဒီနေ့ ၁၅-၅-၂၀၁၃ နောက် ဆုံးဖြစ်ပါလိမ့်မည်။

မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ အထူးအလေးထားပြီး၊ ကျန် ရသေ့တောင်၊ ပေါက်တော၊ ကျောက်ဖြူ၊ မြေပုံ၊ ပုဏ္ဏားကျွန်း မြို့နယ်များပါ စနစ်တကျ ကြိုတင်ပြင်ဆင်စီမံထားကြပါ။

လေးဆယ့်ရှစ်နာရီစာ(နှစ်ရက်စာ)အစားအသောက်၊ သောက်ရေ၊ ဆေးဝါး၊ ဓာတ်မီး၊ ဝီစီ၊ ရေဒီယို နှင့် မိမိအတွက်မရှိမဖြစ်လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားကြပါ။

မှတ်ချက်။ ။ခေတ္တ လေငြိမ်သွားခြင်း၊ မိုးမရွာတော့ခြင်း၊ နေထွက်လာခြင်း များကိုအကြောင်းပြု၍ ကြိုတင်ပြင်ဆင်မှူ မလုပ်ဘဲမနေပါနှင့်။ မုန်တိုင်းက သူ့လမ်းကြောင်းအတိုင်း လာနေတုန်းဘဲ ရှိပါသေးသည်။

အစိုးရ မိုးလေဝါသဌာန၏ ရေဒီယို၊ တီဗွီ သတင်းများကိုနားထောင် အတည်ယူပါ၊ ဒေသအာဏာပိုင်များ နှင့် ကြက်ခြေနီ၊ မီးသတ်ကဲ့သို့သော သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့စည်းများ၏ စီမံခန့်ခွဲမှူ ကိုလိုက်နာပါ။

Myawady News

မနက်ဖြန် ၁၆-၅-၂၀၁၃ ရက်နေ့ နေ့လည်ဆယ့်နှစ်နာရီ မှစပြီး ညဆယ့်နှစ်နာရီ အတွင်း ပြင်းအားအများဆုံး
ဖြင့်ဝင်မွှေပါလိမ့်မည်။ ပညာရှင်များနှင့်မုန်တိုင်းစောင့်ကြည့်ဌာနများ၏ ခန့်မှန်းချက်များအလိုအရ ၁၆-၅-၂
၀၁၃ ရက်နေ ညနေသုံးနာရီမှခြောက်နာရီ အချိန်အတွင်းအထူးဂရုပြုသတိထားရမည်ဟုဆိုသည်။တစ်နာရီ
လေတိုက်နှုန်း ရှစ်ဆယ့်ငါး/ကိုးဆယ့်ငါး မိုင် အများဆုံးတိုက်ခိုက်နိုင်ပါသည်။

'၀' ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဆင့်မှ ပြည်နယ်အဆင့်သို့ ခွင့်ပြုပေးရန် တောင်းဆိုမှု ရှုပ်ထွေးမှုများ ဖြစ်လာနိုင်

'၀' ပြည်နယ် ခွင့်ပြုပေးရန် တောင်းဆိုမှု ရှုပ်ထွေးမှုများ ဖြစ်လာနိုင်

'၀' ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဆင့်မှ ပြည်နယ်အဆင့်သို့ ခွင့်ပြုပေးရန် တောင်းဆိုမှုသည် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက ပြောကြားသည်။

မေ ၁၀ ရက်က ရှမ်းပြည်နယ် '၀' အထူးဒေသ (၂) ပန်ဆန်းမြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သည့် အဖွဲ့နှင့် '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီတို့ တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံမှုတွင် '၀' ပြည် သွေးစည်းညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးရှောင်းမီလျံက '၀' ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ခွင့်ပြုပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ြ့မန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအနက် အင်အားအကြီးမားဆုံးဖြစ်သော '၀' ပြည် သွေးစည်းညီညွတ်ရေးပါတီ အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့် ခွင့်ပြုပေးရန် ၂၀၁၂ ခုနှစ်အတွင်းမှ စတင်ပြီး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကာ ယခုတစ်ကြိမ်တွင် ထပ်မံတောင်းဆိုလိုက်ခြင်း ဖြစ်သည်။

