Pages

Friday, November 29, 2013

Coalition Against Religious Extremism in Myanmar မှ ယနေ့ ၂၉.၁၁.၂၀၁၃တွင် မလေးရှားရှိ မြန်မာသံရုံး ထံပေးပို့သော Memorandum of Protest ၏ မြန်မာဘာသာပြန်

RangonNewsDaily:: November . 29 .2013 
မြန်မာနိုင်ငံ ရှိ ဘာသာရေးအစွန်းရောက်မှုအား ဆန့်ကျင်သည့် မဟာမိတ်အဖွဲ့၏ကန့်ကွက် ဆန္ဒပြပွဲ ထုတ်ပြန်လွှာမြန်မာနိုင်ငံရှိဘာသာရေးအစွန်းရောက်မှုအားဆန့်ကျင်သည့်မဟာမိတ်အဖွဲ့မှမလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့ရှိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသံရုံးသို့၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ၊ (၂၉) ရက်နေ့တွင် ဤ ထုတ်ပြန်လွှာ အား ပေးပို့သည်။

အီဂျစ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော အမျိုးသမီး ၂၁ဦးကို ထောင်ဒဏ် ၁၁စီချမှတ်

Photo: အီဂျစ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော အမျိုးသမီး ၂၁ဦးကို 
ထောင်ဒဏ် ၁၁စီချမှတ်
Friday, November 29, 2013

အီဂျစ်နိုင်ငံ အလက်ဇန်းဒရားမြို့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေရာမှ အဖမ်းခံခဲ့ရသော အမျိုးသမီး ၂၁ဦးကို ထောင်ဒဏ် ၁၁နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်းသိရသည်။ နိုဝင်ဘာ ၂၈ရက်က 
ချမှတ်ခဲ့သော စီရင်ချက်သည် ယာယီဝန်ကြီးချုပ် ၏ ကန့်ကွက်ပွဲများကို တင်းကျပ်စွာ ကိုင်တွယ်သည့် ဥပဒေသစ်ကို စတင်အကောင်အထည် ဖော်လိုက်ခြင်းပင် ဖြစ်သည်။

ထောင်ဒဏ်ချမှတ်ခံခဲ့ရသော အမျိုးသမီးများသည် ရာထူးမှ ဖြုတ်ချခံခဲ့ရသော သမ္မတမဟာမတ်မောစီကို 
ထောက်ခံ သူများဖြစ်သည်။ သူတို့သည် အစိုးရဆန့်ကျင်ရေး လက်ကမ်းစာဆောင်များ ဖြန့်ဝေရာမှ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ 
ယခု ၂၁ဦးထဲတွင် ဥပဒေအရ အရွယ်မရောက်သေးသူ မိန်းကလေး 
ခုနှစ်ဦး ရမန်ပေးခဲ့သည်။ အငယ်ဆုံး မိန်းကလေးမှာ အသက် ၁၅နှစ်ဖြစ်သည်။

တစ်ဘက်တွင်လည်းမွတ်စလင်ဘရားသားဟုဒ်မှ ခေါင်းဆောင် 
ခြောက်ဦးကိုလည်း အကြမ်းဖက်အဖွဲ့အစည်းဝင်များ အဖြစ်သတ်မှတ်ကာ ထောင်ဒဏ် ၁၅နှစ် ချမှတ်ခဲ့သည်။ 

နိုဝင်ဘာ ၂၈ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ယာယီဝန်ကြီးချုပ် ဟာဇမ်အီလ်ဘက်ဘာဝီက ပြည်သူများသည် ချီတတ်ကန့်ကွက်ပွဲများမပြုလုပ်မီ ခွင့်ပြုချက်ကို မဖြစ်မနေ တောင်းခံရမည်ဟု ဆိုသည်။ ၀န်ကြီးများအဖွဲ့က အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသော ရဲတပ်ဖွဲ့ကို အထောက်အကူပေးသည့်အနေဖြင့် ယခုဥပဒေသစ်ကို 
အပြည့်အ၀ အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု 
ပြောကြားခဲ့သည်။ 

Ref: Al jazeera
The Myanma Age

RangonNewsDaily:: November . 29 .2013
အီဂျစ်နိုင်ငံ အလက်ဇန်းဒရားမြို့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေရာမှအဖမ်းခံခဲ့ရသောအမျိုးသမီး ၂၁ဦးကို ထောင်
ဒဏ် ၁၁နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်းသိရသည်။ နိုဝင်ဘာ ၂၈ရက်ကချမှတ်ခဲ့သော စီရင်ချက်သည်
ယာယီဝန်ကြီးချုပ် ၏ ကန့်ကွက်ပွဲများကိုတင်းကျပ်စွာကိုင်တွယ်သည့် ဥပဒေသစ်ကိုစတင်အကောင်အထည်
 ဖော်လိုက်ခြင်းပင် ဖြစ်သည်။