"ကျွန်တော့်အမြင်ကတော့ ပြည်နယ် မပေးသင့်သေးဘူး။ စောလွန်းသေးတယ်လို့ မြင်တယ်။ နောက်ပြီး ဒီကိစ္စဟာ လွှတ်တော်ထဲမှာ ပထမဆုံးအကြိမ် တံခါးပိတ် ဆွေးနွေးရမယ့်ကိစ္စ ဖြစ်လာပြီ။ '၀' ဒေသမှာ ရှိနေတဲ့ လူတွေက '၀' တိုင်းရင်းသား အစစ်တွေလား။ ဒါမှမဟုတ် '၀' တိုင်းရင်းသားတွေကို ဆိတ်ကလေးလို သဘောထားပြီး နောက်ကနေ အရိပ်ခိုဖို့ ၀င်နေတဲ့လူတွေလားဆိုတာ ပြန်ပြီး ဆန်းစစ်ဖို့ လိုတယ်။ ဒါတွေကို မဆန်းစစ်ဘဲ ခွင့်ပြုမယ်ဆိုရင် အရှုပ်အထွေး ဖြစ်လာတော့မှာပဲ" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ဆိုသည်။

အုပ်ချုပ်ရေးအဖွဲ့၏ ရုံးသုံးစာကို တရုတ်စာအဖြစ် ပြဋ္ဌာန်းထားပြီး ဒေသအတွင်း နေထိုင်သူ အားလုံး၏ ၃၀ ရာခိုင်နှုန်းခန့်သာ ဗမာစကားနှင့် တိုင်းရင်းသား ဘာသာစကား သုံးစွဲသော '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ်အဆင့် တိုးမြှင့်ပေးလိုက်သည်နှင့် မြန်မာနိုင်ငံ၏ ပြည်ထောင်စုပုံစံအသွင် ပြောင်းသွားနိုင်ကြောင်း စိုးရိမ်မှုများလည်း ရှိနေသည်။

"သူ့အနေနဲ့ တောင်းဆိုပိုင်ခွင့် ရှိပေမယ့်လည်း မဖြစ်သင့်သေးတဲ့ ကိစ္စလို့ ကျွန်တော်မြင်ပါတယ်။ တိုင်းပြည်မှာ လူမျိုးစုပေါင်းစုံ ရှိနေတယ်။ ရှမ်းပြည်နယ်မှာလည်း လူမျိုးစုပေါင်းစုံ ရှိနေတယ်။ ဒီအချိန်မှာ '၀' ကို ပြည်နယ်ပေးလိုက်မယ်ဆိုရင် ပြည်ထောင်စုလမ်းကြောင်းဟာ မခိုင်မာတဲ့သဘော ဖြစ်လာလိမ့်မယ်" ဟု ရှမ်းမျိုးဆက်အင်အားစု အဖွဲ့ဝင် စိုင်းအောင်မြင်က ပြောကြားခဲ့ပါသည်။

အုပ်ချုပ်ရေးပိုင်းတွင် တရုတ်လူမျိုးများ ၀င်ရောက်နေရာယူထားကာ ဒေသတွင်း လူနေမှု စရိုက်များတွင် တရုတ်သြဇာ လွှမ်းမိုးမှု ရှိသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သော '၀' သွေးစည်းညီညွတ်ရေး ပါတီ၏ ပြည်နယ်ခွင့်ပြုရန် တောင်းဆိုချက်ကို သဘောထားမှတ်ချက် မပေးလိုသော်လည်း အခြေအနေ ရှုပ်ထွေးမှုများကို ရင်ဆိုင်နေရပြီဟု ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောပါသည်။

"အခြေအနေတွေက အရူးရင့်သလို ဖြစ်နေပြီ။ အင်မတန် ထိလွယ်ရှလွယ် ဖြစ်နေတဲ့ကိစ္စမှာ ကျွန်တော်ဝင်ပြောလို့ မကောင်းတော့ဘူး။ အကောင်းဆုံးကတော့ လူထုသဘောထားကိုသာ မေးကြည့်ပါ။ ပြည်သူဆီ ပြန်သွားပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကိစ္စတုန်းကလည်း ပြည်သူတွေဆီ ပြန်သွားပါလို့ ကျွန်တော်ပြောခဲ့တယ်။ ပြန်မသွားခဲ့ဘူး။ အခုကိစ္စက ပြည်သူဆီ ပြန်မသွားခြင်းရဲ့ ဘေးထွက်ဆိုးကျိုးလို့ပဲ မြင်တယ်" ဟု ဦးခွန်ထွန်းဦးက ဆိုသည်။

လက်နက်ကိုင်အင်အား ၃၀၀၀၀ ကျော်ခန့်နှင့် အရံပြည်သူ့ စစ်အင်အား ၁၀၀၀၀ ကျော်ခန့် ရှိနေသော '၀' သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီ၏ လက်အောက်တွင် ရှိနေပြီး ပန်ဆိုင်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်းနှင့် ဟိုပန်ဒေသများတွင် အဓိက လှုပ်ရှားလျက် ရှိပါသည်။ မကြာသေးမီ အချိန်က UWSA သို့ တရုတ်နိုင်ငံမှ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့သည်ဆိုသော သတင်းများ ဆက်တိုက်ထွက်ပေါ်ခဲ့သည်။