လက်ပံတောင်းတောင်ဖြိုခွင်းမှုတစ်နှစ်ပြည့် တရုတ်အလံမီးရှို့ဆန္ဒပြ

RangonNewsDaily:: November . 29 .2013
လက်ပံတောင်းတောင်သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှု တစ်နှစ်ပြည့်ဆန္ဒဖော်ထုတ်မှုကို နိုဝင်ဘာ ၂၉

ရက် နေလယ် ၂နာရီ မိနစ် ၃၀တွင် မြို့တော်ခန်းမမှ တရုတ်သံရုံးသို့ချီတက်ဆန္ဒပြရာ ပြည်ထောင်စုရိပ်
သာလမ်းနှင့် ဗဟိုလမ်းအရောက်တွင် နိုင်ငံတော်သီချင်းသီဆိုကာ တရုတ်အလံကို မီးရှို့ဆန္ဒပြကြောင်း People Power သတင်းထောက် ကြည်ပြာကပေးပို့သည်။

ABBA သီချင်းတွေ မူမပျက် ပြန်ဆိုမယ့်အဖွဲ့ မြန်မာပြည်ရောက်ပြီ

Photo: ABBA သီချင်းတွေ မူမပျက် ပြန်ဆိုမယ့်အဖွဲ့ မြန်မာပြည်ရောက်ပြီ
Friday, November 29, 2013

ABBA အဖွဲ့၏ အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေကို ပြန်လည် ဖော်ထုတ်သီဆိုမယ့် Arrival from Sweden Band အဖွဲ့သားတွေဟာ ဒီနေ့ နေ့လယ် ၂ နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာပြီး မနက်ဖြန် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ပြည်သူ့ရင်ပြင်မှာ ဖျော်ဖြေမယ်လို့ သိရပါတယ်။

ဖျော်ဖြေမှုနှင့် ပတ်သက်ပြီး Arrival from Sweden Band အဖွဲ့ဝင်တစ်ဦးက “ABBA အဖွဲ့ရဲ့လွှမ်းမိုးမှုကို ခံရတာက သူတို့ သီချင်းတွေက အရမ်းကောင်းတယ်၊ သီချင်းတွေကို တကမ္ဘာလုံးက ကြိုက်ကြတာ မို့လို့ပါ။ အဲဒီ သီချင်းတွေကြားရင် လူတွေက ကြိုက်ကြတာကြောင့် ပြန်ဆိုဖြစ်ခဲ့တာပါ။ ABBAအဖွဲ့ နာမည်ကြီးခဲ့တဲ့ သီချင်းအကုန် ဆိုဖြစ်မှာပါ။ မြန်မာပြည်ကို လာရတာ အရမ်း ၀မ်းသာတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

မြန်မာပြည်ဖျော်ဖြေရေး အစီအစဉ်ပြီးရင် အမေရိကန်၊ ဘူလ်ဂေးရီးယား၊ ရုရှားနိုင်တွေကို သွားရောက် ဖျော်ဖြေမှာ ဖြစ်ကြောင်း လည်း သိရပါတယ်။

အဲဒီအဖွဲ့ဟာ ၁၉၉၅ ခုနှစ်ကနေ စတင်လို့ နိုင်ငံပေါင်း ၅၀ ကို လှည့်လည်ခဲ့ပြီး မြောက်အမေရိက တနေရာ တည်းမှာတင် ခရီးစဉ်ပေါင်း ၃၀ နီးပါး သွားရောက်ဖျော်ဖြေခဲ့ပါတယ်။ ၁၉၅၀ ကျော်က နာမည်ကြီးခဲ့တဲ့ ABBA အဖွဲ့ရဲ့ ၀တ်စားဆင်ယင်မှု၊တင်ဆက်မှုတွေကို မူလအရသာ မပျက် ဖျော်ဖြေမှုတွေ ပြုလုပ်မယ်လို့လည်း သူတို့က ဆိုပါတယ်။

အဲဒီအဖွဲ့ မြန်မာပြည်မှာ လာရောက်ဖျော်ဖြေဖို့ Pee Paw Entertainment က စီစဉ်တာဖြစ်ပြီး ဒီပွဲကနေ အမြတ်အစွန်း ရရှိဖို့ မမျှော်လင့်ဘူးလို့ စီစဉ်သူ ဦးပီးပေါ်က ပြောပါတယ်။

လာရောက် ကြည့်ချင်သူတွေ အနေနဲ့ လက်မှတ်ဈေးနှုန်းတွေကတော့ ကျပ် ၆ သောင်း၊ ကျပ် ၄ သောင်း၊ ကျပ် ၂ သောင်းခွဲနဲ့ ကျပ် ၁ သောင်းဖြစ်ပါတယ်။ ဖုန်းနံပါတ် ၀၉၅၀၂၅၅၈၂၊ ၀၉၄၉၂၉၁၃၃၄ တို့ကို ဆက်သွယ်မှာယူလို့ ရတယ်လို့ သိရပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာသည့် Arrival from Sweden Band အဖွဲ့သားများ (ဓာတ်ပုံ – ဧရာဝတီ)
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာသည့် Arrival from Sweden Band အဖွဲ့သားများ (ဓာတ်ပုံ – ဧရာဝတီ)
RangonNewsDaily:: November . 29 .2013
ABBA အဖွဲ့၏ အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေကို ပြန်လည် ဖော်ထုတ်သီဆိုမယ့် Arrival from Sweden Band အဖွဲ့သားတွေဟာ ဒီနေ့ နေ့လယ် ၂ နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာပြီး မနက်ဖြန် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ပြည်သူ့ရင်ပြင်မှာ ဖျော်ဖြေမယ်လို့ သိရပါတယ်။

ဆင်းရဲခြင်း လွတ်ကင်းအောင် ဆိုက္ကား ထောင်ပါမည်

Photo: ဆင်းရဲခြင်း လွတ်ကင်းအောင် ဆိုက္ကား ထောင်ပါမည်
Friday, November 29, 2013

ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာပါ ကြော်ငြာတခုက စိတ်ဝင်စား စရာပါ။ 
ခေါင်းစဉ်က ဆင်းရဲသား လျော့နည်းရေး တဲ့။ မြန်မာနိုင်ငံမှာ ဆင်းရဲသား ရာခိုင်နှုန်း အရမ်းများတာ တိုင်း သိ၊ ပြည်သိ၊ ကမ္ဘာသိပါဘဲ။ 

သမ္မတ ဦးသိန်းစိန်ရဲ့ ဆင်းရဲမှု ပပျောက်ရေး မဟာစီမံကိန်းကြီးထက် လက်တွေ့ကျတဲ့ စီမံကိန်းတခုကို အကောင်အထည်ဖော်သူတဦးက ဒီအကွက်ကို သိလို့ အခုလို သတင်းစာမှာ ကြော်ညာ ထည့်တာဖြစ်နိုင်ပါ တယ်။ 

သူ့ကြော်ညာက "အဆင်းရဲဆုံးနဲ့ ပညာအနည်းဆုံး အောက်ခြေလူတန်းစာများ စာဝတ်နေရေး ပြေလည်စေ ရန် ရန်ကုန်မြို့ပေါ် တက်၍ ဆိုက္ကား နင်းရန် ဖိတ်ခေါ်ပါသည်"တဲ့။ 

အဲ သူက ဆက်ပြောထားတာက "ဆိုက္ကားနဲ့ နေရေး"ကိုလည်း စီစဉ်ပေးပါအုံးမယ်တဲ့။ အသေးစိပ် သိချင် ရင်တော့ သူ့ ဖုန်းနံပတ် ကို ဆက်သွယ်ဖို့ ဖုန်းနံပတ် ပေးထားပါတယ်။ 

တချိန်က နဂါးနီ သီးချင်း အတိုင်း သူကတော့ ဆင်းရဲခြင်း လွတ်ကင်းအောင် ဆိုက္ကား ထောင်တာပေါ့။ ဒါပေမယ့် တကယ် ဆင်းရဲသားတွေက သူ့ ဆီကို ဖုန်းဆက်ဖို့ ဖုန်းကလည်း မဲမပေါက်၊ ပေါက်တဲ့လူရဲ့ တယ်လီဖုန်းလေး ခဏ ငှားသုံးပြီး သူနဲ့ ဆက် သွယ်လိုက်ရင်တော့ ရန်ကုန်တက်ပြီး ဆိုက္ကား နင်းကာ ဆင်းရဲတွင်းက လွတ်မယ့် မျှော်လင့်ချက်လေးက အားကောင်း လာလေမလားဘဲ။ 


အိမ့်သံစဉ် 
ဧရာဝတီ

RangonNewsDaily:: November . 29 .2013
ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာပါ ကြော်ငြာတခုက စိတ်ဝင်စား စရာပါ။
ခေါင်းစဉ်က ဆင်းရဲသား လျော့နည်းရေး တဲ့။ မြန်မာနိုင်ငံမှာ ဆင်းရဲသား ရာခိုင်နှုန်း အရမ်းများတာ တိုင်း သိ၊ ပြည်သိ၊ ကမ္ဘာသိပါဘဲ။