ဧပြီ ၂၉ ရက်ကလည်း UWSA သို့ တရုတ်မှ စစ်ရဟတ်ယာဉ်များ ထောက်ပံ့သည်ဆိုသော သတင်းတစ်ရပ်ကို Janes Intelligence ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပြီး ထိုသတင်း မမှန်ကန်ဟု နှစ်ဖက်စလုံးမှ ငြင်းဆိုခဲ့ပါသည်။

UWSA သို့ တရုတ်မှ စစ်ရဟတ်ယာဉ်များ ထောက်ပံ့သည်ဆိုသော သတင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးက မေ ၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး '၀' သွေးစည်းညီညွတ်ရေး ပါတီကလည်း မေ ၁၀ ရက်က ဦးသိန်းဇော်တို့နှင့် တွေ့ဆုံစဉ် ရှင်းလင်းခဲ့ပါသည်။ အဆိုပါ ရှင်းလင်းချက် အားလုံးမှာ သတင်းထွက်ပေါ်အပြီး အချိန်များစွာ နောက်ကျပြီးမှ ရှင်းလင်းခဲ့ခြင်း ဖြစ်ပါသည်။

တရုတ်ဘက်မှ ရှင်းလင်းချက်မှာ Janes Intelligence ၏ ဖော်ပြချက် မမှန်ကန်ကြောင်း ပြောဆိုခဲ့ပြီး '၀' ဘက်မှ ရှင်းလင်းချက်မှာ ရဟတ်ယာဉ်တစ်စင်း၊ ဖော်ကာလေယာဉ်တစ်စင်းနှင့် သဘောင်္တစ်စင်းတို့ကို ထိုင်းနိုင်ငံမှ ၀ယ်ယူခဲ့ကြောင်း၊ သို့သော် အင်ဂျင်များ မပါဝင်ကြောင်း၊ ၀ယ်ယူခဲ့သည်များကို ဒေသတွင်း သဘာဝဥယျာဉ် တည်ဆောက်ရာ၌ ထည့်သွင်းအသုံးပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ ရှင်းလင်းမှုများ ရှိနေသော်လည်း တရုတ်နိုင်ငံနှင့် '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီ၏ ဆက်နွှယ်မှုအပေါ် မေးခွန်းထုတ်မှုများ ရှိနေဆဲဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး၏ မေ ၇ ရက် သတင်းထုတ်ပြန်ချက်တွင် တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် အေးချမ်းရေး ထိန်းသိမ်းရန် အစောဆုံး အကောင်အထည်ဖော်နိုင်ကြောင်း အမြဲရပ်တည် တိုက်တွန်းသည်ဟု ပြောဆိုထားသော်လည်း '၀' ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုမှုသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ ထုတ်ပြန်ထားသော အချက်နှင့် ဆန့်ကျင်လျက် ရှိနေကြောင်း သိရသည်။

"တရုတ်ဗဟို အစိုးရက UWSA နဲ့ တိုက်ရိုက်ထိတွေ့တဲ့ပုံစံ မရှိပေမဲ့ ဗဟိုအစိုးရလက်အောက်မှာ ရှိနေတဲ့ ပြည်နယ်အစိုးရကတော့ UWSA နဲ့ အနည်းနဲ့အများ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိနေတယ်လို့တော့ ကျွန်တော်မြင်တယ်။ ဒီအချိန်မှာ တရုတ်ပြည်နယ် အစိုးရတွေနဲ့ UWSA ကြားက ပူးပေါင်းဆောင်ရွက်မှုတွေဟာ ပွင့်လင်းမြင်သာမှု ရှိရမယ်။ ပွင့်လင်းမြင်သာမှု ရှိမှလည်း တရုတ်-မြန်မာ ဆက်ဆံရေးက သံသယတွေ လျော့ပါးနိုင်မှာ ဖြစ်တယ်" ဟု နိုင်ငံရေး လေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားပါသည်။ 

အခြားတစ်ဖက်တွင်လည်း UWSA သည် တရုတ် Intelligent Agencies များနှင့် ဆက်နွယ်မှု ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး တရုတ်စစ်တပ်မှ အရာရှိများက UWSA ကို စစ်ပညာများ သင်ကြားပေးနေကြောင်း၊ တနည်းအားဖြင့် UWSA သည် မြန်မာနိုင်ငံအတွင်း၌ တရုတ်က ချဲ့ထွင်ထားသော စစ်တပ်ကဲ့သို့ ဖြစ်နေကြောင်း '၀' သွေးစည်းညီညွတ်ရေး ပါတီအကြောင်းကို အတွင်းကျကျ သိရှိထားသူ ဆွီဒင်သတင်းစာဆရာ ဘာတေးလစ်တနာက ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း Eleven Media Group နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