စားသောက်ဆိုင်တွင်ရမ်းကားနေသော လူငယ်ရှစ်ဦး တိုက်ခိုက်၍ ရဲလေးဦးဒဏ်ရာရ

RangonNewsDaily:: November . 29 .2013
စားသောက်ဆိုင်ထဲတွင် သောင်းကျန်နေသည့် လူငယ်ရှစ်ဦးကို သွားရောက်ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ဝင်ငါး

ဦးကို ပြန်လည်ခုခံသောကြောင့် ပြည်သူ့ဝန်ထမ်းအား နာကျင်စေမှုဖြင့် အရေးယူထားကြောင်း သတင်းရရှိ
သည်။ လှည်းကူးမြို့နယ်၊ ဒရယ်ဘိုကျေးရွာ၊ ပဲခူး-ရန်ကုန်ကားလမ်းဘေးရှိ ကြည်နူးရိပ်စားသောက်ဆိုင်၌ နို
ဝင်ဘာ ၂၇ ရက် ည ၁၀ နာရီအချိန်တွင် လူငယ်ရှစ်ဦး သောင်းကျန်နေသည်ဆိုကာ ဆိုင်မန်နေဂျာမှ ဖုန်း
ဆက်အကြောင်းကြားသောကြောင့်

စစ်ဘက်သုံးဆော့ဖ်ဝဲကို ပွားသုံးခဲ့ခြင်းအပေါ် အမေရိကန်က ဒေါ်လာ သန်း၅၀ လျှော်ပေးရန် သဘောတူ

Photo: စစ်ဘက်သုံးဆော့ဖ်ဝဲကို ပွားသုံးခဲ့ခြင်းအပေါ် အမေရိကန်က 
ဒေါ်လာ သန်း၅၀ လျှော်ပေးရန် သဘောတူ 
Friday, November 29, 2013

အမေရိကန်သည် Apptricity မှ စစ်ဘက်သုံးဆော့ဖ်ဝဲကို ကွန်ပျူတာများတွင် ကော်ပီကူးကာ ပွားသုံးခဲ့သည့်အတွက် 
ဒေါ်လာ သန်း၅၀ (ပေါင် ၃၁သန်း) ပေးလျှော်ရန် သဘောတူ
လိုက်ရသည်။
တက္ကဆက်အခြေစိုက် Apptricity သည် ၂၀၀၄ ခုနှစ်ကတည်းက စစ်တပ်ကို ဆော့ဖ်ဝဲထောက်ပံ့ပေးခဲ့သော ကုမ္ပဏီဖြစ်သည်။

လွန်ခဲ့သောနှစ်ကမူ အမေရိကန်စစ်တပ်သည် ဆော့ဖ်ဝဲများကို စက်များစွာတွင် ပွားသုံးထားသူကို တွေ့ခဲ့သည့်။ အစပိုင်းကမူ 
စစ်တပ်က မည်သည့် တုန့်ပြန်မှုမှ မပြုခဲပေ့။

Apptricity ကုမ္ပဏီ၏ ဆော့ဖ်ဝဲသည် စစ်သည်များ၏ တည်နေရာကို ရှာဖွေရန်၊ ထောက်ပံ့ပေးအတွက် ခြေရာခံရန်သာမက ကယ်ဆယ်ရေး လုပ်ငန်းများတွင်လည်း အသုံးပြုနိုင်စွမ်းသည်။ ၂၀၁၀ခုနှစ် ဟိုက်တိ ငလျှင်လှုပ်စဉ်ကလည်း ကယ်ဆယ် ရေး လုပ်ငန်းစဉ်များတွင် အသုံးချခဲ့သည်။ တရားရုံးမှ အထောက်အထားများအရ 
ယင်းဆော့ဖ်ဝဲကို စစ်တပ်တွင် သုံးစွဲသူ ၅၀၀ အထိသာဟု ကန့်သတ်ထားသော်လည်း user ၉၀၀၀ အထိ သုံးစွဲခဲ့ခြင်းဖြစ်သည်။

Apptricity က လျှော်ကြေး ၂၂၄သန်းပေးရန် တောင်းဆိုခဲ့သော်လည်း 
သန်း ၅၀ပေးရန် အမိန့်ချခဲ့သည်။ ဒုတိယ သမ္မတ ဂျိုးဘီဒင်က Piracy လုပ်ခြင်းကို အရိုးဆုံးနှင့် အ၇ှင်းဆုံး ပြောရလျှင် ခိုးသုံးခြင်းသာ
ဖြစ်သည်ဟု ဆိုထားသည်။

Ref: AFP
The Myanma Age

RangonNewsDaily:: November . 29 .2013
အမေရိကန်သည် Apptricity မှ စစ်ဘက်သုံးဆော့ဖ်ဝဲကို ကွန်ပျူတာများတွင် ကော်ပီကူးကာ ပွားသုံးခဲ့သည့်
အတွက် ဒေါ်လာ သန်း၅၀ (ပေါင် ၃၁သန်း) ပေးလျှော်ရန် သဘောတူလိုက်ရသည်။

ရုရှား ကာကွယ်ရေးဝန်ကြီးဟောင်းကို ရန်ပုံငွေများ ပျောက်ဆုံးမှုဖြင့် တရားစွဲ

Photo: ရုရှား ကာကွယ်ရေးဝန်ကြီးဟောင်းကို ရန်ပုံငွေများ ပျောက်ဆုံးမှုဖြင့် 
တရားစွဲ
Friday, November 29, 2013

ရုရှားအာဏာပိုင်များက ကာကွယ်ရေးဝန်ကြီးဟောင်း အနာဆိုလီဆာဒူကော့ဗ်ကို သူတာဝန်ထမ်းဆောင်စဉ်က 
ပြည်သူ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁.၇သန်းခန့်
ပျောက်ဆုံးမှုအတွက် အမှုဖွင့် တရားစွဲဆိုလိုက်ကြောင်း
သိရသည်။

စစ်ဘက်စုံးစမ်းစစ်ဆေးရေးဌာနက ဆာဒူကော့ဗက်၏ 
ပေါ့ဆမှုသည် ရာဇ၀တ်မှုမြောက်စေခဲ့သည်ဟု 
သတ်မှတ်ခဲ့ကြောင်း စုံးစမ်းစစ်ဆေးရေးကော်တီမှ ပြောရေး
ဆိုခွင့်ရှိသူ ဗလာဒီမြာမာကင်က နိုဝင်ဘာ ၂၈ရက်က 
ပြောကြားခဲ့သည်။ 
ဆာဒူကော့ဗ် သည် ၂၀၀၇ခုနှစ်မှာ ၂၀၁၂ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်ဆောင်ခဲ့သည်။ 
သူ့ကို စုံစမ်းစစ်ဆေးရေး ကော်မတီက စစ်ဆေးရန် 
ဆင့်ခေါ်ခဲ့သည်။ 
အကယ်၍ ပြစ်မှုထင်ရှားခဲ့လျှင် ဆာဒူကော့ဗ်သည် ထောင်ဒဏ်
သုံးလမှ တစ်နှစ်အထိ ကျခံရမည်ဖြစ်သည်။ 

ဆာဒူကော့ဗ်ကို သမ္မတ ဗလာဒီမြာပူတင်က စစ်တပ်အတွင်း အဆင့်မြင့်အရာရှိများ နေရာပေးရာတွင် လာဘ်စားခဲ့သည် 
ဟူသော စွတ်စွဲချက်ဖြင့် တာဝန်မှ ရပ်ဆိုင်းခဲ့သည်။ စုံစမ်းစစ်ဆေးရေးကော်မတီသည် ဆာဒူကော့ဗ်ကို 
ရာဇ၀တ်မှု ငါးမှုဖြင့် အမှုဖွင့် တရားစွဲခဲ့ဖူးသည်။ 

Ref: Xinhua
The Myanma Age

RangonNewsDaily:: November . 29 .2013
ရုရှားအာဏာပိုင်များက ကာကွယ်ရေးဝန်ကြီးဟောင်း အနာဆိုလီဆာဒူကော့ဗ်ကို သူတာဝန်ထမ်းဆောင်
စဉ်က ပြည်သူ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁.၇သန်းခန့် ပျောက်ဆုံးမှုအတွက် အမှုဖွင့် တရားစွဲဆိုလိုက်
ကြောင်းသိရသည်။

လှုမှုလုပ်ငန်းများကို လျင်လျင်မြန်မြန်လုပ်ခဲ့ခြင်းကြောင့် AFC ၏ Dream Asia Award ဆုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရခြင်းဖြစ်

Photo: လှုမှုလုပ်ငန်းများကို လျင်လျင်မြန်မြန်လုပ်ခဲ့ခြင်းကြောင့် AFC ၏ Dream Asia Award ဆုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရခြင်းဖြစ်
Friday, November 29, 2013

မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အာ ရှဘောလုံး အဖွဲ့ချုပ်မှ ချီးမြှင့်သော AFC Dream Asia Award ဆုကို အရှေ့တောင်အာရှနိုင်ငံ များအတွင်း ပထမဦးဆုံးရရှိနိုင် ခဲ့ပြီဖြစ်သည်။

ဂျပန်၊ တောင်ကိုရီးယား နိုင်ငံတို့ကိုကျော်ဖြတ်ကာ ဆုရ ရှိခဲ့ခြင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က '' ဒီဆုရတဲ့အား သာချက်က ကျွန်တော်တို့ က ဘောလုံးတင်မဟုတ်ဘဲ လူမှုရေး လုပ်ငန်းတွေလုပ်တဲ့ အခါ မှာ ကျောင်းတွေဆောက် တယ်။ နှ လုံး ခွဲစိတ်တာတွေ၊ ဆေးရုံတွေ ဆောက်တယ်။ အဲဒါတင်မကဘဲ မလေးရှားကနေ အရေးပေါ် ပြန်လာဖို့လိုတဲ့အခါ ချက်ချင်းလုပ် နိုင်ခဲ့တာမျိုးတွေရှိတယ်။ ဖိလစ် ပိုင်မှာ မုန်တိုင်း တိုက်သွားတော့ လဲ ငွေကြေးလှူလိုက်တာမျိုးတွေ ရှိတယ်။ နောက်တစ်ချက်က တော့ ကျွန်တော် တို့နိုင်ငံမှာ ဘာ မှမပြည့်စုံဘူးဆိုတာ ဆုရွေးတဲ့ အဖွဲ့ကသိတယ်။ ဘောလုံးကွင်း လဲ ပြည့်ပြည့်စုံစုံမရှိဘူး။ လေ့ ကျင့်ရေးကွင်းတွေလဲ နည်းတယ်။ ကျွန်တော်တို့မှာ လိဂ်လုပ်ဖို့ စပွန် ဆာလဲမရှိဘူး။ ရုပ်သံမူပိုင်ခွင့် ကလဲ ပိုက်ဆံအများကြီးမရဘူး။ ဒီကြားထဲက လိဂ်ကိုလဲဖြစ်အောင် လုပ်ပြနေတယ်။ အဲဒါတွေကို ဆုပေးတဲ့အဖွဲ့က သုံးသပ်တယ်။ ဆုပေးတဲ့အဖွဲ့က ကျွန်တော်တို့ ဆေးရုံဆောက်တဲ့အပိုင်း၊ လူမှု ကယ်ဆယ်ရေး လုပ်တဲ့ အပိုင်းတွေ၊ တစ်ခုခုအရေးပေါ်ဖြစ်တဲ့အနေ အထားတွေမှာ ချက်ချင်းလုပ် ဆောင်နိုင် မှုတွေအပေါ် အခြေ ခံပြီးသူတို့ရွေးတယ်လို့ ထင်တယ်။ AFC အနေနဲ့ ဒီဆုရွေးချယ်ရခြင်း ကို အသေးစိတ်တော့ မပြောခဲ့ပါ ဘူး''ဟု ပြောခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်သည် ဦးဇော်ဇော်တည်ထောင် ထားသော ဧရာဝတီဖောင်ဒေး ရှင်းနှင့်ပူးပေါင်း၍ ၂၀၁၃ခုနှစ် အတွင်း ဆင်းရဲနွမ်းပါးသောဒေ သများ၌ စာသင်ကျောင်း များ ဆောက် လုပ်လှူဒါန်းခြင်း၊ ပညာ သင်စရိတ်မတတ်နိုင်သော က လေးငယ်၁၅၀ဝကိုလည်း ပညာ သင်စရိတ်ထောက်ပံ့ပေးခြင်း၊ ရန်ကင်းကလေးဆေးရုံတွင် ကလေးငယ်များအား အခမဲ့ကျန်း မာရေးစောင့်ရှောက်မှု ပြုလုပ် ပေးခြင်း၊ အခမဲ့နှလုံးခွဲစိတ်ကုသ ပေးသည့် အစီအစဉ်များပြုလုပ် ပေးခြင်း၊ ခြေလေးချောင်းကလေး ငယ်အား အခမဲ့ခွဲစိတ်ကုသပေး ခြင်း၊ အရေးပေါ်လူနာတင်ယာဉ် (EAS)ကို ဆောင်ရွက်နေခြင်း၊ မလေးရှားနိုင်ငံတွင် ဒုက္ခရောက် နေသော မြန်မာနိုင်ငံသားများ အားကူညီခြင်း၊ ဖိလစ်ပိုင်နိုင်ငံ တွင် မုန်တိုင်းဒဏ်ခံဒုက္ခသည်များ ကိုကူညီခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။