"ပြည်နယ်အဆင့်ဆိုတဲ့ ကိစ္စကို မသွားခင် အခုလက်ရှိ ပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဆိုတဲ့ အဆင့်အတန်းကို လွှတ်တော်က သေချာပြန်ပြီး သတ်မှတ်သင့်တယ်လို့ မြင်တယ်။ ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေ အစိုးရအဖွဲ့တွေကို ပေးထားတဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေတွေမှာ ဦးစီးအဖွဲ့တွေကို ပေးထားတဲ့ အဆင့်အတန်းတွေကို ပြန်ဆန်းစစ်ဖို့ လိုတယ်" ဟု ဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။

လက်ရှိအချိန်တွင် သန်းခေါင်စာရင်း ကောက်ယူမှုကို လုပ်ဆောင်နိုင်ခြင်း မရှိသေးသော '၀' ဒေသတွင် လူဦးရေ ခြောက်သိန်းနီးပါး နေထိုင်လျက်ရှိပြီး ၁၇၀၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းကာ '၀' ဒေသ မြောက်ပိုင်းနှင့် '၀' ဒေသ တောင်ပိုင်းဟု နှစ်ပိုင်းခွဲခြားထားသည်။ နေထိုင်သူ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ တရုတ်ဘာသာ စကားကို ပြောဆိုကြပြီး ငွေကြေးသုံးစွဲမှုတွင်လည်း တရုတ်ယွမ်ငွေကိုသာ အသုံးပြုကာ တရုတ်ဘာသာဖြင့် ထုတ်လွှင့်သော ရုပ်သံလိုင်းလည်း ရှိကြောင်း သိရသည်။

'၀' အဖွဲ့သည် စီးပွားရေး လုပ်ငန်းများ အနေဖြင့် ကျောက်မျက်၊ သတ္တု၊ လောင်စာဆီ၊ လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ ရေသန့်စက်နှင့် ကုန်တိုက်များ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကာ ဟုမ်ပန်းကုမ္ပဏီသည် '၀' အဖွဲ့၏ ထင်ရှားသော လုပ်ငန်းတစ်ခု ဖြစ်သည်။

ဗမာပြည် ကွန်မြူနစ်ပါတီ လက်အောက်မှ ဒုတိယခွဲထွက်လာသော အဖွဲ့ဖြစ်သည် '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီသည် ၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်တွင် ဗမာပြည်ကွန်မြူနစ် ပါတီ၏ ဌာနချုပ်အဖြစ် တည်ရှိနေသော '၀' နယ်မြေအတွင်းမှ ပန်ဆန်းဌာနချုပ်ကို သိမ်းယူခဲ့ပြီး '၀' အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

စတင်ဖွဲ့စည်းစဉ် ကတည်းက တပ်မတော်နှင့် သင့်မြတ်စွာ နေထိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အစိုးရအဖွဲ့နှင့်လည်း ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့ပြီး အခြားတိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့်လည်း ပူးပေါင်းမှုများ ရှိခဲ့ပါသည်။

၂၀၀၅ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုကို ရပ်ဆိုင်းကြောင်း တရားဝင် ကြေညာခဲ့သော်လည်း '၀' အဖွဲ့ကို မူးယစ်ဆေးဝါးနှင့် ဆက်စပ်မှုရှိသော အဖွဲ့အဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်း ဆက်လက်ရှုမြင်ခဲ့ကြသည်။

၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး အစိုးရနှင့် မပြေလည်မှုများ ဖြစ်ပေါ်ခဲ့ရာမှ တစ်ဆင့် '၀' ၏ စစ်အင်အားမှာလည်း တစ်စထက်တစ်စ အားကောင်းလာခဲ့သည်ဟု နိုင်ငံရေး အကဲခတ်များက သုံးသပ်ခဲ့သည်။

(၂၀၁၂ ခုနှစ် ဧပြီလအတွင်းက ပြုလုပ်ခဲ့သော '၀' ဒေသ ငြိမ်းချမ်းရေး တည်ဆောက်မှု ၂၃ နှစ်ပြည့် အခမ်းအနားကို တရုတ်ဘာသာစကားပြော ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော ပုံရိပ်များ)


Eleven Media Group

'၀' ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဆင့်မှ ပြည်နယ်အဆင့်သို့ ခွင့်ပြုပေးရန် တောင်းဆိုမှုသည် ရှုပ်
ထွေးမှုများ ဖြစ်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက ပြောကြားသည်။

မဟာစင် ဆိုက်ကလုန်းမုန်တိုင်း အနီရောင် အရေးပေါ် အခြေအနေသို့ ရောက်ရှိပြီး (၂၀၁၃ခုနှစ်၊ မေလ (၁၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၉း၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