Yangon Media Group

RangonNewsDaily:: November . 29 .2013
မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အာ ရှဘောလုံး အဖွဲ့ချုပ်မှ ချီးမြှင့်သော AFC Dream Asia Award ဆုကို အရှေ့တောင်အာရှနိုင်ငံ များအတွင်း ပထမဦးဆုံးရရှိနိုင် ခဲ့ပြီဖြစ်သည်။

မလေးရှားတွင် မြန်မာအချင်းချင်း ပြန်ပေးဆွဲ ကျပ်သိန်းနှစ်ရာတောင်း

RangonNewsDaily:: November . 29 .2013
မလေးရှားနိုင်ငံတွင် မြန်မာအချင်းချင်း ပြန်ပေးဆွဲပြီး ကျပ်သိန်းနှစ်ရာဖြင့်ရွေးရန် တောင်းဆိုခဲ့ရာ သိန်းတစ်ရာ လွှဲပေးသော်လည်း ပြန်ပေးဆွဲခံရသူနှစ်ဦး တစ်လကြာသည်အထိ ပြန်ရောက်မလာသောကြောင့် မလေးရှားနိုင်ငံရဲတပ်ဖွဲ့နှင့် မလေးရှားနိုင်ငံ မြန်မာသံရုံးတို့က တရားခံများကို အပူတပြင်းရှာဖွေနေကြောင်း သတင်းရရှိသည်။

ဝိုင်စုခိုင်သိန်း မင်္ဂလာပွဲ ၄ ပွဲ ကျင်းပမယ်

Photo: ဝိုင်စုခိုင်သိန်း မင်္ဂလာပွဲ ၄ ပွဲ ကျင်းပမယ်
Friday, November 29, 2013

သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ မင်္ဂလာပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ဗယ်လင်တိုင်းဒေးမှာ ကျင်းပမှာဖြစ်ပြီး မင်္ဂလာပွဲ ၄ ပွဲတိတိ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အနုပညာရှင်တွေရဲ့ မင်္ဂလာသတင်းတွေဟာ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ သတင်းတွေ ဖြစ်တတ်တဲ့ သဘောသဘာဝ အတိုင်း အခုလည်း ဝိုင်းစုခိုင်သိန်းရဲ့ မင်္ဂလာပွဲက ဒီနှစ်အတွက် စိတ်ဝင်စားစရာ မင်္ဂလာပွဲ သတင်းတပုဒ် ဖြစ်လာနိုင်ပါတယ်။

လတ်တလောမှာ “အာဘွား” ဆိုတဲ့ တတိယမြောက် တေးစီးရီး CD ထွက်ရှိထားတဲ့ ၀ိုင်းစုခိုင်သိန်းဟာ သူ့မင်္ဂလာပွဲကို ထူးထူးခြားခြား အမှတ်တရဖြစ်အောင် ချစ်သူများနေ့မှာ ရွေးချယ်ကျင်းပခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

“၀ိုင်းစုတို့တတွေ တိုင်ပင်ပြီး မင်္ဂလာပွဲ ၄ ပွဲလုပ်ဖို့ စီစဉ်ထားပါတယ်။ မင်္ဂလာဆွမ်းကျွေးကို မင်းကွန်းမှာ လုပ်ဖို့ စီစဉ်ထားတယ်၊ နောက်ပြီး မင်္ဂလာလက်မှတ် ရေးထိုးပွဲကိုတော့ Parkroyal Hotel မှာလုပ်မှာပါ။ မင်္ဂလာဘိသိက်ပွဲ အခမ်းအနားကို Sedona Hotel မှာလုပ်မှာဖြစ်ပြီး မင်္ဂလာ ညစာစားပွဲကိုကျတော့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ လုပ်မှာပါ” လို့ သူ ပြုလုပ်မယ့် မင်္ဂလာဧည့်ခံပွဲ အစီအစဉ်တွေအကြောင်း ရှင်းပြပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ်မှာက မင်္ဂလာဘိသိက်ပွဲဖြစ်ပြီး မင်္ဂလာပွဲတွေ ပြီးတဲ့အခါ သူတို့နှစ်ဦးစလုံးက အလုပ်ကိုယ်စီနဲ့ ဖြစ်တဲ့အတွက် သီးသန့်အနေနဲ့ ဟန်းနီးမွန်းခရီး ထွက်ဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။