ယနေ့မြန်မာစံတော်ချိန် (၁၈း၃၀) နာရီ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက်အ
လယ်ပိုင်းတွင် ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ၊ မောင်တော
မြို့ ၏ အနောက်တောင်ဘက် မိုင်(၂၇၀)ခန့်၊စစ်တွေမြို့ ၏အနောက်တောင်ဘက်မိုင်(၂၈၀)ခန့်၊ ကျောက်မြို့

၏ အနောက်တောင်ဘက် မိုင်(၃၀၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့ ၏ တောင်ဘက် မိုင် (၂၆၀) ခန့် အ
ကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။

TC 01B Mahasen ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်စဉ် လေတိုက်းနှုန်း ပမာဏ မူလခန့်မှန်းထားသည်ထက် လျော့နည်း

(၁၅-၅-၂၀၁၃)ရက်ညနေပိုင်းမှာ TC 01B Mahasen ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်စဉ် လေတိုက်းနှုန်း ပမာဏ မူလခန့်မှန်းထားသည်ထက် လျော့နည်းနိုင်တာကို တွေ့လာရပါတယ်။

(၁၆-၅-၂၀၁၃)ရက်နေ့ ညနေပိုင်း Mahasen Cyclonic Storm ဟာ (၁၅-၅-၂၀၁၃)ရက်နေ့ ၁၂း၃၀ နာရီမှာ လေတိုက်နှုန်း တစ်နာရီ (၉၅)မိုင်နှုန်းလောက်တိုက်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် ဒီကနေ့ နေ့လည်ပိုင်းမှာ တစ်နာရီ (၅၅)မိုင်နှုန်း လောက်သာတိုက်ခတ်နေခဲ့တာ ကို တွေ့ရ ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနီးမှ ဖြတ်ကျော်ကာဝင်ရောက်တဲ့ အချိန် လေတိုက်နှုန်းကို 70 knots (85 mph) လောက်ရှိမယ်လို့ ခန့်မှန်းထားခဲ့ပေမယ့် (15-5-2013)ရက်နေ့ ညနေ(၃း၃၀) နာရီ အချိန် ခန့်မှန်းချက်ကတော့ မုန်တိုင်းဝင်ရောက် စဉ်မှာ လေတိုက်နှုန်း 55 knots (60 mph) ခန့်သာ ရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းရ ပါတယ်။

ဒါဟာ..Mahasen ဆိုင်ကလုန်းမုန်တိုင်းဟာ မှန်းထားသလောက် အားမပြင်းနိုင်ဘူးဆိုတဲ့ သဘော ကို (၁၅-၅-၂၀၁၃)ရက်နေ့ တွက်ချက်မှုများအရ တွေ့ရှိရခြင်းပါဘဲ။ ဒေသခံများ နဲ့ ကြိုတင် ကာကွယ်ရေး၊ ကယ်ဆယ်ရေးဆောင်ရွက်နေကြတဲ့ သူတွေအားလုံး အတွက် စိတ်သက်သာ ရာရစရာ သတင်းကောင်းပါဘဲ။

ဒါပေမယ့် တစ်နာရီ (60 mph) ဆိုတဲ့ လေတိုက်နှုန်း ပမာဏဟာလည်း ပင်လယ်ပြင်မှာ လှို်င်းအမြင် (၁၂)ပေခန့် လောက်အထိ နဲ့ လှိုင်းကြီးမှုကို ဖြစ်စေနိုင်ပါတယ်။
နောက်ပြီး..ဒါဟာ လက်ရှိအနေအထား(၁၅ရက်နေ့ ညနေ ၃း၃၀ နာရီအချိန်)သာဖြစ်ပါတယ်။ မုန်တိုင်းတစ်ခုရဲ့အနေအထားဟာ အချိန်နဲ့အမျှ အပြောင်းအလဲတွေရှိနိုင်တာကြောင့် ဒီနောက်ပိုင်း အချိန်တွေမှာ ဖြစ်လာနိုင်တာတွေကိုတော့ အချိန်နဲ့တပြေးညီ ဆက်လက် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မုန်တိုင်းဟာ မနက်ဖန် (၁၆-၅-၂၀၁၃)ရက်နေ့လည်ပိုင်းလောက်ကစပြီး မုန်တိုင်းရဲ့ ရှေ့အဖျား (advancing edge or bar) ဟာ အရင်ဆုံးစဖြတ်ပါ့မယ်။ ဖြတ်ကျော်စဉ်မှာ လေတိုက်နှုန်းဟာ တစ်နာရီ မိုင်(၄၀)လောက်နဲ့ စပါမယ်။ အဲဒီအချိန်မှာ မုန်တိုင်းရဲ့ဗဟိုချက်ဟာ ပင်လယ်ပြင်ထဲမှာ ကမ်းက မိုင်(၉၀)အကွာမှာဘဲ ရှိနေပါဦးမယ်။ ညနေပိုင်းလောက်မှာတော့ ဗဟိုချက်က ဖြတ်ပါ လိမ့်မယ်။ အဲဒီအချိန်မျာတော့ လေဟာအပြင်းဆုံးဖြစ်လာပြီး တစ်နာရီ မိုင်(၆၀)နှုန်းလောက် တိုက်နိုင်တယ်လို့ တွက်ချက်ရရှိထားပါတယ်။