ဝိုင်းစုခိုင်သိန်းက သူခံစားနေရတဲ့ အမျိုးသမီးရောဂါ ကျန်းမာရေး အခြေအနေ လုံးဝပြန်ကောင်းသွားပြီ ဖြစ်ကြောင်းလည်း သူ့ရဲ့ ပရိသတ်တွေကို ဧရာဝတီကတဆင့် ဟြေပါတယ်။

“၀ိုင်းစုတို့ မင်္ဂလာပွဲပြီးရင်လည်း မိဘတွေနဲ့အတူ ဒီမှာပဲနေမှာပါ။ ၀ိုင်းစုချစ်တဲ့ အနုပညာ အလုပ်တွေလည်း ဆက်လုပ်မှာပါ။ သူက ၀ိုင်းစုအပေါ်မှာ နားလည်မှု အပြည့်ရှိပါတယ်။ နောက်ပြီး သူ့ကုမ္ပဏီက အမေရိကားမှာ ရှိတော့ ၀ိုင်းစုတို့ သွားလိုက်၊ ပြန်လိုက် လုပ်ရမှာပေါ့။ ဒီမှာလည်း သူ ကုမ္ပဏီဖွင့်ဖို့ အစီအစဉ်ရှိပါတယ်” လို့ သူတို့ရဲ့အနာဂတ် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ၀ိုင်းစုခိုင်သိန်းက ဆိုပါတယ်။

ဝိုင်းစုခိုင်သိန်း (ဓာတ်ပုံ – မြတ်သူအောင် ) 
ဧရာဝတီ

RangonNewsDaily:: November . 29 .2013
သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ မင်္ဂလာပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ဗယ်လင်တိုင်းဒေးမှာ ကျင်းပမှာဖြစ်ပြီး မင်္ဂလာပွဲ ၄ ပွဲတိတိ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န် ကြီး ဒေါက်တာမြအေး ကွယ်လွန်

RangonNewsDaily:: November . 29 .2013
ယနေ့ နံ နက် ၁၁ နာရီ အချိန် တွင် အာရှ တော်ဝင် ဆေးရုံ ၌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န် ကြီး

ဒေါက်တာမြအေးအသည်းကင်ဆာ ရော ဂါ ဖြင့် ကွယ် လွန် သွားကြောင်းသိရသည်။ ဒေါက်တာမြအေးသည် ယခင် မန္တလေး တက္ကသိုလ် ပါမ္ခော ချုပ် အဖြစ် တာ ၀န် ယူ ခဲ့ပြီးယခု အစိုးရ လက်ထက် တွင်ပညာရေး ၀န် ကြီး အဖြစ် တာ ၀န် ပေး ခံ ခဲ့ ရ သူ ဖြစ် သည်။

ပဲခူးမြို့အုပ်စုဖွဲ့ရိုက်နှက်မှု ကျူးလွန်သူများကိုယ်စား လူစားထိုးမှုရှိနေ

RangonNewsDaily:: November . 29 .2013
ပဲခူးမြို့ဟင်္သာကုန်းမွန်စံပြရပ်ကွက်ရှိမွန်ရိုးရာပဒေသာပင်ပွဲတွင် ဖြစ်ပွားခဲ့သည့်အုပ်စုဖွဲ့ရိုက်နှက်မှုတွင် အမှန်

တကယ် ပြစ်မှုကျူးလွန်သူနှစ်ဦးနေရာ၌ လူအစားထိုးမှုများရှိနေသည်ဟု ရိုက်နှက်ခံရသူ ကာယ ကံရှင်နှင့် မျက်မြင်သက်သေတို့က ထုတ်ဖော်ပြောဆိုလိုက်သည်။ အောက်တိုဘာ ၁၉ ရက် (သီတင်း ကျွတ်လပြည့်)၊ ည ၁၀ နာရီအချိန်က မွန်းရိုးရာပဒေသာပင် ပြုလုပ် နေသော ပွဲတော်လမ်းအတွင်းသို့ လူငယ် ၁၅ ဦးခန့်က အိတ်ဇောဖြုတ်ထားသော ဆိုင်ကယ်များအား မြွေလိမ်မြွေကောက် မောင်းနှင်ခြင်းများ၊ ပဒေသာပင်များရှိ ပိုက်ဆံများအား ဖြုတ်ယူမောင်းပြေးမှုများမှ အစပြုခဲ့သည့် အမှုဖြစ်ပြီး လက်ရှိတွင် ရဲဌာနက စစ်ဆေးနေဆဲ အခြေအနေ ဖြစ်သည်။

" ရိုင်းပျမှုကြောင့် ဘီယွန်းစေးအား အီဂျစ်ပိရမစ်များဆီသို့ လည်ပတ်ခွင့်ပိတ်ပင် "