မနက်ဖန်ညနေဆိုရင်..ဒီပွဲ အဖြေပေါ်ပါပြီ။

ဒေါက်တာထွန်းလွင် (MCCW)


(၁၅-၅-၂၀၁၃)ရက်ညနေပိုင်းမှာTC 01B Mahasenဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်စဉ် လေတိုက်
နှုန်း ပမာဏမူလခန့်မှန်းထားသည်ထက် လျော့နည်းနိုင်တာကို တွေ့လာရပါတယ်။(၁၆-၅-၂၀၁၃)ရက်နေ့ 
ညနေပိုင်း Mahasen Cyclonic Storm ဟာ (၁၅-၅-၂၀၁၃)ရက်နေ့ ၁၂း၃၀ နာရီမှာလေတိုက်နှုန်းတစ်နာရီ
(၉၅)မိုင်နှုန်းလောက်တိုက်မယ်လို့ခန့်မှန်းခဲ့ပေမယ့်ဒီကနေ နေ့လည်ပိုင်းမှာတစ်နာရီ (၅၅)မိုင်နှုန်းလောက်
သာတိုက်ခတ်နေခဲ့တာ ကို တွေ့ရ ပါတယ်။

7 ရက်အတွင်းဝိတ်ချနည်း 15ပေါင်ကျတယ်တဲ့

အခုဖော်ပြမယ့် နည်းလမ်းဟာ ကနေဒါနိုင်ငံမှ ထိပ်တန်း ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ နည်းလမ်းတွေဖြစ်
ပြီး သကြားစွဲလမ်းတဲ့ အခြေအနေကို အနိုင်ယူကာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်တဲ့အတွက် ကိုယ်အလေးချိန် လျှော့ချလိုသူတွေ လိုက်နာသင့်ပါတယ်။ သကြားဓာတ်တွေ ခန္ဓာကိုယ်အတွင်း နေရာအနှံ့
မှာ ရှိနေရင် ခန္ဓာကိုယ်ရဲ့ ဓာတုလုပ်ငန်းတွေ ပြောင်းလဲသွားပြီး ကိုယ်တွင်းအင်္ဂါထဲ အဆီတွေ တွယ်ကပ်နေ
သလို ဖြစ်သွားပါတယ်။

ဆိုင်ကလုန် မဟာဆန် အဆင့် ၇ ထိ တိုးသတ်မှတ်၊ ဘင်္ဂလာဒေခ်ျ့ကို ၀င်ရောက်နိုင်ခြေများ

ဆိုင်ကလုန် မဟာဆန် အဆင့် ၇ ထိ တိုးသတ်မှတ်၊ ဘင်္ဂလာဒေခ်ျ့ကို ၀င်ရောက်နိုင်ခြေများ

ဘင်္ဂလာဒေခ်ျ့နိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ ဌာနမှ မုန်တိုင်းသတိပေးမူ အဆင့်ကို ကော့စ်ဘဇားနှင့် စစ်တကောင်းမြို့တွင် နံပတ် ၅ အဆင့်မှ ၇ ထိ တိုးမြှင့်လိုက်ပြီ တနိုင်ငံလုံးကို မုန်တိုင်း သတိပေးမူ ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
မဟာဆန် မုန်တိုင်းသည် မေလ ၁၆ ရက် (မနက်ဖြန်) နံနက် ပိုင်းပိုင်းတွင် ဘင်္ဂလာဒေခ်ျ့နိုင်ငံ ပင်လယ်ကမ်းခြေကို စတင် ၀င်ရောက် တိုက်ခိုက်နိုင်ကြောင်း ခန့်မှန်းထားသည်။

မုန်တိုင်းသည် မြန်မာ နယ်စပ်အနီးတွင် တည်ရှိသော တက်ကနက်မြို့နယ်နှင့် ခေပူပါရာ မြို့နယ် အကြား ၀င်ရောက် တိုက်ခတ် နိုင်သည်ဟု ဘင်္ဂလာ မိုးဇလ ဌာနမှ ခန့်မှန်းထားသည်။ အဓိကအားဖြင့် စစ်တကောင်း ခရိုင် အလယ်ပိုင်းသို့ ၀င်ရောက်တိုက်ခတ်နိုင်ကြောင်း သတင်း ထုတ်ပြန်ချက်များတွင် ဖေါ်ပြသည်။

စစ်တကောင်းနှင့် ကော့စ်ဘဇား လေဆိပ်ကို ယနေ့ ညနေ နာရီမှ စတင် ပိတ်ထားလိုက်ပြီ ဖြစ်သည်။

မုန်တိုင်းသတိပေးမူများ ရေဒီယို ရုပ်မြင်သံကြားများမှ တဆင့် အကြီးအကျယ် ပြုလုပ်နေပြီး ပင်လယ်ကမ်းခြေ ဒေသတွင် နေထိုင်သူများကို ဆိုင်ကလုန် စင်တာနှင့် ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေကြသည်။

မုန်တိုင်းတိုက်ခတ်စဉ် အတွင်း လေတိုက်နုန်းသည် ကီလိုမီတာ ၆၈ မှ ၈၀ ထိ ရှိနိုင်ပြီး ဒီရေသည် ပေ ၂၀ ထိ မြင့်တက်နိုင်ကြောင်း ကျေညာထားသည်။
narinjara/Share Arakan News

ဘင်္ဂလာဒေခ်ျ့နိုင်ငံမိုးလေ၀သနှင့်ဇလဗေဒ ဌာနမှ မုန်တိုင်းသတိပေးမူ အဆင့်ကို ကော့စ်ဘဇားနှင့် စစ်တ
ကောင်းမြို့တွင်နံပတ်၅ အဆင့်မှ ၇ ထိ တိုးမြှင့်လိုက်ပြီ တနိုင်ငံလုံးကို မုန်တိုင်း သတိပေးမူ ထုတ်ပြန်လိုက်
ပြီ ဖြစ်သည်။

အထပ်မြင့် အဆောက် အအုံများ မီးခိုးထုတ် စနစ် အားနည်းပြီး အရည်အသွေး မမီသော ၀ါယာများ အသုံးပြုနေ

အထပ်မြင့် အဆောက် အအုံများ မီးခိုးထုတ် စနစ် အားနည်းပြီး အရည်အသွေး မမီသော ၀ါယာများ အသုံးပြုနေ

မြန်မာ နိုင်ငံရှိ ကန်ထရိုက်တိုက် အထပ်မြင့် အဆောက်အအုံ များတွင် မီးခိုးထုတ် စနစ် ထားရှိမှု မရှိသောကြောင့် မီးလောင် သေဆုံးမှုများ ရှိနေသည်ဟု မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာန ရန်ကုန်တိုင်း ဒေသကြီးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အထပ်မြင့် အဆောက်အအုံ များတွင် တပ်ဆင် အသုံးပြုလျက် ရှိသော ၀ါယာကြိုး များမှာ စံချိန်စံညွှန်း မမီသော ပစ္စည်းများကို အသုံးပြုလျက် ရှိနေပြီး ဆောက်လုပ်ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့် ညီညွတ်မှု မရှိကြောင်း ၀ါရင့် ဆောက်လုပ်ရေး စီမံကိန်း အင်ဂျင်နီယာ တစ်ဦးက ပြောဆိုသည်။

အများအားဖြင့် အထပ်မြင့် အဆောက်အအုံ များတွင် မီးခိုးထုတ် စနစ် မရှိသလောက် ဖြစ်နေသောကြောင့် တိုက်ခန်းများ မီးလောင်ကျွမ်း ပါက အတွင်းရှိ လူများမှာ မီးခိုး မွှန်ပြီး သေဆုံးရသည့် အပြင်၊ အဆောက်အအုံ ဒီဇိုင်းများ၊ အခန်း ဖွဲ့စည်းပုံ၊ ရေဆိုးထုတ် စနစ်၊ မိလ္လာ တည်ဆောက်ပုံ အခန်း စနစ်များမှာ အဆောက်အအုံ ဆိုင်ရာ စည်းကမ်း ချက်များနှင့် မကိုက်ညီကြောင်း ကျွမ်းကျင် အင်ဂျင်နီယာ တစ်ဦးက သုံးသပ် ပြောဆိုသည်။

မြန်မာ နိုင်ငံတွင် အဆောက်အအုံ ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များကို သက်ဆိုင်ရာ ဌာန အသီးသီးက ထုတ်ပြန် ထားသော်လည်း ဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်း ဆောင်ရွက် မှု အားနည်းခြင်းကြောင့် အဆောက်အအုံ စစ်ဆေးခြင်း များတွင် လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။ အဆောက်အအုံ ဆိုင်ရာ လိုက်နာရမည့် ဥပဒေ ပြဋ္ဌာန်းရန် ရှိသော်လည်း ကြန့်ကြာမှုများ ရှိနေသေးသည်။ နိုင်ငံတကာ အဆောက်အအုံ ဆိုင်ရာ ဥပဒေများတွင် လုံခြုံ စိတ်ချရမှု အပြင် အနုပညာ ပစ္စည်းများ ကိုပါ ထည့်သွင်းဆောက်လုပ် ရမည်ဟု ပြဋ္ဌာန်း ထားကြောင်း သိရသည်။
မြ၀တီ

မြန်မာ နိုင်ငံရှိ ကန်ထရိုက်တိုက် အထပ်မြင့် အဆောက်အအုံ များတွင် မီးခိုးထုတ် စနစ် ထားရှိမှု မရှိသော
ကြောင့်မီးလောင် သေဆုံးမှုများရှိနေသည်ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရန်ကုန်တိုင်း ဒေသကြီးမှတာဝန်
ရှိသူ တစ်ဦးက ပြောဆိုသည်။

တွန်းဇံ-တီးတိန်ကားလမ်းပေါ်တွင် လမ်းချော်၍ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

နေပြည်တော်၊ မေ ၁၅ ၁၄-၅-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကြို့သုံးပင် ရပ်ကွက်နေ ထန်ရှင်းခိုင်(၂၂)နှစ် မောင်းနှင်လာသည့် ၆က/xxxx ““ချင်းတောင်တန်း””ခရီးသည်တင် မှန်လုံယာဉ်သည် တွန်းဇံ-တီးတိန်ကားလမ်း မိုင်တိုင်အမှတ်(၁၆/၅-၆)ကြားအရောက်တွင် လမ်းချဲ့ ထားသောနေရာမှမြေသားများ မိုးရွာထားသဖြင့်လမ်းချော်ပြီး ၃၅ ပေခန့်အနက်ရှိ လမ်းယာဘက် ချောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။

"မဟာစည်သာသနာ့ရိပ်သာတွင် မင်္ဂလာဦးဆွမ်းကျွေးမည့် ရဲလေး"

"မဟာစည်သာသနာ့ရိပ်သာတွင် မင်္ဂလာဦးဆွမ်းကျွေးမည့် ရဲလေး"

အဆိုတော် ရဲလေးက ချစ်သူ အေးမြနှင့် အတူ မင်္ဂလာဦး ဆွမ်းကျွေး ကို မေ ၁၈ ရက်နေ့တွင် မဟာစည် သာသနာ့ရိပ်သာမှာ ပြုလုပ်မည်ဟု ပြောသည်။

ချစ်သူ အေးမြနဲ့အတူ ဖေဖော်ဝါရီ ၂၆ ရက်နေ့က လက်မှတ်ထိုး လက်ထပ် လိုက်ပြီဖြစ်ပါတယ်။ မဟာစည်သာသနာ့ရိပ်သာမှာ မင်္ဂလာ ဦးဆွမ်းကျွေး မည်ဖြစ်ပြီး ခင်ရာမင်ရာ သူငယ်ချင်းတွေနဲ့ ညစာစားပွဲ လည်း ပြုလုပ် မှာဖြစ်ကြောင်း ရဲလေးက ပြောသည်။

''ကျွန်တော် အသက် ၃ဝ ပြည့်ပြီ ဆိုတော့ အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်ပါပြီ။ နောက်ပိုင်းကျရင်တော့ ကျွန်တော်နောက်ကျ သွားမယ်လေ။ ဆုံးဖြတ်ချက်တွေ နောက်ကျသွားမှာလည်း မလိုလားဘူး။ အချိန် ကောင်းလည်းဖြစ်တယ်။ ကျွန်တော်တို့နှစ်ယောက် သံယောဇဉ်ဖြစ်နေ တာလည်း တော်တော်ကြာပြီ ဆိုတော့ ဒီလို အချိန်ကတော့ အနေတော်ပါပဲ။ အနေတော် အဖြစ်ဆုံး အချိန်ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဆုံးဖြတ်လိုက် ကြတာပါ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ သေချာယူပြီးတော့ ဘဝသစ်တွေကို ရင်ဆိုင်မယ် ဆိုပြီးတော့ ကျွန်တော် တို့ လက်တွဲ ဖြစ် ကြတာပါ'' ဟု ရဲလေးကဆိုသည်။

ခိုင်ဝေလွင်

အဆိုတော် ရဲလေးက ချစ်သူ အေးမြနှင့် အတူ မင်္ဂလာဦး ဆွမ်းကျွေး ကို မေ ၁၈ ရက်နေ့တွင် မဟာစည် သာသနာ့ရိပ်သာမှာ ပြုလုပ်မည်ဟု ပြောသည်။

အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ဖွဲ့စည်းခြင်း